Subscribe to our RSS Feed
Showing posts with label ဆင်ခြင်စရာ. Show all posts
Showing posts with label ဆင်ခြင်စရာ. Show all posts
Living Together နေသင့်/ မနေသင့်
From : the voice
မြန်မာ့လူမှု နယ်ပယ်တွင် သူ့သက်ဆိုင်ရာ အလိုက် သုံးစွဲနေပြီးသား စကားလုံးများ ရှိသည်။ သမီးရည်းစား၊ ချစ်သူ၊ မောင်နှမ၊ လင်မယား၊ မိဘ၊ သားသမီး၊ ထိမ်းမြား လက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့် အသုံးအနှုန်းများ ရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်။ သို့သော် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့် အမှတ်တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ကြား လာရခဲ့သည်။ ယင်းမှာ လက်မထပ်ဘဲ အတူနေခြင်း။ Living Together ။
မြန်မာ့ထုံးတမ်း အစဉ်အလာအရ အငြင်းပွား ဖွယ်ရာ ကောင်းသည့် လူမှုပုံစံ တစ်ခုဖြစ်သည့် Living Together သည် မိသားစု နှုန်းစံမြင့်မားဆဲ ဖြစ်သည့်၊ အစဉ်အလာ ယဉ်ကျေးမှု နှုန်းစံများ မြင့်မားဆဲဖြစ်သည့် မြန်မာ့လူမှု နယ်ပယ်တွင် ပေါ်ပေါ် ထင်ထင် မတွေ့မြင်ရပေ။ ထို့ကြောင့် မည်ရွေ့မည်မျှ ရှိသည်ကို သိရှိရန် မဖြစ်နိုင်ပေ။ သို့သော် မိသားစု နှင့်အဝေး၊ ယဉ်ကျေးမှု နှုန်းစံများနှင့် အဝေးဖြစ် သည့် ပြည်ပ နိုင်ငံများ သို့ ရောက်သွားသည့်အခါ Living Together ဟူသည့် အသံသည် ပိုကျယ်လာ သည်။ ထင်သာမြင်သာ ရှိလာသည်။
ကိုထွန်းဦးသည် လုပ်သားပေါင်း ၁၀၀၀ ကျော်ရှိသည့် စင်ကာပူ ဆိပ်ကမ်းတွင် အလုပ်လုပ်ခဲ့ သူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာပြည်၌ ပြန် အခြေချနေသူ ဖြစ်သည်။ သူ့အဆိုအရ Living Together နေထိုင်သူ များသည် ပထမအဆင့် အွန်လိုင်းတွင် တွေ့၊ နောက်မှ အပြင်မှာ ချိန်းတွေ့ ကြပြီးမှ နေထိုင်ကြသည်က များသည်။
"ဒီနိုင်ငံမှာက တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးမှု မရှိဘူး။ အဲဒါက Living Together နေဖြစ်ဖို့ကို တွန်းအားပေးတယ်" ဟု ကိုထွန်းဦးက သူ့အမြင်ကို ဆိုသည်။
ထို့အတူ စင်ကာပူတွင် ကျောင်းတက်နေ သည့် အသက် ၁၈ မှ ၂၀ အရွယ် မြန်မာကျောင်း သားများ သည်လည်း Living Together နေထိုင်သူ အများအပြား ရှိပြီး အလုပ်လုပ်နေသူများ ထက်ပင် များနိုင်ကြောင်း ကိုလှိုင်စိုးက ဆိုသည်။
မိဘနှင့် ဝေးနေခြင်း၊ အချိန်အား များခြင်း၊ အချိန်ပိုင်း အလုပ်လုပ်ခွင့် ရခြင်း၊ ပိုက်ဆံကို အလွယ်တကူ ရနိုင်ခြင်းနှင့် အင်တာနက် တို့ကြောင့် Living Together နေသူ ကျောင်းသားကျောင်းသူ ပိုများကြောင်း စင်ကာပူ နိုင်ငံတွင် ၂ နှစ်ကြာ ပညာ သင်ကြားခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုလှိုင်စိုးက ဆိုသည်။
ကိုထွန်းဦး အဆိုအရ Living Together နေထိုင်ဖြစ်ရန် ငွေကြေးအရ ၄၀ ရာခိုင်နှုန်း၊ လူမှုရေး အရ ၃၀ ရာခိုင်နှုန်း၊ သွေးသားဆန္ဒအရ ၃၀ ရာခိုင်နှုန်း တွန်းပို့သည်။
ငွေကြေးအရ အကူအညီ တောင်းရင်း Living Together နေဖြစ် သွားသည်များ ရှိသလို ရောမရောက် ရောမလို ကျင့်ဟူသည် ပတ်ဝန်းကျင်ကြောင့် နေဖြစ် သွားသည်များလည်း ရှိကြောင်း ကိုထွန်းဦးက ဆိုသည်။
ကိုလှိုင်စိုး၏အဆိုအရ ငှားနေသည့် အိမ်သည် မြန်မာအိမ် ဆိုလျှင် Living Together နေဖြစ်ရန် နည်းသည်။ အိမ်ရှင်က စင်ကာပူ ဖြစ်နေလျှင် Living Together နေဖြစ်သွားသည်က များသည်။
စင်ကာပူ ကဲ့သို့ပင် မလေးရှား တွင်လည်း Living Together နေသည့် မြန်မာ အများအပြား ရှိသည်ဟု ကိုခန့်မင်းက ဆိုသည်။
"တော်တော်များများက မလေးရောက်ပြီး မကြာခင်မှာ ရည်းစားတွေ ရကြပြီး Living Together နေသွားကြတာ များတယ်"ဟု သူမြင် တွေ့နေရသည့် အခြေအနေကို ပြောပြသည်။
သူအမြင်အရ လက်ထပ်မည်ဟု လေးလေး နက်နက် စဉ်းစားပြီး Living Together နေလျှင် ကောင်းသည်။ သို့သော် မလေးရောက် မြန်မာများသည် တခြားငွေကြေးနှင့် သွေးသားဆန္ဒ အပေါ်တွင် အခြေ တည်ပြီး နေသည်က များသည်။ ယင်းသို့နေထိုင်မှု နှင့်ပတ်သက်၍ ကိုခန့်မင်းက "ကိုယ်ကောင်းတယ် ထင်ရင်လုပ်၊ ကိုယ်ဖြစ်ကိုယ်ခံ" ဟုဆိုသည်။
စိတ်ပညာရှင် Dr. Scott Stanley က ဘယ် အချိန်၊ ဘယ်နေရာမှာ၊ ဘာကြောင့် Living Together နေတယ် ဆိုတာအပေါ် အုပ်စုအမျိုးမျိုး ကွဲပြား သွားကြသည်မှာ စိတ်ဝင်စားဖွယ် အတော် ကောင်းသည်ဟု မှတ်ချက်ပြုသည်ကို USA Today တွင်ဖော်ပြသည်။
Living Together ကို လက်ခံသူများသည် "လက်ထပ်ပြီးကာမှ မှားမှန်းသိရက် နောက်ဆုတ် ရခက်သည်ထက် စာလျှင် လက်မထပ်ဘဲ အတူတူ နေပြီး တစ်ယောက်ကို တစ်ယောက် လေ့လာပြီး ကာမှ လက်ထပ်သည်က ပိုကောင်းသည်" ဟူသည့် အယူအဆ ရှိကြသည်။
ယင်းအယူအဆကို လက်ခံသူများ ထဲတွင် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် စီးပွားရေး ပညာ သင်ယူနေသည့် အသက် ၂၇ နှစ်အရွယ် မဝင်းမော်အေးလည်း အပါအဝင် ဖြစ်သည်။ သူမက လက်ထပ် ထိမ်းမြားခြင်းမှာ အလွန်တရာ ရှုပ်ထွေး ပြီး တရားဝင် လိင် ဆက်ဆံခွင့် ပြုလိုက်ခြင်းသက် သက် မဟုတ်။ လူနှစ်ဦး အတူနေတာလည်း မဟုတ်။ မိသားစုဆွေမျိုး အသိုင်းအဝိုင်းနှစ်ခု ပေါင်းစည်း ခြင်း ဖြစ်ကြောင်း ဆိုသည်။
သူမအနေဖြင့် ဓလေ့ထုံးတမ်း စဉ်လာ ဘာသာတရား ကျင့်ဝတ်များဖြင့် သတ်မှတ်ပြဋ္ဌာန်း ထားတာမျိုး မဟုတ်လျှင် နေမည်။ ထိုင်းတွင်လည်း Living Together နေသူ များစွာရှိသည်ဟု ဆိုသည်။ ရာခိုင်နှုန်း တစ်ခုခု ကိုမူ သူမ မခန့်မှန်း ပေးနိုင်ပေ။
မိမိချစ်သူနှင့် အတူ Living Together ခြောက်လ နေခဲ့သည့် သတင်းထောက် တစ်ဦးဖြစ်သူ ကိုဆန်းမောင် အမြင်မှာ Living Together သည် အိမ်ထောင်ရေး မူကြိုဖြစ်သည့် အတွက် နေသင့် သည်။ မြန်မာ့ လူ့အဖွဲ့အစည်း အတွက်ဆိုလျှင် Living Together နေထိုင်ခြင်း သည် ဖောင်ဖျက် လိုက်သည်နှင့် တူသည်ဟု သူကဆိုသည်။
ကိုဆန်းမောင်၏ အမြင်နှင့် ကွဲပြားသည်မှာ စက်မှုအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုစိုးအောင် ဖြစ်သည်။ သူ့အမြင်အရ တကယ်လို့သာ နှစ်ဖက် စလုံး၏ မိဘနှင့် သားသမီးကြားတွင် ပွင့်လင်းမှု ရှိလျှင် Living Together နေစရာ မလိုဘဲ လေ့လာ နိုင်သည်ဟု ဆိုသည်။ သို့သော် စင်ကာပူ ကဲ့သို့သော ပြည်ပနိုင်ငံ သို့ ရောက်လျှင် Living Together နေဖြစ် သွားလိမ့်မည်ဟု ဆိုသည်။
သူ့အကြောင်းပြချက် မှာ "ဂုဏ်သိက္ခာ ဆိုတာ လူ့အဖွဲ့အစည်းက တိုင်းတဲ့ ပေတံပါ။ ကိုယ်ကျင့်တရား ကတော့ ကိုယ့် ရင်ထဲက ပေတံ၊ ကိုယ့်ဟာကိုယ် တိုင်းတဲ့ပေတံ"
University of Denver ရှိ The Center for Marital and Family Studies ၏ တွဲဖက် ဒါရိုက်တာ ဖြစ်သူ စိတ်ပညာရှင် Dr. Scott Stanley က Living Together နေထိုင်ခြင်းသည် ရေရှည် ဆက်ဆံရေး အတွက် မည်သည့် ကောင်းကျိုးမျှ မရှိဟု ဆိုသည်။ သူ့အဆိုအရ Living Together နေထိုင်ခြင်းသည် အိမ်ထောင်ရေးတွင် ကောင်းမွန် သည့် ဆက်ဆံရေးကို မဖြစ်စေခြင်း၊ အိမ်ထောင်မှု ဘဝအပေါ် စိတ်ကျေနပ်မှု နိမ့်ပါးခြင်း၊ အိမ်ထောင်ရေး မငြိမ်မသက်မှု များခြင်း၊ အမျိုးသားများ ခင်ပွန်း ဖြစ်မှုနည်းခြင်း၊ အိမ်ထောင်ပြိုကွဲမှု အတွက် အလားအလာ များခြင်း တို့ကို ဖြစ်စေသည်။
ကိုလံဘီယာ တက္ကသိုလ်၏ လူပေါင်း ၁၃,၀၀၀ ကို မေးမြန်း ခဲ့သည့် လေ့လာမှု အရ Living Together နေသူ အမျိုးသား ၁၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၆ ရာခိုင်နှုန်း သာလျှင် သူတို့ Living Together နေသူနှင့် လက်ထပ်ဖြစ်ကြကြောင်း www.leaderu.com
တွင် ဖော်ပြသည်။
၁၉၉၄ ခုနှစ်ထုတ် သင့်ဘဝ မဂ္ဂဇင်းပါ မောင်ရဲသူ(မဟာဥပဒေ) ၏ လက်မထပ်ဘဲ အတူ နေခြင်းနှင့် ပတ်သက်၍ ဆောင်းပါးတွင် Living Together နေသူများသည် တစ်ဦးကို တစ်ဦး ပိုသိ သည့်အတွက် ကွာရှင်းပြတ်စဲရန် အခွင့်အလမ်း နည်းသည်ဟု ထင်ကြ သော်လည်း Living Together နေပြီးမှ လက်ထပ်သူ များသည်၊ ရိုးရိုး လက်ထပ်သူများ ထက် ကွာရှင်းပြတ်စဲရန် ၃၃ ရာခိုင်နှုန်း ပိုများသည်ဟု ဆိုသည်။
သို့သော် စိတ်ရှုပ်ထွေးစရာ ကောင်းသည်မှာ သုသေတနပြုသူများ ကြားတွင်လည်း ဝိဝါဒကွဲပြား စရာ ရလဒ်များ၊ အမြင်များ အမျိုးမျိုး ရှိကြသည်။ USA Today တွင်ဖော်ပြထားသည့် ၂၀၁၀ ပြည့် နှစ်အတွင်း ထွက်လာသည့် စာတမ်း တစ်စောင်က Living Together သည် အိမ်ထောင်ရေး အတွက် အနည်းငယ် အထောက်အပံ့ဖြစ်သည် ဟူ၏။ ယင်း အပေါ်တွင်လည်း ပညာရှင်များက အငြင်းပွားချက် များစွာ ထုတ်ပြန် ထားကြသည်။
လက်ရှိတွင် ဖခင်လောင်းတစ်ဦး ဖြစ်နေ သည့် ကိုထွန်းဦးက Living Together နေမည် မဟုတ်ဟု ဆိုသည်။ "နှမချင်း စာနာလို့၊ ကိုယ်ချင်းစာလို့"ဟု ၄င်းက ဆိုသည်။
Living Together နေထိုင်ခြင်းသည် မည် သည့် တုပ်နှောင်မှုမှ မရှိသည့် အတွက် Living Together နေသည့် သက်တမ်းကြာလေ လက်မထပ်ဖြစ်ဖို့ ရာခိုင်နှုန်း များလေဟု ကိုထွန်းဦးက သူ့အတွေ့အကြုံနှင့် ယှဉ်၍ ဆိုသည်။
ယင်းသို့ Living Together နေရာတွင် အကြီးမားဆုံး ရင်ဆိုင် ရနိုင်သည်မှာ ကလေးပြဿနာ ဖြစ်သည်ဟု ကိုထွန်းဦးကဆိုသည်။ Living Together နေရင်း ကလေး ရလာသည့်အခါ ငွေကြေး နှင့် မိမိရောက်နေ သည့် နိုင်ငံ၏ ကလေးဖျက်ချခွင့် ရှိ၊ မရှိအပေါ် မူတည်၍ အဆင်ပြေသည့် နည်း လမ်းဖြင့် ဝိုင်းဖျက်ကြပြီး တချို့မှာ ကလေးရချိန် တွင် ပစ်သွားသည် များလည်းရှိကြောင်း ကိုထွန်းဦး က စင်ကာပူရောက် မြန်မာများ၏ အခြေအနေကို ပြောပြသည်။
ဆရာမြသန်းတင့် ဘာသာပြန်သည့် မိန်းမ တို့အကြောင်း (မူရင်း - The Second Sex, Written by Simone de Beauvior) စာအုပ်တွင် "အမျိုးသမီး များနှင့် ရင်းနှီးစွာ နေထိုင်ခြင်းသည် အမျိုးသား များ၏ ဂုဏ်သိက္ခာကို ပျက်စီးစေသည်။ နေ့စဉ် ပေါင်းသင်း ဆက်ဆံရာတွင်ဖြစ်စေ၊ ပထမဆုံးနမ်း ပြီးသည့် နောက်တွင်ဖြစ်စေ၊ မင်္ဂလာဦးည လွန်မြောက် သွားပြီးသည့် အခါဖြစ်စေ ယောက်ျား၏ ဂုဏ်သိက္ခာ ပြိုကျသွားလေ့ ရှိသည်ဟု သုံးသပ် ဖော်ပြသည်။
ယင်းမှာ အမျိုးသမီးများ၏ ရှုထောင့်မှ ဖော်ပြထားခြင်း ဖြစ်ပြီး အမျိုးသားများ၏ ရှုထောင့်မှာ လည်း ယင်းနှင့် မခြား ရှိသည်ကို မေးမြန်းမှုများ အရ သိရသည်။
ယင်းကဲ့သို့ Living Together နေခြင်းတွင် များပြား လှစွာသော အားနည်းချက် များကို တွေ့ ရသည့်အခါ အားသာချက်များကော မရှိဘူးလား ဟု တွေးစရာ ပေါ်လာသည်။ အားလုံး တညီတညွတ် တည်း ပြောကြ သည်မှာ လက်ထပ်ပြီးမှ ကွဲသွား တာထက် စာရင် ကောင်းတယ်။
တခြားကော ...
ပြည်ပရောက် မြန်မာများတွင် လူပျိုလူလွတ် များက Living Together များ ရှိသလို မိမိ ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ မြန်မာပြည်တွင် ကျန် ခဲ့သည့် အိမ်ထောင်သည် များလည်း Living Together နေထိုင်ကြကြောင်း သိရသည်။
ယင်းကဲ့သို့ အိမ်ထောင် ရှိသူများ Living Together နေထိုင်ခြင်းသည် ဗုဒ္ဓဘာသာ၏ သိက္ခာ ပုဒ်အရ ကာမဂုဏ်များ ဖောက်လွဲ ဖောက်ပြန်ပြု ခြင်း မှ ရှောင်ကြဉ်ခြင်း ဖြစ်သည့် ကာမေသုမိစ္ဆာ သိက္ခာပုဒ်ကို ကျူးလွန်ရာ ရောက်ကြောင်း အရှင် ဝိစိတ္တ(မနာပဒါယီ) ၏ Living Together နှင့် ကာမေသုမိစ္ဆာစာရ ဆောင်းပါးတွင် ရေးသား ထားသည်။ ယင်းကို ပါရာဇိကဏ် အဌာကထာ တွင် ဖွင့် ထားသည်။
ယင်း သိက္ခာပုဒ်သည် တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားခြင်း ဖြစ်ပြီး မိမိ၏ လင်ယောက်ျား၊ မိမိဇနီးမယားမှ လွဲ၍ မည်သူ့ကိုမျှ၊ မည်သည့် အကြောင်းကြောင့် မျှ ဖောက်လွဲဖောက်ပြန် မပြုရဟု တားမြစ်ထားခြင်း ဖြစ်ပါသည်။
အိမ်ထောင်သည် ယောက်ျားများ အတွက် ဖောက်လွဲဖောက်ပြန် မပြုအပ်သည့် မိန်းမ၊ မသွား လာအပ်သည့် မိန်းမ (အဂမနီယ) (၂၀) ရှိပြီး ပထမရှစ်ဦးမှာ ကာမပိုင် မရှိသည့် အပျိုစင်များ ဖြစ် ကာ ဒုတိယ ၁၂ မျိုးမှာ ကာမပိုင် ယောက်ျားရှိ သည့် မိန်းမများဖြစ်သည်။
ပထမရှစ်မျိုးနှင့် ဖောက်လွဲဖောက်ပြန် ပြုလျှင် ဖောက်ပြန်သူ ယောက်ျား က ကာမေသုမိစ္ဆာစာရ ကံထိုက်ပြီး၊ အမျိုးသမီးများ မိမိကာမ မိမိသာ ပိုင်သည့်အတွက် ကံမထိုက်ပေ။
ဒုတိယ ၁၂ မျိုးသည် ကာမပိုင် ရှိသည့်အတွက် ယောက်ျား တွင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်သလို မိန်းမ သည်လည်း မိမိ ကာမပိုင်မဟုတ် သည့် အခြား ယောက်ျားနှင့် ဖောက်ပြန်သည့် အတွက် ကာမေသုမိစ္ဆာစာရ ကံ မြောက်ပေသည်။
သို့သော် ကာမေသုမိစ္ဆာစာရကံ မြောက်စေသည့် အချက်များနှင့် ကိုက်ညီမှသာ ယင်းကံ ထိုက်သည်ကို မမေ့အပ်ပေ။ ယင်းကံကိုထိုက်စေ သည့် အင်္ဂါရပ်တစ်ခုခု ချွတ်ယွင်း နေလျှင် ကာမေ သုမိစ္ဆာစာရကံ မထိုက်ပေ။ အထူး သတိထားရ မည်မှာ ယောက်ျားလေး ကလည်း တရားဝင် ကာမပိုင် ရှိနေနိုင်သလို၊ မိန်းကလေး မှာလည်း တရားဝင်ကာမပိုင် ရှိနေနိုင်သည့် အတွက် မိမိ Living Together သည် ကာမေသုမိစ္ဆာစာရကံ ထိုက် မထိုက်ကို အထူးဆင်ခြင် သတိပြုသင့်ပေ သည်ဟု အရှင်ဝိစိတ္တ၏ Living Together နှင့် ကာမသုမိစ္ဆာစာရ ဆောင်းပါးတွင် ဖော်ပြထားသည်။
အားလုံးကို ခြုံကြည့်လျှင် ပညာရှင်များ ကြား တွင်လည်း အငြင်း ပွားစရာ ဖြစ်နေသည့် နေထိုင်မှု ပုံစံ တစ်ခုဖြစ်သော Living Together နေထိုင်သူ များသည် မိမိ၏ လက်တွဲဖော် ဖြစ်ရန် သင့် မသင့် စဉ်းစားချက်များဖြင့် နေသည်များ ရှိသလို၊ ငွေကြေး အခြေပြု၊ သွေးသားဆန္ဒ အခြေပြု နေထိုင်သူများ လည်းရှိသည်။ အားလုံးတစ်သံတည်း ထွက်သည် မှာ လက်ထပ်ပြီးမှ မှားမှန်း သိတာထက် စာရင်တော့ ကောင်းသည်။ သို့သော် ကိုယ်တွေ့ကြုံရသူများ၊ သုသေတနပညာရှင် များ၏ အဆိုအရ ပြဿနာ များစွာ ရှိနေသည်။ ဘာသာရေး အရလည်း စည်းကျိုးမှုများ ဖြစ်နိုင်သည်။
ရုပ်ရှင်ရိုက်သည့်အခါ အစမ်း သရုပ်ဆောင်ကြည့်ခြင်း ရှိသည်။ သူ့တွင် ဖလင်သာ ကုန်၍ ကျန်သည့်ပြဿနာ မရှိပေ။ သို့သော် လူ့ဖြစ်တည်မှု အရေးကြီးဆုံး များထဲတွင် တစ်ခုဖြစ်သည့် အိမ်ရာ ထူထောင်ခြင်းတွင် အစမ်း ပြုလုပ် သင့်ပါသလား။ ပြဿနာများစွာ ရှိသည်မှာ အသေအချာ ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ကျွန်တော် တို့ အစမ်း အိမ်ထောင့်ပြုသင့် ပါသလား။
ဆောင်းပါးပါ အမည်များကို ကာယကံရှင် များ၏ဆန္ဒ အရ ပြောင်းလဲ ထားပါသည်။
  www.MyanmarExpress.net
ဦးသန်းရွှေ စာဖတ်နေရာမှ ပြန်လာပြီး ရွေးကောက်ပွဲ ပျက်အောင် ဒေးဗစ်လှမြင့် နောက်ကြောင်းပြန်မည်
၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ကျော် သာ လိုတော့ချိန်မှာ ၉၀ ရွေးကောက်ပွဲ NLD ငပုတောအမတ် ဒေးဗစ်လှမြင့်က နောက်ကြောင်းပြန်ဖို့ စတင်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိစ္စကို နောက်ကြောင်းပြန်လှည့် တရားစွဲမယ်လို့ ဒေးဗစ်လှမြင့်က ဆိုပါတယ်။
ဒေးဗစ်လှမြင့်ရဲ့ နောက်ကြောင်းပြန်မှုကြောင့် အစိုးရဘက်က လိုက်ပြီးနောက်ကြောင်းပြန်မှာကို ပါတီအချို့က စိုးရိမ်နေကြောင်း သိရပါတယ်။
အထူးသဖြင့် နိုင်ငံရေးမှာ လုံးဝ မပါတော့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံရေးထဲ ပြန်လာအောင် လုပ်ခြင်းကြောင့် အခြေအနေ ပိုမိုရှုတ်ထွေးနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးမှာ အစိုးရနှင့် အတိုက်အခံသာ အားပြိုင်ယုံမျှ မက အာဏာရပါတီတွင်း အချင်းချင်း အားပြိုင်မှုများ၊ အတိုက်အခံပါတီတွင်း အချင်းချင်း အားပြိုင်မှုများကြောင့် ဖြုတ်ထုတ်ရှင်းများ ရှိနေသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လာရောက် အခြေအနေထိန်းသိမ်းရန် တောင်းဆိုသည့် ပြည်သူများလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သူနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စများ မရှိခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြန်လာတာမျိုး မရှိခဲ့ပေမယ့် အခု ဒေးဗစ်လှမြင့် နောက်ကြောင်းပြန်တဲ့ ကိစ္စကတော့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် ပြန်လာနိုင်ကြောင်း ယူဆရပါတယ်။
လက်ရှိအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၈ ရက်ရွေးကောင်းပွဲကို သူမရဲ့ အကြီးမားဆုံးအခွင့်အရေးအဖြစ် မျှော်လင့်မှတ်ယူထားပါတယ်။
ဒေးဗစ်လှမြင့်ရဲ့ နောက်ကြောင်းပြန်တရားစွဲမှု ထင်ရှားလာရင်တော့ ရွေးကောက်ပွဲလည်း ပျက်နိုင်ပါတယ်။
ဒေးဗစ်လှမြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲအား NLD ပါတီ ငပုတော့ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု NLD ပြန်လည်ဖွဲ့စည်းချိန်မှာတော့ NLD ထဲသို့ ပြန်မဝင်တော့ဘဲ UNDO နဲ့ MPU မှာ အတွင်းရေးမှူး လုပ်နေပါတယ်။
သမိုင်းတစ်လျှောက် ပြည်သူ့အရေးလှုပ်ရှားမှုများမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခဲ့တာ မရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၉၀ ရွေးကောက်ပွဲ NLD အမတ်အားလုံးကို အနောက်နိုင်ငံက ထောက်ပံ့ငွေ လစဉ်ပေးထားကြောင်း သိရပါတယ်။
==============================
ဦးသန်းရွှေကြီးကို တရားစွဲမယ်ဘာညာဆိုတော့
ဘယ်ဟာကို အကြောင်းပြုပြီး စွဲမှာလည်းပေါ့ ..
စိတ်ဝင်တစားနဲ့ဖတ်ကြည့်ပါတယ်
လွှတ်တော် မခေါ်လို့တဲ့ ...
အဲဒီမှာတင် သောက်တလွဲဖြစ်ရောပြောရမလိုပဲ...
ကျန်တဲ့ ဟာတွေ အကြောင်းပြချက်ပေးရင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ဝန်းရံကြမည်သူတွေ ဘာတွေ အတွက်အလုပ်ရဦးမယ် ခုဟာက ဘယ်သူမှအလုပ်မရဘဲ
ဒီတိုင်းပြီးမည့်ကိစ္စကြီး.....
ပထမ အချက် လွှတ်တော်ခေါ်ရအောင်က ခြေဥမရှိလိုပါဆိုပြီး ဟိုကပြောလိမ့်မယ်....
ဒီလိုပြောရင် ၄၇ ဥပဒေတို့ ၇၄ တို့ရှိတယ်ဆိုပြီး ပြောမည်မကြံနဲ့ဦးဗျ..
၄၇ က ၁၀ နှစ်ပြည့် ဘာဖြစ်နိုင်တယ်ဆိုတဲ့ အပိုဒ်ကိုကြည့် ပြည်ထောင်စုပြိုကွဲနိုင်တယ် ဒီတော့ ၄၇ အရအစိုးရဖွဲ့လို့ ကမဖြစ်နိုင်ဘူး.....
ဒီတော့ ၇၄ လို့ ပြန်မပြောနဲ့ ၇၄ ဆိုတာကြီးက တစ်ပါတီစနစ်ဗျ ...
တစ်ပါတီစနစ်မကြိုက်လို့ ကျောင်းသားတွေ လမ်းပေါ်ထွက်ရတာပါ ပြည်သူတွေ လမ်းပေါ်ထွက်လာရတာပါဆိုတဲ့စကားနဲ့ ကြည့်ရင် ၇၄ က အဆင်မပြေနိုင်ဘူး...
ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘဲ အစိုးကို ဘယ်လိုမှ ဖွဲ့မရနိုင်လို့ ခြေဥရေးကြအောင်ဆိုတော့ ကန့်လန့်တိုက်ပြီး ဘေးထိုင်နေခဲ့ကြပြီးတော့ ၁၈ နှစ်လောက်အကြာပေါ်ထွက်လာတဲ့ ခြေဥနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲကြီးလုပ်ခဲ့ကြတာ ခုဆို ၉၀ခုနှစ်နဲ့ တွက်ရင် နှစ် ပေါင်း ၂၅ တောင်ရှိတော့မယ်...ခုမှ တရားစွဲမယ်ဆိုတော့ တရားမနဲ့လား /ပြစ်မှုနဲ့လားဗျာ.....
ဒါတွေကထားလိုက်ပါတော့....
တရားစွဲမယ်ဆိုလည်း တခြား အကြောင်းပြချက်နဲ့ စွဲပါလားဗျာ
ဘာပဲပြောပြော ၀န်းရံပေးကြမည့်သူတွေ အတွက် ပြောရဆိုရတာ စကားလုံးလှတာပေါ့ ခုဟာက ၀န်းရံမည့်သူတွေတောင် ကြောင်စီစီနိုင်မည့် အကွက်တွေက မလန်းပါဘူး....
တရားရေးမဏ္ဍိုင် ဘာဖြစ်နေတယ် ညာဖြစ်နေတယ်ဆိုပြီး
သောက်ဖောင်းထုချင်ရုံတစ်ခုတည်းနဲ့ လျှောက်မလုပ်ပါနဲ့
လမ်းမပေါ်ကားကြပ်တာပဲ အဖတ်တင်ပါတယ်......
အောင်ရဲစိုး-ဥပဒေ
.. https://www.facebook.com/MyanmarExpress
ဦးနိုး၏ တဘောင်နိမိတ်
*    သာသနာတစ်ဝက်ခရီးမှာဖြင့်၊
    ကနက်ထီးတွေနဲ့ ဂျက်စီးမဲ့အရှိန်အဟုန်၊
    ယုံချင်ယုံ မယုံရင်နေရန်သာပ၊
    ပြေ(ပြည်)မြန်မာ သာယာအေး ထင်ထင်မြင်သေး
*    အတိတ်ကယ်ဆောင် နိမိတ်ရောင်လှုပ်ရှား၊
    တံတားတွေ အတွင်ဆောက်ပါလို့၊
    ဘုရားတွေ ရွှေရင်မောက်ရင်ဖြင့်၊
*    မယ်ထွေးက ပြည်တော်ပြန်၊
    နန်းလုဖို့ကြံ၊
    ကြံသာကြံ မဟန်တဲ့ သူ့ဇာတ်ကြောင်း၊
    ဘ၀ပြောင်းသူ သူ့ချစ်သွေး ဘယ်သူလဲမေး။
*    သူ့ချစ်သွေးနဲ့ အနေကျယ်၊
    သန္ဓေတည်ကာ သားတွေပေါက်ခဲ့၊
    အောက်ကလိအာ အာကလိအောက်၊
    မိနောက်မကျ ဖနောက်မမီ၊
    မပီတပွန် တွန်တကျယ်ကျယ်၊
    ကြက်ကျီးငယ်ထွေး၊
    ဘယ်ပြေ(ပြည်)ကိုထောက် ဘယ်ပြေ(ပြည်)နှောင့်လိမ့်၊
    ထိတ်ကြောက်ဖွယ် ထိုးထိုးဘေး မှန်းဆကြိုတွေး။
*    မယ်ထွေးက ပြည်တော်ပြန်၊
    စည်ဆော်ဖန် နန်းတင်ကြဖို့၊
    ထမ်းစင်မ ဝေလေလေ၊
    အပေအတေ ကြံဆတွေး လုပ်နေကြသေး။
*    ဒီလူ့မယားနဲ့ ဒီသားတွေအမေ၊
    တို့တိုင်းပြည် တို့လူမျိုးကို၊
    အရိုးခံအမှန်စစ်နဲ့၊
    နှစ်နှစ်ကာကာ ချစ်လိမ့်လေ မေးလိုက်ချင်သေး။
*    ခေါင်းဆောင်တွေ အဘိုးရွယ်ဖြစ်ပေမဲ့၊
    မျိုးနွယ်ချစ်မာန် နုပျိုလျှက်ရယ်နှင့်၊
    ရင့်ကျက်တဲ့ တွေးမြင်တွေ ဝေေ၀စည်လို့၊
    ရွှေပြည်ကို ဝေစည်ရေး ကြိုးပမ်းနေသေး။
*    ဒေါင်းတွေက တွင်တွင်အော်၊
    အော်ချင်တိုင်း အော်၊
    ခွင့်မလျော် မသင့်တော် သူပေမို့၊
    မျှော်သူတွေ ရင်မအေး လာနိုင်ဖို့ဝေး။
*    နေမင်းနဲ့ လမင်းရောင်ဖြာ၊
    တို့မြန်မာ ရောင်ဝါလင်းချေပေါ့၊
    မင်းခြင်္သေ့ တန်းခိုးကြွပြီမို့၊
    တိုးလို့ကွယ်ပြည်အရေး သာလှချည်သေး။
*    ဂူပုန်းတဲ့ ခင်ကြီးပျော်ရယ်၊
    သမီးတော် အမိုက်မဲကိုလ၊
    ရိုက်ဆဲကာ အဆူသွင်းပါလို့၊
    ဂူတွင်းမှာ အပြီးတိုင်မနှေး ပိတ်လိုက်တော့လေး။  
(ဦးနိုး)
 https://www.facebook.com/MyanmarExpress
ဒါဖတ်ပြီးမှ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ထိုး/မထိုး ဆုံးဖြတ်ပါ
၄၃၆ ဆိုသည်မှာ အဘယ်နည်း
၄၃၆ ဆိုသည်မှာ ယနေ့အစိုးရသစ် နှင့် လွှတ်တော်များ ပေါ်ထွက်လာအောင် လုပ်ခဲ့ပေးသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) တွင် ပြဌာန်းထားသည့် ပြင်ဆင်ရေးဆိုင်ရာ ဥပဒေ ပုဒ်မတစ်ခုဖြစ်သည်။ ပုဒ်မ ၅၉(စ) အပါအဝင် နိုင်ငံအတွက် အရေးကြီးသော ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅% ကျော်မှ သဘောတူရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူရမည်ဟု
ပုဒ်မ ၄၃၆ တွင် ပြဌာန်းထားသည်။ အရှင်းဆုံးနားလည်အောင် ပြောရလျှင် ပုဒ်မ ၄၃၆ ဆိုသည်မှာ နိုင်ငံအတွက် အလွန်အရေးကြီးသော ဥပဒေပုဒ်မများကို နိုင်ငံသား အားလုံး၏ ဆန္ဒမကောက်ယူပဲ လွယ်လွယ်နှင့် မပြင်နိုင်ရန် ကာကွယ်ထားသော ဥပဒေဖြစ်သည်။
၄၃၆ ကို ဒေါ်စု ဘာကြောင့်ပြင်ချင်ရတာလဲ
ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ဟောပြောပွဲများကို ပထမဆုံး လုပ်ခဲ့သူများမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD မဟုတ်ပါ။ ၄၃၆ ပြင်ဖို့ ပထမဆုံး ဟောပြောပွဲလုပ်ခဲ့သူမှာ ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ ဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်သို့ ပထမဆုံး အဆိုတင်သွင်းသူမှာ သူရဦးအောင်ကိုဖြစ်သည်။ NLD မှ ပြင်ဆင်ရန် ပထမဆုံး လုပ်ဆောင်ခဲ့သည့် ပုဒ်မ မှာ ၅၉(စ) ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်လာပါက ၎င်းတို့အခွင့်အရေး ပိုရရန်အတွက်လည်းကောင်း၊ ပါတီဥက္ကဌ၏ လမ်းညွန်မှုကြောင့် လည်းကောင်း NLD ပါတီဝင်များက ၅၉(စ) ပြင်ဆင်ရေး ဆန္ဒပြခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်မှာလည်း သမ္မတလုပ်ချင်စိတ် တစ်ခုကြောင့် နိုင်ငံအတွက် အရေးပါသည့် ၅၉(စ) ကို မရမက ပြင်ဆင်ရန် ဆုံးဖြတ်ထားသည်။ သို့သော် ၅၉(စ) ကို ပြင်ဆင်ရန် အဓိက အတား အဆီးမှာ ဖွဲ့စည်းပုံပြင်ဆင်ခွင့် ဥပဒေ ပုဒ်မ ၄၃၆ ဖြစ်သည်။ ထို့ကြောင့် ပုဒ်မ ၄၃၆ ကို ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးအတွက် ရည်ရွယ်ပြီး ဒေါ်စု ကိုယ်တိုင် ဦးဆောင်ကာ NLD မှ လက်မှတ် ကောက်ခံနေခြင်းဖြစ်သည်။  အရှင်းဆုံးနားလည်အောင် ပြောရလျှင် ၄၃၆ ကို ဒေါ်အောင်ဆန်း စုကြည် ပြင်လိုသည်မှာ နိုင်ငံ့စီးပွားရေး အတွက် မဟုတ်၊ နိုင်ငံတိုးတက်ဖို့ အတွက် မဟုတ်၊ လူထုအတွက် မဟုတ်ပဲ ၎င်း သမ္မတ လုပ်နိုင်ရေး အတွက်သာဖြစ်သည်။
၅၉(စ) ဆိုသည်မှာ အဘယ်နည်း
၅၉(စ) ဆိုသည်မှာ အခြေခံဥပဒေ အခန်း (၃) တွင်ပြဌာန်းထားသော နိုင်ငံတော် သမ္မတ နှင့် ဒုသမ္မတတို့၏ အရည်အချင်း များဖြစ်သည်။ နိုင်ငံတော် သမ္မတလုပ်မည်သူကို အချက် (၇) ချက်ဖြင့် ကန့်သက်ထားပြီး ထိုအထဲတွင် နိုင်ငံခြားသားနှင့် လက်ထက်ထားသူ၊ နိုင်ငံခြားသား သားသမီးများနှင့် ဆွေမျိုးများရှိသူတို့ မဖြစ်ရ ဟူ၍ပါရှိသည်။ တနည်းအားဖြင့် အမျိုးသားရေးရှုထောင့်ကမှ မိမိတို့၏ အချုပ်အခြာ အာဏာပိုင် နို်င်ငံကို တိုင်းတပါး က နေ သွယ်ဝိုက်သော နည်းလမ်းနဲ့ သြဇာလွှမ်းမိုးမှု မခံရစေရန် ကာကွယ်ထားသော ဥပဒေ ပုဒ်မဖြစ်သည်။ ဗြိတိန်၊ ဥရောပ နှင့် အနောက်နိုင်ငံ များသာမက အရှေ့အာရှ ဒေသတွင်း နိုင်ငံများတွင်လည်း ထိုကဲ့သို့သော ပုဒ်မများကို ပြဌာန်းထားသည်။ အချို့ နိုင်ငံများသည့် မြန်မာနိုင်ငံထက်ပင် ကန့်သက်ချက်များစွာ ထည့်သွင်းထားသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဓလေ့ထုံးစံရှိပြီး ဘာသာ၊ သာသနာ ထွန်းကား၍ အစဉ် အလာကြီးမားသော ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော် ကို အုပ်ချုပ်မည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အခြေခံ ဥပဒေပါ ပြဌာန်းချက် ၇ ချက်လောက်ကိုတော့ ကိုက်ညီသင့်သည်။
၄၃၆ ကို ဘာကြောင့် မပြင်သင့်တာလဲ
၄၃၆ ပြင်ဖို့ ကျွန်ုပ်တို့ လက်မှတ်ထိုးလိုက်ပါက နိုင်ငံအတွက် အရေးပါသော အချက်များကို လွှတ်တော်အမတ်များက ပြည်သူ့ဆန္ဒမကောက်ယူတော့ပဲ ၎င်းတို့စိတ်ကြိုက် ပြင်ဆင် ရေးဆွဲပြဌာန်း ကြတော့မည်။ နိုင်ငံအတွက် မည်မျှ အရေးပါသည့် ဥပဒေဖြစ်စေ လွှတ်တော်အမတ် အနည်းစုဆန္ဒရှိလျှင် ပြင်ရတော့မည်ဖြစ်သည်။ အရင်ဆုံး ပြင်မည့် ပုဒ်မ မှာ ၅၉(စ) ဖြစ်ပြီး ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားမည်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်သွားပါက မြန်မာအိမ်ဖြူတော်တွင် နိုင်ငံခြားသား မိသားစု ချက်ခြင်း ရောက်လာတော့မည်။ နိုင်ငံတော် အခမ်းအနားများတွင် မြန်မာ စကားမတတ်သော ဒေါ်စု သားများ တောင်ရှည်ပုဆိုး မဝတ်တက်ဝတ်တက်ဖြင့် အခမ်းအနား တက်တော့မည်။
 အစ္စလာမ်ဘာသာဝင်အများဆုံး ပါဝင်သည့် NLD ပါတီမှ သမ္မတဖြစ်လာခြင်းကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်အရ နိုင်ငံအနှံ့ ဗလီများ မှိုလိုပေါက်လာတော့မည်။ OIC ရုံးဖွင့်ခွင့်ရသွားမည်။ ဘင်္ဂါလီများ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်သွားကာ ပြည်ထောင်စုနေ့တွင် ပါဝင်ဆင်နွှဲတော့မည်။ လူ့အခွင့်အရေး အရ မယား ယူနိုင်သလောက် ယူကြတော့မည်။ အမျိုးသမီး အခွင့်အရေးအရ  ကလေး မွေးနိုင်သလောက် မွေးကြတော့မယ်။ မြို့တိုင်း၏ အလယ်တွင် ဗလီ များ နေရာယူလာကာ ဘုန်းကြီးကျောင်းများ မြို့ပြင် ရောက်သွားကြမည်။ (အခုတောင် မြို့အချို့မှာ ဖြစ်နေပြီးဖြစ်သည်)။ မြို့လည်တွင် ဘုန်းကြီးကျောင်းမှ ပဌာန်းသံမကြားရတော့ ကြေးစည်သံမကြားရတော့။ ကုလားအော်သံတွေသာ ကြားရတော့မည်။ NLD မထောက်ခံသည့် အမျိုးစောင့်ဥပဒေမှာလည်း အလိုလို ပျက်ပြယ်သွားပြီး အမျိုး၊ ဘသာာ၊ သာသနာ စောင့်ရှောက်ရေး ဆရာတော်များ ဖိနှိပ်ခံရကာ ဘာသာ၊ သာသနာ တဖြည်းဖြည်း ပျောက်သွားမည်။ Time မဂ္ဂဇင်းသာမက ပြည်တွင်းမှာ အသစ်ထွက်ပေါ်လာမည့် ဂျာနယ် မျက်နှာဖုံး တိုင်းတွင် ဗုဒ္ဓဘုန်းကြီးများကို အကြမ်းဖက်သမား ဟု နေ့တိုင်း ဖော်ပြခံရတော့မယ်။ 
ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမည်။ ဘုန်းကြီးများ သတ်ခံရမည်။ ဗုဒ္ဓဘာသာကျေးရွာများ မီးရှို့ခံရသည်။ မွတ်ဆလင်တို့ အနိုင်ကျင့်တာမခံနိုင်လို့ သွားတိုင်ပါက တရားသူကြီးချုပ် ဦးကိုနီ နှင့်တွေ့လိမ့်မည်။ နိုင်ငံရေး စီးပွားရေးတွေ တိုးတက်သွားပြီး အမျိုးသားရေးနဲ့ သာသနာရေးတွေ ထိုးကျသွားမည်။ သမ္မတကို စံယူ၍ မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထက်ခြင်းက အစ္စလမ်ဘာသာဝင်တို့ အကြိုက်ဖြစ်လာမည်။ ရုပ်ဝတ္ထုတွေ များစွာ အဆင့်မြင့်သွားလိမ့်မည်။ စိတ်ဓာတ်တွေ ကတော့ အောက်ကျ သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများ စိန်တွေ၊ ရွှေတွေ ဖြင့် တစ်ကိုယ်လုံး အလှဆင်နိုင်ပြီဖြစ်သည်။ သို့သော် ဘာသာခြား မယားဖြစ်နေမည်။ ငွေကြေးတွေ ချမ်းသာသွားကြမည်။ စာရိတ္တတွေ ဆင်းရဲသွားကြမည်။
 ဒေါ်အောင်ဆန်းစုကြည် သမ္မတသမ်းတမ်း ၅ နှစ်အတွင်း လွှတ်တော်ထဲက အင်အားအများဆုံး NLD ပါတီဝင်များ စိတ်ကြိုက်ပြင်ဆင်အပြီး ၂၀၂၀ တွင် သမ္မတအရည်အချင်း ကန့်သက်ချက်မှာ မရှိသလောက် ဖြစ်သွားတာကြောင့် တရုတ်၊ ကုလား၊ မည်သူမဆို မြန်မာနိုင်ငံတွင် သမ္မတလုပ်ခွင့် ရတော့မည်ဖြစ်သည်။ လွှတ်လပ်ရေးရပြီး ၆၇ နှစ်အကြာ တိုင်းတပါး၏ အုပ်ချုပ် မင်းလုပ်တာ ပြန်လည် ခံရတော့မည်။
 အရှင်းဆုံး နားလည်အောင် ပြောရလျှင် သင်တို့ ရေးထိုးမည့် လက်မှတ်တစ်ခုသည် ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား နောင် အနှစ် ၂၀ အတွင်း ဘာသာ၊ သာသနာ ကွယ်ပျောက် ကာ တိုင်းတပါး ကျွန်ဘဝ အလိုလိုပြန်ရောက်သွားစေမည့် စီမံကိန်း အတွက် အထောက်အပံ့တစ်ခု ဖြစ်သွားလိမ့်မည်။ 
. www.MyanmarExpress.net
ရန်ကုန်လို တခြားမြို့တွေလည်း ရေကြီးကြအုံးမယ်
From : .. https://www.facebook.com/mmparliament
ရန်ကုန်လို တခြားမြို့တွေလည်း ရေကြီးကြအုံးမယ်
--------------------------------------------------------------
ရန်ကုန်ရေကြီးတဲ့ ဓာတ်ပုံတွေတွေ့တော့ မနှစ်က လွှတ်တော်မှာ ကိုယ်စားလှယ်တွေ မျက်နှာပွင့်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သွားပြီး သတိရမိတယ်။ အဲဒီနေ့က မလိုအပ်တဲ့ နေရာက အသုံးစရိတ်တွေကို ရပ်တန့်ထားပြီး ပညာရေးနဲ့ ကျန်းမာရေး ကို တိုးသုံးဖို့ ဆိုတဲ့ အဆိုပါ။ ပညာရေးနဲ့ ပတ်သက်ပြီး ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တောင် ဆွေးနွေးခဲ့ပါသေးတယ်။ အဆုံးအဖြတ်မှာတော့ ကန့်ကွက်သူမရှိ ထောက်ခံမှုနဲ့ နေပြည်တော် နိုင်ငံခြားရုံးများနဲ့ သံတမံရပ်ကွက် တွေမှာ ရေဝင်ရေထွက် စနစ်၊ မိလ္လာစနစ်နဲ့ လျှပ်စစ်မီးစနစ်တွေ ကြိုတင်တပ်ဆင်ခြင်း လုပ်ငန်းတွေကို ရပ်တန့်လိုက်ပါတယ်။
လူမရောက်သေးပေမယ့် အကွက်ချထားတဲ့ နေရာတွေမှာ ရေဝင်ရေထွက်စနစ်၊ မိလ္လာစနစ်၊ လျှပ်စစ်မီးစနစ်နဲ့ မြေအောက် စနစ်တွေ ကြိုတင် ချထားမယ့် အစိုးရရဲ့ အစီအစဉ်ကို လွှတ်တော်အမတ်တွေက လူမနေသေးရင် မြေအောက်စနစ်တွေ မလိုအပ်ဘူးဆိုပြီး ဝိုင်းကန့်ကွက်လိုက်ကြတာပါ။  လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် တနေ့မှာ နေပြည်တော်က နိုင်ငံခြားသံတမန်ရုံးတွေ ရန်ကုန်လိုဖြစ်လာပါလိမ့်မယ်။
စနစ်ကျတဲ့ မြို့တစ်ခုရဲ့ အရေးအကြီးဆုံးအချက်ဟာ ရေဝင်ရေထွက်၊ မိလ္လာနဲ့ မြေအောက်စနစ်ကောင်းဖို့ အဓိက လိုအပ်ပါတယ်။ လူမနေသည်ဖြစ်စေ နေသည်ဖြစ်စေ အကွက်ချပြီး တနေ့မှာ တိုးပွားလူမယ့် လူဦးရေအတွက် မြေအောက်စနစ်တွေကို ကြိုတင် စီစဉ်ထားရပါတယ်။ ရန်ကုန်မြို့ကို စတည်ခဲ့စဉ်က စနစ်ကျမှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ဂျပန်ရော၊ အင်္ဂလိပ်ရောက ဗုံးတွေအပြိုင်ကျဲခဲ့ပါသေးတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရန်ကုန်က လူပေါင်းစုံလာပါတယ်။ အခုဆို ၈ သန်းလောက်ရှိပါတယ်။ အခုချိန်မှ မြေအောက်စနစ်တွေ ပြန်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဒါကို လွှတ်တော်အမတ်များ သံဝေဂယူကြပါ။ အစိုးရအနေနဲ့လည်း အခြားမြို့ငယ်တွေကို ရန်ကုန်လိုမဖြစ်အောင် ပြင်ပ မြို့ပြအင်္ဂါရပ်တွေထပ် မြေအောက် ရေ/မီး/မိလ္လာစနစ်ကို တိုးလာမယ့်လူဦးရေအတွက် မျှော်တွေး ပြင်ဆင်ထားပါ။ တိုးလာမယ့် ကျောင်းသားဦးရေကို မျှော်ပြီး ကျောင်းတွေကို မြို့ပြင်ထုတ်တာ မှန်ပေမယ့် မြေအောက်စနစ်က အားနည်းပါသေးတယ်။
မြို့တွေမှာ အခုလိုဖြစ်တော့ ဘယ်သူတွေအပြောခံရလဲ။ အရင်ဆုံး အစိုးရကို မြန်မာတွေ အပြစ်တင်ကြပါတယ်။ ပြီးရင် အင်ဂျင်နီယာတွေကို အပြစ်တင်ကြပါတယ်။ လွှတ်တော်အမတ်တွေကို ဘယ်သူမှ အပြစ်မတင်ပါဘူး။ စကားပြောကောင်းရင် လွှတ်တော်အမတ်လုပ်လို့ရပါတယ်။ သင်္ချာအခြေခံရှိရင် လွှတ်တော်ဥက္ကဌ လုပ်လို့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးသိရုံနဲ့ မြို့တစ်မြို့ကို တည်ဆောက်လို့မရပါဘူး။ နိုင်ငံရေးကျွမ်းကျင်ရုံနဲ့ လူနာတစ်ယောက်ကို ဆေးကုလို့မရပါဘူး။ နိုင်ငံရေးဘွဲ့တွေ ရထားတာနဲ့ စစ်ပွဲတွေရပ်ဖို့ မလုပ်နိုင်ပါဘူး။ တတ်သိနားလည်တဲ့လူတွေကို ဦးစားပေးပါ။ မေးမြန်းပါ။ လွှတ်တော်အမတ်ထဲမှာ အင်ဂျင်နီယာ မပါတဲ့အတွက် ဆောက်လုပ်ရေးဆိုင်ရာ တွေကို မလိုအပ်ရင် လွှတ်တော်မှာ မဆွေးနွေးဖို့နဲ့ လွှတ်တော်အမတ်တွေကလည်း မိမိကိုယ်တိုင် အတွင်းကျကျသိရှိနာလည် လုပ်ကိုင်ဖူးတာ မဟုတ်ရင် မဆွေးနွေးမကန့်ကွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နေရာတကာ ဆရာလုပ်နေမယ်ဆိုရင်တော့ ပညာတတ်တွေလည်း နိုင်ငံခြားရောက်ကုန်မယ့်အပြင် တနိုင်ငံလုံးကမြို့တွေလည်း ရန်ကုန်လို ရေကြီးလာပါလိမ့်မယ်။
ဦးဝင်းကြည် (စက်မှုတက္ကသိုလ်)
.. www.MyanmarExpress.net
"ပြည်သူ့အသံကို နားထောင်ရမယ့်အစား သူရဲ့ ဆုံးဖြတ်ချက်တွေကိုသာ ကာကွယ်ချင်ဇောကြီးနေတယ်" - တပ်ကုန်း ရန်ပွဲ ME သုံးသပ်ချက်
ဒေါ်စုဟာ သူ့ကို ဆန့်ကျင်ကန့်ကွက်နေသူတွေကိုပင် သဘောထားကြီးစွာ လက်ခံစကားပြောတယ်ဆိုတဲ့ ပုံရိပ်ကို လိုချင်ဟန်ရှိတယ်။ ပြီးတော့ အကျိုးသင့်အကြောင်းသင့် စိစစ်မေးခွန်းထုတ် ဆင်ခြင်ပြလိုက်တဲ့အခါ ဗိုလ်ချုပ်သမီးနာမည်နဲ့ လုပ်စားရင်း တဖက်က ဆန့်ကျင်သူတွေကို တထိုင်တည်းနဲ့ သူ့ဖက်ပါအောင် စည်းရုံးနိုင်လိုက်လေသတည်း ဆိုတာမျိုး ဖြစ်ချင်နေပုံ ရတယ်။
ဒါပေမယ့် လောကကြီးက ဒေါ်စုထင်သလောက် မရိုးရှင်းဘူး။ ပိုဆိုးတာက ဒေါ်စုကိုယ်တိုင်ကလည်း (သူ့ကိုယ်သူ ထင်ထားသလောက်) သဘောထားမကြီးနိုင်တဲ့အခါ အရုပ်ဆိုးတဲ့ သူတပြန် ငါတပြန် အော်ဟစ်ငြင်းခုန်တာတွေ ဖြစ်လာတယ်။
ဦးစန်းလွင်နဲ့ ဗီဒီယိုမှာ ဦးစန်းလွင်ဟာ ဒေါ်စုလုပ်တာတွေ မကြိုက်လို့ ဒေါသကြီးနေတယ်။ စကားလည်း ဒေါ်စုလို စီကာပတ်ကုံး မပြောတတ်ဘူး။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒေါ်စုကိုယ်တိုင်လည်း သဘောထား မကြီးနိုင်တဲ့အတွက် စကားနိုင် လုပွဲကြီးလို ဖြစ်နေတယ်။ အဆိုဆုံးက ပြည်သူ့စကားမဆုံးခင် ဖြတ်ပြောတာနဲ့ စကားကို အကျအန ကောက်ပြီး သူ့ကို ထောက်ခံတဲ့ မီဒီယာတွေကို မှတ်ထားနော် လို့ ပြောတာပါပဲ။ ဒေါ်စုဖက်က ခေါင်းဆောင် တယောက်အနေနဲ့ မမှားသင့်တဲ့ အမှားတွေကိုလည်း တွေ့ရတယ်။ ဥပမာတခုပြောရရင် ဗိုလ်ချုပ် ပင့်လာတဲ့ ဖက်ဆစ်တွေကြောင့် ဦးစန်းလွင်အဖေ သေရတာ ဆိုတဲ့အချက်ရယ်၊ ရှစ်ဆယ့်ရှစ်တုန်းကလည်း ကျုပ် ခံခဲ့ရပြီးပြီ လို့ ဦးစန်းလွင်ပြောတဲ့ အချိန်မှာ ဒေါ်စုဟာ ပြည်သူတယောက်ဖြစ်တဲ့ ဦးစန်းလွင်ရဲ့ဘဝကို မျှဝေစာနာခံစားပြီး နားထောင်တာမျိုးထက် သူ့ဖေဖေကို ကာကွယ်ချင်ဇောတွေ၊ ၈၈ အရေးအခင်းကို ကာကွယ်ချင်တဲ့ ဇောတွေက များနေတာကို တွေ့ရပါတယ်။ (သခင်ကိုယ်တော်မှိုင်းကြီးလည်း အောင်ဆန်း .. မင်းပင့်လာတဲ့ ဖက်ဆစ်တွေကို မင်းပြန်မောင်းထုတ် လို့ ပြောခဲ့ဖူးပါတယ်။) ဒေါ်စုဟာ သူတရားချနေတဲ့ လူတွေရဲ့ ဘဝကို စာနာနားလည်ဖို့ကြိုးစားတာထက် သူ့ရဲ့ ၅၉(စ) နဲ့ ၄၃၆ ပြင်ဆင်ရေး ဆုံးဖြတ်ချက်တွေကိုသာ ကာကွယ်ချင်ဇောကြီးနေတာ၊ သူ့ဆုံးဖြတ်ချက်သာ မှန်ကန်ကြောင်း သက်သေထူနေတာကို ဝမ်းနည်းစဖွယ် မြင်တွေ့ရပါတယ်။ ဒါကြောင့်လည်း နှစ်ဖက်စလုံးက စိတ်ခံစားချက်တွေ မြင့်တက်လာပြီး အပြန်အလှန် အော်ဟစ်တာမျိုး အရုပ်ဆိုးတဲ့ မြင်ကွင်းတွေ မြင်ရတာပါ။
နားထောင်ခြင်း အလေ့ဟာကောင်းတယ်၊ ခေါင်းဆောင်တယောက်အနေနဲ့ ပြည်သူ့အသံကို၊ တဖက်သားအသံကို နားထောင်ရမယ် ဆိုတာကို ဒေါ်စုအနေနဲ့ စာပဲဖတ်ဖူးတယ်ထင်ပါတယ်။ စာဖတ်ထားတော့ အပြောပဲကောင်းပေမယ့် အလုပ်ကျတော့ လက်တွေ့မှာ အံဝင်ဂွင်ကျမရှိတော့တာ တွေ့ရတယ်။ "ပြည်သူ့အသံ နားထောင်ချင်တယ်" လို့ ပါးစပ်က ပြောပေမယ့် နားထောင်ခဲ့သမျှက သူ့ကို ထောက်ခံသူတွေရဲ့ အသံတွေချည်းဖြစ်နေတာကြောင့် အသံနားထောင်တိုင်း အဆင်ပြေခဲ့တယ်။ NLD က သေချာ စီစဉ်ခဲ့တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြင်ဦးလွင်သွားချိန်က အမျိုးသမီးတစ်ဦး က တွေ့ခွင့်တောင်းတာ မရခဲ့ဘူး။ ၂၀၁၀ တုန်းက ဦးမင်းဆွေ တွေ့ခွင့်တောင်းတာ မရခဲ့ဘူး။ အခုလည်း ပြည်သူက အောက်က ပြောတာကို ကားပေါ်က နားထောင်တယ်။ ပြောတော့ ပြည်သူ့အသံနားထောင်တဲ့ လူထုခေါင်းဆောင်တဲ့။ အခွင့်ထူးမခံဖို့၊ လူ့အခွင့်အရေးတန်းတူရဖို့ နဲ့ မျှတမှုရှိဖို့ အပြောဆုံးကလည်း သူပါပဲ။ အပြောနဲ့အလုပ်က တခြားဆီဖြစ်နေပါတယ်။ 
ဇန်လ ၁ ရက်နေ့ တပ်ကုန်းတွင် ဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ရန်ပွဲကို Myanmar Express မှ သုံးသပ်ရမယ်ဆိုရင်
  1. လူထုခေါင်းဆောင်ကို လူထုတစ်ရပ်လုံးက မထောက်ခံပါဘူး။
  2. ပြည်သူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို မချစ်ပါဘူး။ 
  3. ဒေါ်စုပြောသမျှကို NLD ကလွဲရင် သာမန်ပြည်သူတွေက လက်ခုပ်တီးပြီး နားထောင်တာ မရှိဘူး။
  4. ဒေါ်စုက ပြည်သူ့အသံနားထောင်ဖို့ထက် ပြည်သူကို စကားများများပြောဖို့ပဲသိတယ်။
  5. ဒေါ်စု နားထောင်ချင်တဲ့ ပြည်သူ့အသံ ဆိုတာ သူ့ကို ထောက်ခံသူတွေရဲ့ အသံသာဖြစ်တယ်။
  6. ဒေါ်စုဟာ ကိုယ့်ကိုယ်ကို လူတိုင်းကို သူ့ဖက်ပါအောင် စည်းရုံးနိုင်မယ်လို့ အထင်ကြီးနေတယ်။
  7. ဒေါ်စုဟာ လူထုနဲ့ တသားတည်းမရှိဘူး။
  8. ဒေါ်စုဟာ အသက်အရွယ်နဲ့ မလျှော်ညီစွာ တဖက်သားစကားမဆုံးခင် ဖြတ်ပြောတတ်တယ်။
  9. ဒေါ်စုဟာ ကိုယ်တိုင်က စကားမှားဖူးတာတွေရှိခဲ့ပေမယ့် သူများစကားကို အကျအန ကောက်တတ်တယ်။
  10. ဒေါ်စုဟာ ပြည်သူကို လမ်းဘေးမှာထားပြီး ကိုယ်တိုင်က ကားပေါ်က မဆင်းပဲ စကားပြောတဲ့ခေါင်းဆောင်။ 
  11. လူ့အခွင့်အရေး နဲ့ တန်းတူညီမျှမှုကို အပြောပဲရှိပေမယ့် ကိုယ်တိုင်မကျင့်သုံးဘူး။
  12. ဒေါ်စုဟာ ဒေါသထွက်လွယ်ပြီး တရားသိမှုအားနည်းတယ်။
  13. ဒေါ်စုဟာ နာယကဂုဏ် (၆) ပါးနဲ့ မညီဘူး။ 
  14. တရားဥပဒေစိုးမိုးရေးဥက္ကဌက ရဲတွေ ပုဒ်မ တပ်လို့ရလား မရလားဆိုတာ မသိဘူး။
  15. ဆုတွေ သောက်သောက်လဲ ရနေပေမယ့် ဒေါ်စုကို ပြည်သူအချို့ အထင်မကြီးကြဘူး။
  16. ၈၈ အရေးအခင်းကို လူတိုင်း မထောက်ခံဘူး။
  17. ၄၃၆ နဲ့ ၅၉(စ) ကို မပြင်ချင်တဲ့ပြည်သူတွေအများကြီးရှိတယ်။
  18. ဒေါ်စု ဟာ မြန်မာလူထု တစ်ရပ်လုံးရဲ့ ခေါင်းဆောင်မဟုတ်။
  19. စာဖတ်ပြီး အပြောကောင်းတဲ့ ခေါင်းဆောင်သည့် လက်တွေ့လုပ်ဆောင်ချိန်တွင် ဒုက္ခရောက်၏။
  20. အတွေ့အကြုံ အရည်အချင်း မရှိတဲ့ ဒေါ်စု သမ္မတဖြစ်သွားပါက ဒီထက် ဆိုးရွားတဲ့ ပဋိပက္ခများစွာ ဆက်တိုက်ဖြစ်လာနိုင်ကြောင်း ME မှ သုံးသပ်လိုက်ရပါသည်။
နာက်ကြောင်းပြန်လှည့်ခြင်း
( သံကို သံချင်း ပျက်စီး ဖျက်စီးစေမယ့် သံချေးတက်တိုက်စားခြင်း မဟာဗျူဟာ )
တယောက်တမျိုး ငြင်းခုန် ရန်ဖြစ် ဂွတိုက်နေကြချိန်မှာ
Ooredoo ကတော့ မကြာခင် ခေတ်ပညာတတ် မြန်မာ အမျိုးသမီးငယ် ၃၀၀၀၀ ကို
ဇကာတင် ခေါင်းခေါက်ရွေးပြီး ပညာတော်သင်အဖြစ် အရှေ့အလယ်ပိုင်းသို့
စေတနာထက်သန်စွာဖြင့် ခေါ်ဆောင်သွားတော့မှာဖြစ်တယ်
ဇကာတင်ရွေးမှတော့ စောက်ရုပ်ဆိုး အိုကြီး အိုမတွေတော့ ဘယ်ခေါ်မလဲကွယ်
မျိုးဆက်သစ်များ အတုမယူသင့်သည့် ဗိုလ်မှူး သမီး၊ ဗိုလ်မှူးကြီး သမီး နှင့် ဗိုလ်ချုပ်သမီး ၃ ဦး
လက်တလော အင်တာနက်ပေါ်တွင် ဗြောင်းဆန် သွားခဲ့တဲ့ အကြောင်းကတော့ ဗိုလ်မှူးစိုးမြင့် ရဲ့ သမီး စိုးမြတ်သူဇာ နဲ့ ဗိုလ်မှူးကြီး ကိုကိုရဲ့ သမီး နဝရတ် တို့ရဲ့သမီးတို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ အဖေက စစ်သားတွေဖြစ်တာကြောင့် ဝိုင်းဝန်းအပြစ်တင်မှုတွေ ဆက်တိုက်တွေ့လာရပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်လိုပဲ စစ်သား သမီးဖြစ်ပြီး မူးယစ်ဆေးထက် သုံးစွဲတာထက် ဆိုးတဲ့ လူကိုတော့ အပြစ်တင်ဖို့ မေ့နေကြပါတယ်။ အဲဒါကတော့ စစ်ဗိုလ်ချုပ် အောင်ဆန်း ရဲ့ သမီး ရဲ့ အမျိုးမစောင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါ။ 
ဗိုလ်မှူးသမီး စိုးမြတ်သူဇာနဲ့ ဗိုလ်မှူးကြီး သမီး နဝရက် တို့က မူးယစ်ဆေးနဲ့ တစ်ချိန်က ပတ်သက်ခဲ့ဖူးပေမယ့် သားသမီး တာဝန်ဝတ်တရားဖြစ်တဲ့ အမျိုးစောင့်ခြင်း တာဝန်ကိုတော့ ကျေပွန်ခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ် သမီး ဒေါ်စုကြည် ကတော့ နိုင်ငံခြားသားကို လက်ထက် ပေါင်းသင်းခဲ့ပါတယ်။ ဗိုလ်မှူး နဲ့ ဗိုလ်မှူးကြီး သမီးတို့ တစ်ချိန်က မှားခဲ့တာက အခုချိန်မှာ ပြင်လို့ ရသွားပြီ ဖြစ်ပေမယ့် စစ်ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်စုကြည် မှားခဲ့တာကတော့ တစ်သက်လုံးပြင်လို့မရအောင် မျိုးဆက်ပျက်ခဲ့ရပြီ ဖြစ်ပါတယ်။ စိုးမြတ်သူဇာ နဲ့ နဝရတ်တို့ ၂ ယောက် မူးယစ်ဆေးဝါး သုံးတာက သူတို့ ဘဝ နဲ့ သူတို့ မိသားစုနဲ့ ပဲ ဆိုင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသား ကို အိမ်ထောင်ပြုတာက သူ့မိသားစုကို ပြင်းပြင်းထန်ထန် ထိခိုက်ကာ မျိုးဆက်ပျက်သွားတဲ့အပြင် အမျိုးသားခေါင်းဆောင်ရဲ့ ပုံရိပ်၊ စစ်တပ်ရဲ့ ပုံရိပ် နဲ့ နိုင်ငံရဲ့ ပုံရိပ်တွေကို အများကြီး ပိုထိခိုက်စေခဲ့ပါတယ်။ ဗိုလ်မှုး နဲ့ ဗိုလ်မှုးကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာသလို အနုပညာသည် တွေကလည်း နောက်တစ်ဆက် သမ္မတလုပ်မယ့်လူနဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာလွန်းပါတယ်။ ဒါပေမယ့် သမ္မတလုပ်မယ့်လူရဲက အမှားက အနုပညာသည်တွေ အများထက် အဆပေါင်းများစွာ ပိုဆိုးလွန်းပါတယ်။ ဒါ့အပြင် ပြင်လို့ရတဲ့ အမှားကို ကျူးလွန်ခဲ့သူက သုံးယောက်ထဲမှာ အသက်အကြီးဆုံးသူ ဖြစ်နေပါတယ်။ တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့ သူကိုသာ သမ္မတတင်လိုက်ရင် တနိုင်ငံလုံး ဒုက္ခရောက်ကုန်မှာပါ။
 ၃ ဦးလုံးရဲ့ အမှားတွေကတော့ လူငယ်တွေ အတုမယူသင့်တဲ့ အမှားတွေဖြစ်ပါတယ်။ စိုးမြတ်သူဇာ နဲ့ နဝရတ် တို့လို မူးယစ်ဆေးနဲ့ ပတ်သက်တာကို လူငယ်တွေ အတုမယူသင့်သလို ဒေါ်အောင်ဆန်းစုကြည်လို့ မျိုးမစောင့်တာကိုလည်း လူငယ်တွေ အတုမယူသင့်ပါဘူး။ ဒါပေမယ့် စိုးမြတ်သူဇာနဲ့ နဝရတ်တို့ အမြင်မှန် ရသွားတာကိုတော့ အများကြီး အတုယူသင့်ပြီး ဘယ်တော့မှ ပြင်မရတော့တဲ့ ဒေါ်စုအမှားကိုတော့ သံဝေဂ ယူသင့်ပါတယ်။ အနုပညာသမား ငရုတ်သီး တွေ စစ်တပ် ကြက်သွန်နဲ့ ပေါင်းပြီး အထောင်းခံရသလိုပဲ အခုလောလောဆယ် စစ်တပ် ကြက်သွန်နဲ့ အတင်းပေါင်းဖို့ ကြိုးစားနေတဲ့ ငရုတ်သီးမ ဒေါ်အောင်ဆန်း စုကြည်ကိုတော့ ထောင်းဖို့ မေ့နေကြပြန်ပါတယ်။ လူတိုင်းဟာ မှားဖူးပေမယ့် ပြင်လို့ရတဲ့ အမှားကို မှားတာက တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့လူထက်စာရင် အများကြီးကောင်းပါသေးတယ်။ 
.. www.MyanmarExpress.net
ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း
From : ....  Ko Zay
https://www.facebook.com/zay.min.142
ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။
 ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့။
ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။
ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။
အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။်
ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။
ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို
ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို 
သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။
တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
 မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။
အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့သည့် ၉၃ နှစ်အရွယ် သခင်လှကြိုင် ပဲခူးတံတားပေါ်တွင် တောင်းစားနေ
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်
ကိုအင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။
မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။
မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။
မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။
မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။
မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။မော်ကွန်းဝင်လက်မှတ်တွေ
ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။
မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။
မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။
( သခင်လှကြိုင်၏ နေအိမ်နှင့် သူ့ပုံများ )
Posted by Kyi Linn
နယ်ချဲ့ကိုတိုက်ထုတ် ခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း မဟုတ်ပါဘူး။ လွတ်လပ်ရေးရခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း လုပ်ခဲ့လို့မဟုတ်ပါဘူး။ မြန်မာ့မျိုးချစ် တော်လှန်ရေးသမားတွေ အများအပြား အသက်ပေါင်းများစွာ ပေးဆပ်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့လို့ပါ။   ဒါပေမယ့် အခု လွတ်လပ်ရေးရချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ လူတစ်စုကိုသာ အသိအမှတ်ပြုခံရပြီး အသက်မရှိတဲ့လူတွေကိုတော့ ငွေကုန်ခံ ပန်းခွေတွေချ၊ ဗိမ္မာန်တွေလုပ်ထားကြပါတယ်။ တစ်ချိန်က တိုက်ပွဲဝင်ခဲ့ပြီး အသက်မသေပဲ ကျန်ခဲ့တဲ့ တော်လှန်ရေးသမားတွေကတော့ တောင်းစားနေရပါတယ်။ သခင်အောင်ဆန်း အရှိန်နဲ့ သမီးစုကြည် ကို လူတွေက သမ္မတလုပ်ခိုင်းနေကြပြီး သခင်လှကြိုင်တို့တောင်းစား တာကိုတော့ ကြည့်နေကြပါတယ်။ လျှပ်စစ်မီးမရှိလို့ တီဗွီမကြည့်ရ၊ ပန်ကာမဖွင့်ရတဲ့ လူတွေအတွက် ၅ ယောက်တစ်ဖွဲ့ ဖွဲ့ထားတဲ့ ခေါင်းစဉ်မျိုးစုံ အဖွဲ့ပေါင်းစုံက လက်တွေ ဖယောင်းရည်အပူခံပြီး ဆန္ဒပြကြပါတယ်။ သူများနိုင်ငံတွေလိုတော့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒမပြရဲကြပါဘူး။ လစာ ၆ သိန်းလိုချင်ပြီး လွတ်လပ်ရေး ဘယ်လိုရခဲ့လဲ့ မသိဘဲ မနေ့တနေ့ ကမှ ဒီမိုကရေစီထအော်တဲ့ လွှတ်တော်အမတ်တွေက လျှပ်စစ်မီးအတွက် တင် သွင်းကြ၊ ဆွေးနွေးကြပါတယ်။ မိမိတို့ကို လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့ သခင်လှကြိုင် တောင်းစားနေ တာကိုတော့ လစ်လျူရှုထားကြပါတယ်။ လွှတ်တော်အမတ်များ၊ ဆန္ဒပြအဖွဲ့များ နဲ့ ပြည်သူများအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်တည်းကို အာဇာနည်သူရဲကောင်းလို့ မထင်ကြပါနဲ့၊ ရန်ကုန်လူထု တစ်ခုတည်းကို မြန်မာလူထုလို့ မထင်ကြပါနဲ့ တောင်းစားနေသူ၊ ဆင်းရဲမွဲတေနေသူ လွတ်လပ်ရေးတိုက်ပွဲဝင် သက်ရှိ အာဇာနည်များကို ဦးစားပေး ကြပါ။ လျှပ်စစ်မီးဆိုတာ လုံးဝမမြင်ဖူးသေးတဲ့ မြို့ငယ်များ၊ ကျေးရွာများ ကို ဦးစားပေးကြပါ။ သေသွားတဲ့ လူတွေအတွက် ကုန်ကျမယ့် ပန်းခွေတွေ၊ အထိမ်းအမှတ်ပွဲတွေ အစား သက်ရှိ ဆင်းရဲသူများကို ပေးကြပါ။ မိမိတို့ ပိုပေးလိုက်ရတဲ့ အလှူငွေကြောင့် မှောင်မဲနေတဲ့ ရွာတွေမှာ မီးချောင်း တစ်ချောင်း၊ နှစ်ချောင်း လင်းသွားတယ်ဆိုတာ ပီတိဖြစ်စရာပါ။ ပုံမှန် ၃ ချောင်း ထွန်းထားတာကို တစ်ချောင်းပိတ်လိုက်ပြီး မလင်းသေးတဲ့နေရာတွေကို တစ်ချောင်းပေးထွန်းလိုက်ပါ။ သူတို့တွေ ကျေးဇူးတင်နေကြပါလိမ့်မယ်။
.. www.MyanmarExpress.net
စက်တင်ဘာတော်လှန်ရေးခေါ် ဘုန်းကြီးဆူပူမှု၏ ထူးခြားချက်များ
၁။ ဘုန်းကြီးများသည် အမျိုးသမီးတစ်ဦး၏ ပုံကို ကိုင်ဆောင်ပြီး မြို့တွင်းလမ်းလျှောက်လည့်လည်ခြင်း။
၂။ ဦးဆောင်သော ဘုန်းကြီးများမှာ စကားဝဲ၍ ဗမာစကား မပီကြခြင်း။
၃။ ဦးဆောင်သော ဘုန်းကြီးများမှာ တိုင်းရင်းသားများဖြစ်နေခြင်း။
၎။ ဦးဆောင်သော ဘုန်းကြီးများမှာ အသက် ၂၀ နှင့် ၃၀ ကြား ဖြစ်နေကြခြင်း။
၅။ ဦးဆောင်သော ဘုန်းကြီးများမှာ ၁ ဝါ မှပင် မရှိသေးခြင်း။
၆။ အချို့ဘုန်းကြီးအများစုမှာ သိမ်မဝင်ရသေးခြင်း
၇။ ဦးဆောင်သော ဘုန်းကြီးများသည် ခင်ဗျားနဲ့ ကျွန်တော် ဟူ၍ နာမ်စားများဖြင့် ထူးဆန်းစွာ စကားပြောကြခြင်း။
၈။ ဦးဆောင်သော ဘုန်းကြီးများက လက်သီးလက်မောင်းများတန်းပြီး ထူးဆန်းစွာဖြင့် ဒေါသ မောဟ များ ဖုံးလွမ်းရေး တရားများ ဟောနေကြခြင်း။
၉။ ဦးဆောင်သော ဘုန်းကြီးများတယ် အကြမ်းဖက်သမားများကဲ့သလို့ ထူးဆန်းစွာဖြင့် မျက်နှာဖုံးများ တပ်ဆင်ထားခြင်း။
၁၀။ ဦးဆောင်သော ဘုန်းကြီးများမှာ ဆန္ဒပြပွဲပြီးသည်နှင့် အချိတ်ဆက်ကောင်းကောင်းဖြင့် ထူးဆန်းစွာ ထွက်ပြေးလွတ်မြောက်နေခြင်း။
၁၁။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၏ လွယ်အိတ်များထဲတွင် လောက်လေးဂွ များနဲ့ လောက်စာလုံးများ ထူးဆန်းစွာ ရှိနေခြင်း၊
၁၂၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသည် သူဘာသူနေသော ကားမှတ်တိုင်များနှင့် ရင်ထိန်းရဲ ရုံးများရှိမှန်များကို ထူးဆန်းစွာ ခွဲပစ်ကြခြင်း။
၁၃။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသည် အဝေးရှိ စစ်သားများကို ထူးဆန်းစွာ အော်ဟစ်နောက်ပြောင်ခြင်း၊ ဖင်လှန်ပြခြင်းနှင့် ခဲများဖြင့် ပစ်ပေါက်ခြင်း။
၁၄၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသည် စစ်ကားများလာရာလမ်းတွင် ထူးဆန်းစွာဖြင့် သံချွန်များ ချထားခြင်းနှင့် ကားမှန်များကို ပစ်ပေါက်ခွဲခြင်း။
၁၅။ အကြမ်းဖက်မှုနှင့် လူအချင်းချင်းနိပ်စက်ခြင်းကို မလိုလားသူများက တိုက်ပေါ်မှနေ၍ လမ်းပေါ်ရှိ ရဲနှင့် စစ်သားများပေါ်သို့ အက်ဆစ်ရည်များ၊ ရေနွေးပူများနှင့် အခြား အလေးချိန်စီးသော ပစ္စည်းများကို ထူးဆန်းစွာ လောင်းချ၊ ပစ်ချခြင်း။
www.MyanmarExpress.net
အိန္ဒိယ လူထုခေါင်းဆောင် နှင့် မြန်မာ လူထုခေါင်းဆောင်
 ဆိုနီယာဂန္ဒီ - အိန္ဒိယနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး ပုဂ္ဂိုလ်  
ဒေါ်အောင်ဆန်းစုကြည် - မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး ပုဂ္ဂိုလ်
 www.MyanmarExpress.net
ဒီလို ခရီးသွားဧည့်သည်မျိုးကို ဘယ်လိုသဘောရပါသလဲ?
From : ..Luděk Wellart (model)
ကျွန်မအတွက် ကတော့....
ဧည့်သည် ဆိုတာ အိမ်ရှင်ဆီ အလည်လာရင် အိမ်ရှင် စည်းကမ်း အတိုင်း လေးစား လိုက်နာသင့် တယ်လို့ထင်တယ်...
ဘာသာတရား ယုံကြည်တာ မကြည်တာ အပထားအုံး နိုင်ငံတစ်နိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့နေရာကို မထေမဲ့မြင် မပြုသင့်ဘူးလို့ထင်တယ်...
ငယ်ပါဖုံး ရုံလောက် အ၀တ်အစားနဲ့ နယ်ခံ မိန်းမသားတွေရှေ့မှာ ယခုလို ပြုမူတာဟာလဲ ယိုသူမရှက် မြင်သူရှက်တဲ့ လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ပေးခြင်းတစ်မျိုးပါပဲ...
နယ်ခံတွေက ဧည့်သည် ပဲလေဆိုပြီး ခွင့်လွှတ်ပေးထားတာကိုတောင် သူတို့ ဘလော့မှာ "Most of them was really exited about our ideas!" လို့ ထင်သွားကြတယ်.... အဲဒါကို သူတို့ က အနုပညာတဲ့....
ဒီလို ခရီးသွားမျိုးကို အမှန်တော့ သက်ဆိုင်ရာက Fine ကောက်ပြီးတောင် အရေးယူသင့်တယ်... မြန်မာပြည် အလည်လာသူများလာတာနဲ့ အမျှ ဒီလိုမျိုး သရုပ်ပျက် tourist တွေကိုလဲ ထိမ်းချုပ်ဖို့ စည်းကမ်းတွေထားသင့်တယ်... အဖြူဖြစ်တာနဲ့ မလွှတ်ပေးသင့်ဘူး..
 .. www.MyanmarExpress.net
အဲ့ဒါ မြန်မာနိင်ငံ
From : ..သီဟသစ် .
ဘယ်မွတ်စလင်မှာ ခေါင်းဖြတ်ဖို့ ၊ အသေခံဗုံးခွဲဖို့ သင်ပေးတဲ့ ဗလီဆရာကို
အဆိုး မမြင်ပေမယ့် သာသနာကို ကာကွယ်ဖို့ သွန်သင်တဲ့ ရဟန်းကို
အကြမ်းဖက်သမားလို့ ကိုယ့်ဘာသ တံဆိပ်တပ်တဲ့ နိင်ငံ ။ အဲ့ဒါ မြန်မာနိင်ငံ ။
ဒီမိုကရေစီ ဆိုတာ တီးမိခေါက်မိတာ ၃ နှစ်ပဲ ရှိသေးပေမယ့်
လူ့အခွင့်အရေးကို သိပ်နားလည် တတ်ကျွမ်း တဖက်ကမ်းခတ်နေတဲ့ နိင်ငံ ။
 မွတ်စလင်နဲ့ ငြိမ်းချမ်းစွာ အတူနေဖို့ စိတ်အားထက်သန်တဲ့ နိင်ငံရေးသမားတွေ
 စုဝေးနေတဲ့ နိင်ငံ ။ အဲ့ဒါ မြန်မာနိင်ငံ ။
သန်း ၁၆၀၀ ကျော်တဲ့ ကမ္ဘာ့ လူဦးရေရဲ့ ၂၃ % မွတ်စလင်တွေ အတွက်
အမြဲ စိုးရိပ်ပူပန်နေတတ်ပြီး ကိုယ့်နိင်ငံက ကိုယ့်သံဃာကို ဝေဖန်ဖို့
ဘယ်တော့မှ ပါးစပ်မနှေးတဲ့ လူ့အခွင့်အရေးသမားတွေ ပေါများတဲ့ နိင်ငံ ။
 အဲ့ဒါ မြန်မာနိင်ငံ ။
၂၀၀၇ မှာ Hand Speaker ကိုင်ပြီး လက်သီးလက်မောင်း တန်းခဲ့တဲ့ သံဃာတွေက
 ဝိနည်းနဲ့ ညီခဲ့ကြ ၊ သူရဲကောင်း ဖြစ်ခဲ့ကြပြီး ၂၀၁၃ မှာ ကိုယ့်သာသနာ
 မပျောက်ကွယ်အောင် ၊ ဘာသာခြားဝါးမျိုမှု အခြေအနေကို သိအောင် သွန်သင်နေတဲ့
 သံဃာတွေကိုတော့ ဗီလိန် တံဆိပ်ကပ်ဖို့ ဝန်မလေးတဲ့ နိင်ငံ ။ အဲ့ဒါ မြန်မာနိင်ငံ ။
သံဃာကို ဗလီထဲသွင်း လည်လှီး မီးရှို့ခံရတာက သာမည ၊
 စစ်ဖိနပ်အောက် ရောက်မှာ မကြောက်ဖူးလား ဆိုတာက အဓိက ၊
 နောက်လှည့်သွားလိမ့်မယ် ဆိုတဲ့ စကားနဲ့ အမြဲခြောက်လှန့် ခံနေရတဲ့ နိင်ငံ ။
 အဲ့ဒါ မြန်မာနိင်ငံ ။
ဒီမိုကရေစီ ဘိုးအေ အင်္ဂလန်မှာတောင် ခရစ်ယာဉ်သာသနာကို ကာကွယ်ဖို့
 အဖွဲ့ ရှိပေမယ့် မနေ့တနေ့ကမှ ဒီမိုကရေစီ ကြားဖူးပြီး ကိုယ့်သာသနာ
 ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့ကိုမှ မြောင်းထဲထည့်ဖို့ ကြိုးစားနေတဲ့
 နိင်ငံရေး အရေခြုံပြီး သမ္မတရူးနေတဲ့ ဝံပုလွေတွေ ကောင်းစားနေတဲ့ နိင်ငံ ။
 အဲ့ဒါ မြန်မာနိင်ငံ ။
NLD မဲမနိင်မှာ သေမလောက် ကြောက်ပေမယ့် ၊
 သာသနာ ပျောက်မှာကိုတော့ သွားကြားတောင် မညပ်တော့တဲ့ ၊
 တမွန်းတည့်နေတဲ့ ခွေးရူးတွေ အမြဲ အူနေတဲ့ နိင်ငံ ။ အဲ့ဒါ မြန်မာနိင်ငံ ။
နိင်ငံတကာမှာ တောင်းစား ၊ နိင်ငံသားစိတ်ပျောက် ၊
 ကိုယ့်အိတ်ကပ် ဖောင်းဖို့ဆို တိုင်းပြည်ကို မီးမြှိက်ဖို့ ဝန်မလေးတဲ့
 အသားထဲက လောက်တွေ ပေါလွန်းတဲ့ နိင်ငံ ။
 အဲ့ဒါ မြန်မာနိင်ငံ ။
လူ့အခွင့်အရေး ဆိုတဲ့ ပေတံကို ယူသုံး ၊
 ၅ လက်မ ၁ ပေ အတိုင်းအတာနဲ့ သာသနာနှစ် ၅၀၀၀ ထောင်ကို
 ခပ်စောစော ပြာချ ချင်တဲ့ နာမည်ကောင်းကို မစင်လို မက်တဲ့
 ခွေးလို နိင်ငံရေး သမားတွေ တော်သလင်း ရောက်နေတဲ့ နိင်ငံ ။
 အဲ့ဒါ မြန်မာနိင်ငံ ။
ထွီ !!!!!!!!!!!!!
. www.MyanmarExpress.net
မြန်မာနိုင်ငံ မုန်တိုင်းမကျမီ နှစ်ရက်အလို သူတို့ ဘာလုပ်နေကြလဲ?
 မြန်မာနိုင်ငံ မုန်တိုင်းမကျမီ နှစ်ရက်အလို သူတို့ဘာလုပ်နေကြလဲ?
 သမ္မတ၊ ဒုသမ္မတများ နှင့် ဝန်ကြီးများ ပြည်သူကို ကယ်ဆယ်ဖို့ အစည်းအဝေးလုပ်နေကြသည် (၁၄.၅.၂၀၁၃)
 တစ်ခါမှ အကောင်းပြောမခံရတဲ့ စစ်သားများက ကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့ လုပ်ဆောင်နေကြသည် (၁၄.၅.၂၀၁၃)
လူထုခေါင်းဆောင်ဆိုတဲ့လူ ရော ဘာလုပ်နေလဲ ဗျို့?
လာမယ်... ကြာမယ်..
မုန်တိုင်းကျတော့မှာမို့ တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်နေတာပဲ
လူထုခေါင်းဆောင်လည်း လူထုအတွက် တစ်ခုခု လုပ်နေမှာပေါ့
ဆုတွေအများကြီးရထားတဲ့ 
တစ်ယောက်ပဲရှိတဲ့ နိုဘယ်ဆုရှင်လေ.. 
အကောင်းဆုံးအလုပ်ကို လုပ်နေလိမ့်မယ်
စောင့်ကြည့်
ဝုတ်တယ်..ဝုတ်တယ်..
တွေ့ပြီ...
ဟိုက်..
WTF
?????????? (၁၄.၅.၂၀၁၃၊ မြန်မာနိုင်ငံ မုန်တိုင်းမကျမီ ၂ ရက် အလို....)
စောင့်လေမျိုးနွယ်
တိရိစ္ဆာ ငန်း နှင့် အလှပြိုင်သည့် ဗိုလ်ချုပ်အောင် ဆန်း
From : ..http://www.oppositeyes.info/2013/04/blog-post_9156.html
သို့….ဗိုလ်ချုပ်
ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကကွယ်.. ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် ဆိုတဲ့ သီ ချင်းလေး က ကျွန်တော်တို့ နားထဲမှာ တကယ်ကို စွဲထင်နေပါတယ် ဗိုလ်ချုပ်။ ကိုယ်တိုင်က ဗိုလ်ချုပ်လို သူ ရဲကောင်း မဖြစ်နိုင်ပေမယ့် မြင်းစီးကြေးရုပ်ကြီး အထက်မှာ ခပ်မတ်မတ် ရှိနေတဲ့ ဗိုလ်ချုပ် ကြေးရုပ်ကြီးတွေ မြင် တိုင်း ကြက်သီး ထခဲ့ဖူးပါတယ်။ ဓားကို ထောက်လို့ ရပ်နေတဲ့ တည်ကြည်ပြတ်သားဟန် အပြည့်နဲ့ ဗိုလ် ချုပ် ရုပ်ထု တွေကို မြင်တိုင်းလဲ တိုင်းပြည် အတွက် ဗိုလ်ချုပ်ပေးဆပ်မှုတွေကို ဦးညွှတ်ဂါရ၀ ပြုလျှက်ပါပဲ..
ဗိုလ်ချုပ်တို့ ၁၉၄၇ ဇူလိုင် ၁၉ မှ ကျဆုံးသွားတဲ့ အချိန်ကစပြီး ၄၂ အကြာမှာတော့ ကျွန်တော်တို့ ချစ်တဲ့ ဗိုလ် ချုပ် ကို ကျွန်တော်တို့ နေရာအနှံ့မှာ ပြန်ပြီး တွေ့လာခဲ့ကြတယ်။ နေရာအနှံ့မှာ သမီးရဲ့ မဲဆွယ်ပွဲကို လိုက်ပြီး ကူညီပေးနေရတဲ့ ဖခင်ကောင်း တစ်ယောက်ကိုလည်း မြင်တွေ့နေခဲ့ရတယ်။ နိုင်ငံရေး သမားတွေ အ သုံး ချချင်တဲ့ စကားလုံးတွေကို ပြောပြော မပြောပြော ဗိုလ်ချုပ်ပြောခဲ့တယ် ဆိုပြီး  လုပ်စားနေလို့ ဗိုလ် ချုပ် နာမည် ကို ရင်းနှီးသထက် ပိုပြီး ရင်းနှီးခဲ့ရတယ်။ နောက်ဆုံး တိုင်းပြည်ကြီး က ခွဲထွက်ဖို့ ကြိုးစားနေတဲ့ လက် နက်ကိုင် အဖွဲ့တွေကတောင် ဗိုလ်ချုပ်ကို အသုံးချနေကြတာ မြင်ရတော့ ဗိုလ်ချုပ် ရုပ်ထုတွေ မြင် တိုင်း ကျွန်တော် စကား တစ်ခွန်း တိုးတိုး ပြောမိတယ်။ ဗိုလ်ချုပ်တော့ လူမရှိတော့မှ အသုံးချခံနေရပြီ လို့။
အစိုးရ သစ် မတိုင်ခင်က ဗိုလ်ချုပ်ပုံကို တီရှပ်လုပ်ဝတ်၊ ရောင်းတန်းဝင် ဈေးကွက်ပစ္စည်းတွေ ဖြစ်အောင် လုပ်ကြပြီး နိုင်ငံရေး အမြတ်ထုတ်ခဲ့ကြတယ်။ လုပ်တဲ့အလုပ်က မင်းမဲ့စရိုက် ဆူပူဖို့၊ အကာအကွယ် ယူတာ က ဗိုလ်ချုပ် ဓာတ်ပုံ တီရှပ်နဲ့ အသုံးအဆောင်တွေ ဖြစ်နေတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့မှာ တပ် မတော် စစ်ကြောင်း၊ တပ်ခွဲတွေမှာ အောင်ဆန်း စစ်ကြောင်း၊ အောင်ဆန်းတပ်ခွဲ ဆိုတာတွေ တွေ့ရတော့မှ ရဲရင့်ပြတ် သား ကိုယ်ကျိုးစွန့်တဲ့ ဗိုလ်ချုပ် ပုံရိပ် အစစ် အတွက် ဂုဏ်တင့်နိုင်ခဲ့ကြရတယ်။
တစ်နှစ်ထက် တစ်နှစ် ဗိုလ်ချုပ်ကို အသုံးချလာကြတာတွေက ဒီ ၂၀၁၃ ဆိုတဲ့ကာလမှာတော့ အထူးခြားဆုံး ဖြစ် ခဲ့ပြီ ဗိုလ်ချုပ်ရေ။ ရိုက်လို့ မကုန်၊ ရောင်းလို့ မလောက် ပါတီကြီး တစ်ခုရဲ့ ရန်ပုံငွေတွေကို ဗိုလ်ချုပ်က ရှာပေး ခဲ့တယ်။ ပလက်ဖောင်းပေါ်မှာ၊ ကားတွေပေါ်မှာ၊ နေရာတကာမှာ ဗိုလ်ချုပ် ဖြစ်နေခဲ့ပြီ။ ဒါတွေထက် ပိုပြီး ထူးခြားတာကတော့  ကားကြီးရဲ့ ရှေ့မှာ ခန့်ခန့်ကြီး ထိုင်စီးလာတဲ့ ဗိုလ်ချုပ် သင်္ကြန် လည်နေ ပါရော့လား။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ တပ်မတော် သား ကြီး တစ်ယောက် သင်္ကြန်ကားရဲ့ ရှေ့ဆုံးမှာ ငွေငန်းကြီး တစ်ကောင်နဲ့ အပြိုင် သင်္ကြန်လည်နေ ပါပေါ့ လား ဗျာ။
ဗိုလ်ချုပ်ရေ။ အမြင့်မြတ်ဆုံးသော ဘုံဘ၀ကနေ ဒါတွေကို မမြင်ပါစေနဲ့လို့ ဆုတောင်းနေမိပါတယ်ဗျာ။