From :
..the voice
မြန်မာအနုပညာရှင်ငါးဦး တည်ထောင်ထားသော အနုပညာပျိုးခင်းမှ သရုပ်ဆောင်လောကကို ဝင်ရောက်လာသူ ရွှေမှုန်ရတီ၏ အနုပညာလောကသို့ စတင်ခဲ့ သောခြေလှမ်းများနှင့် လတ်တလော ပရိသတ်ဝေဖန်မှုကို အများဆုံးခံနေရသော အနမ်းပါသော ဇတ်ဝင်ခန်းအကြောင်းနှင့် ဆက်ရန်ရှိသေးတဲ့ ပညာရေး အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Voice : အနုပညာပျိုးခင်းထဲကို ဘယ်လို ဝင်လာဖြစ်တာလဲဆိုတာ။
SHYT : ရွှေမှုန်တို့ကို Star & Model အေဂျင်စီကနေ လာရွေးလို့ပါသွားတဲ့ သဘောပါ။ ညီမက ဒီအနုပညာပျိုးခင်းကမှ သရုပ်ဆောင် ဘဝထဲကို စပြီးခြေလှမ်းတာပါ။ အရင်တုန်းကတော့ မော်ဒယ်လ်ဘဝနဲ့ သုံးလလောက် နေပြီးတော့မှ ခြေလှမ်းစလှမ်းတာဆိုတော့ အတွေ့ အကြုံက သိပ်မရှိဘူးလေ။ ရွှေမှုန် ပထမဆုံးခြေချတာက ကိုခန့်နဲ့ အနုပညာပျိုးခင်းက သုံးယောက်နဲ့ ဒရာမာ ဇာတ်ကားတစ်ခုပါ။ အဲဒါပြီးမှ ညီမ သခင့်ကျေးကျွန် ဆိုတဲ့ကားပါ။
Voice : အခုတစ်လော ပရိသတ်တွေ ဝေဖန်နေတဲ့ မျက်လုံးလေးကလယ်ကလယ်နဲ့ ကလေးချစ် ဇာတ်ကားတွေ အပေါ်ကို ဘယ်လိုတုံ့ပြန်ချင်လဲ။
SHYT : တချို့ပရိသတ်တွေက အသက် ငယ်ငယ်လေးနဲ့ ဒီလိုမျိုး မရိုက်ခိုင်းသင့်ဘူးလို့ ပြောနေကြတယ်။ ဒါပေမဲ့ ရွှေမှုန်တို့ သရုပ်ဆောင်တွေက သဏ္ဌာန်လုပ် သရုပ်တူတွေပါ။ ရွှေမှုန့် စိတ်ထဲမှာ ကြိုးစားချင်စိတ်ပဲ ရှိပါတယ်။ ရွှေမှုန်က ဒါရိုက်တာခိုင်းတဲ့အတိုင်း လုပ်တယ်။ ပြီးတော့ ရွှေမှုန်ဟာ အသစ်တစ်ယောက်ဖြစ်တဲ့အတွက် ကြိုးစားချင်စိတ်ပဲ ရှိပါတယ်။ နားလည်ပေးတဲ့ ပရိသတ်ကြီးကိုလည်း ဆက်ပြီး နားလည်ပေးပါလို့ ပြောချင်ပါတယ်။
Voice : ဇာတ်ကားတွေရိုက်တဲ့အခါ ကိုယ့် ဘက်က ဘယ်လိုပြင်ဆင်မှုတွေ လုပ်လဲ။
SHYT : ရွှေမှုန်က အရင်တုန်းထဲက ကားရိုက်တာတွေဆိုရင် ဂရုစိုက်တတ်တဲ့ အကျင့်ရှိတယ်။ ဒီကား ဘာဝတ်ရမယ်။ ဘယ်လိုလေး လုပ်လိုက် မယ်ဆိုတာ အစကတည်းက တွက်ချက်ထားတာပါ။ ဖတ်ဖို့အချိန်မရဘူး ဆိုရင်တောင် ဇာတ်လမ်း သဘောတရားကို ဖတ်ပြီးတော့မှ ရိုက်တဲ့နေ့မှ ဇာတ်လမ်းကို သေချာပြန်ဖတ်တယ်။ ဘယ်ခန်းမှာ ဘယ်လိုဝတ်ရမယ်၊ ဘယ်လို သရုပ်ဆောင်ရမယ် ဆိုတာကို ခေါင်းထဲမှာ စဉ်းစားတယ်။
Voice : အခုချိန်မှာ ကိုယ်ရိုက်ချင်တဲ့ ဇာတ်ရုပ် တွေရှိလား။ အခုရိုက်ခဲ့တဲ့ အတွေ့အကြုံအရ အခက်အခဲတွေ ဘယ်လိုရှိခဲ့လဲ။
SHYT : ဟုတ်။ ရွှေမှုန် ဇာတ်ရုပ်အကုန် ရိုက်ချင်ပါတယ်။ အခုလည်း ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေ ရိုက်နေရတာပါပဲ။ ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေက အများကြီးပါပဲ။ ရွှေမှုန်အသက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်တဲ့ အခန်းတို့၊ ကလေးမွေးရမယ့် အခန်းတွေက တော်တော်ခက်ခဲပါတယ်။ အတွေ့အကြုံလည်း မရှိတော့ ဘယ်လို သရုပ်ဆောင်ရမလဲ မသိဘူးပေါ့။ အဲလို အခက်အခဲလေးတွေ ရှိပါတယ်။ အဲဒီလို မျိုးတွေကျတော့ မသိတော့ ဒါရိုက်တာတွေ သင်ပေးပါတယ်။
Voice : သရုပ်ဆောင်တစ်ယောက် အနေနဲ့ အနုပညာအပေါ်ထားတဲ့ ခံယူချက်ကရော။
SHYT : ရွှေမှုန်က အနုပညာကိုချစ်လို့ လုပ်တာမဟုတ်ပါဘူး။ ရူးလို့ လုပ်တာပါ။ အနုပညာရှင်ဆိုတာ ကိုယ့်အနုပညာကို အမြဲတမ်း ရူးသွပ်စွာနဲ့ ဖန်တီးနေရမယ်လို့ ထင်ပါတယ်။ ချစ်တယ်ဆိုတာ အပေါ်ယံလေးပါ။ တကယ်ကို ရူးလို့လုပ်တာပါ။
Voice : ညီမလေးရဲ့ပညာရေးကိုရော ဘယ်လောက်ထိ မျှော်မှန်းထားလဲ။
SHYT : ရွှေမှုန်ပညာရေးကို ဆုံးခန်းတိုင်အောင် လုပ်မယ်လို့ မျှော်မှန်းထားပါတယ်။
.. www.MyanmarExpress.net
မြန်မာအနုပညာရှင်ငါးဦး တည်ထောင်ထားသော အနုပညာပျိုးခင်းမှ သရုပ်ဆောင်လောကကို ဝင်ရောက်လာသူ ရွှေမှုန်ရတီ၏ အနုပညာလောကသို့ စတင်ခဲ့ သောခြေလှမ်းများနှင့် လတ်တလော ပရိသတ်ဝေဖန်မှုကို အများဆုံးခံနေရသော အနမ်းပါသော ဇတ်ဝင်ခန်းအကြောင်းနှင့် ဆက်ရန်ရှိသေးတဲ့ ပညာရေး အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Voice : အနုပညာပျိုးခင်းထဲကို ဘယ်လို ဝင်လာဖြစ်တာလဲဆိုတာ။
SHYT : ရွှေမှုန်တို့ကို Star & Model အေဂျင်စီကနေ လာရွေးလို့ပါသွားတဲ့ သဘောပါ။ ညီမက ဒီအနုပညာပျိုးခင်းကမှ သရုပ်ဆောင် ဘဝထဲကို စပြီးခြေလှမ်းတာပါ။ အရင်တုန်းကတော့ မော်ဒယ်လ်ဘဝနဲ့ သုံးလလောက် နေပြီးတော့မှ ခြေလှမ်းစလှမ်းတာဆိုတော့ အတွေ့ အကြုံက သိပ်မရှိဘူးလေ။ ရွှေမှုန် ပထမဆုံးခြေချတာက ကိုခန့်နဲ့ အနုပညာပျိုးခင်းက သုံးယောက်နဲ့ ဒရာမာ ဇာတ်ကားတစ်ခုပါ။ အဲဒါပြီးမှ ညီမ သခင့်ကျေးကျွန် ဆိုတဲ့ကားပါ။
Voice : အခုတစ်လော ပရိသတ်တွေ ဝေဖန်နေတဲ့ မျက်လုံးလေးကလယ်ကလယ်နဲ့ ကလေးချစ် ဇာတ်ကားတွေ အပေါ်ကို ဘယ်လိုတုံ့ပြန်ချင်လဲ။
SHYT : တချို့ပရိသတ်တွေက အသက် ငယ်ငယ်လေးနဲ့ ဒီလိုမျိုး မရိုက်ခိုင်းသင့်ဘူးလို့ ပြောနေကြတယ်။ ဒါပေမဲ့ ရွှေမှုန်တို့ သရုပ်ဆောင်တွေက သဏ္ဌာန်လုပ် သရုပ်တူတွေပါ။ ရွှေမှုန့် စိတ်ထဲမှာ ကြိုးစားချင်စိတ်ပဲ ရှိပါတယ်။ ရွှေမှုန်က ဒါရိုက်တာခိုင်းတဲ့အတိုင်း လုပ်တယ်။ ပြီးတော့ ရွှေမှုန်ဟာ အသစ်တစ်ယောက်ဖြစ်တဲ့အတွက် ကြိုးစားချင်စိတ်ပဲ ရှိပါတယ်။ နားလည်ပေးတဲ့ ပရိသတ်ကြီးကိုလည်း ဆက်ပြီး နားလည်ပေးပါလို့ ပြောချင်ပါတယ်။
Voice : ဇာတ်ကားတွေရိုက်တဲ့အခါ ကိုယ့် ဘက်က ဘယ်လိုပြင်ဆင်မှုတွေ လုပ်လဲ။
SHYT : ရွှေမှုန်က အရင်တုန်းထဲက ကားရိုက်တာတွေဆိုရင် ဂရုစိုက်တတ်တဲ့ အကျင့်ရှိတယ်။ ဒီကား ဘာဝတ်ရမယ်။ ဘယ်လိုလေး လုပ်လိုက် မယ်ဆိုတာ အစကတည်းက တွက်ချက်ထားတာပါ။ ဖတ်ဖို့အချိန်မရဘူး ဆိုရင်တောင် ဇာတ်လမ်း သဘောတရားကို ဖတ်ပြီးတော့မှ ရိုက်တဲ့နေ့မှ ဇာတ်လမ်းကို သေချာပြန်ဖတ်တယ်။ ဘယ်ခန်းမှာ ဘယ်လိုဝတ်ရမယ်၊ ဘယ်လို သရုပ်ဆောင်ရမယ် ဆိုတာကို ခေါင်းထဲမှာ စဉ်းစားတယ်။
Voice : အခုချိန်မှာ ကိုယ်ရိုက်ချင်တဲ့ ဇာတ်ရုပ် တွေရှိလား။ အခုရိုက်ခဲ့တဲ့ အတွေ့အကြုံအရ အခက်အခဲတွေ ဘယ်လိုရှိခဲ့လဲ။
SHYT : ဟုတ်။ ရွှေမှုန် ဇာတ်ရုပ်အကုန် ရိုက်ချင်ပါတယ်။ အခုလည်း ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေ ရိုက်နေရတာပါပဲ။ ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေက အများကြီးပါပဲ။ ရွှေမှုန်အသက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်တဲ့ အခန်းတို့၊ ကလေးမွေးရမယ့် အခန်းတွေက တော်တော်ခက်ခဲပါတယ်။ အတွေ့အကြုံလည်း မရှိတော့ ဘယ်လို သရုပ်ဆောင်ရမလဲ မသိဘူးပေါ့။ အဲလို အခက်အခဲလေးတွေ ရှိပါတယ်။ အဲဒီလို မျိုးတွေကျတော့ မသိတော့ ဒါရိုက်တာတွေ သင်ပေးပါတယ်။
Voice : သရုပ်ဆောင်တစ်ယောက် အနေနဲ့ အနုပညာအပေါ်ထားတဲ့ ခံယူချက်ကရော။
SHYT : ရွှေမှုန်က အနုပညာကိုချစ်လို့ လုပ်တာမဟုတ်ပါဘူး။ ရူးလို့ လုပ်တာပါ။ အနုပညာရှင်ဆိုတာ ကိုယ့်အနုပညာကို အမြဲတမ်း ရူးသွပ်စွာနဲ့ ဖန်တီးနေရမယ်လို့ ထင်ပါတယ်။ ချစ်တယ်ဆိုတာ အပေါ်ယံလေးပါ။ တကယ်ကို ရူးလို့လုပ်တာပါ။
Voice : ညီမလေးရဲ့ပညာရေးကိုရော ဘယ်လောက်ထိ မျှော်မှန်းထားလဲ။
SHYT : ရွှေမှုန်ပညာရေးကို ဆုံးခန်းတိုင်အောင် လုပ်မယ်လို့ မျှော်မှန်းထားပါတယ်။
.. www.MyanmarExpress.net
46 comments:
သားသမီးမကောင်း မိဘခေါင်းတဲ့
နို့နံတောင်မစင့်တစင်
စိတ်ကစားတတ်တဲ့အရွယ်
ကိုယ့်သမီးပျိုနုနုထွတ်ထွတ်လေးကို
ဒီလိုဇာတ်လမ်းများမှာ ခွင့်ပြုတဲ့မိဘကို
ပထမဦးဆုံး ရှုံ့ချပါတယ်။
ကိုယ့်သမီး ကိုယ့်မြေးအရွယ်
အသက်(18)မပြည့် ကျောင်းသူလေးကို
ဒီလိုဇာတ်ဝင်ခန်းမှာ ထည့်သုံးပြီး
လှည့်စားချက် ပညာသားမပါ
ပေါ်တင်ကြီးထည့်ရိုက်တဲ့
နာမည်ရပြီးသား ဒါရိုက်တာကြီးကိုလည်း
ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
ကိုယ့်ကို ကောင်းစေချင်လို့
ဝေဖန်အကြံပြုတာကို
တလွဲဆံပင်ကောင်းမြင်နေတဲ့
ပေါက်စနိမလေးကိုလည်း
သောက်မြင်ကတ်မိပါတယ်။
ဒီလိုဇာတ်ကား ဇာတ်ဝင်ခန်းများကို
စိစစ်အရေးယူမှုမရှိတဲ့
ဥက္ကဌ ဦးဇင်ဝိုင်းကိုလည်း
ကန့်ကွက်ပါတယ်။
ဗုဒ္ဒဘာသာနိုင်ငံမှာ
ဒီလို မိနှင့်အဖ သားနဲ့အမိ ကြည့်ရှုဖို့
မသင့်လျော်တဲ့ ဇာတ်လမ်း၊ ဇာတ်ဝင်ခန်းတွေ
လက်ရဲဇက်ရဲ ရိုက်ကူးလာကြတာကိုလည်း
စိတ်ပျက်မိပါတယ်။
ိကိုင်း -
ပြောရင်း ဒေါသစွက်လာမိလို့
ထပ်ပြောချင်ပါတယ်။
ရိုင်းသွားလည်း မတတ်နိုင်ဘူးဗျာ
ဒီလောက်တောင်
အောင်မြင်လိုမှု ထင်ပေါ်လိုမှုအတွက်
ကိုယ်ကျင့်သိက္ခာ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် တို့ကို ဂရုမစိုက်ဘူး ဆိုရင်လည်း-
ခုလို
ဟိုမရောက် ဒီမရောက် လုပ်မနေပါနဲ့တော့
ထိုင်းဘက်သွားပြီး
အောလ်ကားသာ ရိုက်ကြပါ။
ဇာတ်လမ်းကလည်း ထွေထွေထူးထူးမလိုဘူး။
လူလည်း လေးငါးယောက်လောက်နဲ့။
တစ်ပတ် နှစ်ကားလုံးလောက် ဆိုရင်
စရိတ်စကလည်း သက်သာ၊
ငွေလည်း ပိုရ။
နာမည်လည်း ကြီး။
မင်းသမီးတွေလည်း
ပညာတွေ ပိုရ သွားကြမှာလေ။
ဟို ပေါက်စနိမလေး ဆိုရင်တော့
အကူ ဆရာဝန်တော့ ခေါ်သွား။
တော်ကြာ လူသတ်မှုဖြစ်ကုန်ရင်
မကောင်းဘူး။
ဘာလို့လည်းဆိုတော့
ထိုင်းအောလ်ကားတွေမှာ ဥရာပတို့ အာဖရိကတို့က လူမည်းတွေ ရိုက်နေကြတာ။
တော်ကြာ အမွှေးသတ်ရုံမက
အမွှေးပါ ပြတ်ထွက်ကုန်မှာ စိုးလို့ပါ။
( မြေလတ်သား )
သြော် ၇ုပ်၇ှင်လောကမှာ ပ့င့်လန်းလာတဲ့ပန်းကလေးများကို
ကြိုဆို၇င်း လူမသိသူမသိ ကြွှေ လွှင့်သွား၇၇ှာတဲ့(လူသားစား
ဒါ၇ိုက်တာဆိုးတို့၇ဲ့သားကောင်ဖြစ်သွား၇၇ှာတဲ့။)၇ုင်၇ှင်၇ူးမ
လေးတွေအတွက် ၇င်နာ၇ပါတယ်။
ဒီခောတ် အနုပညာ ရှင် ဆိုတာဘာလဲ? သူခိုးတွေ ကိုယ့် ယဉ်ကျေး မှု ကို့ အနုပညာကို မကာကွယ်ဘဲ မြန်မာ့ ယဉ်ကျေး မှု ကိုအထင် မကြီးကြဘူး
ငါတို့ က တော့ သုတို့ ကိုနှာဘူးတာပါ လေးစာတာမဟုတ်ဘူး တီဗွီ မှာ ရှင်းရှင်းပြ ပေးပါ
ဝတ် ရဲယင် ပြရဲရမယ်
မြေလတ်သားကို ထောက်ခံတယ်။
မိဘတွေကလည်း
ကိုယ့်သားသမီးနာမည်ကြီးပြီးရော ဆိုတဲ့စိတ်၊
မင်းသား/မင်းသမီးဆိုတဲ့သူတွေကလည်း
ပိုက်ဆံလည်းရ၊ နေရာလည်းရ ပြီးရောဆိုတဲ့စိတ်၊
ဒါရိုက်တာတွေကလည်း
ပိုက်ဆံရဖို့ လူစိတ်ဝင်စားပြီးရောဆိုတဲ့စိတ်၊
မြှောက်ပေးတဲ့သူတွေကလည်း
ဖီလင်လာရင် ပြီးရောဆိုတဲ့စိတ်၊
---------
--------
ဒါဟာ ဒီမိုကရေစီရဲ့ အသီးအပွင့်လား။
မဟုတ်လောက်ပါဘူးထင်ပါတယ်
ဒီမိုကရေစီကို ခုတုံးလုပ်နေတယ့်
သူတွေရဲ့ အမြင်တွေပဲဖြစ်မှာပါ။
ကျုပ်သဘောကတော့လား
ဒီလောက် ပဉ္စလက္ခတ်
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ခေတ်မှာ
စိုင်းစိုင်း သီချင်းလေးနဲ့ ပြောချင်တယ်-
““ဘာလုပ်မှာလည်း ပြော
မင်းတို့မကြိုက်လည်း လာမရှုပ်ပါနဲ့တော့။
ငါတို့က အပြာကားရိုက်လည်း သိပ်ကြိုက်ပေါ့။
ကပလီကြီးနဲ့သာ ပေးဖိုက် မြော့။
(အညာသား )
စိတ်ပျက်စရာနော် ။ လူကကိုးတန်း ။ စထွက်ကတည်းက ဒါမျိုးဆို နောက်လည်း မစဉ်းစားနဲ့တော့ ။ ပျားရည်နဲ့ ဝမ်းလာချနေတယ် ။ ဒီလိုအခန်းရိုက်တာနဲ့ လက်ရည်တက် တယ်လို့ ဘယ်သူက သင်ပေးလိုက်တာလဲ မသိပါဘူးကွယ်
ဒီလိုရိုက်မှ ဖြစ်မှာလားဟင်.........
မြန်မာမိန်းကလေးတွေ ရှက်တတ်ကြပါစေ..........
ငါတို့မြန်မာတွေမှာအရှက်က အသက်ထက် ပိုတန်ဖိုးရှိပါတယ်....
မိဘတွေကလည်း ထိန်းသိမ်းရမှာပေါ့....
တန်ဖိုးရှိနိုင်ကြပါစေ............
ဦးဇင်ဝိုင်း
ခင်ဗျားကဒီအပိုင်းတွေလည်းဆင်ဆာလွတ်လပ်ခွင့်ပေးတယ်ပေါ့။ ခင်ဗျားဥက္ကဌစဖြစ်တုန်းကမြန်ရုပ်ရှင်တိုးတတ်ပြီလို့ထင်တာ။ အခုတော့အရင်ဥက္ကဌဟောင်းတွေကမှပိုတော်ဦးမယ်ဗျာ။ ဒီလိုညစ်ပတ်နေတဲ့အခန်းတွေကိုခင်ဗျားကိုယ်တိုင်ကြည့်ပို့ဆင်ဆာပေတာလား။ ခင်ဗျားကိုအထင်ကြီးလာတာသဲထဲရေသွန်ဖြစ်သွားပြီ။
၉ တန်းကကောင်မလည်း လူလေးက လက်တောက်လောက် ရှိသေး။ နင် ဒီလိုအခန်းရိုက်လို့ နာမည်ကြီးမယ်ထင်လား။ နင်က မိမဆုံးမဖမဆုံးမလား မိမနိုင်ဖမနိုင်လား။ မိဘတွေကလည်း ကိုယ့်သမီးကို ယောက်ကျား ဘယ်နှစ်ယောက် တက်လုပ်လုပ် ပိုက်ဆံရပြီးရော ဆိုတဲ့ဟာတွေလား။ ဗုဒ္ဒဘာသာရော ဟုတ်ရဲ့လား။ နင်သတ္တိရှိရင် နန်းခင်ဇေယျာတို့လိုပြိုင်။ လက်ခံတယ်။ ကောင်မလေး နင်က ဒါကို နာမည်ကြီးတယ်လို့ ထင်တယ်ဆိုရင် အကြီးအကျယ် မှားသွားမယ်။
ဘာတွေ မှားနေပြီလည်း ကျွန်တော်တို့အနာဂတ်ခရီး ဖာနိုင်ငံကြီးဆီသို့လား
ဘယ်လို ရှေ့ဆက်မလဲ ကမ္ဘာသစ်တစ်ခုဟာ ဟီရိ သြတ္တပ္ပ ကင်းမဲ့ခြင်းလား
ဂုဏ်သိက္ခာကိုတန်ဘိုးထားသူအတွက် မိမိအသက်ဟာ အရှက်တရားတဲ့ ဒါကို ဘာနဲ့လဲမှာလည်း
တို့မြန်မာလူမျိုး ဆိုတာ အသက်နဲ့ရှင်သန်တဲ့လူမျိုး မဟုတ်ဘူး အရှက်တရားကို ဝင်သက် ထွက်သက်ထဲ ထည့်ပြီး အသက်ရှူနေတာ
ဒီလို ကမ္ဘာပျက်မယ်ဆိုတာ သိခဲ့ရင် ဒီမိုကရေစီ ဆိုတာကို ငါ မတောင်းဆိုခဲ့ပါဘူး ပြန်ယူသွားပါ အာဏာရှင်စနစ်အောက်မှာပဲ ငါ ပြန်ရောက်သွားချင်တယ်
ခွေးကိုက်တာထက် နာကျင်စေတဲ့ တို့တိုင်းပြည်ကို ဖျက်ဆီးခြင်းတွေ ရင်ထဲမှာ မချိဘူး
စဉ်းစား နောင်တစ်ချိန် ဒီနေရာမှာ ငါသမီး မရောက်ဘူးလို့ ဘယ်သူ ပြောနိုင်လည်း
ပေါ်ပေါ်တင်တင် နိုင်ငံကို စော်ကား ဒီလို သရုပ်ပျက် အဝတ်အစားနဲ့ ပလွှား အပြာဆန်ဆန် ရုပ်ရှင်ကားတွေ ရိုက်နေတာထက်စာရင် ဝမ်းရေးအတွက် ကွယ်ရာမှာ ဖာခံစားတာက မြတ်ပါသေးတယ်
ငွေကြေးကြောင့် ထင်ပေါ်လိုမှုတွေကြောင့် ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို ပျက်ရယ်ပြုနေတာလား
ငွေကြေးနဲ့ ထင်ပေါ်မှု ရဖို့ တစ်ခြားနည်းလမ်းတွေ မရှိတော့ဘူးလား
နဲနဲတော့ ဆုတောင်းနေမိတယ် ဒါဟာ အိပ်မက်တစ်ခု ဖြစ်ပါစေလို့။
ဒါက နိုင်ငံတကာအဆင့်မီတာမဟုတ်ဘူး... သောက်ရှက်မရှိတာ.... ဖအေတွေ မောင်တွေကလည်းမတားကြဘူး... ဘာလဲ ဒီမိုကရေစီအသိစိတ်...
စာနယ်ဇင်းက ရေးခြင်တာရေးမယ်...
ဖာသယ်မတွေက တစ်ကိုယ်လုံးနီးပါး ပေါ်တင်ချွတ်ပြပြီး ဈေးခေါ်မယ်.. ဖာဆန်ဆန်စကားပြောတွေနဲ့ ဖာကားတွေ ရိုက်ကြမယ်...
သောက်ဦးဏှောက်မရှိသူတွေက ရှေ့နောက်စဉ်းစားမှုမရှိ အော်ခြင်သလိုအော်ကြမယ်... အခွင့်အရေးသမားတွေက အချောင်နှိုက်ကြမယ်... အာဏာရသူက အခွင့်အာဏာသုံးပြီး..လုပ်စားကြမယ်...
ဘယ်မှာလဲ အမျိုးသားယဉ်ကျေးမှု၊ ဘယ်မှာလဲ ၀ံသာနုရက္ခိတတရား၊ ဘယ်မှာလဲ ဗြမစိုရ်တရား၊ ဘယ်မှာလဲ ဥပဒေ၊ ဘယ်မှာလဲ .. ဘာတွေကို လွှတ်ပေးနေမှာလဲ..
မကောင်းမြစ်တာ ကောင်းရာညွန်လတ်... မိဘရင်းဖြစ်တဲ့ နိုင်ငံတော်အစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေပါနဲ့ဗျာ... လောကနီတိ၊ ဗြမစိုရ်တရား၊ အမျိုးသားယဉ်ကျေးမှု၊ ၀ံသာနုရက္ခိတတရား အဲဒါမျိုးတွေကို အခြေခံပညာမှာ ထည့်သင်ပေးကြပါ... အခြေအနေတွေကို ရှက်လွန်းလို့ပါ..
က္ဈန်တော်လည်း မြန်မာကို မြန်မာလိုပဲ မြင်ချင်တယ်။ အထူးသဖြင့် မြန်မာမလေးတွေကို "ဗိုင်းကောင်းကျောက်ဖိ"… တန်ဘိုးရှိတဲ့ မြန်မာမလေး တွေအဖြစ် မြင်ချင်တယ်။ ဗိုင်း ဆိုတာ ဝါဂွမ်းကို ဝါဖတ်စက်နဲ့ ဖတ်ထားတဲ့ အရာဝတ္တု။ အရမ်းဖြူစင်ပြီး အရမ်း ပေါ့လွန်းလို့ လေတိုက်ရင်တောင် အလွယ်တကူ လွှင့်ပါးသွားတတ်တယ်။ ဒီလို လွှင့်တတ်လို့ ကျောက် ဆိုတဲ့ အထိန်းအကွပ်နဲ့ ဖိပြီး ကာကွယ်ထားရတာ။ အဲဒီလိုပဲ မိန်းကလေးတစ်ယောက်ရဲ့ အိနြေ္ဒသိက္ခာကို ဟီရိ သြတပ္ပ ဆိုတဲ့ အရှက်အကြောက်တရား နှစ်ပါးနဲ့ ကာကွယ်ရတယ်။ လူမှာ အရှက်အကြောက် ဆိုတာ မရှိတော့ရင် ဒီထက်ဆိုးတဲ့ အကုသိုလ် ဒုစရိုက်အမှုတွေ ပြုဘို့ ဝန်မလေးတော့ဘူး။
ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး... ဆိုတာ တစ်ခုနဲ့ တစ်ခု ယှက်နွယ်နေတယ်လို့ က္ဈန်တော် မြင်ပါတယ်။ ယဉ်ကျေးမှု လျော့နည်းလာရင် ဘာသာတရားလည်း တဖြည်းဖြည်း ကင်းကွာလာလိမ့်မယ်။ ဘာသာတရား နိမ့်ပါးလာတာနဲ့အမျှ လူမှုရေးတွေ ဒွေးရောယှက်တင် ဖြစ်လာပြီး စစ်မတိုက်ရတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ မြန်မာ ဆိုတာ အုတ်ရောရော၊ ကျောက်ရောရော ဖြစ်လာလိမ့်မယ်။ နောက်ဆုံးတော့ မြန်မာပြည် ဆိုတာ မြေပုံလောက်သာ ကျန်ခဲ့ပြီး မြန်မာစစ်စစ်ကို ပြတိုက်ထဲ သွားရှာရလိမ့်မယ်။
က္ဈန်တော် ဒီလိုပြောတာ အကြောင်းမဲ့မဟုတ်ပါဘူး။ က္ဈန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဘယ်လိုဖြစ်နေသလည်း ဆိုတာ သတိထားကြည့်လိုက်ရင် သိပါလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိနေပေမယ့် ယဉ်ကျေးမှုကနေ ဘာသာရေးအထိ ဝါးမြိုပစ်လိုက်လို့ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရတဲ့ နိုင်ငံတွေ အများကြီးပါ။ က္ဈန်တော်တို့ မြန်မာနိုင်ငံကို ဒီလိုအဖြစ်ဆိုးမျိုး မကြုံတွေ့ရစေဘို့အတွက် လူတိုင်းကိုယ်စီ မြန်မာ ဆိုတဲ့ အသိနဲ့ အချိန်မီ ကာကွယ်တားဆီးမှ တော်ကာကျမှာပါ။
ကျန်စစ်သားမင်းကြီးဟာ သမီးတော် ရွှေအိမ်စည် အပေါ် လူကြမ်းကြီး လုပ်ပြီး ပဋိက္ခရားမင်းသား နဲ့ခွဲ၊ ခြေတစ်ဖက်မသန်တဲ့ စောယွန်းမင်းသား နဲ့ ဘာကြောင့် ပေးစားခဲ့ပါသလည်း...? ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေး တစ်ခုမှမတူတဲ့အတွက် မြန်မာ ဆိုတဲ့အသိနဲ့ ကာကွယ်တားဆီးခဲ့တာပါ။ အဲဒါ မြန်မာစိတ်ပါ။ မြန်မာ ကို ဘာနဲ့မှ သွေးနှော မခံနိုင်တဲ့ ကျန်စစ်သားမင်းကြီးရဲ့ မျိုးချစ်စိတ်ဓာတ်က နှစ်ပေါင်းတစ်ထောင် ကျော်ခဲ့တာတောင် အခုချိန်ထိ ခေတ်မီနေပါသေးတယ်။
အခုတော့ က္ဈန်တော်တို့ မြန်မာမလေးတွေအများစုက ရိုးရာသနပ်ခါးကို မေ့ပြီး နိုင်ငံခြားကလာတဲ့ မိတ်ကပ် အမျိုးမျိုးကို ခုံမင် တပ်မက် နေကြပါပြီ။ ငါးပိကိုမေ့ပြီး ပေါင်မုန့်မီးကင် နဲ့ ချိစ် ကို တမ်းတနေကြပါပြီ။ အဆိုးဆုံးက အရှက်လုံယုံသာမက၊ အိနြေ္ဒသိက္ခာရှိပြီး မြန်မာ့ရာသီဥတုနဲ့ ကိုက်ညီတဲ့ ထဘီနဲ့အင်္ကျီကို ကိုယ်ပေါ်က ခ္ဈတ်ချပြီး နိုင်ငံခြားက ဈေးကြီးပေး ဝယ်ရတဲ့ မလုံ့တလုံ အဝတ်အစားတွေကို အမြတ်တနိုး ဝတ်ဆင်နေကြပါပြီ။ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေး ဝတ်လာတဲ့ မြန်မာမလေးတွေကို အထင်မကြီးတတ်ကြပဲ "တိုက်ဂေါ"… ဆိုတဲ့ အကြည့်နဲ့ အထင်သေးချင်နေကြပါပြီ။
ဘီကီနီဝတ်ပြီးပြိုင်တဲ့ မယ်စကြာဝဠာပြိုင်ပွဲဝင် မယ်မြန်မာနန်းခင်ဇေယျာလဲ ပေါ်ပေါက်လာပြီ။ မယ်မြန်မာနန်းခင်ဇေယျာကို ဖွင့်ခွင့်ပြုလိုက်တဲ့ ယဉ်ကျေးမှုမျက်နှာစာအသစ်အပေါ်မှာ အခြေခံပြီး မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးမဲ့ စီးပွားရေးသမားတွေလဲ အပြာဆန်ဆန် မြန်မာမဂ္ဂဇင်းတွေ ထုတ်ဖို့၊ အပြာဆန်ဆန် မြန်မာရုပ်ရှင်တွေ ရိုက်ဖို့ အားခဲနေကြပါပြီ။ က္ဈန်တော်တို့ မြန်မာမလေးတချို့ကလည်း အပြာဆန်ဆန် မြန်မာမဂ္ဂဇင်းတွေအတွက် အပြာဆန်ဆန် ဓါတ်ပုံတွေ ရိုက်ပေးဖို့တာစူနေကြပါပြီ။ အပြာဆန်ဆန် အနမ်းခန်းတွေ၊ အပြာဆန်ဆန် ခြင်ထောင်ခန်းတွေ၊ အပြာဆန်ဆန်စကားပြောတွေ ပါတဲ့ အပြာဆန်ဆန် မြန်မာရုပ်ရှင်တွေ ရိုက်ပေးဖို့အသင့်ပြင်နေကြပါပြီ။ ပြည့်တန်ဆာတိုင်းပြည်လို့ ကမ္ဘာမှာနာမည်ဆိုးနဲ့ကျော်ကြားတဲ့ထိုင်းနိုင်ငံက ပြည့်တန်ဆာရုံတွေမှာ ထိုင်းပြည့်တန်ဆာမတွေရဲ့ ဘီကီနီဝတ်ပြီး စင်ထက်ဖျော်ဖြေပွဲမျိုးတွေနဲ့အပြိုင် မြန်မာ့ပထမဆုံး အတွင်းခံ ဖက်ရှင်ရှိုးပွဲကြီးလဲ ပေါ်ပေါက်လာပြီ။
ဒါတွေဟာ... တိုးတက်မှုလို့ ယူဆကြရင်တော့ ခေတ် ရေစီးကြောင်း ပြောင်းလဲမှုမှာ က္ဈန်တော်မောင်မှန် တစ်ယောက် အမှီမလိုက်နိုင်ပဲ ကျန်နေခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဘိုးတော်ဘုရား လေးဖက်ကုန်းတဲ့အရွယ်က စကားတွေနဲ့ ဒီလူကြီး ဘာလာကြောင်တာလည်း... လို့ ဝိုင်းဝန်း ထောပနာ ပြုကြရင်လည်း က္ဈန်တော်ကတော့ ကျေနပ်စွာ ခံယူနေဦးမှာပါ။
ဘယ်သူတွေ ဘာပြောပြော... က္ဈန်တော်ကတော့ မြန်မာပုဆိုးနဲ့ အင်္ကျီကို သေသည်အထိ မြတ်နိုးစွာ ဝတ်ဆင်နေဦးမှာပါ။ ထမင်းစားရင်လည်း မြန်မာ့ငါးပိရည်နဲ့ တို့စရာမျိုးစုံကို ဖွယ်ဖွယ်ရာရာလုပ်ပြီး အားပါးတရ စားနေဦးမှာပါ။ က္ဈန်တော့်အမေ ရေချိုးပြီးရင် လူးဘို့ မြန်မာသနပ်ခါးကိုလည်း အညာကျောက်ပျဉ်ပေါ်မှာ အားရပါးရသွေးပြီး ကိုယ်တိုင် လိမ်းပေးနေဦးမှာပါ။ အခါကြီး ရက်ကြီးတွေမှာလည်း ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်ယူကြတဲ့ မိဘနှစ်ပါးအတွက် ဆွမ်းချိုင့်ကို ကိုယ်တိုင် သွားပို့နေဦးမှာပါ။ ရှာဖွေထားတဲ့ ခ္ဈေးနှဲစာလေးထဲကနေ ကောင်းနိုးရာရာလေးတွေ ရွေးချယ် ချက်ပြုတ်ပြီး ဆွမ်းခံကြွချီလာတဲ့ သံဃာတော်တွေကို အာရုဏ်ဆွမ်း လောင်းလှူနေဦးမှာပါ။ မောင်နဲ့နှမ၊ သားနဲ့အမိ အတူတကွ ကြည့်ရှုလို့သင့်တော်တဲ့၊ မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ ရုပ်ရှင်၊ ဂီတ၊ အနုပညာ၊ စင်ထက်ဖျော်ဖြေပွဲမျိုးတွေကိုပဲ ကြည့်နေဦးမှာပါ။
ဘာပြုလို့လည်းဆိုတော့ က္ဈန်တော်ဟာ... ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်တစ်ယောက် ဖြစ်နေလို့ပါပဲ.........။
ကောင်မလေး ကြည့်ပြီး ဒုက္ခပါဘဲ။ဒါရိုက်တာတွေ က ဂွင်ဖန်တာပေါ့။ ဥပမာဇင်ယော်မောင်မောင် ကိုဘဲကြည့်။ နာမည်ကြီးချင် ရင်သဇင်လိုရိုက်ပြီး fbမှာ တင်လိုက် ဘာပြောကောင်းမလဲ။ အင်းပြောရင်းဆိုရင်းfeel တွေလာနေပြီ။
ဒါရိုက်တာ ၀င်းထွန်းထွန်း (သားသမီးချင်းကိုယ်ချင်းမစာသူ)
ဝိုင်း ( ဇာတ်ရံမင်းသားအဖြစ်နဲ့တောင် မအောင်မြင်ခဲ့သမျှ
ဒါရိုက်တာလုပ်ပြီး ဆူလွယ်နပ်လွယ် လုပ်စားသူ)
လူမင်း (ဘာသာရေးယောင်ယောင်၊ လူဝင်စားယောင်ယောင်နဲ့
အခြောက်တိုက် ဘ၀င်မြင့်နေသူ)
ဇင်ဝိုင်း ( ဖင်မနိုင်ဘဲနဲ့ ပဲဟင်းစားနေသူ)
အနုပညာဆိုတာ သာမည၊ ငွေ၊ ကျော်ကြားမှုကို အဓိကထားသော
မင်းသား/မင်းသမီး အပါအ၀င် လုပ်စားအနုပညာရှင်များ
ထိုသို့သော ပုဂ္ဂိုလ်များဖြင့် မြန်မာရုပ်ရှင်လောကသည်
အမျိုး ဘာသာ သာသနာအတွက် အကြီးမားဆုံး အန္တရာယ်ပင်
ဖြစ်နေပေတော့သည်။
( အညာဖိုက်တာ )
အလကားပါဗျာ။သည် ဘဲ တွေ အ၇က်သမားတွေပါ။ကား၇ိုက်
ကမ၇ှိတော့ အုပ်စုလိုက် မဲအများစု နဲ့ဉက္ကဠ ၀င်လုပ်နေတာ။
ဘာအ၇ည်အချင်းမှ၇ှိတာမဟုတ်ဘူး။အာ၇ကေ ယူပြီးဆင်ဆာ
လွှတ်ပေးလားမှမသိဘူး။ဒေါ်စု နံမည်ကြီးတော့လည်း ဒေါ်စု
နားမှာ မြင်မကောင်းအောင် ၀ိုင်းနေလေ၇ဲ့။
အထက်က မောင်မှန်ရေ ခင်ဗျားကလည်း မောင်မှန် ကျွန်တော်ကလည်း မောင်မှန် ဟဲ ဟဲ မောင်မှန် ချင်းတော့လာတူနေပြီဗျ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ခင်ဗျားပြောတာတွေကို သဘောတူပါတယ် ကျွန်တော်လည်း ခင်ဗျားလို မြန်မာဗုဒ္ဓစစ်စစ်ပဲဗျ ရေမရောဘူး
အမေရိကားမှာကျနော်ရှိတုံးက မြန်မာအဆိုတော် ကောင်မတွေ လာတယ်ဗျာ။ မြန်မာပြည်မှာမကဲဘဲ..အမေရိကရောက်လာမှ စကပ် ပေါင် တို ၀တ်၊နို့တစ်ဝက်ဖေါ်၊ဟော့ရှော့ပေါ့ဗျာ။ ဘိုတွေ ကြိုက်ကြမလားလို့။ ဟို..အဖြူကောင်ယန်းကီးတွေက စိတ်မလာဘူးဗျ။ သူတို့ဆီမှာ ကိုယ်တုံးလုံး ချွတ်ပြီးတိုင်ပတ်ပြလဲ ..ရိုးနေပြီ။ ဘယ်ကောင်မှစိတ်မလာဘူး။ သို့သော် မြန်မာ မင်းသား ၀တ်စုံနဲ့တစ်ယောက်ဘယ်သူမှန်းမသိ၊ မြန်မာဆိုင်းဝိုင်းကြီးတီးလုံးသံနဲ့ ကပြတော့ ဗျာ...အားပေးလိုက်ကြတာ။ အဖြူကောင်ယန်းကီးတွေလေ..သောင်းသောင်းဖျဖျ ၊ နှစ်သက်လိုက်ပုံများ၊ သဘောက မြန်မာ celebrity တွေအတွေးအခေါ် တွေမှားနေတယ်ဗျ။ ထွန်းအိမ်သာဘိုတို့လို သေခါနီးမသာမကြီးတွေက အစပေါ့ခင်ဗျာ။ ကမ္ဘာက မြန်မာ့အနုပညာ အစစ်တွေကိုဘဲ စိတ်ဝင်စားချင်နှစ်သက်ချင်တာဗျ။ မြန်မာ့အက၊ ဆိုင်းဝိုင်းကြီးတွေ။ ရုပ်သေးအနုပညာတွေ အဖြူကောင်တွေကြိုက်မှကြိုက်ဗျို့။ မြန်မာမ သေးသေးကွေးကွေးပုပုတွေ အပြာကားရိုက်လဲ.. ပိုက်ဆံရမှာမဟုတ်ဘူးဗျ။ မြန်မာတွေကတော့ အားနားပါးနာ ငှားကြည့်မလားတော့မသိဘူးပေါ့ဗျာ။ ... ဒါကိုကြည့်ချင်အားဖြင့် အရင်စိတ်ထားလေးတွေကို အရင် ခေတ်မီအောင်၊ကမ္ဘာနဲ့ရင်ဘောင်တန်းအောင်လုပ်ပါအုံးလို့။ ပညာမဲ့..ပဇွန်ဦးဏှောက် ဇင်ဝိုင်းတို့ ဖဲဝိုင်းတို့လို ကောင်မျိုးတွေ၊ ကျောက်ခေတ်က ဒါရိုက်တာ အစုတ်အပြတ်တွေကို အားလုံးဝမကိုးပါနဲ့လို့။ စာများများဖတ်ပြီး မိမိယဉ်ကျေးမှုအစစ်နဲ့သာကမ္ဘာကျော်အောင်လုပ်ပါလို့ဗျာ။ ပရိသတ်ထုထည်အခိုင်အမာရပါလိမ့်မယ်လို့ဗျာ (စာရေးအင်မတန်ပျင်းပါတယ်။ မနေနိုင်လို့ဝင်ရေးတာပါ။ )
ဒီလိုချောချောလှလှငယ်ငယ်၇ွ၇ွလေးနဲ့ဆိုဘကြီးလည်းဒါမျိုးတွေတွဲ၇ိုက်ချင်လိုက်တာနော်ဟင်းဟင်း
Mike Yuu Ye
Mike= akg asoe ma thi
Yuu= ashat akyout ma shi
Ye= arr htote kyo pan
Min har di lo be
Shwe Mone yadi
very good
ကောင်မလေးကဒီအရွယ်လေးနဲ့ ဒီအခန်းမျိုးရိုက်ခိုင်းတဲ့မိဘတွေကိုအံ့အြပါရဲ့၊ခိုင်းစားတာလဲကြည့်ပြီးခိုင်းစားပါလား၊တာမွေ(၃)ကျောင်းအုပ်ကြီးကဒီလိုကောင်မမျိုးကိုမထားသင့်ပါတခြားကျောင်းသူသူတွေအတုယူမှာစိုးရိမ်ရပါတယ်
လုံးဝအမှန်တွေပါ။အပြည့်ထောက်ခံတယ်။အားပေးတယ်ဗျာ။
ဆက်သာေ၇းပါ။
မော်ဒယ်လုပ်စားတဲ့မိန်းကလေးတွေကပြောတယ်- ကုမ္ပဏီဝန်ထမ်းမိန်းကလေးတွေရဲ့ တစ်လ ချွေးနည်းစာက သူတို့ အတွက် 1 နေ့ ရှာသလောက်ပဲ ရှိတယ်တဲ့ ။ ပညာတတ်တွေကို အထင်မကြီးပါဘူးတဲ့။
သူတို့ လောက်ေ၇ာ လှရဲ့ လားတဲ့၊ သူတို့ ဘာလုပ်စားနေလဲ ၊ sponsor တစ်ယောက်၇ဘို့ အေ၇း - ဘ၀သံသ၇ာ - သီချင်းလိုမျိုး တစ်ယောက်ဆင်း တစ်ယောက်တက် ရုန်းကန်နေ၇တယ်မဟုတ်လား ။ အခုပဲကြည့်လေ - လူ အယောက် 30 လောက် ၀ိုင်းကြည့်နေတဲ့ ရိုက်ကွင်းမှာ ဖျက်ဆီးခံ၇တဲ့ အ၇သာကို ရွှေမှုံ၇တီ က ပီပြင်စွာ လုပ်ပြနေလေရဲ့ - mood သွင်းတယ်ဆိုတာ ကိုယ်တိုင်ကြုံဘူးမှ ပီပြင်တယ်လို့ ကြားဘူးတာပဲ - service ၇င့်နေတဲ့ အိမ်ထောင်သည် မင်းသမီးကြီးတွေက လုပ်ပြနေ၇င်တောင် ကြည့်မကောင်းလိုက်တဲ့ မြင်ကွင်းပါ၊ မြန်မာလူမျိုးဆိုတာ နည်းနည်းလောက်အစပျိုးလိုက်၇င် နောင် - ဒီ့ ထက်ဆိုးတာ လုပ်ပြဘို့ ဝန်မလေးတတ်တဲ့ လူမျိုးပါ - ထိန်းချုပ်နိုင်မှတော်ကာကျမှာပါ - ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိလူကြီးမင်းများကိုယ်တိုင်က စည်းကျော်ချင်-စည်းဖေါက်ချင်စိတ် တွေ များ တဖွားဖွားပေါ်ပေါက်နေပြီလား မပြောတတ်တော့ပါ - မြန်မာနိုင်ငံ - ဒီမိုကေ၇စီ နဲ့ မထိုက်တန်ပါ - နိုင်ငံ့ခေါင်းဆောင်ကြီးများ ဒုတိယအကြိမ် ပြန်စဉ်းစားသင့်ပါပြီ- မြန်မာမိန်းကလေးမှန်၇င် ကြေးစားမတွေလို့ အထင်မခံ၇အောင် ပြန်လည်ထိန်းချုပ်ပေးသင့်ပါပြီ - သားသမီးချင်း ကိုယ်ချင်းစာ၇င်ပေါ့ ---- မိဘတွေကလည်း ပိုက်ဆံလိုချင်တိုင်း ချမ်းသာချင်တိုင်း သမီးမိန်းကလေးကို ချမနင်းသင့်ပါ-ေ၇ာင်းမစားသင့်ပါ - တန်ဖိုးရှိစွာကြီးပြင်းပြီး တန်ဖိုးရှိစွာေ၇ာင်းစားသင့်ပါတယ် - တန်ဖိုးရှိတဲ့ အိမ်ထောင်သည်ပဲ ဖြစ်သင့်ပါတယ် - အမြတ်၇၇င်ပြီးေ၇ာဆိုပြီး ထိုးကျွေးတဲ့သမီးမျိုး မဖြစ်အောင် ပြန်လည်စဉ်းစားသင့်ပါပြီ - ဘ၀ပျက်သမီးက ရှာဖွေပေးတဲ့ချမ်းသာခြင်းများအပေါ် ဂုဏ်ယူစ၇ာမရှိပါကြောင်း အသိပေးချင်ပါတယ်။
အားပေးတယ်
f
၂၄ နာရီအတွင်း
တကားရိုက်
ဘာပညာပေးလဲ
ဘာကောင်းလို့လဲ
ဘယ်လိုလုပ် နိုင်ငံခြားအဆင့်မှီမှာလဲ
ဒါမျိုးနဲ့တော့မလုပ်နဲ့
အဲ့ဒီ့ကားက ဘာမှန်းမသိဘူး
ရဲ ရှေ့မှာလူသတ်တယ်လေ
myanmar Express ကို
အဲလို comment တွေကြောင့်ကို
ကြိုက်နေတာ။
အကြောင်းအရာ တစ်ခုအောက်မှာ
ဝိုင်းဝန်းအကြံပြုချက်တွေဟာ
တစ်ယောက်ချင်းစီကို ကျွန်တော်က
အသေအချာ စိတ်ဝင်တစားဖတ်လေ့ရှိတယ်။
အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကိုလည်း
ကြိုဆိုတယ်ဗျာ။
myanmar Express ဟာ
ကျွန်တော်တို့လူငယ်တွေအတွက်
မရှိမဖြစ် မိုး လိုပါ။
ဟုတ်တယ် အတွေးအခေါ်ကိုက
မှားနေကြတယ် သူတို့တွေနိုင်ငံခြားခရီး
ထွက်လာရင် နိုင်ငံခြားရုပ်ရှင်တွေထဲမှာ
ပေါက်တတ်ကရ ဝတ်စားဆင်ယင်တာကို
ကြည့်ပြီး ဒီလိုဝတ်သွားမှ ဟိုမှာခေတ်မီမယ်လို့
ထင်နေကြတာကိုး တနေ့က ခိုင်သင်းကြည်ဆို
ပူရအိုက်ရတဲ့ကြားထဲ မာဖလာကြီးပတ် လည်ရှည်
ဖိနပ်ကြီးနဲ့ ကရင်လည်း ဖင်တွန့်ရင်တွန့်မှ
နိုင်ငံခြားက ကြိုက်မယ်ထင်တာ အစွမ်းကုန်
ကဲပြတော့တာပဲ အရှက်ဆိုတာ လုံးလုံးမရှီ
ပြည်ပက မြန်မာတွေ သိက္ခာကျတယ်ဗျာ
တကယ်တော့ ဟိုကမြင်ချင်တာ ရိုးရာ
အဝတ်အစား ရိုးရာအကတွေဗျ နားလည်လား
ကော်ပီသီချင်းလည်း မဟုတ်ဘူး အိုးလှုပ်ခိုင်းတာ
မဟုတ်ဘူး စောက်ကောင်မတွေ နားမလည်တာ
ကျူပ်တို့လည်း သူများနိုင်ငံမှာ သူတို့စရိုက်
အနေအထိုင် ပက်စက်တာကို ဖယ်ပြီး
ကောင်းတာကိုပဲ အတုယူတယ် သူတို့
ယခင်က ရိုးရာဝတ်စုံ နေထိုင်သက်မွေးခဲ့ပုံတွေကို
ပြတိုက်တွေမှာ လိုက်ကြည့်တယ် လာတဲ့တခြား
နိုင်ငံသားတွေကလည်း ဒီလိုပဲ ကြည့်ချင်တာပါ
ဖာဂေါင်းတွေကတော့ ဖာတန်းပဲရှာတာပေါ့လေ
ဒါတွေ နားလည်ရမယ် မြန်မာတွေ
ရိုးရာဝတ်စုံကို မြတ်မြတ်နိုးနိုး ဝတ်ပါ
ကိုယ့်ယဉ်ကျေးမူကို သူများနဲ့မတူတဲ့
စံတခုအဖြစ် ဂုဏ်ယူထိန်းသိမ်းပါ
ကိုယ့်မြန်မာရဲ့ ဂုဏ်ယူစရာ
အကျင့်စာရိတ္တနဲ့ ဘာသာရေးကို
ဂုဏ်ယူကြစမ်းပါ လေးစားလိုက်နာ
ကြစမ်းပါ သူတပါးပျက်စီးနေတာနဲ့
မတူတာကိုက မြန်မာဂုဏ်ပါဗျ
တို့ နိုင် ကတိုတက်လာပြီ
မကြာမှီ အကွဲ ပေါ် မည်
တိုးတက်တဲ့တိုင်းပြည် ဆိုပေ့မဲ့လည်း အမျိုးသားယဉ်ကျေးမှုကို မျက်ကွယ်မပြု သင့်ဘူး
အမျိုးသားယဉ်ကျေးမှုကို ရှေးရှုကြပါ
you ringt
တစ်ယောက်တမျိုးပေါ့
လွတ်လပါစွာ ကွဲလွဲခွင့်ရှိပါတယ်
အမြင်ချင်း ဘယ်တူပါ့မလဲ
မင်းသမီးရှုး မရှုးပါနဲ့ညီမရယ် ဒါမြန်မာပြည်
halar lote lite par director ko.
ဗိုလ်ချူပ်စကားအတိုင်း ဖားသည်းလိုနိုင်ငံ ဖြစ်တော့မှာလား မြန်မာယဉ်ကျေးမူကို စောင့်ရှောက်ပေးပါအုံး
ကို့ထမင်းကိုစားပြီးစောက်တင်းပြောနေတဲ့ကောင်တွေ သူများကိုဝေဖန် မ နေနဲ့ ကို့ကိုကောဘာကောင် လဲပြန်တွေးကြည့်ကြအုံး
သူများကိုဝေဖန်နေရ အောင် မင်းတို့ကဘယ်လောက်မှန်နေလို့လဲ
သူများဝေဖန်နေရ အောင် မင်းတို့က ဘယ်လောက်မှန်နေလို့လဲ
သူများကိုမ ပြောပါနဲ့ကိုပဲ မှန်အောင်နေပါမိတ်ဆွေတို့
သူများကိုပြောရ အောင် မင်းကဘယ်လောက်မှန်နေလို့လဲ
ကိုသာမှန်အောင်နေပါ သူများကိုပြောမ နေပါနဲ့
ရိုင်းတာကလည်း လူကမွေးတာမဟုတ်ဘူးလား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်