Subscribe to our RSS Feed

သန်း ၆၀ ရှိသော မြန်မာနိုင်ငံတွင် အခြေခံဥပဒေပြင်ဆင်လိုသူ ၅ သန်းမပြည့်


ရက်သတ္တပတ် ၇ ပတ်ကျော် စစ်တမ်းကောက်ယူမှုအရ လူဦးရေ သန်း ၆၀ ရှိသော မြန်မာ နိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်လိုသူမှာ ၅ သန်းပင်မပြည့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ် ၃၃၀ အနက် မြို့နယ်ပေါင်း ၃၀၈ မြို့နယ်မှ ကောက်ခံ ရရှိထားသော အခြေခံဥပဒေပြင်ဆင်လိုသူ လက်မှတ်ပမာဏမှာ ၄,၉၄၁,၉၉၈ သာရှိပြီး လူသူနည်းပါး သည့် ဝေးလံခေါင်ဖျား မြို့နယ် ၂၀ ကျော်သာ မဲရရန် ကျန်ရှိတော့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။


အမျိုးသား ဒီမိကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကောက်ယူသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ရက်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်။
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ဦးဆောင်၍ နယ်လှည့်စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့သော်လည်း ကောက်ခံရရှိ သည့်မဲအရေအတွက်မှာ ၅ သန်းပင် မပြည့်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ မကျေမနပ်ဖြစ်နေကြောင်း ဗဟန်းမြိ့ NLD ရုံးချုပ်မှ သိရသည်။ ပြည်သူ သန်း ၆၀ ၏ ခေါင်းဆောင်ကိုယ်တိုင် ကောက်ခံသည့် မဲအရေအတွက်မှာ ၅သန်းပင် မပြည့်မှုအတွက် အခြားပြိုင်ဖက်ပါတီများက ရှုံ့ချလှောင်ပြောင်မည်ကို စိုးရိမ်ခြင်းကြောင့် ၎င်းဦးဆောင်လုပ်နေသည့် ၄၃၆ လှုပ်ရှားမှုအတွက် သတင်းစာရှင်းလင်းပွဲကိုပင် ဒေါ်အောင်ဆန်းစုကြည် မတက်ဘဲ ပျက်ကွက်ခဲ့ ကြောင်းသိရသည်။


၄၃၆ လက်မှတ်များကို ကောက်ခံစဉ် ရက် ၅၀ အတွင်းက မြန်မာနိုင်ငံ၏ အကြီးဆုံး အတိုက် အခံအင်အားစုကြီး ၂ ခု ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းတို့မှ ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင် ပြည်နယ်နှင့်တိုင်း အနှံ့အပြားသို့ စည်းရုံး လှုံ့ဆော်ခဲ့သည့်အပြင် တစ်ဖက်တွင်လည်း “အောင်ဆန်းသွေးကို ဒို့ယုံတယ်” ဟူသည့် စတေကာများ လိုက်ကပ်ခြင်း၊ မိုဘိုင်း မဲဆန္ဒကောက်ခြင်းဟူ၍ လမ်းသွားလမ်းလာများကို ကားပေါ်ထိ လက်မှတ် ကောက်ခံခြင်း၊ အနုပညာရှင်များနှင့်အခြားပြည်သူအချို့ကို အိမ်တိုင်ရာရောက် မထိုးမနေရ လက်မှတ် ကောက်ခံခြင်းများ ရှိခဲ့သည်။ 


လက်ရှိမြန်မာ့နိုင်ငံရေးတွင် လူထုထောက်ခံမှု အရှိဆုံးဟု မီဒီယာများတွင် ဖော်ပြလေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင် တို့နှစ်ဦးကိုယ်တိုင် ဦးဆောင်မှုတွင် ပြည်သူ ၈.၃ % သာ ၎င်းတို့ ၂ ဦးနောက်မှ ထောက်ခံကြောင်း ရလဒ်ထွက်လာခြင်းမှာ မြန်မာအတိုက်အခံတို့အတွက် အထူး စိုးရိမ်စရာအခြေအနေကို ဖော်ပြနေကြောင်း မြန်မာ့အရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။


.. www.MyanmarExpress.net
 

1 comments:

1-MYANMAR RESTARTED DEMOCRACY SYSTEM
FROM 2011 THAT MEANS VERY FRAGILE AND
TOO YOUNG.
2-TO TELL THE TRUTH NEED TIME TO GROW
FOR SOMETIMES.
3-NEED TO WORK VERY HARD FOR QUICK
DEVELOPMENTS.
4-POLITICAL PARTIES AND LEADERS SHOULD
DO RESEARCH WORK ABOUT YOUR PARTIES
AND ABOUT YOURSELVES AND FIND TO THE
STRONG AND WEAKNESS.
5-NEED TO UPDATE WEAKNESS AND TO UP GRADE
BY CHANGING POLICIES AS AND WHEN NEEDED.
6-THE PUBLIC VOTES ALWAYS INDICATE THE
FITNESS OR UNFITNESS OF A POLITICAL PARTY.
7-HOPING MYANMAR AND PEOPLE IMPROVING
IN ALL AREA.
8-MYANMAR SAFETY,SECURITY, PROSPERITY
AND NATIONAL INTERESTS ARE ALWAYS VERY
IMPORTANT AND ALWAYS COME FIRST.
9-LOOK LIKE EVERY BODY WANT;
DEMOCRACY,
HUMAN RIGHTS,
FREEDOM OF PRESS,
FREEDOM OF SPEECH,AND
FREEDOM OF WORSHIP.
BUT PEOPLE LOOKING DEMOCRACY FOR THEM
AND NOT FOR OTHERS.
SIMILARLY PEOPLE LOOKING HUMAN RIGHTS
FOR THEM AND NOT FOR OTHERS.
SIMILARLY PEOPLE LOOKING FREEDOM OF PRESS
FOR THEM AND NOT FOR OTHERS.
SIMILARLY PEOPLE LOOKING FREEDOM OF
SPEECH FOR THEM AND NOT FOR OTHERS.
SIMILARLY PEOPLE LOOKING FREEDOM OF
WORSHIP FOR THEM AND NOT FOR OTHERS.
10-DO NOT TAKE BENEFITS AND RIGHTS
WITHOUT CONTRIBUTING AND BUILDING THE
COUNTRY.
11-NEED FAITHFUL AND DO NOT CRY FOR
HELPS FROM FOREIGN COUNTRIES AND
ORGANIZATIONS
TO GET SPECIAL DEMOCRACY.
TO GET SPECIAL HUMAN RIGHTS.
TO GET SPECIAL FREEDOM OF PRESS.
TO GET SPECIAL FREEDOM OF SPEECH.
TO GET SPECIAL FREEDOM OF WORSHIP.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်