Subscribe to our RSS Feed

၈၈ အရေးအခင်းတွင် ရှေ့တန်းရောက်နေဟု သူရ ဦးရွှေမန်းပြော

From : .. mizzima


 ၈၈ အရေးအခင်းကာလတွင် ရှေ့တန်းစစ်ဆင်ရေးသို့ သွားရောက်နေရသည်ဟု ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၁၁ ရက် ပြည်သူ့လွှတ်တော် ဇမ္ဗူ သီရိဆောင်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

၎င်းက “၈၈- ၈၉ က မိမိသည် ဒု-တပ်ရင်းမှူး၊ တပ်ရင်းမှူးဘ၀ တာဝန်နဲ့ကာလ ဖြစ်တယ်၊ အရေးအခင်းပေါ်တဲ့အခါမှာ မိမိပထမဦးဆုံး ရောက်ရှိတဲ့ နေရာက အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းတို့ကို တာဝန်ယူရပါတယ်။

ရက်သတ္တပတ်ကြာတဲ့အခါမှာ ရှေ့တန်းစစ်ဆင်ရေးကို သွားရောက်ခဲ့ရပါ တယ်”ဟု ပြောသည်။

ဖြူးမြို့နယ်၊ ကညွတ်ကွင်းတွင် ၁၉၄၇ ခုနှစ်က မွေးဖွားခဲ့သူ ဗိုလ်ချုပ်ကြီး(ဟောင်း) သူရဦးရွှေမန်းသည် ၁၉၈၈ ခုနှစ်က ကေအင်န်ယူနှင့် ဖြစ်ပွားခဲ့သည့် မဲသဝေါစစ်ဆင်ရေးတွင် သူရသတ်္တိနှင့် စစ်ရေးစွမ်းရည် ထက်မြက်၍ သူရဘွဲ့ရရှိခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်၏ ၈၈ အရေးတော်ပုံကာလ မှတ်တမ်း ပြည်သူသို့ ထုတ်ပြန်ရန် ဘားမားကမ်ပိန်းယူကေက တောင်းဆိုထားသေးသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်