Subscribe to our RSS Feed

တယ်လီနောက မည်သည့်နက်ဝပ်ခ်မဆို ခေါ်ဆိုခ ၂၅ ကျပ် သတ်မှတ်မည်

From : .. မော်ဒန်


တယ်လီနောအနေနှင့် မည်သည့်ကွန်ရက်မဆို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်ရန် သတ်မှတ်ထားသည်ဟု သိရသည်။ “စက်တင်ဘာလအတွင်း စတင်ဖြန့်ချိပေးမှာပါ။ မည်သည့်ကွန်ရက်မဆို ၂၅ ကျပ်နှုန်းသာ သတ်မှတ်ထားပါတယ်” ဟု Netmonday အခမ်းအနားတွင် CEO Mr.Petter Furberg က ပြောဆိုခဲ့သည်ဟု သိရသည်။ လက်ရှိတွင် တယ်လီနော၏ ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သည့် အူရီဒူးမှာ အူရီဒူး အချင်းချင်း ဖုန်းခေါ်ဆိုခကို ၂၅ ကျပ် သတ်မှတ်ထားပြီး အူရီဒူးမှ အခြားနက်ဝပ်ခ်ကို ဖုန်းခေါ်ဆိုပါက တစ်မိနစ် ၃၅ ကျပ် သတ်မှတ်ထားသည်။ တယ်လီနောမှာ နက်ဝပ်ခ်မရွေး တစ်မိနစ် ၂၅ ကျပ် သတ်မှတ်ရင်တော့ သုံးစွဲသူ များလာနိုင်သည့် အနေအထားတွင် ရှိကြောင်း သုံးသပ်ကြသည်။ “တယ်လီနောက ၂၅ ကျပ် ဆိုရင် တယ်လီနောကို ရွေးချယ်ဖို့ များလာနိုင်တယ်။ အူရီဒူးက plan တွေ ထားရှိတယ်ဆိုပေမယ့် မြန်မာနိုင်ငံက လူတွေက plan နဲ့ မရင်းနှီးသေးတော့ ခေါ်ဆိုခ သက်သာတဲ့ တယ်လီနောက အစပိုင်းမှာ ရွေးချယ်သူ များလာနိုင်တယ်” ဟု Phone Mobile မှ ကိုစည်သူက ဆိုပါသည်။ တယ်လီနော ဆင်းမ်ကတ်များကို စက်တင်ဘာလအတွင်း မြို့ကြီးသုံးမြို့နှင့် အခြားမြို့နယ်များကို ဖြန့်ချိပေးမည်ဖြစ်ကြောင်း သိရသည်။ တယ်လီနော၏ နက်ဝပ်ခ်မှာ 2G network ကို ကျောရိုးပြု တည်ဆောက်ထားသည့်အတွက် ပြည်တွင်းက ဂျီအက်စ်အမ် ဟန်းဆက်များနှင့် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
.
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်