Subscribe to our RSS Feed
Showing posts with label NLD ပါတီတွင်း အကွဲအပြဲများ နှင့် လမ်းခွဲရှင်းတမ်းများ. Show all posts
Showing posts with label NLD ပါတီတွင်း အကွဲအပြဲများ နှင့် လမ်းခွဲရှင်းတမ်းများ. Show all posts

မင်္ဂလာတောင်ညွန့် NLD ပါတီတွင်းရန်ပွဲ ၉ ဦး ဆေးရုံတင်ထားရ



သြဂုတ်လ ၂၉ ရက် စနေနေ့က မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ NLD ပါတီဝင်အချင်းချင်း အကြီးအကျယ် ရန်ဖြစ်ခဲ့ခြင်းကြောင့် ပါတီဝင်အချို့ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် NLD အမတ် ဒေါ်ဖြူဖြူသင်းအား ထောက်ခံသည့် ရက်ကွက် ၆ ခုမှ ပါတီဝင်များနှင့် မထောက်ခံသည့် ရက်ကွက် ၁၄ ခုမှ ပါတီဝင်အချင်းချင်း စကားများရန်ဖြစ်ရာမှ အုပ်စုဖွဲ့ ရိုက်နှက်ကြခြင်းဖြစ်ပြီး ၉ ဦးဆေးရုံတင်ထားရကာ ၂ ဦးမှာ ဦးခေါင်းထိထားပြီး စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရက်ကွက်ပေါင်း ၂၀ ရှိသော်လည်း ရက်ကွက် ၄ ခုက တစ်ဖက် ၁၄ ခုက တစ်ဖက် NLD ပါတီဝင်အချင်းချင်း ပြဿနာဖြစ်လေ့ရှိကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။

အခင်းဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူများအား မင်္ဂလာတောင်ညွန့်ရဲစခန်းတွင် (ပ)၇၄၆ /၂၀၁၅ နှင့် အမှုဖွင့်ထားပြီး မင်္ဂလာတောင်ညွန့်ရဲစခန်း မှူး ဒု ရဲမှူး ဦးသန်းဦး၊ ဖုန်း 095281566 နှင့် စခန်းဖုန်း -01291034 အား ဖုန်ဆက်မေးမြန်းနိုင်ကြောင်း မင်္ဂလာတောင်ညွန့် NLD မှ တာဝန်ရှိသူ တစ်ဦးမှ ဆိုသည်။

“စကားများရင်း ရိုက်ကြတာပါ.. အတိအကျသိချင်ရင်တော့ ရဲစခန်းကိုပဲဖုန်းဆက်ကြပါ.. ပြောခွင့်မရှိလို့ပါ” ဟု မြို့နယ် NLD EC တစ်ဦးမှဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းနှင့် NLD ဗဟိုအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိခဲ့ချေ။

ဒေါ်ဖြူဖြူသင်းအနေဖြင့် လက်ရှိ ပါတီအား ဦးဆောင်နိုင်စွမ်းမရှိခြင်းကြောင့် မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ NLD ပါတီဝင် ၈၀ရာနှုန်းကျော်က မကျေနပ်သော်လည်း ဒေါ်ဖြူဖြူသင်းမှာ တိုင်း NLD နှင့် NLD ဗဟို နှင့် နီးစပ်ခြင်းကြောင့် ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီဝင်များမှ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၃လမ်းရှိ NLD ပါတီဝင်တစ်ဦး၏နေအိမ်၌ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ကာ ဒေါ်ဖြူဖြူသင်းသည် မင်္ဂလာတောင်ညွှန်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သက်တမ်းကာလ အတွင်း မြို့နယ်၏ လိုအပ်ချက်များ၊ တင်ပြမှုများကို ဖိအားပေးလုပ်ဆောင်မှုမရှိကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်လျှင်လည်း ရပ်ကွက် ပေါင်း၂၀ရှိသည့်အနက် ရပ်ကွက်ပေါင်း ၆ ရပ်ကွက်သာ အဓိကထားလုပ်ဆောင်ပေးသည့်အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပြည်သူများ၊ NLD ရပ်ကျေး၊ အလုပ်အမှုဆောင်နှင့် မြို့နယ်အောင်နိုင်ရေးများမှ ၄င်းအားကန့်ကွက်ကြောင်း၊ မြို့နယ်ECတွဲဘက်အတွင်းရေးမှူး မြို့နယ်အောင်နိုင်ရေးဘဏ္ဍာရေးမှူး ဦးဌေးမြင့်မှ ပြောဆိုထားသည်။

‪#‎MyanmarHeadlineNews‬


.. https://www.facebook.com/MyanmarExpress
 

ကျုံပျော်မြို့နယ်၊ ခရုရိုးကျေးရွာအုပ်စုမှ NLD ပါတီဝင် ၈၀ ကျော်နုတ်ထွက်၊ ဆိုင်းဘုတ်ဖြုတ်ချ

From : .. hot news

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ကျုံပျော်မြို့နယ်၊ ခရုရိုးကျေးရွာအုပ် စု NLD ပါတီဝင် ၈၀ ကျော်က ပါတီမှ နုတ်ထွက်ကြပြီးNLD ပါတီဆိုင်းဘုတ်ကို သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀း၃၀ နာရီက ဖြုတ်ချခဲ့ကြောင်း သတင်းရရှိပါ သည်။

ခရုရိုးကျေးရွာအုပ်စုNLD  ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပြရာတွင် ““NLD ပါတီ ဗဟိုမှ ကျုံပျော်ဒေသခံ CC   တစ်ဦးဖြစ် သူက လွှမ်းမိုးပြီး လွှတ်တော်ကိုယ်စား လှယ်များကို ရွေးချယ်ရာတွင် ပါတီဗဟို ရဲ့ မူဘောင်များကိုပစ်ပယ်ကာ ရွေးချယ် ခဲ့ကြောင်း၊ ပုဂ်္ဂိုလ်ရေးအာဃာတများနဲ့ အရည်အချင်းမရှိသူများကို ရွေးချယ်ခဲ့ ကြောင်း၊ အကျင့်စာရိတ်္တပျက်ယွင်းသူများ ၀င်ပါနေသည်ဟုဆိုကာ သြဂုတ်လ လဆန်းပိုင်းက ပါတီဝင် ၄၅၀ ကျော် လက်မှတ်ရေးထိုးပြီး ပြန်လည်စိစစ်ရွေး ချယ်ပေးရန် တင်ပြခဲ့သော်လည်း ယနေ့ အထိဆောင်ရွက်မပေးခဲ့ကြောင်း၊ ၁၂.၈ .၂၀၁၅ ရက်နေ့က သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီး ၅ ရက်အတွင်းပြုပြင်ပြောင်း လဲပေးပါရန် ဒုတိယအကြိမ် တင်ပြခဲ့ ကြောင်း၊ ဆောင်ရွက်မပေးပါက ပါတီ ၀င်များနုတ်ထွက်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ချ ခြင်းလုပ်မှာ ဖြစ်ကြောင်း တင်ပြခဲ့သော် လည်း ယနေ့အထိ အရေးတယူဆောင် ရွက်ပေးခဲ့ခြင်းမရှိ၍ ယခုကဲ့သို့ ဆိုင်းဘုတ် ဖြုတ်ချ၊ ပါတီမှ နုတ်ထွက်ရခြင်းဖြစ် ကြောင်း”” ပြောပြသည်။

ရပ်ကျေးဒုဥက်္ကဋ္ဌ ကိုလှိုင်က ပြောပြ ရာတွင် ““အမတ်လောင်းတစ်ယောက်ဟာ အရည်အချင်းပြည့်ဝဖို့လိုတယ်၊ အရည် အချင်းမပြည့်ဝတဲ့သူက လွှတ်တော်ထဲ ရောက်ပါက မိမိတို့ရပ်ရွာအကျိုးကို ဆောင်ရွက်ပေးနိုင်မှာ မဟုတ်တဲ့အတွက် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း”” ပြောပြပါသည်။

ပါတီဝင်မနှင်းဝေငြိမ်းက ပြောပြရာ တွင် ““မိမိတို့ကို တစ်ဦးတစ်ယောက် အဖွဲ့ အစည်းတစ်ခုက ကြိုးကိုင်ခိုင်းစေတာ မရှိ ကြောင်း၊ အမတ်လောင်းရွေးချယ်သွားတဲ့ ပုံစံနဲ့ ရွေးထားတဲ့လူကို မကြိုက်လို့နုတ် ထွက်တာဖြစ်ကြောင်း၊ အခြားပါတီကို ၀င်ဖို့အစီအစဉ်မရှိကြောင်း၊ ရွေးကောက် ပွဲမှာ ကိုယ်ကြိုက်တဲ့ပါတီကိုယ်စားလှယ် ကို မဲပေးမှာဖြစ်ကြောင်း”” ပြောပြပါ သည်။

ခရုရိုးကျေးရွာအုပ်စုသည် ကျုံပျော် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အင်အားကောင်းသော ဒေသတစ်ခု ဖြစ်ခဲ့ပြီး ဆိုင်းဘုတ်နှင့်အတူချခဲ့သော အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံနှင့်လူထုခေါင်း ဆောင်NLD  ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်၏ ဓာတ်ပုံကိုမူ လေးစားချစ် ကြည်ရင်းစိတ်ဖြင့် ဘုရားခန်းတွင် ထားရှိ မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောပြခဲ့ ပါသည်။

.. https://www.facebook.com/MyanmarExpress
 

ကရင်ပြည်နယ် NLD ဒုဥက္ကဌ ပါတီမှနုတ်ထွက်ကာ KNP ကိုယ်စားပြု အရွေးခံမည်

From : ..KIC


ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုဥက္ကဌစောဖိုးဝါးနှင့် ဖားအံခရိုင်အလုပ်မှုဆောင် ကော်မတီဝင် စောကလူထောတို့ ယင်းပါတီမှနုတ်ထွက်လိုက်ပြီး လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုးသား ပါတီ (KNP) ကိုယ်စားပြုအရွေးခံသွားမည် ဖြစ်သည်ဟု ဆိုင်ရာတာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

“ ကျနော်တို့ ကရင်ပြည်နယ် NLD ဒုဥက္ကဌနဲ့  ဖားအံခရိုင်အလုပ်အမှုဆောင်တစ်ဦး တို့ ပါတီကနေနုတ်ထွက် သွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောလိုပါဘူး ” ဟု NLD ကရင်ပြည်နယ် အလုပ်မှုဆောင် အဖွဲ့အတွင်းရေးမှူး ဦးမင်းချစ်ထွန်းက ကေအိုင်စီသို့ သြဂုတ် ၁၇ ရက်နေ့ တွင်ပြောသည်။

ပြည်နယ် NLD မှနုတ်ထွက်လိုက်သူ စောဖိုးဝါးနှင့် စောကလူထောတို့သည့် လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုးသားပါတီကိုယ်စားပြုကာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ နှင့် ၂ မဲဆန္ဒနယ်မြေအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ စာရင်းတင်ထား ပြီးဖြစ်သည်ဟု KNP ပါတီ ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတောင်ကြီးမြို့နယ် NLD ဥက္ကဌ နော်ခရစ္စထွန်းက “ကိုယ့်ကရင်ဒီမိုကရေစီ အင်အားစုက ကိုယ့်မြို့နယ်ထဲမှာလာရောက်ယှဉ်ပြိုင်တာကို ကြိုဆိုရမှာပေါ့ ” ဟု မှတ်ချက်ပြုပြောဆိုသည်။

ထို့ အပြင့် ဒီမိုကရေစီအင်အားစုများအနေဖြင့် အာဏာရှင်စနစ်ကိုဆန့်ကျင်ရုံဖြင့် မပြီးသေးသလို တိုင်းရင်းသား အရေးကိုပါ နားလည်သဘောပေါက်ရန်လိုကာ ဒီမိုကရေစီအောင်မြင်ရန် ဖက်ဒရယ်စနစ်လိုအပ်သည်ဟု တိုင်းရင်းသားပါတီ အများစုက ခံယူထားသည့်အတွက် ယခုလို ပါတီကြီးတစ်ခုမှနုတ်ထွက်ကာ မိမိတို့ ပါတီသို့  ဝင်ရောက်လာသည့်အတွက် လှိုက်လှိုက်လဲလဲ ကြိုဆိုကြောင်း KNP ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ပြောသည်။

ယခုကဲ့သို့ ပြည်နယ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ နုတ်ထွက်သွားခြင်းသည် ပါတီ၏ ကိုယ်စားလှယ် လောင်းရွေးချယ်ပေးမှုအပေါ် အမြင်မတူသည့် အတွက်ဖြစ်နိုင်ကြောင်း ပြည်နယ် NLD ပါတီဝင်များက သုံး သတ်ပြောဆိုနေသော်လည်း ကာယံကံရှင်များကမူ လက်ရှိအချိန်တွင် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို ပြောဆိုလိုခြင်းမရှိဟု ကေအိုင်စီသို့ ပြောသည်။

လာမည့်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို NLD ကထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ပါတီတွင်း အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ကာ NLD အနေဖြင့် တချို့ပါတီဝင်များကို ထုတ်ပယ်ခြင်းများရှိသလို၊ နုတ်ထွက်သွားသူ များလည်းရှိကြောင်း NLD ပါတီဝင်များထံမှ သိရသည်။

.. https://www.facebook.com/MyanmarExpress
 

ပင်လယ်ဘူးမြို့မှာ အန်အယ်လ်ဒီပါတီဝင် ၉၀ ကျော် နှုတ်ထွက်

From : ..rfa

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ်နဲ့ စံရားကြီးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၉၀ ကျော်ဟာ ပါတီဗဟိုရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်တာကြောင့် ပါတီဝင်အဖြစ် ကနေ နှုတ်ထွက်လိုက်ပါတယ်။ ပင်လယ်ဘူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီဗဟိုက ရွေးချယ်ပေး လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကို လက်မခံနိုင်တာကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ NLD ပါတီ ပင်လယ်ဘူးမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖိုးသဲက ပြောပါတယ်။

"ကျနော်တို့ ပင်လယ်ဘူးမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာပေါ့ လူမှုရေး၊ ပညာရေး တအား အားနည်းတဲ့ပုဂ္ဂိုလ်ပေါ့ ရလဒ်ထွက်လာတာကြောင့် ဒီကိုယ်စားလှယ်ကို မကြိုက်လို့ မြို့နယ်အလုပ်အမှုဆောင်က ၃ ဦး ပါတီဝင်က ၈၉ ဦး အားလုံး ၉၂ ဦး ဒီနေ့နှုတ်ထွက်ကြတာပါခင်ဗျ၊ ကျနော်တို့ရဲ့ပါတီဟာ အောက်ခြေရဲ့အသံ ကို နားမထောင်ဘူးလို့ ဒီလိုမှတ်ချက်ပေးပြီးမှ ရပ်ကျေးတွေရဲ့အသံကို နားထောင်စေချင်တယ်"

မြို့နယ်အလုပ်အမှုဆောင် ၃ဦးနဲ့ စံရားကြီးကျေးရွာက NLD ပါတီဝင် ၉၀ကျော်ဟာ ဒီနေ့ နှုတ်ထွက်လိုက်တာလို့ သိရပါတယ်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်က မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ဦးကလည်း အမျိုးသားလွှတ်တော်နေရာအတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို လက်မခံနိုင်တာကြောင့် ပါတီဝင်အဖြစ်ကနေ ဒီကနေ့ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပခုက္ကူ၊ မိတ္ထီလာ၊ လှည်းကူး စတဲ့မြို့နယ်တွေမှာလည်း NLD ဗဟိုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ကြသလို ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်တာတွေလည်း ရှိနေပါတယ်။

.. https://www.facebook.com/MyanmarExpress
 

ကျုံပျော် NLD ပါတီဝင်များ NDF သို့ ကူးပြောင်း


၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက အင်အားစုဆောင်းနေချိန်မှာတော့ NLD ပါတီဟာ မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်သူများနဲ့ အာဏာရူးများ၊ ပါတီဗဟိုကနေ ဗဟိုဦးစီးစနစ် ကျင့်သုံးနေမှုတွေကြောင့် ပါတီဝင်တွေဟာ တဖွဲဖွဲနဲ့ နှုတ်ထွက်ပွဲတွေ ဟော တစ်မြို့ ဟော တစ်မြို့ ကျင်းပလာခဲ့တာ အခုဆို
ကျွန်တော်တို့ တိုင်းဧရာရဲ့ ကျုံပျော်မြို့နယ်မှာပါတီရုံးဆိုင်းဘုတ်ဖြုတ်ချကာ ပါတီအလံနှင့် ဒေါ်စုကြည် ဓာတ်ပုံအား မီးရှို့ခြင်းနှင့် ပါတီဝင် အင်အား စုစုပေါင်း (၁၀၀၀)ဦး (ဗဟို)ကိုနှုတ်ထွက်စာ တင်ထားတယ်လို့ ပါတီနှုတ်ထွက်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ပါတီအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆိုပါတယ်။။။။
ဒါ့အပြင် ဦးဝင်းမြင့် ဦးဆောင်တဲ့ ပါတီဝင် အင်အား (၅၀)ဦးဟာ ယခင်က သူတို့ပါတီကပဲ နှုတ်ထွက်ခဲ့သူများပြန်လည်ပေါင်းစုဖွဲ့စည်းထားတဲ့ ပါတီတစ်ခုဖြစ်တဲ့
NDF ပါတီကို ဒီနေ့ပဲ ၀င်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။


.. https://www.facebook.com/MyanmarExpress
 

ဗဟိုဦးစီးစနစ်အား ကန့်ကွက်သူများကို သစ္စာဖောက် ဟု CEC သတ်မှတ်

From : ..messenger

NLD ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရာတွင် သဘောထား မတူညီမှုကြောင့် ထုတ်ပယ်မည် မဟုတ်ဘဲ သစ္စာဖောက် မှသာ ထုတ်ပယ် မည်ဖြစ်ကြောင်း NLD ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက The Messenger Media သို့ပြောသည်။

““ကျွန်တော်တို့က အမြဲတမ်း ဒီလို မလိုလားတဲ့ လူတွေကို ရင်ဆိုင်နေရတာ နှစ်နှစ်ဆယ်၊ နှစ်ဆယ့်ငါးနှစ် လောက်ရှိပြီ။ စည်းကမ်း ဖောက်ရင်တော့ အရေးယူ ရမှာပါ””ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ NLD ပါတီ မှ နုတ်ထွက်မှု များသည် ဗဟိုသို့ မရောက်ရှိ သေးကြောင်း၊ သတင်းကြားထားမှု သာရှိကြောင်း၊ NLD ပါတီသည် ဒီမိုကရေစီကို လိုချင်သော နိုင်ငံရေးပါတီ ဖြစ်ကာ သဘောထား မတူယုံ တစ်ခုတည်းနှင့် မည်သူ့ကိုမှ ထုတ်ပယ်မည် မဟုတ်ကြောင်း၊ သစ္စာဖောက်မှသာ စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။ လွှတ်တော်အတွင်း တပ်မတော်သားများ လေးပုံတစ်ပုံ နေရာယူ ထားသောကြောင့် ကျန်နေရာများတွင် အောင်နိုင်ရန် NLD အတွက် အရေးကြီးကြောင်း ၎င်းက ပြောသည်။

““ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ အချို့ကလည်း မကျေနပ် ဖြစ်တာတွေ ပါတာပေါ့၊ မနေ့က သုံးယောက် နုတ်ထွက်တယ် ကြားတယ်၊ ကျွန်တော်တို့ဆီကို မရောက်သေးဘူး။ တိုင်းရုံးတွေတော့ ရောက်နေပြီ””ဟု NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက The Messenger Media သို့ပြောသည်။

ယခုလအတွင်း၌ လှည်းကူးမြို့နယ်တွင် ပါတီဝင်(၂၁) ဦးကို ထုတ်ပယ်ခဲ့သလို ပခုက္ကူမြို့နယ် တွင်လည်း (၁၀)ဦး ထုတ်ပယ် ခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မကျေနပ်၍ NLD ပါတီဝင် (၃၇၅) ဦးနုတ်ထွက်ခဲ့ကာ သန်လျင်တွင်လည်း (၃) ဦးနုတ်ထွက်ခဲ့သည်။

.. https://www.facebook.com/MyanmarExpress
 

ရွှေကူမေနှင်း – ကဲ … အစက တို့ မပြောလား


ဒီစာရေးဖို့အတွက် အကြာကြီးချင့်ချိန်ရပါတယ်။ ဒီကိစ္စက ကိုယ်ဝင်မပြောလည်း ရတယ်။ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်နေတာလည်း မဟုက်ဘူး။ ကိုယ့်အကျိုးလည်း တစ်ပြားသားမှ ထိခိုက်တာမဟုက်ဘူး။ နေ မယ်ဆို အနေသာကြီးပါ။

ဒါပေမယ့် လူထုကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ ဒီပြဿနာကို၊ ကိုယ့်ပြဿနာလိုပဲ ခံစားနေ ရတယ်။ ဒီလိုခံစားရတာဟာ ကိုယ်တစ်ယောက်ထဲလည်း မဟုက်ဘူး။ အဲ ဒီနေ့ကစပြီး ဖုန်းနဲ့ပြောကြတာကို ထောက်ရင်း အများအပြားကလည်း ဒီကိစ္စကို မကျေမနပ်ဖြစ်နေကြတယ်ဆိုတာ ထင်ရှားပါတယ်။


တိုက်တိုက်ဆိုင်ဆိုင် ဒီလ ဒုတိယပတ်ထဲမှာ သူငယ်ချင်းဖြစ်တဲ့ ဆရာမောင်ဝံသရဲ့ ကွယ်လွန်ခြင်းနှစ် နှစ်ပြည့်အလှူအတွက်ဖိတ်တဲ့ တယ်လီဖုန်းလည်း ဝင်လာတယ်။ မောင်ဝံသကို ပိုပြီးသတိရတယ်။ မောင်ဝံသရှိ ရင် ဘာပြောမလဲ။ သေချာတာက သူလည်း ကိုယ့်နည်းတူ ခံစားရမှာပါ။ သူပြောဖူးပြီးသားပဲ။ အဲဒီနေ့က သူက အလေးအနတ်ပြောခဲ့တာ။

“ ကိုယ်တို့က အသက်ကြီးလာပြီ၊ မင်းတို့ကိုပဲ အားကိုးရမှာ၊ မင်းတို့အရွယ် လေးဆယ်- ငါးဆယ်ကြား တွေဟာ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်ဖို့ အကောင်းဆုံးအရွယ်တွေပဲ။ အတွေ့အကြုံလည်း ရခဲ့ပြီးပြီ။ လုပ် ကြပါ” တဲ့။ ကျွန်မက မြို့ထဲလာရင်း သူ့အိမ်ရှေ့က ဖြတ်နေကြ။ အိမ်ရှေ့မှာ သူထိုင်နေတာမြင်ရင် ဝင်နှုတ် ဆက်၊ စကားပြောနေကြမို့ ဒီနေ့တော့ မြတ်စံရောက်နေတာနဲ့ ဆုံတာပါ။


မြတ်စံက ကျွန်မကို ပြုံးပြနှုတ်ဆက်ရင်း ကျွန်တော့ကို မှတ်မိလားလို့မေးတယ်။ ကျွန်မက မမှတ်မိ တော့ဘူးလို့ ဝန်ခံတယ်။ မောင်ဝံသက ဝင်ပြီး “ မြတ်စံ” လေလို့ ပြောတော့မှ ဟယ်… ခနဲ ဖြစ်ရတယ်။ ဝမ်း နည်းလိုက်တာ။ ဒါ… မြတ်စံတဲ့လား။ နှုတ်ခမ်းမွှေတွေနဲ့ အသားကလည်း ညိုညစ်လို့၊ ဝလည်းဝနေတော့ ဘယ် ကလူကြီးလဲလို့ ထင်ရတယ်။ ဖြစ်မှဖြစ်ရလေ မြတ်စံရယ်… လို့ စိတ်မကောင်းလိုက်တာ တကယ်က မြတ်စံဆို တာ ငယ်ငယ်ချောချော ကောင်လေးတစ်ယောက်ပေပဲ။ အနှစ်နှစ်ဆယ်ကြာတာနဲ့ ခုလို ရင့်ရော်သွားပြီလား။ ဟုတ်တာပေါ့လေ ကိုကိုကြီးတောင်မှ ဦးကိုကိုကြီး ဖြစ်သွားပြီပဲ။ ကိုပေါ်လည်း ဦးမင်းကိုနိုင်တဲ့။

အားလုံး လူ ကြီးတန်း ဝင်ကုန်ကြပြီ။


မြတ်စံက ကျွန်မ (၄၄) တက္ကသိုလ်ရိပ်သာလမ်းမှာ စအလုပ်လုပ်စဉ်၊ သူတို့က (၅၄) ထဲမှာ သုံးရောင် ခြယ်ပါ။


“ ခုတော့ ကျွန်တော်ဝင်ခွင့်တောင်မရဘူး” မြတ်စံက ကြေကြေကွဲကွဲ ပြောနေတယ်။ အပွိုင့်မန့် မပေးဘူးတဲ့။ သူတို့ အနီးကပ်စောင့်ရှောက်ခဲ့ရတဲ့ ခြံထဲကို ဝင်ခွင့်မရဘူးတဲ့။ ကျွန်မက ရယ်မောပြီး နေပေါ့လို့ ဖြေပြောရတယ်။ မောင်ဝံသကတော့ မြတ်စံတို့၊ ကို ပေါ်တို့အားလုံး နိုင်ငံရေးမှာ ဝင်လုပ်ရမယ်လို့ အားကိုးတကြီး အပ်နှံနေလေရဲ့။

ခု သြဂုတ်လ ၂ ရက် အင်တာနတ်ထဲကသတင်းမှာ ကိုကိုကြီးတို့မပါတဲ့အကြောင်း မောင်ဝံသဖတ်မိရင် ဘာပြောရှာမလဲ။ ပြောချင်လွန်းလို့ ဘယ်လိုတွေရေးမလဲ။ သူကသာ အားကိုးနေတာ … သူလုပ်ခဲ့ဘူးတဲ့ ပါတီက တော့ ကိုကိုကြီးတို့ကို မလိုချင်ဘူးလို့ လူသိရှင်ကြား ငြင်းပယ်လိုက်ပြီ။


ကျွန်မဆီ ဖုန်းဆက်တဲ့လူအားလုံး ဒေါသဖြစ်နေကြတယ်။ ဒီိလိုလုပ်ရကောင်းလားလို့ မယုံနိုင်သလို ဖြစ် နေကြတယ်။ အင်တာနက်ထဲမှာလည်း ဒေါသစာတွေ မြင်ရတယ်။ ဒါပေမယ့် မြန်မာလူထုဟာ သနားစရာလည်း ကောင်းတယ်။ ဒီလိုလုပ်တာ အကြောင်းရှိမှာပေါ့တဲ့။ အစိုးရအဖွဲ့အတွက် လျာထားပြီး ချန်ခဲ့တာများလားတဲ့။ သြော် ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေးသလို ဖြစ်နေပြီ။ အေးလေ သူတို့က အထင်တကြီးယုံကြ တာကိုး။


လွန်ခဲ့တဲ့အပတ်က အသက်ကိုးဆယ်အရွယ် ဗိုလ်မှူးဟောင်းတစ်ဦးက ကျွန်မတို့ စာရေးဆရာများ သမဂ္ဂကို ဟိုတယ်တစ်ခုမှာ ညစာကျွေးခဲ့တယ်။ သူက ဦးတင်ဦး (NLD) နဲ့ စစ်သင်တန်း တစ်ပတ်တည်းဆင်းခဲ့ သူဖြစ်ပြီး ကိုကိုးကျွန်းပြန်လည်း ဖြစ်တယ်။ သူက မြန့်မာ့နိုင်ငံရေးကို သုံးသပ်ရာမှာ “ မဆလကို ဖြုတ်ချခဲ့တာ က ကျောင်းသားတွေပဲ။ မင်းကိုနိုင်ကို ခေါင်းဆောင်တင်ရမှာ ခင်ဗျားတို့ Figure ရွေးတာမှားတယ်” လို့ ဆိုခဲ့ တယ်။ အဲဒီဆရာကြီးလည်း အခုသတင်းကိုကြားရင် ဘာထပ်ပြောမလဲ သိချင်ပါရဲ့။

၂၀၁၃ ထဲတုန်းက ပြင်သစ် အခြေစိုက် သတင်းဌာနတစ်ခုက အင်တာဗျူးလာယူတယ်။ နှစ်ယောက်တည်းပါ။ ကိုကိုကြီးနဲ့ ကျွန်မပါ။ သူတို့ မေးခွန်းက တစ်ခုတည်းပဲ။ “ NLD ခေါင်းဆောင်ဟာ ကမ္ဘာ့မျက်နှာစာမှာ လူကြိုက်များမှု ဒိုင်းဒိုင်းနဲ့ တက်ခဲ့ တယ်။ အခု ဒိုင်းဒိုင်းနဲ့ ကျဆင်းသွားတယ်။ ဘာ့ကြောင့်လဲ” တဲ့။ ကျွန်မက လူတိုင်းသိသလောက်ပဲ သိတာပါ။ ဒီ တော့ ဘာမှမပြောချင်ဘူး။ ဒါပေမယ့် သူတို့က အသံလွှင့်ဖို့ မဟုတ်ပါဘူး။ အတည်ပြုဖို့ပါ ဆိုတာနဲ့ ဖြေခဲ့ပါ တယ်။ ထွေထွေထူးထူးလည်း မဟုက်ပါဘူး။ လက်ပံတောင်းကိစ္စ၊ ရခိုင်ကိစ္စမျိုးပါ။ သူတို့က သိပြီးသားတွေပဲ။ ဒါ နဲ့ကျွန်မက ကိုကိုကြီးရော ဘာပြောလဲ မေးလိုက်တယ်။ သီးခြားစီ၊ တစ်ရက်စီ တွေ့မေးတာကိုး။ ပထမရက် က ကိုကိုကြီးနဲ့ တွေ့ခဲ့ပြီးပြီ။ အဲလိုမေးတော့ ကိုကိုကြီးက ဒါဟာ “ ပြန်လည်ရင်ကြားစေ့ရေး” တဲ့။ မပြောနိုင်ဘူးလို့ ပြောသတဲ့။


အော်… ကိုကိုကြီး၊ ကိုကိုကြီး ပြန်လည်ရင်ကြားစေ့ချင်ရှာလိုက်တာ ခုတော့ ဘယ့်နှယ်လဲ။


“ ကျွန်တော်တို့ သူတို့နဲ့ ပြတ်သွားပြီ”

အဲဒီ စာရင်းထွက်ပြီး နောက်ရက်ကြမှ ကျွန်မက ၈၈ ထဲက ရင်းနှီးသူတစ်ယောက်ကို ဖုန်းဆက်ဖြစ် ပါတယ်။

“ အခု… မင်းတို့အခြေအနေ ဘယ်လိုလဲ” ဆိုတော့။

“ ကျွန်တော်တို့ သူတို့နဲ့ ပြတ်သွားပြီ” လို့ ဖြေတယ်။

“ ဘာဆက်လုပ်ကြမှာလဲ”


သြဂုတ်လ ငါးရက် ခြောက်ရက်မှုာ အထူးအစည်းအဝေးခေါ်ထားတယ်။ တစ်ပြည်လုံးက ၈၈ တွေကို ခေါ်ထားတာပါ။


“ မင်းကွာ …. အစ်မပြောတာ လုံးဝနားမထောင်ဘူး။ မင်းတို့ ၂၀၁၂ …. ထောင်က ထွက်ထွက်ခြင်း၊ မင်းတို့ နိုင်ငံရေးဆက်လုပ်မယ်ဆိုရင် တရားဝင်နိုင်ငံရေးပါတီ ထောင်ကြပါ။ ဟိုကိုတော့ သွားမဝင်လိုက်နဲ့နော် လို့ အစ်မ မပြောဘူးလား။”


“ ဟုတ်ကဲ့ အစ်မပြောခဲ့ပါတယ်”


ပြောတာမှ အကြိမ်ကြိမ်နော်၊ မင်းကတော့ အရင်းနှီးဆုံးမို့ တွေ့တိုင်း ပြောတာ၊ မင်းဇေယျာကြီးနဲ့လည်း လလသသ ညီလာခံမှာဆုံတော့ အဲသလို ပြောခဲ့တယ်။ သူက အင်မတန်ရိုး သားတဲ့ မွန်ကြီးပဲ။ ကျွန်တော်တို့မှာ အင်အားမရှိသေးဘူးတဲ့။ဘယ့်နှယ်မရှိရမှာလဲ။ တစ်ပြည်လုံး မင်းတို့ကို ချစ် တယ်လို့ပြောတော့ ခေါင်းညိတ်နေရှာရဲ့။


“ ကိုကိုကြီးကိုလည်း နှစ်ခါမကပြောတယ်။မင်းမှတ်မိလား။ ရန်ကင်းစင်တာမှာ ကိုပေါ်ရဲ့ “ သူကြီးသားမတ်ရဲ့ သူငယ်ချင်း” ကဗျာစာအုပ်မိတ်ဆက်ပွဲလေ။ အဲဒီမှာ နောက်ဆုံးပြောလိုက်တာ။ ကိုကိုကြီးကို ပုခုံးဖတ် ပြီး “ တစ်ခွန်းတည်းပြောမယ်၊ ဟိုကို သွားမဝင်နဲ့ ကိုယ့်ဘာသာလုပ်” လို့ အဲဒါကွယ် ကိုကိုကြီးက ဘာမှာပြန်မ ပြောပဲ မေးကြောကြီးထောင်အောင်တင်ပြီး တစ်ဖက်ကို ငေးနေခဲ့တယ်။


သူလည်း အဖြေရခက်လို့နေမှာပေါ့။


နိုင်ငံရေးဆိုတာ ပြတ်သားရတယ်ကွ။ အစ်မပြောတုန်းက စလုပ်ခဲ့ရင် ခုဆိုပြီးနေပြီ။ အားလုံးက မင်း တို့ကို မဲပေးကြမှာပါ။ ကိုပေါ်ကိုတော့ အစ်မ ဘာမှမပြောခဲ့ပါဘူး။ သူက လွှတ်တော်ထဲမဝင်ဘူး ပြောထား တော့ ပြတ်တယ်။ မင်းတို့က ဝေဝါးဝါးနဲ့ အခုကြည့်စမ်း လူနှစ်ဆယ်တောင် စာရင်းပေးတယ်ဆို။ အကုန်ကန်ထုက် လိုက်တော့ ရှက်ဖို့ကောင်းလိုက်တာကွာ။ မင်းတို့ကို ငါ အစကပြောရက်နဲ့။”


ကျွန်မက သူတို့ကိုပဲ အပြစ်တင်ချင်တယ်။ ဟီးရိုးကိုးကွယ်တဲ့ခေတ် ကုန်ခဲ့ပြီ။ ကိုပေါ်ပြောဘူးတယ် နယ်တိုင်းမှာ ခေါင်းဆောင်ဖြစ်အောင်လုပ် အားလုံး ကွန်ရက်လုပ်ပြီး တစ်ပြိုင်နက် “ မ” လိုက်ရင် ပါလာမှာပဲ တဲ့။ ဟုတ်တယ် လူတိုင်း ခေါင်းဆောင်ဖြစ်အောင်လုပ်ရမှာ။ ခေါင်းဆောင်အချင်းချင်း အဆင့်တူ ညှိနှိုင်းရမှာ သူများအောက် သွားဝင်တော့ ခံရတာပေါ့။


ကျွန်မဟာ ရင်ဘက်မှာ တံဆိပ်အတပ်ခံရစဉ် ရယ်နေတဲ့ ကိုကိုကြီးရုပ်ပုံကို တွေးပြီး သူ့ကို ရိုက်ချင်နေ မိတယ်

(တို့ခေတ်ဂျာနယ် ၁၂ ရက် သြဂုတ်လ ၂၀၁၅) မိုးမခ၊ သြဂုတ် ၂၀၊ ၂၀၁၅ 


.. https://www.facebook.com/MyanmarExpress
 

ကျုံပျော်မှာ အန်အယ်လ်ဒီပါတီဝင် ၁၀၀ နီးပါး နှုတ်ထွက်

From : ..rfa

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကရွေး ချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို လက်မခံနိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်က ခရုရိုးကျေးရွာ ပါတီဥက္ကဌနဲ့ ပါတီဝင် ၁၀၀ နီးပါးက ပါတီကနေ နှုတ်ထွက်လိုက်ကြပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို လက်မခံနိုင်ကြောင်း ပါတီဗဟိုထံ စာတင်ပြခဲ့ပေမယ့် ဖြေရှင်းမပေးတဲ့အတွက် နှုတ်ထွက် တာဖြစ်တယ်လို့ ကျုံပျော်မြို့နယ် ခရုရိုးကျေးရွာ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးဝင်းမြင့်က ပြောပါတယ်။

"ဘာလို့ထွက်လည်းဆိုတော့ အမတ်လောင်းကိုမကြိုက်လို့ပေါ့၊ ဘာလို့မကြိုက်လည်း ဆိုတော့ သူ့မှာ ပုဂ္ဂိုလ်ရေးရော၊ အမတ်လောင်းရော အားလုံး အားနည်း ပါတယ်၊ ပညာရေးလည်းအားနည်းပါတယ်၊ အဲ့ဒါကြောင့်ကျနော်တို့မကြိုက် တာပါ၊ တိုင်စာတင် ထားပါတယ်၊ ဗဟိုထိ၊ ဒီနေ့ထိဘာမှမထူးခြားပါဘူး"

ကျုံပျော်မြို့နယ် အန်အယ်လ်ဒီပါတီ လူငယ်တာဝန်ခံတစ်ဦး၊ ခရုရိုးကျေးရွာ ပါတီ ဥက္ကဌနဲ့ ရပ်ကျေးပါတီဝင် ၁၀၀ နီးပါးက ပါတီထံ နှုတ်ထွက်စာတင်လိုက်တာပါ။

အန်အယ်လ်ဒီပါတီဗဟိုရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို မကျေနပ်တာကြောင့် မြို့နယ်အတော်များများ မှာ နှုတ်ထွက်သူတွေ ပါတီရုံးချုပ်ဗဟိုကို ဆန္ဒပြတာတွေ ရှိနေပြီး၊ အဲဒီလိုကန့်ကွက်ဆန္ဒပြသူတွေကို ပါတီဗဟိုက ထုတ်ပယ်တာတွေလည်း ရှိနေပါတယ်။

.. https://www.facebook.com/MyanmarExpress
 

တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခံရခြင်းဟု ထုတ်ပယ်ခံ ပခုက္ကူ NLD ပါတီဝင်များဆို

From : ..mizzima

ရန်ကုန် (မဇ္ဈိမ) ။ ။ အမတ်လောင်းရွေးချယ်မှုကိစ္စ မကျေနပ်သဖြင့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်ဟု ယူဆကာ ပါတီမှ ထုတ်ပယ် ခဲ့ခြင်းသည် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က တစ်ဖက်သက်ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပယ်ခံပါတီဝင်တို့က ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပခုက္ကူမြို့နယ် NLD ပါတီကိုယ်စားပြုဝင်ရောက်မည့် အမတ်လောင်းများကို ကန့်ကွက်သည့် ဆန္ဒပြပွဲသို့ ပါတီဝင်များ ပါဝင်ခဲ့ခြင်းကြောင့် NLD ပါတီက၊ ပခုက္ကူခရိုင်၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစံဌေး၊ တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် မြို့နယ် အလုပ်အမှုဆောင်၊ ဦးဌေးမောင်နှင့် ခရိုင်ဘဏ္ဍာရေးမှူး ဦးသန်းဆွေတို့ အပါအဝင် ၁၀ဦးကို သြဂုတ်လ ၁၀ရက်က ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပယ် ခံရသူ မကွေးတိုင်းအောင်နိုင်ရေးအဖွဲ့ဝင်၊ ပခုက္ကူမြို့နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဦးဌေးမောင်က "၇ရက်နေ့ဖြစ်တယ်၊ ၉ရက်နေ့မှထုတ်တယ်၊ ဘယ်ဗဟိုကမှလာမစစ်ဘူး၊ ပခုက္ကူ တာဝန်ခံက အစီရင်ခံစာရေး တင်လို့ပြောတယ်။ ဘယ်သူကဘယ်လိုရေးပြီးတင်ခဲ့မှန်းလည်းမသိရဘူး၊ ဗဟိုက တစ်ဖက်သတ်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခဲ့တာ၊ ဆန္ဒပြတယ်လို့ ပြောတဲ့ထဲမှာ အထုတ်ခံရတဲ့ထဲက ၂ယောက်လောက်ပဲပါတာ" ဟု မဇ္ဈိမကိုပြောသည်။

အမတ်လောင်းရွေးချယ်မှုအပေါ် ကန့်ကွက်သည့်ဆန္ဒပြမှုတွင် ပါဝင်သည့် ပါတီဝင်များကို အရေးယူနိုင်ရန် သက်ဆိုင်ရာ ဒေသခံပါတီတာဝန်ခံကို အစီရင်ခံစာတင်စေပြီး ယင်းအပေါ်တွင်သာ ဗဟိုကဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

"ဒေသခံပါတီတာဝန်ခံကို အစီရင်ခံစာရေးခိုင်းတယ် အဲဒီအပေါ်မှာပဲဆုံးဖြတ်ခဲ့တာ။ အစီရင်ခံစာရေးတင်တာတော့ ဘယ်သူဆိုတာကို ကျွန်တော်မသိပါဘူး" ဟု ၎င်းကဆိုသည်။

ပခုက္ကူအမတ်လောင်းကိစ္စကြောင့် ထုတ်ပယ်ခံရသူများအရေးမှာ NLDက တစ်ဖက်သက် ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ဆန်ဆန် ကျင့်သုံးခဲ့ခြင်းမရှိကြောင်း ယင်း ၁၀ဦး ထုတ်ပယ်ခံရ၍ မိမိကိုယ်တိုင်နုတ်ထွက်ခဲ့သူ ၁၉၉၀ ပခုက္ကူ အမှတ် (၂) မဲဆန္ဒနယ် NLD အမတ်ဟောင်း ဒေါက်တာကြည်မင်းက မဇ္ဈိမကိုပြောသည်။

ဒေါက်တာကြည်မင်းက "နှစ်ဖက်ကအသံကို နားမထောင်ဘူး၊ အဲဒီအစီရင်ခံစာကို ဘယ်သူတင်လဲ ဆိုတာလည်း ကျွန်တော်သိတယ်။ ထုတ်ခံရတဲ့ထဲမှာ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ အလုပ်အမှုဆောင်တွေ ပါနေတာပဲ သူတို့အစီရင်ခံစာရေးတာ မဟုတ်ဘူး။ ဗဟိုကလည်း အစီရင်ခံစာတင်သူကို ဘယ်သူဆိုတာမပြောတဲ့အပြင်၊ ဗဟိုကိုယ်တိုင်လည်း လာမစစ်ဘူး" ဟု ဆိုသည်။

ကန့်ကွက်ခံရသည့် အမတ်လောင်းဖြစ်သူ ဦးပိုက်ကို(လက်ရှိပြည်သူ့လွှတ်တော်အမတ်) ကို မဇ္ဈိမက ၎င်းကိုင်ဆောင်သည့် ဖုန်းနံပါတ် ၀၉၄၇… သို့ ဆက်သွယ်မေးမြန်းရာ လွှတ်တော်သွားရောက်နေသဖြင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။

NLD ပါတီသည် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို မဲဆန္ဒနယ်ပေါင်း ၁၁၃၈ နေရာထိဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် အတိုက်အခံပါတီတစ်ခုလည်းဖြစ်သည်။


.. https://www.facebook.com/MyanmarExpress
 

ဘုတ်ပြင်း NLD အကွဲအပြဲ

From : .. http://myanmarheadline.blogspot.com

ဘုတ်ပြင်းမြို့ NlD ပါတီစတည်ထောင်ကတည်းက ဒေါ်စန္ဒာသွင် ဆိုသူအမျိုးသမီးဟာ ကိုယ်ကျိုးမဖက် အလုပ်ပါတီအလုပ်အင်မတန်လုပ်တဲ့သူပါ
မြို့ရဲ့တဦးတည်းသောnld အမျိုးသမီးတဦးပါ
ပညာရည်ချင်း ဆေးစစ်ချက် တခုမှမယွင်းခဲ့ပါ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုမှ လျှို့ဝှက်သတင်းများ
ဗဟိုချမှတ်စည်းကမ်း များကိုလည်း မသွေမတိမ်း လိုက်နာသူပါ
ခရိုင်အဖွဲ့ကတောင် လေးစားရတဲ့အမ်ျုးသမီးတဦးပါ
မဲစားရင်းကိစ္စ စည်းရုံးရေးကိစ္စ ခေါင်းဆောင်လုပ်ပြီး ရေသာခိုစိတ်မရှိ တရွာတက်တရွာဆင်း စည်းရုံးရေးဆင်းနေရသူပါ
မိမိကိုယ်ပိုင် အရောင်းဝယ်စီးပွားရေးကိုစွန့်လွှတ်ပီး ပြည်သူကောင်းကြိုးအတွက်လုပ်နေသူကိုတောင် လွှတ်တော်ကိုယ်စားလှယ် မရွေးချယ်မူ့အပေါ် မခံရပ်နိုင်လို့တင်ပြပေးခြင်းဖြစ်ပါတယ်
တိုင်းမှရွေးချယ်လိုက်သောကိုယ်စားလှယ်များအကြောင်းကိုတော့ ရွံလွန်းလို့မပြောချင်တော့ပါဘူး
ပါတီအတွင်းသေအောငါလုပ်တဲ့သူကို ချန်ခဲ့ပီး ယခုလွှတ်တော်ရွေးပွဲကျမှ ကဗျာကယာ ဝင်ရွေးခံသူတွေပါလာတော့ ခံပြင်းလွန်းလို့ပါ
ဗဟိုအထိ လက်မှတ်များနဲ့တကွတင်ပြသော်လည်း ပယ်ချခံခဲ့ရပါတယ်
ဒါကြောင့် ပြည်သူတယောက်နေနဲ့ များသိစေရန်တင်ပြပေးလိုက်တာပါ






.. https://www.facebook.com/MyanmarExpress
 

အလုံမြို့ NLD အကွဲအပြဲ

From : ..စိုးထွန်း

အလုံမြို့နယ်အတွက် NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါက်တာမြင့်ဦးကို CEC က ရွေးထားပြီးမှ CEC မှပဲ AAPP နဲ့ ထိတွေ့ ဆက်ဆံဖူးတာကြောင့် တရားဝင် အဖွဲ့အစည်း မဟုတ်လို့ NLD က ပယ်တယ် (NLD က AAPP ကို အသိအမှတ် မပြုတာကို ရှုတ်ချတဲ့သဘော သက်ရောက်)၊ NLD ဟာ ရွေးကော်က ဆောင်ရွက်ရမယ့် ကိစ္စကို ကြားပွဲစား လုပ်နေသလားလို့ SS စတေ့တပ်စ်မှာ ရေးသားထားတာဟာ စိတ်ခံစားမှု ဦးစားပေးလွန်းတယ်လို့ ယူဆပါတယ်။

CEC က ရွေးထားပြီးမှ ဘာလို့ ပြန် နှုတ်ထွက်ဖို့ ပြောရသလဲဆိုတာ သူ့ရဲ့ စာမှာ အကြောင်းပြချက် ပါပြီးသားပါ။

စစ်အုပ်စု ဘယ်လောက် ယုတ်မာ ညစ်ပတ်သလဲဆိုတာ အားလုံးအသိ။

ရွေးကော်က စိတ်ကြိုက် ရေးဆွဲထားတဲ့ သားရေကြိုး ကန့်သတ်ချက်တွေကို တရားဝင် အသိအမှတ် မပြုချင်တာက သပ်သပ်၊ ကိုယ့်ဘက်က ကြိုတင် ကာကွယ်ထားရမှာက သပ်သပ်ပါ။

ဒေါက်တာမြင့်ဦး ကိစ္စ ... မနှုတ်ထွက်စေဘဲ ဝင်ပြိုင်ခိုင်းပါပြီတဲ့။ နိုင်ပြီးမှ ရွေးကော် ဥပဒေနဲ့ ညှိ့လို့ အပယ်ခံလိုက်ရင် ဘာလုပ်နိုင်မလဲ။

လူအစားထိုးခွင့် မရှိ တစ်နေရာ ဆုံးပြီ။

အငြင်းပွားဖွယ်ရာ ကိစ္စဖြစ်လာရင် ရွေးကော်ရဲ့ ဆုံးဖြတ်ချက်သာ အတည် ဖြစ်တယ်ဆိုတာ မမေ့ကြပါနဲ့။

ဒါကြောင့် ဒေါက်တာမြင့်ဦး ကိစ္စမှာ NLD ဆုံးဖြတ်ချက် မှားလား၊ စဉ်းစားကြည့်ပါ။ ဒီလို ကိစ္စရပ်တွေ အများကြီး ရှိနိုင်ပါတယ်။

နောက်ပြီး AAPP ကို NLD က အသိအမှတ် ပြုတာ မပြုတာထက် ရွေးကော်ရဲ့ ညစ်ပတ်ခြင်း မခံရအောင် ကြိုတင် ကာကွယ်နေရတာကို နားလည်သင့်တယ်။

ဒီလို အကြောင်းပြချက် ပါပြီးသား ကိစ္စမျိုးကို အွန်လိုင်းပေါ် တင်လိုက်တော့ ဘယ်သူ့အတွက် အကျိုး ရှိသလဲ၊ စစ်အုပ်စုပဲ အကျိုးရှိသွားပြီး ကျွန်တော်တို့တတွေပဲ နစ်နာကြရတာ။

NLD က AAPP ကို အသိအမှတ် မပြု ခွဲခြား ဆက်ဆံသလို သဘော သက်ရောက်စေပြီး စစ်အုပ်စုရဲ့ အညစ်တစ်ထောင် ကန့်သတ်ချက်ကို တရားဝင် အသိအမှတ် ပြုပေးနေသလို ထင်သွားစေတယ်။

NLD ဟာ ညစ်ပတ်မှုတွေ ရှိနိုင်တဲ့ ကစားပွဲကို သတိရှိရှိနဲ့ စွန့်စားကာ ကြိုးစား ဝင်ပြိုင် နေရတာကို သတိရှိကြပါ။

ကျွန်တော်တို့ စိတ်မကောင်းခဲ့ကြရတဲ့ ကိုယ်စားလှယ် မရွေးတဲ့ ကိစ္စတွေ အပါအဝင် တခြားသော အငြင်းပွားဖွယ် ကိုယ်စားလှယ် ရွေးတဲ့ ကိစ္စတွေကို NLD အနေနဲ့ ဘာကြောင့် တရားဝင် မပြောကြသလဲ စဉ်းစားကြည့်ပါ ... အဲ့လို အကြောင်းတွေကြောင့် မပြောကြတာလို့ ယူဆမိပါတယ်။

NLD အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ကိုယ်စားလှယ်လောင်း 1138 ယောက် ရွေးချယ်ခဲ့ရာမှာ ရွေးကော်ရဲ့ ကန့်သတ်ချက်ကြောင့် မရွေးခဲ့တဲ့ ပါတီဝင်တွေနဲ့ အခြားသော အကြောင်းအရာတွေကြောင့် ချန်ထားတာ ဘယ်နှစ်ယောက် ရှိသလဲ၊ ရာခိုင်နှုန်းနဲ့ စဉ်းစားကြည့်ပါ။

10% ဆိုရင်တောင် အယောက် 114 ယောက်သာ ရှိပါတယ်။ အဲ့လောက် အရေအတွက် ကြားမိသလား။

အငြင်းပွားဖွယ် ကြားမိတဲ့ အရေအတွက်ထဲမှာမှ တကယ် မှားယွင်းစွာ ရွေးချယ်မိတာ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ရာခိုင်နှုန်းနဲ့ဆို အင်မတန်ကိုမှ နည်းပါးလှမယ်ဆိုတာ စဉ်းစားလို့ ရပါတယ်။

ယခုလို ရွေးကောက်ပွဲ နီးလာလေ NLD ကို နည်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေ များလာချိန်မှာ ကျွန်တော်တို့ အားလုံး စိတ်ခံစားမှုကို ရှေ့တန်း မတင်ကြစေချင်ပါဘူး။

အရှည်ကို မျှော်တွေးကြပါ ... ကိုယ့်တပ် ကိုယ်ချမနင်းမိအောင် စဉ်းစား ချင့်ချိန်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။


.. https://www.facebook.com/MyanmarExpress
 

တောင်ဥက္ကလာပမြို့နယ် NLD ပါတီ အတွင်းရေးမှူး အပါအဝင် ပါတီဝင်အချို့ နုတ်ထွက်စာတင်

From : ..The Voice Weekly

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တောင်ဥက္ကလာပမြို့နယ် အတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်မှုကို မကျေနပ်သောကြောင့် ယင်းမြို့နယ် ပါတီအတွင်းရေးမှူး အပါအဝင် ပါတီဝင်အချို့ နုတ်ထွက်စာတင်လိုက်ကြောင်း NLD ပါတီမှ အဆိုပါ မြို့နယ်အတွင်းရေးမှူး ဦးကိုအောင်က ပြောကြားသည်။
ယင်းသို့ နုတ်ထွက်သူများတွင် မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များ၊ ဘဏ္ဍာငွေရှာဖွေရေး အဖွဲ့ဝင်၊ ပြန်ကြားရေးအဖွဲ့ဝင် စုစုပေါင်း ၂၀ ကျော် ပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ NLD ပါတီ နုတ်ထွက်သူများသည် သြဂုတ်လ ၁၆ ရက်နေ့တွင် နုတ်ထွက်စာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ပြိုင်ဘက်ပါတီများမှ ကိုယ်စားလှယ်များအား ယှဉ်ပြိုင်နိုင်ရန် အရည်အချင်း မရှိခြင်းကြောင့် အောင်နိုင်ရေး လုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ပြီး ယင်းကိုယ်စားလှယ်များအတွက် ပြည်သူများကို အာမခံပေးလိုခြင်း မရှိသောကြောင့် နုတ်ထွက်ခြင်း ဖြစ်ကြောင်း NLD ပါတီက နုတ်ထွက်ခဲ့သူ တောင်ဥက္ကလာပမြို့နယ် NLD ပါတီ အတွင်းရေးမှူးနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ ဦးအောင်ကိုက ဆိုသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုကို မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များက မဲစနစ်ဖြင့် ရွေးချယ်ခဲ့သော်လည်း မြို့နယ်က ရွေးချယ်ပေးထားသူများကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီက ချန်လှပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးကိုကိုကြီး (လျာထားသူ) နှင့် ဒေါ်ခိုင်ဝတ်ရည် (အရန်) တို့ကို ရွေးချယ်ခဲ့သော်လည်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒေါက်တာစောနိုင်နှင့် အစားထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ ရွေးချယ်မှုကို မကျေနပ်သောကြောင့် သြဂုတ်လ (၃) ရက်နေ့တွင် စာရေးသား ပေးပို့မေးမြန်းခဲ့သော်လည်း ခေါ်ယူမေမြန်းခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး NLD တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာစောနိုင်ထံ ဖုန်းဆက်မေးမြန်းရာ “ကျွန်တော်က ရွေးချယ်ခံထားရပါတယ်။ ဒါပေမဲ့ ကျွန်တော်က မြို့နယ်အလုပ်အမှုဆောင်ထဲမှာလည်း ပါတယ်၊ နုတ်ထွက်မယ်လို့တော့ ဟိုတစ်နေ့က အောင်နိုင်ရေး အစည်းအဝေးမှာ ပြောပါတယ်၊ အဲ့လောက်ပဲ ကျွန်တော်သိပါတယ်၊ ဗဟိုက သတ်မှတ်ထားတဲ့ စံနှုန်းနဲ့အညီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားတာပါ၊ နုတ်ထွက်တာ မထွက်တာတော့ ကျွန်တော် မပြောချင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။
ယင်းတောင်ဥက္ကလာပမြို့နယ် NLD ပါတီ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၂၀ ကျော် နုတ်ထွက်သည့် ကိစ္စကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနှင့် သိရှိထားခြင်း မရှိသေးကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောကြားသည်။
အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ရွေးချယ်ထုတ်ပြန်ပြီးနောက်တွင် မြို့နယ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များက ရွေးချယ်တင်သွင်းသော ကိုယ်စားလှယ်လောင်းများ ပါဝင်ခြင်း မရှိသောကြောင့် အောက်ခြေပါတီဝင်အချို့က ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ ကန့်ကွက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ်အဆင့် ပါတီနာယက အပါအဝင် ပါတီဝင်ခြောက်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ထုတ်ပယ်ကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ယင်းနောက် ဗဟိုအောင်နိုင်ရေးအဖွဲ့က ရွေးချယ်သော ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မကျေနပ်သောကြောင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သော ပခုက္ကူ မြို့နယ်အဆင့် ပါတီဝင်အချို့ကိုလည်း သြဂုတ်လ ၁၀ ရက်နေ့တွင် NLD ပါတီ (ဗဟို) က ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။


.. https://www.facebook.com/MyanmarExpress
 

“ပါတီဌာနချုပ်ကို ဗုံးခွင်းကြ”

From : ..- ကျော်ကြီး(MDY)

ဒီဆောင်းပါးခေါင်းစဉ်လေးက ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာလူထုစိန်ဝင်းရဲ့
မရေးဖြစ်ခဲ့တဲ့ဆောင်းပါးလေးပါ။ ဆရာမကွယ်လွန်ခင်အချိန်တုန်းက
မိတ်ဆွေဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်ကို “ကိုဝင်းတင်ရေ … မော်စီတုန်း
ပြောသလိုပဲ (Bombard the Headquarters) NLD ဌာနချုပ် ဗုံးခွင်း မှ
ဖြစ်တော့မယ် ထင်တယ်၊ ကျွန်တော်တော့ ဆောင်းပါး ရေးတော့မယ်ဗျာ၊ ဒီတိုင်းဆို NLD မြေလျှိုးလိမ့်မဗျို့၊ မိုးပျံလမ်း မမြင်တော့ဘူး”ဆိုပြီးပြောတော့
ဦးဝင်းတင်က ခဏနေပါအုံး စောင့်ကြည့်ပါအုံးဗျာလို့တားခဲ့ရာက
မရေးဖြစ်ခဲ့တဲ့ဆောင်းပါးလေးဖြစ်ပါတယ်။ ဒီအကြောင်းကို ဦးဝင်းတင်ရဲ့
''ကိုစိန်ဝင်း မရေးဖြစ်တဲ့ ဆောင်းပါး'' ထဲမှာဖတ်ရလို့သိရှိရပါတယ်။
ယနေ့အချိန်မှာ NLD ပါတီမှာ ဂိုဏ်းဂဏတွေ ကွဲနေမှု အချင်းချင်း ကတ္တီပါ
လက်သီးပုန်းတွေ “ကစ်” နေပြီး ဗဟိုအလုပ်မှုဆောင်တွေရဲ့ အောက်ခြေကို
ထည့်မတွက် ထင်ရာစိုင်းလုပ်နေတဲ့အချိန်မှာ ဆရာလူထုစိန်ဝင်းကို
ပြေးသတိရမိပါတယ်။ ဆရာသာရှိရင် ဘယ်လိုများပြောမလဲ ဘယ်လိုများ
ဝေဖန်သုံးသပ်မလဲဆိုတာ နားထောင်ချင်နေမိတယ်။ တိုင်းပြည်နဲ့
ပြည်သူမျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှမထောက်ခဲ့ပဲ
ရဲရဲဝံ့ဝံ့ဝေဖန်ပြောဆိုရဲတဲ့သူဟာ ဒီနေ့တိုင်းပြည်မှာ
လက်ချိုးရေလို့ရတဲ့အနေအထားမှာ ဆရာလူထုစိန်ဝင်း၊ ဆရာကြီး ဦးဝင်းတင်လို ဆရာသမားများကို တမ်းတမိတာအမှန်ပါပဲ။
ယနေ့ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်များရဲ့လုပ်ဆောင်မှုတွေဟာ
အောက်ခြေပါတီဝင်များနဲ့ လူထုတွေရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုပြီး
ဒီမိုကရေစီနည်းမကျ အာဏာရှင်ဆန်ဆန် လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။
အနီးစပ်ဆုံးကိစ္စတစ်ခုဖြစ်တဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက်
လွတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကိုကြည့်တာနဲ့ NLD
ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ဆောင်မှုအမှားများ
ကိုထင်ရှားစွာတွေ့မြင်ရမှာပါ။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ
အောက်ခြေပါတီဝင်တွေထောက်ခံတဲ့ ၊ ပြည်သူအများစုကြိုက်တဲ့
ပုဂ္ဂိုလ်များမပါဝင်ပဲ မိမိတို့နဲ့ နီးစပ်ရာ ပနာသင့်ရာတွေကိုပဲ
အာဏာရှင်ဆန်စွာရွေးချယ်ခဲ့တဲ့အတွက် ပါတီအတွင်း လူထုအတွင်း
ဝေဖန်သံတွေဆူညံသွားခဲ့ပါတယ်။
ပခုက္ကူမြို့ နဲ့ ရန်ကုန်လှည်းကူးမှာဆိုရင် ဗဟိုကရွေးချယ်ပေးတဲ့
ကိုယ်စာလှယ်လောင်းတွေကို ကျေနပ်မှုမရှိတဲ့အတွက် ပါတီဝင်တွေဟာ
ဆန္ဒပြတဲ့အထိဖြစ်ပွားခဲ့ပါတယ်။ အခြားမြို့နယ်အများစုမှာလဲ
ကျေနပ်မှုမရှိတဲ့အသံတွေ ပါတီဝင်တွေနှုတ်ထွက်ကြတဲ့အသံတွေကို
ဆူညံစွာကြားနေရပါတယ်။ ဒီလိုပြည်သူတွေက ဒီမိုကရေစီနည်းကျစွာ တောင်းဆိုမှုဝေဖန်မှု ပြုကြပေမယ့်လည်း ပြန်လည်ပြင်ဆင်မှုမလုပ်နိုင်ဘူးလို့
အာဏာရှင်ဆန်စွာဆုံးဖြတ်ခဲ့တာကိုလည်း အံ့အားသင့်စွာကြားသိရပါတယ်။
ဒီနေရာမှာကိုယ်စားလှယ်များကို ရွေးချယ်ခဲ့တဲ့ ပါတီခေါင်းဆောင်များကို
ပါတီဝင်တွေကိုယ်စား ပြည်သူတွေကိုယ်စား မေးခွန်းထုတ်စရာတွေ ပေါ်လာမိပါတယ်။ NLD ပါတီ စီအီးစီတွေအနေနဲ့ လွတ်တော်ကိုယ်စားလှယ်ရွေးချယ်မှုနဲ့ပတ်သတ်ပြီး
ပါတီဝင်များနဲ့ ပြည်သူများရဲ့ ဆန္ဒကို ဘာကြောင့် မျက်ကွယ်ပြုခဲ့ရပါသလဲ။
ကျွန်တော်ဟာ NLD ကိုထောက်ခံတဲ့ သာမာန်ပြည်သူတယောက်ပါ။ နိုင်ငံရေးသုတေသနပညာရှင်မဟုတ်တဲ့အတွက် ပြည်သူတယောက်အမြင်နဲ့ပြောဆိုတယ်ဆိုတာကိုတော့ ကြိုပြောပါရစေ။
လွတ်တော်ကိုယ်စားလှယ်များရွေးချယ်မှုနဲ့ပတ်သတ်ပြီး
တစ်ချက်လေးပဲနှိုင်းယှဉ်မေးခွန်းထုတ်ပါရစေ။ ပြီးခဲ့တဲ့နှစ်က နေပြည်တော်ကပုဗ္ဗသီရီ မြို့နယ်ရောက်တော့ ဒေသခံအချို့နဲ့ စကားစပ်မိကြရင်းနဲ့သူတို့ရဲ့ရွေးချယ်တင်မြှောက်ခဲ့တဲ့ NLD လွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ကိုဖြိုးဇေယျာသော်အကြောင်း ပြောသံကိုနားထောင်ခဲ့ရပါတယ်။ သူတို့အနေနဲ့
သူတို့လွတ်တော်ကိုယ်စားလှယ်ရဲ့ စွမ်းဆောင်မှုနဲ့ပတ်သတ်ပြီး
ကျေနပ်အားရမှု မရှိကြပါဘူး။ မဲဆွယ်တုန်းကသာလာရောက်ပြီး
ကိုယ်စားလှယ်ဖြစ်သွားတဲ့နောက်ပိုင်း လာရောက်မှု၊
မဲဆန္ဒရှင်ပြည်သူတွေနဲ့တွေ့ဆုံမှု လိုအပ်ချက်များကို မေးမြန်း
ဖြည့်ဆည်းပေးမှုဟာ မရှိသလောက်နည်းပါးတယ် ဆိုတဲ့အကြောင်း
လွတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ဒေါ်ဆောင်ဆန်းစုကြည်ရဲ့နောက်က
လိုက်နေတာနဲ့ အချိန်ကုန်နေတဲ့အကြောင်း ဝေဖန်ပြောဆိုသံများကို
ကိုယ်တိုင်ကြားသိခဲ့ရပါတယ်။
သူတို့တွေရဲ့ပြောဆိုမှုများဟာ မှန်ကန်မှုရှိမရှိဆိုတာပြီးခဲ့သော
ကြားဖြတ်ရွေးကောက်ပွဲမှ ယနေ့ထိ ကိုဖြိုးဇေယျာသော်ရဲ့
လွတ်တော်အတွင်းစွမ်းဆောင်မှုများ ဘယ်လောက်ရှိခဲ့သလဲဆိုတာနဲ့
ချိန်ထိုးကြည့်ရင် သိရမှာဖြစ်ပါတယ်။
ဒီလိုစွမ်းဆောင်မှုအားနည်းသောကိုယ်စားလှယ်များ ပါတီအတွင်း နာမည်ပျက်ရှိသောလွှတ်တော်ကိုယ်စားလှယ်များကိုကြ ရွေးချယ်ခဲ့ကြပြီး
အလုပ်လုပ်နိုင်မှုစွမ်းရည်ကောင်းမွန်သဖြင့် နာမည်ကောင်းရရှိနေသူ
လူထုထောက်ခံမှု ပါတီဝင်တွေရဲ့ထောက်ခံမှုအပြည့်အ၀ရရှိထားသူ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းလိုပုဂ္ဂိုလ်မျိုးကြတော့ ဘာလို့ ပြန်လည်မရွေးချယ်ခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာ သံသရဖြစ်စရာ တွေ့မြင်ရပါတယ်။
ဒေါက်တာဒေါ်ညိုညိုသင်းဟာ ပြီးခဲ့တဲ့ လွတ်တော်သက်တမ်းတလျောက်မှာ ပါတီအတွက် ပြည်သူအတွက် တာဝန်ကျေပွန်တဲ့ကိုယ်စားလှယ်
တစ်ရောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ထို့ကြောင့်ပါတီဝင်တွေရဲ့ထောက်ခံမှု
လူထုရဲ့ထောက်ခံမှုကို ယနေ့ထိတိုင် အပြည့်အ၀ ရယူနိုင်ခဲ့သူတဦးဖြစ်ပါတယ်။
ဒီလိုပါတီရဲ့ပုံရိပ်ကိုကောင်းမွန်စေခဲ့သူ တစ်ဦး၊
လူထုထောက်ခံမှုအပြည့်အ၀ရရှိသူတစ်ဦးကို
ဘာ့ကြောင့်ပြန်လည်မရွေးချယ်ခဲ့တာလဲ။ ဒေါက်တာဒေါ်ညိုညိုသင်းကိုယ်တိုင်က မိမိဟာ ကိုယ်စားလှယ်အရည်အချင်းသတ်မှတ်မှု ၄ ချက်စလုံးနဲ့ ကိုက်ညီပေမယ့်
မရွေးချယ်ခဲ့သည့်အပေါ် ခေါင်းဆောင်များကိုမေးမြန်းခဲ့ပေမယ့်
ယနေ့ထိဘာကြောင့်မှန်းဆိုတာ မသိရဘူးလို ပြောကြားပါတယ်။
နောက်တစ်ယောက်ကတော့ ၈၈ အဖွဲ့အစည်းမှ ဦးကိုကိုကြီးဟာ လူထုကြားမှာ ပုံရိပ်ကောင်းမွန်ပြီး မိမိပါတီအတွက် ၀န်းရံအင်အားဖြည့်ဖို့အတွက် ၀င်လာတာကို ဘာကြောင့်မရွေးချယ်ခဲ့တာလဲ။ ဒီလိုမျိုးမရွေးချယ်ခဲ့တဲ့အတွက် NLD နဲ့ ၈၈ ကြားဆက်ဆံရေးမှာ အက်ကြောင်းဖြစ်ပေါ်သွားခဲ့ရတယ်ဆိုတာ
ပြောပြဖို့လိုမယ်မထင်ပါဘူး။
NLD ပါတီခေါင်းဆောင် စီအီးစီများဟာ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး မည်သည့်စံနှုန်းများနဲ့ ရွေးချယ်သလဲဆိုတာ ပါတီဝင်များရော လူထုကပါ သိရှိနေချင်ကြပါတယ်။ မှုဝါဒနဲ့ လုပ်ဆောင်ချက်တွေဟာ မကိုက်ညီတာ တွေ့မြင်နေရပါတယ်။ ဒေါက်တာဒေါ်ညိုညိုသင်းကို မြို့နယ်အဆင့် တိုင်းအဆင့်က ထောက်ခံတင်ပေးလိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်
ပုဂ္ဂိုလ်ရေးရင်းနှီးကျွမ်းဝင်သည့် CEC နှစ်ဦးကကန့်ကွက်ခဲ့လို့
ပယ်ချခဲ့တယ်လို့ ဒေါက်တာညိုညိုသင်းက ကိုယ်တိုင်ကပြောကြားခဲ့တာကို
စိတ်မကောင်းစွာ ကြားသိရပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင် CEC တွေ့ရဲ့ဆောင်ရွက်မှုတွေဟာ
အောက်ခြေပါတီဝင်တွေရဲ့ သဘောဆန္ဒနဲ့ ထပ်တူမကျဖြစ်နေတာကြာပါပြီ။
ပါတီဝင်တွေဟာ ဗဟိုဦးစီးစနစ်ကို မကြိုက်နှစ်သက်ကြပါဘူး။
ဒီမိုကရေစီပါတီတစ်ခုက အာဏာရှင်စနှစ်ဆန်နေသော လုပ်ရပ်တွေကို
မနှစ်မြို့ကြပါဘူး။ ဒါကို ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်ဆောင်ဆန်းစုကြည်အနေနဲ့
သတိထား ပြုပြင်သင့်တယ်လို့မြင်မိပါတယ်။ မိမိဘေးရှိ
စီအီးစီတွေရဲ့ပြောစကားပဲ နားယောင်မနေပဲ အောက်ခြေပါတီဝင်များရဲ့
သဘောဆန္ဒများကိုလည်း အလေးထားသင့်ပါတယ်။ ငါတကောမကောပဲ အပေါ်နဲ့အောက် အပြန်အလှန်လေးစားမှု ထားသင့်ပါတယ်။ ယနေ့ စီအီးစီတွေကိုယ်တိုင်ဟာ ပါတီဝင်တွေရဲ့ ဒီမိုကရေစီနည်းလမ်းတစ်ကျ ရွေးကောက်တင်မြှောက်ထားတာ မဟုတ်ပါဘူး။ ထို့အတွက်ကြောင့် ဒီမိုကရေစီနည်းကျ ပြန်လည်ရွေးကောက်တင်မြှောက်မှု အမြန်ဆုံး ပြုလုပ်သင့်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိပ်ပိုင်းခေါင်းဆောင်များထဲမှာ
နောက်ကျောဓားနဲ့ထိုးမယ့်သူ ပူးသတ်မည့်သူများ ပါဝင်နေသလားဆိုတာ
ဆန်းစစ်သင့်တဲ့ အချိန်ရောက်နေပါပြီ။ သို့မဟုတ်ပါက
ဆရာလူထုစိန်ဝင်းပြောခဲ့သလို ပါတီဟာ မိုးမပျံပဲ မြေလျိုးသွားပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာက NLD ဗဟို အလုပ်အမှုဆောင်များအနေနဲ့
ပါတီဝင်များနှင့် ပြည်သူသဘောဆန္ဒများကို မျက်ကွယ်ပြုပြီး
လွတ်တော်ကိုယ်စားလှယ်ရွေးချယ်မှုနဲ့ပတ်သတ်ပြီး ပါတီခေါင်းဆောင်များအနေနဲ့ မှန်ကန်တယ်လို့ ယူဆပါက လူထုကို လာမယ့်ရွေးကောက်ပွဲ မှာ အောင်မြင်မှုရရှိဖို့အတွက် တာဝန်ခံကြောင်း ကြိုတင်တရားဝင်ပြောဆို အာမခံသင့်ပါတယ်။ တခုခုချွတ်ချော်မှု လွဲချော်မှုဖြစ်ခဲ့ပါက ပါတီသာမက နောက်ကွယ်က ပြည်သူတွေပါ နစ်နာမယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ၂၀၁၅
ရွေးကောက်ပွဲမှာ ထွက်ပေါ်လာသည့်ရလဒ်အပေါ် မည်သို့တာဝန်ခံမည်ဆိုတဲ့အကြောင်းကို ဗဟိုအလုပ်အမှုဆောင် စီအီးစီများအနေနဲ့ ပြည်သူကို ကြိုတင်တရားဝင်အသိပေးသင့်ကြောင်း ပါတီနဲ့ ပြည်သူအတွက် စေတနာရှေ့ထား ရေးသားလိုက်ရပါတယ်။


.. https://www.facebook.com/MyanmarExpress
 

ကျနော်တို့ဆီက ခိုးသွားတဲ့ ဒေါင်းအလံကို ပြန်ပေးပါ NLD။ပါတီဝင်များထုတ်ပယ်ခြင်းမှာ အမှိုက်များ ရှင်းလင်းခြင်းသာဖြစ်ဟု ဦးဝင်းထိန်ဆို

From : ..the voice

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးခြင်းအပေါ် မကျေနပ်သဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်အချို့ကို ထုတ်ပယ်ခဲ့ ခြင်းသည် အမှိုက်များ ရှင်းလင်းခဲ့ခြင်းသာ ဖြစ်ကြောင်း ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးဝင်းထိန်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ပါတီဝင်များက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက The Voice သို့ ပြောဆိုခြင်း ဖြစ်သည်။

ယင်းသို့ ထုတ်ပယ်ခံခဲ့သူများသည် NLD ပါတီ၏ လုပ်ဆောင်နေမှုများကို အမြဲလိုလို အဖျက်အမှောင့်များ ပြုလုပ်နေခဲ့သူများ ဖြစ်ပြီး ယခု ဆန္ဒထုတ်ဖော်မှုများတွင် သက်သေ အခိုင်အမာ တွေ့ရှိရသောကြောင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။

“အဲဒီလိုအမှိုက်တွေ ရှာနေတာ အခုမှ တွေ့လို့ ပါတီပုံရိပ်နဲ့ ဘာမှမဆိုင်ဘူး၊ ပါတီ အကွဲအပြဲနဲ့ ဘာမှမဆိုင်ဘူး၊ ပါတီမှာ လာရှုပ်နေတဲ့ အမှိုက်တွေ” ဟု ၎င်းကဆိုသည်။

ပါတီဝင်အင်အား ငါးသန်းခန့် ရှိသည့် NLD အနေနှင့် အဆိုပါအဖွဲ့ဝင်များကို ထုတ်ပယ်လိုက်ခြင်း အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စကို ထိခိုက်စေမည်မဟုတ် ကြောင်းလည်း ဦးဝင်းထိန်က ထပ်လောင်း ပြောဆိုသည်။

ပါတီအပေါ် မကျေနပ်မှုဖြင့် ဆန္ဒထုတ် ဖော်ခဲ့သည့် ပခုက္ကူခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ရပ်ကျေးအဖွဲ့ဝင်များနှင့် လှည်းကူးမြို့နယ်မှ အဖွဲ့ဝင်များ စုစုပေါင်း ၃၄ ဦးကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ထုတ်ပယ်ရာတွင် မည်သည့် ပုံစံဖြင့် အရေးယူခဲ့သည်ကို မသိရသည့်အပြင် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခြင်း မရှိသူများလည်း ထုတ်ပယ်ခံရမှုတွင် ပါဝင်နေကြောင်း ပခုက္ကူမြို့နယ် NLD အဖွဲ့ဝင်များထံမှ သိရသည်။

“အမှုဖြစ်ရင်တောင်မှ တရားလိုရယ်၊ တရားခံရယ် တရားသူကြီးရှေ့မှောက်မှာ စစ်ဆေးရသေးတာပဲ။ အခုဟာက ဘယ်သူကမှ မစစ်ဆေးဘဲ ဗဟိုကနေ ထုတ်လိုက်တာ” ဟု ရပ်ကျေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်မြင့်အေးက ဆိုသည်။

ဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်တွင် ပါဝင်ခြင်း မရှိဘဲ အရေးယူခြင်းမှာ ဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးမှုမရှိဘဲ ဗဟိုအလုပ်မှုဆောင် အဖွဲ့က တိုက်ရိုက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဒီမိုကရေစီ နည်းလမ်းမကျကြောင်း ပခုက္ကူခရိုင်အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးစံဌေးက ဆိုသည်။

ယင်းသို့ ထုတ်ပယ်ခံရမှုအတွက် တစ်စုံတရာ ပြန်လည်တုံ့ပြန် မည်မဟုတ် သော်လည်း ဗဟိုအလုပ်မှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ပါတီအတွင်း မကျေနပ်မှုများ ဖြစ်ပေါ်နေပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံအမတ် အပါအဝင် ပါတီအမာခံ ပုဂ္ဂိုလ်အချို့လည်း ထပ်မံ နုတ်ထွက်ခဲ့ကြောင်း ၎င်းကဆိုသည်။

သို့သော် အရေးယူရာတွင် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိဟု ဆိုသည့်အပေါ် ဦးဝင်းထိန်က ငြင်းဆိုခဲ့ပြီး မြို့နယ်အဆင့်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဓာတ်ပုံအထောက်အထား ရှိတယ်၊ အဲဒီက ထုတ်ပြန်ချက် (Statement) တွေရှိတယ်။ ကျွန်တော်တို့က ရမ်းမလုပ်ပါဘူး။ အဲဒီကလူတွေကို ဓာတ်ပုံရိုက်တာ၊ နာမည်တွေ ဖော်ပြတာ အကုန်လုံးက မှတ်တမ်းက အပြည့်အစုံရှိတယ်၊ ရမ်းမလုပ်ဘူး” ဟု ၎င်းကဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် NLD မှ ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုနှင့် ပတ်သက်၍ ပါတီ တွင်း အမြင်မတူမှုများ ဖြစ်ပေါ်နေ သည့်အပြင် ပြည်သူအချို့ကလည်း ဝေဖန် လျက်ရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပါတီနာယက အပါအဝင် ပါတီဝင်ခြောက်ဦး ကိုလည်း ပါတီ မူဝါဒများ ချိုးဖောက်သည်ဟု ဆိုကာ သြဂုတ်လ ၁၁ ရက်နေ့က ထပ်မံထုတ်ပယ်ခဲ့သည်။
 

.. https://www.facebook.com/MyanmarExpress
 

မိတ္ထီလာ NLD ပါတီခေါင်းဆောင် ၆ ဦး ထုတ်ပယ်ခံရ

From : ..RFA

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအပါအ၀င် ခေါင်းဆောင် ၆ ဦးကို ပါတီဝင်အဖြစ်ကနေ ပါတီဗဟိုက ထုတ်ပယ်လိုက်ပါတယ်။
-
မိတ္ထီလာမြို့နယ်မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် အန်အယ်လ်ဒီပါတီဗဟိုက ရွေးချယ်မပေးထားသူတစ်ယောက် ရဲ့ အောင်နိုင်ရေးကို လုပ်ဆောင်နေသူတွေဖြစ်တာကြောင့် အရေးယူလိုက်တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။
-
"အဓိကကတော့ ကိုယ်စားလှယ်လောင်း ကျနော်တို့ဆီမှာ ဝင်လျှောက်တယ်ခင်ဗျ၊ ဒါပေမဲ့ ကျနော်တို့မရွေးဘူး၊ မရွေးတဲ့အတွက် အဲ့လူက တစ်သီးပုဂ္ဂလ ဝင်အရွေးခံမယ်လို့လုပ်တယ်၊ သူ့အနေနဲ့ ပြင်ပလူမို့ လုပ်တာမဆန်းပေ မဲ့ အဖွဲ့ထဲကလူတွေကပါ အဲ့ဒါကို အားပေးအားမြှောက် လုပ်တယ်ဆိုတာကတော့ ပါတီမျက်နှာမထောက်တဲ့ သဘောရှိတယ်၊ ပါတီစည်းကမ်းချိုးဖောက်တဲ့ သဘောလည်းရှိတယ်လေ၊ အဲ့ဒါကြောင့်မို့ အရေးယူလိုက်တာပါ"
-
မိတ္ထီလာမြို့နယ်ပါတီနာယက ဦးသိန်းနိုင်နဲ့တကွ အလုပ်အမှုဆောင်အဖွဲ့ဝင် ၅ဦးကို ပါတီဝင်အဖြစ်ကနေ ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။
-
ဦးသန်းစိုး ဆိုသူဟာ အန်အယ်လ်ဒီပါတီကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း အဆိုပြုခဲ့တာဖြစ်ပြီး ရွေးချယ်မခံရတဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဦးသန်းစိုးအနေနဲ့ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတာကြောင့် ထုတ်ပယ်ခံရတာဖြစ်တယ်လို့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရသူတစ်ဦးဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။
-
"အရင်တုန်းက ဦးသန်းစိုး က တိုင်းဒေသကြီး ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ အမျိုးသား လွှတ်တော်နေရာမှာပါတဲ့ ဦးသန်းစိုး က စိတ်ဆန္ဒရှိတယ်၊ ဗဟိုကိုအကြိမ်ကြိမ်အခါခါအသိပေးတယ် ဒါပေမဲ့ ဗဟိုကပြင်ဆင်မှု မရသည့်အတွက်ကြောင့် တိုင်းဒေသကြီးမှာပါဝင်ယှဉ်ပြိုင်ဖို့ ကျနော်တို့က ဝိုင်းဝန်းပြီးတော့ ပါတီဝင်တစ်ဦးအနေနဲ့ လုပ်ပေးတာပေါ့ခင်ဗျာ"
-
အန်အယ်လ်ဒီပါတီဗဟိုက မိတ္ထီလာမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဒေါက်တာဝင်းစိုးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးတင်ကိုကိုနဲ့ ဒေါက်တာခင်စိုးတို့ကို ရွေးချယ်ပေး ထားတာဖြစ်ပါတယ်။
-
အန်အယ်လ်ဒီပါတီဗဟိုက ရွေးချယ်ပေးထားတဲ့ ပခုက္ကူမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ မြို့နယ်က ခေါင်းဆောင် ၁၀ ဦးကိုလည်း ပါတီဗဟိုကနေ ထုတ်ပယ်ထားပြီးဖြစ်ပါတယ်။

.. https://www.facebook.com/MyanmarExpress
 

လှည်းကူး NLD ပါတီဝင် ၂၄ ဦးကို ဗဟိုက ထုတ်ပြန်ပြီ

From : ..

ဗဟိုကို ပထမဆုံး ဆန္ဒပြသည့် ပခုက္ကူက NLD ပါတီဝင် ၁၀ ဦးအား ဖြုတ်ထုတ်ရှင်းလုပ်ပြီးနောက် ဒုတိယမြောက် ဆန္ဒပြသည့် လှည်းကူး NLD ပါတီဝင် ၂၄ ဦးကို ဗဟိုက ထပ်ပြီး ဖြုတ်လိုက်ပါပြီ။

နောက်ထပ် ဆန္ဒဖော်ထုတ်မယ့် မည်သည့်မြို့နယ်က ပါတီဝင်များကို မဆို ဖြုတ်မယ်လို့ ဗဟိုက တရားဝင် အကြောင်းကြားထားပါတယ်။

ဒီမိုကရေစီပါတီ နာမည်ခံပြီး ပါတီတွင်း ဒီမိုကရေစီ လုံးဝမရှိဘဲ အာဏာရှင်စနစ်ကျင့်သုံးနေတဲ့ ပါတီတစ်ခုက နိုင်ငံကို ဒီမိုကရေစီဖော်ဆောင်မယ်ဆိုတာ သံသယ ဖြစ်စရာပါပဲ။



.. https://www.facebook.com/MyanmarExpress
 

အင်န်အယ်လ်ဒီ မှ နုတ်ထွက်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်

From : .. mizzima

မန္တလေး၊ သြဂုတ် ၁၃ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က မရွေးချယ်သောကြောင့် ပါတီ မှနုတ်ထွက်ခဲ့သူ ဦးရှုမောင်သည် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ၎င်းက ပြောသည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာကို သြဂုတ် ၁၃ ရက် တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ တင်လိုက်ပြီ ဖြစ်သည်။

၎င်းကို ဒေသခံများက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရန် ဆန္ဒပြုသော် လည်း ပါတီက အမျိုးသားလွှတ်တော်အတွက် ချပေးသည့်အတွက် ပါတီမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ဦးရှုမောင်က “ အမျိုးသားလွှတ်တော်က ခန္တီးနဲ့ဟုမ္မလင်း နှစ်မြို့နယ်ပေါင်း ဖြစ်နေတယ်။ အဲဒီလိုကျတော့ ဟုမ္မလင်းက မဲ မသေချာဘူး။ ဒါကြောင့် ခန္တီးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ဖို့ လုပ်တာဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ မကျေနပ်သောကြောင့် ဦးရှုမောင်အပါအဝင် ပါတီဝင် ၃၇၅ ဦးတို့သည် သြဂုတ် ၉ ရက်တွင် ပါတီဝင် အဖြစ်မှနှုတ်ထွက် သွားကြသည်ဟု ခန္တီးခရိုင် NLD ဥက္ကဋ္ဌ ဒေါ်ဆယ်ဆယ်နောင် က မဇ္ဈိမကို ပြော ထားသည်။

ခန္တီးဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ဆန်းမြင့် က “ကျွန်တော်တို့ အနေနဲ့ကတော့ ဒေသ ကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး အမှန်တကယ် လုပ်ဆောင်သူကိုပဲ ရွေးချယ်မဲပေးမယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ရန် လျှောက်ထားသည့် ကိုယ်စား လောင်းမှာ သြဂုတ်လ ၁၃ ရက်အထိ ၆ ဦးသာရှိသေးပြီး ကိုယ်စားလှယ်လောင်းစာရင်းများကို သြဂုတ်လ ၁၄ ရက် နောက်ဆုံးထား တင်သွင်းလျှောက်ထားရမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။


.. https://www.facebook.com/MyanmarExpress
 

အာဏာတည်ဆောက်နေသည့် NLD CEC အချို့ သို့ ဒဲ့ပြောသည်

From : ..Myo Lwin

အမေစု ဟာ ပြီးခဲ့တဲ့ ခြောက်လကျော်လုံး ခြေဥပြင်ဆင်ရေး၊ လေးပွင့်ဆိုင်ရေးတွေနဲ့ လွတ်တော်မှာ ခေါင်းမဖော်နိုင်အောင် အလုပ်တွေ များခဲ့ပါတယ်

သူမကိုယ်တိုင်လည်း နေမကောင်းလို့ ခွင့်ယူလိုက်ရပါသေးတယ်၊ တရုတ်ပြည်ကိုလည်း သွားလိုက်ရပါသေးတယ်၊ (( အခုလဲပဲ ဒေါ်စု တစ်ယောက်တည်းပဲ ရှေ့တန်းကနေ တစ်မြို့ ဝင် တစ်မြို့ ထွက် ခရီးကြမ်းနှင်နေရတာပါ ))

အဲသည်လိုအချိန်မှာ NLD ထိပ်ပိုင်းအတွင်းမှာ အဘဦးဝင်းတင် ဆုံးပါးသွားပြီးနောက်ပိုင်း အာဏာတည်ဆောက်မှု အရှိန်အဟုန်ကြီးထွားလာပါတယ်၊

ရွေးကောက်ပွဲကို ၀င်ကို ၀င်မယ်လို့လည်း ခဏ ခဏ ပြောပါတယ်၊ ဒေါ်စုရဲ့ အပြောကို မစောင့်နိုင်တော့တဲ့ အထိပဲ၊

ဒီအပြင် နိုင်ငံခြား မီဒီယာတွေကိုလည်း အမည်မဖော်လိုသူတွေ အနေနဲ့ အကြီးကြီးတွေ ပြောပါတယ်၊ ကျနော် အကုန်ဖတ်ခဲ့ရပါတယ်၊ ဒါပေမယ့် ကြီးလွန်းလို့ ကျနော် ပြန်မပြောပြတာတွေ ရှိပါတယ် (ကြီးလွန်းပေမယ့် အိုဘားမားရောက်နေချိန်မို့ မပေါက်ခဲ့တဲ့ သတင်းကြီးပေါ့ဗျာ)

၈၈ ကို ပယ်တာလဲ အဲသည်အဖွဲ့ပါပဲ၊ ရှင်းရှင်းပြောရရင် သားတွေ ပါလာရင် ပထွေးနေရာပေးလို့ မရမှာ စိုးလို့ (ရှင်းလား)

အခုအချိန်မှာ အမေစုဟာ ရွေးကောက်ပွဲ ရက်ပေါင်း ၈၀ ကျော်သာ လိုတော့တာမို့ CEC ကို တတ်နိုင်သမျှ ဖာထေးပေးနေပါတယ်၊ သူမလည်း သိပါတယ်၊ သူမက ဒေါသလည်း ကြီးတယ်၊ ဒါပေမယ့် အတွင်းဒေါသတွေပေါ့

ဒီအတွက် ကျနော်တို့ ဒီမိုတွေက လှေကို လူးအောင် မလုပ်ပါဘူး၊ ဒါပေမယ့် NLD CEC ထဲက YES MEN တွေကို သိစေချင်တာက ခင်ဗျားတို့တွေ ကျနော်တို့ ဒီမိုအုပ်စုတွေထက်တော့ အင်အားမကြီးသေးဘူး ဆိုတာပါပဲ

ရွေးကောက်ပွဲ ပြီးရင်တော့ Bombard the Headquarters ပါပဲ၊ ပါတီကောင်းမှ နိုင်ငံကောင်းမှာ ဖြစ်ပါတယ်။

လက်ရှိ ခင်ဗျားတို့ အုပ်စုရဲ့ လုပ်ဆောင်ချက်တွေဟာ အာဏာတည်ဆောက်ရုံသက်သက်ပဲ ဆိုရင် ကျနော်တို့ လက်ခံနိုင်ပါတယ်၊ ဒါပေမယ့် အဲသည် လုပ်ဆောင်ချက်တွေဟာ ပြည်သူကို ထိခိုက်စေတာ၊ အမေစုကို ထိခိုက်စေတာ မျက်နှာပျက်စေတာ ပင်ပန်းစေတာ ဆိုရင်တော့ .......... (ဖြည့်စွက်သာ တွေးကြည့်လိုက်ပါ)

စောက်ချိုးတွေကို ပြင်လိုက်စမ်းပါ၊ အချိန်မီသေးတယ်၊ အာဏာတည်ဆောက်တာကို သပ်သပ်ရပ်ရပ် ပိပိပြားပြားလုပ်၊ Survival of the Fittest ဆိုတာကို လက်ခံပေးတယ်

.. https://www.facebook.com/MyanmarExpress