Subscribe to our RSS Feed

ရခိုင်အရေးအခင်း Fecebook မှ ဓါတ်ပုံအမှား ထုတ်လွှင့်မူ ဘင်္ဂလာဒေခ်ျ့ The Daily star သတင်းစာကြီးက ဓါတ်ပုံများနှင့် တကွ စာမျက်နာ အပြည့် ဖွင့်ချ

From : ..http://mmforward.blogspot.com/2013/03/fecebook-daily-star.html

ရခိုင် အရေး အခင်း အတွင်း မွတ် ဆလင် များအား အစုလိုက် အပြုံလိုက် သတ်ဖြတ်နေ ပါသည်ဟု ခေါင်း စဉ် တပ်ကာ ဓါတ်ပုံ များဖြင့် နိုင်ငံ တကာ အစ္စလာမ် ဘာသာဝင်များ အကြား သတင်း ထုတ်လွှင် ခဲ့မူများ မှာ မှန်ကန်မူ မရှိကြောင်း ယနေ့ထုတ် The Daily star  သတင်းစာက ဓါတ်ပုံများနှင့် တကွ စာမျက် နာပြည့် ဖွင့် ချ လိုက်သည်။
တိဗက် ဘုန်းတော်ကြီးများ ငလျင် ကြောင့် သေဆုံးသွားသူများကို သဂြိုလ် ရန် လုပ်နေ သည်ကို မြန်မာ ဘုန်းတော်ကြီး များက မွတ် ဆလင်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေပါသည်ဟု ၀ါဒ ဖြန့်ခဲ့ကြ သည်။
သတင်း စာ၏ စာမျက်နာ ၅ တစ် ခုလုံးတွင် အဆိုပါ ဓါတ်ပုံ များနှင် ဝေေ၀ ဆာဆာ ဖေါ်ပြရာတွင် ဓါတ်ပုံ များ ပေါ်တွင် အင်္ဂလိပ်လို “ Lie” အလိမ် နှင့် “ Truth” အမှန်ဟု ရေးသားကာ အလိမ် ဓါတ်ပုံနှင့် အမှန် ဓါတ်ပုံ များကို ယှဉ်တွဲကာ ပုံနှိပ် ဖေါ်ပြထားသည်။
တိဗက် ဘုန်းတော်ကြီးများ ငလျင်ကြောင့် သေဆုံး သွားသူ များကို သဂြိင်္ုလ်ရ န် စီစဉ် နေသည့် ပုံကို အမှန်“ Truth” ဟု ဓါတ်ပုံပေါ်တွင် စာလုံးကြီး များဖြင့် ဖေါ်ပြပြီး အဆိုပါ ဓါတ်ပုံပေါ်တွင် “ Stop killing Muslims in Burma” မြန်မာနိုင်ငံတွင် မွတ်ဆလင် များကို သတ်ဖြတ်မူ ရပ်တန့်ပါဟု ရေးထိုးထားသော ဓါတ်ပုံပေါ် တွင် အလိမ် “ Lie” ဟု ရေးသားကာ သတင်းစာက ဖေါ်ပြခဲ့သည်။
၎င်းပြင် တိဗက် လူငယ် တစ်ဦး အိန္ဒိယ ပါလီမန်ရှေ့တွင် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က မိမိကိုယ်ကို မီးရှို့ သတ်သေနေ သည့်ပုံကို ရိုဟင်ဂျာ လူငယ် တစ်ဦးကို မြန်မာတွေ သတ်နေ ပါသည်ဟု သတင်း အလိမ် တင်ထားမူ ကိုလည်း သတင်း ဓါတ်ပုံ အလိမ်နှင့် အမှန်ဟုဆိုကာ ဓါတ်ပုံ နှစ်ပုံစလုံးတွင် စာတန်းထိုး ဖေါ်ပြခဲ့သည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက် ၇၁၅ မိုင် အကွာတွင် တည်ရှိသော Natthiwat ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အပြန်အလှန် တိုက်ခိုက် မူကြောင့် အရပ်သားရာပေါင်းများစွာကို ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့်ပုံကို “ Burma Muslim Massacre- Why world is still silent ???? ဟု ခေါင်းစဉ်တပ်ကာ ကမ္ဘာ မွတ်ဆလင် များ အား လိမ်လည် စည်းရုံးခဲ့သည့် ဓါတ်ပုံကိုလည်း အလိမ်တင်ထားသည့် ဓါတ်ပုံဟု ဆိုကာ  အမှန် ဓါတ်ပုံနှင့် အတူ ယှဉ်တွဲ ဖေါ်ပြ သည်။
အထူး စိတ်ဝင်စားစရာ ကောင်းသည်မှာ Theo Van Gogh’s television မှ ထုတ်လွှင့်သော Documentary မှ  အမျိုးသမီး တစ်ဦး၏ နောက်ကျောပေါ်တွင် အာရပ်ဘာသာဖြင့် စာရေးသားထားသော ဓါတ်ပုံ ကို ယူပြီး အဆိုပါ ဓါတ်ပုံပေါ်တွင်“ Stop Killing Muslim in Burma’s photo” ဟု ရေးသား ထားမူမှာ “ Lie” အလိမ်ဟု ဆိုကာ ဖေါ်ပြခဲ့သည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့မှ နာမည်အကြီးဆုံး သတင်း စာကြီးမှ ရခိုင်အရေး အခင်းတွင် ဓါတ်ပုံ အမှားများ ထုတ် လွှင့် မူကို ဖွင့်ချ ဖေါ်ထုတ် ရခြင်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့်လည်း ရခိုင်အရေး အခင်းကဲ့သို့ ဓါတ်ပုံ အမှားများ ထုတ်လွှင့်မူနှင့် ရင်ဆိုင် ကြုံတွေ့နေရ၍ ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလီ အမျိုးသား ထောင်ပေါင်းများစွာက ဒက္ကားမြို့ Shahbagh  အရပ်တွင် ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ စစ်ပွဲ အတွင်း စစ်ရာဇ၀တ်မူ ကျူးလွန်ခဲ့သူများကို သေဒဏ်ပေးရန် တောင်းဆိုနေသော ဓါတ်ပုံများကို ပြောင်းပြန် လှန်ကာ သေဒဏ်ပေးရန်ကို ဆန့်ကျင်နေသော ဘင်္ဂလီ ပြည်သူများဟု စာတန်းထိုးကာ ကမ္ဘာ ကို ဖြန့်ချီနေကြ သည်ဟု ဆိုသည်။
အလားတူ တူရကီနိုင်ငံတွင် သူ့နိုင်ငံ အတွင်း  ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကိုလည်း ဘင်္ဂလာဒေခ်ျ့တွင် စစ်ရာ ဇ၀တ်မူ ကျူးလွတ်သူများဟု စွပ်စွဲခံထားရသူ ခေါင်းဆောင်များ သေဒဏ်ပေးမည်ကို တူရကီနိုင်ငံ သားများ ကလည်း ဆန့်ကျင်နေကြသည်ဟု ဆိုကာ ဘင်္ဂလာဒေခ်ျ့တွင် ၀ါဒဖြန့်နေကြသည်ဟု ဆိုသည်။
The Dailystar သတင်းစာကြီးက အဆိုပါ ဓါတ်ပုံများကိုပါ ရခိုင်အရေးအခင်း အလိမ် ဓါတ်ပုံများနှင့် အတူ ယှဉ် တွဲကာ ပုံနှိပ် ဖေါ်ပြထားသည်။
.. www.MyanmarExpress.net
 

1 comments:

MyanmarExpress; please post those photos from "The Daily Star" News paper and spread out to all others Myanmar journals, magazines and news papers in the country.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်