Subscribe to our RSS Feed
Showing posts with label ဘာလဲဟဲ့ Burma Campaign UK. Show all posts
Showing posts with label ဘာလဲဟဲ့ Burma Campaign UK. Show all posts

"တစ်ချိန်က မြန်မာ့အရေးအကြောင်းပြပြီး နိုင်ငံတကာအကူအညီ ရခဲ့တဲ့ BC UK ဟု အခုနောက်ပိုင်း အထီးကျန်ဖြစ်လာပြီး ရရာနည်းလမ်းနဲ့ ထိခိုက်အောင် လုပ်နေတာပါ" ~ ဦးရဲထွဋ်

From : .. ye htut



သမ္မတကြီးနဲ့ပတ်သက်တဲ့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်ကို ဘီဘီစီက ဆက်လွှင့်ပေး တယ်။ သူတို့ မေးချင်တဲ့သတင်းများဆိုရင် ကျွန်တော့်ကို မရမနေ ဖုန်း၊ အီးမေးလ်နဲ့ ဆက်တဲ့ ဘီဘီစီ ဒီသတင်း မျိုးကျတော့ ဘယ်လိုမှ ဆက်သွယ်အတည်ပြုဖို့ မကြိုးစားတော့ပဲ ချက်ခြင်း ထုတ်လွှင့်တော့တာပဲ။

တကယ်တော့ ၁၉၈၈ ခုနှစ်တုံးက သမ္မတကြီး ခလရ ၈၉ မှာ တပ်ရင်းမှူးဖြစ်နေချိန်မှာ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး Eleven Media ကထုတ်တဲ့ စာစောင် တစ်ခုမှာတောင်ပါဖူးပါတယ်။ ကျွန်တော် ဒါမှ မဟုတ် ကိုဇော်ဌေးကို ဆက်သွယ်မေးမြန်းလာရင်လည်း ဖြေဖို့ အသင့်ပါပဲ။ ကျွန်တော့်ကို ဒီဗီဘီနဲ့ မဇ္ဈိမ တို့က ဆက်သွယ် မေးမြန်းတဲ့အတွက်လည်း ဖြေကြားပေးခဲ့ပါတယ်။

Burma Campaign UK ရဲ့ ဒီသတင်းထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များအပေါ် နိုင်ငံတကာရဲ့ ထောက်ခံကူညီမှုတွေ ပျက်ပြားစေဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်း အစီအစဉ်က ဘယ်အခန်းက ၀င်ပါခဲ့တယ်ဆိုတာ သူတို့မှပဲ သိမှာပါ။

တစ်ချိန်က မြန်မာ့အရေးကို အကြောင်းပြပြီး နိုင်ငံတကာကူညီမှုတွေအများကြီးရခဲ့တဲ့ Burma Campaign UK ဟာ နိုင်ငံတကာက လူ့အခွင့်အရေးမြှင့်တင်မှုလို ကိစ္စများမှာ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လာတာနဲ့ အမျှ အထီးကျန်ဖြစ်လာပြီး ရရာနည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ပုံရိပ်ကို ထိခိုက်အောင်လုပ်ဆောင်လာ နေတာသာဖြစ်ပါတယ်။ 


 .. www.MyanmarExpress.net
 

Burma Campaign, NLD LA, UN နှင့် အခြား ပြည်ပရောက် မြန် မာ့ အရေး လှုပ် ရှား အဖွဲ့များ ပစ်ထား သဖြင့် ဒုက္ခရောက်နေသည့် မလေးရောက်မြန်မာများ ဘဝ မြင်ကွင်း (ဓာတ်ပုံ - ၇ ပုံ)

From : ..the voice







  အဖမ်းအဆီး ကြမ်းမည်ဟု သတိပေးထားသည့် မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တော် အပါအဝင် တရားမဝင် နိုင်ငံခြားသား အများစုရှိသည့် နေရာများတွင် စတင်ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း၊ လမ်းဆုံများတွင် ကားများရပ်ကာ ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားမဝင်သူများဖြစ်ပါက ကားပေါ်ဆွဲတင်သွားကြောင်း ခုနစ်ရက်သားသမီး ကပုန်းနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးသောင်းက ပြောကြားသည်။

“သတိပေးထားသလောက်တော့ မကြမ်းသေးဘူး” ဟု ၎င်းကဆိုသည်။
သုံးလကြာ စစ်ဆင်ရေး ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ်ကို Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) အမည်ပေးထားပြီး ယင်းစစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီ ဖြစ်သဖြင့် ကွာလာလမ်ပူရှိ မြန်မာဆိုင်အချို့ ပိတ်ထားကြကြောင်း၊ အချို့ဆိုင်များကို လုံခြုံရေး အစောင့်များဖြင့် ဖွင့်ထားသည်ကို တွေ့ရကြောင်း ဦးသောင်းက ဆက်လက်ပြောကြားသည်။

ဂျိုးဟိုးပြည်နယ်ရှိ လက်အိတ်စက်ရုံတစ်ခု လုပ်ကိုင်နေသည့် တရားမဝင် မြန်မာလုပ်သားတစ်ဦးကမူ “ဖမ်းဆီးတဲ့ သတင်းတွေတော့ ကြားနေရပြီး ကိုယ်တိုင်မတွေ့ရသေးဘူး” ဟု ဆိုသည်။

အော်ပရာစီစတင်သည့် နံနက်ပိုင်းတွင်ပင် တရားမဝင် နေထိုင်နေသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံတို့မှ တရားမဝင် နိုင်ငံသား စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star တွင် ဖော်ပြသည်။

ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကိုလည်း ဖမ်းဆီးအရေးယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှားအစိုးရ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းဌာနတွင် ဖော်ပြ ထားသည်။

တရားမဝင် မြန်မာအလုပ်သမားများကို အလုပ်ရှင်များက စက်ရုံများတွင်သာ နေစေပြီး အချို့အလုပ်ရှင်များက လုပ်သားများကို လုံခြုံသည့် နေရာများသို့ ပို့ဆောင်ထားကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

အော်ပရာစီ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ မီးသတ်နှင့် နိုင်ငံခြားလုပ်သားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) တာဝန်ခံ အေးဂျင့်များ၊ UN ကတ် (မလေးရှားနိုင်ငံသို့ ခိုလှုံခွင့် လျှောက်ထားသူကတ်) တရားဝင် ရရှိထားသူများအတွက် ကုလသမဂ္ဂမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ သတင်းများတွင် ဖော်ပြသည်။

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ်ငါးသိန်းနှင့် ထောင်ဒဏ်ငါးနှစ်၊ ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။

.. www.MyanmarExpress.net

Burma Campaign UK သည် Non-Profit Org ဖြစ်ပါသည်။ထို့ကြောင့် နိုင်ငံတကာ၏ (national fund ) ဖြင့်သာ ရပ်တည်နိုင်ပါသည်။


Conversational Skill အပြန်အလှန်ပြောဆိုခြင်းစွမ်းရည် သည် ပြဿနာ တစ်ခန်းတစ်ပါဒ အရေးကြီးသောအရည်အချင်းပင်ဖြစ်ပါသည်။ ညှိနှိုင်း၍ မရသောပြဿနာများကိုတွေ့ဆုံဖြေရှင်းကြသည့်အခါ ၄င်းအရည်အချင်းရှိသောသူများက တစ်ပန်းသာလျှက် မိမိတို့လိုရာကို စွဲယူညှိနှိုင်းအောင်မြင်သွားတတ်ကြပါသည်။သို့သော် ပြဿနာတိုင်းတော့မဟုတ်ပါ။မူလမှားပြဿနာ ( original-sin problem ) ဟုဆိုသော ကိစ္စများတွင်မူ ၄င်းသည်အရေးမပါချေ။

ပြဿနာတစ်ရပ်သည် နှစ်ပေါင်းများစွာအခြေတည်ပြီးမှ ပေါ်ပေါက်လာလေလေ ဖြေရှင်းရန် ပိုမိုခက်ခဲပြီး ရှုပ်ထွေးလေ ဖြစ်သည်ကို မူ ပြောရန်ပင်လိုလိမ့်မည်မဟုတ်ချေ။ ပြဿနာ ပြေပျောက်ငြိမ်းအေးသွားစေရန် ဖြစ်နိုင်ချေ နှစ်ရပ်ရှိသည်။ တစ်ဖက်ဖက်က အလျှော့ပေးခြင်း၊ နှစ်ဖက်သဘောတူ ပြေငြိမ်းခြင်း ပင်ဖြစ်သည်။ အလျှော့ပေးလိုက်
သောအဖွဲ့သည် ကျေနပ်၍လိုက်လျော အလျှော့ပေးခြင်းတော့ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

ပြဿနာကို စွပေးခြင်းမှာ ပြဿနာနှင့် ပတ်သက်နေသူများနှင့် ပြဿနာနှင့် ဘယ်သို့မျှ မပတ်သက်သူများ ဟူ၍လည်း နှစ်မျိုးကွဲနိုင်ပါသည်။ပြဿနာ အတွင်းသို့ ထဲထဲ ၀င်ဝင် ပတ်သက်နေသော သူများက အင်အားကို စုစည်းစေခြင်းငှာ စည်းရုံးလှုံ့ဆော်ခြင်းများ ရှိနိုင်သကဲ့သို့ ပြဿနာ ဖြစ်တည်နေပါမှ..မိမိတို့ရပ်တည်ရေးအတွက် အဆင်ပြေမည့် ပြဿနာနှင့်မည်သို့မျှ မသက်ဆိုသောသူများ လည်းရှိကြပါသည်။၎င်းတို့အဖွဲ့က စေတနာ ဖြင့် လှုံ့ဆော်သည်ဆိုသည်မှာ သံသယ ဖြစ်ဖွယ်ပင်ဖြစ်သည်။ ( Burma Campaign UK ) သည်ပြဿနာနှင့်မည်သို့မျှ မသက်ဆိုင်သော အဖွဲ့ပင်ဖြစ်သည်။ ၄င်းအဖွဲ့သည် ပြည်ပ အစိုး ရအဖွဲ့တို့၏ ရန်ပုံငွေ (national fund ) များဖြင့်အသက်ရှင်ရပ်တည်နေသောအဖွဲ့ပင်ဖြစ်သည်။ မြန်မာ နိုင်ငံပြုပြင်ပြောင်းလဲမှု မရှိခင် တပ်မတော်အစိုးရလက်ထပ်ကပင် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကို လေ့လာဖော်ထုတ်ဝေဖန်လျှက်ရှိပြီး ထိုသို့လုပ်ပါမှလည်း ထောက်ပံ့ငွေ လက်ခံရရှိကာ ရပ်တည်နိုင်သောအဖွဲ့ပင်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအရေးတွင် မည်သည့် ကိစ္စကို မည်သို့ဆောင်ရွက်အောင်မြင်ခဲ့သည် ဟူသည်ကို မူရှင်းရှင်းလင်းလင်း မရှိ အကောင် အထည်လည်းပြစရာမရှိချေ။

တပ်မတော် အစိုးရက ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများဆက်တိုက်လုပ်ဆောင်ပြီးနောက် အနောက်နိုင်ငံများကပိတ်ဆို့မှုများကို လျှော့ပေးခြင်းဖြင့်၎င်းလုံးဝ ပယ်ဖျက်ခြင်း ဖြင့်၎င်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှု ဖြစ်စဉ် ( reform transaction ) ကိုအသိအမှတ် ပြုလိုက်ချိန်တွင်(Burma Campaign UK ) ၏ ငွေကြေးထောက်ပံ့ပေးရာ လမ်းကြောင်းသည် သိသိသာသာ အခက်အခဲများကြုံရန်..ဖြစ်လာရပါသည်။ငွေကြေးထောက် ပံ့ပေးရာနိုင်ငံများက၄င်းတို့၏ ငွေကြေးထောက်ပံ့နိုင်မှု အချိန်နှင့် ပမာဏ အတိအကျကို သက်မှတ် လိုက်ပြီးနောက်တွင် Burma Campaign UK အဖို့ ပိုမိုစိုးရိမ်လာရတော့သည်။ BC UK သည် non-profit organization ဖြစ်သောကြောင့် ထောက်ပံ့သူမရှိပါပဲလျှက် ဆက်လက်ရပ်တည်ရန်မဖြစ်နိုင်ချေ။ ထိုသို့သောအချိန်တွင် မည်သို့မျှ လွယ်လွယ်ဖြင့်ပြေငြိမ်းသွားမည်မဟုတ်သော ရိုဟင်ဂျာ ပြဿနာသည် BC UK ၏အကွင်းအကွက်ထဲသို့ဝင်လာပါသည်။ယခင်က ရိုဟင်ဂျာ ကိစ္စကို အနည်းငယ်မျှ ပြောခဲ့ဖူးသော်လည်း..ယခုအချိန်အခါတွင်မူ ..(budget proposal ) တင်ပြရန်အကောင်းဆုံးကုန်ကြမ်းအဖြစ် မြန်မာနိုင်ငံ ရိုဟင်ဂျာအရေးက သူ့အတွက် လသာတုန်း ဗိုင်းငင် ရမည့်အခါကောင်းပင်ဖြစ်သောကြောင့် ဇောင်းပေးပြီး ပြောဆိုလာပါသည်။

BC UK ကမည်သို့ပင်ဗြောင်လိမ်နေစေကာမူ အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ငွေကြေး ထောက်ပံ့မှုကို လိုလားတောင့်တနေသည် ဆိုသည်ကိုမူ နလပိန်းတုန်းများပင် သိရှိနိုင်ကြောင်းတင်ပြလိုက်ပါသည်။

Myanmar Express

Burma Campaign (UK) ၏ ဒါရိုက်တာ မာ့ခ် ဖာမနာ (Mark Farmaner) ၏ ဖြေရှင်းချက်အား သုံးသပ်ခြင်း

From : Mg Mike Mike

Burma Campaign (UK) ၏ ဒါရိုက်တာဖြစ်သော မာ့ခ်ဖာမနာ (Mark Farmaner) ၏ ရိုဟင်ဂျာအရေး လှုပ်ရှားမှုနှင့် ပါတ်သက်ပြီး BC (UK) အဖွဲ့ တိုက်ခိုက်ခံရမှုများအား ရေးသားထားခြင်းနှင့် ၎င်းတို့အဖွဲ့အား အထင်လွဲနေသည် ဆိုသည့် ဖြေရှင်းချက်စာတန်းကို ဖတ်လိုက်ရပါတယ်။ အဆိုပါ စာတန်းကို ဖတ်ရှုပြီးသည့်နောက် စိတ်ထဲမှာ အချို့သော အကြောင်းအရာလေးများ ပေါ်လာတဲ့အတွက် ချရေးဖြစ်ပါတယ်။

Burma Campaign (UK) ဟာ အမှန်တကယ်ပဲ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဆောင်ရွက်နေပါသလား။

အဆိုပါအချက်နှင့် ပါတ်သက်၍ သံသယရှိစရာမလိုပါ၊ BC (UK) ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရးနှင့် ပါတ်သက်၍ ၎င်းတို့ ကျရာ ကဏ္ဍမှ ဆောင်ရွက်နေပါတယ်။ သို့သော် ၎င်းတို့၏ Activities အများစုမှာ မြန်မာတိုင်းရင်းသားအဖြစ် အငြင်းပွားဖွယ် ဖြစ်နေသည့်၊ တနည်းအားဖြင့် မြန်မာတိုင်းရင်းသားဟု ကြွေးကျော်နေသည့် ရိုဟင်ဂျာများအရေး လှုပ်ရှားမှုများသာ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ မြန်မာနိုင်ငံတွင် များစွာရှိနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အရေးတယူလှုပ်ရှား ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို အထင်သား လေ့လာတွေ့ရှိခဲ့ရပါသည်။

ထိုင်း-မြန်မာ နယ်စပ်မှ သနားစဖွယ် နယ်မြေမဲ့ ကလေးငယ်များ

အဘယ့်ကြောင့်ဆိုသော် Stateless People of Myanmar ဟုခေါ်သည့် နယ်မြေမရှိသည့် မြန်မာလူမျိုးများဟု ခေါ်ဆိုလျှင် တိုင်းရင်းသား စစ်သည် မစစ်သည် မသေခြာသော ရိုဟင်ဂျာများထက် မြန်မာပြည် အရှေ့ပိုင်းရှိ ထိုင်း၊ မြန်မာနယ်စပ်မှ ဒုက္ခသည် စခန်းများအား ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုအနေဖြင့် စေတနာ မှန်ကန်ပါက မြန်မာလူမျိုး စစ်စစ်များ၏ အကျိုးစီးပွားအား ရှေ့တန်းတင်ရမည် ဖြစ်ပါသည်။ သို့သော် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ မဖြစ်ညစ်ကျယ် ပံ့ပိုးမှုကို ရရှိနေသည့် ထိုင်း၊ မြန်မာ နယ်စပ် တလျှောက်မှ ဒုက္ခသည် စခန်းများထက် ထောက်ပံ့မှု အပြည့်အ၀ ရရှိနေပြီး ၁ နှစ်လျင် ခန့်မှန်း ဒေါ်လာ သန်း ရာဂဏန်းခန့် အကူအညီများအား INGO များနှင့် ပရောဂျက် ခေါင်းစဉ်ပေါင်း မြောက်များစွာမှ ရရှိနေသည့် ရိုဟင်ဂျာများ အရေးကိုသာ ဦးစားပေး ဆောင်ရွက်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။

BC (UK) အနေဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအား အမှန်တကယ် ဆောင်ရွက်သလော

အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး မေးစရာ ရှိလာသည်မှာ ရိုဟင်ဂျာ လူမျိုးများအား အခြားသော နိုင်ငံများ၊ အထူးသဖြင့် ၎င်းတို့နှင့် ဘာသာတူ နိုင်ငံများမှ နှိမ်ချ ဆက်ဆံခြင်း၊ လူ့အခွင့်အရေး တားမြစ်ပိတ်ပင်ခြင်း အစရှိသည်များ ပြုလုပ်ခြင်းများစွာ ရှိနေသော်လည်း လူသိရှင်ကြား အမည်နာမ ထုတ်ဖော်ဝေဖန်ခြင်းများအား မတွေ့ရှိခဲ့ရပါ။ ဤနေရာတွင် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ဆော်ဒီနိုင်ငံတွင် တရားရုံးမှ ဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာများ နေထိုင်ခွင့်နှင့် ပါတ်သက်ပြီး BC (UK) မှ လူသိရှင်ကြား ဝေဖန်ခြင်း မရှိခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ အဆိုပါ ကိစ္စအား The 300,000 Rohingyas in Saudi are in limbo ဆိုသည့် ဆောင်းပါးတွင်

Mr Abdul Majid’s family moved to Saudi in 1954, two years after he was born, and was granted legal resident status as it was among the first Burmese groups to arrive. But a decree issued two decades later forced Rohingya older than 18 who were not born in the kingdom to obtain a non-Saudi passport.

ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ရိုဟင်ဂျာ ကလေးငယ်များအနေဖြင့် အစိုးရ ကျောင်းများတွင် တက်ခွင့် မရသည်ကိုလည်း

Without residency permits, their children cannot enrol in public schools. Mr Abdul Majid said Burmese children attend charity schools created for the community by Saudi donors and wealthy Burmese

ဟု ဖော်ပြခဲ့ပါသည်။ အဆိုပါ ကိစ္စရပ်များနှင့် ပါတ်သက်ပြီး ရိုဟင်ဂျာအရေးအား ဆောင်ရွက်သည့် အဖွဲ့အစည်းအများစုထဲမှ တစ်ခုဖြစ်သော BC (UK) သည်လည်း ဝေဖန်ခြင်း မပြုခဲ့သည်ကို မာ့ခ် ဖာမနာ အနေဖြင့် မည်သို့ ဆင်ခြေပေးမည်လည်း စိတ်ဝင်စားမိပါသည်။ အထူးသဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအား နိုင်ငံပေါ်မူတည်၍ ဆောင်ရွက်လေသလောဟု သံသယဖြစ်လာပါသည်။

BC (UK) သည် မည်သည့်အလှူရှင်၏ လှူငွေဖြင့် ရပ်တည်နေသနည်း

အဆိုပါ ကိစ္စနှင့် ပါတ်သက်၍လည်း မာ့ခ် ဖာမနာမှ ရှင်းရှင်းလင်းလင်း ပြောထားခြင်း မရှိပါ။ ၎င်း၏အဆိုအရ BC (UK) မှာ အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း (Non-Government Organization) ဖြစ်သည်ဟု ဖော်ပြထားပါသည်။ သို့ဆိုလျင် NGO တစ်ခုသည် ၎င်းတို့၏ လုပ်ငန်းများ လည်ပါတ်နိုင်ရန် အလှူရှင်၏ လှူငွေများနှင့် လည်ပါတ်နေရခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင် အလှူရှင်များ၏ လှူငွေများနှင့် ရပ်တည်ရသဖြင့် BC (UK) အနေဖြင့် အလှူရှင်များ၏ အလှူငွေဖြင့် ရပ်တည်နေသည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ အခြားသော INGO အဖွဲ့အစည်းများကဲ့သို့ Mission များစွာနှင့် ဆင်းရဲသော ကမ္ဘာ့နိုင်ငံများအား ဆောင်ရွက်နေခြင်း မရှိသော BC (UK) အနေဖြင့် အလှူငွေများအား လက်ခံရရှိရန် ကြိုးပန်းရမည်မှာ အခက်အခဲတွေ့မည်မှာ သေခြာပါသည်။ သို့ဖြစ်သည့်အတွက် မည်သည့်နေရာမှ အလှူငွေများ ရရှိသနည်း ၎င်းအချက်မှာ စဉ်းစားစရာ ဖြစ်လာပါသည်။

ဤနေရာတွင် BC (UK) နှင့် ရိုဟင်ဂျာ အဖွဲ့အစည်းများဖြစ်သော Rohingya Solidarity Organization (RSO) နှင့် Arakan Rohingya National Organisation (ARNO) တို့နှင့် အတူတွဲလျက် ရှိသည့် ဓါတ်ပုံများကို အထင်အရှား တွေ့လာရပါသည်။ (မှတ်ချက် ။ ။ ၀ီကီလိခ်နှင့် အခြားသော လုံခြုံရေး အဖွဲ့အစည်းများ၏ အဆင့်သတ်မှတ်ချက်တွင် RSO နှင့် ARNO တို့အား အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း၊ တစ်နည်းအားဖြင့် အန္တရာယ်ရှိ အဖွဲ့အစည်းဖြစ် သုံးသပ်ထားသည်ကို လေ့လာသိရှိနိုင်ပါသည်။) တစ်ချိန်တည်းမှာပင် RSO, ARNO နှင့် OIC တို့၏ ပါတ်သက်နေမှု သတင်းဓါတ်ပုံများကိုလည်း တဆက်တည်း တွေ့လာရသဖြင့် BC (UK) အနေဖြင့် မပြေးသော်လည်း ကံရာရှိနေပြီ ဖြစ်ပါသည်။

BC (UK) သည် မည်သည့်ရိုဟင်ဂျာ အဖွဲ့အစည်းများမှ ရခိုင်ဒေသအား ၎င်းတို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဟု ပြောဆိုသည်ကို မကြားဘူးကြောင်း သေခြာသလော

အဆိုပါ ကိစ္စနှင့် ပါတ်သက်ပြီးလည်း မာ့ခ် ဖာမနာအား မေးစရာ မေးခွန်းများ ရှိလာပါသည်။ အထူးသဖြင့် အမေရိကန် နိုင်ငံအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စောင့်ကြည့် အဖွဲ့အစည်းများမှ ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး တညီတညွတ်တည်း ဖော်ပြသည်မှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်သည် ဆိုသည်ပင်။ မကြာခင်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များတွင်လည်း အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့များ ပါဝင်ပါတ်သက်နေသည်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ၀န်ခံထားပြီး ဖြစ်ပါသည်။

ရိုဟင်ဂျာများ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရရှိရန် ကြိုးပန်းနေမှုများအား http://www.globalasia.org တွင် ဆောင်းပါးရှင် Thanawat Pimoljinda မှ ၂၀၁၀ မတ်လတွင် ရေးခဲ့သည် Ethno-Religious Movements As a Barrier to an ASEAN Community တွင်

The Rohingya Solidarity Organization (RSO) and the Arakan Rohingya National Organization (ARNO) in Burma have been fighting to liberate Arakan from Buddhist rule, with the aim of establishing an Islamic state.

ဟု ဖော်ပြထားပြီး Wikipedia ရှိ ရိုဟင်ဂျာ လူမျိုးများနှင့် ပါတ်သက်ပြီး ရေးသားထားသည်တွင် Post War တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို သိရှိနိုင်ပါသည်။

The Mujahid party was founded by Rohingya elders who supported jihad movement in northern Arakan in 1947.[28] The aim of Mujihid party was to create a Muslim Autonomous state in Arakan.

ထို့အတူ Jane's World Insurgency and Terrorism တွင် ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး ဖော်ပြထားသည်တွင် RSO နှင့်ပါတ်သက်ပြီး

The group also aimed to establish an Islamic autonomous Rakhine (Arakan) state, uniting the Rohingya people of Myanmar and Bangladesh

ဟု ရေးသားထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်ပြီး ဆောင်းပါးများစွာ ရေးခဲ့သည့် ဘာတီးလစ်တာနာ ဆောင်းပါးများတွင် လေ့လာလျင်လည်း တွေ့နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မာ့ခ် ဖာမနာ ပြောဆိုသည့် we have never even heard any Rohingya organization saying they want their own state ဆိုသည်မှာ မုသားမျှသာ ဖြစ်ပေသည်။

ဝေနှင့်ပွင့်သုံအား ဆန့်ကျင်သည်မှာ အစ္စလာမ် ဘာသာဝင်ဖြစ်၍လော ရိုဟင်ဂျာအား ထောက်ခံ၍လော

အဆိုပါကိစ္စအား အထူးအထွေ ပြောဆိုရန်ပင် မလိုအပ်သော်ငြား မာ့ခ် ဖာမနာအနေဖြင့် အစ္စလာမ်ဘာသာနှင့် ရန်တိုက်သည့်သဖွယ် attacking her because she is a Muslim ဟု ရေးသားလာသည့်အတွက် ဆိုရေးရှိက ဆိုအပ်ရပါတော့မည်။ ဝေနှင်းပွင့်သုံ အင်္ဂလန် လွှတ်တော်တွင် My father, my father စသည်ဖြင့် ကလေးပင်ဖြစ်သောငြား မာန်ပါပါဖြင့် ပြောကြားခဲ့စဉ်က တခဲနက် ထောက်ခံခဲ့သူများတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစုပါဝင်ခဲ့သည်ကို မေ့ထား၍ မရပါ။ ကလေးပင် ဖြစ်သော်ငြား စစ်အစိုးရ၏ ဖိနှိပ်မှုအား တွန်းလှန်ရန် ၎င်း၏ ကြိုးစားအားထုတ်မှုအား မြန်မာနိုင်ငံရေးတွင် ပါတ်သက်ခဲ့သူများမှ လေးစား ချီးကျူးခဲ့သည်များမှာ ရှိခဲ့သည်မှာ သမိုင်းသက်သေ ရှိခဲ့ပါသည်။

ထို့အတူ မြန်မာနိုင်ငံအတွက် အမြင့်ခုန် ခဲ့ရာတွင်လည်း အားပေးခဲ့သည်မှာ မြန်မာနိုင်ငံသားများပင် ဖြစ်ပါသည်။ သို့ရာတွင် ထိုမှ တဆင့်တက်၍ ဒေါ်အောင်ဆန်းစုကြည် အငယ်စားဟု ချီးမြှောက်လာသည်တွင် မြန်မာလူမျိုးများစိတ်တွင် လက်ခံရန် ခက်ခဲလာပါသည်။ အဘယ့်ကြောင့်ဆိုသော ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အိုင်ကွန်ဖြစ်၍ ဒီမိုကရေစီအား မြတ်နိုးသည့် မြန်မာလူမျိုးအများစုအား ကိုယ်စားပြုသဖြင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသာမက အခြားသော နိုင်ငံများတွင်လည်း မိမိတို့ တန်ဖိုးထား လေးစားသည့် ခေါင်းဆောင်နှင့် တစ်တန်းတည်း တင်စားလာသူများအား လက်မခံသည်မှာ အထင်အရှားပင် ရှိပါသည်။ သူမ အစ္စလာမ်ဘာသာဝင် ဖြစ်၍ မဟုတ်ပေ။

မြန်မာလူမျိုးများအနေဖြင့် မည်သည့်ဘာသာဝင် ဖြစ်နေပါစေ အများပြည်သူ ဆန္ဒအား အတိုက်အခံ ပြုလုပ်လာပါက မည်သူ့ကိုမဆို ဆန့်ကျင်ရန် ၀န်မလေးသည်ကို ဖြစ်ပျက်ခဲ့သည် လူထု အုံကြွမှုကြီးများဖြင့် သိရှိနိုင်မည် ဖြစ်ပါသည်။ ထို့အတူပင် မည်မျှပင် အစိုးရနှင့် ပါတ်သက်နေသော်ငြား ပြည်သူလူထုနှင့် စိတ်သဘောထား မတိုက်ဆိုင်သည်ကို အတင်းအကြပ် ပြုလုပ်လာပါက ဆန့်ကျင်ခံရသည်ကို ဥပမာအနေဖြင့် ငါးမင်းဆွေအား ပြတ်ပြတ်သားသား ဆန့်ကျင်ကြခြင်းများအား လေ့လာခြင်းအားဖြင့် သိရှိနိုင်ပါသည်။ သို့ဖြစ်သည့်အတွက် ဝေနှင်းပွင့်သုံအား ဆန့်ကျင်နေကြသည်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်၍ မဟုတ်ပဲ အများပြည်သူ သဘောထား ဆန္ဒနှင့် ဆန့်ကျင်နေ၍ ဖြစ်ပါသည်။ ဤနေရာတွင် မြန်မာလူမျိုးများအနေဖြင့် အမှားမြင်၍ အမှန်ပြင်သူများကို ခွင့်လွှတ်ကြသည်ကို မမေ့ရန် လိုအပ်သကဲ့သို့ အမှန်ပြင်လာပါကလည်း ကြိုဆိုကြမည်မှာ မလွဲပေ။ ဝေနှင်းပွင့်သုံ၏ ဖခင်ဖြစ်သော ကိုမြအေးမှလည်း ရိုဟင်ဂျာများအား တိုင်းရင်းသား မဟုတ်ဟု ပြတ်ပြတ်သားသား ဆိုလာသဖြင့် ဝေနှင်းပွင့်သုံအနေနှင့် အမှားကို ပြင်လာပါက မြန်မာပြည်သူများနှင့် ဆန့်ကျင်ဘက် မဖြစ်တော့မည်ကို သတိချပ်ဖို့ လိုပါသည်။

ဘာကြောင့် ရခိုင်အဖွဲ့အစည်းများမှ BC (UK) အား မဆက်သွယ်သနည်း

အဆိုပါ အကြောင်းအရာနှင့် ပါတ်သက်ပြီး အထွေအထူး ရှင်းပြရန် မလိုအပ်တော့ပေ။ မိမိ၏ ရန်ဘက်အဖွဲ့အစည်းနှင့် ပုလဲနံပ သင့်နေသည့် အဖွဲ့အစည်းအား မည်သည့်အဖွဲ့အစည်းမျှ အဆက်အဆံ မလုပ်ချင်သည်ကို အထူးအားဖြင့် ပြောရန် မလိုတော့ပေ။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့ပင် အခန့်မသင်ပါက အတိုက်ခံသည်ကို ကြည့်ခြင်းအားဖြင့် သာမာန် အဖွဲ့လေးဖြစ်သော BC (UK) မှာမူ ဆိုဖွယ်ရာ မရှိသည်ကို မာ့ခ် ဖာမနာအနေဖြင့် စဉ်းစား ဆင်ခြင် သုံးသပ်သင့်ပေသည်။

မည်သည့်အတွက် မာ့ခ် ဖာမနာ ဒီစာကို ရေးသနည်း

ယခုအခါတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အသင့်မြတ်ဆုံးသော လမ်းကြောင်းပေါ်မှ သွားနေသဖြင့် နိုင်ငံတကာ အရေးယူမှုများ လျော့ကျလာချိန်တွင် ပြည်ပမှနေ၍ မြန်မာနိုင်ငံအရေးအား ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် ရံပုံငွေ (သို့) အလှူငွေ ရရှိရန်မှာ ယခင်ကဲ့သို့ မသေခြာတော့သဖြင့် မြန်မာပြည်တွင်းတွင် အခြေစိုက်မှ ရံပုံငွေများ ရရှိမည်ကို အလွန်လူရည်လည်သည့် မာ့ခ် ဖာမနာအနေဖြင့် သိရှိပြီး ဖြစ်ပါသည်။ ထိုသို့သိရှိခြင်းအားလည်း ၎င်းကိုယ်တိုင် ၀န်ခံထားသည့် မြန်မာနိုင်ငံသို့ တိတ်တဆိတ် လာရောက်ခဲ့သည့် ခရီးစဉ်အား ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင် ဆန့်ကျင်ကန့်ကွက်နေသော အစိုးရနှင့် တိတ်တဆိတ် လာရောက်ညှိနှိုင်းရန် ကြိုးပန်းမှု ခြေလှမ်းဖြစ်နေသောကြောင့်ပင်။ ၎င်းတို့အနေဖြင့် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု ရှိပါက ၎င်းတို့ ခရီးစဉ်အား ထိုကဲ့သို့ လျှို့ဝှက်လာရန် လိုအပ်မည် မဟုတ်ပေ။ အဆိုပါ ခရီးစဉ်အတွင်း ၎င်းတို့အား ရိုဟင်ဂျာများနှင့် ပါတ်သက်မှုများကို မေးမြန်းခံခဲ့ရခြင်းမှ အစပြု၍ ထိတ်လန့်လာခဲ့သဖြင့် အဆိုပါစာအား ထုတ်ဖော်ရေးသားခြင်းအား On my recent trip to Burma, even very senior democracy leaders in Rangoon talked about it. ဟု ရေးသားထားသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

အနှစ်ချုပ်ရသော် မာ့ခ် ဖာမနာအနေဖြင့် အင်္ဂလန်တွင် ရုံးစိုက်၍ မြန်မာနိုင်ငံအရေးများအား ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်သည်ကို သိရှိလာသဖြင့် မြန်မာနိုင်ငံအတွင်းတွင် ဆက်လက်ရုံးစိုက်နိုင်ရန် ကြိုးပန်းနေချိန်တွင် ၎င်းတို့ အရေးမထားခဲ့သည့် အွန်လိုင်းမှ အသံများကြောင့် ၎င်းတို့ အလေးထားသည့် မြန်မာနိုင်ငံရေးတွင် ပါတ်သက်နေသည့် သူများ၏ အရေးတယူ မေးမြန်းမှုများကြောင့် အထင်မြင်လွှဲမှားနေမှုများအား ဖြေရှင်းချက် တစ်ခုအနေဖြင့်သာ မှတ်ယူရပါသည်။ တနည်းအားဖြင့် မတတ်သာ၍ လျှောက်လဲချက် ပေးခြင်းသာဖြစ်ပြီး ၎င်းတို့လုပ်ရပ်အား ဖုံးကွယ်ရန် ကြိုးစားနေခြင်းများကို အထက်တွင် ဖော်ပြထားသည့် အချက်များအား လေ့လာခြင်းဖြင့် သိရှိနိုင်သည့်အတွက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့နိုင်ငံနှင့် ပါတ်သက်ပြီး လုပ်စားလာကြမည့် နိုင်ငံရေးလုပ်စားများအား သတိထားရန် လိုအပ်ပြီး ၎င်းတို့ လှည့်ကွက်အတွင်း မ၀င်ရောက်မိစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

Myanmar Express

ပြဿနာ အကြီးကြီးတက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး


From : ယုဇနအောင်

ကျမကြားသိခဲ့ရတာကတော့ ဘားမားကန်ပိန်း(ယူကေ)က မမစုလွတ်ပြီးကထဲက အလှူငွေ ရရှိမှု နဲသွားတော့ အခု ဘင်္ဂလီအရေး၊ ကချင်အရေး ကိုင်ပြီး အရေခွံလဲပြီး အင်ဂျီအို အဖြစ်ဝင်ဖို့ ၂သန်း ဒီယူကေ အစိုးရဆီမှာ proposal တင်ထားတယ်တဲ့။ ဒါကြောင့် သူတို့က image အကြိုကို မမစုနဲ့ ဘားမားကန်ပိန်(ယူကေ)က ရန်ကုန်မှာသွားတွေ့ခဲ့တယ်။ အဆင်မပြေခဲ့ဖူး။ ဒါကြောင့် John Phol ဆိုတဲ့ နာမည်လိမ်ယူပြီး ရှမ်းယောင်ဆောင်ပြီး မမစုကို တချိန်လုံးဆဲနေတယ်။ ဇာဂနာလဲရောက်လာရော ဗစ်ကီဘိုးမန်းနဲ့ထိန်လင်းက သူတို့အိမ်မှာ အပိုင်စီးထားပြီး ဘင်္ဂလီအရေး၊ဘားမားကန်ပိန်းနဲ့ ပူးပေါင်း လုပ်နေကြတယ်တဲ့အကိုရေ။ ကျမယုံလိုက်တာကတော့ ဒီပွဲမှာ မမစု မျက်နှာ အပျက်ပျက်ထွက်ပြီး လက်တောင် နောက်ဆုံး ပရိတ်သတ်ဘက်ကိုတောင် လက်ပြတာတို့ မလုပ်တော့ပဲ မျက်နှာ တော်တော်ပျက်ပြီး ထွက်သွားတယ်။ ဆရာတော်ကြီး အပါး ၂၀ကျော်ကတော့ ပြောမနေနဲ့မျက်နှာ အပျက်ပျက်နဲ့ ပေါ့။ လူ့စိတ်ဆိုတာကလည်းပြောရခက်သားအကို။

မမစုက သာ ဖြေတာတွေစကားမှားသွားရင် ဒေါက်ပြုတ်အောင် ပိပိရိရိဖြုတ်တာပေါ့။ ကချင်အချို့ကိုခွန်နောင်နဲ့ အမေရိကန်မှာ မိန်းမကြီးရေ၊ ကလေးတွေရောထားခဲ့ပြီး ဒီ ယူကေက နိုင်ငံခြားသူတယောက်ထပ်ယူပြီး ကလေးတယောက်ပါထပ်ရထားထဲ့ မောင်ဇာနည်က ဦးဆောင်ပြီး အဲဒီခန်းမ အပြင်မှာ ဘင်္ဂလီအချို့ အပါအဝင် ဆန္ဒလာပြနေကြတာ တွေ့ခဲ့ရတယ်။သတင်းစုံတယ်။ ဟိုးတပတ်ကလဲ ဘင်္ဂလီတွေ မြန်မာသံရုံးရှေ့မှာ ရခိုင်ပြည်နယ် မှာ ဘင်္ဂလီတွေအသတ်ခံ၊ အဖိနှိပ်ခံနေရပါတယ်ဆိုပြီး ရခိုင်လူမျိုးစစ်စစ် ကိုမသနား မစာနာပဲ တပြန်ကြီး ဆန္ဒပြတဲ့ပွဲမှာ ဘားမားကန်ပိန်း(ယူကေ)က ဒါရိုက်တာ မတ်က် နဲ့ အန်နာရောဘတ်တို့၊ မြန်မာမူဆလင်အသင်း(ယူကေ)က ဥက္ကဌ ကျော်စွာ၊ အကြမ်းဖက် နူရူးအစ်စလာမ် ဆိုသူတာဝန်ပေးလို့ ဘင်္ဂလီ(ဟူကေ) ခေါင်းဆောင်ဖြစ်လာတဲ့ ထွန်းခင်တို့ သူတို့တအုပ်လုံးဆန္ဒလာပြကြတယ်တဲ့
။ အဲဒီမှာ ကောင်တာဆန္ဒလာပြတဲ့ကလေးမလေးတွေကို ဘားမားကမ်ပိန်း(ယူကေ)က မတ် နဲ့ အန်နာတို့က ကက်ကက် ကက်ကက်နဲ့ လိုက်တားမြစ်တယ်ဆိုပဲ။ ရဲကိုလဲ သွားတားခိုင်းတယ်တဲ့။ ရဲကတော့ အေးအေးဆေးဆေးပဲတဲ့။

ကျမတော့ သိပ်စိတ်မကောင်းဖူး။ မြင်ခဲ့ရကြားခဲ့ရတာတွေက တော်တော်ကို စိတ်မချမ်းမြေ့စရာတွေ ဖြစ်တယ်။ သူတို့ဘာသာ ဘားမားကန်ပိန်း(ယူကေ) က မတ် နဲ့ လက်မထပ်အတူနေတာက သူတို့အကြောင်းပါ။ ဒါပေမဲ့ ကိုယ့် အလုပ်က အခန်းအနားမှူး Master of Ceremony တက်လုပ်ကြပြီး ရိုင်းရိုင်းပြောရရင် (ခွေးဝမ်းသာအောင်လေလည်ပြပြီး) ကိုယ့်ရဲ့ ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ဘုရားကြီးများကို အရှက်တကွဲ အကျိုးနဲဖြစ်အောင် လုပ်ချလိုက်တာကတော့ မမစုလဲ အလွန်မျက်နှာပျက်ရပြီး ကြွရောက်လာတဲ့ မင်းပရိသတ်အပေါင်း လည်း မျက်နှာပျက်တာပေါ့အကိုရယ်။ လုပ်ရက်ပလေပေါ့။ လူတွေက Absolute Power မပြောနဲ့ တဒင်္ဂ မက်ခွက်(Mic)ကလေး ကိုင်ခွင့်ရသွားတာနဲ့ ဆရာတော်ဘုရားကြီးတွေတောင် အရှက်ရအောင်လုပ်ရဲ တယ်ဆိုတော့ အာဏာလေးလက်ထဲ ခဏထည့်ပေးကြည့် ပါလား တိုင်းပြည်တပြည်လုံး လူမျိုးခြားလက်ထဲ ရောင်းစားတော့မှာပေါ့။ အခုလဲ ရောင်းစားနေကြတာပါပဲ


သတင်းစုံတယ်။ ဟိုးတပတ်ကလဲ ဘင်္ဂလီတွေ မြန်မာသံရုံးရှေ့မှာ ရခိုင်ပြည်နယ် မှာ ဘင်္ဂလီတွေအသတ်ခံ၊ အဖိနှိပ်ခံနေရပါတယ်ဆိုပြီး ရခိုင်လူမျိုးစစ်စစ် ကိုမသနား မစာနာပဲ တပြန်ကြီး ဆန္ဒပြတဲ့ပွဲမှာ ဘားမားကန်ပိန်း(ယူကေ)က ဒါရိုက်တာ မတ်က် နဲ့ အန်နာရောဘတ်တို့၊ မြန်မာမူဆလင်အသင်း(ယူကေ)က ဥက္ကဌ ကျော်စွာ၊ အကြမ်းဖက် နူရူးအစ်စလာမ် ဆိုသူတာဝန်ပေးလို့ ဘင်္ဂလီ(ဟူကေ) ခေါင်းဆောင်ဖြစ်လာတဲ့ ထွန်းခင်တို့ သူတို့တအုပ်လုံးဆန္ဒလာပြကြတယ်တဲ့။ အဲဒီမှာ ကောင်တာဆန္ဒလာပြတဲ့ကလေးမလေးတွေကို ဘားမားကမ်ပိန်း(ယူကေ)က မတ် နဲ့ အန်နာတို့က ကက်ကက် ကက်ကက်နဲ့ လိုက်တားမြစ်တယ်ဆိုပဲ။ ရဲကိုလဲ သွားတားခိုင်းတယ်တဲ့။ ရဲကတော့ အေးအေးဆေးဆေးပဲတဲ့။ ကျမတော့ သိပ်စိတ်မကောင်းဖူး။ မြင်ခဲ့ရကြားခဲ့ရတာတွေက တော်တော်ကို စိတ်မချမ်းမြေ့စရာတွေ ဖြစ်တယ်။ သူတို့ဘာသာ ဘားမားကန်ပိန်း(ယူကေ) က မတ် နဲ့ လက်မထပ်အတူနေတာက သူတို့အကြောင်းပါ။ ဒါပေမဲ့ ကိုယ့် အလုပ်က အခန်းအနားမှူး Master of Ceremony တက်လုပ်ကြပြီး ရိုင်းရိုင်းပြောရရင် (ခွေးဝမ်းသာအောင်လေလည်ပြပြီး) ကိုယ့်ရဲ့ ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ဘုရားကြီးများကို အရှက်တကွဲ အကျိုးနဲဖြစ်အောင် လုပ်ချလိုက်တာကတော့ မမစုလဲ အလွန်မျက်နှာပျက်ရပြီး ကြွရောက်လာတဲ့ မင်းပရိသတ်အပေါင်း လည်း မျက်နှာပျက်တာပေါ့အကိုရယ်။ လုပ်ရက်ပလေပေါ့။ လူတွေက Absolute Power မပြောနဲ့ တဒင်္ဂ မက်ခွက်(Mic)ကလေး ကိုင်ခွင့်ရသွားတာနဲ့ ဆရာတော်ဘုရားကြီးတွေတောင် အရှက်ရအောင်လုပ်ရဲ တယ်ဆိုတော့ အာဏာလေးလက်ထဲ ခဏထည့်ပေးကြည့် ပါလား တိုင်းပြည်တပြည်လုံး လူမျိုးခြားလက်ထဲ ရောင်းစားတော့မှာပေါ့။ အခုလဲ ရောင်းစားနေကြတာပါပဲ အကို ညွန့်ရွှေ...

ထိုကဲ့သို့ ငွေမက်ပြီး၊ အာဏာကြိုရူးပြီး ပြည်ပရောက် သစ္စာဖေါက်လောက်ကောင်များနှင့်ပေါင်းပြီး ပြည်တွင်းကို ခပ်တည်တည်နှင့် ပြန်ဝင်ကာ မြန်မာပြည်အတွက်ပေးဆပ်ခဲ့ရပါသည်ဟု ညာလှိုင်းဦးမည်။ မြန်မာနိုင်ငံမှ ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ပြီး တိုင်းပြည်အရေးပြုလုပ်နေသူ အနစ်နာခံနေသူများ သူတို့ကဲ့သို့ပင် ထုနဲ့ဒေး ရှိနေသေးသည်။ ထေရဝါရ သက်ကြီးဝါကြီး၊ သိက္ခာရဆရာတော်ကြီးများ၏ မေတ္တာစေတနာများကိုလည်းအလွဲသုံးစားလုပ်၊ တိုင်းပြည်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကိုလည်းမထောက် ပြည်ပသို့ပင်လိုက်လာကာ အရှက်ခွဲသည့်လူ ဇာဂနာ၏ မင်းသားခေါင်းဆောင်းထားသော ဘီလူးရုပ်ပေါ်ခဲ့ပြီ။ ထိုနည်းတူစွာပဲ ဦးဝင်းနိုင်(NLD-LA-UK) သည် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဘင်္ဂလီလူမျိုးများ၏ ရေရှည်အန္တရယ်ကာကွယ်ရေးက အလေးထားစေရန် BDC (ဘားမားဒီမိုကရက်တစ်ကွန်စမ်း) မှ ယူကေရှိ အဖွဲ့အစည်းအားလုံးနှင့်တကွ ထုတ်ပြန်သောကြေငြာမှုကို NLD-LA-UK မှ နှုတ်ထွက်ကြောင်းကို ဇွန်လ ၁၉ရက်နေ့တွင် ဘီဒီစီနှင့်တကွ အခြားသော အဖွဲ့အစည်းများကို အကြောင်းကြားသော သက်သေစာများရရှိပါသည်။ ထို့အပြင် ဤ ပွဲသည် ပြည်ပရောက် လူငယ်လေးများ၊ အပြစ်မဲ့ကျောင်းသားလေးများကို အေဆိုင်လမ်တင်ပေးပြီး ၄င်းတို့ အကြံအဖန်လုပ်နေကျ ငွေရှာသည့် ပွဲလည်းမဟုတ်၊ တီးဆိုပျော်မြူးပြီး ပြီးပြီးရော ပျောစရာရွှင်စရာ ရှာသည့်ပွဲလည်းမဟုတ်၊ ဤပွဲကြီးသည် မြန်မာနိုင်ငံသမိုင်းအတွက်၊ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသူတိုင်းရင်းသားတိုင်းအတွက် အသက်လောက် အရေးကြီးသည့် သမိုင်းဝင် မှတ်တမ်းဝင် ပွဲကြီးဖြစ်သည်။ ရှေ့မှီနောက်မှီ လူကြီးသူမတိုင်းက ဤပွဲကြီး အောင်မြင်စွာ ဖြစ်မြောက်ပါစေရန် သောက်းသောင်းဖြဖြ ဆုတောင်းခဲ့ကြသည့် ပွဲကြီးလည်းဖြစ်သည်။ ထိုသို့အရေးကြီးသော သမိုင်းမှတ်တင်ဝင်မည့် ပွဲကြီးကို ဤကဲ့သို့ ပြီးစလွယ် ပြီးကပြစ် နှင့် လက်တဆုပ်စာ သူတို့နှင့် ပုလဲနာမသင့်နေသော လူတစုနှင့် ပေါင်းကာ ၄င်းတို့ အကျိုးအတွက် ရည်ရွယ်ချက်ကြီးကြီးဖြင့် ပိပိရိရိ လုပ်ဆောင်လိုက်သော လုပ်ကြံခဲ့သော ဇာဂနာ၏ အတွင်းစိတ်ကို မျက်ဝါးထင်ထင်တွေ့ပြီးမှတော့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေးတို့တွင် ဦးစီးဦးဆောင် တယောက်အဖြစ်လုံးဝမထားသင့်တော့ ပါကြောင်း သက်သေများစွာနှင်တကွ တင်ပြအပ်ပါသည်။


Myanmar Express