Subscribe to our RSS Feed
Showing posts with label စစ်တပ်နှင့် နိုင်ငံရေး. Show all posts
Showing posts with label စစ်တပ်နှင့် နိုင်ငံရေး. Show all posts

ရခိုင်ကမ်းရိုးတန်းတွင် ရေကြောင်းတပ်ဖွဲ့များ တိုးချဲ့ ချထားမည်ဟု ပြည်နယ်အစိုးရဆို

From : .. mizzima



ရခိုင်ပြည်နယ်၊ ပင်လယ်ပြင်နှင့် ရေကြောင်းလုံခြုံရေးအတွက် ရေကြောင်းတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ် ၁၃ ရက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

၂၀၁၃ ဇူလိုင် ၁၂ ရက်က နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန (နစက)ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်းကာ ယင်းကို အဆင့်မြှင့်တင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

ယခင်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)၊ အကောက်အခွန်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နစကအဖြစ် ရေကြောင်းလုံခြုံရေးကို နယ်မြေစခန်း ၁၁ ခုတွင် စခန်း ၃၁ ခုတို့ဖြင့် စီမံကွပ်ကဲခဲ့ဖူးသည်။

ရေကြောင်းတပ်ဖွဲ့အသုံးပြုရန် အမြန်ရေယာဉ်နှစ်စင်းကို ပြည်ပမှ ၀ယ်ယူမည်ဟု ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။


“ရခိုင်မှာက ရေကြောင်းက အဓိကကျတယ်။ အခုက လုံခြုံရေးအတွက် အထူးအလေးထားရမယ့် အခြေအနေ၊ဒါကြောင့်လည်း တိုးဖို့ပြောတာ”ဟု ဦးအောင်မြကျော်က ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ပင်လယ်ရေထွက်ပေါက်များရှိသော်လည်း မြို့နယ်အားလုံးတွင် ရေကြောင်းရဲတပ်ဖွဲ့များ ချထားခြင်းမရှိသေးဟု မောင်တောမြို့မရဲစခန်းမှ စခန်းမှူးတိုးတိုးက ပြောသည်။

“ဘူးသီးတောင်၊ မောင်တောမှာတော့ ရေကြောင်းရဲတပ်ဖွဲ့ မရှိသေးဘူး။ တပ်ဖွဲ့ရှိလာမယ်ဆိုရင် လုံခြုံရေးအတွက် ပိုအားရှိတာပေါ့”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေပြီး မောင်တော နယ်စပ် ဂိတ်ပေါက်များတွင် အဆိုပါရေကြောင်း တပ်ဖွဲ့များထားသင့်သည်ဟုလည်း စခန်းမှူးတိုးတိုးက သုံးသပ် သည်။

ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ပြည်နယ်သည် ပင်လယ်ရေကြောင်းကို အဓိကအားထားရပြီး ဘင်္ဂလား ပင်လယ်အော်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဓိကကုန်စည်ကူးသန်းနေခြင်းဖြစ်သည်။ 


.. www.MyanmarExpress.net
 

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ ပုံမှန်ထက်ပိုပြီး ရေကြီးရေလျှံ ဖြစ်ပေါ်နေ

From : ..mrtv4

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ ပုံမှန်ထက်ပိုပြီး ရေကြီးရေလျှံ ဖြစ်ပေါ်နေတဲ့အတွက် ပျိုးစပါးတွေ ရေနစ်သေဆုံးမှာကို လယ်သမားတွေက စိုးရိမ်နေကြပါတယ်။ ဒိုက်ဦးမြို့နယ် ပတ်ဝန်းကျင်ကျေးရွာအချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး စပါးစိုက်ပျိုးထားချိန် ရက်ပိုင်းသာရှိသေးတဲ့အတွက် လယ်သမားတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒိုက်ဦးမြို့နယ်ပတ်ဝန်းကျင်က ကျေးရွာတွေဟာ စပါးကိုပျိုးစပါးနဲ့ စိုက်ပျိုးမှုများပြားပြီး ကျဲခင်းစိုက်ပျိုးမှု နည်းပါးတဲ့အတွက် အခုလိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒိုက်ဦးမြို့နယ်အတွင်းက ဖအောင်ဝဲကျေးရွာဟာ ရေကြီးမှုဒဏ်ခံနေရပြီး စပါးစိုက်ပျိုးထားတဲ့ လယ်ကွင်းတွေ ရေနစ်မြုပ်မှုကြုံတွေ့နေရပါတယ်။ အခုစိုက်ပျိုးထားတဲ့ စပါးမျိုးစိတ်တွေဟာ သက်လတ်စပါးတွေဖြစ်ပြီး တကယ်လို့ မြေမြုပ်မှုဒဏ်ကြောင့် ပျက်စီးသွားမယ်ဆိုရင် သက်ငယ်စပါး အစားထိုးစိုက်ပျိုးကြရမှာပါ။

ဒါပေမယ့် ရေမြုပ်ဧရိယာက လယ်သမားတွေကတော့ သက်ငယ်စပါးပြန်လည်စိုက်ပျိုးဖို့ ငွေကြေးအခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးနဲ့ရန်ကုန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လယ်မြေဧက သိန်းနဲ့ချီရေနစ်မြုပ်မှု ကြုံနေရတယ်လို့ သိရပါတယ်။


.. www.MyanmarExpress.net
 

နေရတကာ ပါမှု ချက်ချင်းရပ်၊ အခွင့်ထူးခံမှု ချက်ချင်းရပ်

 မြန်မာပြည်ရဲ့ အထင်ကရ မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ ၊ သံလွင် ၊ စစ်တောင်းမြစ်တွေမှာ စိုးရိမ်ရေ အမှတ်အထက်ကျော်လွန်နေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ ရေကြီးမှုတွေကြောင့် နေရတာကာပါတဲ့ စစ်သားများက ရေဘေး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။

မိုးများပြီး မြစ်ရေကြီးမှုတွေကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းနဲ့ ကရင်၊ မွန် ရခိုင် နဲ့ ရှမ်းပြည် နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ဒေသခံတွေ ရေဘေးဒုက္ခ ခံစားနေကြရတာပါ။

ရခိုင်ပြည်နယ် သံတွဲမြို့မှာလည်း မနေ့မနက်ကစပြီး သံတွဲချောင်းရဲ့ တောင်ကျရေကြောင့် တမြို့ လုံးနီးပါး ရေနစ်မှုတွေဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည်တွေကို စစ်တပ်ကပဲ ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်ပေးနေပါတယ်။

ရှမ်းပြည်နယ်ကျိုင်းတုံမြို့မှာလည်း အလားတူ မိုးများပြီး တောင်ကျရေကြောင့် မြို့တွင်းအနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ တာချီလိတ်မှာ မြေပြိုစဉ်ကလည်း စစ်သားများကပဲ ကူညီပေးခဲ့ပါတယ်။

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်မှာတော့ မနေ့ သြဂုတ်လ ၆ ရက်နေ့က လေဆင်နှာ မောင်းတိုက် လိုက်မှုကြောင့် လူပေါင်း ၃၀ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ပဲခူးတိုင်းရွှေကျင်မြို့နုယ်မှာလည်း သြဂုတ် ၃ ရက်နေ့က လေပြင်းတိုက်သွားတာကြာင့် အိမ်ခြေ ၇၀ နီးပါး ပျက်စီးခဲ့ပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားရေးမှူးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သံလွင်မြစ် ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေ အမှတ်အထက်ကျော်လွန်နေကြောင်း၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုရိမ်ရေမှတ်အထက် ကျော်လွန်နေသလို ပဲခူး မြစ်ရေဟာလည်း ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၁ စင်တီမီတာကျော်လွန်ကြောင်း ထုတ်ပြန်ထားပါတယ်။ 


အခွင့်ထူးခံ စစ်သားများရဲ့ ပြည်သူများကို လှေပေါ်မှာတင်ပြီး ကိုယ်တိုင် ရေထဲမှာ တနေကုန်နေကာ သယ်ယူပို့ဆောင်ပေးနေပုံ ဓာတ်ပုံ (၃၀) ကျော်ကို https://www.facebook.com/media/set/?set=a.683602551733870.1073741856.256578141102982&type=1 မှာ ကြည့်ရှုနိုင်ပါတယ်။
 
.. www.MyanmarExpress.net
 

ဒီမိုကရေစီ ထိုင်းနိုင်ငံတွင် စစ်တပ် အမတ် ၅၀% လွှတ်တော်စီမံကိန်း စတင်

From : ..boom myo myo


ထိုင်းမှာ စစ်ဗိုလ်ချုပ် (အငြိမ်းစား+လက်ရှိရာထူး) 75%၊ အရပ်သား 25% (နိုင်ငံရေးသမား လုံးဝမပါ) လက်ရှိစစ်အာဏာသိမ်းအစိုးရက သူတို့ခေါ်ထားတဲ့လူသက်သက်နဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေပြုလွှတ်တော်အမတ် ဦးရေ ၂၀၀ နဲ့ လွှတ်တော်ကြီးခေါ်တော့မယ်.... ဒီလွှတ်တော်ကပဲ့ အစိုးရအဖွဲ့ဆွဲခန့်မယ် ဒီလွှတ်တော်ကပဲ့ အခြေခံဥပဒေ အသစ်ရေးဆွဲမယ်..... အဲဒီအခြေခံဥပဒေအသစ်မှာလည်း စစ်တပ်က ၅၀% အမတ်နေရာယူမယ် ကျန်တဲ့ ၅၀% ကိုသာရွေးကောက်ပွဲကတက်လာတဲ့အမတ်တွေနဲ့ လွှတ်တော်ခေါ်မယ်လို့ကြားနေရတယ် စစ်တပ်ကလက်ခံသူသာ အစိုးရဖြစ်မယ့်ရာသက်ပန် အခြေခံဥပဒေကို ရေးဆွဲတော့မှာ.....

အဲဒါကို အမေရိကန်ကြီးက စောစောကတဖွဖွပြောနေတဲ့ အရပ်သားအုပ်ချုပ်ဖို့ ရွေးကောက်ပွဲအမြန်လုပ်ပေးပါ ဆိုတာလေးတောင် ဝင်မအော်နိုင်တော့....ထိုင်းစစ်အစိုးရကို မနိုင်လို့ ပရာယုကလည်း စောက်ဂရုလေးတချက်တောင်မစိုက်လို့ လက်လျော့လိုက်ပြီ.... အမေရိကန်ဆိုတဲ့ကောင်က သူနိုင်မယ့်ကောင်လောက်ပဲ့ ဟောက်စားလိုက်လုပ်နေတာ.....


.. www.MyanmarExpress.net
 

ကလေးစစ်သား၉၁ဦးကိုနုတ်ထွက်ခွင့်ပေးခဲ့သည့် တပ်မတော်၏ဆောင်ရွက်ချက် ကုလသမဂ္ဂကြိုဆို

From : .. ud


ကုလသမဂ္ဂက ကလေးစစ်သား ၉၁ ဦးကို နုတ်ထွက်ခွင့် ပေးခဲ့သည့် မြန်မာ့တပ်မတော်၏ဆောင်ရွက်ချက်ကို ကြိုဆိုထောက် ခံကြောင်း ၄င်း၏ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ယနေ့သတင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ တပ်မတော် သည်ပြီးခဲ့သည့်သီတင်းပတ်အတွင်း က အရွယ်မရောက်သေးသော ကလေးစစ်သား၉၁ဦးကို နုတ်ထွက် ခွင့်ပေးခဲ့ပြီး မိသားစုများထံ ပြန် လည်အပ်နှံခဲ့သည်ဟုသိရသည်။ ကုလသမဂ္ဂကလေးသူငယ်ရန်ပုံငွေ အဖွဲ့၏ လက်ထောက်အထူးကိုယ် စားလှယ် Shalini Bahuguna က ''အခုလို ကလေးစစ်သားတွေကို နုတ်ထွက်ခွင့်ပေးခဲ့တဲ့အတွက် တပ်မတော်ရဲ့ ကလေးစစ်သား ရာနှုန်းပြည့်ပပျောက်ရေးအစီအမံကို အရှိန်နှစ်ဆမြှင့်သလိုဖြစ်ခဲ့ပါတယ်။ အသက်(၁၈ နှစ်)အောက်ပဲရှိသေးတဲ့ ကလေးစစ်သားတွေ တပ်မတော်ထဲ မှာ လုံးဝမရှိတဲ့အထိဆောင်ရွက်သွား မှာပါ''ဟုပြောသည်။ တပ်မတော် မှ နုတ်ထွက်ခွင့်ပေးခဲ့သော ကလေး စစ်သားများကို ကျောင်းများတွင် ပညာသင်ကြားနိုင်ရန် ဆောင်ရွက် ပေးသွားမည်ဟု သိရသည်။

မြန်မာတပ်မတော်သည် ကုလ သမဂ္ဂနှင့် ၂ဝ၁၂ ခုနှစ် ဇွန်လက လက်မှတ်ရေးထိုးထားသော သဘော တူညီမှုအရ အသက်မပြည့်သေး သော ကလေးစစ်သားများကိုစိစစ် ၍ နုတ်ထွက်ခွင့်ပေးနေခြင်းဖြစ်သည် ဟုသိရသည်။ ကုလသမဂ္ဂနှင့် သဘောတူညီမှု လက်မှတ်ရေးထိုး ပြီးနောက်ပိုင်း မြန်မာ့တပ်မတော် သည် ကလေးစစ်းသား ၃၆၄ ဦး ကို နုတ်ထွက်ခွင့်ပေးခဲ့ပြီးဖြစ်သည် ဟု ကုလသမဂ္ဂအဖွဲ့က အတည်ပြု ထားသည်။ ကုလသမဂ္ဂ ကလေး သူငယ်များရန်ပုံငွေအဖွဲ့သည် ၂ဝ၁၆ ခုနှစ်တွင် အစိုးရလက်နက်ကိုင် တပ်များတွင် ကလေးစစ်သားလုံးဝ ပပျောက်ရေးအစီအမံကိုဖော်ဆောင် လျက်ရှိသည်ဟု သိရသည်။


.. www.MyanmarExpress.net
 

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများ ထံလွှဲပြောင်းပေးအပ်

From : .. MOI

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်း အဖွဲ့တို့၏အစီအမံဖြင့် တပ်မတော် အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ် စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ ၉၁ဦး စိစစ်တွေ့ရှိခဲ့ပြီး စိစစ်ဖော်ထုတ်ရရှိသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏ မိဘများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ၌ ကျင်းပသည်။

အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သန်းစိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ရှေ့နေချုပ် ရုံးတို့မှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာအဖွဲ့အစည်း များဖြစ်ကြ သော UNICEF၊ UNHCR၊ ILO၊ Save the children၊ World Vision၊ World Food Programme၊ UNDP တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်လည်နုတ်ထွက်ခွင့်ရ ကလေး သူငယ် ၉၁ဦးနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်း သိမ်းရေးကော်မတီ၊ တွဲဖက်အတွင်း ရေးမှူး ဗိုလ်မှူးချုပ် တောက်ထွန်းနှင့် CTFMR မှ Mr. Bertrand Bainvel တို့က အမှာစကားများ ပြောကြားကြသည်။

ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် ၁၀ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုတာဝန်ရှိသူတို့ကပေးအပ်ခဲ့ပြီး ကလေး များအား မိဘ(သို့မဟုတ်) အုပ်ထိန်း သူတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားပြီးနောက် ကလေးများနှင့်မိဘများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလ ပြုစုစောင့်ရှောက်ရေစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေးပါက ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသရန် လိုအပ်မှုရှိ/မရှိ စစ်ဆေး၍ လိုအပ်ကကုသမှုခံယူစေခြင်း၊ ကျောင်းပြန် တက်ရန်ဆန္ဒရှိပါက ကျောင်းပြန် တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသောအလုပ်အကိုင် ရရှိနိုင်ရန် လိုအပ်သည့်ကျွမ်းကျင်မှု များသင်ယူရန် ဖြစ်နိုင်ခြေများဆန်းစစ် ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများဝေငှခြင်း၊ အိမ် အပြန်ခရီးစရိတ်နှင့် စားစရိတ်စီစဉ် ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။

အလားတူ မိဘများထံ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားများကို အဆိုပါအမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ရန်ကုန်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက် တွင် ၄၂ ဦးအား ပထမအကြိမ် အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ၂၄ ဦးအား ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက် တွင် ၄၂ ဦးအား တတိယအကြိမ် အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ် အဖြစ် ၂၀၁၃ ခုနှစ် ဩဂုတ် ၈ ရက် တွင် ၆၈ ဦးအားလည်းကောင်း၊ ပဉ္စမ အကြိမ်အဖြစ် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ၉၆ ဦးအားလည်းကောင်းလွှဲပြောင်းပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်ဖြစ် ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန် ၂၇ရက်တွင် ၁၈ လတာ လုပ်ငန်း စီမံချက်ကို UNCTFMR နှင့် လက်မှတ်ရေးထိုး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစီမံချက် သက်တမ်းကို ၂၀၁၃ ခုနှစ် ဒီဇင် ဘာလ ၂၈ ရက်နေ့တွင် နောက်တစ်ကြိမ် ခြောက်လသက်တမ်းတိုးမြှင့် လုပ်ဆောင်ခဲ့သည်။

တပ်မတော်အနေဖြင့် အရွယ် မရောက်သေးသူ ကလေးသူငယ် စစ်သည်များ တပ်မတော်အတွင်း၌ လုံးဝမကျန်ရှိစေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ တပ်မတော်အနေဖြင့် အရွယ်မရောက် သေးသူ ကလေးသူငယ်များအားလုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်း စုဆောင်း ခဲ့သူများရှိပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက် လျက်ရှိသည့်အပြင် တာဝန်ရှိသူ များကိုလည်း စစ်စည်းကမ်းနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူ အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးအား စစ်စည်းကမ်း နှင့်အညီ အရေးယူခဲ့ကြောင်းသတင်းရရှိသည်။


.. www.MyanmarExpress.net
 

တပ်မတော်သား ကိုယ်စားလှယ် အချိုးကျ ကိုယ်စားပြုစနစ်အပေါ် ကြားနေဆွေးနွေး

From : ..dvb
 အမျိုးသားလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေက အချိုးကျကိုယ်စားပြုစနစ် (ပီအာ) အပေါ် ကန့်ကွက်ဆွေးနွေးခဲ့ပေမယ့် ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကြားနေဆွေးနွေးသွားပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ကျင်းပနေတဲ့ လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးကြီး ထင်အောင်နဲ့ ဒုတိယဗိုလ်မှူးကြီးစောရွှေ တို့က ဆွေးနွေး သွားတာပါ။

ရွေးကောက်ပွဲစနစ်အပေါ် ဘယ်လိုဗျူဟာကို ထားသလဲနဲ့ အဲဒီကို သွားဖို့ အတွက် အခြေခံ ဥပဒေနဲ့ ကိုက်ညီဖို့လိုသလို တိုင်းရင်းသားဒေသတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲ စနစ်တခု အကောင်ထည်ဖော်ဖို့ သေချာ ဆောင်ရွက်သင့်တဲ့အကြောင်းကို တပ်မတော်သား ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့တယ်လို့ ပီအာစနစ် အဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်ဇင်က ပြောပါတယ်။

အခက်အခဲအကျပ်အတည်းတွေ ရှိနေတဲ့ကြားထဲက ရှောင်နိုင်တိမ်းနိုင်တဲ့ နည်းစနစ်တွေကိုသုံးပြီး မြန်မာပြည်နဲ့ လိုက်လျောညီထွေရှိတဲ့ စနစ်ကို သေချာ အချိန်ယူစဉ်းစားပြီး လုပ်ဆောင်ဖို့ ဆွေးနွေးသွားတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မပျက်ပြားအောင် ဆန္ဒမဲပေးသူတွေရဲ့ သဘောထားကို ထင်ဟပ်မှုရှိအောင် ဆွေးနွေးသွားသလို သူတို့ရဲ့ဆွေးနွေးချက်ဟာ ကြားနေတဲ့သဘောမျိုးဖြစ်တယ်လို့ ဦးအောင်ဇင်က ပြောပါတယ်။

“တပ်မတော်အနေနဲ့ သူကလည်း အစောကြီးကတည်းက ပြောထားပြီးသားလေ၊ သူက စောင့်ကြည့်အဖွဲ့ကိုး။ စောင့်ကြည့်အဖွဲ့ဆိုတော့ ဒါလေးတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ သေသေချာချာပေါ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်းရှိအောင်၊ အခြေခံဥပဒေနဲ့လည်း ညီညွတ်အောင်၊ ပီအာစနစ်လေးလည်း ဖြစ်မြောက်အောင် ဆိုတဲ့ သူက ဘာပဲပြောပြော သတိကြီးကြီးနဲ့ ဆောင်ရွက်ဖို့ပဲ သတိပေးတယ်လို့ပဲ ကျနော်က မှတ်ချက်ပြုချင်ပါတယ်။”

အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ဆွေးနွေးစဉ်က တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက် ဆွေးနွေးသွားခဲ့ကြပါတယ်။


.. www.MyanmarExpress.net
 

ကာကွယ်ရေးဘတ်ဂျက် မလိုအပ်ဘဲ လျှော့မသုံးသင့်ဟု ကိုယ်စားလှယ်ပြော

From : .. mizzima


ကာကွယ်ရေးဝန်ကြီးဌာနသည် မလိုအပ်ဘဲ ကာကွယ်ရေးဘတ်ဂျက်ကို လျှော့မသုံး သင့်ကြောင်း ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

၎င်းက “ခေတ်မီသော တပ်မတော်၊ အရည်အချင်းပြည့်ဝသော တပ်မတော်အဖြစ် ရေရှည်ရပ်တည်နိုင်ရန် ကာကွယ်ရေးအသုံး စရိတ်များကို မလိုအပ်ဘဲ မလျှော့ချသင့်ကြောင်း တင်ပြဆွေးနွေးပါတယ်” ဟု ပြောသည်။

၂၀၁၃- ၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်အတွက် အမျိုးသားစီမံကိန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဦးမြင့်စိုးကထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းက ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့် ဘတ်ဂျက်မှစ၍ ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချသုံးစွဲမည်ဟု သိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် အရေးပေါ်မှ လက်နက်ဝယ်ကာ စစ်ရေးလေ့ကျင့်၍မရပါကြောင်း၊ တိုးတက်သော၊ ခေတ်မီသော လက်နက်များ ၀ယ်ယူထုတ်လုပ်ရန်၊ ခေတ်နှင့်အညီ စစ်ရေးအတတ်ပညာများ တတ်မြောက်ထားသော တပ်မတော်သားများမွေးထုတ်ရန် လိုအပ်ကြောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅-၁၆ မှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် လွှတ်တော်သို့ တင်ပြထားခြင်းကို ရည်ရွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “ကျွန်တော်တို့ လျှော့သုံးမယ်လို့ ပြောကြားထားတာတော့ မရှိပါဘူး။ ကျွန်တော်တို့ အနည်းဆုံးပဲ သုံးနေတာပဲလေ။ ကျွန်တော်တို့ဘက်က လွှတ်တော်ကို ဘာမှတင်ပြထားတာ မရှိပါဘူး”ဟု ယမန်နေ့က သတင်းထောက်အချို့၏ မေးမြန်းချက်ကို ဖြေကြားထားသည်။

၎င်းက “အခုကလည်း ဘတ်ဂျက်ကို အချိုးကျသုံးစွဲနေပါတယ”ဟု ဖြည့်စွက် ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီက ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကန်ဒေါ်လာ ၂ ဒသမ ၃ဘီလီယံကို တောင်းခံခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၅ ဒသမ ၃၉ ဘီလီယံနှင့် မလေးရှားနိုင်ငံက ကန်ဒေါ်လာ ၄ ဒသမ၂ ဘီလီယံသုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားထားသည်။

.. www.MyanmarExpress.net
 

တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ လက်ပံတောင်းဒေသတွင် အခမဲ့ ဆေးကုသပေးမည်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအနီးနှင့် ရွေ့ပြောင်း ကျေးရွာတို့တွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ယခုလ (၁၅) ရက်နေ့တွင် အခမဲ့ ဆေးကုသမှုများ လှည့်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာဝမ်ပေါင်မှ သိရသည်။

ယင်းအဖွဲ့တွင် အဖွဲ့ဝင် (၈၅) ဦးလိုက်ပါ ကုသပေးသွားမည် ဖြစ်ပြီး၊ လက်ပံတောင်း ဒေသခံကျေးရွာများသို့ အဆင့်မီ ခွဲစိတ်ကိရိယာ စက်ကြီးများဖြင့် တစ်ရက်လျှင် အဖွဲ့ နှစ်ဖွဲ့စီခွဲကာ (၁၈) ရက်ကြာ ကုသမှုများ ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

““နိုင်ငံခြားပြန် တပ်မတော်စစ်ဆေး အထူးကု ဆရာဝန်ကြီးတွေက လှည့်လည် ကုသပေးသွားမယ်။ မျက်စိအထူးကု၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးအထူးကု နှင့် နား၊ နှာခေါင်း သွားခံတွင်း တို့ကို ကုသပေးသွားမယ်။ Mobile ခွဲစိတ်ယာဉ်တွေကိုလည်း အသုံးပြုမယ်။ Mobile Ultra-Sound တွေနဲ့လည်း ခွဲစိတ်သွားမယ်။ အခုလ(၁၅) ရက် နေ့ကနေစပြီး ကုသပေးသွားမယ်။ အခမဲ့ပါ။ မည်သူမဆို လာရောက် ခွဲစိတ်ကုသနိုင် ပါတယ်””ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ CSD အဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်က The Messenger Media သို့ ပြောသည်။

အဆိုပါ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များသည် နိုင်ငံခြားမှ ဆေးပညာ ရပ်များကို သင်ယူခဲ့ပြီး၊ အထူးကုစစ်ဆေး ဆရာဝန်ကြီးများ ဖြစ်ကြောင်း သိရသည်။ လက်ပံတောင်း တောင်ဒေသခံများ ကျန်းမာရေးနှင့် ပတ်သက်သည်များကို Mobile ခွဲစိတ်ကားကြီးများဖြင့် လှည့်လည် ကုသပေး သွားမည်ဖြစ်ပြီး (၁၈) ရက်ကြာ ကုသမှုများ ကို ပြုလုပ်သွားမည် ဖြစ်ကြောင်းဝန်ကြီးက ပြောသည်။.


. www.MyanmarExpress.net
 

တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြို လူ ၇ ဦးသေဆုံး



တာချီလိတ်မြို့တွင် ဇူလိုင် ၁၂ ရက်ည သန်းခေါင်းယံမှစတင်ပြီး မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီအချိန်တွင် ၀မ်ကောင်းရပ် ကွက် အိမ်အမှတ် ၆/၄၃၃ ဦးကျော်ထွေးလင်း ပိုင်နေအိမ်နှင့် ၃ ခန်းတွဲ အိမ်တန်း လျား၏ ဘေးနံရံ အမြင့်ပေ ၂၀ ရှိ ကျောက်ရိုးစီဖို့မြေ ပြိုကျမှုကြောင့် နေအိမ်များ ပျက်စီး ပြိုကျခဲ့သည်။ မြေပြိုကျမှုကြောင့် အိမ်တန်းလျားပိုင်ရှင် ဦးကျော်ထွေးလင်း အသက်(၃၈)နှစ်၊ ဇနီးဒေါ်ယဉ်နု အသက်(၃၇)နှစ်နှင့် လသားအရွယ်သားတစ်ဦး၊ အိမ်ငှါးနေထိုင်သူ ဦးခင်မောင် သောင်း(၄၅) နှစ်၊ဇနီး ဒေါ်ဝင်း ဆန်း(၂၅)နှစ်၊သားမှုံကြီး(၈)နှစ်နှင့်သမီး မပေါက်တူး (၅)နှစ်တို့သည်လည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မြေပြိုကျရာနေရာသို့ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ ၊ကြက်ခြေနီ၊မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ရပ်ကွက် ပြည်သူများမှ စက်ယန္တယား ကြီးနှင့်အတူ ကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက် ခဲ့ကြောင်းနှင့် သေဆုံးသူများ သင်္ဂြိုဟ် နိုင်ရေး၊ အိုးမဲ့ အိမ်မဲ့ဖြစ်သွား သူများ အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကူညီ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
 
ကူးယူချင်ရင် ခွင့်ပြုချက်တောင်းပါ၊ သတင်းအပြည့်အစုံကို အဲ့ဒါကို နိပ်ပြီး ဆက်ဖတ်နိုင်ပါသည်>> http://www.www.tachileik.net/2014/07/mm.html
.. www.MyanmarExpress.net
 

လုံခြုံရေးရဲများကို မွတ်ဆလင်များက မချေမငံဆက်ဆံနေခြင်း၊ ဗလီအတွင်း ဓား၊ လှံ လက်နက်များ ဖမ်းဆီးရမိခြင်းများ အပြီးတွင် မန်းမြို့ခံများကို ကာကွယ်ရန် စစ်တပ်တာဝန်ယူ

From : .. Man Media

လုံခြုံရေးရဲများကို မွတ်ဆလင်များက မချေမငံဆက်ဆံနေမှု၊ ဗလီအတွင်း ဓား၊ လှံ လက်နက်များ သိမ်းဆည်းရရှိမှုများ ကြောင့် မန်းမြို့ခံများကို ကာကွယ်ရန် စစ်တပ်မှတာဝန်ယူ ဆောင်ရွက်ရန် အတွက် စစ်ကား အစီး ၅၀ ခန့် မန္တလေးမြို့အတွင်း နေရာယူလိုက်ပြီဖြစ်သည်။



မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ထားပြီးနောက် ရဲအင်အား ၅၀၀ တိုးမြှင့်ချထားသော်လည်း လုံခြုံရေးရဲများကို အစ္စလာမ်ဘာသာဝင်များက မချေမငံဆက်ဆံနေမှုများရှိသဖြင့် မြို့ခံများက စိုးရိမ်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။ ပုဒ်မ ၁၄၄ ထုတ်ပြီးချိန် ဇူလိုင်လ ၃ ရက်နေ့ (မနေ့ည)က ၂၈ လမ်း နှင့် ၈၂ လမ်းထောင့်ရှိ လုံခြုံရေးရဲတပ်သားများအား ဒေါသထွက်နေသည့် ဓားလွယ်ထားသူ အစ္စလာမ်ဘာသာဝင် နှစ်ဦးမှ "ငါတို့က အင်အား အပြည့်ရှိတယ်.. ကာကွယ်စရာမလိုဘူး.. မင်းတို့သွား.. ငါတို့ကို အလ္လာ ကာကွယ်လိမ့်မယ်… ငါတို့ကို ဒီ သံဆူးကြိုးတွေ ဖယ်ပေး… ငါတို့က သေမှာမကြောက်ဘူး.. အလ္လာ ရှိတယ်…" စသဖြင့် အော်ဟစ်ကြုံးဝါးနေကြောင်း မန္တလေးမြို့မှ မျက်မြင်တစ်ဦးမှ ဆိုသည်။ 

၁၀ နာရီခွဲခန့်တွင်လည်း ၂၇ လမ်း နှင့် ၂၈ လမ်းကြား အမြှောက်တန်း ဗလီ နှင့် ရှာအာဗလီ တို့မှ အသံချဲ့စက်လော်စပီကာများမှ "အစိုးရအနေနဲ့ ကာကွယ်မှုမထိရောက်ဘူးဆိုရင်၊ အလ္လာသျှင်ရဲ့ ဥပဒေ အတိုင်း မိမိကိုယ်တိုင် စီမံအုပ်ချုပ်ပြီး ကာကွယ်သွားမည်" ဟု အော်ဟစ်ကြေညာခဲ့ကြောင်း သိရသည်။ 


လတ်တလော မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်း ဥပုဒ်လဟု အကြောင်းပြကာ မွတ်ဆလင်များ ၅ ဦးထက်မက စုဝေးနေကြပြီး ၉ နာရီကျော်ထိ ဗလီများတွင် စုရုံးနေကြကြောင်း ဒေသခံများက ဆိုသည်။ ရဲများမှာ အဓိကရုဏ်းကိုင်တွယ်မှု အတွေ့အကြုံ မရှိသေးသည့်အပြင် အဓိကရုဏ်း ကာကွယ်ရေးလက်နက် ကိရိယာအပြည့်အစုံမပါရှိတာကြောင့် ဗုဒ္ဓဘာသာဝင်အချို့ စစ်တပ်မှ ဝင်ရောက်၍ ပြတ်ပြတ် သားသားကိုင်တွယ်ရန် တောင်းဆို ထားကြောင်းသိရသည်။ မန္တလေးမြို့အထင်ကရ မစိုးရိမ် တိုက်အုပ်ဆရာတော် ဦးဝီရသူ၏ Facebook တွင်လည်း လွန်ခဲ့သည့် ၂ ရက်က တပ်မတော်မှဝင်ရောက်ရန် တောင်းဆိုထားပြီး လတ်တလောတွင် ဆရာတော်မှာ   အသက်အန္တရာယ်ပြုရန် ချိန်းခြောက်ခြင်းကို ခံထား ရကြောင်း သတင်းရရှိသည်။





.. www.MyanmarExpress.net
 

အမေရိကန် -မြန်မာ စစ်ဘက်ဆက်ဆံရေးတိုးမြှင့်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြောခွင့်ရ

From : .. 7day


  နေပြည်တော်ရှိ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို က အမေရိကန်တပ်မတော်မှ စစ် ဘက်ဆိုင်ရာထိပ်တန်းအရာရှိ တစ်ဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၅ ရက်က နေပြည် တော်ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်(National Defence College) သို့ ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီက လာရောက်လေ့ လာခဲ့ပြီး ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား ၁၀၀ ခန့်အား ပြော ကြားရာတွင်

တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်အာဏာသိမ်းမှုမှာ မသင့်တော်ကြောင်းနှင့် ခေတ်မီတပ်မတော်တစ်ရပ်၏ အင်္ဂါရပ်များကို ဦးတည်ပြောကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက အတည်ပြုသည်။

‘‘ထိုင်းမှာဆို အခု တပ်က အာဏာသိမ်းထားတဲ့အတွက် အမေရိကန်က Cobra Gold လို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဘူး။ အုပ်ချုပ်ရေးမှာ တပ်ပါဝင်တာ မကောင်းဘူးပေါ့။  တပ်မတော်က အာဏာသိမ်းတာ လည်း မကောင်းဘူးဆိုပြီး ထိုင်းကို ဥပမာပြုပြီး ပြောသွားတယ်။ နောက်ပြီး အမေရိကန် တပ်မ တော်ရဲ့ ရပ်တည်ချက်တွေကို ရှင်းပြသွားတယ်။ ဒီဘက်ကလည်း လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်  ကိစ္စတွေဘာတွေ အကုန်သူ့ကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်’’ဟု အဆိုပါ အရာရှိက ပြောကြား သည်။

ဒုတိယဗိုလ်ချုပ်ကြီး အန် ထော်နီက ခေတ်မီ တပ်မတော်တစ်ခုတွင် တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး လေး စားလိုက်နာမှုတို့မှာ အရေးကြီး ကြောင်း၊ လေ့ကျင့်မှုနှင့် ပညာ စွမ်းရည်၊ ပွင့်လင်းမြင်သာမှု၊ တာ ၀န်ယူမှု၊ တာဝန်ခံနိုင်မှု၊ အရပ် သားများ၏ ထိန်းကျောင်းမှုများ သည် ဒီမိုကရေစီစနစ်ကျင့်သုံး သည့် နိုင်ငံတွင်း အင်အားရှိ သည့် တပ်မတော်တစ်ရပ် အတွက်မဖြစ်မနေလိုအပ်သည့် အရာများဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်မြို့ အမေရိ ကန်သံရုံးက သတင်းထုတ်ပြန် သည်။

လက်ရှိနိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်၏ ကျောင်းအုပ် ကြီးမှာ DSA အပတ်စဉ်(၂၆) သင် တန်းဆင်း ဗိုလ်ချုပ်တင်အောင် ချစ်ဖြစ်ပြီး ယင်းတက္ကသိုလ်သို့ သမ္မတဦးသိန်းစိန် လက်ထက်အ တွင်း ဂျပန်စစ်ဦးစီးချုပ်က ပထမ ဆုံး လာရောက်လေ့လာခဲ့ပြီး ယခုအမေရိကန် ဒုတိယ ဗိုလ်ချုပ် ကြီးလာရောက်ခြင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးနှင့်အ တူ မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လည်း အတူလိုက်ပါခဲ့ကြောင်း သိရသည်။ မြန်မာစစ်တပ်သည် ကလေးစစ်သားများကို မိဘများ ထံပြန်လည်အပ်နှံသည့်ကိစ္စများ အတွက် အသိအမှတ်ပြုသကဲ့သို့ အတင်းအဓမ္မစစ်သားစုဆောင်း ခြင်း၊ စစ်ရေးတွင် အမျိုးသမီးများ  အပေါ် လိင်အကြမ်းဖက်မှုကျူး လွန်ခြင်းစသည့် လူ့အခွင့်အရေး ပြဿနာများကိုလည်း ဖြေရှင်းရန် လိုကြောင်း အမေရိကန်အစိုးရက အစဉ်တိုက်တွန်းပြောကြားထား သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးသည် အမေရိကန်လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီးအဖွဲ့နှင့်အတူ မြန် မာနိုင်ငံသို့ လာရောက်ခြင်းဖြစ် ပြီး ဇွန်လ ၂၈ ရက်က ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

အမေရိကန် စစ်တပ်က မြန်မာနိုင်ငံကို စစ်ရေးနှင့် မပတ် သက်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအ ညီပေးရေးအပါအ၀င် နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မှုများ ရှိနေ သည်။ မြန်မာနိုင်ငံရေးအတိုက် အခံအင်အားစုများနှင့် အမေရိကန် အထက်လွှတ်တော်တို့က စစ်တပ်ချင်း ပူးပေါင်းဆက်ဆံမှု ကို စိုးရိမ်မှု၊ ကန့်ကွက်မှုများ ရှိ နေသော်လည်း အမေရိကန်အစိုး ရက စစ်ရေးနှင့် မပတ်သက်သော အကူအညီများနှင့် ဆက်ဆံမှုများ ပြုလုပ်သွားမည်ဟု ပြောကြား ထားသည်။
 

.. www.MyanmarExpress.net
 

တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံးကို ဦးအောင်မင်းတောင်းပန်

From : .. 7day


သူရဘွဲ့နှင့် သူရဲ ကောင်းမှတ်တမ်းဝင်များပေးစရာ မလို၊ သစ္စာလေးချက်ပြင်ရန်လို အပ်ဟု ပြောမိခဲ့သည့် စကားများ နှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီး  ဦးအောင်မင်းက တပ်မတော် သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံးကိုယ်စားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။

၁၉၇၃ ခုနှစ် တိုက်ပွဲဖြစ် စဉ်တစ်ခုတွင် ကျဆုံးနှင့် ဒဏ်ရာ ရစစ်သားများကို စွန့်စားကယ် တင်နိုင်ခဲ့သည့် ဆောင်ရွက်မှု ကြောင့် သူရဲကောင်းမှတ်တမ်းဝင် အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ဗိုလ်ချုပ်(ဟောင်း)၊ သမ္မတရုံးဝန် ကြီးဦးအောင်မင်းက UMFCCI တွင် ပြုလုပ်ပွဲတစ်ခု၌ ‘‘ကိုယ့်အ ချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအ တွက် သူရဘွဲ့တွေ၊ သီဟသူရဘွဲ့ တွေ ပေးစရာမလိုဘူး’’ဟု ပြော ကြားခဲ့သည်။

အဆိုပါသတင်းကို သတင်း စာစောင်အချို့က ဖော်ပြခဲ့သည့် အတွက် တပ်မတော်သားနှင့် စစ် မှုထမ်းဟောင်းများက ဦးအောင် မင်းအပေါ် အပြင်းအထန် ကန့် ကွက်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြ သည်။ အဓိကအားဖြင့် လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာသုံးစွဲ ကြသည့် တပ်မတော်သားများစွာ နှင့် စစ်မှုထမ်းဟောင်းကြီးများက ဦးအောင်မင်း၏ ပြောကြားချက် ကို သည်းမခံနိုင်စရာဖြစ်ရပ်တစ်ခု အဖြစ် သတ်မှတ်၍ နေ့စဉ်ရက် ဆက်ထိုးနှက်ဝေဖန်မှုများ ပြင်း ထန်ခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ သမ္မတ ရုံး ၀န်ကြီးဦးအောင်မင်းက မိမိ၏ ပြောစကားအတွက် တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း များအားလုံးကို တောင်းပန်လိုက် ခြင်းဖြစ်သည်။

ဦးအောင်မင်း ကိုယ်တိုင် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ သွားရောက်၍ ဇွန် ၁၇ ရက်တွင် တောင်းပန်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

‘‘အဲဒီနေ့က မီဒီယာတစ်ဦး က မေးတယ်။ သမိုင်းကြောင်း တစ်လျှောက် နှစ်ဖက်ကျဆုံး သွားခဲ့တဲ့ စစ်သည်များ၊ တိုင်းရင်း သားလက်နက်ကိုင်များရဲ့ အရေ အတွက်ကို ကိန်းဂဏန်းနဲ့ ဖော်ပြ ပေးပါလို့ တောင်းဆိုလာပါတယ်။ ဒါကြောင့်ဒီစကားကိုပြောခဲ့ရတာ ပါ။ ဒါ့အပြင်အိန္ဒိယနိုင်ငံ အင်ဖာ မှာရှိတဲ့ သူရဲကောင်းစစ်သည် ဗိမာန်မှာ ကိန်းဂဏန်းတွေမရေး ထားဘဲ စာကြောင်းလေး တစ် ကြောင်း ရေးထားတာကိုလည်း ပြောပြခဲ့ပါတယ်။ အဲဒါကတော့ မင်းတို့တွေ အိမ်ပြန်သွားကြရင် တစ်ခွန်း သူ့ကိုပြောလိုက်ပါ။ မျိုး ဆက်သစ်တွေအတွက် မနက် ဖြန်တွေရှိနေစေဖို့ ငါတို့တစ်တွေ ဒီနေ့မှာ ပေးဆပ်ခဲ့ပါပြီဆိုတာပါ ပဲ။ ခေတ်စနစ်တွေ ပြောင်းလဲနေ ပါပြီ။ ကျည်တစ်တောင့်မှ မကုန် ဘဲ ငြိမ်းချမ်းရေးရရင် ပိုမကောင်း ဘူးလား’’ဟု ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက အဆိုပါကိစ္စ နှင့် ပတ်သက်၍ 7 Day Daily အားရှင်းပြသည်။

ဦးအောင်မင်းတောင်းပန်မှု အပေါ် တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးက ‘‘လူဆိုတာ တော့ ဘယ်သူဖြစ်ဖြစ်မှားတတ် တယ်။ ဒီလိုပြောခဲ့တဲ့အမှားက တပ်မတော်တစ်ရပ်လုံးအတွက် ရင်ထဲမှာ မခံစားစေချင်ဘူး။ ယောက်ျားပီပီ၊ စစ်သားပီပီ ကိုယ့် အမှားကိုယ် ရဲရဲဝံ့ဝံ့ဝန်ခံသွားတဲ့ အတွက် ဘာပဲပြောပြောကျေနပ် တယ်။ နောက်ထပ်လည်း ဒီလို မျိုးထိလွယ်ရှလွယ်ကာလကြီးမှာ တပ်အတွင်းမှာတင်ကို အမြင် စောင်းသွားနိုင်တဲ့ အပြောမျိုးကို မဖြစ်စေချင်ဘူးလို့ ပြောချင်ပါ တယ်’’ ဟုမှတ်ချက်ပေးသည်။

     အရပ်ဘက်တွင် တာဝန်ထမ်း  ဆောင်နေသည့် တပ်မတော် သားဟောင်း အရာရှိတစ်ဦးက လည်း ‘‘ပြန်ပြီး တောင်းပန်တယ် ဆိုရင်တော့ ကောင်းပါတယ်။ တပ်မတော်သားဆိုတာ ရဲဘော်ရဲဘက်တွေ အချင်းချင်းပိုပြီး ခင်တွယ်ပါတယ်။ ဒါမျိုးရဲဘော်ရဲဘက်ဆက်ဆံရေးက သာမန်သံယောဇဉ် မဟုတ်ပါဘူး။ သစ္စာဆိုတာတွေ၊ စွမ်းရည်ဘွဲ့ပေးတာ တွေရဲ့ နောက်ကွယ်မှာ လေးနက် တဲ့ အဓိပ္ပာယ်တွေ အများကြီးရှိပါ တယ်။ စစ်သားအိုကြီးတွေ ဘယ် တော့မှ မသေဘူး။ တဖြည်းဖြည်း ချင်းသာ မှေးမှိန်ပျောက်ကွယ် သွားလေ့ရှိပါတယ်ဆိုတဲ့ စကား လိုပါပဲ။ ၀န်ကြီးဦးအောင်မင်း အနေနဲ့ ဒီသံယောဇဉ်တွေ၊ ဒီ စိတ်ဓာတ်တွေရှိနေလို့လည်း အခု လိုပြန်ပြီး တောင်းပြန်တာဖြစ်ပါ လိမ့်မယ်။ အဲဒီအတွက်နားလည် နိုင်ပါတယ်’’ဟု ပြောသည်။

ဦးအောင်မင်းက ‘‘ကျွန် တော်တပ်မတော်သားတွေအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ နောက်လည်း ဖောက်မှာမဟုတ် ဘူး။ ကျွန်တော်အခု ဆောင်ရွက် နေတာ စစ်သားတွေ အကျိုးအ ပြတ်မဖြစ်စေဖို့၊ ရဲမေတွေ မုဆိုး မမဖြစ်စေဖို့ လုပ်နေတာပါ။ နိုင်ငံ တော်က တာဝန်ပေးနေတဲ့အချိန် ထိ ကျွန်တော်ဆက်လုပ်နေမှာပါ’’ ဟု ဆက်လက်ဖြေကြားသည်။

.. www.MyanmarExpress.net
 

ငရဲခွေးကြီးလွတ်နေပြီ



ကျုပ်တို့ ရွှေပြည်ကြီးလည်း ခုတလော ဘာတွေဖြစ်နေလည်းမသိ။ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မယ့်လမ်းကြောင်းပေါ်ကို ဦးတည်စပြုနေကာမှ ဟိုလူကြီးကတစ်မျိုးပြော၊ ဒီလူကြီးကတစ်မျိုးပြောနဲ့ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်ဖြစ်နေရရှာတယ်။
ပါးရိုက်မယ်ပြောတဲ့လူကပြော၊ ဗိုက်လှန်ပြတဲ့လူကလှန်ပြ၊ Record လုပ်ထားပါဆိုတဲ့ လူကရှိသေး။

ဒီကြားထဲ အဆိုးဆုံးကတော့ ဦးအောင်မင်းပေါ့ဗျာ။ နိုင်ငံရေးအကဲဆတ်နေချိန် အထိမခံဖြစ်နေချိန် တပ်မတော်ရဲ့သဘောထားက အရေးကြီးနေတဲ့အချိန်မှာ ဘာတဲ့ သူရ ဘွဲ့တွေကို မပေးသင့်ဘူး၊ တပ်မတော်သားတွေ နေ့စဉ် ဦးထိပ်ထားပြီး ရွတ်ဆိုနေရဲ့ သစ္စာလေးချက်ကို ပြင်သင့်တယ်တဲ့။

စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလိုပဲ တပ်မတော်ကြီးကို အင်မတန်မှချစ်ခဲ့တဲ့လူတွေ၊ လက်အောက်ငယ်သား ရဲဘော်တွေကို ကိုယ်ချင်းစာတရားထားတဲ့လူတွေလို့ အသံအကျယ်ဆုံး အော်ဟစ် ကာ  ပြောဆိုနေခဲ့ပေမယ့် မင်းသားခေါင်းဆောင်းနေသူတွေရဲ့ အသံပဲဖြစ်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီ။

ဘာနဲ့တူလဲဆိုရင် ရပ်ကွက်ထဲမှာ မွေးတဲ့ ခွေးလေခွေးလွင့်နဲ့တူတယ်။ ခွေးဆိုတဲ့အမျိုးက အင်မတန်မှ သစ္စာရှိတာမှန်ပေမယ့်လည်း လောကကြီးမှာ ခွေးထက် ယုတ်ညံ့တဲ့ သခင်လက်ကို ပြန်ကိုက်တဲ့လူတွေက အများကြီးပါ၊ ဥပမာ ဦးအောင်မင်းလိုလူမျိုးတွေပေါ့။ ငယ်ငယ်လေးကတည်းက
ကောင်းကောင်းမွန်ကျွေး ကောင်းကောင်းမွန်ထားလို့ တသွေးတမွေးပြောင်လာခဲ့ပြီးမှ
မွေးခဲ့တဲ့အိမ်ရှင်ကို ကိုက်လိုက်၊ ပမာမခန့်ပြုလိုက်၊ ဟိုလူ့ကိုလိုက်ဆွဲ၊ ဒီလူ့ကိုလိုက်ဆွဲလိုက်နဲ့ ခွေးရူးလိုလုပ်နေရင်တော့ အဲဒီခွေးကို ရိုက်သတ်ရမှာပါပဲ၊ ထားလို့မှမဖြစ်တော့တာ။

ရှေ့တန်းစစ်စခန်းတွေ၊ ကျည်ဆံတွေ၊ အမြှောက်ဆံတွေ ပလူပျံနေပြီး ပင်ပန်းဆင်းရဲလွန်းတဲ့ စစ်မြေပြင်တွေမှာ အသက်ပေးသွားခဲ့ရသူ ကျဆုံးစစ်သည်တွေအနေနဲ့ ခုချိန်မှာ သေရာကနေပြန်ထလာပြီး ပါးတစ်ယောက်တစ်ချက်ရိုက်မယ်ဆိုရင်တောင် စိစိညက်ညက်ကြေနေလောက်ပါပြီ။ တပ်မတော်အပေါ် ပုတ်ခတ်ပြောဆိုနေပေမယ့် တပ်မတော်က မြေတောက်မြှောက်ပေးလိုက်လို့ တသွေးတမွေးဖြစ်နေတဲ့ ဦးအောင်မင်းတစ်ယောက် ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တွေ၊ သားသမီးတွေ၊ ဇနီးတွေအတွက် ဘာတစ်ခုများ လုပ်ပေးခဲ့ပြီးပြီလဲ၊ အဖြေက NO ပါ။ ဖိနပ်တစ်ရံ၊ ရေတမှုတ်တောင် မကူညီပေးခဲ့ဖူးပါဘူး။
အင်မတန်မှ ရှက်စရာကောင်းပါတယ်။

အင်တာနက်စာမျက်နှာတွေနဲ့ လူမှုကွန်ယက်တွေမှာ ပြန်ရှာကြည့်ပါ၊ တရုတ်ကိုကြောက်ရတယ်လို့
ပြောခဲ့လို့  အတိုက်အခံတွေဘက်က အမျိုးမျိုးထိုးနှက်တိုက်ခိုက်နေချိန်မှာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မိမိအထက်လူကြီးအနေနဲ့ ဦးအောင်မင်းဘက်ကပဲ ဒီကောင်တွေက ဖာသည်လုပ်ပြီး ရေးခဲ့၊ ပြောခဲ့၊ ဆိုခဲ့ကြတဲ့လူတွေပါ။ ခွေးဟာ ချီးကြိုက်တာမဆန်းပေမယ့် ခွေးလောက်တောင် သစ္စာမရှိတာကတော့ ရွံစရာပါပဲ။ ခွေးရူးတစ်ကောင်လို ဟိုလူ့လိုက်ကိုက်၊ ဒီလူ့လိုက်ကိုက် လုပ်နေတာတွေကို ရပ်တန်းကရပ်သင့်ပါပြီ။

နောက်ဆုံးတော့ တပ်မတော်မှာ ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် ခေါင်းဆောင်ကောင်းမပီသခဲ့တဲ့ လူတစ်ယောက်အဖြစ် တပ်မတော်သားအားလုံးရဲ့ ရင်ထဲမှာစူးနစ်ပြီး သမိုင်းမှာ မော်ကွန်းထင်ကျန်ခဲ့ပါပြီ ဦးအောင်မင်း။


အမေ့အိမ် ပညာဒါနကျောင်းမှ မူလတန်းကျောင်းသားလေးများ စစ်သားလုပ်ရန် ဝါသနာပါသည့်အတွက် ဒေါ်အောင်ဆန်း စုကြည် ဒေါသထွက်



 အမေ့အိမ် ပညာဒါနကျောင်းမှ မူလတန်းကျောင်းသားလေးများ စစ်သားလုပ်ရန် ဝါသနာပါသည့်အတွက် ဒေါ်အောင်ဆန်း စုကြည် ဒေါ်သထွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

၆၉ နှစ်ပြည့် မွေးနေ့အကြို ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်းရှိ အမေ့အိမ် ပညာဒါနကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခဲ့ပြီး မူလတန်းကျောင်းသားလေးများကို ကြီးလာရင်ဘာလုပ်ချင်လဲဟု တစ်ဦးချင်းမေးရာ ယောင်္ကျားလေး အားလုံးက စစ်သားလုပ်မယ်ဟု ဖြေဆိုခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် ဒေါသအလိပ်လိုက်ထွက်ခဲ့ကြောင်း သိရသည်။

ဒေါ်သထွက်နေသော ဒေါ်အောင်ဆန်းစုကြည်မှ မူလတန်းကျောင်းသား များကို အမှန်တရားဖက် ရပ်တည်ရန် အကြောင်းများ၊ နိုင်ငံတော် ကာကွယ်ခြင်းအကြောင်းများ၊ နိုင်ငံတော် တည်ဆောက်ခြင်း အကြောင်းများ၊ လူဆိုးများကို ဖမ်းခြင်းကအရေးမကြီးကြောင်း စသည့် စကား လုံးကြီးများကို ပြောဆိုခဲ့ကြောင်း သိရသည်။ မူလတန်းကလေးများမှ ဒေါ်အောင်ဆန်းစုကြည် စကားကို နားလည်ဟန်၊ စိတ်ဝင်စားဟန် မရှိပဲ စားဖို့နဲ့ ကစားဖို့ အော်ဟစ်နေကြကြောင်း တွေ့ရသည်။ 

ဒေါ်အောင်ဆန်းစုကြည် ၏ ပြောဆိုမှု ဗွီဒီယိုဖိုင်


.. www.MyanmarExpress.net
 

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသို့ အိတ်ဖွင့်ပေးစာ (ပေးစာ - ၂၅၃)


ဝန်ကြီးခင်ဗျာ..

ဇွန်လ ၇ ရက်နေ့ UNFCCI ခန်းမမှာ ပြောခဲ့တဲ့ ဝန်ကြီးရဲ့ နိဂုံးချုပ်အမှာစကားမှာ “သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်းဝင်တွေ မပေးသင့်ဘူး… တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့ တစ်ချက်ဆိုရင် ‘ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သေစ္စာကို စောင့်သိရိုသေပါမယ်..’ ဆိုတဲ့ အချက်ပါနေတယ်…  သစ္စာစောင့်သိနေရင်းနဲ့ တိုက်ပွဲက မပြီးတော့ဘူး.. ဒါကို ဖျောက်ဖျက်ဖို့လိုတယ်…” လို့ ဝန်ကြီးပြောခဲ့ပါတယ်။ ဝန်ကြီးရဲ့စကားက စစ်သား အားလုံးကို အသည်းတဆစ်ဆစ်နာကျင်စေပါတယ်။ လက်ရှိ စစ်မှုထမ်းတွေတင်မက စစ်မှုထမ်းဟောင်းတွေနဲ့ ကျဆုံးစစ်သည်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေ အတွက်လည်း ထပ်တူထပ်မျှ ခံစားရပါလိမ့်မယ်။

ငြိမ်းချမ်းရေးကို အလိုချင်ဆုံးလူသားက စစ်သားပါ။ စစ်ဖြစ်ပွဲတွေမဖြစ်စေချင်ဆုံးက စစ်သားမိသားစုတွေပါ။ ဝန်ကြီးနဲ့ ဝန်ကြီးမိသားစုထက် စစ်သားအားလုံးနဲ့ မိသားစုများက ငြိမ်းချမ်းရေး ပိုလိုချင်ပါတယ်။

လူတစ်ယောက် (သို့မဟုတ်) စစ်သား တစ်ယောက်ကို မေးကြည့်ပါ။ သူရဘွဲ့နဲ့ အသက်နဲ့ လဲမလား… သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်နဲ့ ခြေထောက် ၂ ချောင်း လဲမလားလို့ မေးကြည့်ပါ။ ဘယ်သူမှ မလဲပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခြေတု လုံလုံလောက်လောက်မရှိ၊ သေဆုံးစစ်သည် မိသားစုအတွက် ထောက်ပံ့မှု လုံလုံလောက်လောက်မရှိတဲ့ တပ်မတော်မှာ ဘယ်သူမှ ဘွဲ့တွေမမက်မောပါဘူး။ သူရဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင်တွေ ရနေတဲ့ စစ်သားတွေဟာ ဒီဘွဲ့တွေကို လိုချင်လွန်းလို့ အသေခံ၊ ဒဏ်ရာရခံပြီး စစ်တိုက်နေတာလို့ ဝန်ကြီးထင်နေပြီလား။ ဘွဲ့ရအောင် ရှေ့အတင်းတက် စစ်တိုက်ခဲ့ပြီး ဘွဲ့မရလို့ သတင်းပို့တိုင်ကြားတဲ့ မြန်မာ စစ်သားတစ်ဦး တစ်ယောက်ကိုများ ဝန်ကြီးရဲ့ စစ်မှုထမ်းသက်တမ်း အတွင်းမှာ တွေ့ခဲ့ဖူးပါသလား။ ပြန်စဉ်းစားကြည့် ပါအုံး။ စစ်ပွဲပြီးသွားမှသာ အထက်လူကြီးများက အသိအမှတ်ပြု ချီးမြှောက်တာပါ။ ဝန်ကြီး ကိုယ်တိုင်လည်း တောင်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဘဝတုန်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှဆွေ (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ကို ချီးကျူးဂုဏ်ပြု (၂) ခါပို့ခဲ့တာပဲ မဟုတ်လား။

ဒီလိုချီးမြှင့်နေတာ မြန်မာ့တပ်မတော် တစ်ခုတည်း မဟုတ်ပါဘူး။ အမေရိကန်အပါအဝင် နိုင်ငံတိုင်းမှာ ပြည်တွင်းစစ်ပွဲအတွင်း ထူးထူးချွန်ချွန် စွန့်လွတ်စွန့်စား ခဲ့သူ စစ်သားအားလုံးကို အသိအမှတ်ပြု ဘွဲ့တံဆိပ်တွေ ချီးမြောက်ခဲ့တာ ကမ္ဘာ့သမိုင်းမှာ အများအပြားတွေ့နိုင်ပါတယ်။ ပြည်တင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်နေတဲ့ ဝန်ကြီးတစ်ယောက် အနေနဲ့ ကမ္ဘာတဝန်းက ပြည်တွင်းစစ် သမိုင်းကြောင်းတွေ လောက်ကို တော့ သိဖို့ကောင်းပါတယ်။ 

နောက်တစ်ခုက ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့စစ်ပွဲတွေနဲ့ အရင်ကဖြစ်ခဲ့တဲ့ စစ်ပွဲအားလုံးဟာ သစ္စာလေးချက်မှာ ဒုတိယ အချက်ဖြစ်တဲ့ ကျဆုံး တပ်မတော်သားတွေရဲ့ သစ္စာကို စောင့်သိလို့ ဖြစ်နေတာ မဟုတ်ပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပါအပါအဝင် ဘယ်ဗိုလ်ချုပ်ကြီးတွေကမှ ကျဆုံး တပ်မတော်သားတွေ အတွက် စစ်တိုက်ရမယ်လို့ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောဆိုခဲ့တာမျိး မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ ရုပ်ပျက်ဆင်းပျက်သေခဲ့ရတဲ့ စစ်သားပုံတွေ တပ်တွေမှာ ချိတ်ပြပြီး သွေးဆူအောင်လုပ်ဖို့ ဘယ်ဗိုလ်ချုပ်ကြီးတွေကမှ မညွန်ကြားခဲ့ဖူးပါဘူး။

တခြားနိုင်ငံတွေမှာ သေဆုံးစစ်သည်တွေ အတွက် စစ်သချိင်္ုင်းရှိပါတယ်။ မော်ကွန်းကျောက်စာတွေ ထိုးထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်သားတွေသေရင် အဆင်ပြေတဲ့နေရာ မြုပ်ရပါတယ်။ တခြားနိုင်ငံမှာ စစ်သားအလောင်းကို လက်တဖက်၊ ခြေတဖက်မကျန် ပြန်ကောက်ပါတယ်။ ပြည်ပက စစ်သားအ လောင်းတောင် လေယာဉ်နဲ့ ပြန်သယ်ပါတယ်။ မြန်မာနိုင်မှာ တောထဲတင် ဖြစ်သလိုမြုပ်လိုက်ရတဲ့ စစ်သားအ လောင်းတွေ မရေမတွက်နိုင်အောင်ရှိပါတယ်။ အသက်စွန့်လွတ်သွားတဲ့ စစ်သားတွေအတွက်၊ ကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် အစိုးရ ဘာလုပ်ပေးနိုင်ပါသလဲ? ဝန်ကြီးတို့ ဘာလုပ်ပေးနိုင်ပါသလဲ? ဘာမှ လုပ်မပေးနိုင်ပါဘူး။ တပ်မတော်ကလည်း  ကျဆုံးစစ်သည်တွေရဲ့ သစ္စာကို စောင့်သိရိုသေတာကလွဲပြီး ဘာမှလုပ်ပေးပိုင်ခွင့်မရှိပါဘူး။ ဝန်ကြီးရဲ့စကားက သွေးစိမ်းရှင်ရှင်ပန်းထွက်ပြီး သေခဲ့ရတဲ့ စစ်သားတွေနဲ့ ကျန်ရစ်သူမိသားစုတွေသာမက သစ္စာဆိုခဲ့ဖူးသူအားလုံးကို စော်ကားနေပါတယ်။ ဝန်ကြီးပြောသလိုဆိုရင် သမိုင်းတလျှောက် ဗကပ အပါအဝင် ပြည်တွင်းသောင်းကျန်းသူမှန်သမျှ ကိုတိုက်ခိုက်ရင်း ရှေးက အသက်ပေးသွားကြတဲ့ စွမ်းရည် ဘွဲ့တွေ ရခဲ့တဲ့ တပ်မတော်သားတွေကို သစ္စာဖောက်တာပါပဲ။ ဒီကနေ့ ဝန်ကြီး ဦးအောင်မင်း ဆိုပြီး ဒီလိုပြောနိုင်တာ၊ ဒီလိုနေနိုင်စားနိုင်တာ အဲဒီ အသက်ပေးသွားတဲ့ တပ်မတော်သားတွေကြောင့်၊ လက်ရှိ သစ္စာစောင့်သိနေတဲ့ တပ်မတော် သားတွေကြောင့် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

ဗိုလ်ချုပ်ဟောင်း တစ်ဦးကို အခုလိုပြောရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ဟောင်းက ဇီးသီးသည်မဗျိုင်းဖြစ်နေတော့ ဆက်ပြောရပါအုံးမယ်။ ဝန်ကြီးကို ဒီနေ့ ဒီနေရာရောက်အောင် ပုခုံးနဲ့ ထမ်းတင်ပေးခဲ့တာလည်း ဒီစစ်သားတွေဖြစ်ပါတယ်။ တစ်ချိန်က ဗိုလ်အောင်မင်းအသက်ကို ကာကွယ်ဖို့ နေ့မအိပ်ညမအိပ် စောက်ရှောက်ခဲ့တာလည်း ဒီစစ်သားတွေပါ။ ကုန်ကုန်ပြောရရင် လက်ပံတောင်းမှာ တရုတ်ကိုကြောက်ရပါတယ် ဆိုတဲ့စကား နာမည်ကြီးတုန်းကလည်း စစ်သားတွေကပဲ အင်တာနက် စာမျက်နှာများမှာ ၀န်ကြီးအတွက် အမုန်းခံ ဖာထေးပေးခဲ့ရသလို ဝန်ကြီးသမီး နဲ့ ရဲလေး မင်္ဂလာဆောင်ချိန် ထွက်လာတဲ့ သတင်းတွေကိုလည်း ဒီစစ်သားတွေကပဲ ကာပေးခဲ့ရတာပါ။

ဝန်ကြီးအနေနဲ့ သစ္စာလေးချက်ကို ပြင်ဖို့ ပြောနေတာ ၂၀၁၃ ကတည်းကပါ။ စစ်တပ်က အငြိမ်းစားယူသွားလို့ စစ်သားတွေအပေါ် ကိုယ်တိုင် သစ္စာမစောင့်သိချင်နေပါ သစ္စာဆူးစေမယ့် စကားမျိုးကို ကိုယ်တိုင်စိတ်ပါ၍ သော်လည်းကောင်း၊ တပါးသူ တိုက်တွန်း၍ သော်မလည်းကောင်း မပြောမိဖို့ ကြိုးစားပါ။ ဝန်ကြီးရဲ့ သစ္စာမဲ့မူတွေက ဝန်ကြီးအတွက်တင်မကပဲ ဝန်ကြီးကို အနားခေါ်ထားတဲ့ သမ္မတဦးသိန်းစိန် အတွက်ပါ တပ်မတော်တစ်ခုလုံးရဲ့ လေးစားထောက်ခံမှုတွေ လျှော့ကျသွားမှာကို သတိပြုစေချင်ပါတယ်။

လေးစားစွာဖြင့်
ဗိုလ်ကြီး နိုင်မင်းအောင်


.. www.MyanmarExpress.net
 

"ခင်ဗျားတို့ပြောတော့ လွှတ်တော် အထက်မှာ တပ်မတော် ရှိတယ်ဆို" ~ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး

From : .. https://www.facebook.com/femalesoldiers


မေလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန် အစည်းအဝေး ခေတ္တနားချိန်မှာ သတင်းမီဒီယာသမားတွေကို ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်ရဲ့အထက်မှာ တပ်မတော် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ လွှတ်တော်က အဆိုတင်သွင်းတဲ့ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော်သားတွေရဲ့ ဆန္ဒက အဓိကမူတည်နေပြီး တပ်မတော်သားတွေ ရဲ့သဘောထားက ကာချုပ်ရဲ့ သဘောထားဖြစ်တာကြောင့် လွှတ်တော်ရဲ့ အထက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိနေကြောင်း၊ တပ်မတော်က လွှတ်တော်ရဲ့အထက်မှာ ရှိနေကြောင်း စသည်ဖြင့် မီဒီယာသမားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန်ပြောဆိုခဲ့ကြပြီး ဂျာနယ်၊ သတင်းစာများနဲ့ အင်တနက် စာမျက်နှာများပေါ်မှာ လွှတ်တော်အထက်တွင် တပ်မတော်ရှိကြောင်း ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။ ဝါရင့်၊သဘာရင့် ကျွမ်းကျင်တဲ့ ဆောင်းပါးရှင် အများအပြားကလည်း ထောက်ခံဆွေးနွေးရေးသားမှုတွေ တွေ့ခဲ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ပြီး ရက်သတ္တပတ် (၂) ပတ်မပြည့်ခင်မှာ အမျိုးသား လွှတ်တော်အတွင်း ဥပဒေတစ်ခု အတည်ပြုဖို့ မဲခွဲရာ တပ်မတော်သားတွေ ဝက်ဝက်ကွဲ ရှုံးနိမ့်ခဲ့ပြီး  တပ်မတော်သား အမတ်အားလုံး မတ်တတ်ရပ် ကန့်ကွက်တဲ့အဆိုတစ်ခုကို အမျိုးသားလွှတ်တော်က အတည်ပြုသွားပါတယ်။

PR စနစ်ကို ကန့်ကွက်ကြောင်း တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦး၊ ဗိုလ်မှူးကျော်နိုင်ဌေး၊ ဗိုလ်မှူးတိုးမင်းထွန်း နှင့် ဗိုလ်မှူးဝင်းသိန်း တို့မှ သာဓကများ၊ အထောက်အထားများဖြင့် အကျယ်တဝင့် စိတ်ဝင်စားစွာဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ချိန်မှာလည်း တပ်မတော်သားအားလုံး မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။ ဆွေးနွေးမှု တတိယမြောက်နေ့တွင် အမျိုးသား လွှတ်တော်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ် ၂၀၄ ဦးတွင် တပ်မတော်သား ၅၆ ဦးအပါအဝင် ကန့်ကွက်မဲ ၈၅ ဦးရှိခဲ့ပြီး ထောက်ခံမဲ ၁၁၉ မဲဖြင့် သဘောတူ အတည်ပြုလိုက်ကာ PR စနစ် အကောင်အထည် ဖော်ဆောင်ရေး ကော် မတီ တရပ်အား ကိုယ်စားလှယ် ၄၀ ကျော်ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

တပ်မတော်သားတွေအတွက် ရှက်ဖို့ကောင်းလောက်အောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်မှုတစ်ခုဖြစ်ပေမယ့် အဆိုးထဲက အကောင်းအဖြစ် လွှတ်တော်မှာ ဥပဒေတစ်ခု အတည်ပြုဖို့အတွက် တပ်မတော်သားတွေရဲ့ ဆန္ဒသည့် အဓိကမဟုတ်တဲ့အကြောင်း၊ တပ်မတော်ဟာ အခွင့်ထူး၊ အာဏာထူး ဘာမှပိုင်ဆိုင်ထားခြင်း မရှိကြောင်း ထင်ရှားစေခဲ့ပါတယ်။ တပ်မတော်ဟာ လွှတ်တော် ရဲ့ အထက်မှာ မရှိတဲ့အကြောင်းနဲ့ တပ်မတော်ရဲ့အထက်မှာ ပြည်သူ့ဆန္ဒစစ်စစ်များ ရှိနေကြောင်း တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးက သိစေခဲ့ခြင်းဟာ ကြီးမားတဲ့ သက်သေပြချက် တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ယခုလို နှိုင်းယှဉ်သုံးသပ်ချပ်မျိုးကိုတော့ ဘယ်နေရာမှာမှ မတွေ့ရသေးပါဘူး။ တပ်မတော်သားတွေဟာ အရှုံးကို ကျေနပ်စွာရယူခဲ့ပါတယ်။ အကြောက်အကန်ငြင်းတာတွေ၊ ရှက်ရမ်းရမ်းတာတွေ၊ ရှုံးမဲမဲပြီး တဖက်သားကို စွပ်စွဲပြောဆိုတာတွေ၊ စိန်ခေါ်တာမျိုးတွေ မရှိခဲ့ပါဘူး။

 ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ချစ်တယ်၊ ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကို သံယောဇဉ်ရှိတယ်လို့ နှုတ်မှ တဖွဖွပြောဆိုပေမယ့် Myanmar National Network အဖွဲ့သားများလို ရှေ့တန်းရောက် တပ်မတော်သားများအတွက် လှူဒါန်းထောက်ပံ့တာမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသေးပါဘူး။ လွှတ်တော်မှာ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော်ဆန္ဒအဓိကဖြစ်ကြောင်း၊ တပ်မတော်က လွှတ်တော်အထက်မှာရှိကြောင်း၊ တပ်မတော်သားများကို စိန်ခေါ်ကြောင်း များကိုလည်း ပြောဆိုခဲ့ပါတယ်။ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လိုချင်တာမရလို့ ကလေးတစ်ယောက်လို ပူဆာသလိုဖြစ်နေကြောင်း မှတ်ချက်ပေးခဲ့ပြီး အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းငွန်ကျုံးလန်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် တပ်မတော်သား တစ်ဦးရဲ့ ဆန္ဒသာ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။ မည်သို့ပင်ဖြစ်စေ PR နှင့်ပတ်သက်ပြီး တပ်မတော်သားများ၏ ရှုံးနိမ့်မှုသည် စွပ်စွဲခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေခဲ့ပါတယ်။
 

.. www.MyanmarExpress.net
 

ကာချုပ် နှင့် နိုင်ငံရေး



NLD အသိုင်းအဝန်းကလူတွေ စစ်တပ်က အာဏာသိမ်းမှာကို တော်တော်ကြောက်တဲ့အကြောင်း ပြောကြတယ်။
မှန်ပါတယ်။ ကျွန်တော်တို့လည်း ကြောက်ပါတယ်။ စစ်အာဏာရှင်ကို ကြောက်တာပါ။

သို့သော် ကျွန်တော်နှင့် သဘောထားမတူကွဲပြားတဲ့အချက်က သူတို့က တပ်ချုပ် မင်းအောင်လှိုင် အနားယူပြီးလျှင် နိုင်ငံရေးလောကထဲ ဝင်မှာလည်း ကြောက်ကြတယ်။

တကယ်တော့ ဘာမှ မဆိုင်ဘူးဗျ။ ကြောက်စရာလည်း မလိုဘူး။ တကယ်ဆို ကာချုပ်သည်လည်း လူတော်တစ်ယောက်ဖြစ်တဲ့အတွက် သူနိုင်ငံရေးလောကထဲ ဝင်လာလျှင် ဆီးလို့တောင် ကြိုသင့်တယ်။

ကာချုပ်က အနားယူလျှင် ရိုးရိုးသာမာန်အရပ်သား ဖြစ်သွားပြီ။ စစ်တပ်အာဏာသိမ်းမှာကို ကြောက်တယ်ဆိုလျှင် မင်းအောင်လှိုင်နေရာမှာ တက်လာမယ့် ကာချုပ်ကိုပဲ ကြောက်ရမှာ။ ခုလို နောက်တက်လာမယ့် ကာချုပ်ကို စကားတောင် ထည့်မပြောပဲ မင်းအောင်လှိုင် နိုင်ငံရေးလောကထဲ ဝင်မှာကို ကြောက်တယ်ဆိုတော့ တစ်မျိုးကြီးပဲ။

မင်းအောင်လှိုင်နှင့် ပတ်သက်ပြီး NLD တွေ တကယ်ကြောက်တာက စစ်တပ်အာဏာသိမ်းမှာကို စိုးရိမ်တာ မဟုတ်ဘူး။ တကယ်သာ မင်းအောင်လှိုင် နိုင်ငံရေးလောကထဲ ရှိနေလျှင် နောက်ကာချုပ်က အာဏာသိမ်းရမယ့် အရေးရှိလျှင်တောင် မင်းအောင်လှိုင် မျက်နှာနှင့် နောက်ဆုတ်သွားနိုင်တယ်။ မင်းအောင်လှိုင် နိုင်ငံရေးလောကထဲ ရှိလျှင် တပ်ကအာဏာသိမ်းဖို့ ရာနှုန်းက ပိုတောင်လျော့သွားဦးမယ်။ ဒါကြောင့် NLD တွေ မင်းအောင်လှိုင်ကို ကြောက်တာက စစ်တပ်အာဏာသိမ်းမှာကြောင့် မဟုတ်ဘူး။
သူတို့တကယ်ကြောက်တာက သမ္မတပြေးလမ်းကြောင်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်နိုင်မယ့် နောက်ထပ် လူတစ်ယောက် ပေါ်လာမှာကိုပါ။

သမ္မတပြေးလမ်းပေါ်မှာက သိတဲ့အတိုင်း ရွှေမန်း၊ ဦးသိန်းစိန်၊ ဒေါ်စု။ ဒီအထဲမှာ ဒေါ်စုကို ယှဉ်နိုင်တာက ဦးသိန်းစိန်။ သို့သော် ရွှေမန်းနှင့် ဦးသိန်းစိန်ကို လှည့်တိုက်လိုက်တော့ ဦးသိန်းစိန်က ရွှေမန်းကို ဦးစားပေးလိုက်တယ့် သဘောရှိတယ်။ အဲဒီမှာ ဒေါ်စုနှင့် NLD က ဝမ်းသာပြီ။ ရွှေမန်းဆိုလျှင် ဘယ်အချိန်ပြိုင်ပြိုင် နိုင်တယ်။ နိုင်ပြီးသား ထားလို့ရတယ်။ ဦးသိန်းစိန် စိတ်ပြောင်းမှာပဲ ပူရတာ။ ဒါကိုတော့ ရတက်မအေးဘူး။ ဒါကြောင့် ရသရွေ့တော့ ဦးသိန်းစိန်ကို ဖဲ့နေတယ်။ မပြိုင်စေချင်လို့။ အဲဒီအချိန် ရွှေမန်းနှင့်တော့ ပလဲပနံသင့်ပေါ့လေ။ ယာယီပူးပေါင်းတဲ့ သဘောပေါ့။

ဒါပေမယ့် မင်းအောင်လှိုင်သာ အရပ်ဖက်ကနေ နိုင်ငံရေးလုပ်လာလျှင် ဒေါ်စုအတွင် အကြီးဆုံး ရန်သူပဲ။ မင်းအောင်လှိုင်က တပ်ရဲ့ ထောက်ခံမှုရှိတယ်။ စာရိတ္တပိုင်းဆိုင်ရာ အမှားမရှိဘူး။ ဒီတော့ ဒေါ်စုအတွက် အန္တရာယ်ရှိတယ်။ ဒါကို NLD တွေက ကြောက်တာ။ မင်းအောင်လှိုင်ကို နိုင်ငံရေးထဲ မဝင်အောင် တားဆီးချင်တာ။

တပ်က ပြောင်းလာတာချင်းအတူတူ ရွှေမန်းကျ လက်ခံပြီး မင်းအောင်လှိုင် လက်မခံတာ ဘာ့ကြောင့်လဲ ယှဉ်ထိုးစဉ်းစားကြည့်ပါလေ။
ခရိုနီတစ်ဖြစ်လဲ စစ်အာဏာရှင်ကို လက်ခံပြီး ပြစ်ချက်မရှိသူကို လက်မခံနိုင်တာ ဘာကြောင့်ဖြစ်မလဲ ဆိုတာကို။

ကျွန်တော့်သဘောထား ပြောရလျှင် ကာချုပ် မင်းအောင်လှိုင်အနေနှင့် လက်ရှိရာထူးအတိုင်းပဲ ဆက်လက်ထမ်းဆောင်လျှင်လည်း လေးစားချီးကျူးမိသလိုတပ်မှ အနားယူပြီး နိုင်ငံရေးလောကထဲ ဝင်လျှင်လည်း မြန်မာ့နိုင်ငံရေး ချိန်ခွင်လျှာမျှစေဖို့ ဝမ်းမြောက်ဝမ်းသာ အားပေးမှာ ဖြစ်ပါတယ်။

Myo Min Thant

စစ်တပ် နှင့် အမျိုးစောင့်အဖွဲ့များ ပူးပေါင်းပြီ

From : ..YMG


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရောက် တပ်မတော် သားသုံးထောင်ကျော်အတွက် ပစ္စည်း နှင့်ငွေသား စုစုပေါင်း ၂၉သိန်း ကို မြန်မာ့ အမျိုးသားကွန်ရက်မှ ဇွန် ၇ ရက်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေ့တန်းတွင် ရောက်နေသည့် တပ်မတော်သားများအတွက် ပြည် သူများမှ နွေးထွေးမှုပေးသည့် ရည် ရွယ်ချက်ဖြင့် သွားရောက် လှူဒါန်း ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်မှ ဥက္ကဋ္ဌ ကိုသီရိက ပြောသည်။

''ရှေ့တန်းရောက်နေတဲ့ တပ် မတော်သားတွေကို လှူချင်တဲ့အ တွက် ကျွန်တော်တို့ရော အခြားသူ တွေရော အားလုံးပေါင်းပြီး လှူဒါန်း တာပါ'' ဟု ယင်းက ဆက်လက်ပြော သည်။

ယင်းကဲ့သို့လှူဒါန်းရာတွင် အ စားအသောက်များနှင့် ပစ္စည်းများ အတွက် ငွေကျပ် ၁၉သိန်းဖိုးနှင့် ငွေသား ၁ဝသိန်းကို ပြည်သူလူထု နှင့် ပူးပေါင်း၍ စုပေါင်းလှူဒါန်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အမျိုးသားကွန်ရက်အဖွဲ့ ကို ၂၀၁၄ခုနှစ် ဇန်နဝါရီလက စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်မှ ပြန်လည်ရောက်ရှိ လာသော ရခိုင်ပြည်သူ များအတွက်လည်း ငွေ ကျပ်သိန်း ၂ဝနှင့် အဝတ်အစား များကိုလှူဒါန်း ခဲ့ကြောင်းနှင့် ပရဟိတ အလှူများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Photo Caption :: မြန်မာ့အမျိုးသားကွန်ရက်မှ မောင်တောမြို့နယ်ရောက် တပ်မတော်သားများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်စဉ်။


 .. www.MyanmarExpress.net
 

"တပ်မတော်ကို နိုင်ငံရေး ထဲကနေ ထွက်သွားဖို့ မောင်းထုတ်နေ ခြင်းဟာ တပ်မတော် က နိုင်ငံရေး ထဲမှာ ကြာသင့် တာထက် ပိုကြာနေဖို့ အခြေအနေ တစ်ရပ်ကို ဖန်တီး သလို ဖြစ်နိုင် ပါတယ်" ~ ပိုက်တင်

From : ..Pite Tin

ဒေါ်စုနဲ့ တပ်မတော် အပြန်အလှန်သဘောထားအမြင် ကြည်လင်ရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေး တို့ဟာ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးအတွက် အရေးကြီး လှတဲ့ အခြေခံ လိုအပ်ချက်တွေထဲမှာ အဓိက ကျတဲ့ အချက် ဖြစ်ပါတယ်။ဒေါ်စု ဟာ လူထုခေါင်းဆောင်ဖြစ်တာနဲ့အညီ ဒေါ်စုနဲ့တပ်မတော် တို့ နွေးထွေးချစ်ကြည်တဲ့ ဆက်ဆံရေး ကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်တာနဲ့ တစ်ပြိုင်နက်ထဲမှာ ဒီမိုကရေစီပေါ်ပေါက်လာပြီး တဲ့အချိန်ကိုရောက်ရင် အဲဒီဒီမိုကရေစီဟာ မပျောက်မပျက် ခိုင်ခိုင်မာမာတည်တံ့ဖို့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ လူထုနဲ့တပ်မတော် ပြန်လည် စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ပြီးသားဖြစ်မှာဖြစ်လို့ ဒီကိစ္စဟာဘယ်လောက် အရေးပါတယ်ဆိုတာ အထွေအထူး ပြောဖို့ မလိုလှပါဘူး။

ဒေါ်စုကိုယ်တိုင်လည်း တပ်မတော်နဲ့ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ လိုလားကြောင်းပြောဆိုခဲ့ဖူးတာတွေ ရှိပါတယ်။အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ဆိုတဲ့ကိစ္စဟာလည်း မူဝါဒတစ်ရပ်အနေနဲ့ နှစ်ဘက်စလုံးမှာ အမှန်တစ်ကယ်ရှိနေပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နည်းဗျူဟာ ဆိုင်ရာ အားနည်းချက် တချို့ကြောင့် လောလောဆယ်ဖြစ်ပျက်နေတဲ့ နိုင်ငံရေးမိုးသက်လေပြင်းများက ဒေါ်စုနဲ့ တပ်မတော် နီးကပ်တဲ့ ဆက်ဆံရေးတစ်ရပ်တည်ဆောက်နိုင်ရေးကိစ္စ နောက်ကိုဆုတ်သွားစေတယ် လို့ မပြောနိုင်ရင်တောင်မှ ရှေ့ကို တိုးတက်ဖို့ ခက်ခဲစေတယ်လို့ ရှုမြင်သုံးသပ်ရပါတယ်။

ဒီမိုကရေစီစံနှုန်းတွေနဲ့ တိုင်းတာကြည့်ရင် လောလောဆယ် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေတဲ့ကာလမှာ ဒေါ်စု ပြောတာဆိုတာတွေဟာ မှားယွင်းနေပါတယ်လို့ ပြောဆိုဖို့ ခက်ခဲပါတယ်။ ဥပမာ ကာကွယ်ရေးဦးစီးချုပ်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့မသက်ဆိုင်ကြောင်း၊ တပ်မတော်ဟာ မိမိမူလတာဝန်ကိုထမ်းဆောင်ဖို့ ဆောင်ရွက်သင့်ကြောင်း ပြောဆိုမှုများဟာ ဒီမိုကရေစီ စံနှုန်းတွေအရဆိုရင် လျော်ညီမှုရှိတယ်လို့ဆိုရပါလိမ့်မယ်။ တပ်မတော်ဆိုတာက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို တာဝန်ယူရမယ်ဆိုတာ သဘောတရားအရ မှန်ကန်တဲ့အချက်ဖြစ်ပါတယ်။

ဒါပေမယ့် ပကတိအခြေအနေမှာတော့ တပ်ကို သူ့ရဲ့မူလတာဝန်ကို ထမ်းဆောင်စေဖို့၊ တစ်နည်းအားဖြင့် နိုင်ငံရေးတာဝန်များကို စွန့်လွှတ်စေဖို့ဆိုတာ ချက်ချင်းလက်ငင်း ဘယ်လိုမှ အကောင်အထည်ဖော်လို့မရ နိုင်ဘူးဆိုတဲ့ အနေအထားကြောင့် ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးအတွက် အရေးကြီးဆုံးအခြေခံလိုအပ်ချက်တွေထဲကတစ်ခု ဖြစ်တဲ့ ဒေါ်စုနဲ့ တပ်အကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့ကိစ္စဟာ လောလောဆယ် အတိုက်အခံတို့ရဲ့ ပြင်ဆင်ရေးဆိုင်ရာ နည်းဗျူဟာအားနည်းချက်များကြောင့် နည်းနည်းပိုအလှမ်းဝေးသွားတယ်ဆိုတာ စိတ်မချမ်းမြေ့စရာ အချက်အလက်အသစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

တပ်မတော်က နိုင်ငံရေးနယ်ပယ်ထဲမှ လုံးဝအပြီးအပိုင် ဆုတ်ခွာရေးဆိုတာ ပြောရရင် ဒီမိုကရေစီတည်ဆောက်ရေးရဲ့ တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ကိစ္စပါပဲ။ တပ်မတော်သာ နိုင်ငံရေးနယ်ပယ်ထဲ မရှိတော့ရင် ဒီမိုကရေစီရပြီလို့ သာမန်အားဖြင့် ပြောလို့ရပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီ အပြည့်အဝ ထွန်းကားရေးအတွက် လောလောဆယ်မှာ ဘက်ပေါင်းစုံလိုအပ်ချက်တွေက ရှိနေသေးတာဖြစ် လေတော့ တပ်မတော်ကို နိုင်ငံရေးကနေဖယ်ရှားရေးကိစ္စကို တခြားသော အခြေခံ လိုအပ်ချက်များတည်ဆောက်ရေးကို လုပ်ကိုင်ကြရင်းနဲ့ တွဲပြီးလုပ်ကိုင်ဆောင်ရွက်သွားကြဖို့ဆိုတဲ့ နည်းလမ်းတစ်ခုထဲကသာ မြန်မာနိုင်ငံရဲ့ ခိုင်မာတဲ့
အနာဂါတ်အတွက် အာမခံချက်ရှိနိုင်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ တပ်မတော်က နိုင်ငံရေးတာဝန်တွေမယူတော့တာနဲ့ ဒီမိုကရေစီ သေချာပေါက် ဖြစ်ထွန်းပြီလို့ ပြောလို့မရသေးတာအမှန်ပါ။ တပ်ကို နိုင်ငံရေးထဲကနေဖယ်ရှားရေးအတွက် တပ်ကို တွန်းထုတ်တဲ့နည်းလမ်းထက် တပ်ကို လက်ချင်းတွဲလိုက်တဲ့နည်းလမ်းကသာ ပိုပြီး လက်တွေ့ကျပြီး ထိရောက်မှုလည်း ရှိမယ်ဆိုတဲ့ အယူအဆဟာ လူကြိုက်အလွန်နည်းပြီး  ဖန်တစ်ရာတေအောင်ပြောနေ ဆိုနေကြတဲသူတချို့ တလေရှိပေမယ့်၊ နိုင်ငံရေးနယ်ပယ်မှာ လက်တွေ့ကျကျ လက်ခံကျင့်သုံးဖို့လည်း အလွန်မတန်မှ တွန့်ဆုတ်နေကြပေမယ့် ပကတိအခြေအနေနဲ့ ကိုက်ညီလွန်းနေပြီး အတိုက်အခံ တော်တော်များများအတွက် အလွန်ခါးသက်တဲ့ အမှန်တရားဖြစ်ပါတယ်။

တပ်မတော်ကို လက်တွဲဖို့၊ စိတ်ရှည်သည်းခံဖို့ ၊အချိန်ကို လိုအပ်သလောက်ယူကြဖို့ ပြောဆိုနေကြသူများဟာ စစ်တပ်နဲ့ပေးစားခံရလေ့ရှိပြီး တပ်မတော်က တစ်စုံတစ်ရာ ထောက်ပံ့ပေးကမ်းစွန့်ကြဲတာ ရယူနေတဲ့ ဒီမိုကရေစီကိုသစ္စာဖောက်နေကြသူများအဖြစ်လည်း ကင်ပွန်းတပ်ကြလေ့ ရှိပေမယ့် တစ်ကယ်တော့ တပ်ဘက်ကရော အရပ်ဘက်( အတိုက်အခံဘက်)ကပါ သံသယနဲ့ဆက်ဆံခံကြရတတ်ပြီး အဲဒီလူတွေကလည်း တခြားသူတွေလိုပဲ နိုင်ငံနဲ့လူထုကို ချစ်မြန်နိုးကြသူများဖြစ်တယ်ဆိုတာ လက်ခံတဲ့သူနည်းလှပါတယ်။ ဒီမိုကရေစီလို့သာ ပြောဆိုနေကြပေမယ့် အယူအဆကွဲလွဲသူများဟာ အမျိုးသားသစ္စာဖောက်များ အဖြစ်တောင်မှ စွပ်စွဲခံကြရတတ်တဲ့ အခြေအနေပါ။ 


အဲဒီလူတွေက တစ်ကယ်တော့ အတိတ်က ခါးသီးတဲ့ အဖြစ်အပျက်တွေကို သင်္ခန်းစာယူရုံထက်ပိုပြီး စိတ်ထဲမှာ မထားကြတော့ဘဲ လက်တွေ့ကျကျ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ တပ်မတော်အပါအဝင် နိုင်ငံသားအားလုံးလက်တွဲပြီး နိုင်ငံတော်သစ်ပြန်လည်တည်ဆောက်ရေးကို ယုံကြည်ကြသူများသာဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံရေးထဲ မှာ ပါဝင်နေတုန်းပဲ ဆိုတဲ့ အချက်ကို ဒီမိုကရေစီနဲ့မကိုက်ညီသေးမှန်းသိပေမယ့် တပ်မတော်ဟာ အတိတ်က ခေါင်းဆောင်များရဲ့ လုပ်ပုံကိုင်ပုံ လွဲချော်မှုများအတွက် နိုင်ငံနဲ့လူထုကို ပြန်လည်ပေးဆပ် အလုပ်အကြွေးပြုရင်း ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းကြီးမှာ တက်ကြွသည်ထက်တက်ကြွစွာပါဝင်အားထုတ်လာကြမယ်လို့ ( ပြသနာတွေ အခက်အခဲတွေ ကြားကပဲ) ယုံကြည်မှု ထားဖို့ကြိုးစားနေကြသူများသာဖြစ်ပါတယ်။

တစ်ကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ တပ်မတော်ကိုယ်တိုင်က ရပ်တည်ချက် ပြောင်းသွားတယ်ဆိုတာ သေသေချာချာကြည့်ရင် အထင်းသားမြင်တွေ့ နိုင်ပါတယ်။ အရင်လို စစ်အာဏာရှင်အုပ်ချုပ်ရေးကို ကျားကန်ပေးရတဲ့တပ် မဟုတ်တော့ပါဘူး။ စစ်အာဏာရှင်လက်ထက်က တိုင်းပြည် အစစအရာရာ နိမ့်ကျစေအောင် တစ်လွဲစီမံခန့်ခွဲခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာလည်း တပ်မတော်ထဲမှာ မရှိတော့ပါဘူး။ပြည်သူလူထုကိုလည်း တရားလွန် ဖိနှိပ်ချုပ်ချယ်ထားတာမရှိတော့ပါဘူး။

လက်ရှိ ခွင့်ပြုထားတဲ့ လွတ်လပ်ခွင့်တွေဟာ စံနှုန်းပြည့်မဟုတ်သေးပေမယ့် စစ်အာဏာရှင်ခေတ်များနဲ့နှိုင်းယှဉ်ကြည့်ရင် များစွာကွာခြားတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တပ်မတော်ကိုယ်တိုင်က အခြေခံဥပဒေပြဌာန်းချက်များကို တစ်သွေမတိမ်းလိုက်နာပြီး အရပ်သားပုံစံအစိုးရရဲ့ ဦးဆောင်မှုအောက်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ လက်ရှိအစိုးရက စစ်သားဟောင်းတွေပဲ ဆိုတာမှန်ပါတယ်။ ဒါပေမယ့် စနစ်ကို ကြည့်တတ်ဖို့လိုပါတယ်။ စနစ်ပြောင်းသွားပြီဆိုတာ လက်ခံဖို့လိုပါတယ်။ စနစ်ကောင်းသွားပြီလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။စနစ်ကောင်းဖို့ဆိုတာလည်း အခြေခံဥပဒေကို ပြင်ပြီး စစ်သားတွေကို လွှတ်တော်ထဲက မောင်းထုတ်လိုက်ရုံနဲ့ မဖြစ်နိုင်ပါဘူး။ လုပ်စရာတွေက တစ်ပုံတစ်ပင်ရှိနေပါသေးတယ်။ institution တွေ မခိုင်မာသေးပဲ ဒီမိုကရေစီမခိုင်မာဘူးဆိုတာ ငြင်းမရတဲ့အမှန်တရားပါ။လောလောဆယ်ပြောင်းသွားတဲ့ စနစ်ကိုလက်တွေ့ကျကျ ကောင်းမွန်စွာအသုံးချတတ်ကြဖို့လိုပါတယ်။

စနစ်အရ အရပ်သားစစ်စစ်ပါတီတွေက ရွေးကောက်ပွဲအနိုင်ရရင် အစိုးရဖွဲ့နိုင်ပါပြီ။ အဲဒီအစိုးရရဲ့လက်အောက်မှာ တပ်မတော်က တာဝန်ထမ်းဆောင်ရမယ်ဆိုတာ ပြဌာန်းထားပြီဖြစ်ပါတယ်။ တပ်မတော်က ရယူထားတဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့်တွေအတွက် နှစ်ဘက် ယုံကြည်မှုတည်ဆောက်နိုင်သလောက် တပ်ဘက်က တဖြည်းဖြည်းလျှော့ချသွားမယ်ဆိုတာ ကတိကဝတ်များပေးထားသလို ဒီကတိကဝတ်တွေကို အရင်ဆုံး စိတ်ရှည်ရှည်ထားပြီး လက်ခံစဉ်းစားသင့်တဲ့ အခြေအနေအချိန်အခါကိုရောက်နေပါပြီ။

ဒေါ်စုအနေနဲ့ တပ်မတော်ကို စိန်ခေါ်ပါတယ်ဆိုတဲ့စကားနဲ့ တပ်ကို ခပ်မာမာဆက်ဆံလိုက်ခြင်းက နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတဲ့ လူထုအတွက်တော့ သာမန်အားဖြင့် ကျေနပ်စရာလို့ထင်ရပေမယ့် မြန်မာ့နိုင်ငံရေးကောင်းမွန်ဖို့ အခြေခံလိုအပ်ချက်ကြီးဖြစ်တဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးရရှိဖို့အတွက်ကတော့ တော်တော်လေး ဘေးကျပ်နံကျပ်ဖြစ်စေတာ အမှန်ပါ။ တပ်မတော်ကို နိုင်ငံရေးထဲကနေ ထွက်သွားဖို့ မောင်းထုတ်နေခြင်းဟာ တပ်မတော်က နိုင်ငံရေးထဲမှာ ကြာသင့်တာထက်ပိုကြာနေဖို့ အခြေအနေတစ်ရပ်ကို ဖန်တီးသလိုဖြစ်နိုင်ပါတယ်။ လူထုရှေ့ကရပ်နေတဲ့ လူထုခေါင်းဆောင်နဲ့ တပ်မတော် ရင်းနှီးချစ်ခင်မှုမရသေးဘဲ လူထုနဲ့တပ်မတော် ချစ်ခင်စည်းလုံးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီတော့ တပ်နဲ့ပြည်သူ ကြည်ဖြူဖို့ နောက်ထပ် ဆယ်စုနှစ်များစွာ အချိန် လိုအပ်လာပါလိမ့်မယ်။

လွှတ်တော်တွင်းက ၂၅ ရာခိုင်နှုန်းကို စဉ်းစားပုံစဉ်းစားနည်းက လတ်တလော နိုင်ငံရေးမိုးသက်လေပြင်းတွေကိုပေါ်ပေါက်စေတာဖြစ်ပါတယ်။ ( အရပ်သားပါတီမှ ကိုယ်စားလှယ်များ ၇၅ ရာခိုင်နှုန်း + တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ) လို့ တရားသေ တွက်ချက်နေကြခြင်းကြောင့်ဖြစ်ပါတယ်။ တစ်ကယ်တမ်းက အရပ်သားပါတီများက ကိုယ်စားလှယ်တချို့ နဲ့ တပ်ကိုယ်စားလှယ်များ ၇၅ ရာခိုင်နှုန်း + အရပ်သားပါတီများမှ ကိုယ်စားလှယ်အချို့ ၂၅ ရာခိုင်နှုန်း ဆိုတာမျိုးကိုလည်း alternative စဉ်းစားကြည့်သင့်ပါတယ်။ ဒီလိုစဉ်းစားဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုရင်တော့ တပ်ကိုလုံးဝ မယုံကြည်ဘူးဆိုတဲ့သဘောပါပဲ။ စိတ်ရှည်သည်းခံမှုဟာ မြန်မာ့နိုင်ငံရေးကောင်းဖို့ သော့ချက်တစ်ခုဖြစ်နေပါတယ်။ စိတ်ရှည်သည်းခံပြီး တပ်မတော်ကို ယုံကြည်မှုမထားနိုင်ရင် တပ်ရဲ့ စိုးရိမ်မှုများကို လျှော့ချနိုင်ခြင်းရှိမှာမဟုတ်ဘဲ ပိုလို့သာ တိုးပွားလာစေမှာဖြစ်ပါတယ်။ နိုင်ငံရေးအရ ရှေ့မတိုးနောက်မဆုတ်အခြေအနေ ( Political Stagnation ) ကို ဦးတည်သွားနိုင်ပါတယ်။

၂၀၁၅ မှာ မဲဆန္ဒနယ် အားလုံးနီးပါးလောက် ကို NLD နဲ့ တိုင်းရင်းသားပါတီများ က နိုင်ဖို့ အခြေအနေက အလွန်အားကောင်းနေခြင်းကို မျက်ကွယ်ပြုပြီး တပ်မတော်ကို အဓိက ပစ်မှတ်ထားနေခြင်းက လုပ်နည်းလုပ်ဟန်( နည်းဗျူဟာ )မှားယွင်းမှုဖြစ်ပါတယ်။ တစ်ကယ်တမ်း အာဏာကိုရယူထားတာက ( အာဏာရပါတီက ) အရင်စစ်အာဏာရှင်ခေတ်က ခေါင်းဆောင်ဟောင်းများဖြစ်ပြီး တပ်မတော်က အနာဂါတ်မှာ နိုင်ငံတော်အတွက် မဖြစ်မနေ လိုအပ်တဲ့ မြန်မာနိုင်ငံမှာ အခိုင်မာဆုံးလည်းဖြစ်တဲ့ Institution တစ်ခုသာဖြစ်ပါတယ်။

အတိုက်အခံတို့အနေနဲ့ အခြေခံဥပဒေအရ တပ်ကရော အာဏာရပါတီကပါ တားဆီးပိတ်ပင်လို့မရနိုင်တဲ့ အကောင်းဆုံးနည်းလမ်း(ရွေးကောက်ပွဲနိုင်ရေး)ကို ဒုတိယဦးစားပေးအဖြစ်စဉ်းစားပြီး လောလော ဆယ်ကျော်လွှားရခက်ခဲတဲ့တပ်နဲ့လည်းထိပ်တိုက်တွေ့နိုင် နှစ်ဘက် အမြင်လွဲမှားနိုင်တဲ့ နည်းလမ်းကို ပထမဦးစားပေးစဉ်းစားခြင်းက အတိုက်အခံနိုင်ငံရေးအင်အားစုများရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို အလေအလွင့်ဖြစ်စေမှာဖြစ်ပါတယ်။ဥပဒေကြောင်းအရ စဉ်းစားရင်လည်း အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီက ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ဆွေးနွေးပြီးဖြစ်တာကြောင့် လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်တဲ့ အချိန်အထိ စောင့်ကြည့်သင့်ပါတယ်။

တပ်က ဒေါ်စုပြောသလို အာဏာကို ရယူထားတယ်ဆိုတာ ၂၀၁၀ နောက်ပိုင်းကာလမှာတော့ လုံးလုံးမှန်တဲ့ အခြေအနေတစ်ခုမဟုတ်တော့ပါဘူး။ အာဏာရပါတီဟာ ဒေါ်စုအနေနဲ့ ထိထိရောက်ရောက်စိန်ခေါ်ရမယ့်၊ ဒီလိုစိန်ခေါ်ရင်လည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို လုံးလုံးမထိခိုက်နိုင်တဲ့ နည်းလမ်းဖြစ်ပြီး အတိုက်အခံတို့အနေနဲ့ လွှတ်တော်ကိုလွှမ်းမိုးနိုင်ရုံမက အစိုးရပါဖွဲ့နိုင်မယ့် တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဒီမိုကရေစီ စစ်စစ်မှန်မှန် ခိုင်ခိုင်မာမာ ပေါ်ထွန်းစေလိုသော စေတနာနဲ့ တင်ပြတောင်းပန်လိုက်ရပါတယ်။ ။


.. www.MyanmarExpress.net