From :
..rfa
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်သမ္မတ ဘာရတ် အိုဘားမား Barack
Obama နဲ့ အိမ်ဖြူတော်မှာ လာမယ့် မေလ ၂ဝ ရက်နေ့မှာ ဝါရှင်တန်
ဒီစီမြို့တော်က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း နဲ့ တခြားထိပ်တန်း ခေါင်းဆောင်တွေလိုက်ပါမှာ ဖြစ်ပြီး၊ မေလ ၁၈ ရက် သို့မဟုတ် ၁၉ ရက်နေ့ ဝါရှင်တန် ဒီစီမြို့တော်ကို ရောက်ရှိတဲ့အခါ ခရီးရောက်မဆိုက် အဲဒီနေ့မှာပဲ အမေရိကန်ပြည်ထောင်စု မှာနေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲ ကျင်းပမယ်လို့ သံရုံးအသိုင်းအဝန်းက ပြောပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ အမေရိကန်ပြည်ထောင်စုမှာ ၃ ရက် သို့မဟုတ် ၄ ရက်ကြာနေထိုင်စဉ် အတွင်း မြန်မာအများစုနေထိုင်ရာ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယား ပြည်နယ်ကို သွားရောက် လည်ပတ်ဖို့လည်း စဉ်းစားနေတယ် လို့ သိရပါတယ်။
၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီ မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ဒီခရီးစဉ် နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ ၂ ဖက်စလုံးက ရက်ပိုင်းအတွင်း အသေးစိပ်ထုတ်ပြန်ကြေညာမယ်လို့ သတင်းရပါတယ်။
.. www.MyanmarExpress.net
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က အင်ဒိုနီးရှားနိုင်ငံ၊
ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ အစည်းအဝေး၌ အမေရိကန် ပြည်ထောင်စု သမ္မတ
Mr. Barack Obama နှင့် သမ္မတ ဦးသိန်းစိန်တို့ တက်ရောက်စဉ်က မှတ်တမ်းပုံ
ဖြစ်ပါသည်။
AFP
သမ္မတဦးသိန်းစိန်နဲ့ အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း နဲ့ တခြားထိပ်တန်း ခေါင်းဆောင်တွေလိုက်ပါမှာ ဖြစ်ပြီး၊ မေလ ၁၈ ရက် သို့မဟုတ် ၁၉ ရက်နေ့ ဝါရှင်တန် ဒီစီမြို့တော်ကို ရောက်ရှိတဲ့အခါ ခရီးရောက်မဆိုက် အဲဒီနေ့မှာပဲ အမေရိကန်ပြည်ထောင်စု မှာနေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲ ကျင်းပမယ်လို့ သံရုံးအသိုင်းအဝန်းက ပြောပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ အမေရိကန်ပြည်ထောင်စုမှာ ၃ ရက် သို့မဟုတ် ၄ ရက်ကြာနေထိုင်စဉ် အတွင်း မြန်မာအများစုနေထိုင်ရာ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယား ပြည်နယ်ကို သွားရောက် လည်ပတ်ဖို့လည်း စဉ်းစားနေတယ် လို့ သိရပါတယ်။
၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီ မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ဒီခရီးစဉ် နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ ၂ ဖက်စလုံးက ရက်ပိုင်းအတွင်း အသေးစိပ်ထုတ်ပြန်ကြေညာမယ်လို့ သတင်းရပါတယ်။
.. www.MyanmarExpress.net
1 comments:
ငါတို့အစိုး၇ နဲ့ အမေ၇ိကန်တွေ ကြည်လေ ဟို လူသတ်သမား(ပါချောင်လူသတ်ပွဲ) နိင်အောင် မိုးသီးဇွန် တို့
မျက်ခုံးလှုပ်လေဘဲ။တ၇ားဉပဒေ စိုးမိုး၇မယ်ဆို ။ဟိုနှစ်ကောင်ကို ဘာမှမလုပ်သေးဘူးလား လူကြီးမင်းတို့။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်