From :
..planet
ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူးပြရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများရှေ့တွင် စွန့်စွန့်စားစား စတန့်ပြကွက်တစ်ခု ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူးပြရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။ ၎င်း၏ ပိုနီတေး ကျစ်ဆံမြီး ဆံပင်ကို တွဲချည်ထားသည့် ကြိုးတန်းအတိုင်း မြစ်ပေါ်မှ ကျော်ဖြတ်စဉ် နက်သ်ရွိုင်းမှာ ယခုလို ကွယ်လွန်သွားခြင်း ဖြစ်သည်။ စတန့်ပြကွက်အတွင်း အလွန်ဆိုးရွား ပြင်းထန်သော နှလုံးဖောက်ပြန်မှုဖြင့် နက်သ်ရွိုင်း အသက်ဆုံးရှုံးသွားကြောင်း ရဲများက ဆိုသည်။
နက်သ်ရွိုင်းသည် ရဲတပ်ဖွဲ့အတွက် ယာဉ်မောင်းအဖြစ် အလုပ်လုပ်သူ တစ်ဦးဖြစ်သည်။ ၎င်းသည် မီတာ (၁၈၀)ရှည်သော လမ်းကြောင်းအတိုင်း ဖြတ်သန်းနေရင်း တစ်ဝက်တစ်ပျက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် ၎င်းကို အဆိုပါ ကြိုးပေါ်မှ ပြန်ချရန် (၄၅)မိနစ် အချိန်ယူ လုပ်ဆောင်ခဲ့ရသည်။ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်နောက် ဆရာဝန်များက ၎င်းသည် စတန့်ပြကွက်အတွင်း ပြင်းပြင်းထန်ထန် နှလုံးထိခိုက်မှု ဝေဒနာ ခံစားသွားရခြင်းဖြစ်ကြောင်း ပြောဆို အတည်ပြုခဲ့သည်။
ဓာတ်ပုံဆရာ တစ်ဦးဖြစ်ပြီး ထောင်နှင့်ချီသည့် အခြားသော မျက်မြင်များနှင့်အတူ ရှိခဲ့သည့် ဘာလိုင်ဆူထရက်ဟာက "ရှေ့တိုးဖို့ သူအသည်းအသန် ကြိုးစားခဲ့တယ်။ ပြီးတော့ တစ်ခုခု အော်မလို့ လုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်သူမှ သူဘာပြောချင်တယ် ဆိုတာကို မကြားရဘူး"ဟု ပြောဆိုခဲ့သည်။ "မိနစ်(၃၀)လောက် ရုန်းကန်နေရတဲ့နောက် သူငြိမ်သက်သွားတာပဲ"ဟုလည်း ၎င်းက ဆိုသည်။
နက်သ်ရွိုင်းသည် ကွယ်လွန်ချိန်တွင် အသက် (၄၉)နှစ် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် (၂၀၀၈)ခုနှစ်က ပိုနီတေး ကျစ်ဆံမြီးဖြင့် ရထားတစ်စင်းကို ဆွဲပြခဲ့ဖူးပြီး (၂၀၀၇)ခုနှစ်က အဆောက်အအုံ နှစ်ခုကြား ဆံပင်ဖြင့် တွဲလောင်းချကာ ကူးပြောင်းပြီးပြီး ဆံပင်ကို ချိတ်ဆက် အသုံးပြုပြီး ခရီးအဝေးဆုံး ရောက်အောင် သွားနိုင်သူအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စာရင်းသွင်း ဖော်ပြ ခံခဲ့ရသည်။
.. www.MyanmarExpress.net
ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူးပြရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများရှေ့တွင် စွန့်စွန့်စားစား စတန့်ပြကွက်တစ်ခု ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူးပြရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။ ၎င်း၏ ပိုနီတေး ကျစ်ဆံမြီး ဆံပင်ကို တွဲချည်ထားသည့် ကြိုးတန်းအတိုင်း မြစ်ပေါ်မှ ကျော်ဖြတ်စဉ် နက်သ်ရွိုင်းမှာ ယခုလို ကွယ်လွန်သွားခြင်း ဖြစ်သည်။ စတန့်ပြကွက်အတွင်း အလွန်ဆိုးရွား ပြင်းထန်သော နှလုံးဖောက်ပြန်မှုဖြင့် နက်သ်ရွိုင်း အသက်ဆုံးရှုံးသွားကြောင်း ရဲများက ဆိုသည်။
နက်သ်ရွိုင်းသည် ရဲတပ်ဖွဲ့အတွက် ယာဉ်မောင်းအဖြစ် အလုပ်လုပ်သူ တစ်ဦးဖြစ်သည်။ ၎င်းသည် မီတာ (၁၈၀)ရှည်သော လမ်းကြောင်းအတိုင်း ဖြတ်သန်းနေရင်း တစ်ဝက်တစ်ပျက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် ၎င်းကို အဆိုပါ ကြိုးပေါ်မှ ပြန်ချရန် (၄၅)မိနစ် အချိန်ယူ လုပ်ဆောင်ခဲ့ရသည်။ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်နောက် ဆရာဝန်များက ၎င်းသည် စတန့်ပြကွက်အတွင်း ပြင်းပြင်းထန်ထန် နှလုံးထိခိုက်မှု ဝေဒနာ ခံစားသွားရခြင်းဖြစ်ကြောင်း
ဓာတ်ပုံဆရာ တစ်ဦးဖြစ်ပြီး ထောင်နှင့်ချီသည့် အခြားသော မျက်မြင်များနှင့်အတူ ရှိခဲ့သည့် ဘာလိုင်ဆူထရက်ဟာက "ရှေ့တိုးဖို့ သူအသည်းအသန် ကြိုးစားခဲ့တယ်။ ပြီးတော့ တစ်ခုခု အော်မလို့ လုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်သူမှ သူဘာပြောချင်တယ် ဆိုတာကို မကြားရဘူး"ဟု ပြောဆိုခဲ့သည်။ "မိနစ်(၃၀)လောက် ရုန်းကန်နေရတဲ့နောက် သူငြိမ်သက်သွားတာပဲ"ဟုလည်း ၎င်းက ဆိုသည်။
နက်သ်ရွိုင်းသည် ကွယ်လွန်ချိန်တွင် အသက် (၄၉)နှစ် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် (၂၀၀၈)ခုနှစ်က ပိုနီတေး ကျစ်ဆံမြီးဖြင့် ရထားတစ်စင်းကို ဆွဲပြခဲ့ဖူးပြီး (၂၀၀၇)ခုနှစ်က အဆောက်အအုံ နှစ်ခုကြား ဆံပင်ဖြင့် တွဲလောင်းချကာ ကူးပြောင်းပြီးပြီး ဆံပင်ကို ချိတ်ဆက် အသုံးပြုပြီး ခရီးအဝေးဆုံး ရောက်အောင် သွားနိုင်သူအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စာရင်းသွင်း ဖော်ပြ ခံခဲ့ရသည်။
.. www.MyanmarExpress.net
1 comments:
အ သယ် ငယ် လို့ ပါ။ နု လုံး ရော ဂါ နဲ့ သေ ရ တယ် လို့။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်