Subscribe to our RSS Feed
Showing posts with label အသုံးမကျ (၂) နှစ်. Show all posts
Showing posts with label အသုံးမကျ (၂) နှစ်. Show all posts

ပြီးခဲ့တဲ့ (၂) နှစ်အတွင်း အသုံးမကျခဲ့သဖြင့် လာမယ့်နှစ်အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

From : rfa


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့က ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လေ့လာနေစဉ်RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် မနေ့က  ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

၂၀၁၀ မှ ၂၀၁၂ အတွင်း ဘာမှ မလုပ်နိုင်သဖြင့် အသုံးမကျဘူး ဟု လူအများက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လျှက်ရှိပြီး အပြည့်အစုံကို  http://www.myanmarexpress.net/search/label/%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%99%E1%80%80%E1%80%BA%20%28%E1%81%82%29%20%E1%82%8F%E1%80%BD%E1%80%85%E1%80%B9 တွင် ဆက်ဖတ်နိုင်ပါတယ်။

www.MyanmarExpress.net
 

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားပေးပါ

From : ag nai


ဒေါ်စုခင်ဗျား....

          သိချင်လာတာလေးရှိလို့ မေးကြည့်ပါရစေ၊ ကျွန်တော်က သာမန်အရပ်သား ပြည်သူတစ်ယောက်ပါ။
          ဒေါ်စုဟာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (၂၀)၇က်နေ့မြောက် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်၏သဘောတူညီချက်အရ``တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ´´တစ်ရပ် ဖွဲ့စည်းရာမှာ ကော်မတီဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ကော်မတီလုပ်ငန်းများဆောင်ရွက်လျက်ရှိတာကို သိရှိရပါတယ်။ ဒေါ်စုကို ဒီကော်မတီရဲ့ ဥက္ကဌတာဝန်ပေးအပ်မှုကိုလည်း နှစ်ထောင်းအားရဖြစ်မိပါတယ်။ကျွန်တော် မရှင်းတာတစ်ခုကတော့ ``တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ´´ဖွဲ့စည်းပြီးမှ ဘာကြောင့် တည်ငြိမ်အေးချမ်းမှုတွေ ပျက်လာရသလဲဆိုတာပါပဲ။ 

ဒီကော်မတီက တကယ် တည်ငြိမ်အေးချမ်းအောင် ဖော်ဆောင်မပေးနိုင်တာလား?
 ဒေါ်စုကို ချစ်တယ်ဆိုတဲ့ ပါတီဝင်တွေ ပြည်သူတွေကပဲ ကော်မတီအပေါ် လေးစားလိုက်နာမှုမရှိတာလား?
 ဒေါ်စုကိုပဲ မထီမဲ့မြင်ပြုနေတာလား?
လို့ တွေးမိလာပါတယ်။
         

 နောက်တစ်ခုက ဒေါ်စုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ ဥက္ကဌလည်းဖြစ်နေပါတယ်။ ကျွန်တော် သိထားတာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကိုခေါ်ပြီး နိုင်ငံတော်ကို ဆူပူအောင်၊ မတည်မငြိမ်ဖြစ်အောင် ဆန့်ကျင်မှုများမှာ ပါတီများ ပါဝင်ဆောင်ရွက်ခြင်းမပြုရန်နဲ့ နိုင်ငံတော်နှင့် ပူးပေါင်း၍ တည်ငြိမ်မှုရအောင် ဆောင်ရွက်ရန်ဆိုပြီး ခေါ်ယူသတိပေးခဲ့ဘူးတယ်ထင်ပါတယ်၊ အခု ဆန္ဒပြသူတွေက ဘာကြောင့် NLD ပါတီအလံ နဲ့ ပါတီအဆောင်အယောင်တွေ၊ ဗိုလ်ချုပ်ပုံနဲ့ ဒေါ်စုရဲ့ ပုံတွေဖြစ်နေရတာလဲ၊ ဘုန်းကြီးတွေကရော ဘာလို့ NLDပါတီအလံ နဲ့ ပါတီအဆောင်အယောင်တွေ သုံးနေတာလဲ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ဟာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကျုံးမ၀င်ဘူးလား၊ ကော်မရှင်က မကန့်ကွက်တောင် တရားဥပဒေစိုးမိုးရေး ဥက္ကဌလည်းဖြစ်၊ NLD ဥက္ကဌလည်းဖြစ်တဲ့ဒေါ်စုက ပါတီတံဆိပ်တွေသုံးနေတာကို ဘာကြောင့် ကန့်ကွက်ခြင်း၊ တားမြစ်ခြင်းမပြုတာလဲဆိုတာ နားမလည်နိုင်ဘူးဖြစ်နေတယ်။ အဲဒါတွေကို ပြည်သူတွေ အမြင်ရှင်းအောင် ဒေါ်စုဖြေရှင်းပေးစေချင်ပါတယ်။
 
 www.MyanmarExpress.net

 

အသုံးမကျ (၂) နှစ် ~ ၂၀၁၀ နိုဝင်ဘာမှ ၂၀၁၂ နိုဝင်ဘာထိ ဘာမှတိုးတက်အောင် လုပ်နိုင်ခြင်းမရှိသော ဒေါ်အောင်ဆန်းစုကြည် (အပိုင်း - ၃)


နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေတဲ့ NLD ပါတီဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ပထမဆုံး လုပ်ဆောင်သည့် အလုပ်မှာ ဈေးရောင်းခြင်းပင်ဖြစ်သည်။  ဒေါ်အောင်ဆန်းစုကြည်သည် (၁) နှစ်နီးပါးခန့်မှာ ဈေးရောင်းပွဲလုပ်ရင်း အချိန်ကုန်ခဲ့သည်။ ထင်ထင်ရှားရှားပြသစရာ ဟူ၍ တစ်ခုမျှပင် မရှိချေ။ ဒေါ်အောင်ဆန်းစုကြည် NLD ပါတီတွင် အရည်အချင်း အစွမ်းကုန် သုံးကာ တာဝန်ထမ်ဆောင်ချိန်မှ စ၍ NLD ပါတီတွင် လူစည်ကားလာခဲ့သည်။ အကြောင်းမှာ ဈေးရောင်းပွဲများ၊ ကာရာအိုကေဆိုပွဲများ၊ ကဗျာပြိုင်ပွဲများ ကို အလျှင်းသင့်လျှင် သင့်သလို ကျင်းပကာ နိုင်ငံရေးလုပ်ခဲ့သည့် ထူးဆန်းသော ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့သမိုင်းတွင် တွေ့ရပေမည်။ ထို သို့ ဈေးရောင်း သီချင်းဆိုပွဲများအား ကိုယ်ပိုင်အစွမ်းအစဖြင့် မလုပ်နိုင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ပုဂ္ဂိုလ်များ စောင့်နေခဲ့ကြသလော ဟူသော မေးခွန်းများလည်း ကြားခဲ့ရသည်။ သို့သော် ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည် မှ ဘာမှ ဖြေကြားခြင်း မရှိခဲ့ပါ။



ယခင်က အနှစ် (၃၀) ကျော် နိုင်ငံခြားတွင် ပျော်ပါးနေခြင်း မြန်မာနိုင်ငံ နှင့် နိုင်ငံသားများကို မေ့လျှော့နေခြင်းများ ကိုလည်း လူထုက ပြန်လည် သတိထားမိလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးလိုက်လျှင် ရုတ်ချည်းပြောင်းလဲသွားမည်ဟု ထင်ခဲ့သူများအားလုံး အားမလိုအားမရဖြစ်သူများ ရှိလာသလို စိတ်ပျက်သူများကလည်း အများအပြားရှိလာသည်။ အနှစ် ၂၀ ကျော် လုပ်ခဲ့ကြပြီး ဘာမှဖြစ်မလာကြသည့် မြန်မာ့အတိုက်အခံအင်အားစုများ၏ အရည်အချင်းမရှိပုံကိုလည်း ပိုမိုသိသာထင်ရှားလာခဲ့သည်။




၉ လ အတွင်း ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ မှ မွေးဖွားသော သားအငယ်ဖြစ်သူ ကမ်င်အဲရစ် မှ (၂) ကြိမ်တိုင်တိုင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ လာရင်းကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခြင်းသာဖြစ်ပြီး မြန်မာလူထုအတွက် တစုံတရာ အကျိုးမရှိခဲ့ပေ။ 

ဗိုလ်ချုပ်အောင်ဆန်းဟ မြေးဖြစ်သူ ကမ်င်အဲရစ်သည် မြန်မာ အဝတ်အစား မဝတ်တတ်သည့်အပြင် မြန်မာစကားလည်း နားမလည်/ မပြောတတ်သဖြင့် လူထုက ဒေါ်အောင်ဆန်းစုကြည် အပေါ် စိတ်ပျက်မှု အရှိန်အဟုန်မှာ ပိုမိုပြင်းထန်လာခဲ့သည်။



ဒေါ်အောင်ဆန်းစုကြည်မှာလည်း မြန်မာစကားမပြောတတ်သည့် ကပြား ကမ်င်အဲရစ် နှင့်သာ အချိန်ဖြုန်းနေခဲ့သည်။ ဆိုးရွားသည်မှာ ကမ်င်အဲရစ် သွားရေရာ တွင် NLD မျိုးဆက်သစ် လူငယ်လေးများအား ဘေးမှ ဝန်းရံဖို့အတွက် စေခိုင်းခြင်းပင်ဖြစ်သည်။




 ပထမဆုံး ခရီးစဉ်အဖြစ် ပဲခူးမြို့ကိုလည်းကောင်း၊ ဒုတိယ ခရီးစဉ်အဖြစ် ပုဂံသို့လည်းကောင်း အပန်းဖြေခရီးထွက်ခဲ့ပြီးနောက် ထိုအပန်းဖြေခရီးအကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်မှ ဆောင်းပါး တစ်စောင် ရေးသားခဲ့သည်။  ပထမဆုံး ဆောင်းပါးမှာပင် လူထုက လက်မခံသဖြင့် နောက်ထပ် ဆောင်းပါးများထွက်ပေါ်လာခြင်းမရှိတော့ပဲ NLD မှ ထုတ်ဝေ သော ဒီလှိုင်း စာစောင်တွင်သာ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားချက်များကို တွေ့မြင်ရတော့သည်။


  ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးတွင် ယခင် မိုက်ကယ်အဲရစ် နှင့် တူနှကိုယ် ပျော်ပါးနေချိန်အခါက ဖြစ်စဉ် အများအပြားကို ထည့်သွင်းရေးသားခဲ့သည်။

 ဟိမ၀န္တာတောကြီး၏ အလှ၊ သူများနိုင်ငံမှ မျက်ခင်းများ၊ ချောင်းများအလှကို အစချီကာ "ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။

မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။" ဟု ပထမပိုဒ်တွင် ရေးသားခဲ့သည်။

ထို့နောက် ခတ္တမန္ဒူမြို့ မှာ အမေရိကန် ကိတ်မုန့်ညိုကြီး စားခဲ့ပုံနှင့် နာမည်ကြီးကော်ဖီဆိုင် ကိုသွားခဲ့ပုံ ကို ထည့်ရေးခဲ့သည်။ ဆင်စီးခဲ့တဲ့အကြောင်းများ၊ ဖောင်စီးခဲ့တဲ့အကြောင်းများလည်း ပါဝင်ခဲ့သည်။

"ခတ္တမန္ဒူမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို.. နာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။

မြန်မြတ်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊ အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ...။" ဟု ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ ဆင်တွေ၊ ဖောင်တွေ ရေတွက်လို့မကုန်အောင် ရှိနေခဲ့သော်လည်း  ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်  တစ်ခါမှ အနားမကပ်ခဲ့ဖူးခဲ့ချေ။ ယခုအခါ နေပြည်တော်မှ ရန်ကုန်ကိုပင် လေယဉ် စင်းလုံးငှားကာ ပိုက်ဆံများသုံးပြနေသဖြင့် လူထုက စိတ်ပျက်ရပြန်သည်။
အသက် ၄၃ မတိုင်ခင် အရွယ်ကောင်း၌ မြန်မာနိုင်ငံနှင့် မြန်မာလူထုအား မေ့လျှော့ကာ နိုင်ငံခြားတွင် ယောင်္ကျားဖြစ်သူနှင့် အပန်းဖြေနေစဉ်


မြန်မာနိုင်ငံက သာယာလှပမှုများကို အထင်မကြီး၊ စိတ်မဝင်စား သော ဒေါ်အောင်ဆန်းစုကြည်


နိုင်ငံခြားရှိ တောထဲတွင် ဘောင်းဘီတိုဖြင့် ဒေါ်အောင်ဆန်းစုကြည်

ထို့အပြင် အိန္ဒိယ အရှေ့မြောက်ပိုင်းမှ မျက်တောင်ခတ်ဖို့နဲ့ အသက်ရှူမှားဖို့ထိ ဆွဲဆောင်ထားကြောင်း၊ များကိုလည်း ထည့်သွင်းရေးသားခဲ့သည်။
 မြန်မာနိုင်ငံမှာ မျက်တောင်ခတ်ဖို့နဲ့ အသက်ရှူမှားလောက်အောင်ထိ သာယာလှပသော ရှုခင်းများအား စိတ် ဝင်စားခြင်း မရှိခဲ့သလို သွားရောက်ကြည့်ရှုခဲ့ခြင်းမရှိပေ။ အထူးသဖြင့် နိုင်ငံခြားသား ဧည့်သည် များပင် လာရောက်အပန်းဖြေနေသည့် ရခိုင်ပြည်နယ် မြောက်ဦးဒေသ၊ စစ်ကိုင်းတိုင်း မင်းကွန်းဒေသ များ ကိုတော့ ဒေါ်အောင်ဆန်းစုကြည်မှ လုံးဝ ဥပက္ခာပြုထားခဲ့သည်။

ရခိုင်တိုင်းရင်းသားတို့၏ အိမ်များ မီးလောင်ချိန်၊ ရခိုင်တိုင်းရင်းသားတို့ အသတ်ခံရချိန်တွင် ဥရောပ ရှိ သားအငယ်ဖြစ်သူ ကမ်င်အဲရစ်ထံသို့ သွားရောက်နေခဲ့ပြီး၊ စစ်ကိုင်း၊ မင်းကွန်း နှင့် ရွှေဘိုဒေသ မှ ဒေသခံများ ငလျှင်ကြောင့် ဒုက္ခရောက်နေချိန်တွင် အိန္ဒိယသို့ ထွက်ခွာနေပြန်သည်။


ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာဂျာနယ်တွင် ရေးသားထားသော နိုင်ငံခြားရှုခင်းအလှအပ ဖော်ကျူးဆောင်းပါးတွင်

"အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊

ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။" ဟု ရေးဖွဲ့ထားသည့်အပြင် ယောင်္ကျားဖြစ်သူ မိုက်ကယ်အဲရစ်၏ အင်္ဂလန်နိုင်ငံ မှ အကြောင်းများကိုလည်း 

"အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ …။"

ဟူ၍ မြန်မာနိုင်ငံကို မေ့ထားစဉ် အနှစ် (၃၀) ကျော် ဘဝ အား လွမ်းစွတ်နေဟန်ဖြင့်ရေးသားခဲ့သည်။




တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့ ကစားမြူးထူး၊ နေကြတာ။

ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ " ဟု ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရင်တွင်းမှ ဖြစ်ပေါ်လာသော ဆောင်းပါးပါ စကား လုံးများကြောင့် ဒေါ်အောင် ဆန်း စုကြည်အနေဖြင့် အသက် ၄၃ နှစ် မတိုင်ခင်အချိန်က နိုင်ငံခြား တွင်နေထိုင် ရင်း မြန်မာနိုငံ နှင့် မြန်မာ လူထု အား မေ့လျှော့ကာ အင်္ဂလိပ် မိသားစုဖြင့်  ပျော်ပါးအချိန်ကုန်နေ ခဲ့ကြောင်း မြင်သာစေခဲ့သည်။ 


မြန်မာနိုင်ငံ နှင့် မြန်မာလူထုကို မေ့လျှော့ကာ နိုင်ငံခြားတွင် ပျော်ပါးနေစဉ်


မြန်မာ့ မြေပေါ်တွင် မိသားစုနှင့် သေဆုံးသည်အထိ နေထိုင်သွားသော ဗိုလ်ချုပ်အောင်ဆန်း


နိုင်ငံခြားတွင်း အသက် ၄၃ နှစ်အထိ ကပြား မိသားစုဖြင့် အချိန်ကုန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ သူမ၏ နိုင်ငံခြားတွင် နေထိုင်စဉ် ဘဝ အားရေးသားခဲ့သော ပထမဆုံး ဆောင်းပါး အား လူထု လက်မခံ သဖြင့် နောက်ထပ် ဆောင်းပါးများကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရေးသားခြင်း မရှိတော့ချေ။ ဒေါ်အောင်ဆန်းစုာကည်၏ ဆာင်းပါးကြောင့် ဒေါ်အောင်ဆန်စုကြည်အနေဖြင့် အသက် ၄၃ နှစ်ထိ နေထိုင်ကြီးပြင်းလာခဲ့တဲ့ နိုင်ငံခြားကို လွမ်းနေကြောင်း၊ မြန်မာနိုင်ငံက သာယာလှပမှုတွေကို မသိကျိုးကျွံပြုနေကြောင်း၊ မေးခွန်းထုတ်သူများရှိခဲ့သော်လည်း ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်မှ ဘာမှ ဖြေကြားခြင်းမရှိခြေ။ မြန်မာပြည်တွင်းမှ အလှအပ များကို သွားရောက် မခံစား၊ ဒုက္ခသည်များကို သွားရောက် မကူညီသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်အချိန်တွင် မဲဆန္ဒနယ် အားလုံးနီးပါးအား ကိုယ်တိုင်သွားရောက်ကာ ၎င်း အာဏာရရှိရေးအတွက် အစွမ်းကုန် လုပ်ဆောင်ခဲ့သည်။

နိုင်ငံခြားမှ သား၊ မြေးများ နှင့် အားပါးတရ ဖုန်းပြောပြီး၊ သားအငယ်နှင့် ၂ ကြိမ်တိုင်တိုင်တွေ့ဆုံပြီးနောက် ၂၀၁၁ ခုနှစ် ဇွန် လ တွင် သွေးတိုးစမ်းသည့် လုပ်ဆောင်မှု တစ်ခုအား ဒေါ်အောင်ဆန်းစုကြည် စတင် လုပ်ဆောင်ခဲ့သည်။ သို့သော် ၂၇ ရက်နေ့ ပြည်ထဲရေးဝန်ကြီးမှ စာတစ်စောင်ပို့ခဲ့ချိန်တွင်  ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးတင်ဦး၊ ဦးဝင်တင်တို့အပါအဝင် NLD ဝင် အားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။



NLD ပါတီအား မှတ်ပုံရန် အစိုးရ မှ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း အယူ မှား ကို လက်ကိုင်ထားကာ လုံးဝ မှတ်ပုံမတင်ပဲ နေခဲ့ပြီးမှ ယခု အခါ NLD နမည်များဖြင့် ဘောင်မဝင်ပဲ လုပ်ဆောင်ခြင်းများကြောင့် ပြည်ထဲရေး ဝန်ကြီးမှ သတိပေး ဆုံးမ စာ ပို့ခဲ့ရာ မျှော်လင့်မထားသည့် သတိပေးဆုံးမ စာကြောင့် ဒေါ်အောင်ဆန်း စုကြည်မှ လွန်စွာမှာ စိုးရိမ်ကြောက်ရွံ့ပြီး မေတ္တာရပ်ခံစာ ပြန်လည် ပေးပို့ခဲ့ရသည်။



ထိုနေ့ ထိုအချိန်ထိ ၂၀၀၈ အခြေခံဥပဒေကို လုံးဝ လုံးဝ ပြင်းပြင်းထန်ထန်ကန့်ကွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မေတ္တာရပ်ခံ စာတွင်တော့ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ အများအပြားကို ကိုးကားထားသဖြင့် မြန်မာ့အရေး ကျွမ်းကျင်သူများက ရယ်မောခဲ့ကြရသည်။





 ဆက်လက်ဖော်ပြပါမည်..

အသုံးမကျ (၂) နှစ် (အပိုင်း - ၁)
http://www.myanmarexpress.net/2012/11/blog-post_8044.html

အသုံးမကျ (၂) နှစ် (အပိုင်း - ၂)
http://www.myanmarexpress.net/2012/11/blog-post_4055.html

Myanmar Express 

အသုံးမကျ (၂) နှစ် ~ ၂၀၁၀ နိုဝင်ဘာမှ ၂၀၁၂ နိုဝင်ဘာထိ ဘာမှတိုးတက်အောင် လုပ်နိုင်ခြင်းမရှိသော ဒေါ်အောင်ဆန်းစုကြည် (အပိုင်း - ၂)

  
၂၀၁၀ နိုဝင်ဘာ ၁၄ ရက်နေ့က ပထမဆုံး မိန့်ခွန်းကို လူအချို့အားပြောဆိုပြီးနောက်တွင် မြန်မာနိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သည့်နေရာမှ စတင်၍လုပ်ဆောင်မည်ကို လူအများက စိတ်ဝင်စားခဲ့ကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်သာကြားဖူးပြီး အရည်အချင်းအမှန်တကယ်ရှိမရှိ သိလိုသော ကမ္ဘာ နှင့် မြန်မာ မှ နိုင်ငံရေး လေ့လာသူများက အထူးစိတ်ဝင်စားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကား များသည် ကမ္ဘာတွင် အလွန်နာမည်ကြီးလျှက်ရှိရာ စကားသာ နာမည်ကြီးပြီး လက်တွေ့လုပ်ဆောင်နိုင်မှုရှိမရှိ အား လူအများက သိလိုကြသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပထမဆုံးခြေလှမ်းအဖြစ် ဒုတိယပင်လုံ အမည်ရှိ ခေါင်းစဉ်တစ်ခုဖြင့် မြန်မာ့နိုင်ငံရေးကို ချဥ်းကပ်ခဲ့သည်။ 

နိုင်ငံရေး စလုပ်ပြီး တပတ်အတွင်းမှာပင် ၂၀၁၀ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး ဆိုင်ရာ အစည်းအဝေးတစ်ခု ကို ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ၎င်းအား ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။ သို့သော် ဝါရင့် နိုင်ငံရေးသမားများက ဒုတိယ ပင်လုံ ဆိုသည့် အဓိပ္ပါယ်မရှိသော အလုပ်တခုကို ဒေါ်အောင်ဆန်းစုကြည် မှ  ပထမဆုံး ခြေလှမ်းခြင်းအတွက် လွန်စွာ စိတ်ပျက်ခဲ့ကြသည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဌ ဦးသုဝေ မှ ဒေါ်အောင်ဆန်းစုကြည်အား အလျှင်အမြန်သွားရောက်တွေ့ဆုံကာ ဒုတိယပင်လုံ ဆိုသည်မှာ အလုပ်မဖြစ်ကြောင်း၊ ဦးစားမပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့သည်။ ထို့အပြင် သမိုင်းအခြေခံနည်းသော ဒေါ်အောင်ဆန်းစုကြည်အား ၁၉၄၇ ပင်လုံညီလာခံဖြစ်ပေါ်လာပုံ နှင့် အဆင့်ဆင့်ကို ရှင်းပြခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဒုတိယပင်လုံ ဟု ပြောလိုက်သည်နှင့် တပြိုင်နက် ပြည်တွင်း ပြည်ပ မီဒီယာများ နှင့် အင်တာနက် စာမျက်နှာများတွင် ဒုတိယ ပင်လုံ၏ အရေးပါပုံ များကို ချီးမွှမ်းခန်းဖွင့်ခဲ့ကြသော်လည်း ဦးသုဝေ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အမြင်မှန် ရသွားချိန်မှ စ၍ ဒုတိယ ပင်လုံ ဆိုသည့် နာမည်မှာ ယနေ့အချိန်ထိ ကွယ်ပျောက်သွားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာလည်း ပထမဆုံး အဖွင့်ချေလှမ်း မအောင်မြင်သဖြင့် စိတ်ဓာတ်ကျသွားခဲ့သလို စိတ်ဝင်တစား စောင့်ကြည့်သူများ ကလည်း ဒေါ်အောင်ဆန်းစုကြည်သာ အပြောသမားတစ်ဦးသာ ဖြစ်ကြောင်း၊ လက်တွေ့လုပ်ဆောင်နိုင်သည့် အရည်အချင်းမရှိကြောင်း ဝေဖန်ခဲ့ကြသည်။ 



လူထုအသံအား နားထောင်လိုသော ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၁ ဖေဖော်ဝါရီလတွင် ဆောင်းပါးရှင် အက်စစ် မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ၁၉၉၀ ရွေးကောက်ပွဲဝင်များ ပြင်းပြင်းထန်ထန် ဝေဖန်မှုတစ်ခု ထွက်ပေါ်ခဲ့သည်။  "တာဝန်မယူရဲသော၊ တာဝန်ယူစိတ်မရှိသော၊ တာဝန်မကျေသော ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ၁၉၉၀ ပြည့်နှစ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ" ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော စာတစ်စောင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်တွင်းပြည်ပ အလုပ်လက်မဲ့များကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ ထိုဆောင်းပါမှာ


"ပြည်သူတွေရဲ့ မျက်နှာကိုမှ မ ထောက်ဘဲ နေသာသလို နေနေကြတဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉၀ ရွေး ကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ နာကြည်းမိတယ်။

ဘာလို့များ သူများနိုင်ငံကိုလည်း ဝေ့လည် ကြောင်ပတ်စကားတွေနဲ့ သွားနှစ်သိမ့်နေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ ပြီးတော့ အမေးချင်ဆုံးစကား ကတော့ သူများနိုင်ငံကို စိတ်ဝင်စားပါတယ်ဆိုတဲ့ ဒေါ်စုရယ် ... ကိုယ့်နိုင်ငံရဲ့ အခြေအနေက ဘယ်လမ်းကို သွားနေပြီလဲဆိုတာကော စိတ်ဝင်စားရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။

ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊ သတ္တိရှိ ပါဆိုတဲ့ အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊ တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို မသိဘဲ ကယောင်ချောက်ချား အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို သတိမပြုမိလေလျော့သလား။

အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊ မသမာတဲ့ ရွေးကောက်ပွဲ ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက ‘အိပ်ခ်ျအိုင်ဗွီကို ကူညီပါ’ ‘လူမှုကယ်ဆယ်ရေးတွေကို အရှိန်မြှင့် လုပ်ပါ’ ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ဘဲ ပြောချင်တယ်။

အထူးသဖြင့် နိုင်ငံရေးကို ဘာလို့ လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို အမေးချင်ဆုံးပါပဲ။ ပြန်လည်လွတ်မြောက်လာ ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတာကို တစိုက်မတ်မတ်မလုပ်ဘဲ အကျဉ်းသား တွေ ထောက်ပံ့ရေးကိုသာ လုပ်နေတာကြောင့် အာဏာရှင်သက်ဆိုးရှည်နိုင်ရေး အကူအညီပေးနေတာလား လို့ပဲ ပြောလိုက်ချင်တော့တယ်။

နိုင်ငံရေးအကျဉ်းသားတွေ လိုချင်တာက သူတို့အတွက် စားဝတ်နေရေး အကူအညီ အထောက်အပံ့မဟုတ်ပါ ဘူး။ သူတို့ အစားကောင်းတွေ စားပြီး ထောင်ထဲမှာ သက်ဆိုးရှည်စွာ နေထိုင်ရရေး မဟုတ်ပါဘူး။ မတရားတဲ့ အမိန်တွေနဲ့ အကျဉ်းချခံထားရတာကြောင့် သူတို့လုံးဝလွတ်မြောက်ရေးကိုပဲ လိုချင်တာပါ။ ဒေါ်စု လုပ်ပေးနေ တာက သူတို့လွတ်မြောက်ရေးကို လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊ မင်္ဂလာဆောင်နဲ့ အသုဘ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်နာကျည်းစရာကောင်းလှတဲ့ မြင်ကွင်းလို့တောင် ဆိုချင်ပါတယ်။ ဒေါ်စု ဒါတွေ လုပ်ရမယ့် အချိန်ကာလမဟုတ်ပါဘူး။

လူထုခေါင်းဆောင်ဆိုတာ သာမန်လူတွေလုပ်တဲ့ အလုပ်တွေထက် ထူးခြားတာကို လုပ်နိုင်ဖို့ လိုပါတယ်။ လူ သာမန်တွေလုပ်တတ်တဲ့ လူငယ်ကွန်ရက်နဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ၀က်ဆိုက်လေးတွေနဲ့ သာယာနေတဲ့ ဒေါ်စု ဟာ မြန်မာပြည်လွတ်မြောက်ရေး ပြည်သူဘ၀တွေကို ကယ်တင်နိုင်ဖို့ အရည်အချင်းမရှိဘူးဆိုတာ တနေ့ ထက်တနေ့ ပြသလာသလို ခံစားမိတဲ့အတွက် ဒီလိုရေးသားလိုက်ရတာလည်းဖြစ်ပါတယ်။

ဒေါ်စုတင်မကပါဘူး။ ၉၀ ခုနှစ်က ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ငြိမ်နေကြ တာ တွေ့ရတယ်။ သူလုပ်နိုး၊ ငါလုပ်နိုးနဲ့ ဖောက်ထွက်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းမရှိလို့ တိုင်းပြည် က အစိုးရ (၅) ဆက်စာလောက် နစ်နာခဲ့ရပြီ။ လိုတော့ လိုချင်တယ်၊ အနစ်နာတော့ မခံချင်ဘူး အနစ်မခံဘဲ နဲ့တော့ ဘယ်ရမလဲဆိုတာ ခင်ဗျားတို့ကို ပြည်သူတွေက ပြန်ပြောရမယ့် စကားရပ်တွေပါ။

အန်အယ်လ်ဒီဆိုတဲ့ ပါတီကြီးကလည်း လူထုက အားကိုးရမလား မှတ်ပါတယ်။ ကျားရှေ့ အသနားခံနေတာ တွေကို မြင်ရတိုင်း ခင်ဗျားတို့အစား ရှက်မိပါတယ်။ ခင်ဗျားတို့တတွေဟာ မတရားတဲ့ ဥပဒေရှေ့မှောက်မှာ အသနားခံစာတွေနဲ့ အယူခံတွေ အထပ်ထပ်တင်ပြီး တောင်းဆိုနေတာက အကြမ်းမဖက်လှုပ်ရှားမှုတွေလို့ ခေါ်ဆိုနိုင်ပါသလား။ အန်အယ်လ်ဒီက နိုင်ငံရေးလုပ်စရာမရှိလို့ လူမှုရေးလုပ်ငန်းလေးတွေကို လုပ်နေတာ တွေက အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လုပ်စရာမရှိလို့ ရှာလုပ်နေတဲ့ အလုပ်လို့များ မတွေးတော မ ဆင်ခြင်မိဘူးလား။

စစ်အုပ်စုက ရည်ရွယ်ချက် ရှိတယ်။ ဦးတည်ချက်ပန်းတိုင် ရှိတယ်။ သူ့ရည်မှန်းချက်ကို ရောက်အောင်သွား တယ်။ အခု လွှတ်တော်ခေါ်ပြီ၊ အစိုးရဖွဲ့ပြီ ဘာလုပ်ကြမလဲ။ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက စစ် အုပ်စု ချပေးတာကို လိုက်အော်ကြတယ်။ ဆန့်ကျင်ကြောင်း တာဝန်အရ လုပ်ကြတယ်။ ပြီးတော့ ရည်မှန်း ချက်တခုပြီးတခု ပြောင်းတယ်။ အခုတော့ ကိုယ့်ဘယ်လမ်းသွားနေပြီလဲဆိုတာတောင် မမှတ်မိတော့တဲ့ အ နေအထားတွေ ဖြစ်ကုန်ပြီ။

လမ်းပျောက်ပြီး တောင်ရောက်မြောက်ရောက် ရောက်နေပြီလို့ပဲ ခပ်ရှင်းရှင်း ပြောလိုက်ကြပါစို့။ လူထုတွေ ဘ ၀ကို ကြည့်ပါဦး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေတာကို ဒေါ်စုနဲ့ အန်အယ်လ်ဒီက အန်ဂျီအိုတွေလို သေးသေးမွှားမွှား အကူအညီလေးတွေ လိုက်ပေးနေမယ့်အစား မြန်မာ ပြည်သူတရပ်လုံး ခံစားနေရတဲ့ လူမှုဒုက္ခကြီးကနေ လွတ်မြောက်အောင် လုပ်လိုက်ပါတော့လား။ တိုင်းပြည်ကို လူတန်းစေ့နေနိုင်တဲ့ ဘ၀ရောက်အောင် ခေါင်းဆောင်ပြီး လုပ်ပေးနိုင်လေမလားလို့ အရင်တုန်းကတော့ အားကိုးမျှော်လင့်ခဲ့မိပါတယ်။ ပြတ်ပြတ်သားသား ခေါင်းဆောင်ရဲတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို သူ့သမီးက လည်း သူ့လိုဖြစ်လေမလားလို့ အားကိုးယုံကြည်ခဲ့မိတာလေ။ အခုတော့ လူသာမန်တွေလုပ်တဲ့ အလုပ်ကို လုပ်ပြီး လက်ခုပ်တီး ပန်းကုံးစွပ်တာကို သာယာနေတဲ့ အကယ်ဒမီပေးပွဲက မင်းသမီးတလက် ဖြစ်နေတာကို ရင်နာလို့မဆုံးဖြစ်ရတယ်။

တာဝန်မကျေတာက ပြည်သူက ပေးအပ်တဲ့ တာဝန်ကို မယူရဲဘဲ ပြည်သူကိုပဲ ပုံချလုပ်ခိုင်းနေတဲ့ ရှောင်ပြေး နေတဲ့ ဒေါ်စုနဲ့ ၉၀ ပြည်နှစ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဘယ်အထိ လူထုက တာ ၀န်ကျေပေးရမှာလဲ၊ ဘယ်အထိ လူထုက လိုက်ပါဆောင်ရွက်ပေးရမှာလဲ။ နိုင်ငံတကာအနေနဲ့ကလည်း ကြည့် ပါဦး။ ဘာတခုမှ ထမလုပ်ဘဲ ကြေညာချက်ထုတ်ပြီး အခမ်းအနားပဲ လုပ်တတ်တဲ့ အတိုက်အခံကို ဘယ်လို အားပေးကူညီရမှာလဲ။ ဘာတွေ လုပ်ခဲ့ပြီးလို့ ဘာတွေ ထောက်ခံပေးရမှာလဲ။ မိမိတို့ဘာသာ စဉ်းစားကြပါ တော့။ "
ဟူ၍ဖြစ်သည်။ သို့သော် ထူးထူးခြားခြားအမြင်မှန်ရလာခြင်းမရှိချေ။ ဒေါ်အောင်ဆန်းစုကြည်၏ (၁) နှစ် နီးပါး မီးကုန်ရမ်းကုန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း NLD ပါတီသည် သာမန် ပရဟိတ အဖွဲ့တစ်ခုထက် ပိုသည့် လုပ်ဆောင်မှုများ လုပ်ပြနိုင်ခြင်းမရှိခဲ့ပါ။ ထိုအချိန်တွင် ဦးသိန်းစိန်အစိုးရ နှင့် လွှတ်တော် သုံးရပ်မှာ ၆ လ အတွင်းမှာပင် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို ထင်ထင်ရှားရှားခံနေရပြီဖြစ်သည်။


  ထို့အပြင် လူထု၏ ဝေဖန်မှုကိုခံနိုင်ဖို့၊ လူထုအသံနားထောင်ဖို့ အမြဲလိုလိုပြောနေသူ ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူထဲမှ ပြည်သူတစ်ဦးဖြစ်သူ ဦးမင်းဆွေမှ စာရေးသားပေးပို့ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ထံသို့ မရောက်ရှိခဲ့ပေ။ ထိုစဉ်က NLD ရုံး မှ တာဝန်ခံ ဦးဝင်းထိန် တို့မှ "ဒေါ်စုကြည်" ဟု ရေးသားထားသည့် ဦးမင်းဆွေ၏ အသုံးအနှုံးများကို ရိုင်းပြကြောင်း၊ "အောင်ဆန်းစုကြည်" ဟူသော နာမည်အား "အောင်ဆန်းစုကြည်" ဟူ၍ သာ အသုံးပြုသင့်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း ကိစ္စနှင့်ပတ်သက်၍ စာဖတ်သည်၊ မဖတ်သည်၊ စာရသည်၊ မရသည် ကို တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း လုံးဝမရှိခဲ့ခြေ။ ထိုစဉ်က ဦးမင်းဆွေမှာ တီရှပ် အကျီအဖြူပေါ်တွင် "ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိပိတ်၊ နားပိတ် မလုပ်ကြပါနှင့်" ဟု စာရေးသားခဲ့သည်။


ငါးမင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်သို့ (၃) ~ http://www.myanmarexpress.net/2010/12/blog-post_12.html


"ဒေါ်အောင်ဆန်းစုကြည်" နာမည်အား "ဒေါ်စုကြည်" ဟု ပြဿနာတတ်ခဲ့သည့် အမည်နာမ ကိစ္စသည် "မြန်မာ"၊ "ဘားမား" နှင့် "ကုလား" ပြဿနာများတွင် ပုံစံတူပြဿနာများ ပေါ်ပေါက်လာခဲ့သော်လည်း ယခုအချိန်ထိ တိတိကျကျ မူဝါဒ အမှန် သတ်မှတ်ထားခြင်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည် နှုတ်ကထွက်သည့် စကားသာလျှင် အမှန်ဖြစ် မှတ်ယူနေကြရသည်ကို စိတ်ပျက်ဖွယ် တွေ့မြင်ရသည်။




ဦးမင်းဆွေပြီးလျှင် အိပ်ဖွင့်ပေးစာ တစ်စောင်အား " ဒေါ်အောင်ဆန်းစုကြည်သို့ နောက်ဆုံးပေးစာ ဟု ခေါင်းစဉ်တပ်၍ပေးပို့သူမှာ လမ်းပြကြယ် မှ ဦးအေးမြင့်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ...

ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်။ ယခုစာရေးချိန် ထိ လေးစားလျက်ပါ။ အောက်ပါမေးခွန်းများကို သေသေချာချာ စဉ် စားပြီး ဖြေစေလိုပါတယ်။

(၁) ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။

(၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။

(၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။

(၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။

(၅) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။

(၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။

(ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။

ဦးအေးမြင့် (လမ်းပြကြယ်)

ဟု၍ဖြစ်သည်။ ယခုအခါတွင် မိန့်ခွန်းပြောဆိုချိန်တိုင်းမှာ "ကျွန်မကို မေးခွန်းတွေမေးပါ.. မေးခွန်းမေးမှ ဖြေလို့ရမှာပါ" ဟု အသံကောင်းဟစ်နေသော်လည်း ထိုစဉ်က မေးထားသော မေးခွန်းများကိုတော့ လုံးဝ လုံးဝ ဖြေကြားခဲ့ခြင်းမရှိပေ။ အထူးသဖြင့် မေးခွန်း (၅၅) ခု အား http://www.myanmarexpress.net/2011/11/blog-post_13.html တွင် မေးမြန်းထားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယနေ့အချိန်ထိ ဖြေဆိုနိုင်စွမ်း မရှိပေ။
 
 
ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု သံယောဇဉ် ကို စွန့်လွှတ်သူအဖြစ် ၎င်း အားထောက်ခံသူများမှ ကြံဖန်ချီးကျူးကြသော်လည်း (၂) နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ်အဲရစ် တို့မှ မွေးဖွားသော သားအငယ်ဖြစ်သူ အကြိမ်ကြိမ် လာရောက်တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကြီးမှလည်း သားအငယ်၏ မိသားစုရှိရာ ဗြိတိန်နိုင်ငံသို့လည်းကောင်း၊ သားအကြီးရှိရာ အမေရိကန်နိုင်ငံသို့လည်းကောင်း သွားရောက်တွေ့ဆုံ အချိန်ဖြုန်းခဲ့သည်။ ထူးဆန်းသည်မှာ မြန်မာ သမ္မတလုပ်မည်ဟု ကြွေးကြာ် ထားသူ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်လုံး နှင့် မြေးများမှာ မြန်မာစကား လုံးဝ နားမလည်၊ မပြောတတ်ကြပေ။ ၂ နှစ်အတွင်း သား၊ ချွေးမ၊ မြေးများနှင့် အကြိမ်ကြိမ်ဖုန်းဆက်စကားပြောခြင်း၊ အင်တာနက်ပေါ်တွင် တွေ့ဆုံခြင်း အကြိမ်ကြိမ်ရှိခဲ့သော်လည်း မိသားစုချင်းပြောဆိုသည့် စကားများမှာ မြန်မာစကားမဟုတ်ချေ။


၂၀၁၀ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာတစ်ခုလုံးသို့ ထိတ်လှန့်တုန်လှုပ်စေသည့် ဝီကီလိခ် ပြဿနာ သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုလည်း များစွာထိခိုက်စေခဲ့သည်။ NLD မှ သက်ကျားအိုများကို "အန်ကယ်ကြီးများ" ဟူ၍ အမေရိကန် သံအရာရှိမှ လှောင်ပြောင်ပြောဆိုမှုများ ရှိခဲ့ပြီး အဆိုးဆုံးမှာ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ “အခန်းကဏ္ဍမှာ ပြီးဆုံးသွားပြီ”ဟု အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အမေရိကန် အရာရှိများကို ပြောဆိုကြောင်း ကို ၀ီကီလိစ်က ဖော်ထုတ်လိုက်ခြင်းပင်ဖြစ်သည်။ သို့သော် ဝီကီလိစ်ခ်၏ ဖွင့်ချချက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မိမိကိုယ်တိုင်လည်း ခုခံချေပနိုင်ခြင်းမရှိခဲ့သလို အပြောခံရသူ သက်ကြားအိုများအတွက်လည်း ခုခံပြောဆိုနိုင်စွမ်းမရှိခဲ့ခြေ။


 အသုံးမကျ (၂) နှစ် ~ ၂၀၁၀ နိုဝင်ဘာမှ ၂၀၁၂ နိုဝင်ဘာထိ ဘာမှတိုးတက်အောင် လုပ်နိုင်ခြင်းမရှိသော ဒေါ်အောင်ဆန်းစုကြည် (အပိုင်း - ၁)
Myanmar Express

အသုံးမကျ (၂) နှစ် ~ ၂၀၁၀ နိုဝင်ဘာမှ ၂၀၁၂ နိုဝင်ဘာထိ ဘာမှတိုးတက်အောင် လုပ်နိုင်ခြင်းမရှိသော ဒေါ်အောင်ဆန်းစုကြည် (အပိုင်း - ၁)


ယနေ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဦးတစ်ယောက် တစုံတရာ ထိန်းချုပ်မှု လုံးဝမရှိပဲ နိုင်ငံရေးလောကတွင်း  လွတ်လွတ်လပ်လပ်ဖြင့် ရှိသမျှ ပညာကုန်၊ အရည်အချင်းကုန် ထုတ်သုံးကာ ကြိုးစားခဲ့မှု (၂) နှစ် တိတိပြည့်သည့်အချိန်ပင်ဖြစ်သည်။ ပြည်တွင်းထုတ်ဂျာနယ်များ၊ မြန်မာပိုင်း အသံလွှင့်ဌာနများ နှင့် ၎င်း အား ထောက်ခံသူများ၏ ရေးသားဖော်ပြ အမည်ပေးမှုများကြောင့် ဒုတိယ ဘုရားသခင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူတစ်ရပ်လုံး ချစ်တဲ့ အမေ၊ လူထုတစ်ရပ်လုံးထောက်ခံတဲ့ အမေ၊ မြန်မာတစ်နိုင်ငံလုံးတွင်အတော်ဆုံး လူသား ဟူ၍ နာမည်မျိုးစုံပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးပါက ၎င်း ၏ အရည်အချင်းနှင့် လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံကြီး နေ့ချင်း၊ ညချင်း နတ်ရေကန်ထဲ ပစ်ချသလို တိုးတက်လာမည်ဖြစ်ကြောင်း ယုံကြည် ခဲ့ကြသည်။ သို့သော် ယနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ရှိစုမယ့်စု အရည်အချင်းများကို အားကုန်ညှစ်သုံးစွဲခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် လုပ်လို့ တိုးတက်သွားသည့် မြန်မာ့နိုင်ငံရေး ဟူ၍ တစ်ခုမှ မတွေ့ရသလို ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင်မှုကြောင့် ကောင်းကျိုးခံစားရသူ မြန်မာပြည်သူ ဟူ၍ ထွက်ပေါ်မလာခဲ့ပေ။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းဦးဆောင်သော NLD ပါတီမှာ တိကျ ခိုင်မှာ သည့် မူဝါဒ မရှိခြင်းကြောင့် ရှေ့နောက် စကား မညီခြင်း၊ ပထမ ကြေညာချက်နှင့် ဒုတိယ ကြေညာချက် မူဝါဒ ကွဲမှားခြင်း၊ ပြောထားသည်နှင့် လုပ်ဆောင်မှု ဆန့်ကျင်နေခြင်းများမှာ (၂) နှစ် ဟူသည့် ကာလ အတွင်းမှာပင် အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် တွေ့မြင်ခဲ့ရသည်။

မြန်မာနိုင်ငံကို ပြောင်းလဲရန်၊ တပ်မတော် အစိုးရ နှင့် မူဝါဒ များကို ပြောင်းလဲရန် အနှစ် ၂၀ ကျော် ဦးတည်ကြိုးစားကာ ပါးစပ်မှ တဖွဖွ  ဆက်တိုက် ရေရွတ်နေသော်လည်း တပ်မတော် နှင့် အစိုးရ အဖွဲ့ ၏ အစီအစဉ် နှင့် လုပ်ဆောင်မှုများကို တစ်စုံတစ်ခုမျှ ဟန့်တားနိုင်ခြင်း မရှိပဲ ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် အတိုက်အခံ အဖွဲ့အစည်းများကိုသာ အစိုးရ မှ (၂) နှစ် အတွင်း အမျိုးမျိုး ပြောင်းလဲပေးခဲ့၊ လုပ်ချင်တိုင်းလုပ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

လွန်ခဲ့သည့် (၂) နှစ် အကြာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အနှစ် (၂၀) အတွင်း ပထမဆုံး ရွေးကောက်ပွဲအား မြန်မာလူထုမှ စိတ်ဝင်စားကာ မဲပေးဖို့ စဉ်းစားနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ "အခြေခံဥပဒေအရ မဲမပေးပဲ နေခွင့်ရှိတယ်၊ မဲပေးစရာ NLD ပါတီ မရှိရင် မပေးနဲ့ပေါ့" ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ ဦးဝင်းတင်ကလည်း ၂၀၀၈ အခြေခံဥပဒေ နွားတင်းကုတ် ဟုလည်းကောင်း၊ ရွေးကောက်ပွဲဝင် ပါတီများကို နွား ဟူ၍လည်းကောင်း ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်ခဲ့ကြသည်။ သို့သော် (၂) နှစ်အတွင်း ချက်ချင်းပြောင်းလဲကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ NLD ပါတီကို မှတ်ပုံတင်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဆန္ဒပြခိုင်း သည့် ဒေါ်အောင်ဆန်းစုကြည်မှလည်း ၎င်း အား မဲပေးရန် မိတ်ကပ်အဖွေးသားဖြင့် NLD ပါတီနှင့် လားလားမျှ မသက်ဆိုင်သော ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအား ဖော်ပြကာ မဲဆွယ်ခဲ့သည့် မျက်နှာကို (၂) နှစ် အတွင်း အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့၏ အစီအစဉ် အရ NLD ပါတီကို ၎င်းတို့ ရေးစွဲထားသော လမ်းပြမြေပုံအတွင်း တနေ့ မဟုတ် တနေ့ အလိုလိုရောက်လာစေရန် စီစဉ်ခဲ့ရာ ရည်မှန်းထားသည့်အတိုင်းပင် လမ်းပြမြေပုံ ၇ ချက်အား တစ်ချက်ခြင်း ကန့်ကွက်ခဲ့သူ NLD၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား အတိုက်အခံအားလုံး အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ ပြည်ပမှ နာမည်ပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံမှာ အစိုးရ က မဖျက်ခိုင်းပဲ ၎င်းတို့သဘောနှင့်ပင် ဖျက်လိုက်ရသည်။ အချို့ ပြည်ပ နာမည်ကြီး အတိုက်အခံများမှာ မြန်မာနိုင်ငံတွင် ကြာကြာနေချင်ကြ၊ ပါတီပင်ထောင်ကာ ရွေးကောက်ပွဲ ဝင်လိုကြသော်လည်း နိုင်ငံတွင်းတွင် အချိန်ကြာကြာနေခွင့်မရသဖြင့် လိမ်ဖယ်လိမ်ဖယ်ဖြစ်ကာ ပြန်သွားခဲ့ကြရသည်။ ဤဖြစ်စဉ်များ နှင့် လွှတ်တော် အတွင်း၌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း နှင့် ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်တို့ ခမ်းမတွင်းဝင်လာချိန်တွင် ပဝါရှေ့ချကာ ပေကြောင်ပေကြောင် မတ်တတ်ရပ်ပေးနေရသော ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ရချိန်မှာ အကြိမ်ကြိမ် ပြုံးနေမည်ဖြစ်သလို ကွယ်လွန်ဦး ဦးနေဝင်း နှင့် ဦးစောမောင်တို့လည်း ရောက်ရာဘဝ မှ ပြုံးနေကြမည်ဖြစ်သည်။ 

ရွေးကောက်ပွဲဝင်ကာ လွှတ်တော်အမတ်လုပ်မည့် အတူတူ ၁၉၉၃ ညောင်နှစ်ပင် အမျိုးသား ညီလာခံကတည်းက ဦးသန်းရွှေ၏ ဆန္ဒကိုလိုက်လျှောလိုက်လျှင် ယခုကဲ့သို NLD ပါတီလည်း မျိုးဆက် တစ်ခုစာ ပျောက်ပျက်သွားစရာ အကြောင်းမရှိပေ။ ယခုတော့ အမျိုးသားညီလာခံကိုကန့်ကွက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်း အမှားခြစ်ခဲ့ပြီးမှ လွှတ်တော်ထဲမှာ မတ်တတ်ရပ်နေရပြန်သည်။

လွန်ခဲ့သည့် (၂) နှစ်က ဒေါ်အောင်ဆန်းစုကြည် မှ ဦးဥာဏ်ဝင်းအား ဘူးသီး ပေးခဲ့ခြင်းကြောင့် ဘူးမဏပ်မှာ ဘူးသီးကြော်ကျွေးပြီး ဘူးသံချပ်ပြိုင်ကာ ရွေးကောက်ပွဲ ကို မဝင်ဘူး.. မဝင်ဘူး.. ဟု အော်ခဲ့သူများ အတွက်တော့ (၂) နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာမှ ပြန်မလုပ်ပေးနိုင်ခဲ့ပေ။



၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က NLD ရုံးရှေ့တွေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတစ်ခု စပြောခဲ့ရာ အချိန် နာရီဝက်ခန့်ကြာသော်လည်း အနှစ်သာရ ဘာတစ်ခုမှ မပါခဲ့ပေ။ မိန့်ခွန်းတွင် သူမနေဖြင့် နေ့စဉ် BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို နားထောင်ခဲ့ကြောင်း၊ ဖုန်းကိုင်ဆောင်သူ အများအပြားတွေ့ရသဖြင့် ဆက်သွယ်ရေးဖက်တွင် များစွာ တိုးတက်လာကြောင်း၊ ပြည်သူတွေပြောသမျှ ထိုင်နားထောင်မည့်အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမည့် အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးမှာ အလွန်အရေးကြီးကြောင်း၊ သူမ၏ နေအိမ်တွင် သူမအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့သော တပ်မတော်သားများကို တန်ဖိုးထား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။


ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မိန့်ခွန်းအား နိုင်ငံရေးအကဲခက်များမှ အထူးသတိထားမိကာ ဝေဖန်မှုများ ဆူညံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို အချိန်ပြည့်နားထောင်သူ တစ်ဦးသည် ၎င်း အသံလွှင့်ဌာနများ၏ ရည်ရွယ်ချက်နောက်သို့လိုက်ကာ တဖက်စွန်းရောက်ခြင်း၊ အမေရိကန်၊ ဗြိတိန် နှင့် နော်ဝေ နိုင်ငံတို့အား အထင်ကြီးခြင်း တို့ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း သုံးသပ်ကြသည်။ ထိုအချိန်က ရွေးကောက်ပွဲကျင်းပအပြီး တစ်ပတ် အကြာဖြစ်သောကြောင့် အမျိုးသားရင်ကြားစေ့ ရေး ဟူသည့် လက်နက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် နိုင်ငံရေးလောကတွင်းတွင် ဘာမျှ လုပ်နိုင်မည် မဟုတ်ကြောင်း သုံးသပ်ခဲ့ကြသည်။ မျှော်လင့်ထားသည့် အတိုင်းပင် (၂) နှစ် တာကာလတွင်း မည်သည့် အမျိုးသားရင်ကြားစေ့ရေးကို မျှ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။



ထို့နောက့် လူထုအသံနားထောင်မည်ဟု ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် VOA, RFA မှ မေးခွန်းများဖြေကြားခြင်း အစီအစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ဆောင်ရင်း အချိန်ဖြုန်းခဲ့သော်လည်း နောက်ပိုင်းတွင်း မေးခွန်းများ ခက်ခဲလာခြင်းကြောင့် ၎င်းအစီအစဉ်အား ရပ်နားခဲ့ရသည်။ ပြည်သူ့ အသံနားထောင်ပါမည်၊ မေးသမျှဖြေပါ့မယ် ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည်  လပိုင်းအတွင်း ရှေ့နောက်မညီမှုများကို တွေ့လာရသည်။  အထင်ရှားအမြင်သာဆုံးတစ်ခုမှ မည်သူ့ကိုမဆို တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ပြောဆိုပြီး မကြာမီတွင် ဦးမင်းဆွေ မှ တွေ့ခွင့်တောင်းခဲ့ရာ တွေ့ခွင့် မရပေးခဲ့ပေ။



 ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်အား တကယ့် တန်ခိုးရှင်တစ်ဦး၊ ဒုတိယဘုရားသခင် တစ်ဦးအဖြစ် လူတစ်စုက ယုံကြည်နေလျှက်ပင် ရှိနေခဲ့သည်။ ၎င်းကို အထင်ကြီးမြှောက်စားသူများ၏ ကြားတွင် နေချိန်ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် ၎င်းကိုယ်တိုင်လည်း ထိုသို့ထင်လာခဲ့သည်။  ယောင်္ကျားစည်း ၊ မိန်းမစည်း မစောင့်တော့ပဲ ယောင်္ကျားများကို ကြမ်းပြင်ထိုင်ခိုင်းခြင်း၊ ကန်တော့ခိုင်းခြင်း၊ ဘုန်းကြီးများမှ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ကန်တော့ခြင်းအား မတားမြစ်ခြင်း တို့ကို တွေ့မြင်လာရသည်။ ယခင်တုန်းကလည်း သီလရှင်လေးများကို ကြမ်းပြင်တွင်ထိုင်ခိုင်း၍ ဒေါ်အောင်ဆန်းစုကြည်မှ ကောဇောပေါ်ထိုင်ကာ စကားပြောခဲ့ဖူးသည်။







စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်၍ နိုဝင်ဘာလ တွင် ရွေးကောက်ပွဲ လုပ်ဆောင်ခဲ့ကာ ဧပြီလတွင် သမ္မတရွေးချယ်ခြင်း၊ လွှတ်တော်အမတ်များ ခေါ်ယူခြင်းများ လုပ်ဆောင်နိုင်ခဲ့သော်လည်း နိုဝင်ဘာလ မှ ဧပြီလထိ ဒေါ်အောင်ဆန်းစုကြည် ဘာတစ်ခုမှ မယ်မယ်ရရ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ဧပြီလတွင် နိုင်ငံတော်ကြီးအား ၅ နှစ်တာ အုပ်ချုပ်မည့် သမ္မတ၊ ဒုသမ္မတများကို ရွေးချယ်ဖို့ လွှတ်တော်အမတ်များ အလုပ်ရှုတ်နေချိန်၊ စစ်ဗိုလ်ချုပ်ကြီးဟောင်းအချို့ သင်္ကြန်တွင်း သာသနဘောင် ဝင်နေချိန်တွင် အသက် ၆၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ သင်္ကြန်မှာ ရေကစားကာ အချိန်ဖြုန်းခဲ့သည်။




သမ္မတလုပ်ကာ နိုင်ငံကြီးတစ်ခုလုံးကိုပင် အုပ်ချုပ်မည်ဟု ကြွေးကြော်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည်  ၂၀၁၁ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော မလေးရှား NLD-LA အား မလေးရှား လဝက မှ ဝင်ရောက်ဆီးနင်းခြင်း ကိစ္စ၊ မလေးရား NLD-LA မှ မှတ်ပုံတင်အတု လုပ်ဆောင်မှု ကိစ္စများကို ဝင်ရောက်ဖြေရှင်း တစ်စုံတရာ မရှိသလို၊ မလေးရှားရှိ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ အတိုက်အခံများက NLD-LA ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ခြင်းကိုလည်း ယခုချိန်ထိပင် မသိကျိုးကျွန်ပြုကာ နှုတ်ဆိတ်နေခဲ့သည်။

for NLD



မည်သူနှင့်မဆို တွေ့ဆုံရန် အဆင်သင့်ရှိသည် ဟု ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ယခင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် ပထမ အကြိမ်တွေ့ဆုံချိန်မှာပင် မျက်နှာအမူအရာ မှာ မသာမယာ သိသိသာသာ ဆိုးဆိုးရွားရွားဖြစ်နေသဖြင့် လူအများ၏ ဝေဖန်ခြင်းကို ထိုအချိန်က ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ စစ်ဗိုလ်ချုပ်ဟောင်းများကလည်း ၎င်းတို့၏ မူလ အစီအစဉ်အတိုင်း အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပန်းလျှက်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံးဝ တားမြစ်၊ ကန့်သတ်နိုင်စွမ်း မရှိခဲ့ခြေ။

   
ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းဆောင်မှုကြောင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများ ဘာမှ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ဆန်းဦးတို့ မောင်နှမ နှစ်ယောက်တို့ အချင်းချင်းအပြန်အလှန် တရားစွဲဆိုခြင်းများကို လုပ်ဆောင်ခြင်းကြောင့် လူထုက စိတ်ပျက်ခဲ့ရသည်။ မိဘ အမွေဖြစ်သော အိမ်တစ်အိမ်အား ကျန်ရှိသူ မောင်နှမ နှစ်ယောက်မှ အညီအမျှ အတူ ရယူကြရမည်ဖြစ်သော်လည်း အငယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ အစ်ကိုဖြစ်သူအား ခွဲမပေးလိုပဲ တစ်ဦးတည်း အပိုင်စီးလိုခြင်းကြောင့် တရားစွဲခဲ့သည်။ နေအိမ်တလုံးအတွက် အစ်ကိုအရင်းဖြစ်သူကိုပင် တရားစွဲခဲ့သော ပစ္စည်းဥစ္စာမက်မောသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခု အခါ သမ္မတလုပ်မည်ဟု ပင် ကြွေးကြော်ထားပြန်သည်။


 ဒေါ်အောင်ဆန်းစုကြည် မှ အချင်းချင်းစည်းလုံးဖို့၊ ရန်မဖြစ်ဖို့၊ ညီညွတ်ဖို့၊ ရင်ကြားစေ့ဖို့ ပါးစပ်ကသာ ပြောဆိုလျှက်ရှိပြီး ၎င်း ကိုယ်တိုင်မှာ မောင်နှမအရင်း အချင်းချင်းကိုယ်ပင် မျက်နှာချင်းမဆိုင်နိုင် ပဲ တရားစွဲနေခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာ ရှေ့နောက် မညီခြင်ကြောင်း၊ ပြောနှင့်လုပ်တာ တခြားဆီဖြစ်နေကြောင်း၊ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့် ဟုသည့် လူစားမျိုးဖြစ်ကြောင်း သိသာထင်ရှားစေခဲ့သည်။


အပိုင်း (၂) http://www.myanmarexpress.net/2012/11/blog-post_8044.html


  Myanmar Express