Thursday, January 26, 2012
ME

အချို့အလုပ်တွေကို အချိန်ဆွဲ လို့ မရဘူး။ ချက်ချင်း လုပ်ရပေသည်။ ဥပမာ ဘိလပ်မြေလောင်း တာမျိုးပေါ့။ ကြမ်းခင်းFloor လောင်းရင် ဆက်တိုက်ပြီးအောင် တစ်ရက် တည်းလုပ်ရသည်။ အချိန်ဆိုင်းနေ၍မရပါ။ အချို့အလုပ်တွေ ကျတော့လည်းအချိန်ကို စောင့်ပြီး ဖြည်းဖြည်းမှန်မှန် လုပ်ရသည်။ နိုင်ငံတကာနှင့် အလုပ် လုပ်တဲ့ အခါ အစစအရာရာ သတိရှိပါ။ ကျွန်တော်မော်လမြိုင် ခရီးသွား သည့်အခါ ရင်းငြိမ်ကျောက် ထုတ်စ ခန်းကို ဖြတ်သန်းသွားရလေ့ရှိသည်။ ထိုစခန်းတွင် အကျဉ်းသားများ ကျောက်ထုနေတာ ကိုတွေ့တော့ အတွေးတွေပွားကာ မိတ်ဆွေဖြစ်သူ ဆရာဦးသင်းလှိုင်ကို ပြောဖူးသည်။ ”မိုးကုတ်က ကျောက်သာ မဟုတ်ဘူး။ ဒီအရပ်က ကျောက် တွေလည်း အသုံးဝင်သားဗျ” ”ကျောက်ဆိုတာ ဘယ်ကျောက်မဆို အသုံးဝင်တာပဲ။ လမ်းခင်းဖို့ အချို့ အရပ် တွေမှာ ကျောက်မရှိဘူးဗျ” ကိုသင်းလှိုင်က ရူပဗေဒ ဘာသာသင်သည်။ ကျောင်းတုန်းက ဘူမိဗေဒဘာသာ တွဲကို ယူထားသောကြောင့် ကျောက် အကြောင်း အတော်လေးပြောနိုင်သည်။ ကျောက်တို့၏ အသုံးဝင် ပုံကို ကျောက်မရရှိသည့် အရပ်တွေမှာ သိသည်။ ဥပမာ ဧရာဝတီတိုင်းဒေသ ကြီးမှာ လမ်းခင်းဖို့ကျောက်တွေ မရှိဘူး။ မွန်ပြည်နယ်ကပို့ရသတဲ့။ ဟုတ်ပါတယ်။ ကျွန်တော် ကမွန်ပြည် နယ်ကဆိုတော့ ကျောက်ထုတ်လုပ်တဲ့ ကျောက်တစ်လုံးတို့ ရင်းငြိမ်တို့ ဟာ မစိမ်းပဲကိုး။ ”မွန်ပြည်နယ်က ကျောက်တွေကို ဒေသ အများတင်ပို့ ရတယ်ဗျ။ ခုလို ခေတ်မီတိုးတက် အောင်လမ်းတွေခင်း၊ တံတားတွေ ဆောက်တာကြောင့်ကျောက်တွေ လည်း တစ်ပြည်လုံးလိုလို ပျံ့နှံ့ ခရီး ဆန့်နေရတယ်ဗျ” ”တယ်ဟုတ် ပါလား” ”နောက်တစ်ခုကကျောက် တောင်တွေပေါ့။ သူတို့ကို ဖောက် ထွင်းပြီးလမ်းဖောက်ကြတယ်” လူဆိုသည်မှာ အတော်ထူးဆန်းသော သတ္တဝါဖြစ် သည်။ သဘာဝကို ဖက် သည်။ ပြုပြင်သည်။ သူသုံးချင် တာကို သူသုံးသည်။ သစ်ပင်ကို ခုတ်သည်။ သစ်ကိုထုတ်သုံး သည်။ ကျောက်ကိုခွဲသည်။ ကျောက်ကို ထုတ်သုံး သည်။ ”ကျောက်တွေကို ဒိုင်းနမိုက်နဲ့ ခွဲဖို့ ကြိုးစားတဲ့ သူကတော့ အက် ဖရက်နိုဘယ်လ်ပေါ့ဗျာ” ဦးသင်းလှိုင် က အက်ဖရက်နိုဘယ်လ်ကို သဘော ကျသည်။ ”အက်ဖ ရက်နိုဘယ်လ် ငယ်စဉ်က သူ့ဖခင် လမ်းတံတား တွေဖောက်လုပ်တဲ့ အင်ဂျင်နီယာ အလုပ်ကို အတော်လေး စိတ်ဝင် စားခဲ့တယ်။ ဖခင်၏ မိုင်းခွဲ ဖောက်ကာ ကျောက် တောင်တွေကို ရှင်းဖြို တဲ့ပုံစံကို သူအားမရဘူး” ”ဘာဖြစ် လို့လဲ” ”အဲဒီခေတ် နည်းပညာ ဒိုင်းနမိုက်အတွက် ယမ်းအား နည်းတယ်။ နှေးကွေးတာပေါ့။ ကျောက်တောင် တွေကို ခုခေတ်မှာ လိုမဖြိုနိုင် ဘူး””အင်း””အက်ဖရက်နိုဘယ်လ် က အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ သူစဉ်းစားခဲ့တယ်” ”အက်ဖရက်နို ဘဲလ်က ဓာတုဗေဒဘာသာရပ်ကို ကြိုးစားကာ သင်ယူခဲ့တာကိုတော့ ကျွန်တော်သိတယ်” ကျွန်တော်က ဓာတုဗေဒဆရာဖြစ်သည်။ ”ဟုတ်တယ် ပြီးတော့ သူဆွစ်ဇာလန်နိုင်ငံ စတော့ ဟုမ်းမြို့မှာရှိတဲ့ သူ့ဓာတ်ခွဲ ခန်းထဲမှာ ဒိုင်းနမိုက်ကို စမ်းသပ်တော့တာပဲလေ” ”ဒီလိုစမ်းသပ်လို့ ပေါက်ကွဲမီးလောင် မှုများဖြစ်ပွားကာ ညီအရင်းတစ်ယောက်ဆုံးရှုံးခဲ့တယ် မဟုတ်လား” ”နောက်ဆုံးသူအောင် မြင်မှုရသွားတယ်” ဟုတ်ပါသည်။ နိဘယ်လ်၏ ဒိုင်းနမိုက် TNT သည် အင်မတန်ကောင်းမွန်၍ကျောက်တောင် ကြီးများ ပြိုကျအောင် ဖြိုချနိုင်သည်။
လမ်းတွေ တံတားတွေဆောက် နိုင်ခဲ့သည်။ နိုဘယ်လ်လည်း အင်မ တန်ချမ်းသာသွားသည်။ သို့သော် သူ၏ ဒိုင်းနမိုက်သည် အဖျက်အ မှောင့်လုပ်ငန်းများကို လုပ်ကိုင်လို သူများအတွက် လက်နက်များဖြစ် လာသည်။ ဒိုင်းနမိုက်များဖြင့် အဖျက်လုပ်ငန်းများစွာကို ထိရောက် အောင်လုပ်နိုင်ခဲ့သည်။ ”လူတွေ က ခက်သားပဲ” ”ဟုတ်ကဲ့ ကိုသင်း လှိုင်ရေ၊ အကောင်းတွေရှိသလို တစ် ဖက်ကလည်း အပျက်တွေရှိတယ်။ အဖျက်တွေလည်းရှိတယ်” ”ဒါ ကြောင့်လည်း သူဟာ ကမ္ဘာကြီးကို လျော် ကြေး ပေးဖို့ နိုဘယ်လ်ဆုကို တီထွင်ခဲ့တာပါပဲ” နိုဘဲလ်သည် ကမ္ဘာငြိမ်းချမ်းရေးအတွက်နှင့် ကမ္ဘာ ကြီးကို အကျိုးပြုသူများကို ဆုပေးဖို့ သူအကြီးအကျယ်ဆုံးသော ဆုကို တီထွင်ဖန်တီးခဲ့သည်။ ယနေ့အထိ သူ၏ ဆုများသည် အရေးပါဆဲဖြစ် သည်။ ”ဒါကြောင့် တကယ်လုပ် ကြရင် မှန်တာကို လုပ်ပေမယ့် လည်း အမှားတွေ တွေ့ရ တတ်တာ ပဲ” ”ဟုတ်တယ်လေ။ ဘာလုပ် လုပ် အခက်အခဲတွေ အများကြီး တွေ့ရပါတယ်။ အထူးသဖြင့် လူမှု ရေးတွေ လုပ်တဲ့အခါ အများကြီး သတိထားရတယ်” ”ဟုတ်တယ် လေ။ ဗိုလ်ချုပ်အောင်ဆန်းတို့ လည်း ဂျပန်ကို သွားခေါ်မိလို့ မှားခဲ့ တာပဲ” ”အေးဗျာ၊ လူကြီးတွေပြော တယ်။ ကျုပ်တို့တစ်တွေ ပါးနားရိုက် ခံထိခဲ့ကြသတဲ့” ”မှားမှန်းသိလို့ အမှားတွေကို မှန်စေဖို့ ပြောင်းနိုင် တဲ့နည်းလမ်းတွေနဲ့ ပြောင်းကြရ တာပေါ့” ”အင်း အက်ဖရက်နိုဘယ်လ် ဆိုလည်း အမှားတွေကို မပြုပြင်နိုင် သော်လည်း မှန်တဲ့လမ်းကို သူ လျှောက်နိုင်ခဲ့ပါတယ်” ”ဟုတ် တယ် ကျုပ်တို့ မြစ်ဆုံဆည်စီမံကိန်း လည်း ဒီလိုပဲပေါ့။ မှားထားတာကို ပြုပြင်တာပဲ မဟုတ်လား” ”ဒီကိစ္စတွေ ပွင့်လင်းရင်တော့ ကောင်းတာပေါ့” ”မှားပြီးရင် ပြင်ရခက်တယ်” ”ပြင်တာတော့ ပြင်ရမှာပေါ့။ အိမ်ခြံမြေတွေ ဈေးတက်တာကိုလည်း တရုတ် သူဌေးတွေ လိုက်ဝယ်လို့တဲ့” ”အင်း၊ တိုင်းပြည်တည်ဆောက်ခါစမှာ လုပ် ရကိုင်ရတာခက်ခဲမှာပါပဲ။ ယောတို့ ဆောတို့မှာ မြေပြိုတာလည်းတရုတ် တွေ ရေနံရှာဖွေလို့ဆိုပြီး ပြောနေကြတယ်” ”ပွင့်လင်းခြင်းမရှိရင်တော့ စွပ်စွဲတာ လောက်ပဲရှိမယ်လို့ ပြောတယ်။ နယ်က သတင်းထောက် တွေ ဂျာနယ်လစ်တွေ ကတော့ ဒါ တွေကို တိတိကျကျ ထောက်လှမ်း ရေးသားချင်ကြတယ်” ”ရေးသင့် တာပေါ့” ”လောလောဆယ် ကျွန်တော်တို့ ကံကောင်းနေတာက လွှတ်တော်မှာ ပြောခွင့်တွေရလာ တယ်။ မြန်မာအစိုးရဟာလည်း ဒီမိုကရေစီ လမ်းကြောင်းလျှောက်ဖို့ မီးစိမ်းပြနေတယ်” ”ဘယ်လိုပဲ ဖြစ်ဖြစ် မျှော်လင့်ချက်တွေ ရှိနေ တာကို ငြင်းလို့မရဘူး။ ဒါကို သေသေချာချာကိုင်တွယ် ဖြေရှင်း ရမှာပဲ” ကျွန်တော်သည် သယံ ဇာတပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက အားနာတတ်သည့် မြန်မာလူမျိုး စရိုက်တွေကို ပြုပြင်သင့်ပြီဟု ဆိုချင်သည်။
ဒေါက်တာ ခင်မောင်ညို