Subscribe to our RSS Feed

အာဘွား အခွေအတွက် MTV ကို အမေရိကမှာ ရိုက်ကူးခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

From : .. popular


Queen Jewel ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေတဲ့ “၁၅ဝဝ လုပ်ကြံမှု” ဇာတ်ကားကို ဝိုင်းစုခိုင်သိန်းက ကြည်ဇော် ထက် ၊ နေဆန်း၊ စိုးနန္ဒာကျော် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

အခု နောက်ပိုင်း ဗီဒီယိုကားတွေ ရိုက်ကူးမှု နည်းနည်း ကျဲသွားတာ နဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သန်းက “အစ်မနှစ် ကားလောက် မရိုက်ဖြစ်ခဲ့ဘူး။ မရိုက် ဖြစ်ဘူး ဆိုတာ က အဓိက ဇာတ်လမ်းရွေးတာလည်း ပါတယ်။ ကိုယ်နဲ့ မလိုက်ဖက်ဘူး။ ကိုယ် လည်း သိပ်လုပ်ကွက် မရတာမျိုး ဆိုရင် မရိုက်ချင်ဘူး။ မရိုက်ချင်ဘူး ဆိုတာက လည်း နှစ်ဖက် လုပ်နေရတယ်။ ဒီဘက်မှာလည်း အာဘွားခွေ အမ်တီဗီ ရိုက်ဖို့ရှိ တယ်။ စုံတွဲအခွေ လည်း လုပ်နေရတာ လည်း ပါတယ်။ ပရိသတ်တွေ ကလည်း အစ်မ လုပ်ကွက်ရတာ နည်းတယ်ဆိုရင် မကြိုက်ကြဘူး။ ပရိသတ် အတွက်လည်း စဉ်းစားတဲ့ အနေနဲ့ရော၊ အစ်မလည်း တခြား ဒီဘက်က အလုပ်တွေကို ဖိလုပ် နိုင်အောင် ဆိုပြီးတော့ တချို့ဇာတ်ကားတွေ ဆို ငြင်းဖြစ်တယ်။ ဒီကားကကျ တော့ ဇာတ်လမ်းကောင်းတယ်။

“ကိုပေါက်ရိုက် တာ ကြောင့်ရယ် ရိုက်ဖြစ်သွားတာ။ နောက်ပိုင်း ကျရင်လည်း ဇာတ် လေးတွေရွေး ရိုက်သွားမယ်။ ဇာတ် ကို သေချာဖတ်ပြီးမှ ကိုယ်နဲ့လိုက် ဖက်မယ့် ဇာတ် မျိုးတွေပဲ ရိုက်တော့ မယ်” လို့ ပြောပြခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်း က အမေရိက ကို အလည် သွားရင်းနဲ့ အာဘွားခွေ အတွက် အမ်တီဗီ ရိုက်ကူး ဖြစ်ခဲ့ပါတယ်။ “အမေရိက ကို ဟိုတစ်ခေါက် Show ပွဲတုန်းက ကိုသုံးပေါင် ခေါ်သွားတယ်။ ခေါ် သွားပြီးတော့ အဲဒီမှာ အဆိုရုပ် ကို ရိုက်ခဲ့တယ်။

ဒီက ရုပ်နဲ့ ပြန်ပေါင်း ပြီးတော့ထည့်မှာပါ။ အဲဒီမှာ ရိုက်ခဲ့တဲ့ သီချင်းက ဟိုတုန်းက အိမ်သီချင်းရယ်၊ စုံတွဲ အခွေထဲက ကိုRဇာနည် နဲ့ ဆိုတဲ့ သီချင်း ရယ်နှစ်ပုဒ် ရိုက်ဖြစ်ခဲ့တယ်။ အဓိက ရိုက် ဖြစ် တဲ့ နေရာတွေက Capital အိမ်ဖြူ တော်မှာ ရိုက်ခဲ့တယ်။ “ဟိုတုန်းက အိမ်”သီချင်းကို ဝါရှင်တန်ဒီစီထဲ မှာ ရိုက်ခဲ့တယ်။ ပြီးတော့ ဝိုင်းစုတို့ အိမ်နားမှာလည်း ရိုက်ခဲ့တယ်။

လောလောဆယ် တော့ အာဘွားအခွေ အတွက် (၃)ပုဒ်လောက်ပဲ ရိုက် ပြီးသေးတယ်။ ဒီလထဲမှာပဲ နောက်ထပ်နှစ်ပုဒ် ထပ်ရိုက်ဖို့ ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။ စုံတွဲ အခွေကိုလည်း ဝိုင်းစုခိုင် သိန်းက Valentine’s Day နေ့အမီ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ ပြောပြခဲ့ပါတယ်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်