Subscribe to our RSS Feed

သတင်းမီဒီယာလွတ်လပ်ခွင့် အစိုးရတာဝန်သာမဟုတ်မီဒီယာပါတာဝန်ရှိ

From : ..hot news



မြန်မာမီဒီယာလောကဖွံ့ဖြိုး တိုးတက်ရန်အတွက် အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ပြည်တွင်းပြည်ပမီဒီယာများ ပူး ပေါင်း၍ သတင်းမီဒီယာညီလာခံ လာ မေလ ၂၀ ရက်မှ ၂၁ ရက် အထိပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်မှ တည် ဆဲပုံနှိပ်ဥပဒေများအား ရုပ်သိမ်း နိုင်မည့် ဥပဒေအား မကြာမီ လွှတ်တော်ထဲတွင် ဆွေးနွေးရန်ရှိ ကြောင်း ပြောကြားသည်။

““လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ပေါ်ထွက် လာမှုနဲ့အတူ တည်ဆဲတင်းကျပ် တဲ့ပုံနှိပ်ဥပဒေများ ရုပ်သိမ်းရေး ဟာ မီဒီယာပြုပြင်ပြောင်းလဲရေး ရဲ့ ဒုတိယအဆင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တည်ဆဲပုံနှိပ် ဥပဒေများ ရုပ်သိမ်းရေးနဲ့ပတ် သက်ပြီး စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းသဘောတူညီချက်အချို့ ရရှိခဲ့ပြီးပါပြီ။ ဒါ့အပြင် ဒီဥပဒေ များကို ရုပ်သိမ်းနိုင်မယ့် ဥပဒေကို မကြာမီ လွှတ်တော်ထဲကို တင် ပြသွားဖို့ရှိပါတယ်””ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းမီဒီယာများ လွတ် လပ်စွာ ရေးသားခွင့်သည် အစိုး ရတွင်သာ တာဝန်မရှိဘဲ မီဒီယာ များတွင် မူတည်ကြောင်း ပြည်ပ မီဒီယာတစ်ခုမှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

““လွတ်လပ်စွာသတင်းရေး သားခွင့်ဆိုတာ အစိုးရကြီးကိုသာ ပုံချလို့မရပါဘူး။ ပုဂ္ဂလိကမီဒီယာ များအပေါ်မှာလည်း မူတည်ပါ တယ်။ ဒါထက်အရေးကြီးတာက တော့ နိုင်ငံတကာကျင့်ဝတ်နဲ့ စံတွေကို ဘယ်လိုစောင့်ထိန်းမှာ လည်း””ဟု ပြောကြားခဲ့သည်။ အဆိုပါ သတင်းမီဒီယာညီလာခံ သည် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ပြီး ယခုပြုလုပ်ရသော သတင်းမီဒီယာညီလာခံ၌ မီဒီယာ လောကနောက်ထပ်ဖွံ့ဖြိုးလာရေး အတွက် လက်တွေ့အကြံပေး ချက်များ ထွက်ပေါ်လာနိုင်ရေး အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


.. www.MyanmarExpress.net

1 comments:

ဒေါ်စု နံမည်ကြီးလာတော့လည်းဒေါ်စုဘက်။၈၈ နံမည်ကြီး
လာတော့လည်း ၈၈ ဘက်။အစိုး၇ ကျတော့လည်းဖါး လိုက်
၇တာ။(မျက်နှာဖုံးပြည့်။ပြူးတူးပြဲတဲ။)နိင်ငံသိ သူဠေးတွေကျ
တော့လည်း မျက်နှာလိုမျက်နာ၇ ။ဆိတ်လစေ့ ဂျာနယ်လစ်
ကြီး များကောင်းစားနေတာ အံ့ဘွယ်တပါးပင်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်