Subscribe to our RSS Feed
Showing posts with label ဘာလဲဟဲ့ ၄၃၆. Show all posts
Showing posts with label ဘာလဲဟဲ့ ၄၃၆. Show all posts

“၄၃၆၊ ၇၈၆ နှင့် ၉၆၉(၁)”

From : .. https://www.facebook.com/969MDL

 





NLD ကုလားနှင့် ရဲတို့ ပေါင်းပြီး ကလေးခိုးခဲ့တဲ့ အမှု ပြည်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ပြည်မြို့၊ ဘောဂ-၂လမ်း၊ နဝင်းရပ်ကွက်မှာနေတဲ့ ဒေါ်စောမာလာမှာ သားလေးတစ်ယောက် တူလေးနှစ်ယောက် ရှိပါတယ်။ တူလေးနှစ်ယောက်က ညီမဖြစ်သူ ဒေါ်ဝါဝါလွင်ရဲ့ သားတွေပါ။

ဒေါ်ဝါဝါလွင်က ကုလားမင်းလွင်(ခ)အဘူဗလာနှင့် အိမ်ထောင်ကျပြီး ၂၀၀၉ ခုနှစ်မှာ ရုံးတက်ကွာရှင်းကာ သားနှစ်ယောက်ကို ကုလားမင်းလွင်(ခ)အဘူဒွတ်လာက ကြည်ကြည်ဖြူဖြူပေးခဲ့တာဖြစ်ပါတယ်။

ညီမ ဝါဝါလွင် နိုင်ငံခြားထွက်သွားတဲ့နောက်ပိုင်း အမစောမာလာက တူလေးတွေကို သားရင်းပမာ လုပ်ကျွေး မွေးမြူခဲ့ပါတယ်။

ကလေးရလိုမှုနှင့် တရားစွဲတဲ့အခါမှာလည်း ကုလားမင်းလွင်(ခ)အဘူဒွတ်လာ တရားရှုံးပြီး ဒေါ်စောမာလာပဲ အုပ်ထိန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ရှင်ပြုဖို့ ဖိတ်စာတွေဝေအပြီး 11.7.2014 ညနေပိုင်းမှာ တူအကြီးကောင် ချစ်မင်းပိုင်လေး ပျောက်ဆုံးသွားပါတယ်။

ကုလားအဘူဒွတ်လာရဲ့ညီ အောင်လွင်(ခ)အစီဒွတ်လာနှင့် ဗလီဆရာ ရာရှစ်တို့ ခိုးသွားတာ ဖြစ်ပါတယ်။

ပြည်အမှတ်(၁)ရဲစခန်းက လူပျောက်တိုင်ချက် ဖွင့်ပေးပါတယ်။ 12.7.2014 မှာ လူပျောက်တိုင်ခဲ့တာ 13.7.2014 လာခဲ့ပါချိန်းလို့ သွားတဲ့အခါ ပိတ်ရက်လို့ပြောပြီး ပြန်လွှတ်ခဲ့ပါတယ်။ (သဘောပေါက်တယ်နော်။)

14.7.2014 မနက် သွားတဲ့အခါ အကြောင်းမထူးသေးလို့ ဆိုပြီး ပြန်လွှတ်ခဲ့ပါတယ်။

၎င်းနေ့ မွန်းလွဲ 2:00 နာရီမှာ စခန်းကခေါ်လို့ သွားတဲ့အခါ ကုလားအောင်လွင်(ခ) အစီဒွတ်လာဆီမှာ ကလေးရှိကြောင်း ပြောပြီး ဖုန်းဆက်ခေါ်တဲ့အခါ ကုလားအောင်လွင်(ခ)အစီဒွတ်လာက မအားသေးဘူးလို့ ပြန်ပြောပါတယ်တဲ့။(ရဲကိုနိုင်လိုက်ပုံများ)

ညနေ 4:00 ပြန်ချိန်းလို့ သွားတဲ့အခါ ကုလားအောင်လွင်(ခ) အစီဒွတ်လာက လူ(၇)ဦးပါခေါ်လာပြီး အင်အားသုံးကာ လူ့အခွင့်ရေးသမား မီဒီယာသမားများပုံစံ မှတ်တမ်းယူ ဝိတ်သုံးပါတော့တယ်။

အဲဒီနောက် စခန်းမှူးနှင့် ကုလားအဖွဲ့ တံခါးပိတ်ဆွေးနွေးအပြီးမှာတော့ ရဲက လေသံပြောင်းသွားပြီး ဒေါ်စောမာလာတို့ကိုတောင် ခြိမ်းခြောက်လာပါတော့တယ်။

ခရိုင်တရားရုံး အမိန့် သန်းခေါင်စာရင်းတို့ကိုတောင်လွှင့်ပစ်ပြီး ဘောင်မဝင်တဲ့ စာရွက်စာတမ်းတွေလို့ ပြောခဲ့သူက အမှတ်(၁)စခန်းမှူး ဦးမျိုးဝင်းပဲဖြစ်ပါတယ်။

နစ်နာသူဘက်က လုပ်မပေးတဲ့အပြင် အငယ်ကောင်လေးကိုပါ ခြိမ်းခြောက်ခဲ့သူကလည်း စခန်းမှူး ဦးမျိုးဝင်းပါပဲ။

ဒါတင် မကသေးဘူး ဒေါ်စောမာလာရဲ့ ရှေ့နေ ဒေါ်ခင်မြတ်သူကိုပါ စခန်းမှူးက ဖုန်းဆက်ပြီး “ဆရာမ ဝင်မပါနဲ့ ဟိုကောင်တွေက ဝိတ်ရှိတယ်။ မီဒီယာတွေ ဘာတွေနဲ့။ တော်ကြာ ဆရာမပါ ဒုက္ခရောက်သွားမယ်” လို့ ခြိမ်းခြောက်ခဲ့တာလည်း စခန်းမှူး ရဲအုပ် ဦးမျိုးဝင်းပဲ ဖြစ်ပါတယ်။

ကုလားက ရဲကို ဘာလို့ပိုင်သလဲ ဘာလို့နိုင်သလဲ ဆိုရင် ကုလားက တစ်လုံး၊နှစ်လုံး၊သုံးလုံး လောင်းကစား ဒိုင်ချုပ်ဖြစ်နေလို့ပါပဲ။ မှုခင်းရှုထောင့်ဂျာနယ်လ် ခရိုင်အဆင့် အရာရှိဖြစ်နေလို့ပါပဲ။

ဒေါ်စောမာလာတို့က ကုလားအောင်လွင်(ခ)အစီဒွတ်လာကို လူခိုးမှုနှင့် တရားစွဲထားတာ 20.8.2014 မှာ စတင် ကြားနာမယ်လို့ သိရပါတယ်။

ပြည်မြို့မှာ တရားဥပဒေစိုးမိုးရေးအထောက်အကူပြု အဖွဲ့ဆိုတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုရှိပါတယ်။ အဖွဲ့(၃၀၀)ကျော်ရှိပါတယ်။ ဦးမြင့်နိုင်ထွန်းတို့ ဦးဆောင်ပါဝင်ပါတယ်။

ဦးမြင့်နိုင်ထွန်းက ၄၃၆၊၇၈၆၊ ကူညီပါရစေတို့ ပေါင်းပြီး ကလေးခိုးကြတဲ့အကြောင်း ကောင်းကောင်းကြီး သိနေလို့ ဥပဒေဘက်မှ မားမားတ်မတ် ရပ်တည်ပေးနေသူဖြစ်ပါတယ်။

အမှတ်(၁)ရဲစခန်းကို ဖုန်းဆက်ပြီး စခန်းမှူး ဖုန်းနံပါတ်တောင်းပေမယ့် မရခဲ့ပါဘူး။ မှာစရာရှိတာ မှာခဲ့ပါ ပြောလို့ “စခန်းမှူးကြီးကိုပြောလိုက်ပါ။ ဒေါင်းမင်းလဘက်ရည်ဆိုင်ကိစ္စနှင့် ဒေါ်စောမာလာတို့ကိစ္စ ဝီရသူထံ ရောက်လာပါပြီ။ ကုလားမှာသာ ဝိတ်ရှိတာမဟုတ်ဘူး။ ဗမာမှာလည်း ဝိတ်ရှိတယ်ဆိုတာ စောင့်ကြည့်ပါလို့” ပြောလိုက်တယ်။

အခုလေးတင်(8:54)မှာ ဆက်လိုက်တာပါ။ ၄၃၆ ဆီဖုန်းဆက်ပေမယ့် ဖုန်းမကိုင်လို့ ပြန်မထူးလို့ မမေးမြန်း ရသေးပါဘူး။

ဆက်သွယ်စုံစမ်းရန်

ဦးမြင့်နိုင်ထွန်း(တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့)-09.49500564

ဒေါ်နန္ဒဓမ္မာ(တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့)-09.420161184

အမှတ်(၁)ရဲစခန်း(ပြည်)-05324700

(အမှတ်(၂)ဆက်ဦးမည်။)

ဝီရသူ(မစိုးရိမ်)

18.8.2014

PM 9:05

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

သို့

သူရဦးအောင်ကို

တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ

စိစစ်ဆောင်ရွက်ရေးကော်မတီ

ပြည်သူ့လွှတ်တော်

နေပြည်တော်

ရက်စွဲ၊ ၂၀၁၄-ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်

အကြောင်းအရာ။ ။ ဥပဒေမဲ့ လုပ်ရပ်များကို ဝိုင်းဝန်းကျူးလွန်ကြသူများအား ဖော်ထုတ်အရေးယူပေးပါရန် တင်ပြခြင်း။

ဒေါ်စောမာလာ၏ညီမဖြစ်သူ ဒေါ်ဝါဝါလွင်သည် ၂၀၀၇ခုနှစ်၊ ရက်လ မမှတ်မိ နေ့တစ်နေ့တွင် ချစ်မင်းပိုင် နှင့် သူရခိုင် ၄င်း၏ သားနှစ်ဦးခေါ်ယူ၍ ကျွန်မ၏အိမ်သို့ ရောက်ရှိလာပါသည်။ ထိုအချိန်မှစ၍ ကျွန်မနှင့် နေထိုင်လုပ်ကိုင် စားသောက်ခဲ့ကြပါသည်။ တစ်နှစ်ခန့်ကြာသောအခါ ညီမဖြစ်သူ ဒေါ်ဝါဝါလွင်သည် အလုပ် လုပ်ရန် သွားမည်ဟုဆိုကာ ကလေးနှစ်ဦးအား ကျွန်မထံအပ်နှံ၍ ထွက်သွားခဲ့ပါသည်။ ထိုကလေးနှစ်ဦး၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အရာခမ်သိမ်းတာဝန်ယူ၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် ကလေးနှစ်ဦး၏ ဖွားအေးတော်စပ်သူသည် ဒေါ်သိန်းကြည်(ခ)ဒေါ်ဘီဘီ ရောက်ရှိလာပြီး ငါ့မြေးတွေ ငါ့ကိုပေးပါ၊ နင်တို့နဲ့နေရင် ကလေးတွေ ဗမာဖြစ်ကုန်လိမ့်မယ် ငါနဲ့ပဲ ဆိုင်သည်ဟုပြောဆိုပါသည်။

ကျွန်မက မပေးနိုင်ကြောင်း ကျွန်မညီမသည် ဘာခံစားမှုမှ၊ ဘာထောက်ပံ့မှုမှ၊ မရရှိဘဲ ဒီကလေးနှစ်ဦးဖြင့် ဒုက္ခသာရောက်ခဲ့ရသည်။ ဒီကလေးတွေကို ကျွန်မလုပ်ကျွေးမယ်၊ မပေးနိုင်ဟု ငြင်းဆိုရာတွင် ကလေးများ၏ အဖေကိုမင်းလွင်သည် ပြည်မြို့၊ ခရိုင်တရားသူကြီးရုံးတွင် ဦးတိုက်လျှောက်ထား၍ အုပ်ထိန်းခွင့်တောင်းခံ ခဲ့ပါသည်။ သို့သော် ၄င်းတို့၏ လျှောက်ထားမှုကို တရားရုံးမှ ပလပ်ခဲ့၍ ကျွန်မအား ဆက်လက် အုပ်ထိန်းခွင့် ပေးခဲ့ပါသည်။

ထိုသို့ ကျွန်မ၏တူသားများနှင့် ပျော်ရွှင်စွာ နေထိုင်စားသောက်လာခဲ့သည်မှာ မောင်ချစ်မင်းပိုင် ပျောက်ဆုံးသည့် (၁၁.၇.၂၀၁၄)ရက်နေ့အထိပင်ဖြစ်ပါသည်။ (၁၁.၇.၂၀၁၄) ရက်နေ့၊ ညနေ(၄း၃၀)နာရီအချိန်ခန့်တွင် မောင်ချစ်မင်းပိုင်သည် ပျောက်ဆုံးသွားခဲ့ပါသည်။ မုန့်စားရန်ဟု ပြောဆိုကာ ထွက်သွားခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ ပြန်မလာတော့ပါ။ ကျွန်မသည် ပူပင်သောကဖြင့် တစ်ညလုံး နေရာအနှံ့အပြားသို့ လိုက်လံရှာ ဖွေပါသော်လည်း မတွေ့ရပါ။ (၁၂.၇.၂၀၁၄) ရက်နေ့ နံနက်တွင်လည်း နေရာအနှံ့ လိုက်လံရှာဖွေ မေးမြန်း ပါသော်လည်း သတင်းအစအနမျှ မရရှိ၍ လွန်စွာ ပူပင်သောကရောက်ကြရပါသည်။ ၄င်းချစ်မင်းပိုင်အား ရှင်ပြုပေးရန် စုက္ခရာ ဘုန်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တတေဇနိယထံတွင်(၁၂.၆.၂၀၁၄) ရက်နေ့တွင် အပ်နှံပြီး ဖြစ်ပါသည်။ (၁၂.၇.၂၀၁၄)ရက်နေ့၊ နေ့လည်(၁း၃၀)အချိန်ခန့်တွင် ပန်းတိမ်ဆရာ ကိုကျော်ထွေးထံမှ သတင်းတစ်ခုရပါသည်။ ပျောက်ဆုံးသွားသော ကျွန်မ၏ အုပ်ထိန်းမှုအောက်တွင်နေထိုင်သော တူတော်စပ်သူ ဗုဒ္ဓဘာသာဝင် မောင်ချစ်မင်းပိုင်ကို အောင်လွင်(ခ)အလ်စီဒွတ်လာ၏ ဆိုင်ကယ်နောက်မှထိုင်၍ ၄င်း၏ ဖခင်နေထိုင်ရာ တရုတ်တန်းလမ်း ယခင်ဒေါင်းမင်းလ္ဘကရည်ဆိုင်အတွင်းသို့ ဝင်သွားသည်ကို (၁၂.၇.၂၀၁၄) နံနက် (၉း၁၅)နာရီအချိန်ခန့်တွင် မြင်တွေ့လိုက်ရပါသည်ဟု ကိုကျော်ထွေးထံမှ သိရပါသည်။ ကျွန်မလည်း သေချာစေရန် ၄င်းအောင်လွင်နှင့် ဆွေမျိုးတော်စပ်သူ ကိုမြင့်ဝင်းအား အောင်လွင်ထံသို့ သွားရောက် စုံစမ်း မေးမြန်းပေးပါရန် အကူအညီတောင်းခံခဲ့ပါသည်။ ထိုသို့ မေးမြန်းရာတွင် အောင်လွင်မှ သိလည်းမသိဘူး၊ လာလည်းမလာဘူးဟု ခါးသီးစွာ ငြင်းလွှတ်လိုက်ပါသည်။ ထိုမှ ချစ်မင်းပိုင်နှင့် ဆက်စပ်သူများအား ဆက်လက် စုံစမ်းရာတွင် ဗလီဆရာ ရာရှစ် ဆိုသူနှင့် မိဘများ မသိအောင် တိတ်တဆိတ် ပါတ်သက်နေသည်ကို သိရှိရပါသည်။ ရာရှစ်အား ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း သူမသိဘူးဟု ခါးသီးစွာ ငြင်းဆိုပြန် ပါသည်။

ထိုဖြစ်စဉ်အပေါ် ကျွန်မသည် ပို၍ပင် စိတ်ပူပင်၍ ပြည် အမှတ်(၁)ရဲစခန်းသို့ တိုင်ကြား အမှုဖွင့်ခဲ့ပါသည်။ အမှုဖွင့်စဉ် ရဲများမှ ကလေးနှင့်ပါတ်သက်၍ မသင်္ကာစရာ လူရှိပါသလားဟု မေးမြန်းရာတွင် ကျွန်မမှ ရာရှစ်ဆိုသူနှင့် အောင်လွင်(ခ)အယ်စီဒွတ်လာအား မသင်္ကာဘူးဟု ကျိုးကြောင်းဆင်ခြင်၍ ပြောခဲ့ပါသည်။ ထိုအခါ ရဲစခန်းမှ နောက်နေ့ကျ လာခဲ့ပါဟု ပြောပါသည်။ (၁၃.၇.၂၀၁၄) ရက်နေ့ နံနက်ပိုင်း ထပ်မံရောက် ရှိခဲ့ပါသည်။ စခန်းမှ တာဝန်ရှိသူတစ်ဦးမှ ဒီနေ့ပိတ်ရက်ဖြစ်လို့ မနက်ဖြန်မှ လာခဲ့ပါဟု ပြော၍ ပြန်ခဲ့ရပါသည်။ (၁၄.၇.၂၀၁၄) ရက်နေ့တွင်လည်း ရဲစခန်းသို့ နံနက်ပိုင်းတွင် ထပ်မံသွားရောက်ခဲ့ပါသည်။ ထိုနေ့မှာပင် စခန်းမှူးနှင့် တွေ့ရှိရပြီး အကျိုးအကြောင်း ထပ်မံပြောကြားခဲ့ရာ စခန်းမှူးမှ ဗိုလ်လေးမျိုးသိန်းဆိုသူအား ကြားနာစစ်ဆေးရန် တာဝန်ပေးပါသည်။ ကျွန်မလည်း ဗိုလ်လေးမျိုးသိန်းဆိုသူအား အကျိုးအကြောင်းပြော ကြားရာတွင် ဗိုလ်လေးမျိုးသိန်းမှ အကြောင်းထူးလျှင် ဆက်သွယ်မည်ပြော၍ ကျွန်မ ပြန်ခဲ့ရပါသည်။ ထို့နေ့နေ့လည် (၂း၀၀) နာရီအချိန်တွင် စခန်းမှ ကလေးကိစ္စဆွေးနွေးရန် လာခဲ့ပါဟု လှမ်းခေါ်၍ ကျွန်မသွားခဲ့ ပါသည်။ စခန်းသို့ရောက်သောအခါ ဗိုလ်လေးမျိုးသိန်းမှ သူ့ဦးလေးထံတွင် ကလေးရှိသည်ဟု ပြောဆိုကာ အောင်လွင်(ခ)အလ်စီဒွတ်လာအား ဖုန်းစပီကာဖွင့်၍ ကလေးကိစ္စဆွေးနွေးရန် စခန်းသို့ လာခဲ့ပါဟု လှမ်းခေါ်ပါသည်။ ထိုအခါ အောင်လွင်မှ သူမအားပေးဘူး၊ ညနေ (၄း၀၀)နာရီမှ လာမည်ဟု ပြောသံကြားပါသည်။

ထိုအခါ ဗိုလ်လေးမျိုးသိန်းမှ ကျွန်မတို့အား ညနေ(၄း၀၀)နာရီမှ ပြန်လာခဲ့ဆို၍ ကျွန်မတို့လည်း ပြန်ခဲ့ရပါသည်။ ညနေပိုင်း ကျွန်မတို့ရောက်ရှိချိန်တွင် အောင်လွင်(ခ)အလ်စီဒွတ်လာနှင့်တကွ ၄င်း၏မရီး မအေးအေးမော်၊ မောင်ချစ်မင်းပိုင်နှင့်အတူ ၄င်းတို့ ပြောပြသိရှိရသည်မှာ သတင်းမီဒီယာသမားများ လူ့အခွင့်အရေးမှ ပုဂ္ဂိုလ်များဟု ဆိုသူများ(၇)ဦးခန့် တွေ့ရှိရပါသည်။ ကျွန်မကို ခဏထိုင်ပါဟုဆို၍ ထိုင်နေချိန်တွင် လူ့အခွင့်အရေးမှ မီဒီယာသမားများအား မှတ်တမ်းတင်ရိုက်မည်ဟု အောင်လွင်မှ ပြောဆိုနေပါသည်။ ကျွန်မမှာ ညှိုးငယ်စွာဖြင့်ပင် ၄င်းတို့အား နားမလည်စွာဖြင့် လိုက်ကြည့်နေမိပါသည်။ ထိုအချိန်တွင် မောင်ချစ်မင်းပိုင်နှင့် အောင်လွင်ခေါ်သော မအေးအေးမော်၊ ရွေကူအုပ်ချုပ်ရေးမှူး ဆိုသူနှင့် စခန်းမှူး၊ မီဒီယာသမားများဟု ဆိုသူတို့သည် စခန်းရုံးအတွင်းသို့ဝင်၍ တံခါးပိတ်ကာ ဘာတွေပြောဆိုနေသည်တော့ ကျွန်မမသိပါ။ အချိန်အနည်းငယ်ကြာသောအခါ မီဒီယာသမားများထွက်သွားပါသည်။ ထိုအခါ စခန်းမှူးမှ ကလေးက သူ့ဦးလေးနဲ့ပဲနေချင်တာ အဲဒီတော့ သူ့ဦးလေးနဲ့ပဲ ထည့်ပေးလိုက်ဟုပြောကာ ထပြန်မည့်ဟန်ပြင်ချိန်တွင် ကျွန်မမှ မထည့်နိုင်ကြောင်း ကျွန်မသည် တရားဝင်အုပ်ထိန်းသူဖြစ်ကြောင်း ပြောဆိုရာတွင် နင့်မှာ ဘာသက်သေပြနိုင်လဲ ဘာအထောက်အထားရှိလဲဟု ဒေါသဖြင့် မေးမြန်းပါသည်။ ထိုအခါ ကျွန်မသည် လ.ဝ.က အိမ်ထောင်စုနှင့်တကွ ခရိုင်တရားရုံးမှ တရားဝင်အုပ်ထိန်းခွင့် စာရွက်စာတမ်းများပြသရာတွင် ဒါ ပလပ်ထားတာ ဘာမှမဟုတ်ဘူးဟုဆိုကာ ကျွန်မလက်အတွင်းသို့ ပြန်လည်ပစ်ချပေးပါသည်။

တရားရုံးမှာသာရှင်းဟုဆိုကာ ကလေးအား အောင်လွင်(ခ)အလ်စီဒွတ်လာနှင့် ၄င်း၏ မရီး မအေးအေးမော် တို့နှင့် ထည့်ပေးလိုက်ပါသည်။ ကျွန်မကိုလဲ ပြန်လွှတ်လိုက်လေသည်။

ကျွန်မလည်း ငိုယို၍ စခန်းမှူးနှင့်တကွ စခန်းရှိလူများအား အဲလိုမလုပ်ကြပါနဲ့ ကျွန်မလေး ပြန်ပေးပါဟု တောင်းပန် ပြောဆိုပါသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ဂရုမစိုက်ပါ။ ထိုအချိန်တွင် အောင်လွင်(ခ) အလ်စီဒွတ်လာမှ(၁၆)နှစ်ပြည့်လျှင် သူတို့ အစ္စလာမ်ဘာသာအရ သူတို့ပိုင်သည်ဟု ပြောဆိုနေသံကြားပါသည်။ ကလေးကိုသူတို့ခေါ်သွားပြီးချိန်တွင် ကျွန်မလဲ ငို၍သာပြန်ခဲ့ရပါသည်။

၂၂.၇.၂၀၁၄ ရက်နေ့တွင် ကျွန်မ၏ရှေ့နေနှင့် တိုင်ပင်ကာ ထပ်မံ၍ ရဲစခန်းသို့ သွေးဆောင်ဖျားယောင်းသူ များအား ဥပဒေအရ အရေးယူပေးပါရန် ထပ်မံတိုင်ကြားပြောဆိုခဲ့ပါသည်။ သို့ရာတွင် စခန်းမှူးမှ ဒါဘာမှ လုပ်မရဘူး။ ဘယ်ပုဒ်မနဲ့မှ မငြိစွန်းဘူး နင်တို့က ဘာလုပ်ချင်လို့လဲ ရုံးတွေ ဂတ်တွေ တော်တော်သွားချင် နေလား သူတို့က ဝိတ်ရှိတယ် နောက်မှာ မှုခင်းရှု့ထောင့်အဖွဲ့ဝင် မီဒီယာတွေဘာတွေနဲ့ တွေ့လား ဒီကိစ္စနဲ့ ငါနဲ့လည်း မဆိုင်ဘူး မြို့မဂတ်ကိုသွားတိုင်ကြ အဲဒီအပိုင်းထဲမှာ ဖြစ်တယ်ဟုပြောဆိုကာ ကျန်ကလေးတစ် ယောက်ကို ကြည့်ပြီး ဒီကလေးလဲ ထပ်ပါသွားဦးမယ် သတိလဲထားဦးဟု ရိသဲ့သဲ့ လေသံဖြင့် ပြောပါသည်။

၎င်း အမှတ်(၁) ရဲစခန်းနှင့်မဆိုင်လျှင် (၁၄.၇.၂၀၁၄) ရက်နေ့တွင် ဘာအတွက်ကြောင့် ၄င်းရဲစခန်း၌ပင် (၁၆)နှစ်မပြည့်သေးသော ဗုဒ္ဓဘာသာဝင် မောင်ရှင်လောင်း ကလေးတစ်ယောက်ကို အုပ်ထိန်းသူများ၏ သဘောတူညီမှုမရှိပါဘဲ အစ္စလာမ်ဘာသာဝင် မိသားစုဝင်များလက်ထဲသို့ စခန်းမှူးမှ အမိန့်ချမှတ်ကာ လက်ရောက် ထည့်ပေးလိုက်ခြင်းသည် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ပြဿနာဖြစ်အောင် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်မှာ ထင်ရှားပါတယ်ရှင်။ ထို့အပြင် ကျွန်မ၏ရှေ့နေ ဒေါ်ခင်မြတ်သူနှင့် ရဲစခန်းမှူးတို့(၂၂.၇.၂၀၁၄)ရက်နေ့က တယ်လီဖုန်းဖြင့် ကျွန်မတို့ရှေ့၌ပင် ဆက်သွယ်ပြောဆိုရာတွင် စခန်းမှူး မှ “ဆရာမ ဒီအထဲဝင်ပါနဲ့နော်၊ ဟိုကောင်တွေကဝိတ်ရှိတယ်၊ မီဒီယာတွေဘာတွေနဲ့၊ တော်ကြာ လုပ်ပေးတဲ့ သူတွေပါ ဒုက္ခရောက်သွားမယ်” ဟု ကျွန်မတို့ရှေ့တွင်ပင် ဥပဒေမဲ့ ပရမ်းပဒါ ခြိမ်းခြောက်ပြောဆိုခဲ့တာကို အံ့သြ တုန်လှုပ်စွာဖြင့် ကျွန်မနှင့်အတူ ပါလာသမျှအားလုံး နားနှင့် ဆက်ဆက်ကြားလိုက်ရပါတယ်ရှင်။ ယခု ကျွန်မ၏ ညီမလေးမှမွေးသော သားဖြစ်သူ ကျွန်မကျွေးမွေးစောင့်ရှောက် အုပ်ထိန်းထားသည့် မောင်ချစ်မင်းပိုင်နှင့် မောင်သူရနိုင်တို့မှာ (၁၂.၆.၂၀၁၄) ရက်နေ့တွင် စုက္ခရု ဘုန်းတော်ကြီးကျောင်း၌ ရှင်ပြုရန် ဆရာတော်ထံ၌ အပ်နှံထားသော မောင်ရှင်လောင်းများဖြစ်ကြပါတယ်ရှင်။ ယခုဖြစ်စဉ်မှာ အစ္စလာမ်ဘာသာဝင်တို့မှ ဗုဒ္ဓဘာသာ မောင်ရှင်လောင်းကို (၁၁.၇.၂၀၁၄) ရက်နေ့တွင် ခိုးယူဖျားယောင်းသွေးဆောင် ခြိမ်းခြောက်ခေါ်ဆောင်သွားကြ ခြင်းဖြစ်ပါတယ်ရှင်။ ထို့အပြင် အစ္စလာမ်ဘာသာဝင် ဦးအောင်လွင်(ခ)အငယ်လေး(ခ)အလ်စီဒွတ်လာသည် မှုခင်းရှုထောင့်မီဒီယာအဖွဲ့ဝင် လူကြီးတစ်ဦးဖြစ်သလို ကျွန်မတို့ပြည်မြို့နယ်မှာ (၁၊၂၊၃၊) လောင်းကစား လောကကြီးတွင် ဒေါင်းမင်းအငယ်လေးဟု နာမည်ကြီးထင်ရှားကျော်ကြားသူ ဒိုင်ချုပ်ကြီး တစ်ဦးလည်း ဖြစ်ပါတယ်ရှင်။ ဒါကြောင့်လည်း အမှတ်(၁)ရဲစခန်းမှူးက ထိုမှုခင်းရှုထောင့်အဖွဲ့ဝင် လောင်းကစားဒိုင်ချုပ် အစ္စလာမ်ဘာသာဝင် ဒေါင်းမင်းအငယ်လေးကို အသည်းအသန် အကာအကွယ်ပေး စောင့်ရှောက်ကာ ဘက်လိုက်၍ ဗုဒ္ဓဘာသာဝင်ဖြစ်သူ ကျွန်မအပေါ် တစ်ဘက်သက် ခွဲခြားနှိမ့်ချဆက်ဆံခြင်း ခံခဲ့ရတာပါရှင်။

လူကြီးမင်းရှင် ကျွန်မမှာ ပြောပြစရာတွေ တင်ပြစရာတွေ သက်သေတွေ အများကြီးရှိပါတယ်ရှင်။ လူကြီးမင်းတို့ အနေဖြင့် ကျွန်မ၏ တင်ပြမှုများကို မှန်ကန်မှုရှိ/မရှိ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ကျေးဇူးပြုပြီး အဖြစ်မှန်များကို စုံစမ်းဖော်ထုတ်၍ တာဝန်ရှိပြီး တာဝန်မဲ့လုပ်ရပ်များကို လုပ်ဆောင်သူ ဘာသာရေးပဋိပက္ခများဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြသော မီဒီယာအရေခြုံ လောင်းကစားဒိုင်ကြီးများနှင့် ရဲဝန်ထမ်းများကို ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်ရှင်။

အမှန်တရားအမြန်ဆုံးပေါ်ပေါက်ပြီး ဘာသာရေးပဋိပက္ခများ မဖြစ်ပွားအောင် ဆန္ဒပြုလဆက်-

ဒေါ်စောမာလာ

၇/ပမန(နိုင်)၁၃၁၁၄၆

နဝင်းဘောဂ(၂)လမ်း၊ နဝင်းရပ်ကွက်၊ ပြည်မြို့။

09.423681471

ပူးတွဲတင်ပြသောမိတ္တူများမှာ=

၂။ အိမ်ထောင်စုဇယား

၂။ မူလတရားရုံးစီရင်ချက်မိတ္တူ

၃။ ရှင်ပြုမင်္ဂလာဖိတ်ကြားလွှာ

၎။ (၂၅.၇.၂၀၁၄)ရက်နေ့ တရားရုံးဦးတိုက်လျှောက်ထားလွှာအပြည့်အစုံ

မိတ္တူများကို

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နေပြည်တော်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်။

ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ နေပြည်တော်။

သူရဦးအောင်ကို၊ ဥက္ကဋ္ဌ၊ တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်။

ဦးမြင့်နိုင်ထွန်း၊ ညှိနှိုင်းရေးမှူါ်၊ တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့၊ ပြည်မြို့။ 


.. www.MyanmarExpress.net
 

၄၃၆ လက်မှတ်တိုင်း ပြည်သူ့ဆန္ဒ အစစ်မဟုတ်ကြောင်း ဦးလှဆွေပြောပြီ

From : .. U Hla Swe


ပြီးခဲ့တဲ့အပါတ်က ဂန့်ဂေါမန္တလေး ခရီးသည် တင်ယာဉ်လိုင်း က တူလို သားလို ခင်တဲ့ လူငယ်လေးတယောက် က ဖုံးဆက်တယ် အဘရေ တဲ့ ဂန့်ဂေါနဲ့မန္တလေးကြား ၄၃၆ လက်မှတ်ထိုး အစုအဖွဲ့ ၁၈ ဖွဲ့ ရှိတယ် တဲ့ ခရီးသည် ၄၅ ယောက်ကလည်း အချိန် ကုန်မှာစိုးလို့မြန်မြန် ထိုးပေးလိုက်ကြပါတယ်တဲ့ အသွားအပြန် ဒီလိုပါဘဲတဲ့ အိမ်ပြန်ရောက်တော့ ရပ်ကွက်ထဲမှာ ခေါင်းစီး အနီ တွေနဲ့ အရေးအခင်းတုံး က သမဂိုဒေါင် ဖေါက်ခဲ့တဲ့ ဆရာ ကြီးတွေ ရောက်လာ ပြီး ၂၀၁၅ မှာ ဒို့ တာဝန်ယူရရင် ဘယ်သူ့ကို ကူညီရမလဲလို့လိုက်ရှာနေတာ ဆိုလို့ အကျယ် အကျယ် မငြိမ်းဖွယ် ဖြစ်နေမှာစိုး တာကြောင့် စကားနဲရန်ဆဲ လက်မှတ်ထိုးပေးလိုက်ပါတယ် တဲ့ ဒါကြောင့် ကျနော်တို့ နာမည်တွေက အကြိမ်ကြိမ်ပါနေတော့ပြသာနာမရှိလောက်ပါဘူးနော် တဲ့ ။ ကျောက်ဆည် မန္တလေး ဟိုင်းလက် ကားမောင်း တဲ့ စစ်ပြန် တပည့်တယောက်ကလည်း ၄၅ မိနစ် ဒီခရီးမှာ ၄၃၆ အဖွဲ့ ၈ ဖွဲ့ ရှိသတဲ့ ခရီးသည် ဒရိုင်ဘာ စပါယ်ယာ အားလုံး က ခရီးမကြံ့ကြာစေရေး အမြန် လက်မှတ်ထိုးပါတယ် တဲ့ ဒါမှ ခေါက်ပြန်ပြေးနိုင်မှာပါ တဲ့

.. www.MyanmarExpress.net
 

သန်း ၆၀ ရှိသော မြန်မာနိုင်ငံတွင် အခြေခံဥပဒေပြင်ဆင်လိုသူ ၅ သန်းမပြည့်


ရက်သတ္တပတ် ၇ ပတ်ကျော် စစ်တမ်းကောက်ယူမှုအရ လူဦးရေ သန်း ၆၀ ရှိသော မြန်မာ နိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်လိုသူမှာ ၅ သန်းပင်မပြည့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ် ၃၃၀ အနက် မြို့နယ်ပေါင်း ၃၀၈ မြို့နယ်မှ ကောက်ခံ ရရှိထားသော အခြေခံဥပဒေပြင်ဆင်လိုသူ လက်မှတ်ပမာဏမှာ ၄,၉၄၁,၉၉၈ သာရှိပြီး လူသူနည်းပါး သည့် ဝေးလံခေါင်ဖျား မြို့နယ် ၂၀ ကျော်သာ မဲရရန် ကျန်ရှိတော့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။


အမျိုးသား ဒီမိကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကောက်ယူသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ရက်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်။
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ဦးဆောင်၍ နယ်လှည့်စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့သော်လည်း ကောက်ခံရရှိ သည့်မဲအရေအတွက်မှာ ၅ သန်းပင် မပြည့်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ မကျေမနပ်ဖြစ်နေကြောင်း ဗဟန်းမြိ့ NLD ရုံးချုပ်မှ သိရသည်။ ပြည်သူ သန်း ၆၀ ၏ ခေါင်းဆောင်ကိုယ်တိုင် ကောက်ခံသည့် မဲအရေအတွက်မှာ ၅သန်းပင် မပြည့်မှုအတွက် အခြားပြိုင်ဖက်ပါတီများက ရှုံ့ချလှောင်ပြောင်မည်ကို စိုးရိမ်ခြင်းကြောင့် ၎င်းဦးဆောင်လုပ်နေသည့် ၄၃၆ လှုပ်ရှားမှုအတွက် သတင်းစာရှင်းလင်းပွဲကိုပင် ဒေါ်အောင်ဆန်းစုကြည် မတက်ဘဲ ပျက်ကွက်ခဲ့ ကြောင်းသိရသည်။


၄၃၆ လက်မှတ်များကို ကောက်ခံစဉ် ရက် ၅၀ အတွင်းက မြန်မာနိုင်ငံ၏ အကြီးဆုံး အတိုက် အခံအင်အားစုကြီး ၂ ခု ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းတို့မှ ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင် ပြည်နယ်နှင့်တိုင်း အနှံ့အပြားသို့ စည်းရုံး လှုံ့ဆော်ခဲ့သည့်အပြင် တစ်ဖက်တွင်လည်း “အောင်ဆန်းသွေးကို ဒို့ယုံတယ်” ဟူသည့် စတေကာများ လိုက်ကပ်ခြင်း၊ မိုဘိုင်း မဲဆန္ဒကောက်ခြင်းဟူ၍ လမ်းသွားလမ်းလာများကို ကားပေါ်ထိ လက်မှတ် ကောက်ခံခြင်း၊ အနုပညာရှင်များနှင့်အခြားပြည်သူအချို့ကို အိမ်တိုင်ရာရောက် မထိုးမနေရ လက်မှတ် ကောက်ခံခြင်းများ ရှိခဲ့သည်။ 


လက်ရှိမြန်မာ့နိုင်ငံရေးတွင် လူထုထောက်ခံမှု အရှိဆုံးဟု မီဒီယာများတွင် ဖော်ပြလေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင် တို့နှစ်ဦးကိုယ်တိုင် ဦးဆောင်မှုတွင် ပြည်သူ ၈.၃ % သာ ၎င်းတို့ ၂ ဦးနောက်မှ ထောက်ခံကြောင်း ရလဒ်ထွက်လာခြင်းမှာ မြန်မာအတိုက်အခံတို့အတွက် အထူး စိုးရိမ်စရာအခြေအနေကို ဖော်ပြနေကြောင်း မြန်မာ့အရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။


.. www.MyanmarExpress.net
 

၄၃၆ နှင့် ၂၀၁၅ ~ ပိုက်တင်

From : ..ပိုက်တင်


ဒီမိုကရေစီ ပီပြင်လာဖို့ ၄၃၆ ကို ပြင်ရမယ်ဆိုတဲ့ အချက်ကိုမူအားဖြင့် ( တပ်မတော် အပါအဝင် )အင်အားစု အားလုံးက လက်ခံပြီးဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘယ်အချိန်မှာ ပြင်ရင်နိုင်ငံတည်ဆောက်ရေး အတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတဲ့အချက်ပေါ်မှာ အယူအဆတွေ ကွဲပြားနေကြခြင်းသာဖြစ်ပါတယ်။

ဒါပေမယ့် ၄၃၆ ပြင်ဆင်နိုင်လိုက်တာနဲ့ဒီမိုကရေစီ ရပြီလို့ ပြောရင်လည်းလက်တွေ့ သိပ်မကျတဲ့ကိစ္စဖြစ်ပါလိမ့်မယ်။ Transitional Period ကို မဖြစ်မနေ ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။နောက်တစ်ခါ ပြင်ဆင်ရေးနဲ့ပတ်သက်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ရလဒ်များကိုလည်းမဖြစ်မနေထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။လောလောဆယ်မှာ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေဖြစ်အောင်ချက်ချင်းပြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။


၄၃၆ အပါအဝင် ပြင်ဆင်ဖို့ အလွန်ခက်ခဲပါတယ်ဆိုတဲ့ အခြေခံဥပဒေတစ်ခုလုံးကို ဦးဆောင်ရေးဆွဲခဲ့သူများရဲ့ ရည်ရွယ်ချက်ကို မှန်မှန်ကန်ကန်မြင်ဖို့ သုံးသပ် ဆန်းစစ်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် တပ်မတော်ရဲ့နိုင်ငံရေးအခန်းကဏ္ဍကို ထည့်သွင်းထားခြင်းဟာ (တခြားသော ရည်ရွယ်ချက်များနဲ့ အတူ) ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ် ချောမွေ အောင်မြင်စေရေးဆိုတဲ့ အချက်တစ်ချက် ပါဝင်နေတယ်ဆိုတာ အစွဲကင်းကင်းနဲ့ ကြည့်ရင်၊ မြန်မာ့သမိုင်းကြောင်း တစ်ခုလုံးကို ထည့်သွင်းစဉ်းစားရင် လက်ခံလို့ရမယ်ဖြစ်ပါတယ်။

တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ဖယ်ရှားဖို့ အတွက် လုပ်ရမယ့်အလုပ်က တစ်ခုပဲ ရှိပါတယ်။ဖန်တစ်ရာတေအောင်ပြောကြ ငြင်းကြ ပြီးသားဖြစ်တဲ့ " ယုံကြည်မှု တည်ဆောက်ရေး "ဖြစ်ပါတယ်။ယုံကြည်မှုတည်ဆောက်ရေးကို ၁၀၀ ရာခိုင်နှုန်း လုပ်နိုင်ပြီးမှသာ တပ်မတော်ဟာ နိုင်ငံရေး ထဲကနေအသာတကြည် စိတ်လိုလက်ရ ထွက်ခွာပြီး သူ့ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်လိမ့်မယ်ဆိုတဲ့ အချက်ကို သာမန်လောက်သဘောထားလို့မရပါဘူး။တပ်မတော်က နိုင်ငံရေးထဲ ပါနေ တဲ့ကိစ္စကို တပ်မတော်ကိုယ်တိုင်အပါအဝင် ဘယ်နိုင်ငံရေးအင်အားစုကမှမကြိုက်သလို၊လူထုကလည်း မကြိုက်၊ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးကလည်းမကြိုက်ဘူးဆိုတာလည်း သေချာတဲ့ အချက်ပါ။

၄၃၆ ပြင်ဆင်ရေး လူထုသဘောထားဆန္ဒများထုတ်ဖော်ရယူပြီး ဖိအားပေးတဲ့ ကိစ္စက တပ်မတော် နိုင်ငံရေးမှ ဆုတ်ခွာရေးကိုနှေင့်နှေးစေမယ်ဆိုတာ သတိပေးလိုပါတယ်။ ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အပံ့မဖြစ်တဲ့အပြင် တစ်ဖက်နဲ့တစ်ဖက် ပိုပြီး အမြင်မကြည်မလင်ဖြစ်စေမှာ သေချာနေလို့ဖြစ်ပါတယ်။ယုံကြည်မှုတည်ဆောက်ရေးနည်းလမ်းက လွဲလို့လည်းတခြား ဘယ်နည်းလမ်းနဲ့မှ တပ်ကို ဖယ်ထုတ်လို့မရနိုင်သလို ဒီမိုကရေစီ ပီပြင်ဖို့လည်း မလွယ်ပါဘူး။ ရှစ်ဆယ့်ရှစ်အရေး တော်ပုံအပြီး စစ်အာဏာရှင် ခေတ်စနစ်တလျောက် အစိုးရကိုဖိအားပေးတဲ့နည်းနဲ့ ပြည်တွင်းပြည်ပက တောက်လျှောက် လုပ်လာခဲ့ပေမယ့် တပ်က မလိုက်လျောခဲ့တဲ့အပြင်တိုင်းပြည်သာ အစစအရာရာ ချွတ်ခြုံကျခဲ့ရတယ်ဆိုတာကို ပြန်လည် သတိပြုသုံးသပ်စေလိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲက Top Down Change ဖြစ်ပါတယ်။ အာဏာရှိသူက Plan ရေးဆွဲပြီး ပြောင်းလဲနေတာပါ။ Bottom Up Changeဆိုတဲ့ အောက်ကနေ အထက် လှန်ပြီး ပြောင်းလဲခြင်းလုံးဝမဟုတ်ပါဘူး။ အတိုက်အခံအင်အားစုများရဲ့ စိတ်ရှည်မှု၊ အင်အားဖြည့်တင်းနိုင်မှု( Institutionalization )နဲ့ အမြော်အမြင်ပေါ်မူတည်ပြီးဒီအပြောင်းအလဲ နှေးခြင်းမြန်ခြင်းကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ၄၃၆ ပြင်ဆင်ရေးဖိအားဟာ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှု များကို နှေးကွေးစေမှာဖြစ် ပါတယ်။


သဘောကတော့ တပ်မတော်ရဲ့ အတိုက်အခံတို့အပေါ်စိတ်ချယုံကြည်မှု ဖြစ်ပေါ်လာရေးကို ကောင်းကောင်းကြီး အဟန့်အတားဖြစ်စေမှာပါ။ ဒီထက်ပို ရှင်းအောင်ပြောရရင်တပ်မတော်ရဲ့ အတိုက်အခံတို့ထံ နိုင်ငံတော်အာဏာလွှဲပြောင်းပေးရေးအတွက် အခုအခံအဖြစ်ရှိနေတဲ့ စိုးရိမ်မှုကို မချေဖျက်နိုင်ဘဲ ပိုမိုတိုးပွားစေနိုင်တာကြောင့် ၂၀၁၅ မှာ အတိုက်အခံ အစိုးရပေါ်ပေါက်ရေး အတားအဆီးကြီးတစ်ခုဖြစ်လာနေပါတယ်။ စစ်အစိုးရလက်ထက်တုန်းက တပ်ဖက်မှာ အစစ အင်အားချည့်နဲ့နေခဲ့တာပါ။


နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံတကာ ထောက်ခံမှုမရှိခြင်း ၊ စီးပွားရေး အကြီးအကျယ်ကျဆင်းမှု၊ လူထုကိုအပြင်းအထန် ဖိနှိပ် အုပ်ချုပ်ခြင်း စတာတွေဟာ အဲဒီတစ်ခေတ်ရဲ့အားနည်းချက်တွေပါ။အဲဒီလောက်ခက်ခဲနေတဲ့ကြားမှာတောင်မှ တပ်က သူစီစဉ်ရေးဆွဲတဲ့ နိုင်ငံရေးအစီအမံအတိုင်းရအောင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အခုအချိန်မှာ တပ်အနေနဲ့ တဖြည်းဖြည်းနိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ အထောက်အ့ပံ့များရရှိလာနေပါတယ်။ လက်ရှိ အပြောင်းအလဲဟာ ဒီမိုကရေစီကို ဦးတည်တယ်လို့ နိုင်ငံတကာက လက်ခံလာနေပါတယ်။


အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်လာခဲ့ရာက အခု အခြေခံဥပဒေ ဆိုတဲ့ Institution တစ်ခုကို အခိုင်အမာရရှိနေပြီဖြစ်တာကြောင့် အပြောင်းအလဲကို ဖော်ဆောင်ရာမှာ တပ်အနေနဲ့အသာစီးအနေအထားရရှိနေပါတယ်။ ဒီကြားထဲ တပ်နဲ့ အဆင်အပြေဆုံး ပါတီကလည်း အစိုးရဖွဲ့ထားသလို လွှတ်တော်များမှာလည်း အများစုနေရာရရှိထားပါတယ်။အာဏာလက်ရှိပါတီဆိုတာက အမြဲ အသာဆီးရတတ်တဲ့သဘောရှိပါတယ်။ အတိုက်အခံတို့ အာဏာရခဲ့ရင်လည်း နိုင်ငံရေးအရ အသာဆီးရမှာ ဓမ္မတာပဲဖြစ်ပါတယ်။
ဒါကြောင့် အပြောင်းအလဲကို အတိုက်အခံတို့ အရှိန်မြှင့်ချင်သလောက်မြှင့်ဖို့ဆိုရင် ဖိအားပေးတဲ့နည်းဟာ လုံးလုံးအလုပ်မဖြစ်နိုင်ဘဲ ယုံကြည်မှုတည်ဆောက်နိုင်ရေးကိုမူဝါဒချမှတ်ပြီး စနစ်တကျပြောင်းလဲကျင့်သုံးမှသာ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်။ အတိုက်အခံတို့ကို နာစေလိုတဲ့သဘောနဲ့ ပြောဆိုနေခြင်းမဟုတ်ပါဘူး။ အပြောင်းအလဲကို လက်တွေ့ကျကျ အရှိန်မြှင့်နိုင်ရေး ( ဒီမိုကရေစီ မြန်ဆန်ရေး )အတွက် လက်တွေ့အရှိတရားနဲ့ အလိုက်သင့် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့ အကြံပြုခြင်းသာဖြစ်ပါတယ်။ဘယ်သူမှမရှုံးတဲ့ နိုင်ပွဲဖြစ်စေချင်ပါတယ်။
ဒီမိုကရေစီ မဖြစ်သေးတဲ့အချိန်မှာ ပါတီတစ်ခုထဲ အနိုင်ရရေးထက် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်ထဲ တိုင်းရင်းသားများအပါအဝင် အားလုံးပါဝင်နိုင်ရေးကိုလည်း အားလုံးက မလွဲမသွေ
ထည့်သွင်းစဉ်းစားလုပ်ကိုင်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။၂၀၁၅ မှာ တိုင်းရင်းသားတွေဟာ လွှတ်တော်ထဲမှာရော အစိုးရအဖွဲ့ထဲမှာပါ ပါဝင်သင့်သလောက်များများပါဝင်ဖို့ ထည့်စဉ်းစားသင့်ပါတယ်။

ဖိအားပေးတဲ့ ခြေလှမ်းတွေ လှမ်းလာတာကြောင့်ပဲ လွှတ်တော်မှာအများစုရထားတဲ့ပါတီက အများစုရထားတဲ့ အားသာချက်ကို ကိုင်တွယ်အသုံးချပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက်စနစ်တကျ စီစဉ်နေတာလည်းတွေ့ရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲအောင်နိုင်ရေးဟာ ပါတီရဲ့စိန်ခေါ်မှုဖြစ်သလို နိုင်လည်းနိုင်မှာဖြစ်တယ်လို့ပါတီဥက္ကဌက ပြောဆိုထားတာလည်းဖြစ်ပါတယ်။PR ဖြစ်မြောက်ရေး ဆောင်ရွက်မှုဟာ ရွေးကောက်ပွဲမှာ မဲမခိုးရ မလိမ်ရဘဲ တပ် ၂၅ ရာခိုင်နှုန်းအားကိုယူပြီး အစိုးရဖွဲ့နိုင်အောင်စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။( ၄၃၆ ဖိအားများပြင်းထန်လာတဲ့အခါ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက ပြင်ဆင်ဖို့ဆုံးဖြတ်ထားတဲ့ကိစ္စ က သိပ်အရေးမပါတော့ဘဲ
ပြည်ခိုင်ဖြိုးဥက္ကဌကလည်း ပြုပြင်ပြောင်းလဲရေးကိုထိခိုက်ရင် မပြင်ဘူးဆိုတဲ့သဘော ပြောလာတာ၊ရုတ်တရက် PR ပြန်ပေါ်လာတာကို သတိပြုမိစေချင်ပါတယ်။)ပြည်ခိုင်ဖြိုးအများစု ရထားတဲ့လွှတ်တော်မှာ

ပြည်ခိုင်ဖြိုးကပြင်ဆင်ရေးကို ကန့်ကွက်မှု ထောက်ခံမှု ထိထိရောက်ရောက်လုပ်နိုင်ပါတယ်။တပ်က ပြင်ပေးမယ်ဆိုရင်တောင်မှ ၂၀၁၅ ရွေးကောက်ပွဲကို သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်မယ့်ပြည်ခိုင်ဖြိုးအနေနဲ့ ပြင်ဆင်ပေးဖို့ လွယ်ကူမယ်မဟုတ်ပါဘူး။ PR စနစ်ကိုကျင့်သုံးပါက ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ပါတီများဟာ ၂၆ ရာခိုင်နှုန်းကို အသာလေးရနိုင်ပြီး တပ် ၂၅ ရာခိုင်နှုန်းထောက်ခံမှုကို ရရှိခဲ့ရင် အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။


တိုင်းရင်းသားပါတီတချို့ကလည်း လွှတ်တော်ထဲမှာ ရလာမယ့် သူတို့ရဲ့ မဲပေးဆုံးဖြတ်ပိုင်ခွင့်ကို စဉ်းစားချင့်ချိန်ပြီး ( ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ် အာမခံချက် စတာတွေ ရနိုင်သလောက်ရဖို့ )
ထိထိရောက်ရောက်အသုံးချကြပါလိမ့်မယ်။

လူထုထောက်ခံမှုတော်တော်များများရထားတဲ့ ပါတီအနေနဲ့ NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဒုတိယ ဦးစားပေးသဘောထားပြီး ပြင်ဆင်ရေးကို ပထမဦးစားပေး လုပ်ဆောင်မှုများကအတိုက်အခံ အစိုးရပေါ်ပေါက်ရေး မျှော်လင့်ချက်ကို တစ်စတစ်စ မှေးမှိန်လာစေပါတယ်။ရွေးကောက်ပွဲကိုသာ အပြတ်အသတ်အနိုင်ရခဲ့ရင်၊ တပ်နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ရင်၂၀၁၅ အလွန်မှာ ပြင်ဆင်ရေးကိစ္စဟာ လွယ်လင့်တကူ ဆောင်ရွက်လို့ သေချာပေါက်ရပါလိမ့်မယ်။ တပ်မတော်နဲ့ ယုံကြည်မှု မတည်ဆောက်နိုင်ဘဲ အတိုက်အခံ အာဏာရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ပြင်ဆင်ရေးကိစ္စဟာလည်း ဘယ်လိုမှမဖြစ်နိုင်တာကြောင့်NLD အနေနဲ့ အကျိုးသက်ရောက်မှု မရှိနိုင်တဲ့ ၄၃၆ ပြင်ဆင်ရေး ဖိအားပေးမှုကို ချက်ချင်းရပ်ဆိုင်းပြီး ၁။ တပ်နဲ့ယုံကြည်မှုတည်ဆောက်ခြင်း ၂။ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ နည်းဗျူဟာများချမှတ်ခြင်း တို့ကို အချိန်မီ ဆောင်ရွက်စေလိုပါကြောင်း ဒီမိုကရေစီကို မြန်နိုင်သမျှ မြန်မြန် ထွန်းကားစေလိုတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ သတိပေးတိုက်တွန်းလိုက်ရပါတယ်။ ။


.. www.MyanmarExpress.net
 

ဒီချုပ် ၄၃၆ ပြင်ဆင်ရေး ထောက်ခံမဲလက်မှတ် (၁၇)သိန်းကျော်သာ ရရှိသေး

From : .. SMMK


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူကောက်ခံခဲ့သည့် ၄၃၆ ပြင်ဆင်ရေးပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်း တစ်ဆယ့်ခုနှစ်သိန်းကျော်ရရှိပြီးဖြစ်သည်ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဇူလိုင်လ (၂၅)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ သိရှိရသည်။

ကောက်ယူခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီ တိုင်း၊ စစ်ကိုင်းတိုင်း၊မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ်မှ ဖြစ်ပြီး မြို့နယ်ပေါင်း ၃၃၀ တွင် ၁၀၂မြို့နယ်မှ ဆန္ဒမဲရလာဒ်များဖြစ်သည်ဟု သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်သားများ ပူးပေါင်းဆောင်ရွက်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးဆန္ဒထုတ်ဖော်မှုကို မေလ(၂၇)ရက်နေ့မှ ဇူလိုင်လ(၁၉)ရက်နေ့အထိ ကောက်ခံ ခဲ့ခြင်းဖြစ်ပြီး  နောက်ဆုံးထောက်ခံဆန္ဒမဲလက်မှတ်အရေအတွက်ကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်း၌ စာရင်းထုတ်ပြန်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
 

ဇွန်လ ၃၀ ရက်နေ့က ရက်ပေါင်း ၃၄ ရက်အတွင်း ကောက်ခံရရှိမှုမဲအရေအတွက်မှာ သိန်း ၃၀ ကျော်ရှိကြောင်း NLD မှ ကြေညာချက်ထုတ်ခဲ့ဖူးရာာယခုအခါ ၁ သန်းကျော်ဟု ပြောဆိုသည့်အတွက် ၄၃၆ လက်မှတ်များကို ရေတွက်မှုအပေါ် ပြည်သူများက သံသယဖြစ်နေကြောင်း သတင်းရရှိသည်။ 

.. www.MyanmarExpress.net
 

NLD ပါတီမှ ပုဒ်မ-၄၃၆ ပြင်ဆင်ရန်စည်းရုံးရာတွင် မသမာနည်းများအသုံးပြုခဲ့

From : .. CNMyanmar


 ၂၀၁၄ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ကော့သောင်းမြို့နယ် NLD ပါတီမှ ဦးဆောင်၍ ဘုရင့်နောင်ရပ်ကွက် NLD ပါတီဝင်များသည် ဘုရင့်နောင်ရပ်ကွက် ပသျှူးတန်းသို့ ၀င်ရောက်ကာ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လက်မှတ် ရေးထိုးမှုများ မသမာသောနည်းဖြင့် ပြုလုပ်ခဲ့ကြောင်း၊ ပသျှူးလူမျိုးများမှလည်း လက်မှတ်ထိုးပေး လျှင်သုံးခေါက်ချိုးမှတ်ပုံတင်မှပန်းရောင်မှတ်ပုံတင်ရမည်ဟုစည်းရုံးပြောဆို၍လက်မှတ်ရေးထိုးပေးရေး ပြုလုပ်စည်းရုံးလျက်ရှိပါသည်။

NLD ပါတီမှ    လက်မှတ်ရေးထိုးပေးရန်စည်းရုံးခဲ့ရာ ဘုရင့်နောင်ရပ်ကွက်မှ အခြေခံဥပေဒပြင်ဆင်ရေး လက်မှတ်စုဆောင်းရရှိမှုမှာယနေ့အထိ၃၂၁ဦးဖြစ်ကြောင်း၊ ရွှေပြည်သာ၊ အေးရိပ်ငြိမ်၊ ရွှေဇင်ယော်၊ ရွှေဟင်္သာ၊ အောင်သုခ၊ သီရိမြိုင် စသည့်ရေလုပ်ငန်းအဓိကထားဆောင်ရွက်နေကြသည့် ရပ်ကွက်များတွင် လည်း ပုဒ်မ-၄၃၆ပြင်ဆင်ရေး လက်မှတ်ရေးထိုးပေးလျှင် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ရာတွင် အဖွဲ့အစည်းများ သို့ ဒီဇယ်ဆီနှင့်လိုင်းကြေးပေးဆောင်ရန်မလိုကြောင်း စသဖြင့် မသမာသောနည်းလမ်းများအသုံးပြုကာ စည်းရုံး လှုံ့ဆော်ပြီး လက်မှတ်စုဆောင်းမှုများအား NLD ပါတီမှ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။


.. www.MyanmarExpress.net

လက်မှတ်ထိုးသူနည်းသည်ဟုဆိုကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြ

From : ..mizzima


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေး လက်မှတ်ထိုးသူနည်းသဖြင့် အားလုံး ပါဝင်လာရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ဦးဆောင် ပြီး ဇူလိုင် ၁၂ရက်က သာယာဝတီခရိုင်ရှိ ဇီးကုန်းမြို့ခံများ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

“နှစ်ဝက်လောက်ကြာတဲ့အထိ ထင်သလောက် ခရီးမပေါက်ဘူးဖြစ်နေတယ်။ ဇီးကုန်းမြို့မှာ လက်မှတ်ထိုး စာရင်းတွေလည်း နည်းနေတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အားလုံးပါဝင်လာအောင် ဆန္ဒထုတ်ဖော် ဟောပြောပွဲကိုလုပ်ရတာပါ”ဟု (၈၈)မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ကိုသန်းအောင်က ပြောသည်။

ဇီးကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ခု၊ ကျေးရွာအုပ်စု ၃၉ခုရှိပြီး လူဦးရေ ၆၆၉၉၁ဦး နေထိုင်လျှက်ရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ လေးသောင်းခွဲကျော်ရှိသော်လည်း ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး သူဦးရေ ၁၃ဝဝဝ ကျော်သာရှိသေးသည်။

အဆိုပါ ဇီးကုန်းမြို့နယ်မှာ ဒု-သမ္မတ ဦးဥာဏ်ထွန်းနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့၏ ဇာတိဖြစ်သည်။

ဆန္ဒပြသူများက မနက် ၉ နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ မင်းဘူးလမ်း နှင့် ကံကြီးထောင့်လမ်းတွင် စုဝေးပြီး ဟောပြောပွဲပြုလုပ်ကာ ဂုံးလမ်း ၊ ကုန်သည်လမ်း ၊ ရန်ကုန်-ပြည်လမ်း ၊ ဘုရားလမ်း ၊ ဦးယောလမ်းအတိုင်း ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထေုတ်ဖော်ရာတွင် “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး”၊ “ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ဒို့အရေး”၊  “ပုဒ်မ ၅၉(ဃ) နှင့် ၅၉(စ) ဖျက်သိမ်းပေးရေး ဒို့အရေး”  “ဒီမိုကရေစီစံနှုန်းနှင့်မညီညွတ်သော ပုဒ်မများ ပြင်ဆင်ရေး ဒို့အရေး”၊ “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအား ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး ဒို့အရေး”  စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်က သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမ ည်ဟု ပြဌာန်းထားသည် ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်းသားများဦးဆောင်ပြီး နိုင်ငံအဝှမ်း ဆန္ဒပြုလက်မှတ်များကောက်ခံလျက်ရှိသည်။


.. www.MyanmarExpress.net
 

"ပြင်ဖို့သိပ်လွယ်နေရင် ပါတီတစ်ခု တက်လာတိုင်း အခြေခံဥပဒေကို ပြင်ပြင်နေမယ်ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံတော် ဖြစ်လာမှာ မဟုတ်ဘူး" ~ ဦးထွန်းရီ

From : ..   ဦးထွန်းရီ (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ


‘‘ပုဒ်မ ၄၃၆ ကို ညီလာခံမှာ စဉ်းစားတော့ ပြင်ဖို့ခက်အောင် လုပ်ထားတာကို မူအားဖြင့် လက်မခံခဲ့ဘူး။ ဒါပေမဲ့ ပြင်ဖို့သိပ်လွယ်နေရင် ပါတီတစ်ခု တက်လာတိုင်း အခြေခံဥပဒေကို ပြင်ပြင်နေမယ်ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံတော် ဖြစ်လာမှာ မဟုတ်ဘူး။ တပ်ပါဝင်မှုကို အတိုင်းအတာတစ်ခုထိ ပြောပေမယ့် လတ်တလော ပါဝင်သင့်တယ်လို့ ပြောခဲ့တယ်။ ၅၉(စ)ပြင်ဖို့မလိုဘူးဆိုတာလည်း ဟိုတုန်းကတည်းက ကျွန်တော်တို့ပါတီတွေ ပြောပြီးသား။ အဲဒီတုန်းက ကိုယ်စားလှယ်အများစုက အခုခေတ်လို ဘယ်သူသမ္မတဖြစ်လာမလဲဆိုတာတွေးပြီး ဒါတွေ သဘောတူခဲ့တာမဟုတ်ဘူး။ နိုင်ငံအတွက် တကယ်လိုအပ်တဲ့အချက်တွေဖြစ်လို့ပဲ’’

.. www.MyanmarExpress.net
 

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲ လေးခွဖြင့် တိုက်ခိုက်ခံရ ~ NLD သူရဲကောင်းများ ပုဆိုးမနိုင် ပုဝါမနိုင် ထွက်ပြေးရတဲ့ပွဲ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကို ဒေသခံပြည်သူများက လေးခွင့်ဖြင့် ဝိုင်းပစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ 

ဒီအဖြစ်အပျက်ဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာ ဖြစ်ပြီး လူသန်း ၆၀ ထောက်ခံပါတယ်ဆိုတဲ့ NLD နှင့် ၈၈ နှစ်ဖွဲ့ အရှက်လှလှ ရခဲ့တဲ့ ဖြစ်ရပ်ပါ။ 

ခင်ဦးမြို့နယ် မန်ကျည်းတုံကျေးရွာမှာ ဇူလိုင် ၆ ရက်နေ့ညနေက ရွာလယ်ပိုင်းက အိမ်ဝင်းမှာ ဟောပြောပွဲ ပြုလုပ်နေစဉ် ပြည်သူလူထုမှ လေးဘက်လေးတန်ကနေ လောက်လေးခွတွေနဲ့ ၀ိုင်းပစ်ခံခဲ့ရတာလို့ ပစ်ခံရစဉ် ဟောပြောနေတဲ့ မြို့နယ်အဆင့် အန်အယ်လ်ဒီပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

“ခြောက်နာရီမတ်တင်းဗျ။ လူလုံးမကွဲတကွဲလောက် မန်ကျည်းတုန်ရွာမှာ ပစ်ခံရတာ။  ကျနော့်ကိုတော့မမှန်းဘး။ လျှပ်သွားတယ်။”

မန်ကျည်းတုံရွာလယ်က ဦးငြိမ်းမောင်နေအိမ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ရွာသူရွာသား ဆယ်ဂဏာန်းသာ တက်ရောက်နားထောင်ကြပြီး အများစုမှာ NLD ပါတီဝင်များဖြစ်တယ်လို့ ဆိုပါတယ်။

နည်းနည်းမှောင်နေတဲ့အတွက် အရပ်လေးမျက်နှာက လာတဲ့ လောက်လေးခွတွေကို ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာ မသိဘူးလို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် NLD နှင့် ၈၈ သူရဲကောင်းများ ကြောက်လန့်တကြား ထွက်ပြေးကြတာ ပုဆိုးတောင် မနိုင်ဘူးလို့ မျက်မြင်များက  ဆိုပါတယ်။

ဒီဟောပြောပွဲမှာ   မြို့နယ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါက်တာ ၀င်းအောင်၊ ဒုဥက္ကဋ္ဌ ဦးအောင်သိန်း၊ အတွင်းရေးမှူး ဦးစိုးရင်နဲ့  စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ဦးညွန့်အောင်တို့ပါ တက်ရောက်ကြပေမယ့် အပြေးကောင်းတာကြောင့် တစုံတရာ ထိခိုက်မှု မရှိခဲ့သော်လည်း 
လူထုဆန္ဒကို ငြင်းဆန်လုပ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံတဲ့ပွဲကတော့ ပျက်သွားခဲ့ပါတယ်။ 
 
စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီရဲ့ အလုပ်အမှုဆောင် ဦးညွန့်အောင်က  တရားဝင် အကြောင်းကြားလုပ်ဆောင်တာ ဖြစ်တဲ့အတွက် မြို့နယ် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က လုံခြုံရေးပေးဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“သူတို့မှာ တာဝန်ရှိတာပေါ့၊ ကျနော်တို့ သွားတယ်ဆိုရင် တရားဝင် ကော်မရှင်မှာ စာတင်ရင် လုံခြုံရေးပေးတာတွေ ဘာတွေ ရှိတာပဲ၊ အခုဟာက ကျနော်တို့မှာ ဒီအတိုင်းပဲ။  စည်းမဲ့ကမ်းမဲ့ ဖြစ်နေတယ်။ အောက်ခြေမှာ။”

မနေ့ညက ညတွင်းချင်းရဲစခန်းမှာ ခဲပေါက်မှုနဲ့ အမှုဖွင့်ခဲ့ပြီးကြောင်းနဲ့ မြို့နယ်ကော်မရှင်ထံကို ဒီကိစ္စ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် NLD ဥက္ကဌမှ အခြားသူများ ကိုပုဒ်ခတ်ပြောဆိုစဉ် ရွေးကောက်ပွဲကော်မရှင်မှ သတိပေးချိန်က ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီများလှုပ်ရှားမှု ကိစ္စများကို ဝင်ရောက်ပါဝင်ခြင်း မလုပ်သင့်ကြောင်း NLD မှ တုန့်ပြန်ခဲ့ပါတယ်။

မြန်မာလူအများစုသည် ပုဒ်မ ၄၃၆ ကို မပြင်လိုသူများဖြစ်ကြပြီး ရခိုင်ပြည်နယ်နှင့် အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း NLD နှင့် ၈၈ တို့ ၄၃၆ ပြင်ရေး လာရောက်ဟောပြောပါက မောင်းထုတ်မည်ဟု ကြွေးကြော်ထားကြောင်း သိရပါတယ်။ 

. www.MyanmarExpress.net
 

ဦးရွှေမန်းစကား ဒေါ်စု ဒေါသဖြင့်တုန့်ပြန်

From : .. The Voice


၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်များ လွှတ်တော်အပေါ် သြဇာ သက်ရောက်အောင် ပြုလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း လုပ်ဆောင်နေသော အခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်များ လွှတ်တော်အပေါ် သြဇာသက်ရောက်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်ဆောင်မှုသည် လွှတ်တော်မှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှု ကော်မတီကို သြဇာလွှမ်းမိုး သက်ရောက်မည် မဟုတ်ကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်းက ဇူလိုင် ၃ ရက်နေ့က ပြောဆိုခဲ့မှုအပေါ် ၎င်းက ပြန်လည် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်သည် ပြည်သူလူထု၏ ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်နေသည် ဆိုပါက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြုထားသော ပြည်သူ့ဆန္ဒကို လက်ခံ စဉ်းစားရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒါကို လွှတ်တော်က ထည့်မစဉ်းစားဘူးဆိုရင် ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ ဆိုတာ မေးခွန်းထုတ်စရာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွေမန်းကမူ “၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု လူထုလက်မှတ် ကောက်ခံမှုတွေက သူ့ဆန္ဒနဲ့ သူလုပ်တာ။ လွှတ်တော်က ဖွဲ့ထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီကိုလည်း သြဇာသက်ရောက်မှု မရှိနိုင်ဘူး” ဟု ဇူလိုင်လ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောဆိုထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီသည် လွှတ်တော်က သဘောတူထားသည့် မူဝါဒအတိုင်း လုပ်ဆောင်နေပြီး လွှတ်တော်ကိုယ်စားလှယ် အားလုံး သဘောတူ လက်ခံထားသည့် အကြံပြုချက်နှင့် ညွန်ကြားချက်များကို လိုက်နာ လုပ်ဆောင်လျက် ရှိကြောင်း ၎င်းကဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍ ဖြစ်သောကြောင့် ပြင်ဆင်ခွင့် ရရှိရန် ပြည်သူလူထု၏ အင်အား ရယူခြင်းသာ ဖြစ်ပြီး ပြည်သူ့အသံကို ဖော်ဆောင်နေသော လွှတ်တော်သည် ပြည်သူ၏ဆန္ဒကို ဖော်ထုတ်ခြင်း ရှိမရှိ စောင့်ကြည့်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဇွန်လက တောင်ငူတွင် ပြုလုပ်သော ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး ပြည်သူ့ဆန္ဒ ရယူပွဲတွင် ပြောဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ၂၀၁၄ ခုနှစ် မေလအတွင်းမှ စတင်ကာ လူထုဆန္ဒလက်မှတ် ကောက်ယူမှုများ ပြုလုပ်ခဲ့ပြီး ၂ လအတွင်း လူထုဆန္ဒလက်မှတ် ကောက်ယူမှု သုံးသန်းကျော် ရရှိပြီ ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန် ကြေညာထားသည်။
.. www.MyanmarExpress.net
 

၄၃၆ လှုပ်ရှားမှုနှင့် အသုံးချခံ ၈၈ မျိုးဆက်

From : .. မိုဃ်းသွေးငယ်


၈၈ မျိုးဆက်ကျောင်းသားဆိုတာနဲ့ ပြည်သူတစ်ရပ်လုံးက ၁၉၈၈ အရေးတော်ပုံနဲ့တွဲပြီး မြင်လေ့ရှိကြ တယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ပြီး လပိုင်းအတွင်းမှာ အာဏာရှင် သမ္မတ သုံးဦးကို ဖြုတ်ချနိုင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ တော်လှန်ရေးသမားတွေဆိုပြီး လူတိုင်းက သတ်မှတ်ကြတယ်။ ဒါပေမယ့် ပြည်တွင်းက လက်ရှိ ၈၈ တော်လှန်ရေးသမား ကျောင်းသားခေါင်းဆောင်တွေရဲ့ တိကျတဲ့ မူဝါဒမရှိခြင်း၊ ခိုင်မာတဲ့ ဦးတည်ချက်မရှိခြင်းတွေကြောင့် ၈၈ မျိုးဆက်ဆိုတဲ့ အနှစ်သာရကို ပျက်ဆီးစေရတဲ့အပြင် လူထု ထောက်ခံမှုလည်း တဖြည်းဖြည်း ကျဆင်းလာကြောင်း သတိပြုမိလာတယ်။ 

ပြည်တွင်းက ၈၈ ခေါင်းဆောင်တွေအနေနဲ့ ဒီချုပ်ကို သံဝေဂ ယူဖို့လိုပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း အာဏာလွှဲမပေးတာကြောင့် ဒီချုပ်နဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်အားလုံး တော်လှန်ရေး လုပ်ခဲ့ကြတယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတယ်။ စစ်ပြိုင်အစိုးရ ဖွဲ့စည်းခဲ့ပြီး ပြည်ပက လွတ်မြောက်နယ်မြေတွေမှာ NLD-LA ရုံးတွေ ဖွင့်ခဲ့ကြတယ်။ ကန်ပိန်းတွေ လုပ်ခဲ့ကြတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒီချုပ် မှတ်ပုံတင်လိုက်တော့ တော်လှန်ရေးသမားတွေအားလုံး ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ဘောင်းဘီချွတ် အစိုးရရဲ့ အသုံးချတာ ခံလိုက်ရတယ်။ လူသန်း ၆၀ ထောက်ခံ နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယာက်ကို တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌတစ်ယောက်ဆိုပြီး လုပ်ပိုင်ခွင့် ဘာမှမပေးထားဘူး လွတ်လွတ်လပ်လပ်တောင် ဟောပြောခွင့်မရဘူး။ ဒါကို ၈၈ ခေါင်းဆောင်တွေ သင်ခန်းစာယူဖို့လိုတယ်။ ဒါတောင် သင်ခန်းစာမယူတတ်တဲ့ အစိုးရနဲ့ နီးစပ်အစည်းရုံးခံရတဲ့ ခေါင်းဆောင် တွေက အသုံးချတာခံရပြီး ပါတီထောင်ချင်ကြသေးတယ်။ ဒါပေမယ့် ဝိုင်းကန့်ကွက်လို့ မလုပ်ဖြစ်တော့ဘူး။ 


၈၈ ကျောင်းသားတွေဟာ တော်လှန်ရေးနဲ့ အတူမွေးဖွားလာတဲ့ တော်လှန်ရေးသမား စစ်စစ်တွေဖြစ် တယ်။ တော်လှန်ရေးရဲ့ အနှစ်သာရက ဘာလဲ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ အနှစ်သာရက ဘာလဲ၊ ပြည်ပက ၈၈ မျိုးဆက် refugee တွေက ဘာဆက်လုပ်ရမှာလဲဆိုတာ မစဉ်းစားကြဘူး။ လက်ရှိ ၈၈ ခေါင်းဆောင်တွေက တော်လှန်ရေး မလုပ်တော့ဘဲ အသုံးချတာ ခံနေရတယ်။
ပြည်တွင်းက ၈၈ မျိုးဆက်ခေါင်းဆောင်တွေက စာပေဟောပြောပွဲလိုလို၊ ၄၃၆ ကန့်ကွက်ပွဲလိုလို ဟောပြောနေကြရတယ်။ အဲဒါ တော်လှန်ရေးမဟုတ်ဘူး။ တော်လှန်ရေးသမား ဆိုတာ လက်မှတ်ထိုးဖို့ မဲဆွယ်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို နာခံဖို့ စောင့်ဆိုင်းနေရမယ့် အနေအထား မဟုတ်ဘူး။ မတရားဘူး ထင်ရင် ပွင့်ပွင့်လင်းလင်းပြော၊ ထိပ်တိုက်တွေ့ရမယ်။ သတ္တိကြောင်ခြင်းဆိုတာ တော်လှန်ရေးသမား ကျောင်းသားခေါင်းဆောင်တွေရဲ့ အဘိဓာန်မှာ မရှိဘူး။ 


ဒီချုပ်က သူ့အလုပ်ကို လုပ်တာမှန်တယ်။ ဒီချုပ်က တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီ၊ လွှတ်တော်ထဲမှာ အဆိုတင်တာတွေ၊ ပြည်သူ့ဆန္ဒတင်သွင်းတာတွေ လုပ်နိုင်တယ်။ ၈၈ မျိုးဆက်တွေက လွှတ်တော်ကို လေ့လာရေးပဲသွားလို့ရတယ်။ ဘာမှဝင်ဆွေးနွေးလို့မရဘူး။ အခု ဒီချုပ်ပါတီဝင်တွေပဲ လက်မှတ်လိုက်ကောက် နေတယ်။ လက်မှတ်အရေအတွက် ထင်သလောက်မရတော့ ၈၈ တွေပါ သိက္ခာကျရတယ်။ အစိုးရဖက်ကတော့ သူတို့ဦးဆောင်တဲ့ နိုင်ငံရေးမှာ ၈၈ မျိုးဆက်တွေနောက်က ပါလာတဲ့အတွက် အမြတ်ထွက်သွားတယ်။ 


၈၈ ရဲ့ လက်ရှိတာဝန်က ငွေရတုက ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်ဖို့ပဲ။ အစိုးရရဲ့ အသုံးချထား ခံဖို့မဟုတ်ဘူး။ ဒီချုပ်ရဲ့ အသုံးချတာ ခံဖို့မဟုတ်ဘူး။ အခုထိ ငွေရတု ဆုံးဖြတ်ချက်တွေ အကောင်အထည် မဖော်နိုင်သေးဘူး။ တက္ကသိုလ်ကျောင်းသားတွေကို နိုင်ငံရေးမလုပ်ဖို့ အစိုးရဘက်က ကန့်သက်တာကို ၈၈ မျိုးဆက်တွေ ဘာမှမတုန့်ပြန်ခဲ့ဖူး။ ပြည်တွင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်ရမလို ဖြစ်နေပြီ။ သမိုင်းဘယ်လောက် ကောင်းခဲ့ကောင်းခဲ့ ပစ္စုပ္ပန်မှာ ဦးတည်ချက်ပျောက်ရင် အနာဂါတ်မှာ ရောက်ချင်တဲ့ဆီ ရောက်သွားမှာပဲ။ ဒါကြောင့် ပြည်တွင်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အားလုံး သူတပါးအသုံးချမှုတွေကို လိမ္မာပါးနပ်စွာရှောင်ရှားကြပါ၊ ၈၈ အရေးတော်ပုံရဲ့ အနှစ်သာရကို စောင့်လျှောက်ကြပါ။ တိကျတဲ့ လမ်းသစ်အတိုင်း ကိုယ့်လမ်းကိုယ်သာ ယုံယုံကြည်ကြည် လျှောက်လှမ်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ 


.. www.MyanmarExpress.net
 

နာဂစ်အခြေခံဥပဒေ မှ အဓိကရုဏ်း ၄၃၆ ပြင်ဆင်ရေးသို့


နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ၂ လအကြာ လက်မှတ်ကောက်ခဲ့သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား နာဂစ်အခြေခံဥပဒေဟု ခေါ်ဆိုသကဲ့သို့ပင် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် နန်းတည်ရာ မန္တလေးမြို့တွင် အဓိကရုဏ်းဖြစ်၍ ပြည်သူများသေဆုံးနေချိန်၌ NLD နာယက ဦးတင်ဦး၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့သည် ၄၃၆ လက်မှတ်များ ကောက်ယူနေကြသည်ကို စိတ်ပျက်ဖွယ်တွေ့ရသည်။ 

အဓိကရုဏ်းကြောင့် လူ ၂ ဦးသေဆုံးပြီး နောက်တစ်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဟောပြောပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဟုတ်ကြန့်ဗုဒ္ဓဘာသာ ဘုရားကျောင်း ခန်းမတွင် ကျင်းပကာ လက်မှတ်များ ကောက်ခံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦး က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထုမှ လက်မှတ်ရေးထိုး ပါဝင်နိုင်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မွန်းလွဲ ၃း ၁၅ နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာရုတ်သိမ်းပြီးနောက် အခြေအနေစိုးရိမ်ရသည့် မန္တလေးမြို့လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ရသည်။


 အဓိကရုဏ်းကြောင့် မြန်မာပြည်သူအားလုံး စိတ်မကောင်းဖြစ်လျှက်ရှိပြီး သေဆုံးသူများအတွက် ဝမ်းနည်းနေကြသော်လည်း NLD နှင့် ၈၈ မျိုးဆက်များမှာ ဝမ်းနည်းကြောင်း တစ်စုံတစ်ရာ မပြောပဲ  ၄၃၆ ပြင်ဆင်ရေးကိုသာ အလေးပေးဆောင်ရွက်နေသည်ကို တွေ့ရသဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ကျိုးစားမှုသည် လူထုအတွက်လား၊ ၎င်းတို့အတွက်လား ဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေသည်။

တဖက်တွင် လက်မှတ် ၃၃ သိန်း ရကြောင်း ကြေငြာချက် ထုတ်ပြန် ခဲ့သော်လည်း ပုဒ်မ ၄၃၆ ပြင်ရေး ခရီး မပေါက်သေးကြောင်း NLD သဘာပတိ ဝန်ခံ


 

တဖက်တွင် လက်မှတ် ၃၃ သိန်း ရကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သော်လည်း ပုဒ်မ ၄၃၆ ပြင်ရေး ခရီးမပေါက်သေးကြောင်း  ဇူလိုင် ၁ရက် တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ရန်ကုန်တိုင်း ပါတီအလုပ်အမှုဆောင်များ စုံညီအစည်းအဝေးတွင် NLD သဘာပတိ ဝန်ခံ ပြောကြားလိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် ထင်သလောက် ခရီးပေါက်ခြင်းမရှိချိန်တွင် ပီအာရ် (ရွေးကောက်ပွဲစနစ်)အရေး တင်သွင်းလာခြင်းဖြင့် နှောက်ယှက်ခံခဲ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက ဦးတင်ဦးက သုံးသပ်လိုက်သည်။

၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု အရှိန်ပိုမိုမြှင့်တင်ရန် လိုအပ်နေသည်ဟု ဦးတင်ဦးက တိုက်တွန်းခဲ့သည်။ လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး ဇူလိုင် ၁၉ရက်(အာဇာနည်)နေ့တွင် အပြီးသတ်ရန် စီစဉ်ထားသည်။

ရန်ကုန်တိုင်း (NLD) ဥက္ကဋ္ဌ ဦးမြင့်ဌေးကလည်း အားနည်းချက်များ ရှိနေသည်ကို ၀န်ခံခဲ့ပြီး ရန်ကုန်၌ တစ်သန်းကျော်သာ ရရှိခြင်းမှာ ကျေနပ်ဖွယ်ရာမဟုတ်ဟု ပြောသည်။

ဦးတင်ဦးကမူ ပုဒ်မ၄၃၆ ပြင်ဆင်ရေး နှင့်အပြိုင် လာမည့်ရွေးကောက်ပွဲများ၌ ပီအာရ်စနစ် ပြောင်းသုံးရန် စီစဉ်လာခြင်းသည် အချိန်ကိုက်နှောင့်ယှက်ခြင်းသာဟု သုံးသပ်ခဲ့သည်။

“၀င်ပြီးနှောက်နေတဲ့ သဘောတွေ အများကြီးပါတယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် လအတွင်း ရွေးကောက် တင်မြှောက်ပုံစနစ် ပြောင်းလဲကျင့်သုံးရေး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းကို ဦးတင်ဦးက ရည်ညွှန်းခြင်းဖြစ်သည်။ လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ် တစ်ခုတွင် မဲအများဆုံးရသူ အနိုင်ရစနစ်မှ ပီအာရ် (ရရှိမဲရာခိုင်နှုန်းအလိုက် အချိုးကျ ကိုယ်စားပြုခွင့်) စနစ်ကို ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ ပြင်ဆင်နေပြီ ဖြစ်သည်။

လက်တွေ့တွင်လည်း(NLD)နှင့် ၈၈ တို့ လုပ်ဆောင်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်များကို တိုက်ဆိုင်စိစစ်မှု အပိုင်းတွင် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသည်ဟု နှစ်ဖက်တာဝန်ရှိသူအချို့က  ၀န်ခံထားသည်။ ထို့ပြင် တစ်ဦးတည်းက နေရာများစွာတွင် လက်မှတ်ရေးထိုးခြင်းကို မည်သို့ စိစစ်မည်ဆိုသည့် နှစ်ဖက်သဘောတူထားသည့် နည်းလမ်းကိုလည်း ချမပြနိုင်သေးပေ။
 

.. www.MyanmarExpress.net
 

NLD ပါတီ၏ လက်မှတ် ၃.၃ သန်းမှာ လိမ်ညာထားခြင်းသာ ဖြစ် ဟု ဆို

From : ..ပြည်သူ့အာဏာ

ဇွန်လ ၃၀ ရက်နေ့တွင် NLD ပါတီက ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ ထောက်ခံ မဲ လက်မှတ် ၃.၃ သန်းမှာ မဖြစ်နိုင်ဘဲ လိမ်ညာထားခြင်းများ ပါဝင်နေဖွယ်ရာရှိကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောသည်။

“NLD ပါတီဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံတဲ့ လူထုလက်မှတ်တွေ ကောက်ခံခဲ့တဲ့နေရာမှာ သူ့တစ်ပါတီတည်း လုပ်ရ ကိုင်ရတာ အခက်အခဲ ဖြစ်လို့ အကူအညီ တောင်းခံတဲ့အတွက် ကျွန်တော်တို့ ကူညီ ဆောင်ရွက်ပေးတယ်။ လူထုဟောပြောပွဲတွေ လုပ်တယ်။ အဲဒီ လူထု ဟောပြောပွဲတွေမှာ ရေးသားထားတဲ့ စာသားတွေကို ကြည့်လိုက်ပါ။ NLD ပါတီတစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေလည်း ပါတယ်။ အတူတွဲပြီး လုပ်တာ။ အခု ကြေညာချက် ထုတ်တော့ NLD ပါတီ တစ်ခုတည်းကပဲ လုပ်သလိုမျိုး ကြေညာထားသေးတယ်။ ထောက်ခံမဲပေးတဲ့ လူစာရင်းတွေကို ကွန်ပျူတာမှာ ဇယားနဲ့ သွင်းပြီး ဒေတာဘေ့စ်လုပ်တယ်။ ဒီနေရာမှာ နာမည်တူတွေ၊ နာမည်မပါတဲ့သူတွေ၊ အချက်အလက် မပြည့်စုံတာတွေ အဖြစ် မခံနိုင်လို့ ကျွန်တော်တို့က စနစ်တကျ လုပ်တယ်။ အခု ကြေညာတဲ့ ဒေတာက ဘယ်က အထောက်အထားနဲ့ လုပ်ထားတာလဲ။ ဒါ ကျွန်တော်တို့ သိချင်တယ်။ ကျွန်တော်တို့ဆီမှာ စာရင်းဇယားတွေ အတိအကျ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်သူကို ညာတဲ့ ကြံ့ဖွံ့ပါတီလိုမျိုး ဟုတ်ဟုတ် မဟုတ်ဟုတ် လက်မှတ်ပါ ပြီးရော မလုပ်နိုင်ဘူး။ သူတို့ လိုချင်တာက ၃၃ သိန်း၊ ၃၃ ရက်နဲ့ စားလိုက်တော့ တစ်ရက်ကို လူတစ်သိန်း ထိုးတယ်ပေါ့။ တစ်ရက် တစ်သိန်း ဘယ်မှာ ရှိသလဲ ပြော။ ဒါကို ပြောတော့ ကျွန်တော်တို့ကို လူရာမသွင်းဘူး။ လူထုကို လိမ်ညာတာ ဒီမိုကရေစီသမားတွေ အလုပ်မဟုတ်ဘူး” ဟု မန္တလေးတိုင်းဒေသကြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဤကဲ့သို့ မဟုတ်မှန်သည့် စာရင်းများကိန်းဂဏန်းများကို တိုင်းသိပြည်သိ ထုတ်ပြန် ကြေညာရဲသည့် သတ္တိကို ချီးကျူးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အကျိုး အတွက် ဖုံးဖိလိမ်ညာပေးနေသည်ကိုလည်း သနားမိကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် ပြည်သူလူထုကို မလိမ်ညာရဲကြောင်း ၄င်းက ပြောသည်။

“စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး ကြံ့ဖွံ့ပါတီ လုပ်ခဲ့တဲ့ ပုံစံမျိုး၊ လွှတ်တော်ကို တင်ပြခဲ့တဲ့ ဦးအောင်သိန်းလင်း လုပ်ရပ်မျိုး ကျွန်တော်တို့ကတော့ လက်မခံနိုင်ဘူး။ ဒီကိန်းဂဏန်း တိကျမှန်ကန်တယ် ဆိုတာ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရအောင် လူစာရင်းကို တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါ။ ပွင့်လင်းမြင်သာမှု ရှိရှိပေါ့။ ပြည်ပရောက် NLD ထောက်ခံသူတွေ၊ ပြည်တွင်းက ပါတီဝင်တွေ ပူးပေါင်းပြီး မရှိတဲ့လူနာမည်တွေ၊ သတ်မှတ်ချက်နဲ့ မပြည့်မီတဲ့သူတွေ အများကြီး ထည့်ထားတယ် ဆိုတာ ကျွန်တော်တို့ အတိအကျ သတင်းကြားရပါတယ်။ လူထုကို လက်တစ်လုံးခြား မညာပါနဲ့ လို့ ကျွန်တော်တို့ ပြောချင်တယ်။ NLD ပါတီရဲ့ လူစာရင်း မှန်တယ်ဆိုရင် အကုန်လုံး ထုတ်ပြန်ကြေညာလိုက်ပါ။ ကျွန်တော်တို့ လက်တွေ့ မြေပြင်မှာ တိုက်ဆိုင်ပြီး စစ်ဆေးပြမယ်” ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုသည်။

“ကြေညာချက်ထဲမှာ ပါတာက ၅လပိုင်း ၂၇ ရက်ကနေ ၆ လပိုင်း ၁၉ ရက်နေ့ အထိ ဆိုတော့ တွက်ကြည့်ဗျာ။ ရက်ပေါင်း ၂၀ ပေါ့။ ရက်ပေါင်း ၂၀ အတွင်းမှာ လူပေါင်း ၃၃ သိန်း ဆိုတော့ စဉ်းစားကြည့်လေ။ တစ်ရက်ကို ပျှမ်းမျှ လူပေါင်း တစ်သိန်းခြောက်သောင်း ထိုးမှ ဒီကိန်းဂဏန်းကို ရမယ်။ တစ်သိန်းခွဲပဲ ထားပါတော့။ တစ်ရက်ကို လူတစ်သိန်းခွဲ လက်မှတ်ထိုးတာ ဖြစ်နိုင်ပါသလား။ ဘယ်မြို့ ဘယ်နေရာမှာ တစ်သိန်းခွဲအထိ ရှိခဲ့သလဲ မှတ်တမ်းမှတ်ရာတွေ ပြပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားပြီး စည်းရုံးခဲ့တဲ့ နေပြည်တော်၊ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ရန်ကုန်၊ မန္တလေး၊ မအူပင် နဲ့ တောင်ငူမြို့တွေမှာ အများဆုံး သောင်းဂဏန်းပဲ တက်ခဲ့တယ်။ နေပြည်တော်နားက မြို့တွေဆိုရင် ထောင်ဂဏန်းလောက်ပဲ ရှိတယ်။ ဒါ လုံးဝ မဖြစ်နိုင်ဘူး လို့ ကျွန်တော် ပြောချင်တယ်။ NLD တာဝန်ရှိသူတွေကို ပြောချင်တာက မှန်တယ်၊ မညာဘူး ဆိုရင် လူစာရင်းကို ပြည်သူ သိအောင် အွန်လိုင်းမှာ တင်လိုက်ပါ။ ပွင့်လင်းမြင်သာမှု ရှိရှိ ပေါ့။ မှန်တယ် ဆို ဘာမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး” ဟု မြန်မာ အမျိုးသားကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“NLD ပါတီက ဦးအောင်သိန်းလင်းကို အပြစ်ပြောခဲ့တယ်။ အခု သူတို့ အဲဒီအတိုင်း လိုက်လုပ်နေပြီ။ ရက် ၂၀ ကိုလည်း ၃၀ လုပ်ထားတယ်။ လက်တွေ့မှာ မဖြစ်နိုင်တဲ့ ကိန်းဂဏန်းတွေ ပြထားတယ်။ လူများ ပြီးရော ဆိုတဲ့ ပုံစံမျိုး ရောကြိတ်ထားတာ တွေ့ရတယ်။ ပြည်သူကို မညာပါနဲ့။ ဒီလိုကိစ္စမျိုးမှာ လူထုကို ညာတဲ့ နိုင်ငံရေးပါတီဟာ ပါတီအကျိုးအတွက် လုပ်ချင်တာ လုပ်မယ် ဆိုတာ စဉ်းစားကြည့်လို့ရတယ်။ သတ္တိရှိရှိ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုပါတယ်။ ရှက်တတ်ရင်ပေါ့ဗျာ။ မရှက်တတ်ဘူး ဆိုရင်တော့လည်း ကိစ္စ မရှိပါဘူး။ NLD ပါတီကသာ မြို့အလိုက် စာရင်းပေးမယ် ဆိုရင် ကျွန်တော်တို့ အမျိုးသားရေးအဖွဲ့တွေ မြို့တိုင်းမှာ ရှိတယ်။ မြေပြင်မှာ ဆင်းပြီး တိုက်ဆိုင်စစ်ဆေးလိုက်ရင် NLD ပါတီ ညာသလား၊ အမှန်လား သိရမှာပါ” ဟု ၄င်းက ပြောသည်။

NLD ပါတီ၏ ကြေညာချက်တွင် ရက်ပေါင်း ၃၀ ဟု ဖော်ပြထားသော်လည်း အမှန်တစ်ကယ်တွင် ရက်ပေါင်း ၂၀ သာ ရှိနေပြီး တစ်ရက်လျှင် ပျှမ်းမျှ လူပေါင်း တစ်သိန်းခြောက်သောင်း လက်မှတ်ထိုးသည် ဟူသော အချက်ကို အတော်များများက သံသယ ဖြစ်နေကြကြောင်း၊ NLD ပါတီမှ လူစာရင်းနှင့် အချက်အလက်များ ထုတ်ပြန်ပေးရန် လိုလားလျက် ရှိနေကြောင်း သတင်းရရှိသည်။

.. www.MyanmarExpress.net
 

သံသယဖြစ်ဖွယ် လက်မှတ် ၃၃ သိန်း



အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပြီးသူ သုံးသန်းနှင့်သုံးသိန်းရှိကြောင်း ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် NLD မှ ထုတ်ပြန်ကြေညာခဲ့ရာ လူထုကြားတွင် ဝေဖန်မှုများ ပြင်းထန်လာခဲ့သည်။ NLD ဗဟိုမှ ကြေညာချက်အရ ရက်ပေါင်း ၃၃ ရက်အတွင်း လက်မှတ်ပေါင်း ၃၃ သိန်း၊ တစ်ရက်လျှင် ပျမ်းမျှ လက်မှတ် တစ်သိန်း ရရှိနေသည် ဆိုခြင်းမှာ လူထုမှ ယုံကြည်ရန် ခက်ခဲနေကြရသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဟောပြောသည့် မြို့များတွင်ပင် တစ်ရက်တည်း လက်မှတ် ၁ သိန်းမရရှိခဲ့ပေ။ သို့ဖြစ်၍ NLD ၏ ကြေညာချက်မှာ မဟုတ်မမှန် လုပ်ကြံထားခြင်း သိသာနေသည်။

ရက်ပေါင်း ၃၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်၊ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ရန်ကုန်၊ မန္တလေး၊ မအူပင် နှင့် တောင်ငူမြို့များတွင်သာ သွားရောက်ဟောပြောခဲ့ရာ အချို့မြို့များတွင် တက်ရောက်သူ ထောင်ဂဏန်းသာရှိပြီး အချို့မြို့များတွင် ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ ရသည်။ ဒေါ်အောင်ဆန်း စုကြည်မပါပဲ ၈၈ ဦးဆောင်သည့် ဆွေးနွေးပွဲများတွင်လည်း တက်ရောက်သူ နှစ်ထောင်ထက် မပိုခဲ့။  ပရိတ်သက်များခဲ့သည့် မန္တလေးတွင်လည်း ၁၈ နှစ်အောက် ကလေးများ ဖြစ်နေသဖြင့် လက်မှတ်မထိုးပဲ စာရေးကြဖို့ 
ဒေါ်အောင်ဆန်းစုကြည်မှ ပြောခဲ့ရသေးသည်။ ဤအခြေအနေမျိုးတွင် တစ်ရက်လျှင် လက်မှတ် တစ်သိန်းရရှိသည်ဟု NLD ကြေညာခြင်းမှာ ဟာသဟု ပြောရမလို၊ ပြောင်လိမ်သည်ဟု မှတ်ချက်ပေးရမလို ဖြစ်နေသည်။

လူ တစ်သိန်းမပြောနှင့် လူ အယောက် ၁၀၀၀ လောက် တန်းစီပြီး လက်မှတ်ထိုးနေသည့်ဓာတ်ပုံ တစ်ပုံပင်လျှင် မြောက်များလှသော NLD အားပေး စာမျက်နှာများတွင် မတွေ့ရဖူးပေ။ ရွာလုံးကျွတ် လက်မှတ်ထိုးကြောင်း အထောက်အထားပြနိုင်သည့် မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်ပင်လျှင် ၂ နှစ်အတွင်း လက်မှတ် ၆ သန်းကျော်သာ ရရှိခဲ့ရာ NLD ၏ကြေငြာချက်မှာ လုပ်ကြံ သတင်းဖြန့်သလိုဖြစ်နေသည်။ 


ဒါ့အပြင် ၃၃ ရက်အတွင်း ရရှိပြီး လက်မှတ်များတွင်လည်း အရှုပ်အရှင်း ပြဿနာအချို့ရှိနေသည်။ နေပြည်တော် ကျည်တောင်ကန်တွင် လက်မှတ် လိမ်လည်ကောက်ခံသဖြင့် တိုင်ကြားခံထားရသည်။ မန္တလေးတွင်လည်း ဆရာတော်များကို ဆွမ်းလောင်းရန်ဖိတ်ပြီး လက်မှတ်ထိုးခိုင်းသည်ဟု ဆိုသည်။ NLD ရုံးအချို့တွင် နိုင်ငံခြားတွင် အိမ်ဖော်မလုပ်ရဖို့ ၄၃၆ လက်မှတ်ထိုးခိုင်းသည့် ဆိုင်းဘုတ်များချိတ်ဆွဲကာ ပြည်သူကို ထင်ယောင်ထင်မှားဖြစ်ပြီး လက်မှတ် များများ ရအောင် ကောက်ခံနေသည်။ ဂန့်ဂေါခရိုင် ကျောက်စစ်ကျေးရွာတွင် (၄၃၆) ပြင်ဆင်ရေး လက်မှတ်မထိုးသူအား ကျေးရွာသာရေး နာရေး လူမှုရေးမှ ကျင်ပစ်မည်ဖြစ်ကြောင်း၊ NLDပါတီ ခေါင်းဆောင် ဦးစစ်ဝင်းမှ ခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းကြောင်း တိုင်ကြားခံထားရသည်။ မန္တလေးတွင် ရဲတပ်သား တစ်ဦးမှ သူ့နာမည်၊ ကွယ်လွန်သွားသည့် သူ့အဖေနာမည်၏  မှတ်ပုံတင် နံပတ်ကိုသုံးကာ လက်မှတ်အတုထိုးသွားကြောင်း သိရသဖြင့် ပြန်လည်စစ်ဆေးခွင့် တောင်းရာ NLD မှ စစ်ဆေးခွင့်မပေးခဲ့ပေ။ သို့ဖြစ်၍ NLD ပြောသည့်လက်မှတ် ၃ သိန်းတွင် သေဆုံးသူများ၊ ၁၈ နှစ်အောက်ကလေးများ၊ လက်မှတ် ၂ ကြိမ် ၃ ကြိမ် ထိုးသူများ နှင့် အမှန်တကယ် လက်မှတ်မထိုးသူများ ပါ/မပါ ကို NLD မှ လုံးဝ ချပြရဲခြင်းမရှိပေ။ 


မည်သို့ပင် ဖြစ်စေ ဇူလိုင် ၁၉ ရက် မတိုင်ခင် လက်မှတ် ၁၆ သန်း မရရအောင် ကောက်ရ မည်ဟု ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်မှ ညွန်ကြားထားသဖြင့် NLD ပါတီဝင်များ လော် စပီကာများဖြင့် ပြည်သူများကို အတင်းအကြပ် လိုက်အော်သူအော်၊ လမ်းပေါ်တွင် ယဉ်မောင်းများကို ကားအတွင်းအထိ လက်မှတ် ကောက်သူ ကောက်နှင့် ပါတီဝင်တွေလည်း အကြပ်ရိုက်၊ ပြည်သူတွေလည်း အနှောက်ယှက် ဖြစ်နေကြရသည်။ သို့သော် ဇူလိုင် ၁၉ ရောက်လျှင်တော့ ၁၆ သန်းရသည်ဟု NLD က မဖြစ်မနေ ကြေညာမည်မှာ ကျိန်းသေဖြစ်သည်။ 


၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုတွင် အခြေခံဥပဒေ ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖတ်ရှုထားသည့် လွှတ်တော် အမတ်များပင်လျှင် လက်မှတ်ထိုးခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှလည်း ပုဒ်မ ၄၃၆ ကို ပြည်သူများ မသိကြသေးကြောင်းနဲ့ ပြည်သူ ၉၀% ကျော်က အခြေခံဥပဒေ မဖတ်ဖူးသူများ ဖြစ်ကြောင်း မအူပင်တွင် ပြောဆိုခဲ့ရာ ယခု NLD ရရှိထားသည့် လက်မှတ်များမှာ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို အမှန်တကယ် နားလည်ပြီး တိုင်းပြည်အတွက် ရှေးရှုကာ ပြင်ဆင်လိုသည့် လက်မှတ်များ ဟုတ်/မဟုတ် ဆိုသည်မှာ သံသယ ဝင်စရာဖြစ်သည်။ အသေအချာမသိသူများ၏ လက်မှတ်များ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး အသုံးချကာ မိမိပါတီ အာဏာရရေး၊ မိမိသမ္မတဖြစ်ရေး အသုံးချမည့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်မှာ လွန်စွာ ရှက်စရာကောင်းလှသဖြင့် လူထုယုံကြည်မှု မကျဆင်းစေရန် သတိပြုသင့်ပေသည်။ 
 

.. www.MyanmarExpress.net
 

မန္တလေးတွင် စည်းကမ်းမဲ့စွာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ယူမှုကြောင့် အင်အယ်ဒီ ပါတီဝင်တွေကို ခေါ်ယူသတိပေး

From : .. https://www.facebook.com/MyanmarHeadlineNews

မန္တလေးတိုင်းဒေသကြီး တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်များကောက်ယူရာ၌ သတ် မှတ်ဥပဒေများနှင့်ငြိစွန်းနေသည် ဟုဆိုကာ တိုင်းဒေသကြီးအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းများအား အစိုးရအဖွဲ့တာဝန်ရှိသူများက သတိပေးစကား ပြောကြားခဲ့ ကြောင်းသတင်းရရှိသည်။

ပါတီရုံးခန်း ဖွင့်ပြီးမှသာ လက်မှတ်ထိုးကောက်ခံရန်၊ မိမိ ဆန္ဒဖြင့်သာ လက်မှတ်ရေးထိုးစေ ရန်၊ နေအိမ်များအထိ လိုက်လံ ကောက်ယူမှုများမပြုလုပ်ရန်အစ ရှိသည့်အချက်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အင်န်အယ်လ်ဒီ(ဗဟို)က ထုတ်ပြန်ထားသည်။ သို့သော်မန္တလေးတိုင်းဒေသကြီးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန်လက် မှတ်ကောက်ခံရာ၌ ယင်းညွှန် ကြားချက်များကို လိုက်နာမှုမရှိသည့်အပြင် စည်ပင်သာယာဥပဒေ၊ လမ်းမကြီးများနှင့်ဆိုင် သောအက်ဥပဒေ၊ ကျေးရွာအုပ် ချုပ်ရေးမှူးအက်၊ အသံချဲ့စက်အက် အစရှိသည့် ဥပဒေများနှင့်ငြိစွန်းနေသည့်အတွက် နောင် တွင် ယင်းကဲ့သို့မဖြစ်စေရန် ဇွန်လ ၂၈ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ခေါ်ယူသတိ ပေးခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ မန္တလေးတိုင်းဒေသကြီး အင်န် အယ်လ်ဒီပါတီ ဒုတိယဥက္ကဋ္ဌဒေါ်ဝင်းမြမြကပြောသည်။

‘‘ဥပဒေကို တန်းစီပြီးရွတ်ပြ ခဲ့တာပဲ။ အဲဒီဥပဒေတွေကိုချိုး ဖောက်နေတယ်ဆိုတာ ကိုယ့် ကိုယ်ကိုယ်မသိရင်လည်း အခုသိ သွားနိုင်ဖို့၊ ပြီးရင်ဆင်ခြင်ဖို့၊ ထပ် လုပ်ရင်အရေးယူမယ်ပြောတယ်။ သတိပေးစကားပြောတယ်ဆိုပြီး ခေါ်ပြောတာပါပဲ’’ဟု ဒေါ်ဝင်းမြမြ ကပြောသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင် ရေးနှင့်ပတ်သက်ပြီး ပြည်သူလက်မှတ်ရေးထိုးသည့်အစီအစဉ် မှာ အောင်မြင်နေသည့်အတွက် အစိုးရတာဝန်ရှိသူများဘက်မှ စိုး ရိမ်ကာ ယခုကဲ့သို့လိုက်လံဟန့် တားနေခြင်းဖြစ်သည်ဟု ယူဆ ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှ မြို့နယ်တစ်မြို့နယ်စီတွင်ရှိနေ သည့် ဆန္ဒမဲပေးနိုင်သူစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အကြား လက်မှတ်ရေးထိုးထား ကြကြောင်း တိုင်းဒေသကြီး အင်န်အယ်လ်ဒီပါတီ အတွင်း ရေးမှူးဦးတင်ကိုကိုကပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့တက် ရောက်ခဲ့သည့် တိုင်းဒေသကြီး အင်န်အယ်လ်ဒီပါတီနှင့် ၈၈ ပွင့် လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိ သူငါးဦးစီကို အစိုးရအဖွဲ့မှ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက နံနက် ၉ နာရီမှ ၁၀ နာရီခန့်အထိ တွေ့ဆုံခဲ့ပြီး သတိပေးခဲ့ခြင်းဖြစ် သည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့ သူအချို့ထံမှ သတင်းရရှိသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ၈၈ ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ပူးပေါင်းကာ ယခု နှစ်မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ မြန်မာတစ်နိုင်ငံလုံး တွင် စည်းကမ်းမဲ့စွာ လက်မှတ်ထိုးအခမ်းအနား များပြုလုပ်နေကြခြင်းဖြစ်သည်။
 

.. www.MyanmarExpress.net
 

နေပြည်တော်တွင် ပုဒ်မ၄၃၆ ပြင်ဆင်ရေးအတွက်လက်မှတ်များ လိမ်လည်ကောက် ယူမှုဖြစ်ပွား




သို့
မိဘပြည်သူများခင်ဗျား

ကျွန်တော်ဟာ နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ်နေထိုင်သူ တစ်ဦးဖြစ်ပါတယ် ခင်ဗျား ။ ကျွန်တော့်မရီး ဖြစ်သူဟာ ကျည်တောင်ကန်ရပ်ကွက်က ငါးရက် တစ်ပါတ်ဈေးထဲမှာ ဈေးရောင်းပါတယ်။ ပြီးခဲ့တဲ့ ၂၀ ရက်နေ့က NLD ပါတီက ဦးမျိုးသိန်းတို့အဖွဲ့ဟာ ငါးရက်တစ်ပတ်ဈေး ထဲကိုရောက်ရှိလာပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်လို့ဆိုပြီး လက်မှတ် တွေလိုက်ထိုးခိုင်းပါတယ် ။ အရင်တုန်းကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ထိုးရမယ့်နေရာကို ကျည်တောင်ကန် (၂) ရပ်ကွက်ထဲက NLD ရုံးရှေ့ မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ် ။

ဈေးထဲမှာ လက်မှတ်လိုက်ထိုးခိုင်းတဲ့နေ့ ၂၀ ရက်နေ့ မနက် ၉ နာရီလောက် ကျမှ ဈေးလမ်းဆုံက “ထာဝရ ကွန်ပျုတာ” ဆိုင်ထဲကိုပြောင်းပြီး လာဖွင့်ပါ
တယ် ။ အစပိုင်းမှာတော့ စစ်အစိုးရအာဏာပြန်ယူမယ့် ပုဒ်မ ၄၃၆ ကိုပြင်မှ ရမယ် လို့ ပြောပြီး ကွန်ပျူတာဆိုင်နားက တခြားဆိုင်တွေနဲ့ ပတ်ဝန်းကျင် ကလူတွေဆီမှာ စာရွှက်တွေ အတင်းထိုးပေးပြီး လက်မှတ်ထိုးခိုင်းပါတယ် ။

လက်မှတ်မထိုးတဲ့လူက နိုင်ငံသစ္စာဖောက်တွေ၊ ကြံ့ဖွတ်ရဲ့ စွမ်းအားရှင်တွေ လို့လည်း ဦးမျိုးသိန်းနဲ့ပါလာတဲ့ သူတွေက တိုးတိုးတမျိုး ကျယ်ကျယ် တမျိုး ပြောကြပါတယ် ။ နောက်ပြီးတော့ ၁၀ နာရီခန့်မှာ ဦးမျိုးသိန်းနဲ့အဖွဲ့ ဟာ ဈေးထဲကိုသွားပြီး လက်မှတ်တွေထိုးခိုင်းပါတယ် ။ အဲဒီလိုထိုးခိုင်းတဲ့ အချိန်မှာ ဒီငါးရက်တစ်ပတ် ဈေးကို အမြဲတမ်းဈေးဖြစ်အောင်လုပ်ပေးမယ် ၊လက်မှတ်တွေကိုစုပြီး လွှတ်တော်ကိုတင်ပြပေးမယ် ။အဲဒီလိုမှ မဟုတ်ရင် ဒီဈေးက ဖျက်ဆီးခံရမယ့်အထဲပါမယ် လို့ပြောပြီး ထိုးခိုင်းပါတယ်။

ဈေးသူ/ဈေးသားတွေကလည်း ဈေးနေရာကို ဖျက်တော့မှာလို့ ထင်ကုန်ကြပြီး လက်မှတ် တွေထိုးပေးလိုက်ကြပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ဦးမျိုးသိန်း တို့ပြန်သွားတော့ ဈေးထဲမှာ ထင်ကြေးအမျိုးမျိုးနဲုံ့းအုံးကျွတ်ကျွတ်
ဖြစ် ကုန်ပါတယ် ။

ကျွန်တော်လည်း အစ်မကို သွားကြိုတော့ အစ်မက မျက်နှာသုန်သုန်မှုန်မှုန် နဲ့ ဖြစ်ကြောင်းအကုန်အစင် ပြောပြပါတယ် ။ကျွန်တော်က မဟုတ် ကြောင်း ပုဒ်မ ၄၃၆ ဆိုတဲ့ဟာကို ပြင်ဖို့အတွက် လိုက်လံကောက်နေတာဖြစ်ကြောင်းနဲ့ ဦးချစ်ဦးဆိုင် (ထာဝရ ကွန်ပျူတာဆိုင်) မှာ သွားကြည့်ကြစေလိုကြောင်း ၊ အားလုံး အညာခံလိုက်ရပြီဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။အဲလို အမှန်ကိုပြောပြ လိုက်ချိန်မှာ ဈေးကလူတွေဟာ သူတို့လိမ်ညာခံရပြီး ထိုးပေးလိုက်ရတဲ့ လက်မှတ်တစ်ခုကြောင့် သူတို့ရဲ့ စားဝတ်နေရေးဖြေရှင်းရာ ဒီဈေးကြီးတစ်ခုခု
ဖြစ် မှာ လည်း ကြောက်လန့်နေကြပါတယ် ။

ဥတ္တရသီရိမှာ လုပ်တဲ့ NLD နဲ့ ၈၈ တွေရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကို သွားရောက် နားထောင်ဖူး ပါတယ်။ အဲဒီတုန်းက ဒေါ်စုက ပြည်သူတွေဆန္ဒအရ လက်မှတ်ထိုးပေးပါလို့ပြောခဲ့ပေမယ့် အခုတော့ NLD ပါတီဝင် တွေက အခုလို လက်မှတ်တွေကို လိမ်လည်လှည့်ဖျားပြီး ကောက်ခံသွားတာဟာ ပြည်သူ လူထုကို လိမ်ညာတာ ဖြစ်သလို သူတို့ပြောသလို ပြည်သူ့သစ္စာဖောက်ဆိုတာ သူတို့ကိုယ်တိုင်ဖြစ်ကြောင်း သက်သေပြနေတယ်လို့ မြင်ပါတယ် ခင်ဗျာ ။

လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ လူထုကို သူတို့ရဲ့ နိုင်ငံရေး ကစားကွက်ထဲ ထည်ကစားဖို့ လိမ်လည်အသုံးချခံ လိုက်ရတာဖြစ်ပြီး ဈေးဖျက် သိမ်းတော့မယ် ဆိုတဲ့ ကောလဟလတွေ ဖြန့်ပြီး အုံကြွမှုဖြစ်အောင် လုပ်ပေးခဲ့တာဟာ ဘယ်လိုရည်ရွှယ်ချက်နဲ့လုပ်တာလဲ လို့မေးချင်ပါတယ် ။

အခုလို ဖြစ်သွားတဲ့ကိစ္စရပ်မှာ ဘယ်သူမှာ တာဝန်ရှိပါသလဲ ။ ဒါမှမဟုတ် ဒေါ်စုကိုယ်တိုင်လာရောက်ခဲ့တဲ့နယ်မြေမှာ ဒီလိုလုပ်တာ ဟာ ဒေါ်စုကိုယ်တိုင်ရဲ့ ညွှန်ကြားချက် လည်း ဖြစ်နိုင်သလို ပုဗ္ဗသီရိ အမတ် ဦးဖြိုးဇေယျာသော် ကိုယ်တိုင် စေခိုင်းမှုလည်းဖြစ်နိုင်တယ်လို့ သံသယဝင်ပါတယ်။

ဘာလို့လည်းဆိုတော့ ဦးဖြိုးဇေယျာသော်ဟာ အခုထိ ရွှေးချယ်ခံသွားတဲ့ ဒီနယ်မြေအတွက် လာရောက်ကြည့်ရှူခြင်း မရှိသလို ဘာမှလည်း လုပ်မပေးသေး တာလည်း ရှိပါတယ်။ကျွန်တော်တို့လည်း ဒေါ်စုမျက်နှာနဲ့ မဲပေးခဲ့တာပါ ။ NLD ကို နေပြည်တော်မှာ အောင်မြင်ဖို့ အနစ်နာခံခဲ့ရ တဲ့ ပုဗ္ဗသီရိ က လူတွေရဲ့ ယုံကြည်မှု အားကိုးမှု ကို အခုတော့ NLD က သူတို့ရဲ့ ၄၃၆ ဆိုတာကြီး ပြင်ဖို့အတွက်ရက်ရက်စက်စက် ချနင်းပစ်လိုက်ပါပြီ ။

ဒီလိုဖြစ်ရပ်မျိုးတွေကို အစက အင်တာနက်မှာ ဖတ်ရတော့ မယုံခဲ့ပါဘူး။ မနာလိုသူတွေ တမင်ပြောတာလို့ ထင်ခဲ့ပါတယ် ။ အခုတော့ ယုံသွားပါပြီ။ ကျွန်တော်တို့ ခံစားနေရပါပြီ ။ ဒေါ်စုတစ်ယောက်လည်း သမ္မတ ဖြစ်ချင်တဲ့ စိတ်ကများသွားပြီး အတ္တတွေ သိပ်ဆန် သွားပြီ လို့ထင်လိုက်ပါပြီ ။ ကျွန်တော်တို့ အခုချိန်ကစပြီး NLD ကိုရော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုပါ အယုံအကြည် မရှိတော့ကြောင်းနဲ့ မြန်မာနိုင်ငံ အရပ်ရပ်က ပြည်သူပြည်သားတွေပါ အခုလို အလိမ်အလည်မခံကြစေဖို့ သတိထား ကြစေလိုကြောင်း အသိပေးပါရစေ ။

ကျည်တောင်ကန်သားတစ်ဦး


.. www.MyanmarExpress.net
 

၄၃၆ ပြင်လိုသူ ၁% သာရှိ



ကျွန်တော်လား.... စိတ်မ၀င်စားဘူးဗျာ..... စိတ်မ၀င်စားကြောင်းကိုတော့ စိတ်မ၀င်စားကြောင်းပြောလို့ ရတယ်မဟုတ်လား

ဒီလိုဗျာ...........

အခုလပိုင်းတွေမှာ (၄၃၆) ဆိုတာ အရမ်းကိုခေတ် စားတယ်... ပြင်ရမယ်လို့ ယုံကြည်တဲ့သူတွေကလည်း ပြင်ဆင်နိုင်ဖို့ တတပ်တအား (ကိုယ်တိုင်ကိုယ်ကျ) ပါဝင်ကြတယ်။ ပြင်ဆင်ခြင်းကို ကန့်ကွက်တဲ့သူတွေကလည်း သူ့အင်အားနဲ့ သူပေါ့လေ....

ပြောစရာဖြစ်လာတာက ကျွန်တော်တို့လို လူတန်းစားတွေပဲ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ အေးအေးဆေးဆေးနေတယ် ဗျာ... ပြင်ခြင်းမပြင်ခြင်းဆိုတာကို စိတ်မ၀င်စားလို့ ကျွန်တော် တို့ လက်မှတ်လည်းမထိုးသလို ကန့်ကွက်ခြင်းလည်းမရှိဘူး။

ပြင်ဆင်ချင်တယ်ဆိုတဲ့ လူတွေကိုမေးချင်တာကတော့ ဘာကြောင့်ပြင်ဆင်ချင်တာလဲ။ တမတ်သားနဲ့ချုပ်ထားတာကို ဖြည်ချင်လို့ပြင်ဆင်ချင်တယ်လို့ ပြောကြမှာပဲ။ အဲဒီအထိရှင်းတယ်ဗျာ.... သုံးမတ်သားသဘောတူမှ ဆိုတာကြီးကို မကြိုက်လို့ဖြုတ်ချင်တယ် ပြင်ချင်တယ်ဆိုတာ ရှင်းတယ်ဗျာ...။ ဆက်မေးချင်တာက အခြေခံဥပဒေက ဘယ်အချက်တွေကို ပြင်ဆင်ချင်လို့ (၄၃၆) ကိုအရင်ပြင်ဆင်နိုင်ဖို့ ကြိုးစားရသလဲဆိုတာ ကျွန်တော်တို့လို သာမန်ပြည်သူ ငပိန်းတွေသိအောင် ပြောပြကြစေချင်ပါတယ်။ အခုထိ ဘယ်အချက်တွေကို ဘယ်လိုပြင်ဆင်မယ်။ အဲဒီလိုပြင်ဆင်လိုက်ရင် လွှတ်တော်မှာ (အထူးသဖြင့်) စစ်တပ်နေရာယူ ထားမှုကိုလျှော့ချနိုင်မယ်။ ပြည်သူတွေအတွက် အခွင့်အလမ်း အကျိုးစီးပွားတွေ ဘယ်လို တိုးတက်လာနိုင်တယ်။ ခရိုနီတွေနဲ့ ဒင်းတို့နဲ့ပေါင်းပြီးဝင်လာမယ့် ပြည်ပ Companies တွေ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုချုပ်ကိုင်ထားနိုင်မယ်။ စသည်စသည်ဖြင့်ပေါ့ဗျာ.... ဒါပေမယ့် အဲဒီအကြောင်းတွေ ဘယ်သူမှ ပြောသံမကြားဘူး။ (၄၃၆) ပြင်ပါဆိုပဲကြားနေရ မြင်နေရတယ်။

ပန်းရဲ့လမ်း အဖွဲ့နည်း ဒေါ်စု လွှတ်တော်မှာတွေ့တော့ ၄၃၆ ကို အရင်ပြင်ဆင်ဖို့ကြိုးစားလိုက်ဦး။ အဲဒါအောင်မြင်မှ ကျန်တာတွေဆက်ပြောပြမယ်လို့ပြောတယ်။ အဲလို ဆိုရင်တော့ ဘာပဲလို့ပြောရမယ်။ (ကြုံခဲ့ဘူးတဲ့ ဆြာကြီးတယောက်လည်း အဲဒလိုမိန့်ကြားသွားလို့ပါ) ဘာကြောင့်လဲဆိုတော့ ဘာမှန်းမသိပဲနဲ့ လက်မှတ်တွေထိုး (လက်ရှိ ၄၃၆ အနေအထားအရ စစ်တပ်ရဲ့ အပိုင်းကဏ္ဍကို လုံးဝဖယ်ထုတ်လို့ မရဖြစ်နေတာကို သဘောမကျလို့ ဆိုတဲ့အချက်တစ်ခုတည်းနဲ့တော့ ကျွန်တော်လက်မှတ်မထိုးနိုင်ဘူး ဆိုတာလည်း သိစေချင်သေးတာပေါ့နော်) သဘောတွေတူ... ဟုတ်ပြီ ပြည်သူတရပ်လုံးက သဘောတူလို့ ၄၃၆ကို ပြုပြင်ပြောင်းလဲပေးလိုက်ပါပြီဗျာ။ အဲဒီမှာ ကိုယ် သမ္မတဖြစ်ချင်တာ (ကိုယ့်ပါတီ ဖြစ်ချင်တာတွေချည်း) ရွေးပြီးပြင်သွားရင် မခက်ပါလား။ အဲဒီအတွက် ကျွန်တော်တို့လို သာမန် ပြည်သူတွေအနေနဲ့ ဘာတွေကိုပြင်ဆင်မယ် ဘယ်အချက်တွေက ဘယ်လိုအားနည်းလို့ အဲဒီအချက်တွေကိုပြင်မယ် အဲဒီလိုပြင်ဆင်နိုင်ဖို့အတွက် (၄၃၆)ဟာ အဓိကအဟန့်အတားဖြစ်နေတယ် ဒါကြောင့် (၄၃၆) ကိုပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာကို ပြင်ဆင်ချင်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်များအနေနဲ့ ရှင်းပြပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့က တစိုက်မတ်မတ်ထောက်ခံလာတယ် ကိုယ်တိုင်ကိုယ်ကျ လက်မှတ်တွေထိုးတယ် လှုံ့ဆော်တယ်ဆိုတော့ ကျွန်တော်တို့ထက် အများကြီးသိ အများကြီးတတ်တယ် အများကြီး နားလည်မယ်လို့ ယူဆထားလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လို့ ကိုမင်းကိုနိုင်ဦးဆောင်လို့... ဆိုရင်တော့ နောက်ထပ် ဘောတလုံးပါပဲ။ (ထပ်ပေးစရာလည်းမရှိတော့ဘူး ကျွန်တော့်ပိုင်ဆိုင်မှုက အဲဒါ အကုန်ပဲ)

လက်ရှိ အတိုက်အခံဘက်ကို ကြည့်မယ်ဆိုရင် (ပြောနေတဲ့စကားတွေတော့ ထည့်မရေးတော့ပါဘူးဗျာ ခင်ဗျားတို့ကို (စာလာဖတ်တဲ့သူတွေ) အားနာလို့ လက်ရှိအစိုးရကို ဘယ်လိုတွယ်မယ် နှက်မယ်။ လက်ရှိအစိုးရရဲ့ အားနည်းချက်တွေ (လူတွေ အားလုံးလည်း သိပြီးသားတွေ)ကို အစဆွဲထုတ်မယ် ဖွမယ်။ ကြေငြာချက်တွေ လှိမ့်ထုတ်မယ်။ တကယ်တမ်းဆိုရင် လက်ရှိမှာ အတိုက်အခံ ပါတီကြီး တစ်ခုအဖြစ် နိုင်ငံတကာက လေးစားမှုရထားတဲ့ခေါင်းဆောင် တစ်ယောက်ကို ပိုင်ဆိုင်ထားတာ ပဲဗျာ.... ပြည်သူလူထု အဆင်ပြေစေနိုင်ဖို့ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ နိုင်ငံတကာမှာ အတိုက်အခံ ပါတီကြီးတွေ ပြည်သူ့ အကျိုးဆောင်ရွက်နေတာတွေ အများကြီးရှိပါတယ်။ အာဏာ လက်ထဲရှိမှ မဟုတ်ပါဘူး။ ပြည်သူ့အကျိုးစီးပွား အတွက်ဆောင်ရွက်ချင်တယ်ဆိုရင် ဆောင်ရွက်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့လို ငပိန်းတွေတောင် အထိုက် အလျောက်နားလည်ရင် အဲဒီလောကထဲကလူတွေ ပိုပြီးနားလည်မှာပါ။

နောက်ဆုံးတော့ ဘယ်ဘက်ကို ကြည့်လိုက်ကြည့်လိုက် ဟိုနားလေးသွားလိုက် အိညောင် အိညောင်လုပ်လိုက် ဒီနားလေးသွား နှမ်းဖြူးလိုက် ဒါတွေပဲတွေ့နေရတယ်။ နိုင်ငံရေးပါတီတို့ အစိုးရတို့ဆိုတာဟာ ပြည်သူတရပ်လုံး လူထု လူတန်းစားအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြရမှာပါ။ နေရာလေးတစ်ခု (ထွန်းအိန္ဒြဗိုလ်မဟုတ်ပါ) လူတစ်ဦးတယောက် လူတစ်စုလောက်လေးရဲ့ အရေးကိုဆောင်ရွက်ကြရမှာ မဟုတ်ပါဘူး။ တကယ်ဆိုရင် ဦးသိန်းစိန်ဟာ ပြေတီဦးမဟုတ်သလို ဒေါ်အောင်ဆန်း စုကြည်ဟာလည်း ခင်ဝင့်ဝါမဟုတ်ဘူး။ အစိုးရဟာလည်း ပြေတီဦးဖောင်ဒေးရှင်း မဟုတ်သလို၊ NLD ဆိုတာကလည်း နာရေးကူညီမှု အသင်းမဟုတ်ဘူး။ တကယ်တမ်းတွေ့နေရတာကတော့ အဲဒီလောက်ပဲတွေ့နေရတယ်....။ ဒီတော့ အဲဒီလို အခြေအနေတွေမှာ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုတိုင်း ကျွန်တော်တို့မှာ လိုက်ယောင်နေ ရလောက်အောင် မအားလပ်ပါဘူး။ ကျွန်တော်တို့ မိသားစုတွေရဲ့ စာဝတ်နေရေးဟာ ခင်ဗျားတို့ ထောက်ခံနေတဲ့ နှစ်ဘက်စလုံးရဲ့ ဆောင်ရွက်ချက်တွေ ကိုသာ စောင့်မျှော်နေရမယ် ဆိုရင် မြန်မာပြည်မှာ ငတ်သေတဲ့ မသာတွေ စာရင်းတက်လာဖို့ပဲရှိပါတယ်။ ဒါကြောင့် အဲဒီအကြောင်းတွေကို ကျွန်တော့် တနေ့ဝင်ငွေထွက်ငွေလောက် စိတ်ဝင်စားမှုမရှိဘူးဗျာ...ဒါပါပဲ။

အဲ.....မပြောဘူးဆိုပေမယ့်ပြောရဦးမယ် နာမည်ကျော်ဆြာသမားတယောက် မကြာခဏပြောတတ်တယ်ဗျ

"ခင်ဗျားတို့ စစ်ဖိနပ်အောက်ပြန်ရောက်သွားချင်လား" ဆိုတဲ့စကားလေးပေါ့ဗျာ။ ကျွန်တော်နဲ့ များဆုံခဲ့ရင် ပြောချင်ပါသေးတယ်။

"ဆြာ..ခင်ဗျား... ကျွန်တော်တို့ဟာ ဘိုးဘေးဘီဘင်လက်ထက်က လက်ရှိအချိန်အထိ မြင်းခွာအောက် စစ်ဖိနပ်အောက် ရောက်ခဲ့ကြ ရောက်ရှိနေခဲ့ကြပါတယ်။ အဲဒီ မြင်းခွာအောက် စစ်ဖိနပ်အောက်တွေ နောက်တစ်ကြိမ်ပြန်မရောက်ချင်တော့ပါဘူး။ အဲဒီလိုပဲ အတွေ့အကြုံသစ်အနေနဲ့ ကတ္တီပါဖိနပ်အောက် ပုံတော်ဖိနပ်အောက်၊ ကုလား ညှပ်ဖိနပ်အောင်၊ အမေရိကန် Shoe ဖိနပ်အောက်လည်း ထပ်မရောက်ပါရစေနဲ့လို့ ဆုတောင်းနေပါတယ်ခင်ဗျာ" လို့


 www.MyanmarExpress.net