Subscribe to our RSS Feed
Showing posts with label စစ်တပ်နှင့် နိုင်ငံရေး. Show all posts
Showing posts with label စစ်တပ်နှင့် နိုင်ငံရေး. Show all posts

လူမသိတဲ့ (၃) နာရီ



ဇူလိုင်လ ၂၉ ရက်နေ့ကလူမသိတဲ့ (၃) နာရီအကြာအဖြစ်ပျက်လေးတစ်ခုပါ။ ယခုနှစ်မိုးရာသီမှာ ဇာတိမြေအပြန်မှာ ထူးထူးခြားခြားမိုးများတာကြောင့် မကြုံစဖူးရေကြီးမှုနဲ့ ကြုံခဲ့ရပါတယ်။ဘီးလင်းမြို့ အပါအဝင် မွန်ပြည်နယ်တစ်ခုလုံးနဲ့ ကရင်ပြည်နယ်တွေမှာစိုးရိမ်ရေမှတ်ဆိုပြီးပြောနေတာတွေ ရှိပေမယ့် စိုးရိမ်ရေမှတ်ဆိုတာဘယ်အမှတ်လဲဆိုတာတော့ ကိုယ်တွေ့ မကြုံရသေးတော့ မသိသေးပါဘူး။ မြန်မာနဲ့ ထိုင်းကြားကအရှည် ဆုံးတံတားကျိုးတယ်ဆိုတဲ့ သတင်းကြောင့် အပြန်လမ်းမှာ တံတားဖြတ်တိုင်း ရင်တထင့်ထင့်နဲ့ပါပဲ။ 

စစ်တောင်းတံတားပေါ် အရောက်မှာ စစ်တောင်းမြစ်ကိုမြင်ရချိန်မှာသွေးပျက်စ ပြုလာပါတယ်။ စစ်တောင်းမြစ်ရေကနောက်ကျိနေပြီးအပျက်အစီးတွေ မြစ်ထဲမှာမျောနေပါတယ်။ ကားဆရာကလည်းမိုးသည်းလွန်းတာကြောင့် ဖြည်းဖြည်းလေးပဲမောင်းနေတော့ မြန်မြန်ရောက်ချင်တဲ့လူအတွက် ပိုပြီးအချိန်ကြာနေခဲ့ပါတယ်။ သိမ်ဇရပ် ရောက်ချိန် တံတားသစ်က ဖြတ်တော့ လည်း မြင်ကွင်းတွေက စိုးရိမ်စရာတွေချည်း ပါပဲကျိုက်ထိုကိုကျော်လာပြီးမှာ ကားလမ်းတွေကပိုဆိုးလာပါတယ်။ လမ်းတွေမှာရေကျော်တာကြောင့် စက်ပယာက အမြဲလိုလိုကားပေါ်နဲ့ ကားအောက် ပြေးဆင်း လိုက် ပြေးတက်လိုက်နဲ့ ကားဆရာကို ဆရာပြန်လုပ်နေခဲ့ရပါတယ်။ 

မိုင်တိုင် ၁၂၇ အကျော်မှာ ဘီးလင်းချောင်းရေတွေကကားလမ်းအပေါ် အတော်လေးကျော်နေတာကို စပြီးတွေ့ရပါတယ်။ ရှေ့မှာကားတွေ တန်းစီနေလို့ ဖြည်းဖြည်းချင်းမောင်းပြီး ကျွန်တော်တို့ကားလည်း တန်းစီလိုက်ရပါတယ်။ တံတားကြောင့်လား၊ လမ်းကြောင့်လားဆိုတာကားပေါ်ကလူတွေ တီးတိုးငြီးသံတချို့ ကြားရပါတယ်။ ဒီနေရာကလမ်းကရေကျော်နေကြဆိုတာသိပေမယ့် ဘယ်လောက်ထိကျော်နေလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ မိုးရွာနေလို့ အောက်မဆင်းနိုင်ပေမယ့် ကားပြတင်းကရှေ့ကိုလှမ်းကြည့်တော့ မျက်စိတဆုံးကကားတန်းကြီးပါပဲ။ စိတ်ကိုလျှော့ကာဆိုဖာပေါ်မှီပြီး ပြန်ထိုက်လိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ ကားရွေ့သွားချိန်မှာတော့ လုံးဝမျှော်လင့်မထားတဲ့ မြင်ကွင်း တစ်ခုကို မြင်လိုက်ရပြီး ကျက်သိန်းမွေးညင်းများက ထ မိပါတယ်။ တကိုယ်လုံးစိုရွှဲနေတဲ့ စစ်သားလေးတွေက မိုးရွာထဲမှာရပ်ပြီးကားတွေကိုလမ်းပြပေးနေကြတာပါ။ 

စစ်သားလေးတွေ တော်တော်များပါတယ်။ တချို့က မိုးကာလေးတွေ မလုံ့တလုံဝတ်ထားပေမယ့် တကိုယ်လုံးကတော့ ရွှဲရွှဲစိုနေပါတယ်။ ရေကြောင့် လမ်းတလမ်းလုံးဘာမှမမြင်ရပါဘူး။ စစ်သားလေးတွေ က လမ်းဘေးတဖက်တချက်မှာရပ်ပြီးလမ်းမမြင်ပဲဆက်မောင်းသွားရင် ကားချောက်ထဲကိုကျသွားမည်ဖြစ်လို့ လမ်းကို ပြပေးထားပါတယ်။ စစ်သားလေးတွေ လမ်းမပြရင်လည်းကားတွေ တစ်စီးပြီးတစ်စီးဘေး ကမြောင်းထဲကိုထိုးကျတာနဲ့ လမ်းတစ်လမ်းလုံး ပိတ်နေလောက်ပါပြီ။ မိုးရွာထဲကမိုးရေထဲမှာ လမ်းနှုတ်ခမ်းတွေ ကိုနင်းပြီးရပ်နေတဲ့ ရေထဲကစစ်သားလေးတွေရဲ့ ကြားထဲမှာကားတွေက တစ်စီးပြီးတစ်စီးမောင်းနေပါတယ်။


တချို့ကားတွေ ရှေ့ဆက်မရုန်းနိုင်ချိန်မှာစစ်သားလေးတွေကဝိုင်းတွန်းကြပြန်ပါတယ်။ ကားကပုံမှန်ချိန်ထက် ပိုကြာနေတာကြောင့် ဗိုက်ဆာတာနဲ့ ပါလာတဲ့ ပေါင်မုန့် တစ်လုံးကိုကိုက်ရင်းမှန် ကနေအပြင်ကိုငေးကြည့်တော့ မျက်လုံးပေါ်မှ မိုးရေစက်များကိုသုတ်ပြီးမော့ကြည့်နေတဲ့ စစ်သားလေးတစ်ယောက်ကို မြင်တော့ စိတ်ထဲမှာခံစားမှုတစ်မျိုးရလိုက်ပါတယ်။ နေ့လည် တစ်နာရီထိုးနေပါပြီ။ စစ်သားလေးတွေကြည့်ရတာ ဘာမှစားရသေးဟန်မတူ။ စိတ်မကောင်း လည်းဖြစ်မိသလို မိုးလုံကားထဲက စိုဖာပေါ်မှာ ထိုင်ပြီးပေါင်မုန့်စားပြမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးရှက်မိပါတယ်။ 

မိုးနဲနဲစဲတာနဲ့ မှန်တံခါးကိုဖွင့်ပြီးဓာတ်ပုံရိုက်လိုက်ပါတယ်။ စစ်သားလေးတွေ ကတော့ ပတ်ဝန်းကျင်ကိုသိပ်ပြီးစိတ်ဝင်စားဟန် မရှိ။ အထက်ကခိုင်း၍လုပ်ရသည်လား၊ တာဝန်အရကြောင့် လားမသိရပေမယ့် ကားတစ်စီးပြီးတစ်စီးရဲ့ ဘီးတွေကိုသေချာ စူးစိုက်ပြီးကြည့်နေကြပြီး တစ်စီးရပ်သွားတာနှင့် ဝိုင်းတွန်းကြသည်၊ ရေထဲကတက်သွားမှ စိတ်ချသွားသည့် ဟန်ဖြင့် နောက်တစ်စီးကိုဆက်ပြီးအာယုံစိုက်နေကြသည်။ရေထဲကနေလမ်းပေါ် ကားရောက် လာတော့မှာ မြင်ကွင်း တစ်ဆုံးကရေပြင်ကြီးဖြစ်နေမှန်း သတိထားမိပါတယ်။ ဘီးလင်းမြို့လမ်းအားလုံး နီးပါးကတော့ ရေကခါးတစ်ဝက်ကျော် အထိကိုတက်လာပြီးအိမ်တွေလည်းမြုပ်၊ ကားတွေ လည်းရေမျောကုန်ပါတယ်။ 

ကားကတော့ တရွေ့ရွေ့နဲ့ ဆက်ပြီးမောင်းနေဆဲ ဖြစ်သလိုမိုးကလည်း သဲနေဆဲပါပဲ။ ချမ်းလာတာကြောင့် အကျီအိပ်ထဲကို လက်နှိုက်လိုက်တော့ စားလက်စပေါင်မုန့်ကို စမ်းမိချိန်မှာ ခုနက မြင်ကွင်းကို ပြန်မြင်မိပြန်ပါတယ်။ ဘယ်တော့မှမေ့လို့မရတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ၃ နာရီလောက် မြင်ခဲ့ရပေမယ့် နောင် နှစ် ၃၀ ကျော်ထိတိုင် မေ့နိုင်မယ်မထင်ပါ။ နောက်တနေ့ သတင်းထဲမှာ ထိုင်းနိုင်ငံက ဆည်ဖောက်ချလို့ သောင်ရင်းမြစ်ရေကြီးတာကို ထိုင်းနိုင်ငံကထောက်ပံ့တယ် ဆိုပြီးဝတ်စုံအပြည့်ဝတ်ထားတဲ့ ကယ်ဆယ်ရေးသမားတွေကို ဂျာနယ်တချို့မှာတွေ့ရပါတယ်။ ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဘီးလင်းနားကမိုး ကာတစ်ပိုင်းနဲ့ စိုရွှဲနေတဲ့ စစ်သားလေးတွေ ပုံကိုတော့ ဘယ်ဂျာနယ်မှာမှ မတွေ့ရတော့ စိတ်မကောင်းဖြစ်မိတာကြောင့် ရင်နာစရာကောင်းတဲ့ အမေ့ခံပုံရိပ်တစ်ခုအဖြစ် မှတ်တမ်းတင်လိုက်ရပါတယ်။
.
. www.MyanmarExpress.net
 

ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်


မြန်မာနဲ့ ​အမေရိကန်နိုင်ငံတို့ ​စစ်ရေး ​ပူးပေါင်းဆောင်ရွက်ဖို့ ​ကြိုးပမ်းနေတဲ့ ​အချိန်မှာဘဲ ​ဗြိတိန် ​စစ်ဘက်ကနေ ​မြန်မာ ​စစ်တပ်အရာရှိတွေကို ​၂၀၁၄ ​ခုနှစ်အတွင်း ​ဒီမိုကရက်တစ်စနစ်အောက်မှာ ​နေထိုင်တဲ့ ​တပ်မတော်တွေအကြောင်းနဲ့ ​ဒီမိုကရက်တစ်စနစ်ရဲ့ ​တာဝန်ခံမှုအကြောင်းတွေကို ​သင်တန်းပို့ချမှာ ​ဖြစ်တယ်လို့ ​မြန်မာနိုင်ငံဆိုင်ရာ ​ဗြိတိသျှသံရုံးက ​ဒုတိယအတွင်းဝန် ​မစ္စတာ ​ဂျိုးဖရက်ရှာ(Joe ​Fisher) ​က ​ပြောပြပါတယ်။
“၂၀၁၄ ​ခုနှစ်မှာ ​စပြီးတော့ ​ဗြိတိလျ ​စစ်ဘက်က ​ဗမာတပ်မတော်ရဲ့ ​အရာရှိ ​အချို့တွေအတွက် ​သင်တန်းတွေ ​ပေးဖို့ ​အစီအစဉ် ​ရှိပါတယ်။ ​ဆိုတော့လေ့ကျင့်မှု ​မဟုတ်ဘူး။ ​ဒါပေမယ့် ​သင်တန်းပေါ့။ ​သင်တန်းဆိုတော့ ​ဥပမာ ​ဒီမိုကရက်တစ် ​နိုင်ငံရေး ​စနစ်အောက်မှာ ​စစ်တပ်အနေနဲ့ ​ဘယ်လိုနေတယ်။ ​နောက်ပြီးတော့ ​ဒီမိုကရက်တစ် ​တာဝန်ခံမှု ​အကြောင်း၊ ​သင်တန်းတွေ ​ပေးဖို့ ​ရှိပါတယ်။ ​လူ့ ​အခွင့်အရေး ​အကြောင်း ​သင်တန်းတွေ ​ပေးဖို့ ​အစီအစဉ် ​ရှိပါတယ်။ ​အဲဒီလိုသင်တန်းတွေဟာ ​၂၀၁၄ ​ခုနှစ် ​ဖေဖော်ဝါရီ၊ ​မတ်လောက် ​စပြီးတော့ ​ဖြစ်ပါမယ်။”
ဒီလို ​သင်တန်းတွေ ​ပေးဖို့ ​ကိစ္စကို ​ဇွန်လအတွင်းက ​ဗြိတိန် ​ကာကွယ်ရေး ​ဦးစီးချုပ် ​ဗိုလ်ချုပ်ကြီး ​ဆာ ​ဒေးဗစ် ​ရစ်ချတ်စ် ​(General ​Sir ​David ​Richards)ဟာ ​မြန်မာနိုင်ငံကို ​လာရောက်စဉ်ကတည်းက ​တပ်မတော်အရာရှိကြီးတွေနဲ့ ​ညှိနှိုင်း ​သဘောတူခဲ့တယ်လို့လည်း ​ဆိုပါတယ်။
ဒါ့အပြင် ​သမ္မတဦးသိန်းစိန်ရဲ့ ​ဇူလိုင်လအတွင်း ​ဗြိတိန် ​ခရီးစဉ်မှာလည်း ​နှစ်နိုင်ငံ ​ခေါင်းဆောင်တွေ ​သဘောတူထားတယ် ​လို့ ​သိရပါတယ်။
တစ်ဆက်တည်းမှာပဲ ​နှစ်နိုင်ငံဆိုင်ရာ ​စစ်ရေး ​ပူးပေါင်းမှုတွေ ​လုပ်ဆောင်နိုင်ဖို့အတွက် ​မြန်မာနိုင်ငံဆိုင်ရာ ​ဗြိတိန် ​စစ်သံမှူးဟာ ​အောက်တိုဘာလမှာ ​ရောက်ရှိမယ်လို့ ​ဒုအတွင်းဝန် ​ဂျိုး ​ဖရက်ရှာက ​ဆက်ပြောပါတယ်။
“၁၀ ​လပိုင်းမှာ ​စပြီးတော့ ​ကျွန်တော်တို့ဟာ ​ဗမာပြည်မှာ ​အခြေစိုက်မယ့် ​စစ်သံမှူး ​တစ်ယောက် ​အသစ်ရှိပါမယ်။ ​အဲဒါဟာ ​၁၀ ​လပိုင်းမှာ ​စဖြစ်မယ်။ ​စစ်သံမှူးက ​ရန်ကုန်မှာ ​အချိန်ပြည့် ​အခြေစိုက်ပါမယ်”
၁၉၈၈ ​ခုနှစ် ​နောက်ပိုင်းကတည်းက ​အမေရိကန်က ​မြန်မာနိုင်ငံကို ​စစ်သံမှူး ​အဆက်အသွယ် ​မဖြတ်ခဲ့ပေမယ့် ​ဗြိတိန် ​အနေနဲ့တော့ ​ဥရောပ ​သမဂ္ဂရဲ့ ​ဆုံးဖြတ်ချက်အရ ​မြန်မာနဲ့ ​စစ်သံမှူး ​အဆက်အသွယ်ဖြတ်ခဲ့ပြီး ​ယခုနှစ်မှာ ​ပြန်လည် ​စတင်မှာ ​ဖြစ်ပါတယ်။
ဗြိတိန်အနေနဲ့ ​ယခုလို ​စစ်ဘက်ဆိုင်ရာ ​အကူအညီပေးဖို့တွေ ​လုပ်ဆောင်နေသလို ​အမေရိကန်ကလည်း ​မြန်မာစစ်တပ်ကို ​အဆင့်မြှင့်တင်ဖို့ ​အကူအညီပေးမယ့်အကြောင်းကို ​ပြောဆိုခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

အမေရိကန်က ​မြန်မာနဲ့ ​မူးယစ်တိုက်ဖျက်ရေးမှာ ​ပူပေါင်းဖို့ဆွေးနွေး၊ ​စစ်ဖက်ဆိုင်ရာ ​ပူးပေါင်းမှုလုပ်ဖို့လည်း ​လိုလား


မြန်မာနိုင်ငံအတွင်း ​တရားမဝင်မူးယစ်ဆေးဝါး ​ထုတ်လုပ် ​ကုန်ကူးမှုတွေကို ​ပူးပေါင်းတိုက်ဖျက်ဖို့ ​အမေရိကန်နဲ့ ​မြန်မာအစိုးရ ​ကိုယ်စားလှယ်တွေ ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ ​နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ​ဥပဒေစောင့်ရှောက်ရေး ​ဒုဝန်ကြီး ​William ​Brownfield ​မြန်မာနိုင်ငံမှာ ​ရောက်ရှိစဉ်အတွင်း ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။
တရားမဝင် ​မူးယစ်ဆေးဝါးကုန်ကူးမှု ​တိုက်ဖျက်ရေးနဲ့ ​မူးယစ်တိုက်ဖျက်ရေး ​တပ်တွေရဲ့ ​အရည်အချင်း ​မြှင့်တင်တိုးချဲ့မှုတွေ ​လုပ်သွားဖို့ ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။
အမေရိကန်အစိုးရက ​မြန်မာကာကွယ်ရေးတပ်ကို ​စစ်ရေးသင်တန်း ​ပေးတာတွေ ​၂၅ ​နှစ်ကြာ ​ရပ်တန့်ခဲ့ပြီး ​ခုအခါမှာ ​သင်တန်းတွေ ​ပြန်ပေးဖို့ ​ကြိုးစားနေချိန်လည်း ​ဖြစ်ပါတယ်။
အမေရိကန်အစိုးရကနေ ​မြန်မာကာကွယ်ရေးတပ်တွေကို ​သင်တန်းပြန်ပေးမယ့် ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​ဥပဒေပြုသူတချို့က ​ကန့်ကွက်မှုတွေ ​လုပ်နေပြီး ​မြန်မာတိုင်းရင်းသားဒေသတွေမှာ ​စစ်တပ်ကနေ ​တိုက်ခိုက်မှုလုပ်တာတွေ၊ ​ဒုက္ခသည်တွေအတွက် ​ကူညီထောက်ပံ့မှု ​ပိတ်ပင်တာတွေ ​လုပ်နေသေးတဲ့အတွက် ​အမေရိကန် ​အနေနဲ့ ​စစ်တပ်ပိုင်းဆိုင်ရာမှာ ​မြန်မာနဲ့ ​ပူးပေါင်းမှုတွေ ​မလုပ်ဖို့ ​တားဆီးကြတဲ့အတွက် ​ကြန့်ကြာမှုတွေ ​ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ​၁၉၈၈ ​ပြည်လုံးကျွတ်အရေးတော်ပုံအတွင်း ​စစ်တပ်ကနေ ​ပြည်သူတွေကို ​နှိမ်နင်းမှုလုပ်ခဲ့ရာက ​အမေရိကန်က ​မြန်မာစစ်တပ်နဲ့ ​ပူးပေါင်းမှု ​ရပ်ဆိုင်းလိုက်ချိန်ကစပြီး ​မြန်မာနိုင်ငံက ​တရုတ်၊ ​ရုရှားနဲ့ ​မြောက်ကိုးရီးယားကို ​အားကိုးမှု ​လုပ်ခဲ့ရာက ​ခုအခါမှာ ​နှစ်နိုင်ငံ ​စစ်ရေး ​ပူးပေါင်းမှု ​ပြုလုပ်ဖို့ ​ကြိုးစားလာကြတာ ​ဖြစ်ပါတယ်။
 
 
.. www.MyanmarExpress.net
 

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်မှုမထမ်း မနေရ ဥပဒေပြဋ္ဌာန်း သင့်ကြောင်း ရှမ်း တိုင်းရင်းသား ဒီမို ကရက်တစ်(ကျားဖြူ) ပါတီ ဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းက ပြောကြား

From : ..Eleven
 
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှု ပြုလုပ်ပါက ဗဟိုချုပ်ကိုင်မှု များနေသော အချက်များကို လျော့ချရန် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်(ကျားဖြူ) ပါတီအနေဖြင့် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက The Daily Eleven သို့ ပြောကြားသည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၅) အထွေထွေ ပြဋ္ဌာန်းချက်များပါ ဇယား(၁)မှ(၅)အထိ ပါဝင်သော ပြည်ထောင်စု၏ အခန်းကဏ္ဍများအား လျော့ချရန် ဖြစ်ကြောင်း သိရသည်။

ကျားဖြူပါတီ အနေဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အာဏာခွဲဝေရေး၊ မြေပေါ်မြေအောက် သံယဇာတ ခွဲဝေရေး၊ အခွန်အခများ၊ နယ်စပ်ကုန်သွယ်ရေး များမှရရှိသည့် အကျိုးအမြတ်များအား အချိုးကျ ခွဲဝေရေးကို အဓိက ပြင်ဆင်လိုခြင်း ဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ကဏ္ဍများကို ပြည်ထောင်စုမှသာ ကိုင်တွယ်လိုခြင်း ဖြစ်သည်။

''ကျွန်တော်တို့က ဗဟိုချုပ်ကိုင်မှု များနေတဲ့ အချက်တွေကို အဓိက ပြင်ဆင်လိုတာပါ။ ဘဏ္ဍာရေးလို ကိစ္စတွေမှာ ပြည်ထောင်စုက ကိုင်တွယ်ရတာ ရှိသလို တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကိုင်တွယ်ရတာတွေ ရှိပါတယ်။ အခွန်အခ တွေဆိုရင် ဗဟိုက ၅၀၊ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ၅၀ အချိုးကျ ခွဲဝေယူပေါ့။ နောက်တစ်ခုက ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်တာ မဖြစ်သင့်ဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်ပြီး သမ္မတက အသိအမှတ် ပြုတာမျိုးပဲ လုပ်သင့်တယ်။ ဒါမျိုးတွေပြင်ရမယ်။ တကယ်လို့ ၀န်ကြီးချုပ် အလုပ်မလုပ်လို့ ပြန်ဖြုတ်ချင်ရင်လည်း အဲဒီကိုယ်စားလှယ် တွေကပဲ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချလိမ့်မယ်'' ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ယင်းကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ၀န်ကြီးချုပ်အား ရွေးကောက်တင်မြှောက်ခွင့် ရရေးအပြင် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များ၏ ဥပဒေပြုခွင့် အာဏာကိုလည်း ပိုမိုခွဲဝေပေးရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ်ရန် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းသင့်ကြောင်း၊ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ စစ်မှုထမ်းခိုင်းမှသာ ပြည်သူအားလုံးသည် နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်၊ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာပြီး ပြည်သူနှင့် တပ်မတော်အကြား တစ်သားတည်းဖြစ်ကာ ပြည်သူ့တပ်မတော် ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ တပ်မတော်မှလည်း တိုင်းရင်းသား ပြည်သူများအပေါ် ယုံကြည်မှု ရှိနေမည်ဖြစ်ပြီး အဆိုပါ အချက်အား ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်း သင့်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ကော်မတီဝင်အဖြစ် ကျားဖြူပါတီမှ လွှတ်တော် ကိုယ်စားလှယ်များပါဝင်ပြီး အဆိုပါ ကိုယ်စားလှယ်များက ကော်မတီသို့ တင်ပြရန်အတွက် ပြင်ဆင်လိုသည့် အချက်များကို ပါတီတွင်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။


 .. www.MyanmarExpress.net
 

အမေရိကန်-မြန်မာ ကာကွယ်ရေးဝန်ကြီး သီးခြားတွေ့ဆုံ

From : ..voa


ကာကွယ်ရေး ၀န်ကြီးများ DMM-PLUS အစည်းအဝေးပွဲ၊ ဘရုနိုင်း၊ (သြဂုတ် ၂၉၊ ၂၀၁၃။)
.
 အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ၀န်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲပြင်ပ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) နဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ သြဂုတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ခဏတာ တွေ့ဆုံခဲ့ကြ တာပါ။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌတာဝန် ရယူမယ့်အပေါ် သူ့အနေနဲ့ ထောက်ခံတဲ့အကြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ အတွက် ပြင်ဆင် လုပ်ဆောင်တာတွေမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးကူညီသွားဖို့ မျှော်လင့်ထားကြောင်း မစ္စတာဟေဂဲလ်က ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ပြောခဲ့တယ် လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးအကြား သီးခြားတွေ့ဆုံတာမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း မရှိခဲ့ဖူး ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ ပြောင်းလဲမှု တွေရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အိုဘားမားအစိုးရရဲ့ အင်မတန် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုဖြစ်သလို မြန်မာနိုင်ငံ မှာ ဖော်ဆောင်နေတဲ့ အပြောင်းအလဲတွေနဲ့ လူ့အခွင့်အရေးပိုင်း တိုးတက်မှုတွေကို အသိအမှတ်ပြုတာလည်းဖြစ်တယ်လို့ အဲဒီ အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေ ဆက်ပြီးရသွားဖို့ အရေးကြီးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အရေးကြီးတယ်ဆိုတာတွေကို မစ္စတာဟေဂဲလ်က ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့တယ်လို့လည်း ပန်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ  ဂျော့ဂ်ျ လစ်တဲလ် (George Little) ကပြောပါ တယ်။

အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို မြန်မာ စစ်ဘက်က ထောက်ခံအားပေးတဲ့အပေါ် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်က ချီးကျူးပြောဆိုသလို ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားဖို့ကိုလည်း အားပေး တိုက်တွန်းခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေလေ့လာရေး အင်စတီကျူ (DIILS) နဲ့ မြန်မာ့ တပ်မတော်တို့ ပူးတွဲပြီး ဥပဒေရေးရာဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၂၈ ရက်နေ့ကစပြီး နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရေတပ်က ရေတပ် ဗိုလ်မှူးကြီး Captain ရောဘတ်တ် ဆန်းဒါးစ် (Robert Sanders) က ဦးဆောင်ပြီး စစ်ဘက်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာစစ်ဘက်က အရာရှိ ၂၀ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စစ်ဌာနချုပ်ရဲ့ တာဝန်ဝတ္တရား စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။

. www.MyanmarExpress.net

ယာဉ်တိုက်၍ ဆိုင်ကယ် မောင်းလာသည့် တပ်မတော်သား ပွဲချင်းပြီး သေဆုံး

From : .. the voice

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၈၇/၀နှင့် ၁၈၇/၁ ကြား တောင်နန်ချွန် ကျေးရွာ ဆည်မြောင်းရုံး ရှေ့တွင် သြဂုတ်လ ၁၈ ရက် ည ၇ နာရီခန့်က တပ်မတော်သား တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ကို ယာဉ်တစ်စီး အနောက်မှ ဝင်တိုက်သဖြင့် ဆိုင်ကယ် မောင်းနှင်လာသူ တပ်မတော်သား သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူသည် တောင်ငူမြို့နယ် ကေတုမတီမြို့သစ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းမှူးရုံးမှ မှန်စီကျေးရွာ တပ်ပိုင် လယ်တွင် တာဝန်ကျနေသူ အသက် ၄၇ နှစ်အရွယ် တပ်သား ဝင်းကို ဖြစ်ပြီး ၎င်းကို ဝင်ရောက် တိုက်မိသော မော်တော်ယာဉ်မောင်းသည် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ထပ်မံ စုံစမ်း စစ်ဆေးလျက် ရှိပြီး မော်တော်ယာဉ် မောင်းနှင် ထွက်ပြေးနိုင် သည့် လမ်းကြောင်းများနှင့် လမ်း အသုံးပြုခ ကောက်ခံသည့် CCTV များမှ တစ်ဆင့် လိုက်လံ စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

သေဆုံးသူသည် ၎င်းစီးလာသည့် Kenbo 110.CC အစိမ်းရောင် မော်တော် ဆိုင်ကယ်ဘေးတွင် ဦးခေါင်း၊ အောက်ပိုင်း၊ ဗိုက်ပွင့်ကာ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်း၏ စစ်ဆေးချက်များအရ သိရှိရသည်။

ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ပွဲချင်းပြီး သေ ဆုံးခြင်းဖြစ်ကြောင်းနှင့် ညအချိန် ဖြစ်၍ မျက်မြင်သက်သေလည်း မရှိဘဲ အမှု အမြန် ပေါ်ပေါက်ပါစေဟု အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိ ခဲ့သူ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ယင်း ယာဉ်တိုက်ခံရ၍ သေဆုံးမှုကို ယာဉ် (ပ) ၁၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ (က) အရ အမှုဖွင့် အရေးယူထားကြောင်း ရေတာရှည် မြို့နယ် မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။


 .. www.MyanmarExpress.net
 

ရှစ်လေးလုံးကာလ စစ်တပ် ဘာလုပ်နေလဲ (ဖြစ်ရပ်မှန် - ၁၆)










.

ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်



. www.MyanmarExpress.net
 

တစ်တိုင်းပြည်လုံး ဆန္ဒပြမှုများဖြင့် ပွက်ပွက်ညံနေသော ၈၈ အရေးအခင်းကာလ

From : ..ထိုက်သူ


နိုင်ငံ၏အရှေ.မြောက်ပိုင်းတွင်တိုက်ပွဲဝင်နေသော တိုက်ခိုက်ရေးတပ်မတစ်ခု၏ လက်အောက်ခံ တပ်များသို. အရေးကြီးကြေးနန်းတစ်စောင်ဝင်လာသည်။ လက်ရှိခြေကုပ်ယူသိမ်းပိုက်ထားသောနေရာများမှ ချက်ချင်း ခွါစစ်ဆင် တပ်ဆုတ်လာရန်ဖြစ်သည်။ တပ်မ၏အထက်ပိုင်းခေါင်းဆောင်များမှာ ပြည်တွင်းနှင့် အဆက်အသွယ်မပြတ်သောကြောင့် အဘယ့်ကြောင့်တပ်များ ကိုပြန်ခေါ်သည်ကို သိကြသော်လည်း လက်အောက်မှ ရဲဘော်များ၏စိတ်မှာ ဒွိဟပွါးသွားကြသည်။ ယခုသိမ်းပိုက်ထားသောနေရာများကို ရရှိဖို.အရေး အသက်ပေါင်းများစွာ စတေးလာခဲ့ပြီးမှ ယခုလို ချက်ချင်း တပ်ပြန်ဆုတ်ရမည်ဆိုတော့ မခံချိမခံသာ ခံစားကြရသည်။ မည်သို.ပင်ဆိုစေ နောက်တန်းကိုပြန်ဆင်းရမည်၊ မိသားစုနဲ.တွေ.ရတော့မည်ဆိုသည့်အတွေးကြောင့် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းဖြစ်ပျက်ခဲ့သော တိုက်ပွဲများ၏ အနိဌာန်ရုံများကို မေ့ပျောက်ကုန်သည်။ အလာလမ်းတွင် အတူလိုက်ပါခဲ့သော်လည်း အပြန်လမ်းတွင် အတူမလိုက် ပါနိုင်တော့သော ရဲဘော်ရဲဘော်များအတွက်မူ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

ထူးခြားသည်မှာ နောက်တန်းပြန်ဝင်ရန်အတွက် တပ်မမှူးမှ ရဲဘော်များအား စကားပြောရာတွင် ယခင်အခေါက်များလို အသက်မပါလှသည်ကို ရဲဘော်များ သတိထားမိကြသည်။ ပြည်တွင်းတွင်ဖြစ်ပျက်နေသည်များကို သိလိုကြသော်လည်း စစ်သားပီပီ ဘာမှပြန်မမေးခဲ့။ ကားပေါ်တွင်အသီးသီးနေရာယူပြီး နောက်တန်းသို.သာပြန်ဆင်းလာခဲ့ကြသည်။ အပြန်လမ်းကားပေါ်တွင်လည်း ယခင်နောက်တန်းပြန်အခေါက်များလို အချင်းချင်းမစနိုင်၊မနောက်နိုင်ကြ။ ပြည်တွင်းတွင် ဘာတွေဖြစ်ကုန်ကြပြီလည်းဆိုသည့်အတွေးကိုယ်စီနဲ. တဂျုံးဂျုံးဆူညံနေသောကားပေါ်မှာ တိတ်ဆိတ်စွာလိုက်ပါလာခဲ့ကြသည်။ ပြည်တွင်းသို.ခြေချမိပြီဆိုတာနဲ. လမ်းတလျှောက်ဖြစ်ပျက်နေသော အဖြစ်ပျက်တို.မှာ မြင်မကောင်းလှ။ မြို.ထဲဆီမှ မီးခိုးလုံးများ အူတက်နေသည်ကိုတွေ.နေရပြီး ဆူညံအော်ဟစ်သံများလည်း ကြားရစပြုလာပြီဖြစ်သည်။ တစ်စတစ်စနှင့် ရှေ.တန်းပြန်ရဲဘော်များမှာ နိုင်ငံ၏အခြေအနေကို ရိပ်မိလာကြသည်။ ထူးခြားသည်မှာ မိမိတို.သက်ဆိုင်ရာတပ်များရှေ.သို. ရောက်သော်လည်း အခါတိုင်းလို ကြိုမည့်မိသားစုတွေ တစ်ယောက်မှမရှိ။ ထိုထက်ပိုဆိုးသည်မှာ မိမိတို.ကိုသယ်ဆောင်လာသောကားတန်းကြီးမှာ မိမိတို.တပ်ရှေ.တွင်မရပ်ဘဲ မြို.ထဲဆီသို. တိုက်ရိုက်မောင်းနှင်သွားခြင်းပင်ဖြစ်သည်။ မြို.ထဲရောက်သည့်အချိန်တွင် မြင်လိုက်ရသည့်မြင်ကွင်းများကြောင့် ရဲဘော်များမှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဖြစ်သွားရသည်။ နေရာတိုင်းမှာတွေ.နေရသည်က ရှေ.တန်းစစ်မြေပြင်အလား အပျက်အစီးများ၊ မီးလောင်ပြင်များ။ ရဲဘော်အများစုတွေးမိသည်က ငါမိသားစုတွေကော ဘာတွေဖြစ်ကုန်ပြီလည်းဆိုသည့်အတွေး။ သို.သော်လည်း မိသားစုအရေးကို ဦးစားပေးမစဉ်းစားနိုင်သေး။ အထက်က ဘာတာဝန်ပေးဦးမလဲမသိသေးသည့်အတွက် စောင့်ဆိုင်းနေခဲ့ရသည်။ ထိုနေ.မှစတင်ကာ နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သားများအနေဖြင့် ရှုပ်ထွေးလှသော နိုင်ငံရေးထဲသို.၀င်ရောက်မိမှန်းမသိဝင်ရောက်မိကာ လူမိုက်ကြီးလုပ်ရတော့မည်ကို တပ်မတော်သားများအနေဖြင့် ကြိုတင်မသိရှိခဲ့ပေ။

တစ်ကယ်တော့ ၈၈ အရေးအခင်းမှာ တပ်မတော်အနေဖြင့် လူမိုက်အငှားခံခဲ့ရခြင်း သာဖြစ်သည်။ နောက်ပိုင်းတွင် တပ်မတော်သားများအနေဖြင့်လည်း လူမိုက်ငှားခံရမှန်းသိလာကြသော်လည်း လူမိုက်မလုပ်ရင် မဖြစ်တော့သည့် အခြေအနေတွေဖြစ်လာပြီမို. မမိုက်ချင်သော်လည်း ဆက်မိုက်ခဲ့ကြရပါသည်။ ယူဂျီများ၏သွေးထိုးမှုဖြင့် ဆူပူအကြမ်းဖက်နေသော လူဆိုးလူရမ်းကားများကို ခေတ္တလူမိုက်လုပ်နေရသောတပ်မတော်သားများက ငြိမ်သွားအောင်ပြုလုပ်ခဲ့ပြီးနောက် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်မှကာကွယ်နိုင်ခဲ့သော်လည်း အတိတ်မှ လူမိုက်လုပ်ခဲ့သည့်အရိပ်ကြီးက ယခုအချိန်ထိအောင် တပ်မတော်အပေါ် ခြောက်လှန်.နေဆဲဖြစ်ပါသည်။ မည်သို.ပင်ဖြစ်စေ တပ်မတော်သားများသည် ကိုယ့်တာဝန်ကိုကိုယ်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် နောက်ကျောလုံပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နိုင်ငံ၊မည်သည့်ခေါင်းဆောင်ဖြစ်စေ ၈၈ အရေးအခင်းကဲ့သို. မင်းမဲ့စရိုက်များပေါ်ပေါက်လာပါက ဖြေရှင်းရန်နည်းလမ်းအတွက် ၄င်းတို.အတွက် အားကိုးစရာမှာ တစ်ခုတည်းသာရှိတော့သောကြောင့်ဖြစ်ပါသည်။ ၄င်းအားကိုးစရာမှာ အခြားမဟုတ်ပါ။ တပ်မတော်ပင်ဖြစ်ပါသည်။

—

 .. www.MyanmarExpress.net
 

သစ်ခိုးထုတ်မှုဆိုးရွားနေ၍ စစ်တပ်အကူအညီဖြင့် ဖမ်းဆီးရန်စီစဉ်

From : ..7 day


ရန်ကုန်-ရှမ်းပြည်နယ်တွင် တရားမ၀င် သစ်မှောင်ခိုထုတ်ယူပြီး တရုတ်နိုင်ငံဘက်သို့ ရောင်းချနေမှုများ ဆိုးရွားစွာဖြစ်ပေါ်နေလျက်ရှိရာ တားဆီးနိုင်ရေးအတွက် စစ်တပ်အကူအညီ တောင်းထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

သစ်မှောင်ခိုထုတ်ယူမှု များပြားနေသလို တားဆီးရန်ကြိုးစားသည့် သစ်တောဝန်ထမ်းအချို့ကိုပင် ရန်ပြုခံရခြင်းကြောင့် ပြည်နယ်အစိုးရအနေဖြင့် တောတွင်းသို့ သွားရောက်တားဆီးရန် မလွယ်ကူကြောင်း၊ သစ်မှောင်ခိုထုတ်သူများကို ဖမ်းဆီးနိုင်ရန်အတွက် စစ်တပ်မှ အကူအညီပေးရန် စာရေးသား အကူအညီတောင်းထားခြင်းဖြစ်ကြောင်း ၀န်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းပြည်နယ်မှ သစ်ခိုးထုတ်မှု များပြားနေပြီး အထူးသဖြင့် နယ်မြေတည်ငြိမ်မှုမရှိသည့် ဒေသများမှ ခိုးထုတ်ကာ တရုတ်နိုင်ငံသို့ ရောင်းစားနေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သည့် မဘိန်းနှင့် မိုးမိတ်ဒေသများတွင် သစ်မှောင်ခိုထုတ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၀န်ကြီးက ပြောသည်။

“နမ့်ခမ်းတစ်ဝိုက်မှာ၊ ရွေလီကူးတို့ဆိပ်တစ်ဝိုက်မှာ တောက်လျှောက်ပေါ့။ တပ်ကို စာပို့ထားပြီး အကူအညီတောင်းထားတယ်။ စစ်တပ်နဲ့ ပိတ်ဆို့ဖမ်းဆီးဖို့ စီစဉ်ထားတယ်” ဟု ၀န်ကြီးက ပြောသည်။သစ်ခိုးထုတ်မှုများပြားသည်ဆိုသည့် မဘိန်းနှင့် မိုးမိတ်ဒေသများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်ဒေသများဖြစ်သည်။ ၎င်း ဒေသတွင် ကချင်နှင့်ရှမ်း လက်နက်ကိုင်အဖွဲ့များရှိသည်။

မဘိန်းနှင့် မိုးမိတ်ဒေသမှ သစ်များထုတ်ယူပြီး တရုတ်နိုင်ငံဘက်သို့သာမက ရေလမ်း၊ ကားလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးသို့တိုင် တရားမ၀င်သယ်ဆောင်မှုများရှိသည်ဟု ၎င်းဒေသသို့ လိုင်းကား မောင်းနှင်သွားလာလေ့ရှိသည့် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

သစ်မှောင်ခိုထုတ်ယူမှုများ တားဆီးရန်ကြိုးစားခဲ့ရာမှ ပြန်လည်ရန်ပြုခံရသဖြင့် သစ်တောဝန်ထမ်းတစ်ဦး သေဆုံးခဲ့သလို လွန်ခဲ့သောလပိုင်းက အခြားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် သစ်တောနှင့် သတ္ထုဝန်ကြီးက ပြောသည်။

ရှမ်းပြည်နယ်မှ ဖြတ်သန်းကာ သစ်နှင့် သစ်တောထွက်ပစ္စည်း၊ ကျောက်မျက်ရတနာနှင့် ရှေးဟောင်းပစ္စည်းများ တရုတ်နိုင်ငံဘက်သို့ တရားမ၀င်တင်ပို့မှု များပြားနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်က ပြောသည်။ ထိုသို့ တရားမ၀င်တင်ပို့နေမှုများအား စစ်ဆေးဖော်ထုတ်အရေးယူရန် လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လက နောင်ချိုမြို့တွင် ပြုလုပ်သည့် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့ လွှဲပြောင်းပွဲ၌ ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သစ် တာဝန်ယူပြီးသည့်နောက်ပိုင်းတွင် တရားမ၀င်ခိုးထုတ်နေသော သစ်များမှာ တစ်နှစ်လျှင် တန်ချိန်လေးထောင်ခန့် နှစ်စဉ်ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရှမ်းပြည်နယ်အကျယ် ၀န်း၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်းမှာ သစ်တောဖုံးလွှမ်းမှုဧရိယာဖြစ်ပြီး ပြည်နယ်အကျယ်အ၀န်း၏ ၂၂ ဒသမ ၈ ရာခိုင်နှုန်းကို ကြိုးဝိုင်းသစ်တောများအဖြစ် သတ်မှတ်ထားကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်မှ ကျွန်းသစ်နှင့်သစ်မာ စုစုပေါင်း တန်ချိန် သုံးသိန်းကျော် ထုတ်ယူခဲ့ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

တရားမ၀င် သစ်ခိုးထုတ်ခြင်းနှင့် သစ်များခုတ်လှဲကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုများကြောင့် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။


 .. www.MyanmarExpress.net
 

ကလေးစစ်သား ၆၈ ဦးလွှတ်ပေးတဲ့အတွက် ကုလကြိုဆို

From : ..voa


မြန်မာစစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အသုံးပြုမှု အဆုံးသတ်ရေး ကြိုးပမ်းမှုအနေနဲ့ ကလေးစစ်သား ၆၈ ဦးကို တပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။

ကလေးစစ်သား စုဆောင်းအသုံးပြုမှုကို ပယ်ဖျက်မယ်ဆိုပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ သဘောတူညီချက်ကို ဇွန်လအတွင်းက လက်မှတ်ရေးထိုးပြီးတဲ့ နောက် အခုလို ကလေးစစ်သားလေးတွေကို စစ်တပ်က ပြန်လွှတ်ပေးတာ ၄ ကြိမ်ရှိသွားပြီဖြစ်ပြီး၊ ဒီတခေါက်ကတော့ အရေအတွက်အများဆုံး လွှတ်ပေးတာပါ။

စုဆောင်းထားတဲ့ ကလေးစစ်သား ၄၂ နှစ်ယောက်ကို ပြန်အပ်နှံစဉ် (၃ စက်တင်ဘာ ၂၀၁၂)စုဆောင်းထားတဲ့ ကလေးစစ်သား ၄၂ နှစ်ယောက်ကို ပြန်အပ်နှံစဉ် (၃ စက်တင်ဘာ ၂၀၁၂)

အခုအချိန်အထိဆိုရင်တော့ မြန်မာစစ်တပ်အနေနဲ့ စစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၇၆ ဦးကို မိဘတွေထံကို ပြန်လည် ပေးအပ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ် အစောပိုင်း နောက်ဆုံးထားပြီး စစ်တပ်အတွင်းက ကျန်နေတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပြီး မိဘလက်ထံ လွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က မြန်မာအစိုးရက ကတိက၀တ် ပြုထားခဲ့ပါတယ်။

.. www.MyanmarExpress.net

အမေ့ခံ



ပိတ်ဆို့ မှု တွေဖွင့်လိုက်တော့

တစ်ချို့ တစ်ချို့ တွေ England မှာ

အိမ်တွေဝယ် ကြတယ်တဲ့ ~~~

သူတို့ တွေမှာရော နေစရာ အိမ်

သေသေချာချာ ရှိပါရဲ့ လား ?

နာမည်ခံ လူယုံ တွေနာမည်နဲ့

တစ်ချို့ တစ်ချို့ တွေ ဆွစ်ဇာလန်မှာ

ဘဏ်ငွေတွေအပ်သတဲ့~~~

သူတို့ ကတော့ ပင်စင်လေး

ရဖို့ မိုးရေထဲမှာ ....

တစ်ချို့ တစ်ချို့ တွေရဲ့ သားသမီး

တွေ ... နိုင်ငံတကာမှာပဲ

ကျောင်းထားသတဲ့ .... သူတို့

သားသမီးတွေရော ပညာရေးနပ်

မှန်ရဲ့ လား ?

တစ်ချို့ တစ်ချို့ တွေ ကုမ္ပဏီကြီး

တွေထောင် ဆယ်သက်စာချမ်း

သာပေမယ့် ....

အဆင်မပြေလွန်းလို့ စာအုပ်ရောင်း

တဲ့ သူတို့ကိုတော့လူတွေက

အော်ထုတ်သတဲ့ ....

မျိုးဆက်သစ် နောက်ပေါက်တွေ

က သူတို့ ကြောင့် အရှက်ရလို့တဲ့

အသက် သွေးချွေး တိုင်းပြည်

အတွက်စတေး ပေးဆပ်ခဲ့တယ်

သတ်ရဲခဲ့တယ် သေရဲခဲ့တယ်။

ဘယ်သူတွေနဲ့ တိုက်ခဲ့သလဲ ...

ဘယ်လောက်တောင်သေခဲ့သလဲ

တစ်ချို့ တစ်ချို့ တွေက သတင်းစာ

မှာ သိက္ခာမဲ့စွာ နာရေးတစ်ခု ကို

ဝမ်းနည်းကြောင်း ကြော်ငြာ

ထည့်တော့သူတို့တွေ

ဘယ်လောက်များ ယူကြုံးမရ

ဝမ်းနည်းလေမလဲ ....

သူတို့ နောင်ရေးအတွက် လုပ်ငန်း

ကြီးတစ်ခုတည်ထောင်

တောင်တွေ မြစ်တွေ ရောင်းမှ

သူတို့ အတွက် ချိုင်းထောက်တစ်

လက် ရသတဲ့ ......

တန်ဖိုးကြီး Golf set တွေ နဲ့

တစ်ချို့ တစ်ချို့ တွေ အပန်းဖြေ ..

သူတို့က jungle hat လေးကို

ဆောင်းထား နေပူထဲမှာ လမ်းသွား

ရတုန်း .....

တစ်ချို့ တစ်ချို့ တွေပေါ့ ဗျာ ~~~

ပြီးတော့ သူတို့ သူတို့ တွေပေါ့ဗျာ

~~~

ဘယ်သူတွေက လူဖြစ်ရှုံးနေသလဲ

ဘယ်သူတွေကိုပဲ မုန်းသင့်သလဲ !
.


. www.MyanmarExpress.net
 

မြန်မာစစ်အရာရှိတွေနဲ့ ဆက်ဆံရေးစဖို့ အမေရိကန်ပြင်ဆင်

From : ..voa

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes

 
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမှာ အသိအမှတ်ပြုတာနဲ့ အရေးယူလုပ်ဆောင်တဲ့ နည်းလမ်းနှစ်သွယ်ကို ဆက် အသုံးပြုနေပြီး စစ်ဘက်နဲ့ ကနဦး ထိတွေ့ ဆက်ဆံမှုတွေလုပ်ဖို့ ပြင်ဆင်နေပြီလို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါ တယ်။

အပြောင်းအလဲတွေ ရှေ့ဆက်ဖော်ဆောင်သွားမှသာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ဒီ့ထက်ပိုပြီး နက်ရှိုင်းလာ မှာဖြစ်သလို အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စ အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

 အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ တချို့ဝေဖန်နေကြသလို ချီးမြှောက်တာချည်း သက်သက်မဟုတ်ဘဲ နည်း ဗျူဟာပိုင်း အထောက်အပံ့ပြုတာမျိုး ပိုဖြစ်ပြီး ကိစ္စရပ်တွေကို ရှေ့ဆက်ဆောင်ရွက်ဖို့ နည်းလမ်းကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ ကူညီတာဖြစ်ပါတယ်လို့ သမ္မတအိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဘန်န် ရုဒ်စ် (Ben Rhodes) က ပြောပါတယ်။ 

 
စစ်ဘက်အရာရှိတွေနဲ့ ဆက်ဆံရေးပိုင်းကို ကနဦးအဆင့် စပြီး တည်ဆောက်သွားဖို့ဆိုတာမှာ တကယ့် စစ်ရေးဆိုင်ရာ၊ စစ်လက်နက်ပစ္စည်းပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးတာမျိုးတွေ လုံးဝမဟုတ်သေးပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်က် မစ်ချဲလ် (Derek Mitchell) က အခိုင်အမာပြောပါတယ်။

"လူလူချင်း အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်တွေနဲ့ ဥပဒေတွေပိုင်း၊ အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်တဲ့အပိုင်း၊ လူ့အခွင့်အရေးပိုင်း၊ ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းတစ်ခုမှာ စစ်ဘက်ရဲ့ သင့်တင့်လျောက်ပတ်တဲ့ အခန်းကဏ္ဍ စတာတွေနဲ့ပတ်သက်ပြီး ထိတွေ့ဆက်ဆံသွားဖို့ လုပ်ငန်းစဉ်တစ်ရပ်ကို ကျနော်တို့ စတင်နေပါတယ်။" လို့ သံအမတ်ကြီး ဒဲရက်က် မစ်ချဲလ်က ပြောပါတယ်။

မြန်မာစစ်ဘက်အရာရှိကြီးတွေဟာ အခုအခါမှာ စစ်ဘက်ဝန်ထမ်းအလုပ်ကို တကယ့် ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအဖြစ်၊ စစ်တပ်ကို ကျွမ်းကျင် အသက်မွေးဝမ်းကြောင်း အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ စိတ်အားထက်သန်နေ ကြပြီိဆိုတာ ပြောထားဖူးတယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမှာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့တာတွေကို လျှော့ပေါ့ရုပ်သိမ်းပေးတာလို အသိအမှတ်ပြုတာ တွေ လုပ်ခဲ့တာနဲ့အမျှ ဆက်ဆံရေးကို အမြဲ တိုင်းတာ သုံးသပ်ပြီး အရေးယူ လုပ်ဆောင်သင့်တာကို လုပ်သွားဖို့လည်း ပြင်ဆင် ထားပါတယ်လို့ မစ္စတာရို့ဒ်စ်က ပြောပါတယ်။

 "အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ၂၀၁၅ ခုနှစ်မှာ လွတ်လပ် မျှတ တဲ့ရွေးကောက်ပွဲ၊ လူတိုင်းရဲ့အသံကို ကြားနိုင်မယ့် အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖော်ဆောင်တာတွေကို ကျနော်တို့ မတွေ့ရဘူးဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးအတွက် အမေရိကန်ပြည်ထောင်စုက လုပ်နိုင်တာ သိပ်နည်းသွားပါလိမ့် မယ်။ ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံရေးဟာ အဖွင့်ကနဦးပိုင်းမှာပဲ ရှိနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ၊ စစ်ဘက်အချင်းချင်းနဲ့ နိုင်ငံရေးပိုင်းတွေအတွက် ကျနော်တို့ ဘယ်လောက်ထိ အထောက်အပံ့ပြုသွားမလည်း ဆိုတာကို နောက်လာမယ့်နှစ်နှစ်နဲ့ ဟိုဘက်ကာလတွေမှာ လုပ်ဆောင်မယ့် အဆင့်တွေအပေါ် အခြေခံပြီးတော့  ကျနော်တို့ တိုင်းတာသတ်မှတ်နိုင်ပါတယ်။" လို့ မစ္စတာရို့ဒ်စ်က ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြောင်းပြောရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စက မပါမဖြစ်ပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုက မြင်ပါတယ်။

 "အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကနေ မြန်မာလူထုအနေနဲ့ သူတို့ကြိုက်တဲ့လူကို သမ္မတအဖြစ် တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု မျိုးရဖို့ သေချာစေရေးဟာ အရေးကြီးတယ်လို့ ကျနော်တို့ထင်ပါတယ်။ အဲဒါဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပေါ် ရေးကိုရော လူ့အခွင့်အရေးကို ထာဝရ အကာအကွယ်ပေးရေးကိုပါ အာမခံချက်ပေးပါတယ်။" လို့ မစ္စတာရို့ဒ်စ်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုရထားပြီးသား တိုးတက်မှုတွေကို ချက်ခြင်းလက်ငင်းမှာ ခြိမ်းခြောက်နေတာတွေနဲ့ ရေရှည်မှာ ခြိမ်းခြောက်နေ တာတွေရှိနေပြီး အခုချက်ခြင်း အလေးအနက်ထားပြီး ကိုင်တွယ်ရမှာကတော့ လူမှုအဖွဲ့အစည်းတွေအကြား အကြမ်းဖက် အခြေအနေတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

ရေရှည်မှာရင်ဆိုင်ရမယ့် ခြိမ်းခြောက်မှုကတော့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ ဥပဒေပြုရေးပိုင်း လုပ်ဆောင် ရမယ့်ကိစ္စပဲဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ မိန့်ခွန်းရေးသားခြင်းဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဘန်န် ရို့ဒ်စ်က ပြောသွားပါတယ်။
.. www.MyanmarExpress.net

ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ပြီး တစ်ဦးပျောက်ဆုံး

From : ..the voice


မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ၂၀ ကျော် နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှု မြင့်မားခြင်းကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ မြစ်ရေကြီးခြင်းနှင့် တောင်ကျ ချောင်းရေလျှံခြင်းများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်အထိ ရေပြန်ကျခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

ရေကြီးမှုကြောင့် ဒေါက်ရပ်ကျေးရွာ မှ အသက် ၃၂နှစ် အရွယ်ရှိ ဦးသိန်းစိုး
ပျောက်ဆုံးလျက် ရှိကြောင်း ရေဘေး ဒုက္ခသည် ဒေါ်မြကြည်က ပြောကြားသည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၄၇၆ လုံး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများ ၁၈ ခု ဖွင့်လှစ်ထားရကြောင်း၊ ယင်းကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်ဒုက္ခသည် ၁၈၉၅ ဦးရှိကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းက ရှင်းပြသည်။

ယင်းရေကြီးမှုကြောင့် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် အိမ်ခြေ ၂၀၀ နီးပါး နစ်မြုပ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေါက်ရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အေးက ပြောကြားသည်။

"ရေသံကြားလို့ အောက် ငုံ့ကြည့်လိုက်တော့ ရေတွေက တက်လာပြီ။ ကျွန်မ မြေးနှစ်ယောက်ကို ဆွဲပြီး ဘုန်းကြီး ကျောင်းကို ထွက်ပြေးတယ်။ ရေတက်တာ တအားမြန်တော့ ခဏလေးပဲ။ ရင်ဘတ်ထိ ရေတွေ ရောက်လာတယ်" ဟု ရေဘေး ဒုက္ခသည်စခန်းမှ ဒေါ်မြကြည်က ရှင်းပြသည်။

အဆိုပါ ရေလွှမ်းမှုများကြောင့် ဘီးလင်းမြို့နယ်ရှိ လယ်ဧက ၄၀၀၀ ကျော် ရေနစ်မြုပ်နေကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းဆိုသည်။

ယင်းရေလွှမ်းမိုးမှု ကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ ပေါ်တွင် ရေမျက်နှာပြင် ငါးပေကျော် မြင့်တက်လာသဖြင့် ခရီးသည်ယာဉ် အစီး ၅၀၀ ကျော် သည် ၂၄ နာရီကြာ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း “ဝင်း” မှန်လုံယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

.. www.MyanmarExpress.net
 

မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်

From : .. MON


ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရတာ ၃ ရက်ရှိပြီဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ မှာ ရေဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရသူ နှစ်သောင်း ခွဲကျော်ရှိနေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမယ့် ထူးခြားမှုမရှိသေးပဲ နောက်ရက်တွေမှာ ရေကြီးမကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်အပေါ်မှာ မူတည်နေတယ်လို့ မြဝတီမြို့က ကုန်သည်တစ်ယောက် ကပြောပါတယ်။

မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေ စီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန် စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ် အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေ တည်ဆောက်ထားပါတယ်။

အခုလို မိုးကြီးတဲ့ ကာလတွေမှာဆို ရေကာတာကျိုးမှာ စိုးတဲ့အတွက် ဆည်ဖောက်ချလေ့ရှိပြီး ရေကြီးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အနှစ် ၂ဝ ကျော်မှာ အဆိုးဆုံး ရေကြီးမှု ဖြစ်တယ်လို့ သိရပါတယ်။

မြဝတီမြို့ရဲ့ ၄ ပုံ ၃ ပုံ ရေကြီးနေတဲ့အတွက် လောလောဆယ်မှာ သောက်သုံးရေရှားပါးလာတဲ့ အပြင်၊ဈေးတွေ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးဘဲ၊ ဘဏ်တွေကိုပါရေဝင်တဲ့အတွက် ပိတ်ထားရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စေတနာ့ဝန်ထမ်းဆရာဝန်တွေ၊ ဆေးမှူးတွေက လိုက်လံကူညီနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီ-ကော့ကရိတ်ကားလမ်းမှာလဲ တောင်ပြိုတဲ့အတွက် လမ်းတွေပိတ်နေပြီး၊ ကုန်စည်သွားလာမှု အတွက်ရော ခရီးသည်သွားလာရေးတွေအတွက်ပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

မြဝတီမြို့ တဘက်ကမ်း မဲဆောက်မြို့ရဲ့ မြို့လည်ခေါင်မှာတော့ ပြီးခဲ့တဲ့ရက်က ရေလွှမ်းခဲ့ပေမယ့် မြို့ရဲ့ ရေနှုတ်မြောင်း စနစ်ကောင်းတဲ့အပြင်၊ သောင်ရင်းမြစ်ကမ်းပါးကိုလဲ ထိမ်းသိမ်းထားနိုင်တဲ့အတွက် ရေပြန်ကျသွားပြီဖြစ် လို့ ဒေသခံတွေအတွက် ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးမခံလိုက်ရဘူးလို့ သိရပါတယ်။

.. www.MyanmarExpress.net
 

မွန် နှင့် ကရင် တွင် ရေကြီး.. စစ်တပ်မှလွဲ၍ ကူညီသူမရှိ

From : .. မြဝတီ

 ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ဇူလိုင် ၂၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ မှုများ ကြောင့် ပြည်သူအများ ရေဘေး တွေ့ကြုံလျက် ရှိရာ ဇူလိုင် ၂၈ရက်နှင့် ၂၉ရက်များတွင် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန် ရှိသူများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေရှိ တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော် သားများ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရေဘေး ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ နေရာချထား ပေး ကြသည်။

ထိုသို့ ပြောင်းရွှေ့ပေးရာ မြဝတီမြို့တွင် အိမ်ထောင်စု ၂၅၃စု၊ ကော့ကရိတ်မြို့တွင် အိမ်ထောင်စု ၁၂စု၊ လှိုင်းဘွဲ့မြို့တွင် အိမ်ထောင်စု ၁၉၅စု၊ ဘားအံမြို့ မြို့ပေါ် ရပ်ကွက်အချို့မှ အိမ်ထောင်စု ၁၁၇၇စု၊ ရွှေဂွန်း ကျေးရွာတွင် အိမ် ထောင်စု ၂ဝစု၊ ကြာအင်း ဆိပ်ကြီးမြို့တွင် အိမ်ထောင်စု ၆ဝစု၊ ဘုရားသုံးဆူ မြို့နယ်ခွဲ ချောင်းဆုံ ကျေးရွာတွင် အိမ် ထောင်စု ၅၈စု၊ ဘီးလင်းမြို့နယ်အတွင်း အိမ်ထောင်စု ၃၉၂စု၊ ရေးမြို့တွင် အိမ်ထောင်စု ၁ဝ၃စုတို့အား သက်ဆိုင်ရာ ရေဘေး ကယ်ဆယ်ရေး စခန်း အသီးသီးသို့ ကူညီရွှေ့ပြောင်း ပေးခဲ့ပြီး နယ်မြေခံ ဆေးတပ်ဖွဲ့များနှင့် ကျန်းမာရေး ဝန်ထမ်း များက ဆေးအကာ အကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။























.. www.MyanmarExpress.net

မြန်မာရေတပ်ဦးစီးချုပ်၏ အန္ဒိယခရီးစဉ်

From : .. voa



မြန်မာရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ အိန္ဒိယ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီဗန်ဒရာ ကူမာ ဂျိုရှီ (D.K. Joshi) နဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ တွေ့ဆုံပြီး အိမ်နီးချင်း နှစ်နိုင်ငံ ရေတပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ မြန်မာရေတပ် အကြီးအကဲ တစ်ဦးအနေနဲ့ အိန္ဓိယနိုင်ငံကို တရားဝင် အလည်အပတ် ရောက်ရှိလာတာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဌာနရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီး အရခ်ခါ ပါရမ်ဘေလ် ခူရိမ် အန်တိုနီ (Arackaparambil Kurien Antony) နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ အိန္ဒိယရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီဗန်ဒရာ ကူမာ ဂျိုရှီ ကတော့ အခုလို တွေ့ဆုံမှုဟာ နှစ်နိုင်ငံ ရေတပ်အကြား ပိုမို ဆက်ဆံရေးကို တိုးမြှင့်ဖို့ကို ဆောင်ရွက်ဖို့ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ မြေပြင်၊ ရေပြင်၊ နယ်စပ်နဲ့ ရေတပ်ချင်းလည်း နီးနီးကပ်ကပ် ဆက်ဆံရေး ရှိပါတယ်။ အခု တွေ့ဆုံပွဲအတွင်းမှာတော့ အခုလို နီးကပ်တဲ့ ဆက်ဆံရေးထက်ပိုပြီး နောက်တဆင့် မြှင့်ဖို့ ဆွေးနွေးကြမှာပါဆိုပြီး ဗိုလ်ချုပ်ကြီး ဂျိုရှီ က ပြောပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ နှစ်ကာလကြာမြင့်စွာကတည်းက နှစ်နိုင်ငံတပ်ဖွဲ့တွေကြား နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

အထူးသဖြင့် အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ပြိုင်ဘက် တရုတ်နိုင်ငံနဲ့ ဒေသတွင်းမှာ အင်အား ချိန်ခွင်လျှာညှိနိုင်ဖို့အတွက် အရှေ့တောင်အာရှဒေသက တောင်တရုတ်ပင်လယ်တွင်းနဲ့ မလက္ကာရေလတ်ကြားမှာ အင်အားတိုးချဲ့ဖို့ကိုလည်း ဆောင်ရွက်နေတာပါ။ အိန္ဒိယအခြေစိုက် ၁၉၉၀ ရွေးကောက်ပွဲလွှတ်တော်အမတ် ဒေါက်တာတင့်ဆွေ ကတော့ အခုလို ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ စစ်အင်အားနဲ့ ယှဉ်ပြိုင်နိုင်အောင် အာဆီယံနိုင်ငံတွေနဲ့ ပိုပြီးတော့ အိန္ဒိယက တိုးလာတယ်။ မကြာသေးခင်က ဗီယက်နမ်ကို သူတို့ ကမ်းလှည့်ရေယာဉ်တွေအတွက် သန်း ၁၀၀ ပေးမယ်လို့ သတင်းတွေ ထွက်လာတယ်။ ဆိုတော့ကာ အိန္ဒိယက ဗမာနိုင်ငံနဲ့လည်း အလားတူပေါ့လေ ဘင်္ဂလားပင်လယ်အော်ကို အကြောင်းပြုပြီးတော့ ရေတပ်ချင်း ဆက်ဆံမှုကလည်း သေချာပေါက် တိုးလာမှာဖြစ်ပါတယ်။”

ဒါ့အပြင် စစ်ရေးတစ်ခုတည်းသာ မဟုတ်ဘဲ ဒေသတွင်း စီးပွားရေးဆိုင်ရာ အခင်းအကျင်းတွေကြောင့်လည်း အိန္ဒိယဘက်က အခုလို မြန်မာနဲ့ ဆက်ဆံရေး နီးကပ်လိုတာ ဖြစ်တယ်ဆိုပြီးတော့လည်း ဒေါက်တာတင့်ဆွေက ဆက်ပြောပါတယ်။

“လုံခြုံရေး၊ ကာကွယ်ရေးတင် မကဘဲနဲ့ စီးပွားရေး အချက်အခြာပေါ့လေ ဥပမာ - သဘာဝဓာတ်ငွေ့သိုက်တွေကလည်း အဲ့ဒီထဲမှာရှိတယ်။ အလားတူပဲ အိန္ဒိယက လုပ်နေတဲ့ ကုလားတန်မြစ်ဝမြစ်ကြောင်းနဲ့ စီမံချက်တွေကလည်း ဘင်္ဂလားပင်လယ်အော် အ၀မှာ ရှိနေတော့ကာ အိန္ဒိယအတွက်လည်း အင်မတန်မှ အရေးပါတဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ကာ အိန္ဒိယကလည်း ဗမာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးတော့ ရချင်မှာဖြစ်သလို၊ ဗမာနိုင်ငံကလည်း ဒီအပေါ်မှာ ချိန်ဆရမယ်လို့ ကျနော် ယူဆနိုင်ပါတယ်။”

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံ အရှေ့နယ်စပ်နဲ့ မိုင် ၁၀၀၀ ကျော် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အခြေချတပ်စွဲထားတဲ့ အိန္ဒိယလက်နက်ကိုင် သူပုန်တွေကို နှိမ်နင်းဖို့အတွက် အိန္ဒိယဘက်က မြန်မာဘက်ကနေ အကူအညီကို လိုအပ်နေတာအပြင် မြန်မာနဲ့ နယ်စပ်ချင်း ကုန်သွယ်မှုကနေ သီးခြားဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ချင်နေတာလည်း ဖြစ်ပါတယ်။ 


.. www.MyanmarExpress.net
 

မြန်မာ့ တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် တပ်မတော် ပူးတွဲ၍ အစွန်းရောက် မွတ်ဆလင် ကုလားဆိုး အကြမ်းဖက်အဖွဲ့များအား နှိမ်နင်းတော့မည်

From : Ko John


လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အနေဖြင့် မြန်မာ့စစ်သင်္ဘော UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဘင်္ဂလားဒေ့ရှ် ရေတပ်၏ ဖိတ်ကြားချက်အရ ၂၀၁၃ ဇွန်လ ၈ ရက်နေ့က စစ်တကောင်းဆိပ်ကမ်းသို့သွားရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာရေတပ် သဘောင်္သည် ဘင်္ဂလားဒေ့ရှ်သို့ လာလည်ခြင်းဖြစ်ပြီး ယခုပြုလုပ်သော မြန်မာရေတပ် သဘောင်္၏ ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အလည်အပတ် လာရောက်သည့် မြန်မာစစ်သင်္ဘောအား စစ်တကောင်း ရေတပ်စစ်ဌာနချုပ် ရေတပ်ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုခဲ့ပြီး အဆိုပါ မြန်မာစစ်သင်္ဘောသည် ၂၀၁၃ ဇွန်လ ၁၁ ရက်နေ့တွင် စစ်တကောင်းမှ ပြန်လည်ထွက်ခွာ လာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရမှ အစွန်းရောက် မွတ်ဆလင် ကုလားဆိုး အကြမ်းဖက်အဖွဲ့များအား နှိမ်နင်းနေစဉ် ...

Video Link : https://www.facebook.com/photo.php?v=10151488945567885&set=vb.552352884&type=3

အစ္စလာမ်မစ် Hefajat –e- Islam မွတ်ဆလင် ကုလားဆိုး အကြမ်းဖက်အဖွဲ့မှ သူတို့ အဖွဲ့ထဲက ဒက္ကားမြို့ မူတီဂျေးလ် ( Motijheel) ဧရိယာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်းမူကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၀၀ ခန့်ရှိပြီး မြောက်များစွာသော ၎င်းတို့၏ မွတ်ဆလင် ကုလားဆိုး အကြမ်းဖက်အဖွဲ့ဝင်များ ပျောက်ဆုံးနေတယ်လို့ အစ္စလာမ်မစ် Hefajat –e- Islam မွတ်ဆလင် ကုလားဆိုး အကြမ်းဖက်အဖွဲ့မှ ပြောပါတယ်။


.. www.MyanmarExpress.net
 

ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ရောက်ရှိ

From : ..မြဝတီ

နေပြည်တော်   ဇွန်   ၂
ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် (Chief of Defence Staff) General Sir David Richards နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ယနေ့ညနေ ၆ နာရီ မိနစ် ၄ဝ က လေကြောင်းခရီးဖြင့်  ရန်ကုန်မြို့သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် ဇာနည်ဝင်း၊ ဧရာဝတီ ရေတပ် စခန်း ဌာနချုပ်၊  ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး H.E Mr.Andrew Heyn နှင့် စစ်သံမှူးတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။       

ကာချုပ်၏ အထူးအခွင့်အာဏာ လွှဲအပ်ချင်းခံထားရသူ မြန်မာစစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး နှင့် အင်တာဗျူး

From : ..irrawaddy
 


မေး။     ။ကချင်ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး တပ်မတော်က ဘယ်လိုအခန်း ကဏ္ဍတွေကနေ ထပ်မံ ပါဝင်သွာဦးမလဲ။

ဖြေ။     ။ ငြိမ်းချမ်းရေးက ပြီးသွားပြီလေ။ ဆက်လက် ပါဝင်ဖို့ဆို တပ်မတော် တာဝန်က နိုင်ငံကို ကာကွယ်ရေး တာဝန်လေ၊ ကာကွယ်ရေးတာဝန် ထမ်းဆောင်ရေးနဲ့ တခုကတော့ လေ့ကျင့်ရေး တာဝန်ပေါ့။ နောက် ပြည်သူ့အကျိုးပြု တာဝန်တွေ ဆက်လုပ်သွားမယ်။ ဒီမှာ ပြည်သူ့ အကျိုးပြု တာဝန်တွေ လုပ်တာမှာ ကချင်ပြည်နယ်ကလည်း ကိုယ့်တိုင်းရင်းသားတွေ ပြည်သူလူထုပဲ။ ဒီတော့ ဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးထားတာလည်း ရှိတယ်။ သူတို့အတွက် လယ်တွေ ပေးဖို့ရှိတယ်။ ဒီမှာ တပ်မတော်သားတွေ ကနေ လိုအပ်ရင် ၀ိုင်းပြီး ထွန်ယက် လုပ်ဆောင်ပေးမယ်။ တပ်မတော်က ဘယ်အခန်းက ပါမလဲဆိုရင် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်တွေ ရပ်သွားပြီဆိုရင်တော့ ပြည်သူ့ အကျိုးပြုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ KIO အဖွဲ့နဲ့လည်း ဒုက္ခသည်တွေကို ဘာတွေပြန် လုပ်ပေးမလဲဆိုတာ တပ်မတော်ဘက်က လုပ်ပေးနိုင်တာကို ပြောခဲ့တယ်။

မေး။     ။ ခေတ်ကာလ တခုမှာ တပ်မတော် ရပ်တည်မှုက ပြည်သူတွေအမြင်မှာ အားကိုးဖို့ထက် ကြောက်ရွံ့စရာ တခုလို့ မြင်တာတွေ ရှိနေခဲ့တဲ့အပေါ် အားကိုးထိုက်တဲ့ တပ်မတော်ဖြစ်ဖို့ ဘယ်လိုပြန်လည် လုပ်ဆောင်သွားမလဲ သိချင်ပါတယ်။

ဖြေ။     ။ အရင်တုန်းကတော့ တပ်မတော်ဟာ အုပ်ချုပ်တဲ့အစိုးရ။ အစိုးရနဲ့ ပြည်သူဆိုတာက ပြည်သူအမြင်မှာ အစိုးရဆိုတာ ၁၀၀ ရာခိုင်နှုန်း မကောင်းနိုင်ဘူး။ အဲဒီလိုဆိုတော့ တပ်မတော် အပေါ်လည်း ဘယ်လိုမှ ကောင်းစရာ အကြောင်းမရှိဘူး။ ဘယ်လို ကောင်းအောင် လုပ်လုပ် အဆိုးမြင်တာလည်း ရှိတယ်၊ အကောင်းမြင်တာလည်း ရှိတယ်။ အခုက တပ်မတော်က အုပ်ချုပ်တဲ့ အစိုးရထဲမှာ မပါဘူး၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် တခုပဲပါတယ်။ အခုဆို မိတ္ထီလာမှာ ဖြစ်တဲ့ ပဋိပက္ခ တွေမှာဆို တပ်မတော်က အရင်ဆုံး အုပ်ချုပ်မှု ကိစ္စတွေ ဆောင်ရွက်ပေးရတယ်။ ငလျင်လှုပ်တုန်းကလည်း ဒီလိုပဲ။ ကိုယ်တိုင် သွား တာဝန်ယူရတယ်။ အဲဒီမှာဆို အမျိုးသမီးတွေ ထိုင်ကန်တော့တာတွေရှိတယ်။ ကြွားပြောတာမဟုတ်ဘူး။ တပ်မတော် ရောက်လို့ သူတို့တွေရဲ့ပစ္စည်းတွေ မပျက်ခဲ့ဘူးဆိုပြီး ကန်တော့လာခဲ့တာတွေ ရှိတယ်။ အဲဒါဘာလဲဆိုရင် ခေတ်စနစ်ရဲ့ ဒီနေ့ စနစ်မှာ တပ်မတော်သည် ဘယ်အခန်းက ပါသလဲပေါ့၊ စဉ်းစားကြည့်လို့ ရပါတယ်။ ပြည်သူနဲ့ တသားတည်းရှိပြီး တသားတည်း ဖြစ်အောင် ကြိုးစားနေတာပေါ့လေ။ ပြောင်းလဲတယ်ဆိုတာ ဒါပဲ။ ပြည်သူတွေ အရေးကို တပ်မတော်က ကြိုးစား ဆောင်ရွက် နေတယ်။ ဒီကနေ့ တပ်မတော်ဟာ ဒီတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ကချင်ငြိမ်းချမ်းရေးမှာ ဆိုလည်း ဒီအတိုင်းပဲ။ KIO အဖွဲ့နဲ့ ကိုယ်တို့တွေ ဆွေးနွေးတယ်။ တပ်မတော်အနေနဲ့ ဘယ်လောက်အထိ ဆောင်ရွက်လာသလဲ ဆိုတာကို သူတို့ ယုံကြည်တယ်။

ဒီနေ့ပြောတယ်၊ အပစ်အခတ် ရပ်စဲရေး၊ ပါးစပ်ကပြောနေတယ်။ အရင်တုန်းကလည်း ပြောနေတာပဲ ပြောကြမယ်။ သူတို့ မယုံရင် ဘယ်လို ဖြစ်လာမှာလဲ။ ပြောင်းလဲလာတဲ့ တပ်မတော် အနေအထားအပေါ်မှာ သူတို့ ယုံကြည်လာတယ်။ အလားတူပဲ ကျန်တဲ့ ပြည်သူတွေလည်း ဒီအပေါ်မှာ ကိုယ်တို့အပေါ် ယုံကြည်မှုတွေ အထိုက်အလျောက် ရမယ် ထင်ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ပြောင်းလဲမှုတွေကို တချို့ ပြည်သူလူထုက လက်ခံလာတာတွေ ရှိတယ်။ လက်မခံနိုင် သေးတာလည်း ရှိတယ်။ သို့သော်လည်းပဲ အရင်တုန်းက န၀တထက် စာရင်တော့ တပ်မတော်ကို ပြည်သူတွေ ယုံကြည် အားကိုးမှု ပိုလာတယ်လို့ ပြောလို့ရပါတယ်။

မေး။     ။ ပြည်သူတွေနဲ့ ပတ်သတ်ပြီး တချိန်က တပ်မတော်ဘက်က သိမ်းယူထားခဲ့တဲ့ မြေတွေကို ပြန်ပေးမယ် ဆိုတဲ့ ကိစ္စကကော ဘယ်လိုအခြေအနေ ရှိပြီလဲ။ ဘယ်တော့လောက် ပြန်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ ဒီကိစ္စကတော့ ကိုယ်က စစ်ဆင်ရေးပဲ တာဝန်ယူရတာပေါ့။ စစ်ရေး၊ စစ်ထောက်၊ စစ်ဦးစီး ဆိုတာ ကိုယ်တို့ တပ်မတော်မှာ ရှိပါတယ်။ ဒီကိစ္စက စစ်ထောက်ပိုင်းက တာဝန်ယူရမှာပေါ့။ အသေးစိတ်တော့ သေချာမသိဘူးပေါ့။ သို့သော်လည်းပဲ တပ်မတော် ဆိုတာက ပြည်သူတွေ ဒုက္ခရောက်အောင် ဘာတခုမှ မလုပ်ရဘူး။ ဒါတွေကိုလည်း ဆက်လက် ဆောင်ရွက်နေမယ်။ ကိုယ်ထင်ပါ တယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒကလည်း ပြည်သူ့အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်ပေးမယ် ထင်ပါတယ်။

မေး။     ။ လက်ရှိ တပ်မတော်က ပြောင်းလဲနေပြီလို့ ပြောနေပြီ။ ငြိမ်းချမ်းရေးတွေလည်း ၁၀ ဖွဲ့နဲ့ လုပ်ဆောင်ပြီး နေပြီ ဆိုပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နေရတာတွေ ရှိတယ်နော်။ ဒီအပေါ်မှာ စစ်ဆင်ရေး တာဝန်ယူထားသူ တဦးအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။     ။ ဒါတွေက လုပ်ပြီး ယူနေတာလား၊ တကယ်ဖြစ်တာလား ဆိုတာ သိကြမယ်ထင်ပါတယ်။ တခုပဲ သူတို့က ကိုယ်တို့အပေါ်မှာ ယုံကြည်ရင်တော့ ဘာမှ ဖြစ်လာစရာမရှိဘူး။ မယုံကြည်ရင်တော့ ဖြစ်မှာပဲ။ ယုံကြည်တယ် မယုံကြည်ဘူး ဆိုတာတော့ စဉ်းစားကြည့်လေ။ တခုပဲ ဥပမာ ပေးချင်တယ်၊ နီးနီးနားနားဆို KIO နဲ့ တပ်မတော်ဟာ နားလည်မှု တခု ရလာလို့ ဒီနေ့လို အခြေအနေအထိ ရောက်လာတာပါ။ ဒါကြောင့်မို့ တပ်မတော်က ပြီးပြီးရော ပြောတာပဲ၊ ပြီးရင် ဒုံရင်းအတိုင်း ပြန်ဖြစ်မှာပဲ ဆိုတာက မရှိဘူး။ ဒီမှာ မီဒီယာ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။  ပြီးခဲ့တဲ့ ရွှေလီ KIO ဆွေးနွေးပွဲမှာ တပ်မတော်နဲ့ KIO ဆွေးနွေးပွဲဟာ အလှမ်းကွာဝေးဆဲလို့ ရေးကြတယ်။ တပ်မတော်နဲ့တော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့ဖြစ်လာပြီ။ တပ်မတော်က အပြောထက် အလုပ်နဲ့ သက်သေပြလာပြီ။ ဘာပဲပြောပြော ယုံကြည်မှုပါပဲ။ သူတို့ ယုံကြည်မှုတွေ ပေါ်မှာပဲ မူတည်ပါတယ်။ တယောက်နဲ့ တယောက် ယုံကြည်မှု ရှိရင် ဘာမှဖြစ်မလာနိုင်စရာ မရှိပါဘူး။

မေး။     ။ လက်ရှိ KIO ဆွေးနွေးပွဲ ရလဒ်က တပ်မတော်ဘက်က တကယ်ပဲ စိတ်ထဲကပါပါ လုပ်ဆောင် လာခဲ့တာလား၊ တပ်မတော်က အလျှော့ပေးခဲ့တာ များလား။

ဖြေ။     ။ အခုက ဘယ်သူက အလျှော့ပေးတယ်၊ ဘယ်သူက လျှော့လိုက်တယ် ဆိုတာ မရှိပါဘူး။ တပ်မတော် ကလည်း လျှော့ပေးတာ မဟုတ်သလို KIO ဘက်ကလည်း လျှော့ပေးခဲ့တာမျိုး မဟုတ်ပါဘူး။ တခုပဲရှိတယ်၊ နားလည်မှု ဆိုတာပဲ ရှိပါတယ်။ နောက် တခုကတော့ အပြန်အလှန် လေးစားမှုပဲ။ အကုန်လုံး သိနိုင်ပါတယ်။ လုပ်ယူပြီး ဆောင်ရွက်ခဲ့တာ မရှိပါဘူး။

မေး။     ။ ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူတွေနဲ့ တွေ့တာမှာ တချိန်မှာ KIO ဟာလည်း ကချင်ကို ကာကွယ်တဲ့ တပ်တခု ဖြစ်လို့ နိုင်ငံကို ကာကွယ်နေတဲ့ တပ်မတော်မှာ ပါဝင်နိုင်ဖို့ တောင်းဆို သွားမယ်ပြောတယ်။ ဒီမှာ တိုင်းရင်းသား တပ်မတော်က ၁၁ ဖွဲ့တောင် ရှိတော့ ပူးပေါင်းမယ်ဆို လက်ရှိ တပ်မတော်က လက်ခံမှာလား။

ဖြေ။     ။ ဟုတ်ပြီ။ တခုက ဗမာဆိုတာ မရှိဘူး။ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကယား အကုန် တိုင်းရင်းသားစုံ အတူတူ နေထိုင်တာ မြန်မာပြည်။ တပ်မတော်ဆိုတာ ဖွဲ့စည်းပုံ အခြေခံမှာဆိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်ရမှာက လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တစုတဝေးတည်း ရှိရမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ ဒါတွေလည်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် လက်အောက်မှာပဲ ရှိရမယ်။ အဲဒါ ဖွဲ့စည်းပုံ  အခြေခံမှာ အတိအလင်း ပြောထားပြီးသားပဲ။ အဲဒီလို ပြောလို့ ဗမာ့ တပ်မတော်က နယ်မြေအသီးသီးကို လွှမ်းမိုးချုပ်ကိုင် ထားမယ်။အဲဒီလို မဟုတ်ဘူး။ အဲဒါတွေက နားလည်မှု ရှိဖို့လိုတယ်။

မေး။     ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့အပေါ်၊ ဒီဖွဲ့စည်းပုံဟာ တပ်မတော်အတွက်ပဲ ရည်ရွယ်ဆွဲထားတယ်လို့ ပြောကြတဲ့အပေါ် တပ်မတော်သား တဦး အနေနဲ့ ဘာများပြောချင်မလဲ။

ဖြေ။     ။ အဲဒါကတော့ အမေရိကန်မှာ နိုင်ငံတော် သမ္မတကြီး ဖြေသွားတာရှိပါတယ်။ အဲဒီအတိုင်းပါပဲ။ သမိုင်း အစဉ်အလာ အရပေါ့။ နိုင်ငံရေး အစဉ်အလာမှာ ပါဖို့ ကိုယ့်ကို ၀န်ကြီးလုပ်ပါလားမေးရင် ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က တပ်မတော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန် ထမ်းဆောင်နေတာမှာ ၀န်ကြီးလုပ်စရာ အကြောင်းမရှိဘူး။ ဆိုတာကတော့၊ လူတိုင်းကတော့ သူရာထူး အဆင့်နဲ့ သူ့ဘာသာရှိပါတယ်။ လူတွေ စိုးရိမ်နေကြသလို တပ်မတော်က လိုက်ပြီး ရာထူးတွေ ယူနေကြတယ်။ အဲဒီလို မရှိပါဘူး။ တချို့နေရာတွေမှာ တန်ရာတန်ရာ ပေးတာတွေတော့ ရှိတာပေါ့လေ။ ဝေါဟာရလည်း ရှိပါတယ်။ လူဆိုတာ တန်ရာတန်ရာ ဖြစ်တယ်ဆိုတာ၊ ဒီလို တန်ရာတန်ရာ ဖြစ်ကောင်း ဖြစ်မှာပေါ့။ အဲဒါနဲ့ ပတ်သတ်လို့ လွှတ်တော်မှာ တပ်က ၅၀ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းပါတယ် ဒီလိုဆိုပြီး ပြဿနာတွေလည်း မရှိပါဘူး။ တပ်မတော်သား တွေကလည်း ဒီလွှတ်တော်မှာ မပါရလို့ ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ပါဘူး။ သို့သော်လည်းပဲ နိုင်ငံလိုအပ်ချက် အရ ဖွဲ့စည်းပုံက ရေးဆွဲထားတဲ့ အပေါ်မှာ တို့တွေက ဘာငြင်းလို့ရမလဲ။ မပါလို့ကော တပ်မတော်က ဘာများပြောစရာ ရှိလာမှာလဲ။ No Problem ကိစ္စပါ။

မေး။     ။ တပ်မတော်ဟာ ဖွဲ့စည်းပုံမှာ အခုလို နေရာရနေတဲ့ အပေါ် တချိန်ချိန် အာဏာပြန်ရယူ နိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေကြတဲ့အပေါ် ဘာများပြောချင်မလဲ။

ဖြေ။     ။ တခုက ကိုယ်ကိုယ်တိုင် ဒီထဲကို ဘွဲ့ရပြီးမှ ၀င်ခဲ့တာပါ။ အရေးအခင်းတွေ အကုန် ကိုယ်မီပါတယ်။ ဦးသန့်တို့၊ ဇွန် ၆ တို့ ကောင်းကောင်း မီခဲ့တာပေါ့။ မှိုင်းရာပြည့်တို့ ကြုံခဲ့တယ်။ တပ်မတော်ဟာ ခေတ်စနစ်အရ ပြောင်းလာတာ။ ကိုယ်လည်း မ၀တ လုပ်လာခဲ့ဖူးတယ်။ တပ်မတော်ဟာ ခေတ်စနစ်အရ ပါဝင်ရတာပဲ။ ဒီနေ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေးလို့ ပြဌာန်းထားတယ်။ ပြည်သူရွေးတဲ့ အဆိုက ပေါ်လာပြီ။ အဲဒီအပေါ်မှာ တပ်မတော်သား တွေက ဘာများ စထူးပြီး မက်မောတွယ်တာ စရာများ ရှိနေမှာလဲ။ ဒါက ဘာမှပြဿနာ မရှိဘူး။ တချို့ ထင်မယ်၊ နေရာယူတယ်တို့၊ တပ်မတော်သား တွေက မိုးကျရွှေကိုယ်တို့၊ ဒါတွေက တခေတ်တခါကတော့ ဟုတ်ကောင်းဟုတ်မှာပေါ့။ ဒီနေ့ခေတ်မှာ တချို့ အပိုင်းတွေက ခေတ်စနစ်အရ ပြောင်းလဲသွားပြီဆိုတာ ဧရာဝတီကနေလည်း ပြောချင်တယ်။ ဒါက ဘာပြဿနာ ကြီးကြီးမားမားမှ မဟုတ်ဘူးလို့။

ရှင်းရှင်းပြောရရင် ကိုယ်လည်း တက္ကသိုလ် ကျောင်းသား ဘ၀ပြီးမှ တပ်ထဲ ရောက်တာ။ စစ်တပ်ကို မုန်းတဲ့အထဲမှာ ကိုယ်လည်း ပါတယ်။ ဦးသန့် အရေးအခင်း တုန်းကဆို ကိုယ်ပါခဲ့တယ်။ အဲဒီတုန်းကဆို တပ်မတော်သားတွေဆို တအား မုန်းတယ်။ ဒါပေမယ့် အခြေအနေတခု အရ တပ်ထဲရောက်တယ်။ တပ်ထဲ ရောက်တော့ အထက်က ပေးတဲ့ အမိန့်အတိုင်း ဆောင်ရွက်ရတယ်။ တာဝန်ပေးလို့ လုပ်ရတာပေါ့လေ။ ဒါကြောင့် ခေတ်စနစ် အနေအထားကြောင့် တပ်မတော် ဆိုတာလည်း ပြောင်းလဲသွားတာပါပဲ။ ဘယ်သူတွေ ဘာတွေ မဟုတ်ပါဘူး။ ဒီမှာဆို ဒေါ်ဒွဲဘူတို့ ပြောတယ်၊ အရင်က တပ်မတော်သားဆို ကြောက်တယ်တဲ့၊ တကယ် ပေါင်းကြည့်တော့ တပ်မတော်သားတွေက ခင်စရာကောင်း တယ်တဲ့။ ဒီလိုပါပဲ။ တချို့လည်း မောက်မာတာတွေ ရှိတာပဲ။ အားလုံး အတူတူတော့ မဟုတ်ပါဘူး။ သိမ်းကြုံး ပြောလို့တော့ မရဘူးလေ။ တချို့က အတ္တကြီး အယူကြီးတဲ့ လူတွေရှိခဲ့မှာပဲ။ ဒါနဲ့ တပ်မတော်ဆိုတာ အတူတူပဲ လို့တော့ ပြောလို့ မရဘူးပေါ့။

မေး။     ။ လက်ရှိ တော်တော်များများက သမ္မတကြီးက စစ်မဖြစ်ဖို့ ပြောချိန်မှာ တပ်မတော်ဘက်က စစ်ရေး အရှိန်တွေ မလျှော့ဘဲ ရှိနေတာ တပ်မတော်က သမ္မတကြီး အထက်မှာရှိနေလို့ မလွန်ဆန်နိုင်တာလို့ ပြောနေကြတဲ့အပေါ် ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။     ။ သမ္မတကြီးက ၂၀၁၂ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အမိန့်ထုတ်တယ်။ ခုခံစစ်မှလွဲပြီး စစ်မထိုးရပေါ့။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တယ်။ ဒါက အယူအဆ အမျိုးမျိုးပေါ့။ တပ်မတော်မှာ တပ်မတော် စစ်ဦးစီးချုပ်ဟာ အမိန့် မနာခံတတ်ဘဲတော့ ဒီလိုနေရာမှာ ရောက်မလာနိုင်ဘူး။ အနည်းဆုံး ရှေ့ကြည့်၊ သတိ၊ သက်သာ၊ အေးစေ ဆိုတာမရှိဘဲနဲ့ တပ်မှာ နေလို့မရဘူး။ တပ်မတော်မှာ မတထောင်သားတွေ ပေါင်းထားတာ။ ဥပမာ မနက်ဖြန် ဗိုလ်ချုပ်ဂွမ်မော် ပြန်မှာ ကိုယ်တို့က လုံခြုံရေး လုပ်ခိုင်းပြီ။ ဒီမှာဆို လမ်းမှာ မသင်္ကာစရာ တွေ့ပြီ၊ ပစ်မယ်လေ။ သူ့တာဝန်ပဲ။ မသင်္ကာစရာ လူက KIO ဆို ဟိုကလည်း ပြန်ပစ်ပြီ။ ဒီမှာဆို တဘက် တဘက် တိုက်ပွဲမဖြစ်ဘူးလား၊ ဖြစ်ပြီပေါ့။ ဒီမှာ ရည်ရွယ်ချက်က ဘာလဲ၊ ခိုင်းလို့လား။ အခြေအနေ အရလား၊ ဖြေ။ ဒီလိုတွေဖြစ်တာ တပ်မတော်နဲ့ သူတို့ နားလည်မှုတွေ မရှိသေးလို့ပါ။ ယုံကြည်မှု ရှိလာရင် ဘာမှဖြစ်လာစရာ မရှိဘူး။ ဒီလိုဆိုတော့ ယုံကြည်မှုတွေ တည်ဆောက်ပြီးပြီ၊ ထပ်မဖြစ်ဖို့ အာမခံနိုင်လား ထပ်မေးရင်တော့ အာမမခံ နိုင်သေးဘူး။ တချို့ဟာတွေမှာ နားလည်မှု လွဲနိုင်စရာတွေ ရှိသေးတယ်။ နားလည်မှု လွဲစရာတွေ ဖြစ်လာရင် နည်းနည်းပါးပါးတော့ ဖြစ်ချင်ရင် ဖြစ်လာဦးမှာပဲ။

မေး။     ။ ဒါဆို အခုဖြစ်နေတာတွေက နားလည်မှု လွဲတာ တခုကြောင့်ပဲ ဆက်ဖြစ်နေတာလို့ ပြောချင်တာလား။

ဖြေ။     ။ အဲဒီလို တခုတည်းကြောင့်တော့ မဟုတ်ဘူး။ တချို့အပိုင်းတွေမှာလည်း ရည်ရွယ်ချက်ပေါ့။ ကိုယ်တို့က ရိက္ခာပို့တယ်၊ ဒီမှာ အောက်ခြေက ကျတော့ သူတို့က ဒီလိုမထင်ဘဲ ပစ်ဆိုတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ အောက်ခြေ အဆင့်အထိ အမိန့်တွေ မရောက်တာလည်း ဖြစ်တတ်ပါတယ်။ နားလည်မှုလည်း လိုတယ်။ ဖြစ်နိုင်တာက အများကြီး။ ဒါတွေမဖြစ်အောင် ဆက်ထိန်းဖို့ပဲ လိုတာပေါ့။

မေး။     ။ မြောက်ပိုင်း ဘက်တွေမှာ တပ်မတော်က စစ်အင်အား ထပ်တိုးတယ်၊ တပ်သား စုဆောင်းတာတွေ ရှိနေတယ် လို့ သိရတယ်။ ဒါကကော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ။ လိုအပ်ချက် ကြောင့်လား။ ဘယ်လို တခြားအကြောင်းများ ရှိနေဦးမလဲ သိချင်ပါတယ်။

ဖြေ။     ။ လိုအပ်ချက် ကြောင့်တော့ မဟုတ်ဘူးပေါ့။ မေးကြည့်ပေါ့။ ကိုဂွမ်မော်လည်း ဒီဟာကို ထည့်ပြော ပါတယ်။ တချို့ကျတော့လည်း အောက်ခြေမှာ နဂိုကတည်းက သူတို့ခံယူချက်၊ လိုအပ်ချက် အမှားတွေ ရှိတာပေါ့။ ဒီမှာ သူတို့ လုပ်ဆောင်ချက် လွဲမှားသွားတဲ့အပေါ်မှာ တဖွဲ့လုံး ကိုယ်စားပြုချင်မှ ပြုမှာပေါ့။ ဥပမာ – ချီဗွေမှာ ဖြစ်တာမျိုးတွေပေါ့။ လုပ်တာကိုင်တာ မျိုးတွေက တယောက် အမှားကြောင့် တဖွဲ့လုံးကို ကိုယ်စားပြုချင်မှ ပြုနိုင်မှာပေါ့။ ဆက်ကြေး ကောက်တယ်၊ ဘာလုပ်ပါလို့ သူတို့တွေ၊ ကိုယ်တို့တွေ အထက်ပိုင်းက မပြောထားပေမယ့် အောက်ခြေမှာ လုပ်တာတွေရှိမယ်။ အဲဒါတွေ ဖြစ်တာမျိုးတွေ ရှိကောင်း ရှိပါတယ်။

မေး။     ။ ဒါဆို အစိုးရစစ်တပ် အင်အားတိုးတာတွေ ရှိနေတာကကော။ အထက်ပိုင်းက မသိခဲ့ဘဲ တိုးနေ တာမျိုးရှိလား။

ဖြေ။     ။ အဲဒါက တပ်အင်အား၊ တပ်နေရာချမှု၊ တပ်ရွှေ့ပြောင်းမှုကတော့ ကိုယ်တို့ အထက်က မသိဘဲ ဘာမှလုပ်မရပါဘူး။ သံချပ်ကာတွေ ဘာတွေနဲ့ တပ်ရွှေ့တယ်၊ ၄ လတခါ တပ်လဲရတယ်၊ ရိက္ခာပို့ရတယ်၊ ဖျားနာရဲဘော် ပြန်ပို့ရတယ်။ အဲဒီမှာ လုံခြုံရေး အပိုင်းကိုလုပ်ရတယ်။ ဒီမှာ နားမလည်ရင် တလွဲထင်တယ်။ အခု ဒီနေ့ ကိုယ်တို့ဆွေးနွေးတယ်။ ဗန်းမော်မှာ တပ်ရင်း ၂ ခု လဲဖို့ တက်လာပြီ။ အဲဒါဆို ဒါကို တပ်အင်အား တိုးတာလို့ ပြောမရဘူး။ မသိတဲ့ လူတွေက ဒါကို နားလည်မှု လွဲတာပါ။

မေး။     ။ ကလေးတချို့ကို စစ်သားအဖြစ် စုစောင်းတာတွေ ရှိနေတယ်လို့ ပြောနေတဲ့အပေါ်မှာကော ဘယ်လိုများ ပြောချင်ပါ သလဲ။

ဖြေ။     ။ ဒါက ယူနီဆက်နဲ့ လုပ်နေတယ်။ ကိုယ်တို့ဆီမှာ အဲဒီရာခိုင်နှုန်းက တပ်မတော်ရဲ့ ကလေးစစ်သား ဆိုတာ ရာခိုင်နှုန်း ဘယ်လောက်မှ မရှိပါဘူး။ တချို့ကျတော့ ၁၈ နှစ် ပြည့်ပြီလို့ ပြောပြီး ၀င်လာတယ်။ နောက်ပိုင်း ပြန်စစ်တော့ ပြဿနာ ဖြစ်ကော။ ၁၈ နှစ် မပြည့်ဘဲ တပ်မှာ စုရိုး ထုံးစံမရှိပါဘူး။ မျက်မြင် ၁၃ ချက် မပါဘဲ မစုဘူး။ အဲဒါတွေကို အမျိုးမျိုး ပြောကြတယ်။ တကယ် ၁၈ နှစ် မပြည့်ရင် မစုပါဘူး။ ပြန်သွားဖို့ ခွင့်ပြုနေပါတယ်။

မေး။     ။ နောက်ပိုင်း လွှတ်တော် အစည်းအဝေးတွေကို လွှတ်တဲ့ တပ်မတော်သား တွေကို တခြားပြည်သူတွေလို ရွေးကောက်ပြီးမှ လွှတ်ဖို့ အစီအစဉ်များ ရှိလာမလား။

ဖြေ။     ။ ဘယ်လိုလုပ်ပြီး ရှိလာနိုင်မလဲ။ တပ်မတော်သား ကိုယ်စားလှယ်ဆိုတာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးတာပဲ ရှိမယ်။ တပ်မတော်မှာ မဲဆန္ဒနဲ့ ရွေးတာမရှိဘူး။

မေး။     ။ အမိန့်နဲ့ပဲ ရွေးတာပေါ့။

ဖြေ။     ။ ဟုတ်ပါတယ်။

မေး။     ။ ခုနက ပြောသွားတဲ့ အထဲမှာ တပ်မတော်က ပြည်သူတွေကို မထိခိုက်ရဘူးလို့ ပါတယ်။ နစ်နာတာတွေ မလုပ်ရဘူးလို့ ပြောပါတယ်။ မနှစ်က ကချင်မှာဆိုလည်း တော်တော် ကြားရတယ်။ ကချင်အမျိုးသားတွေ ဖမ်းတယ်၊ အမျိုးသမီးတွေ ဆိုလည်း ဆွန်လွတ်ရာဆိုတဲ့ အမျိုးသမီးဆို တော်တော် နာမည်ကြီးပါတယ်။ အမှုတွေက မပေါ်ဘူး။ အမျိုးသား အချင်းချင်း စော်ကား တာတွေတောင် ရှိတယ်လို့ ကြားတယ်။ ဒါတွေ အမှုမပေါ်တာ ရှိတယ်၊ ဒီလိုတွေ ကျတော့ တပ်ပိုင်း အရေးယူမှုတွေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။

ဖြေ။     ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း တွေ့ပါလိမ့်မယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမိန့်သည် အတည် ဆိုတာ။ တပ်မတော်မှာ ဥပဒေ နှစ်ခုကို တပ်မတော်သားတိုင်း လိုက်နာရပါတယ်။ တခုက တပ်ဥပဒေ၊ နောက်တခုက ပြည်သူလူထု ပြဌာန်းထားတဲ့ ဥပဒေ၊ ဒီနှစ်ခုကို လိုက်နာရပါတယ်။ တပ်မတော် ဥပဒေအရ ချိုးဖောက်ခံရလည်း အရေးယူခံရမှာပဲ။ အရပ်ဘက် ဥပဒေအရ ဥပမာ – ပုဒ်မ ၃၂၀ နဲ့ ငြိလည်း အရေးယူမှာပါပဲ။ တပ်မတော် မှာလည်း ဥပဒေ တင်းကျပ်တဲ့ အတွက် စုံစမ်း စစ်ဆေးရေး ခုံရုံးတို့၊ ဒါတွေရှိတယ်။ အမှုပေါ်ရင် အရေးယူ ခံရမှာပဲ။

မေး။     ။ အဲဒီ အမှုတွေက မြုပ်နေတာ ကကော။

ဖြေ။     ။ မမြုပ်ဘူး။ နိုင်ငံတော် တရားသူကြီး အထိ တက်ပြီး အမှုက စစ်ပြီးပြီ။

မေး။     ။ ထုတ်ပြန်ဖို့ကော ရှိပါသလား။

ဖြေ။     ။ သတင်းထုတ်တာက ဟိုဘက်အပိုင်း။ တပ်မတော်ကတော့ သတင်းထုတ်စရာ အကြောင်းတော့ မရှိဘူး ထင်တယ်။ တခုက အယူခံ ၀င်တာတို့ ဘာတို့ လုပ်လို့ရတယ်။ တချို့ အပိုင်းတွေမှာ ကျတော့ ဒီပြည်သူတွေလို တပ်မတော်မှာ ဖြစ်တာကိုတော့ သတင်း ထုတ်ပြန်မှု မရှိဘူး။

မေး။     ။ ဒါတွေက တပ်ကို နားလည်မှုလွဲစေတာ မျိုးတွေ မရှိနိုင်ဘူးလား။

ဖြေ။     ။ ကိုယ်သိတာကတော့ သတင်းစာတွေမှာ ဆောင်းပါးတွေ ပြန်ရေးတာတွေ ဘာတွေ ရှိပါတယ်။ တပ်မတော် အနေနဲ့ ဖြေရှင်းတဲ့ သဘောပဲ၊ ကိုယ်ထင်တယ်။ အပိုင်းကဏ္ဍ တခုအနေနဲ့ ပြီးသွားပြီလို့ ကိုယ်ထင်ပါတယ်။

မေး။     ။ ဒါဆို နိုင်ငံပိုင် သတင်းစာတွေက ထုတ်ပြန်တာက တရားဝင်တဲ့ သဘောပေါ့။

ဖြေ။     ။ သတင်းစာမှာ ပြောတာသည် ပြည်သူကို အသိပေးတာလေ။ ကိုယ်တို့ လဂျားယန်ဘက် ရိက္ခာပို့ရင်း ဖြစ်တာဆို မြ၀တီသတင်းစာမှာ ပါတာပဲ။ ဆောင်းပါးတွေ ရေးတာ အသိပေးတာပဲ။

မေး။     ။ အခု နောက်ပိုင်း တပ်မတော်သားတွေကြောင့် နစ်နာတာတွေ၊ ဆုံးရှုံးတာတွေ တော်တော် ကြားလာရတယ်နော်။ ဒါက အထက်ပိုင်း အုပ်ချုပ်မှုပိုင်း လျော့လာလို့လား။ လူတွေအပေါ်မှာ တပ်မတော်သားတွေက နိုင်လိုမင်းထက် ရှိလာလို့လား။ ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။     ။ ဒါက ဘယ်နှခုရှိနေလို့လဲ။ ကြားနေရတာနဲ့တော့ ခြုံပြီးတော့ မပြောနဲ့လေ။ ကောလာဟလတွေ ရှိတယ်။ ကိုယ်တို့မှာ  ကောလာဟလ အကြားတွေ ဖြစ်နေတယ်။ ဒီလိုဆို မဆုံးနိုင်တော့ဘူးပေါ့။ ကိုယ်တို့မှာ သတင်းထုတ်ပြန်ရေး ဆိုတာ ရှိပါတယ်။ မေးလို့ ရပါတယ်။ ကောလာဟလနဲ့သာ ပြောမယ်ဆိုရင်တော့ တပ်မတော်လည်း ရစရာရှိမှာ မဟုတ်သလို၊ ဘယ်လိုမှလည်း ဆုံးစရာမရှိဘူး။

မေး။     ။ တပ်မတော်သား တယောက် ဥပဒေနဲ့ ငြိစွန်းပြီဆို ဘယ်လိုမျိုး ကျခံရလဲဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ ဥပဒေတွေက ရှိပြီးသား။ ပုဒ်မ ၆၅၊ ၇၃၊ ၇၁ ဆိုတာ ရှိတယ်။ တပ်မတော်သား တွေသာ မေးကြည့်။ ဘယ်လို အပြစ်လုပ်ရင် ဘယ်လိုကျသလဲ ဆိုတာ ပေါ့ပါးတဲ့ အမှုဆိုတာ တပ်မှာ မရှိပါဘူး။

မေး။     ။ ခုနက တပ်မတော်သားဟာ နိုင်ငံကို ကာကွယ်တဲ့ တပ်မတော်၊ နောက် အမိန့် နာခံတတ်တဲ့ တပ်မတော်လို့ ပြောပါတယ်။ အခုက သမ္မတ ဆိုတဲ့ ရွေးကောက် တင်မြှောက်တဲ့ အုပ်ချုပ်သူတွေ ပေါ်လာပြီဆိုတော့ ဥပမာ ၂၀၁၅ မှာများ တစုံတဦး၊ အနီးစပ်ဆုံးဆို ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံ့ခေါင်းဆောင် အဖြစ် ပြည်သူက ရွေးလာခဲ့ရင် တပ်မတော်ဟာ သူ့ရဲ့ အမိန့်တွေ အတိုင်း နာခံတတ်တဲ့ တပ်မတော် အနေနဲ့ ရပ်တည်နိုင်မလား သိချင်ပါတယ်။

ဖြေ။     ။ (ရယ်လျက်) မေးသူ ကိုယ်တိုင်ကော ဘယ်လိုထင်သလဲ။ ကိုယ်တိုင် ဖြေကြည့်ပေါ့။ တပ်မတော်သားမှာ သစ္စာ ၄ ချက် ရှိတယ်။ အထက်က ပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာပါတယ်။ အဖြေကဒါပဲ။ တပ်မတော် ယူနီဖောင်း ၀တ်သမျှ ဒါလုပ်ဆို လုပ်ရတာပဲ။ အထက်က ပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာက ကိုယ်တို့ အထက်မှာ အမိန့်ပေးတာ ဘယ်သူရှိမလဲ။ သမ္မတက ဦးသိန်းစိန်မှ မဟုတ်ဘူး။ ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် မနာခံတတ်သူ မရှိပါဘူး။ ကမ္ဘာမှာလည်း မရှိဘူး။ နိုင်ငံမှာလည်း မရှိဘူး။ ဒီအတွက် ဘာမှမပူနဲ့။ တပ်မတော်သား မှန်ရင် အထက်က ပေးအပ်သော အမိန့်နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာကို လက်တွေ့ အကောင်အထည် ဖော်မယ့် သူချည်းပဲ။

မေး။     ။ လက်ရှိ တပ်ရဲ့ ဘဏ္ဍာ ငွေသုံးစွဲမှုကကော ဘယ်လိုများ သုံးနေသလဲ သိချင်ပါတယ်။

ဖြေ။     ။ ဘက်ဂျက်တွေ၊ ဘာတွေက ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တပ်မတော်က ကိစ္စမရှိဘူး။ တပ်မတော်က ကိုယ့်ခြေထောက်ပေါ် ရပ်ဖို့ ကြိုးစားနေတာပဲ။

မေး။     ။ ဒါဆို တပ်မတော် အသုံးစရိတ်ကို ကာမိအောင် အစီစဉ်တခုခု၊ လုပ်ငန်း တခုခုများ ရှိနေမလား။

ဖြေ။     ။ ရှိတယ် မရှိဘူး ဆိုတာတော့ ပြောမရဘူး။ ဒါပေမယ့် တပ်မတော်က ၀န်ထုပ်ဝန်ပိုး ဖြစ်တာမျိုး မရှိစေရဘူး။ ကိုယ့်ဘာသာ စိုက်မွေး ရပ်တည်တယ်။ အဲဒီလို ဖြစ်အောင် လုပ်တယ်။ တည်ဆောက်ရေးမှာတော့ ဘက်ဂျက်တော့ လိုတာပေါ့။

မေး။     ။ ဒါဆို အခု လက်ရှိ တည်ဆောက်ရေး အပိုင်းမှာ ဘက်ဂျက်လိုတာ ရှိတယ်ဆိုရင် တပ်မတော်က နိုင်ငံကို အပြည့်အ၀ ကာကွယ်နိုင်တဲ့ စစ်ပစ္စည်းတွေ ရှိပါ့မလား။

ဖြေ။     ။ အလုံအလောက် မရှိစရာလည်း မရှိဘူး။ နိုင်ငံကို ကာကွယ်ဖို့ကလည်း ဘာမှပြဿနာမှ မရှိဘူး။ တပ်မတော်မှာ မသိနိုင်တဲ့ အကြောင်းတရားတွေ ပြောလို့ မရတာ အများကြီးရှိတယ်။ ဒီကနေ့ တပ်မတော် ဘာတွေလုပ်လဲ မေးရင် ကိုယ်တို့လည်း ပြောလို့ မရဘူး။ လုပ်နေတာကတော့ အများကြီးပဲ။

မေး။     ။ ဒါဆို တပ်မတော်ရဲ့ စီးပွားရေးတခု ဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီက တိုးချဲ့ သွားဖို့ ရှိနေတာလား။

ဖြေ။     ။ ဦးပိုင် တိုးတာ မတိုးတာတော့ ကိုယ်မသိဘူး။ ကိုယ်က ဦးပိုင်ဥက္ကဋ္ဌ မဟုတ်ဘူး။ မဟုတ်တဲ့ အတွက်ကြောင့် မသိဘူး။ တပ်မတော်ကတော့ သူ့ခြေထောက်ပေါ် သူရပ်နိုင်အောင်တော့ လုပ်နေတယ်။ ဒါပဲ ပြောနိုင်တယ်။     ။


.. www.MyanmarExpress.net