ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မိန့်ခွန်းမှ အမြင်မရှင်းသည့် အချက်များ (အပိုင်း-၁)
==================================================
-
ဇွန်လ ၁၈ ရက်နေ့ ည သန်းခေါင်းကျော် ၁ နာရီ ၂၀ မိနစ်က NLD Chaitperson Facebook မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ( ၇၀ ) ပြည့်မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မွေးနေ့ နုတ်ခွန်းဆက်စကား ရုပ်သံဖိုင်” ဆိုပြီး ဗွီဒီယိုဖိုင်တစ်ခု တင်ထားတာတွေ့ရပါတယ်။ ခေါင်းစဉ်က မွေးနေ့ နုတ်ခွန်းဆက် စကား နာမည်ခံထားပေမယ့် ဗွီဒီုထဲမှာတော့ အသက် ၇၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကြောင်းတွေပြောပြီး သူမကို မဲထည့်ဖို့ ပြောထားတာကို ထူးဆန်းစွာတွေ့ရပါတယ်။
-
မိန့်ခွန်း အစမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအပေါ် စေတနာ မေတ္တာထားတဲ့ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ခြင်းအားဖြင့် စ ပါရစေ။” လို့ စကားဦးသန်းထားပါတယ်။ သူမအပေါ် စေတနာ မေတ္တာမထားတဲ့ သူတွေ၊ မနှစ်သက်သူတွေနဲ့ ပြိုင်ဖက်တွေကိုတော့ ကျေးဇူးတင်တဲ့ စာရင်းထဲမှာ မပေါဘူးလို့ ပြောသလို ဖြစ်နေပါတယ်။ ဒီလိုစကားမျိုးကို သာမန်စည်းရုံးရေးဆင်းချိန်မှာ ပြောတာ ပြဿနာမရှိပေမယ့် အနှစ် ၇၀ ပြည့် အဘွားအိုတစ်ယောက်ရဲ့ မွေးနေ့လိုနေ့မျိုးမှာ မပြောသင့်ဘူးထင်ပါတယ်။
-
ဒုတိယအချက်အနေနဲ့ “ကျွန်မတို့ နိုင်ငံရေးလုပ်ခဲ့တယ်ဆိုတာ သိပ်လွယ်လွယ်နဲ့ လုပ်ရတာ မဟုတ်ပါဘူး” ဆိုတဲ့ စကားအပေါ် မြန်မာပြည်သူအများစုက လက်မခံကြပါဘူး။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှ မြန်မာနိုင်ငံကို ခဏပြန်လာပြီး လမ်းကြုံလို့ နိုင်ငံရေးစလုပ်တဲ့ မိုးကျရွှေကိုယ် တစ်ယောက်ဖြစ်ပါတယ်။ အသက် ၄၀ အတွင်း မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ဘာမှလုပ်ခဲ့ဖူးတာ မရှိပါဘူး။ ဒီကနေ့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေ၊ လူငယ်တွေ အများအပြား နိုင်ငံရေးလှုပ်ရှားမှုများမှာ ပါဝင်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကျောင်းသူဘဝ၊ ငယ်ရွယ်စဉ်ဘဝ တစ်လျှောက်လုံး နိုင်ငံခြားသား မိသားစုနဲ့ ပျော်ရွှင်နေခဲ့တာပါ။ အလားတူ “ကျွန်မဒီလို မွေးနေ့အတွက် ပြောရတဲ့အချိန်တွေ ရောက်လာတာကလည်း နိုင်ငံရေးကြောင့် ရောက်လာတာပါ။ ဒါကြောင့် နိုင်ငံရေးစကားပဲ ပြောရမှာပါပဲ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။ အရင် အသက် ၂၈ နှစ်ကနေ ၄၂ နှစ်ပြည့် မွေးနေ့တိုင်းမှာ မိုက်ကယ်အဲရစ်မိသားစုနဲ့ ကျင်းပချိန်တုန်းက နိုင်ငံရေးအကြောင်း ပြောဖို့ သတိမရခဲ့ပါဘူး။
-
-နောက်တစ်ခုကတော့ “ကျွန်မတို့ပြည်သူများဟာ ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ပါတယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဖြစ်ပါတယ်။ ပြည်သူတွေက မညီညွတ်သလိုလို၊ နိုင်ငံရေးသမားတွေက မသန့်ရှင်းသလိုလို အဓိပ္ပါယ်အမျိုးမျိုးကောက်နိုင်ပါသေးတယ်။ ပြည်သူအများအတွက် ဟာသ ဖြစ်စေခဲ့တဲ့ စကားလုံးကတော့ “နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပဲဖြစ်ပါတယ်။
-
-နောက်ထပ် အကြောင်းတွေကတော့ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ နီးနေပြီဖြစ်ကြောင်း၊ ရလဒ်မှန်ကုန်ဖို့ လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမှုစနစ် အရေးကြီးကြောင်းတွေ ပြောဆိုသွားပါတယ်။ ၂၀၁၅ ခုနှစ် မတ်လအတွင်းက ရွေးကောက်ပွဲ ဝင်/မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောခဲ့တာဖြစ်ပါတယ်။ ဧပြီလအတွင်းမှာတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့ခဲ့ပါတယ်။ မွေးနေ့မှာ ရွေးကောက်ပွဲ တရားမျှတဖို့ ထပ်ပြောပြီး၊ ဗဟိုကော်မတီ အစည်းအဝေးမှာတော့ ရွေးကောက်ပွဲ မလုပ်ဖြစ်မှာ စိုးရိမ်ကြောင်းပြောပြန်ပါတယ်။ ပြည်သူတွေက ရွေးကောက်ပွဲ သပိတ်မှောက်ရမလိုလို၊ ရွေးကောက်ပွဲ ကျင်းပရေး တောင်းဆိုရမလိုလိုနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေပါတယ်။ NLD ဗဟို ကော်မတီဝင်တွေကိုယ်တိုင်က ရွေးကောက်ပွဲမှာ NLD ဝင်မှာလား/မဝင်ဘူးလားဆိုတာ ဒီကနေ့အထိ တိတိကျကျ မဖြေနိုင်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မညီတဲ့ စကားတွေကြောင့် ပြည်သူတွေလည်း ဆပ်ပြာသည် လင်လုပ်ရသလို ဖြစ်နေပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားထဲမှာ “ကျွန်မက ကံကောင်းထောက်မလို့ ကျွန်မကို ကောင်းကောင်း ဆုံးမမယ့် မိဘဆရာများနဲ့ ကြီးပြင်းခဲ့ရပါတယ်” ဆိုတဲ့ အချက်လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်စဉ်ကတည်းက နိုင်ငံခြားမှာ နေထိုင်ကြီးပြင်းလာခဲ့သူဖြစ်ပြီး နိုင်ငံခြားသား ဆရာ/ဆရာမများ၊ နိုင်ငံခြားသား ယောက္ခထီး၊ ယောက္ခမ များနဲ့ အတူနေခဲ့သူဖြစ်ရာ ၎င်းတို့ရဲ့ ဆုံးမခြင်းကို ခံခဲ့ရလို့ ကံတောင်းတယ်လို့ မှတ်ယူထားတာ ဖြစ်နိုင်ကြောင်း သုံးသပ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ကံကောင်းချင်ပါက မြန်မာ ဆရာ၊ ဆရာမတွေက သင်ကြားဆုံးမခြင်းမခံကြဘဲ နိုင်ငံခြားမှာ ကျောင်းတတ်ပြီး နိုင်ငံခြားသား မိဘများကို ယောက္ခမ တော်ရမလို ဖြစ်နေပါတယ်။
-
ဒါ့အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ ၆၈ နှစ်ရှိပြီဖြစ်သော်လည်း တိုင်းပြည် တိုးတက်ခဲ့သလား? ဘယ်လောက်အထိ တိုးတက်ခဲ့သလဲ? နိုင်ငံသူ နိုင်ငံသားတွေဟာ ဘယ်လောက်အထိ ဒီလွတ်လပ်တဲ့ နိုင်ငံမှာ နေခြင်းအားဖြင့် ဘ၀တွေပိုပြီးတော့ ကောင်းလာသလဲ? ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ထားပါတယ်။ လွတ်လပ်ရေးရပြီး အနှစ် ၄၀ ကြာမှ မြန်မာနိုင်ငံပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ရေးရပြီးချိန်ကစပြီး အနှစ် ၄၀ အတွင်း ကိုယ့်နိုင်ငံမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိဘူးထင်ပါတယ်။
၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရပြီး ၅ ရက်နေ့မှာပင် ကရင်တွေက လွတ်လပ်တဲ့ ကရင်လူမျိုးလို့ကြေညာတဲ့ အကြောင်းတွေ၊ ဖော်ဖော်ဝါရီ ၃ ရက်နေ့မှာ ကရင်ပြည်ခွဲထွက်ခွင့်တောင်းဆိုတဲ့ သမိုင်းတွေ၊ နှစ်ခြမ်းကွဲနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတို့ အပြန်အလှန် သတ်ဖြတ်နေတာတွေ၊ မန္တလေးဖဆပလ ဆန်အရှုတ်တော်ပုံအကြောင်းတွေ၊ ဖဆပလ နှစ်ခြမ်းကွဲတဲ့ သမိုင်းတွေ၊ သခင်ဗစိန်က ၁၉၄၇ အခြေခံဥပဒေ ပြင်ဖို့ကြိုးစားတဲ့ အကြောင်းတွေ၊ လူငယ်တွေကို ဆိုရှယ်လစ်တွေက ခြေချုပ်လုပ်တဲ့ အကြောင်းတွေ၊ ဝန်ကြီးဦးဗဂျမ်း ထွက်စာတင်သွားရတဲ့ အကြောင်းတွေ၊ KNDO တို့ သိမ်းပိုက်လို့ ရန်ကုန်အစိုးရပဲ ကျန်တဲ့ သမိုင်းတွေ၊ ၇၄ အခြေခံဥပဒေအပြီး ဆန္ဒပြပွဲတွေ၊ ၇၄ မေလက အလုပ်သမား အရေးအခင်း၊ ၇၄ ခုနှစ် နိုဝင်ဘာလက ဦးသန့်အရေးအခင်း၊ ၇၅ ခုနှစ်က ဦးသန့်နှစ်ပတ်လည် ဆူပူမှုတွေ ကို ဒေါ်အောင်ဆန်းစုကြည် ဘာမှမသိခဲ့ဘူးထင်ပါတယ်။ တစ်နှစ်တစ်မျိုး မရိုးရအောင် ဦးကမိုင်၊ ပဲ့ကမနိုင်ဖြစ်နေတဲ့ အချင်းချင်း ပြိုင်ဆိုင်သတ်ဖြတ်ခြင်းတွေကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတောင် “သက်သက်အယုတ်မာပြိုင်နေကြတာ” မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဒီလို နိုင်ငံမျိုးကို တိုးတက်အောင် မဆိုထားတဲ့ တည်ငြိမ်ရန်အတွက် ထိန်းဖို့တောင် မလွယ်ကူပါဘူး။ ဒီကနေ့ အီရက်၊ ဆီးရီးယား၊ အင်ဂျစ်၊ ယိမင်နဲ့ လစ်ဗျား တို့ကိုပဲ ကြည့်ပါ။ အခုချိန်မှာ သူတို့အစိုးရတွေကို တိုးတက်အောင် လုပ်ဖို့ အကြံပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကို လွတ်လပ်ရေးရတာ ဒီလောက်ကြာပြီး မတိုးတက်ဘူး ပြောခြင်းဟာ သမိုင်းမသိသူတစ်ယောက်ရဲ့ ညံ့ဖျင်းတဲ့ သုံးသပ်ချက်လို့ သတ်မှတ်နိုင်သလို ရဲဘော်သုံးကျိပ်နဲ့ ဦးနုအပါအဝင် ခေါင်းဆောင်များ အားလုံးကို စော်ကားတာနဲ့ အတူတူဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ပြဿနာပေါင်းစုံ တက်နေချိန် ၄၂ နှစ်လုံးလုံး နိုင်ငံခြားမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေလာသူ တစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာ တစ်သက်လုံးနေထိုင်ခဲ့ပြီး ပြဿနာပေါင်းစုံ ရင်ဆိုင်နေရသူ၊ ဖြေရှင်းနေသူများကို အပြစ်တင်ခြင်းဟာ သိက္ခာမဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
-
ဆက်လက်ဖော်ပြပါမည်
(ဒေါက်တာ မျိုးချစ်)
.. https://www.facebook.com/MyanmarExpress



.jpg.jpg)
.jpg)




















