Subscribe to our RSS Feed

နေရတကာ ပါမှု ချက်ချင်းရပ်၊ အခွင့်ထူးခံမှု ချက်ချင်းရပ်

 မြန်မာပြည်ရဲ့ အထင်ကရ မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ ၊ သံလွင် ၊ စစ်တောင်းမြစ်တွေမှာ စိုးရိမ်ရေ အမှတ်အထက်ကျော်လွန်နေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ ရေကြီးမှုတွေကြောင့် နေရတာကာပါတဲ့ စစ်သားများက ရေဘေး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။

မိုးများပြီး မြစ်ရေကြီးမှုတွေကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းနဲ့ ကရင်၊ မွန် ရခိုင် နဲ့ ရှမ်းပြည် နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ဒေသခံတွေ ရေဘေးဒုက္ခ ခံစားနေကြရတာပါ။

ရခိုင်ပြည်နယ် သံတွဲမြို့မှာလည်း မနေ့မနက်ကစပြီး သံတွဲချောင်းရဲ့ တောင်ကျရေကြောင့် တမြို့ လုံးနီးပါး ရေနစ်မှုတွေဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည်တွေကို စစ်တပ်ကပဲ ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်ပေးနေပါတယ်။

ရှမ်းပြည်နယ်ကျိုင်းတုံမြို့မှာလည်း အလားတူ မိုးများပြီး တောင်ကျရေကြောင့် မြို့တွင်းအနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ တာချီလိတ်မှာ မြေပြိုစဉ်ကလည်း စစ်သားများကပဲ ကူညီပေးခဲ့ပါတယ်။

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်မှာတော့ မနေ့ သြဂုတ်လ ၆ ရက်နေ့က လေဆင်နှာ မောင်းတိုက် လိုက်မှုကြောင့် လူပေါင်း ၃၀ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ပဲခူးတိုင်းရွှေကျင်မြို့နုယ်မှာလည်း သြဂုတ် ၃ ရက်နေ့က လေပြင်းတိုက်သွားတာကြာင့် အိမ်ခြေ ၇၀ နီးပါး ပျက်စီးခဲ့ပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားရေးမှူးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သံလွင်မြစ် ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေ အမှတ်အထက်ကျော်လွန်နေကြောင်း၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုရိမ်ရေမှတ်အထက် ကျော်လွန်နေသလို ပဲခူး မြစ်ရေဟာလည်း ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၁ စင်တီမီတာကျော်လွန်ကြောင်း ထုတ်ပြန်ထားပါတယ်။ 


အခွင့်ထူးခံ စစ်သားများရဲ့ ပြည်သူများကို လှေပေါ်မှာတင်ပြီး ကိုယ်တိုင် ရေထဲမှာ တနေကုန်နေကာ သယ်ယူပို့ဆောင်ပေးနေပုံ ဓာတ်ပုံ (၃၀) ကျော်ကို https://www.facebook.com/media/set/?set=a.683602551733870.1073741856.256578141102982&type=1 မှာ ကြည့်ရှုနိုင်ပါတယ်။
 
.. www.MyanmarExpress.net
 

3 comments:

အုပ် ခူပ် ရေး လိုင်း စည် ပင် အ ခွန် က ည န သစ် တော ဆောက် လုပ် ရေး ရဲ အ ကုန် ခုးံ လဒမ စား တယ် သူ ခိုး ကြိး

တစ် ယောက် မှ မ ကေင်း ပါ စစ် သား တွေ ခိုင်း ဘတ်


သူ တို့ က ချမ်း သာ အ ရိပ် အောက် ဆ ရာ လုပ်

Kalar ma-yar Su Kyi said Myanmar soldiers are အခွင့်ထူးခံ စစ်သားများ. Is she blind and deaf?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်