Subscribe to our RSS Feed

SSPP/SSA အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဒေသခံ တိုင်းရင်းသား ရွာသူ/ ရွာသား ၁၂ ဦးအနက်မှ လေးဦးအား ပြန်လည်စေလွှတ်

From : ..မြဝတီ

နေပြည်တော် မေ ၎
SSPP/SSA တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ဧပြီ ၂၇ ရက် ညပိုင်းတွင် သီပေါမြို့နယ် မိုင်းလင်း ကျေးရွာနှင့် ခုတ်နမ့် ကျေးရွာမှ ဒေသခံ တိုင်းရင်းသား ရွာသူ/ ရွာသား ၁၂ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး မေ ၂ ရက်တွင် လေးဦးအား ပြန်လည်စေ လွှတ်သည်။
ပြန်လည်စေလွှတ် လာသူများ၏ ပြောပြချက် အရ ၎င်းတို့အား ဖမ်းဆီး ခေါ်ဆောင်သွားသည့် အဖွဲ့မှာ SSA (၀မ်ဟိုင်း) အဖွဲ့မှ အမှတ်(၁၀) နယ်မြေမှူး စိုင်းသန်းအောင် ခေါင်းဆောင် အဖွဲ့ ဖြစ်ကြောင်း သတင်း ရရှိသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်