Wednesday, July 02, 2014
ME
From :
.. ဆရာမ ခင်ပန်နှင်း (ဆရာဝန်၊ စာရေးဆရာ၊ အယ်ဒီတာ)
.jpg)
Freedom of Expression ရလာတဲ့အတွက် နိုင်ငံရေးစာပေတွေကို လွတ်လပ်စွာ ရေးသားလာနိုင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ညှို့မဂ္ဂဇင်းပေါ်လာတုန်းကတောင် အဲဒီမှာ သုံးတဲ့ မော်ဒယ်လ်တွေဟာ အဖော်အချွတ်ပုံ တွေများလို့ဆိုပြီး အသံထွက်ခဲ့ကြသေးပါတယ်။ အခုဟာက မတူပါဘူး။ အောင်ရင်ငြိမ်းက စာရေးဖော်အချင်း ချင်းမေ ထာက်ထားဘူး။ စာပေလွတ်လပ်ခွင့်ကို လည်း မထောက်ထားဘဲ သူရေးချင်တာတွေပဲ ရေးထားတာကိုပြောချင်ပါတယ်။ စာဖတ်သူရော သူ့အ တွက်ရော(ငွေကြေးတော့ မသိ) ဘယ်သူမှ အကျိုးမရှိတဲ့ဟာကိုဘာလို့ရေးပြီး ပြောပြနေတယ် မသိပါဘူး။
ဆရာမ အရင်ကပြောနေကျစကားတစ် ခွန်းရှိပါတယ်။ ကိုယ့်တပည့်တွေကို ပြောလေ့ရှိတာပါ။ ဖတ်သာဖတ်။ ဘာစာပဲဖတ်ဖတ် အားလုံးအကျိုး ရှိတယ်ဆိုပြီးပါ။ အခုတော့ ကိုယ့်စကားကိုယ် ပြင်ရမလို ဖြစ်နေပါပြီ။ ဒီလိုစာမျိုးဆိုတာ ဘယ်သူမှ မဖတ်သင့်တဲ့စာလို့ ပြောရပါမယ်။ အိပ်ရာထက်က ဖိုမကိစ္စဟာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူရေးထားတဲ့ ပုံစံကြီးကို မကြိုက်တာပါ။ ဒီစာအုပ်ဖတ်ပြီးမှ မိန်းမတွေအပေါ် မှာသူမြင်တဲ့အမြင်ကို သိလာတယ်။ သူ့အမြင်ကို မကြိုက်ပါဘူး။ ကျန်းမာရေးပ ညာပေး လည်း မဟုတ်ဘူး။ နိုင်ငံခြားမှာဆို ဒီလိုရေးရင် သေဒဏ်ပေးခံရနိုင်ပါတယ်။ အမျိုးသမီးရေးရာကလည်း တရားလိုလုပ်ပြီး တရားစွဲရမှာ။ ဒါ ဟာလူတိုင်း လက်ခံရတဲ့ကိစ္စပဲ။ ဒီမှာတော့ စာပေလွတ်လပ်ခွင့်လည်းပေးထားတာ မကြာသေးလို့ ပြင်းပြင်းထန်ထန် မလုပ်ချင်ကြတဲ့ပုံပါပဲ။
ဒါပေမဲ့ သူ့ကိုခေါ်ပြီး သတိပေးတာတို့၊ ဒဏ်ပေးတာတို့ လုပ်သင့်ပါတယ်။ ဥပဒေကြောင်းအရ သင့်တော်တဲ့ဆုံးမမှုမျိုး ပေးစေချင်ပါတယ်။ ဒါမှ နောက်ထပ် ဒီလိုစာပေတွေ ထွက်မလာမှာပါ။ ပြောရမယ်ဆိုရင် လူ့ပြည်မှာကို မရှိသင့်တဲ့တော်တော်ဆိုးရွားတဲ့ စာအုပ်ပါပဲ။ မြန်မာမိန်းကလေးတွေရော၊ မြန်မာ့ယဉ်ကျေးမှုကိုပါ ထိခိုက်မှုရှိနိုင်ပါတယ်။ အခုက စာဖတ်အားနည်းကြတယ်လေ။ ကလေးတွေက အဲဒီအစား ဂိမ်းဆော့တာတို့၊ အွန်လိုင်းမှာ အကျိုးမရှိတဲ့ အသုံးပြုနေတာကို တွေ့နေရ ပါတယ်။ အဲဒီလို စာဖတ် အားနည်းရတဲ့အထဲ ဒီလို စာအုပ်တွေ ဖတ်မိခဲ့ရင် အတုယူမှားပြီး ဒုက္ခရောက်ကုန်လိမ့်မယ်။
အခုတောင် ဘတ်စ်ကားပေါ်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ ကန်ပေါင်လို နေရာမျိုးတွေမှာ သမီးရည်းစားတွေက အတင့်ရဲနေကြတာ။ သူတို့အရွယ်က ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး ထိန်းသိမ်းတတ်ကြတာလည်း မဟုတ်တော့ အဓိကက မိန်းကလေးတွေကို စိတ်ပူတာပါပဲ။ ချစ်သူကို အလိုလိုက်မိနိုင်တယ်။ သူတို့ရဲ့ ဆင်ခြင်တုံတရားကို ထိခိုက်နိုင် တယ်လေ။ ကြီးစွာသော အန္တရာယ်ကျရောက်နိုင်ပါတယ်။ ဒီကိစ္စက စည်းအတွင်းမှာပဲ ရှိသင့်တဲ့ကိစ္စပါ။ အိမ်ထောင်သည် မိခင်တွေ ဖတ်မိရင် တောင် ကိုယ့်လင် သား ကို ပြန်မပြဝံ့တဲ့ စာအုပ်။ ကိုယ့် သားသမီးတွေ ဖတ်မိမှာစိုးရိမ်လို့ ဝှက်ထား နိုင်တဲ့စာအုပ်မျိုးပါ။ ဒါ့ကြောင့် ဒီလိုစာပေ တွေနဲ့ပတ်သက်ပြီး အခုကိစ္စကို နောင်ကြဉ် အောင် လုပ်ထားသင့်တယ်လို့ ပြောချင်ပါတယ်။ ဆရာမတို့အနေနဲ့ ကဗျာဆရာကောင်းတစ်ယောက်ကို မဆုံးရှုံးချင်ပါဘူး။
..
www.MyanmarExpress.net