Subscribe to our RSS Feed
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

ပြည်တွင်းသို့ဝင်ရောက်သည့် ဟန်းဆက်များ ကျန်းမာရေးထိခိုက်မှုရှိ၊ မရှိစစ်ဆေးမည်

From : .. 7day

 ပြည်တွင်းသို့ တင်သွင်းနေသော မိုဘိုင်းဟန်းဆက်များကို ကျန်းမာရေးအတွက် ထိခိုက်နိုင်မှုနှင့် အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စမ်းသပ်ခန်း (Lab)တစ်ခုထားပြီးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူးဦးမျိုးမြင့်ထွန်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်းသို့ မိုဘိုင်းဟန်းဆက်များ တင်သွင်း ရောင်းချခြင်းကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြရပြီး အဆိုပါဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်းမှုများ ပြုလုပ်နေသော်လည်း ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ဟန်းဆက်အများစုမှာ စနစ်တကျစစ်ဆေး၍ ရောင်းချခြင်းမျိုးနည်းပါးနေသေးကြောင်း သတင်းရရှိသည်။


‘‘ကိုယ်ပိုင် Lab တစ်ခုတည်ထောင်တဲ့အခါမှာ သုံးစွဲသူတွေကို မထိခိုက်အောင် ကာကွယ်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်သွားမယ်၊ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေတွေ့တယ်ဆိုရင် ကနဦးသတိပေးသွားမယ်၊ ဆက်ဖြန့်မယ်ဆိုရင် အရေးယူတဲ့အထိ လုပ်သွားမယ်’’ဟု ဦးမျိုးမြင့်ထွန်းက ဆိုသည်။

လက်ရှိတွင် ဟန်းဆက်များ တင်သွင်းလိုပါက ရောင်းချမည့်လူကိုယ်တိုင်သွားရောက်တင်ပြရမည့်စနစ်ကို ကျင့်သုံးနေသော်လည်း နောက်ပိုင်းတွင် ဟန်းဆက်ထုတ်လုပ်သည့် ကုမ္ပဏီများကိုယ်တိုင် သွားရောက်စစ်ဆေးခံရမည်ဖြစ်ပြီးသည်

တင်သွင်းရောင်းချမည့်သူများမှ စစ်ဆေး၍အတည်ပြုပြီးသား ဟန်းဆက်များကို မော်ဒယ်အလိုက်တင်သွင်းခွင့်ရသည့်စနစ်ကို ပြောင်းလဲကျင့်သုံးသွားရန်လည်း စီစဉ်နေကြောင်း သတင်းရရှိသည်။
 

.. www.MyanmarExpress.net
 

အိုင်ဖုန်းဟာအမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ပြောကြားလိုက် သည့် တရုတ်နိုင်ငံ

From : . mrtv4
အက်ပဲထုတ်အိုင်ဖုန်းတွေဟာ အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်နိုင်တယ်လို့  တရုတ်နိုင်ငံကစွပ်စွဲပြောကြားထာပါတယ်။တရုတ်နိုင်ငံပိုင်ရုပ်သံဌာန
ဖြစ်တဲ့ CCTV ဟာအက်ပဲထုတ်အိုင်ဖုန်းတွေမှာပါဝင်တဲ့ ဖုန်းသုံးစွဲသူရဲ့တည်နေရာကိုပြတဲ့ဖန်ရှင်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရာရောက်နေတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။

CCTV ဟာဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့လုံခြုံရေးတက္ကသိုလ်ရဲ့ အင်တာနက်လုံခြုံရေးဆိုင်ရာဌာနညွှန်ကြားရေးမှူး "မာဒင်း" နဲ့တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ "မာဒင်း"ရဲ့ ဖြေကြားချက်တွေကိုဖော်ပြခဲ့တာဖြစ်ပါတယ်။တွေ့ဆုံမေးမြန်းခန်းမှာ  မစ္စတာ "မာဒင်း"က နိုင်ငံတော်အဆင့်လျို့ဝှက်ချက်တွေအပါအ၀င် အမှားမခံတဲ့အချက်အလက်တွေကို အိုင်ဖုန်းမှာပါဝင်တဲ့သုံးစွဲသူအလွယ်တကူဖွင့်နိုင်၊ပိတ်နိုင်တဲ့ တည်နေရာမကြာခဏ ဖော်ပြပေးတဲ့ ဖန်ရှင်ကနေစုဆောင်းနိုင်တယ်လို့ CCTV နဲ့ သောကြာနေ့တုန်းပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပြောကြားထားပါတယ်။

အိုင်ဖုန်းနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်အခြေအနေဖြစ်ပေါ်နေတာဟာ အခုတစ်ကြိမ်ဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အခုတစ်ပတ်အတွင်းတုန်းကလည်း အက်ပဲဟာအိုင်ဖုန်းမှာထည့်သွင်းထားတဲ့ အသံသိမှတ်စနစ်မူပိုင်ခွင့်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံပိုင် မိုဘိုင်းထုတ်ကုန်ကုမ္ပဏီရဲ့စွပ်စွဲမှုကို ခံခဲ့ရပါတယ်။အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒီဆော့ဝဲလ်နဲ့ပတ်သက်လို့(၂၀၁၃)ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့တဲ့ IOS7 စနစ်သုံးအိုင်ဖုန်းမျိုးဆက်တွေအားလုံးမှာ အသုံးပြုနိုင်ပါတယ်။ဒါပေမယ့်လည်း အက်ပဲထုတ်ကုန်တွေဟာ တရုတ်နိုင်ငံမှာလူကြိုက်များနေတယ်လို့ သိရပါတယ်။

... www.MyanmarExpress.net
 

ဝေဖန်မှုတွေကြုံတွေ့နေရသည့် facebook

From : .. MRTV-4


 သုံးစွဲသူ(၇)သိန်းနီးပါးအပေါ်မှာ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းထွေထွက်ပေါ်ပြီးတဲ့နောက်မှာ facebook ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ facebook  ဟာသုံးစွဲသူတွေရဲ့ News Feed စာမျက်နှာကိုသုံးစွဲသူတွေရဲ့ တုံ့ပြန်မှုခံစားချက်တွေအပေါ် စမ်းသပ်ဖို့အတွက် စနစ်တကျပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ သုံးစွဲသူတွေရဲ News Feed တင်မှုအလေ့အထတွေကို ခံစားချက်ကနေတစ်ဆင့် ပြောင်းလဲနိုင်မလားလို့ ဆိုတဲ့လေ့လာမှုကို အမေရိကန်တက္ကသိုလ်နှစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 facebook ကုမ္ပဏီကတော့ ဒီစမ်းသပ်ချက်မှာမလိုအပ်ပဲနဲ့ သုံးစွဲသူတွေရဲ့အချက်အလက်ကို စုဆောင်းခဲ့ခြင်းမရှိဘူးလို့  ပြန်လည်ငြင်းဆိုထားပါတယ်။ ဒါ့အပြင်တစ်ဦးတစ်ယောက်ရဲ့  အကောင့်အပေါ်မှာ စုဆောင်းထားတဲ့ အချက်အလက်အသုံးပြုပြီး ထိန်းချုပ်ထားတာမျိုးလည်း မလုပ်ခဲ့ဘူးလို့လည်း ငြင်းဆိုထားပါတယ်။ အဆိုပါစမ်းသပ်ချက်မှာ ဆန်ဖရန်စစ်စကိုအခြေစိုက် ကယ်လီဖိုးနီးယားတက္ကသိုလ်နဲ့ ကော်နယ်လ်တက္ကသိုလ်တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ သုံးစွဲသူတွေကတော့သုံးစွဲသူတွေကိုအသိမပေးဘဲနဲ့ ပြုလုပ်ခဲ့တဲ့စမ်း သပ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုတွေကို  အပြင်းအထန်ဝေဖန်နေကြပါတယ်။

(၂၀၁၂)ခုနှစ်မှာတစ်ပတ်ကြာ လျှို့ဝှက်လုပ်ကိုင်ခဲ့တဲ့ ဒီစမ်းသပ်ချက်မှာသုံးစွဲသူ(၆၈၉၀၀၀)ကို အသုံးပြုပြီးစစ်တမ်းယူခဲ့တာဖြစ်ပြီး စမ်းသပ်ချက်အရ News Feed မှာအနှုတ်လက္ခဏာဆောင်တဲ့ အကြောင်းအရာတွေသိပ်မရှိရင် ကိုယ်တိုင်လည်းအနှုတ်လက္ခဏာဆောင်တဲ့ Post မျိုးတွေတင်တာ ပိုနည်းတယ်လို့သိရှိရပါတယ်။ facebook မှတာဝန်ရှိသူတစ်ဦးကတော့ ဒီစမ်းသပ်ချက်ကို တရားဝင်ကြေငြာမှုမလုပ်ခဲ့တာကို ၀န်ခံပြီးတော့အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။


.. www.MyanmarExpress.net
 

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း

From : ..Guide Magazine



သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။


.. www.MyanmarExpress.net
 

မြန်မာပြည်သူအများအပြား လေးစားအားကျသည့် ဒီမိုကရေစီ အမေရိကန်တွင် ထောက်လှမ်းရေးများက Google နဲ့ Yahoo ကြားဖြတ်ဖမ်းယူ၊ မြန်မာထောက်လှမ်းရေးလည်း အတုယူသင့်

From : .. voa

ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။

NSA အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း Edward Snowden ဖောက်ထုတ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ နားကြီး မျက်စိကြီး အာဏာပိုင်တွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး NSA အမေရိကန် အမျိုးသားလုံခြုံရေး လျှို့ဝှက် အစီအစဉ်အချို့ကို သိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Washington Post သတင်းစာကြီးမှာ ရေးသားဖော်ပြပါတယ်။

NSA နဲ့ ဗြိတိန်က GTCHQ ဗြိတိန်အစိုးရ ထောက်လှမ်းရေးအေဂျင်စီတို့ တွဲပြီး MUSCULAR ဆိုတဲ့ စီမံချက်တခု ဆောင်ရွက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီစီမံချက်ဟာ Google နဲ့ Yahoo ရဲ့ နိုင်ငံတကာကွန်ယက်တွေအကြား သတင်းအချက်အလက်တွေ သယ်ပို့တဲ့ ဖန်ကြိုးမျှင် Cable ကို လျှို့ဝှက် ကြားဖြတ် သတင်းရယူတာမျိုးတွေ လုပ်တာလို့ ဆိုပါတယ်။

Google နဲ့  Yahoo ကတော့ သူတို့အနေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို အခုလို ကြားဖြတ်ပြီး လျှို့ဝှက် အချက်အလက်ယူတာမျိုး သူတို့ ခွင့်ပြုပေးခြင်း မရှိဘူးလို့ ကြေညာချက်ထုတ် တုံ့ပြန်ထားပါတယ်။ 


.. www.MyanmarExpress.net
 

Coca-Cola ကိုကျော်တက်ကာ ကမ္ဘာ့အအောင်မြင်ဆုံး အမှတ်တံဆိပ်အဖြစ် Apple ရပ်တည်

From : .. planet

iPhoneနှင့် iPadတို့ကဲ့သို့ ထုတ်ကုန်များကြောင့် အလွန်အောင်မြင်လာသည့် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးသည် Coca-Colaကို ကျော်တက်ကာ ယခုနှစ်၏ အအောင်မြင်ဆုံး အမှတ်တံဆိပ် ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
Coca-Cola ကိုကျော်တက်ကာ ကမ္ဘာ့အအောင်မြင်ဆုံး အမှတ်တံဆိပ်အဖြစ် Apple ရပ်တည်
တစ်နှစ်တာအတွင်း ကမ္ဘာ့ အအောင်မြင်ဆုံး လုပ်ငန်း အမှတ်တံဆိပ်များ စာရင်းတွင် Appleက ထိပ်ဆုံးနေရာ၌ ရပ်တည်ခွင့် ရရှိလာကြောင်း သိရှိရသည်။ iPhoneနှင့် iPadတို့ကဲ့သို့ ထုတ်ကုန်များကြောင့် အလွန်အောင်မြင်လာသည့် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးသည် Coca-Colaကို ကျော်တက်ကာ ယခုနှစ်၏ အအောင်မြင်ဆုံး အမှတ်တံဆိပ် ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယင်းမတိုင်မီက အချိုရည် အမှတ်တံဆိပ် Coca-Colaက ယခုဘွဲ့ထူးကို (၁၃)နှစ်ဆက်တိုက် ဦးဆောင် ရယူထားသည်။ Appleသည် Googleနှင့် အပြင်းအထန် ယှဉ်ပြိုင်ခဲ့ပြီး ယင်းအခြေအနေက ကုမ္ပဏီကြီး နှစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့သည်။ Google၏ မိုဘိုင်းလ်OSဖြစ်သည့် Andriodကို အသုံးတွင်ကျယ်လာခြင်းနှင့်အတူ Googleကလည်း Coca-Colaကို ကျော်တက်ကာ အအောင်မြင်ဆုံး အမှတ်တံဆိပ် ဒုတိယနေရာကို ပိုင်ဆိုင်လာခဲ့သည်။

Interbrand၏ တစ်နှစ်တာ အကောင်းဆုံး ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များ စာရင်းတွင် ယခုအခါ နည်းပညာ လုပ်ငန်းစုကြီး နှစ်ခုက အဓိက ဦးဆောင်နေခြင်းလည်း ဖြစ်လာသည်။ အခြား နည်းပညာ အမှတ်တံဆိပ်များ ဖြစ်ကြသည့် IBM၊ Microsoft၊ Samsungနှင့် Intelတို့သည်လည်း ထိပ်ဆုံး(၁၀)နေရာ စာရင်းတွင် ပါဝင်နေကြသည်။ "နည်းပညာ အမှတ်တံဆိပ်တွေထဲမှာ Appleကတော့ အတောက်ပဆုံးပါပဲ။ ကုမ္ပဏီ တစ်ခုဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တယ်။ သူတို့ရဲ့ ထုတ်ကုန်တွေ တစ်ခုတည်းကြောင့်တင် မကပါဘူး။ ကုမ္ပဏီရဲ့ သီးခြားရပ်တည်မှုကပါ သက်ရောက်မှု ရှိခဲ့တာပါ"ဟု Interbrand အမှုဆောင်ချုပ် ဂျက်ဇ်ဖရမ်တန်က မှတ်ချက်ပြုခဲ့သည်။

၎င်းက "ဒါကြောင့်လည်း Coca-Colaဟာ (၁၃)နှစ်ကြာ ထိပ်ဆုံးနေရာ ရပ်တည်မှုကနေ ဖယ်ပေးလိုက်ရတာပါ။ ခုချိန်မှာ Interbrandဟာ နံပါတ်(၁) နေရာပိုင်ရှင် အသစ်ကို တွေ့ရှိခဲ့ပါပြီ။ အဲဒါကတော့ Appleပါပဲ"ဟုလည်း ပြောကြားခဲ့သည်။ Interbrandသည် ကုမ္ပဏီ အသီးသီး၏ ရပ်တည်မှုပုံရိပ်၊ ငွေကြေးကဏ္ဍ၊ သုံးစွဲသူများအပေါ် ဩဇာသက်ရောက်မှုနှင့် အမှတ်တံဆိပ်၏ နာမည်ကျော် ထုတ်ကုန်များအပေါ် အခြေခံကာ ယခုစာရင်းကို နှစ်စဉ် ပြုစု ကြေညာခဲ့ခြင်း ဖြစ်သည်။ Appleသည် ယခုအခါ ဒေါ်လာ (၉၈.၃)ဘီလျံမျှ တန်ကြေးရှိနေပြီး (၂၀၁၂)ခုနှစ်ကထက် (၂၈)ရာခိုင်နှုန်း မြင့်တက်လာသည်။ Coca-Colaကမူ ဒေါ်လာ (၇၉.၂)သန်း ရှိပြီး ယမန်နှစ်ကထက် (၂)ရာခိုင်နှုန်းသာ တန်ဖိုးပိုမြင့်လာခြင်းဟု သိရသည်။ နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်ဖြစ်သည့် Facebookမှာ (၁၂)လအတွင်း တန်ဖိုး (၄၃)ရာခိုင်နှုန်း တက်လာသော်လည်း Interbrand၏ စာရင်းတွင် အဆင့်(၅၂) နေရာ၌သာ ရှိနေခဲ့သည်။
 
 
.. www.MyanmarExpress.net
 

Apple ပစ္စည်း ရန်ကုန်မှာ အရောင်းပြခန်းဖွင့်မယ်

From : ..dvb

Apple ရဲ့ iOS နည်းပညာထုတ်ကုန်တွေကို နိုင်ငံတကာအပြင်အဆင်နဲ့ ရောင်းချပေမယ့်ဆိုင်ကို အခုလ ၂၈ ရက်မှာ ရန်ကုန်မြို့ ဂျန်းရှင်းမော်တင်ဈေးဝယ်စင်တာမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီးတော့ ထူးခြားချက်က တန်ဖိုးကြီးတဲ့ Apple ပစ္စည်းတွေကို အရစ်ကျစနစ်နဲ့ပါ ရောင်းချပေးသွားမှာပါ။
နိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာနှစ်ခုဖြစ်တဲ့ အော်ရီဒူးနဲ့ တယ်လီနောကုမ္ပဏီတွေ လုပ်ငန်းစရင် မြန်မာပြည်ရဲ့ မို ဘိုင်းဆက်သွယ်ရေးကဏ္ဍ တိုးတက်လာဖို့ရှိတာကြောင့် အခုလို နည်းပညာမြင့်ထုတ်ကုန်ဖြစ်တဲ့ Apple ရဲ့ပစ္စည်းတွေကို နိုင်ငံတကာစံနှုန်းနဲ့ ဖွင့်လှစ်ရောင်းချဖို့စီစဉ်ရတာလို့ တစ်ဦးတည်းကိုယ်စားလှယ် အရောင်းဆိုင်ဖွင့်ခွင့်ရတဲ့ mDrive ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးမြတ်ထူးကပြောပါ တယ်။
“အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ Network အခြေအနေက အဆင်မပြေသေးတဲ့အတွက်iPad Team က iPad ကိုပေးဖို့ရာအဆင်မပြေပဲဖြစ်နေသေးတာ။ မြန်မာနိုင်ငံရဲ့ Network ကသူများနိုင်ငံနဲ့ယှဉ်ရင်သိပ်မကောင်း သေးဘူးပေါ့။ အဲ့ဒါကြောင့်ဖြစ်လို့ iPad Netork က တယ်လီဖုန်းတွေနဲ့ တွဲပြီးသုံးရတာရှိတာကြောင့် လောလောဆယ်မှာခွင့် မပြုပဲ နောက်နှစ်လသုံးလလောက်နေရင်ခွင့်ပြုမှာပါ”
မကြာခင်ရောင်းချတော့မယ့် ဒီကုမ္ပဏီအနေနဲ့ လောလောဆယ်မှာ သူ့ရဲ့ iPad နဲ့ iPhone ပစ္စည်းတွေကို ရောင်းချဦး မှာ မဟုတ်သေးပဲ iMac အမျိုးအစားနည်းပညာထုတ်ကုန်တွေပဲ ရောင်းချပေးမှာလို့သိရပါတယ်။
ဘာကြောင့် iPad နဲ့ iPhone ထုတ်ကုန်တွေကို အခုလို Apple ရဲ့ တရားဝင်အရောင်းပြခန်းမှာ မရောင်းချနိုင်သေးတာနဲ့ ပတ်သတ်ပြီး သူကအခုလိုဆက်ပြောပါတယ်။
မြန်မာပြည်ရဲ့မိုဘိုင်းဈေးကွက်ကတော်တော်အခြေအနေကောင်းပါတယ်။ ဒါပေမယ့် လူတွေရဲ့ဝယ်နိုင်တဲ့ဝင်ငွေမရှိတဲ့အခါ ကျတော့ Apple မပြောနဲ့ လက်ရှိ HTC တောင် တော်တော်ကြီးရုန်းကန်နေရတာပါ။ မြန်မာပြည်ကလူတွေရဲ့ တစ်ဦးချင်း ဝင်ငွေတိုသာမတိုးလာရင် မြန်မာပြည်ရဲ့မိုဘိုင်းဈေးကွက်က Apple အတွက်မဖြစ်နိုင်ဘူး။ တခြား Huwei တို့ ZTE တို့ လောက်တံဆိပ်တွေပဲရောင်းရမယ်လို့မြင်ပါတယ်။ လာမယ့်နှစ်အနည်းငယ်လောက်တော့ နိုင်ငံခြားအော်ပရေတာနှစ်ခု ကြောင့် မြန်မာပြည်မှာလူတွေအားလုံး မိုဘိုင်းဖုန်းတွေနဲ့ဖြစ်လာမယ်ထင်ပါတယ်”
ဒါပေမယ့် ပြည်တွင်းက နိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာ နှစ်ခုလုပ်ငန်းလည်ပတ်တဲ့အချိန်မှာပဲ Apple က iPhone နဲ့ iPad ထုတ်ကုန်တွေကို မြန်မာပြည်က သူ့ရဲ့အရောင်းပြခန်းမှာ တရားဝင်ရောင်းချဖို့ ခွင့်ပြုပေးသွားမယ်လို့သိရပါတယ်။
ဒါ့အပြင် Apple က မြန်မာပြည်မှာပဲ သူ့ရဲ့ ဝန်ဆောင်မှုစင်တာကိုဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။
နည်းပညာမြင့်ထုတ်ကုန်တွေဖြစ်တဲ့ Apple ရဲ့ ပစ္စည်းတွေကို အသုံးပြုလိုပေမယ့် ဈေးနှုန်းမြင့်မားလွန်းတာကြောင့် ဈေးနှုန်းသင့်တင့်တဲ့ Android OS စနစ်ပစ္စည်းတွေရဲ့ဈေးကွက်က ပြည်တွင်းမှာကြီးမားနေရတာလို့ ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းတစ်ချို့ကလုပ်ငန်းရှင်တွေကဆိုကြပါတယ်။
လောလောဆယ်မှာတော့ Apple ထုတ်ကုန်တွေဟာ မြန်မာပြည်ဈေးကွက်မှာ လူတန်းစားတစ်ရပ်လောက်သာ အသုံးပြုနိုင်သေးတဲ့ နည်းပညာပစ္စည်းတွေဖြစ်နေပါတယ်။ 


.. www.MyanmarExpress.net
 

မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ၁ သန်း ၄ သောင်းကျော်ရှိ

From : ..IJ


.သြဂုတ်လ ၂၂ ရက်နေ့ စစ်တမ်းအရ ဖေ့စ်ဘုတ်အသုံးပြုသည့် မြန်မာနိုင်ငံသားပေါင်း ၁ သန်း ၄ သောင်း ရှိသည်ဟု Clean Text (Facebook) စာမျက်နှာ၌ ဖော်ပြထားသည်။

၎င်း၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံမှ အမျိုးသား ၆ သိန်း ၂ သောင်းနှင့် အမျိုးသမီး ၄ သိန်း ၂ သောင်းမှာ ဖေ့စ်ဘုတ် အသုံးပြုနေသည်ဟု သိရသည်။ အသက် ၂၁ နှစ်မှ အသက် ၃၀ အကြား ဖေ့စ်ဘုတ် အသုံးပြုသူမှာ ၂ သိန်း ၄ သောင်းရှိပြီး အသက် ၅၀ နှင့် အထက် အသုံးပြုသူမှာ ၁ သောင်း ၄ ရာ ရှိသည်ဟု သိရသည်။ Wikipedia ၏ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ် မတ်လ၌ တစ်ကမ္ဘာလုံး၌ ဖေ့စ်ဘုတ် အသုံးပြုသူဦးရေသည် ၁.၁၅ ဘီလီယံရှိကြောင်း သိရပြီး အဆိုပါ အရေအတွက်အနက် မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ် အသုံးပြုသူဦးရေသည် ၁ သန်းကျော် ပါဝင်နေခြင်းဖြစ်သည်။


Clean Text ၏ ဖော်ပြချက်အရ ဖေ့စ်ဘုတ်၌ လူကြိုက်များသည့် စာမျက်နှာများ၊ လူကြိုက်များသည့် မီဒီယာများကို လေ့လာနိုင်ကြောင်း သိရသည်။ “လွန်ခဲ့တဲ့ နှစ်လလောက်က တစ်ခါကြည့်တော့ အသုံးပြုသူ ၈ သိန်းကျော်လောက်ပဲ ရှိသေးတယ်ဆိုတော့ အခု အသုံးပြုသူဦးရေ တိုးတက်လာတယ်လို့ ပြောရမှာပဲ။ အသုံးပြုသူ အရေအတွက်ကို နိုင်ငံခြားက ဘဏ်အကောင့်တစ်ခုနဲ့ ချိတ်ဆက်ပြီး Advertising လုပ်နေတဲ့အတွက် တွက်ကြည့်လို့ ရခဲ့တာပါ” ဟု ကြော်ငြာလုပ်ငန်းရှင် တစ်ဦးကပြောသည်။


 ဖေ့စ်ဘုတ်အသုံးပြုသူဦးရေ တိုးတက်သည့်အတွက် ကဏ္ဍအားလုံးသည် သတိပြုရမည့် အဆင့်သို့ ရောက်ရှိလာကြောင်း၊ အကောင်းအဆိုး ပါဝင်နေသော်လည်း ပုံနှိပ်မီဒီယာ အပါအဝင် ကဏ္ဍအားလုံး၌ သိသာထင်ရှားသော နေရာတစ်ခုသို့ ဖေ့စ်ဘုတ်မှ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်က သုံးသပ်သည်။ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုဦးရေသည် ၆ သိန်းကျော်ရှိသည်ဟု ၂၀၁၂ ခုနှစ်အတွင်း ရတနာပုံ တယ်လီပို့မှ ခန့်မှန်းထားရှိခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေး၏ မျှော်မှန်းချက်အရ ရန်ကုန်မြို့တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အရောက်၌ အင်တာနက် အသုံးပြုသူ အရေအတွက် ၂.၅ သန်းသို့ ရောက်ရှိလာလိမ့်မည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

 

. www.MyanmarExpress.net

Facebook ကို ဖောက်နိုင်သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန် သေချာ

From : ..the voice

နာမည်ကျော် လူမှုကွန်ရက် တစ်ခု ဖြစ်သည့် Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက် ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား ဆုငွေအဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် ရေးသားထားသည်။

ထိုဆုငွေများကို ရှာရီသာအား Facebook က ချီးမြှင့်မည် မဟုတ်ဘဲ အွန်လိုင်းပေါ်တွင် လူထု လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် GoFundMe လှုပ်ရှားမှု အဖွဲ့က ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က Facebook ပေါ်ရှိ ဇူကာဘတ်၏ Timeline ကို ဝင်ရောက် ခိုးဖောက် နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ဟက်ကာ ရှာရီသာနှင့် ပတ်သက်ပြီး Facebook ၏ လုံခြုံရေးမှာလည်း လှုပ်ခတ်သွား ခဲ့ရသည်။

BeyondTrust လုံခြုံရေး ကုမ္ပဏီ နည်းပညာ အရာရှိ မာ့စ်မိုက်ဖရက်က ထိုသို့ စွမ်းဆောင်နိုင်သည့် ရှာရီသာကို ဆုငွေ ချီးမြှင့်ရန် Facebook ကို တိုက်တွန်းသော်လည်း ငြင်းဆန်ခဲ့သဖြင့် အွန်လိုင်း လှုပ်ရှားမှု တစ်ခု အနေဖြင့် စည်းရုံး လုပ်ဆောင်ခဲ့ရာတွင် တစ်နေ့တည်း ဒေါ်လာ ၁၀,၀၀၀ ရရှိခဲ့သည်။ လက်ရှိ အခြေအနေတွင် အလှူရှင်ပေါင်း ၁၉၉ ဦးထံမှ ရှာရီသာ အား ချီးမြှင့်ရန် ငွေသားပေါင်း ၁၁,၃၀၅ ဒေါ်လာ ရရှိနေပြီဖြစ်ကြောင်း GoFundMe အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

ဆုချီးမြင့်ရခြင်းနှင့် ပတ်သက်ပြီး မိုက်ဖရက်က လွတ်လပ်စွာ လှုပ်ရှား လုပ်ဆောင်နေသူတွေကိုလည်း သတိထားဖို့ လိုကြောင်း နည်းပညာ ကုမ္ပဏီ များ အနေဖြင့် ဤသို့သော လူငယ်များကို ချီးမြှင့် မြှောက်စားရန် လိုကြောင်း၊ တစ်ရက်တည်း ဒေါ်လာ သောင်းချီပြီး လှူဒါန်းကြသည့် အားပေး မြှောက်စားမှုကိုလည်း အသိအမှတ်ပြုရန် လိုကြောင်း ပြောကြား ခဲ့သည်။

ရှာရီသာသည် ပြီးခဲ့သည့် ရက်သတ္တပတ် က ဗိုင်းရပ်စ် တစ်မျိုးကို တီထွင်ခဲ့ပြီး Facebook Timeline က တစ်ဆင့် ပေးပို့နေခြင်း ဖြစ်ပြီး Facebook နှင့် မိတ်ဆွေဖွဲ့ မထားသူများထံသို့ပင် ယင်းဗိုင်းရပ်စ် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် လုံခြုံရေးအတွက် စိတ်ချရပါသည် ဆိုသော Facebook အပေါ် သံသယဝင်စရာများ ဖြစ်လာခဲ့သည်။

Facebook သည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဒေါ်လာ ၂၀,၀၀၀ ပေးမည်ဟု ဆုငွေ ထုတ်ထားသော်လည်း ယနေ့အထိ ဒေါ်လာ ၅၀၀ ခန့်သာ ချီးမြှင့်ပေးမှု ရှိခဲ့ကြောင်း Facebook စာမျက်နှာ တစ်ခုတွင်လည်း ရေးသား ဖော်ပြထားသည်။

Facebook က မိမိအပေါ် အသိအမှတ် မပြုခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက် မိကြောင်း ရှာရီသာ ကလည်း ပြောကြားသည်။


.. www.MyanmarExpress.net
 

Lock ကျနေသော facebook Account အားပြန်ယူနည်း

From : ..bluenavy



လတ်တလော Facebook ရဲ့ ပြောင်းလဲ သွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။
ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!

.. www.MyanmarExpress.net
 

ညောင်ရွက်ကိုသုံးပြီး ဖုန်း Battery ကိုအားဖြည့်နည်း

From : http://mee-pya-tite.blogspot.com/2013/08/battery.html








သိတဲ့လူတွေလဲသိကြမှာပါ..ကျနော်ကတော့အခုမှသိလာလို့ သိသိချင်းဘဲတင်ပေးလိုက်ပါတယ်..အတူတူ
ကလိကြတာပေါ့..ရလဲအမြတ်..မရလဲ ဗဟုသုတပေါ့ဗျာ..ကဲ ဘယ်လိုလုပ်မလဲဆိုတော့ ညောင်ရွက် လတ်လတ်ဆက်ဆက် နှစ်ရွက်ကို ခူးလိုက်ပါ..Phone Battery ရဲ့ ထိပ် ကြေးပြားလေးတွေကိုအ၀တ်နုနု သန့်သန့်နဲ့ ညင်ညင်သာသာပွတ်ပြီး အညစ်အကြေးများကိုရှိရင်ရှင်းလိုက်ပါ..ပြီးတာနဲ့အပေါ်ပုံမယ်ပြထား
တဲ့အတိုင်း ညောင်ရွက် အရင်းကိုင်းလေးနဲ့ မိနစ်အနည်းငယ်လောက်ထိထားပါ..ပြီးတာနဲ့ဖုန်း Battery ကိုပြန်ထည့်ပြီးဖုန်းပါဝါဖွင့်ကြည့်လိုက်ပါ.. ဒါဆိုရင် Battery အားဖြည့်နေတာကိုတွေ့ရပါမယ်တဲ့..ကဲစမ်းကြစို့
ဗျာ။

မှတ်ချက် => အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ လုပ်ပါ။
.
www.MyanmarExpress.net
 

မိုဘိုင်းဖုန်းကို ကြိုးမဲ့ အားသွင်းမယ်

From : ..Myanmar ICT



ဆဲလ်ဖုန်းအသုံးပြုသူတွေ အနေနဲ့ Charger တွေ၊ အားသွင်းကြိုးတွေဟာ တကယ်ပဲ အလုပ်ရှုပ်ပြီး အဆင်မပြေ ဖြစ်စေပါတယ်။ အခုတော့ O’dea Design ရဲ့ ထုတ်ကုန်အသစ်တစ်ခုဟာ ဆဲလ်ဖုန်းတွေကို ကြိုးမဲ့အား သွင်းနိုင်ဖို့ ဖြစ်လာတော့မှာပါ။ ဒီပစ္စည်းကို “Concrete Charger”လို့ နာမည်ပေးထားပြီးတော့ ရိုးရှင်းခိုင်ခံ့တဲ့ ပုံစံနဲ့ တည်ဆောက်ထား တာ ဖြစ်ပါတယ်။ ဘိလပ်မြေတုံး ပုံစံသာ ဖြစ်ပြီး စမတ်ဖုန်းကို Charger ပေါ် တင်လိုက်တာနဲ့ အဲဒီထဲကနေ ကြိုးမဲ့အားသွင်းစနစ်နဲ့ Charge လုပ်ပေးသွားမှာပါ။

ဒီ gadgetလေးကို တီထွင်ဖန်တီးခဲ့တဲ့ ဒီဇိုင်နာကတော့ သူ့ရဲ့ရည်ရွယ်ချက်ဟာ မော်ဒန်အနုပညာပစ္စည်းတစ်ခုသာမက ကြိုးမဲ့အားသွင်းနိုင်တဲ့ ကိရိယာအဖြစ်ပါ ဖန်တီးနိုင်ဖို့ပါတဲ့။

LG, Nokia နဲ့ Samsungက ထုတ်တဲ့ Deviceတွေဟာ စက်ရုံသုံး စံနှုန်းဖြစ်တဲ့ Qi Inductive Power စံနှုန်းနဲ့ သဟဇာတ ဖြစ်တာကြောင့် အဆိုပါ အားသွင်းကိရိယာနဲ့ အဆင်ပြေဆုံး အလုပ် လုပ်ကြပါတယ်။ ၀င်းဒိုးဖုန်း၊ အန်းဒရွိုက်ဖုန်းတွေနဲ့ Apple ထုတ်ကုန်တွေကတော့ အဆိုပါ ပစ္စည်းကို အသုံးပြုနိုင်ဖို့ ကြားခံ Dongle တစ်ခု လိုအပ်ပါတယ်။ သေ သပ်လှပတဲ့ အဆိုပါပစ္စည်းလေးကတော့ ဖော့နဲ့ ပြုလုပ်တာရယ်၊ ချယ်ရီ သား အမည်းရောင်နဲ့ ပြုလုပ်တာရယ် ဆိုပြီး နှစ်မျိုးလာပါတယ် ။ ဈေးနှုန်းတွေ ကတော့ ဒေါ်လာ ၄၄၉နဲ့ ဒေါ်လာ ၅၄၉ အသီးသီး ဖြစ် ပါတယ်။

.
. www.MyanmarExpress.net
 

ကမ္ဘာ့အမြန်ဆုံး ဆူပါကွန်ပျူတာ သည် Made in China သာဖြစ်

From : ..voa

တရုတ် ဆူပါကွန်ပျူတာ Tianhe-2
တရုတ် အမျိုးသား နည်းပညာ ကာကွယ်ရေးတက္ကသိုလ် က ထုတ်လုပ်တဲ့ ဆူပါကွန်ပျူတာသစ်ဟာ အရင် အမေရိကန်က ထုတ်လုပ်တဲ့ Titan ဆူပါကွန်ပျူတာရဲ့ အမြန်နှုန်းကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးအလုပ်လုပ်တဲ့ ဆူပါကွန်ပျူတာအဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ Leipzig မှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ ဆူပါကွန်ပျူတာ ညီလာခံမှာ ကမ္ဘာ့အကောင်းဆုံး ဆူပါကွန်ပျူတာ ၅၀၀ ရဲ့ စာရင်းကို တနင်္လာနေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

တရုတ်နာမည် Tianhe-2 လို့ ပေးထားတဲ့ ဒီ ဆူပါ မဟာကွန်ပျူတာသစ်ဟာ Milky Way- 2 နဂါးငွေ့တန်း နံပါတ် - ၂ လို့ အဓိပ္ပါယ်ရပြီး ၁ စက္ကန့်မှာ သင်္ချာပုဒ်စာပေါင်း ထီလျံ ၃ သောင်းခွဲကို ဖြေရှင်းနိုင်ပါတယ်။ processors သုံးသန်းကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုရဲ့ Intel ဒီဇိုင်းတွေကို သုံးထားပေမဲ့ သူ့ရဲ့အသွင်လက္ခဏာ အများစုကိုတော့ တရုတ်ပြည်မှာ လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ 


.. www.MyanmarExpress.net
 

သံပရာသီးဖြင့် 'ခြင်' နှိမ်နှင်းနည်း




ဘော်ဘော်တို့ရေ...မိုးလေး က တဖြိုက် နှစ်ဖြိုက်ဆိုတော့ ..ခြင်တွေ ကိုက်ခံ ထိရောပေါ့ ။

ခြင်ဆေးခွေ ..သုံးရင် ..အစစရာအရာရာ ..စိုးရိမ်နေရသေးတယ် ။

ခြင်တွေ အော်ကြောလန် အောင်ပြေးမယ့်..ဒီနည်းလမ်း လေး က စိတ်ဝင်စားစရာပဲ ။

ပုံမှာတွေ့တဲ့ အတိုင်း... သံပုရာသီး ကို တခြမ်း ..ခြမ်း..ပြီးတော့ လေညှင်းပွင့်လေးတွေ ကို ..အပေါ် မှာ ..အရိုးတံ ကနေ သံပုရာသီးခြမ်း မျက်နှာပြင်ပေါ်မှာစိုက် ။

သံပုရာ နွမ်းရင် တော့ ..နောက် အသစ် တစ်လုံး ..လဲဖို့ မမေ့နဲ့ အုံး..။ ^___^

မိုးဦးရာသီ မို့ ..လူကြီးရော .. ခလေးပါ ..သွေးလွန်တုတ်ကွေး..အလွယ်တကူဖြစ်စေနိုင်ပါတယ် ။

ဒီနည်း လေး ကို ....စမ်းကြည့်ကြပါလား။
ပိုက်ဆံ လည်း ..အများကြီး..သုံးစရာ ..မလိုဘူးလေနော့


 .. www.MyanmarExpress.net
 

ကျွန်ပျူတာဖြင့် 'ခြင်' နှိမ်နှင်းနည်း

From : .http://mee-pya-tite.blogspot.com/2013/05/blog-post.html
. www.MyanmarExpress.net

 

Android စမတ်ဖုန်းများ၏ "home" ဖြစ်လာမည့် Facebook software အသစ်ကို ထုတ်ဖေါ်ပြသခဲ့

From : ..mrtv4

စန်းပွင့်လျှက်ရှိသော မိုဘိုင်းဈေးကွက် အတွင်းရှိ Apple နှင့် Google တို့ကို စိန်ခေါ်ဖို့ ခြေလှမ်းတစ်ခု အနေဖြင့် Android စမတ်ဖုန်းများ၏"home" ဖြစ်လာမည့် Facebook software အသစ်ကို ဧပြီလ (၄) ရက်နေ့က ထုတ်ဖေါ်ပြသခဲ့သည်။

အဆိုပါ software သစ်သည် Android နောက်ဆုံးဗားရှင်း အသစ် အသုံးပြု မောင်းနှင်ထားသော HTC နှင့် Samsung စမတ်ဖုန်းများ၏  home screen များတွင် လူမှုကွန်ယက် တစ်ခုကို ပေါင်းစပ် ထည့်သွင်းပေးကာ apps များအပေါ်ထက် လူအများ၏ အတွေ့အကြုံများကို အဓိကထားမည် ဖြစ်ကြောင်း အမှုဆောင် အရာရှိချုပ် Mark Zuckerberg က ပြောကြားခဲ့သည်။ ၄င်းတို့က ဖုန်းတစ်ခုကို တည်ဆောက်ခြင်းမဟုတ် ၊ လည်ပတ်စနစ် (OS) တစ်ခုကိုလည်း ပြုလုပ် ဖန်တီးခြင်းမဟုတ် app တစ်ခုထက် ပိုမိုနက်ရှိုင်းသော အရာတစ်ခုကို တည်ဆောက် ဖန်တီးခြင်းသာ ဖြစ်ကြောင်း စီလီကွန်တောင်ကြားရှိ ကုမ္ပဏီ ဌာနချုပ်တွင် ပြုလုပ်သော တွေ့ဆုံပွဲ တစ်ခုတွင် Zuckerberg က ပြောကြားခဲ့သည်။ ၄င်း software ကို  အမေရိကန်နိုင်ငံ Google's online Play shop တွင် ဧပြီလ (၁၂) ရက်နေ့မှ စတင်ကာ ဒေါင်းလုပ်ပြုလုပ် အသုံးပြုနိုင်မည် ဖြစ်သည်။


 
 
.. www.MyanmarExpress.net
 

ဖုန်း မျက်နှာပြင်အား ပွတ်ဆွဲပြီး သော့ဖွင့်သည့် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ Apple အား ဂျာမနီတွင် တရားစွဲ

From : ..MRTV- 4

ကမ္ဘာကျော် စမတ်ဖုန်း ကုမ္ပဏီဖြစ်သည့် Apple ကုမ္ပဏီမှ ထုတ်လုပ်သည့် Apple ဖုန်းများ၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် ဖုန်းမျက်နှာပြင်အား


ပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့် လုပ်ဆောင်ချက်အား ဖျက်ပေးရန် ဂျာမနီ နိုင်ငံ၏ မူပိုင်ခွင့် တရားရုံးမှ အမိန့် ချမှတ်လိုက်သည်။

Apple ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြုထားခြင်းကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် Motorola ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့မှ ဂျာမနီ နိုင်ငံ တရားရုံးတွင် တရားစွဲဆိုထားရာ Apple ကုမ္ပဏီမှ ပြန်လည် အယူခံဝင် ထားကြောင်း သိရှိရသည်။ ရေပြင်ညီအလိုက် လက်ကိုအသုံးပြု၍ လုပ်ဆောင်ရသည့် နည်းပညာသည် အသစ် တီထွင်ထားခြင်း မဟုတ်ဟု ယူဆထားသည့် အတွက် ဥရောပသမဂ္ဂ စံနှုန်း ၊ မူပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိကြောင်း ဂျာမနီနိုင်ငံ ဗဟိုမူပိုင်ခွင့် တရားရုံးမှ မှတ်ချက်ချထားသည်။ Apple ကုမ္ပဏီမှမူ အဆိုပါ လုပ်ဆောင်ချက်သည် စမတ်ဖုန်း အသုံးပြုသူများ ပိုမို လွယ်ကူစေရန် အသုံးပြုထားသည့် ရည်ရွယ်ချက်သာ ရှိပြီး တိကျသည့် နည်းပညာ ပြဿနာကို ဖြေရှင်းထားခြင်း မဟုတ်ပါဟု အယူခံဝင်ထားသည်။


ဖုန်း မျ
Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From > MRTV- 4<< Thank

.. www.MyanmarExpress.net
 

မြန်မာစာအသုံးပြုထားသည့် Google Home Page စတင်သုံးစွဲနိုင်

From : 7day

အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ပြဌာန်းထားသည့် ယူနီကုဒ်စံများနှင့် ကိုက်ညီသော Myanmar 3 Font (MM3) မြန်မာစာကို အသုံးပြုထားသည့် Google Home Page အသစ်တစ်ခုကို ယနေ့မှစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း Google မှသတင်းထုတ်ပြန်လိုက်သည်။ ထို့ကြောင့် Googe စာမျက်နှာတွင် မြန်မာဘာသာကိုအသုံးပြုကာ ရှာဖွေမှုများပြုလုပ်လိုသူများအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ပိုင် Home Page တစ်ခုကို စတင်သုံးစွဲနိုင်ပြီဖြစ်သည်။

အမေရိကန် ထိပ်တန်းကုမ္ပဏီဖြစ်သော Googe ကုမ္ပဏီ၏ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ပေးမှုများ သည် ယင်းလုပ်ငန်းစု၏ အကြီးအကဲဖြစ်သူ မစ္စတာ အဲရစ်ရှမစ် ပြည်တွင်းသို့ လာရောက်ပြီးရက်သတ္တပတ်နှစ် ပတ်ကျော်အကြာတွင်ဖြစ်သည်။ နိုင်ငံအတွင်း မြန်မာဘာသာစကား အသုံးပြုသူ သန်းလေးဆယ်ကျော်ရှိသော်လည်း အင်တာနက်အသုံးပြုသူ တစ်သန်းမျှသာရှိသေးသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ Google Search ပေါ်တွင် ထောက်ပံ့မှုများပေး ခြင်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။

အထက်ပါဆောင်ရွက်ချက်သည် မြန်မာနိုင်ငံသားများနှင့် မြန်မာဘာသာပြောကြားသူများအနေဖြင့် အင်တာ နက်စာမျက်နှာပေါ်တွင် အသုံးဝင်သည့်အချက်အလက်များရှာဖွေခြင်း၊ တကမ္ဘာလုံးအတိုင်းအတာသို့ ဝေမျှ ဖြန့် ဝေလိုသည့်အချက်အလက်များကို ဖန်တီးမှုပြုလုပ်နိုင်ခြင်းများကို ပြုလုပ်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အ တွက်ဖြစ်ကြောင်း Google ကုမ္ပဏီ၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ Myanmar 3 Font ကိုအသုံးပြုပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Google Home Page ကို အသုံးပြုနိုင်သည့်အပြင် Google ကုမ္ပဏီက တခြားသော မြန်မာတိုင်းရင်းသားဘာသာစကားများဖြစ်သည့် မွန်၊ က ရင်၊ ကယား၊ ပလောင်၊ ရှမ်းနှင့်  ပါဠိ ဘာသာ စကားများကိုပါ ထောက်ပံ့ပေးထားကြောင်း သိရသည်။ ထို့အပြင် Google က ယူနီကုဒ် ကီးဘုတ်မရှိသူများအနေဖြင့် virtual keyboard ကို အစားထိုးအသုံးပြုနိုင်ရန် အတွက် search box တွင်ထည့်သွင်းပေးထားသည်။

ယခုကဲ့သို့ Google Home Page ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် အဆိုပါအမေရိကန် ကုမ္ပ ဏီ ကို ကူညီပေးခဲ့သည့် Asia Foundation, Digital Democracy, Information Matrix နှင့် အခြားသောကူညီ ပေးသူအချို့ကို ကျေးဇူးတင်ကြောင်းလည်း အထက်ပါကြေငြာချက်တွင် ဆက်လက်ဖော်ပြထားသည်။ Google အနေဖြင့် www.google.com.mm

ဟူသည့်မြန်မာဒိုမိန်းနှင့် ဝဘ်ဆိုက်ကို ပြီးခဲ့သည့်မတ်လ ၂၁ ရက် က စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ၎င်းတို့၏ Google Play ဝန်ဆောင်မှုကိုလည်း ပြည် တွင်းတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။..

. www.MyanmarExpress.net
 

အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုး Volvo ကားကုမ္ပဏီ ထုတ်လုပ်

From :မြ၀တီ



အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော မတော်တဆ မှုများကို ကာကွယ် တားဆီးရာတွင် အထောက်အကူ ပေးနိုင်သည့် အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုးကို Volvo မော်တော်ကား ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း ၎င်းကုမ္ပဏီက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ စနစ်ကို တပ်ဆင်ထားသည့် ကားများသည် ယာဉ်သွားရာ လမ်းကြောင်း တွင်းသို့ ရုတ်တရက် ချိုးကွေ့ ဝင်လာသော ဆိုင်ကယ် စီးသူများ အပါအဝင် အသက် အန္တရာယ် ကို ခြိမ်းခြောက်နိုင်သည့် အခြား မတော်တဆ မှုများကို ထောက်လှမ်းနိုင်စွမ်း ရှိကြောင်း ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။

၎င်းစနစ်ကို တပ်ဆင်ထားသည့် မော်တော်ယာဉ် များသည် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ထောက်လှမ်း တွေ့ရှိပါက အချက်ပေးသံ ထွက်ပေါ်လာ၍ အလိုအလျောက် ကားဘရိတ်ဖမ်း ရပ်တန့်သွားမည် ဖြစ်သည်။

ဂျီနီဗာမြို့တွင် ပြုလုပ်သော မော်တော်ကား ပြပွဲတွင် အဆိုပါ နည်းပညာ သစ်ကို Volvo ကုမ္ပဏီက စတင်မိတ်ဆက် ခဲ့သည်ဟု သိရသည်။

၎င်းနည်းပညာ သစ်သည် ၂ဝ၁ဝ ပြည့်နှစ်က ထုတ်လုပ်ခဲ့သည့်
ခြေကျင်လျှောက် လမ်းသွားလမ်းလာ သူများ ထောက်လှမ်း သည့် အချက်ပြ စနစ်ကို အဆင့်တိုးမြှင့် ထုတ်လုပ်ထားခြင်း ဖြစ် ပြီး၊ ခြေကျင်လျှောက် လမ်းသွားလမ်းလာ ထောက်လှမ်းရေး စနစ်တွင် ယာဉ်တိုက်မှု အန္တရာယ်ကို ထောက်လှမ်းရန် မော်တော်ကား လေကာမှန်နှင့်
နောက်ကြည့်မှန် ကြားတွင် ကင်မရာ တစ်လုံး တပ်ဆင်ထားပြီး ကားရှေ့ရှိ လေဝင်စေသည့် ဆန်ခါကွက်တွင် ရေဒါတစ်ခုကို တပ်ဆင် အသုံးပြု ထားသည်ဟု သိရသည်။

ယခု ထုတ်လုပ်သည့် နည်းပညာ သစ်ကို မော်တော်ကား များတွင် တပ်ဆင်ရန် လိုအပ် ကြောင်း Volvo ကား ကုမ္ပဏီက ထုတ်လုပ်ရန် လျာထားသော ကားမော်ဒယ် ၁၁ မျိုးအနက် ခုနစ်မျိုး တွင်သာ တပ်ဆင်သွားမည် ဖြစ်သည်။ Volvo ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် အလို အလျောက် အချက်ပေး၊ ဘရိတ်ဖမ်း စနစ်ကို အသုံးပြု ထားသော ပစ္စည်းသစ်ကို အနည်းဆုံး စတာလင်ပေါင် ၁၈၅ဝ ဖြင့် ရောင်းချမည်
ဖြစ်သည်ဟု သိရသည်။



 .
 www.MyanmarExpress.net
 

Huawei နှင့် E-Lite ပူးပေါင်း၍ ဝန်ဆောင်မှုစင်တာ ၂ဝ ခန့် ဖွင့်မည်



တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei က ပြည်တွင်း၏ ပုဂ္ဂလိက ဆက် သွယ်ရေး လုပ်ငန်းဖြစ်သော E-Lite Tech Manufacturing နှင့် ပူးပေါင်းကာ ဝန်ဆောင်မှုစင်တာ ၂၀ ခန့် ကို မြို့ကြီးများတွင် ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်၊ မန္တလေး အပါ အဝင် မြို့ကြီးများတွင် အရင်ဆုံးဖွင့်လှစ်မည့် အဆိုပါ ဝန်ဆောင်မှုစင်တာ ၂၀ ခန့်ကို Huawei မိုဘိုင်း ပစ္စည်းများ သုံးစွဲသူများအတွက် အဓိကရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တစ် ဦး က ပြောသည်။
၂၀၁၃ အတွင်း ဆားဗစ်စင်တာ ၂၀ ခန့် ဖွင့်လှစ်ပြီးပါက လာမည့်နှစ် များတွင်လည်း ဆက်လက် တိုးချဲ့ သွားရန်ရှိပြီး E-Lite အပြင် အခြားသော မိုဘိုင်းဖုန်း လုပ်ငန်းများနှင့်လည်း လက်တွဲသွားမည်ဟု သိရသည်။
ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ၂၀၁၀ ဝန်းကျင်က စတင်ဝင်ရောက်ခဲ့သည့် Huawei အ မှတ် တံဆိပ် မိုဘိုင်းဖုန်းများသည် ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ စတင်အသုံးပြုနိုင်ချိန်တွင် မထင်မှတ် ထား သည့် ရောင်းအားစံချိန်ကို ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဈေးကွက်ရှာဖွေရေးဌာန တာဝန်ရှိသူ တစ် ဦး က ပြောသည်။
ရန်ကုန်နှင့် မန္တလေးအခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းများ၏ အဆိုအရ Huawei အမှတ်တံဆိပ် တရုတ်မိုဘိုင်း ပစ္စည်း များသည် ပြည်တွင်းဈေးကွက် အတွင်း၌ ရောင်းအား အကောင်းဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်ေ နကြောင်း သိရသည်။
ပြည်တွင်း မိုဘိုင်းဈေးကွက်အတွင်း ထိပ်ဆုံးမှ နေရာယူထားသော Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်း များ သည် ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် သုံးစွဲသူများနှင့် ရာနှုန်းပြည့် ထပ်တူကျမှု မရှိသေးသော်လည်း လူလတ်တန်းစားအများစု လက်လှမ်းမီနိုင်သည့် ဈေးနှုန်းဖြစ်သဖြင့် လူသုံးအများဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေခြင်းဖြစ်သည်ဟု ဈေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။

 www.MyanmarExpress.net