Subscribe to our RSS Feed
Showing posts with label ဘာလဲဟဲ့ သစ်ထူးလွင်. Show all posts
Showing posts with label ဘာလဲဟဲ့ သစ်ထူးလွင်. Show all posts

ဆန်း လဘက်ရည်ဆိုင် မုဒိန်းမှု ပြည်ထဲရေး သတင်းထုတ်ပြန်ချက် (အပြည့်အစုံ)



မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည် ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခ အသွင် လူအုပ်စု စတင် ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး ပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်း ဆောင်ရွက် ခဲ့သည်။ လူအုပ်စုချင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွား ခြင်းကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိကာ အဆောက်အအဦ များနှင့် မော်တော်ယာဉ် များ ဖျက်ဆီးခံ ရပြီး တည်ငြိမ် အေးချမ်းရေး ထိန်းသိန်းရန် လိုအပ် လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် ၇ မြို့နယ် ၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်း ခဲ့သည်။

ထိုသို့ ဖြစ်ပွား ရခြင်းသည် နေပြည် ၊ ပျဉ်းမနားမြို့ တွင် မြန်မာ အမျိုးသမီး တစ်ဦးအား အခြား ဘာသာဝင် ညီအစ်ကို နှစ်ဦးက သားမယား အဖြစ် အဓမ္မပြုကျင့် ကြောင်း သတင်းကို ဇွန်လ ၃ဝ ရက်နေ့ အင်တာနက်၊ လူမှုကွန်ရက် စာမျက်နှာ များ၌ စတင် ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

မှုခင်း ဖြစ်ရပ်မှာ ၂၈-၆-၂ဝ၁၄ ရက်နေ့ ည ၁ဝ နာရီတွင် မန္တလေးမြို့ ၊ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ''ဆန်းကဖီး'' လက်ဖက်ရည် ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး ၂၅ နှစ်၊ ဗန္ဓုလ ရပ်ကွက်၊ ဘုတလင် မြို့နယ် နေသူသည် ဆိုင်ပိတ်သိမ်း နေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင် ၄၄ နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံ မြို့နယ် မေဃဂီရိ ရပ်ကွက်၊ လေလာဝန်း၊ အကွက်အမှတ် (၁၄၆) နေသူနှင့် ယင်း၏ အစ်ကို နေဝင်း ၄၅ နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံ မြို့နယ် ပုလဲငွေရောင် ရပ်ကွက် အကွက်အမှတ် (၁၄၇) နေသူတို့ နှစ်ဦးက အမျိုးအစား နှင့် ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင် ယာဉ်ဖြင့် နေပြည်တော် တွင် လက်ဖက်ရည် ဆိုင်အသစ် ဖွင့်မည် ဖြစ်ကြောင်း နှင့် အလုပ်လုပ် ရမည်ဟု ပြောဆိုေ ခ်ါဆောင်ပြီး ၂၉-၆-၂ဝ၁၄ ရက်နေ့ နံနက် ၃ နာရီ ခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်း အုပ်စု ပျဉ်းမနား - တောင်ညို ကားလမ်း၊ တော်ဝင်နန်း စားသောက်ဆိုင် အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကို နှစ်ဦးက ၄င်းအား သားမယား အဖြစ် ပြုကျင့်၍ တိမ်းရှောင် သွားကြောင်း တရားလို မစိုးစိုး၏ တိုင်ကြားချက် အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနားမြို့မ ရဲစခန်း (ပ) ၂၉၃/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ခဲ့မှု ဖြစ်သည်။

အဆိုပါ အမှုအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ တရားလို မစိုးစိုး ၏ တိုင်ကြားချက် ပါ ယင်း၏ ကိုယ်ရေး အချက်အလက် များ၊ ''ဆန်းကဖီး'' တွင် အလုပ်လုပ် ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် အခြေအနေ များ၊ အတူတကွ အလုပ်လုပ် ခဲ့သည် ဆိုသော တောင်သာ မြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ်လုပ်ကိုင် ခဲ့ဖူးကြောင်း ထွက်ဆို ခဲ့သည့် လားရှိုး၊ မူဆယ် နှင့် နမ့်ခမ်းမြို့ များသို့ အသေးစိတ် စုံစမ်းစစ်ဆေး ခဲ့သည်။ စစ်ဆေးချက် များအရ ၄င်း၏ အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမ ၃ဝ နှစ် ဖြစ်ကြောင်း၊ အဘအမည် အမှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ် ဇာတိမှာ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် ဖြစ်ကြောင်း၊ ''ဆန်းကဖီး'' တွင် အလုပ်လုပ် ကိုင်ခဲ့ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာ ဆေးပညာ နှင့် ဓာတုဗေဒ ဆိုင်ရာ စစ်ဆေးချက်များ အရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့် ခံထားရသည့် လက္ခဏာ နှင့် ပြင်ပဒဏ်ရာ များလည်း မရှိကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။ ထို့ကြောင့် ယင်းအား အသေးစိတ် ဆက်လက် စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက် အရ ရဲထွဋ်(ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့၏ ငွေပေး၍ ခိုင်းစေမှု အရ ဆန်းမောင် နှင့် နေဝင်း တို့က ယင်းအပေါ် သားမယား အဖြစ် ပြုကျင့်ကြောင်း ဖြင့် ပျဉ်းမနား ရဲစခန်းတွင် လီဆယ် အမှုဖွင့် ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည်။

မှုခင်းဆိုင်ရာ စစ်ဆေးချက် များအရ မစိုးစိုး အမည်ခံ၍ လီဆယ် တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမ သည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်း အဘ ဦးကျော်ဆန်း၊ အမိ ဒေါ်မာလာ တို့၏သား မင်းသူရဇော် (ခ) နိုမိုဟာမက် နှင့် အိမ်ထောင်ကျ ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ တွင် ခင်ပွန်း ဖြစ်သူမှာ မူးယစ်ဆေးဝါး မှုဖြင့် တရားရုံးတွင် ရင်ဆိုင် နေရစဉ် အမှုမှ လွတ်မြောက်ရေး ကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့အား ရင်းနှီး ခဲ့ကြောင်း၊ အမှုအား ၁ဝ-၄-၂ဝ၁၄ ရက်နေ့တွင် မန္တလေးခရိုင် တရားရုံးက တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက် အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲ တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက် ၏ အဒေါ် ခင်မာလွင် နှင့် နီနီဌေး တို့အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ် ချမှတ် ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှု အပေါ် ခင်မာလွင် ၏ ခင်ပွန်း ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် မင်းသူရဇော် (ခ) နိုမိုဟာမက် ၏ မိခင် ဒေါ်မာလာ တို့က မကျေနပ်၍ တရားရုံး အတွင်း အော်ဟစ် ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ် ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်း က တရားလို ပြုလုပ် တိုင်ကြား သဖြင့် အမှတ်(၃) ရဲစခန်း (ပ) ၁၄၉/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅ဝ၆/၃၅၃ အရ အမှုဖွင့် အရေးယူ ခံရကာ ချမ်းအေးသာစံ မြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်သည်။

ထိုသို့ ပြန်လည် အမှုဖွင့် အရေးယူ ခံရမှုအပေါ် ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် ဒေါ်မာလာ တို့က မကျေနပ် သဖြင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်း က ဟေမာကျော် အား သားမယား အဖြစ် ပြုကျင့် ကြောင်း လီဆယ် တိုင်တန်းရန် စီစဉ်ခဲ့ပြီး၊ ၂၁-၅-၂ဝ၁၄ ရက်နေ့တွင် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် ခင်မောင်ထွေး (ခ) ကိုထွေး၊ ဒေါ်မာလာ နှင့် သမီး ဟေမာကျော် တို့အား နေအိမ်သို့ ခေါ်ယူ၍ လီဆယ် တိုင်ကြားမည့် အစီအစဉ်ကို သင်ကြား ပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး (ခ) ကိုထွေး၊ ဒေါ်မာလာ နှင့် ၄င်း၏ သမီး ဖြူမ (ခ) ဖြူဖြူဇော်၊ ဟေမာကျော် တို့သည် မော်တော်ယာဉ် ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော် အား လီဆယ် တိုင်ကြားမည့် ဖြစ်စဉ်နှင့် သက်ဆိုင်သည့် လက်ဖက်ရည် ဆိုင်၊ တည်းခိုခန်း နှင့် စတိုးဆိုင် တို့အား ပြသခဲ့ကြောင်း၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ (ခ) ဖြူဖြူဇော် နှင့် ဟေမာကျော် တို့သည် ပြင်ဦးလွင် မြို့မ ရဲစခန်း သို့ သွားရောက်ပြီး ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့ သင်ကြားေ ပးသည့် အတိုင်း ပုလဲ တည်းခိုခန်း တွင် ဦးတင်မောင်ဝင်း က ၄င်းအား သားမယား အဖြစ် ပြုကျင့် ခဲ့ကြောင်းဖြင့် ဟေမာကျော် က တရားလို ပြုလုပ်၍ လီဆယ် တိုင်ကြား ခဲ့ရာ ပြင်ဦးလွင် မြို့မရဲစခန်း (ပ) ၁ဝ၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်း အပေါ် အမှုဖွင့် အရေးယူ ခဲ့သည်။

ထို့ပြင် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် မန္တလေးမြို့၊ စစ်ကိုင်းလမ်းခွဲ နေ ဟာဂျီ ထွန်းထွန်း ဆိုသူနှင့် ရင်းနှီးမှု ရှိပြီး ဟာဂျီ ထွန်းထွန်း နှင့် ''ဆန်းကဖီး'' ပိုင်ရှင် ဆန်းမောင်၊ ''နေကဖီး'' ပိုင်ရှင် နေဝင်း တို့မှာလည်း လူမှုရေး ပြဿနာ များကြောင့် မှုခင်းများ အပြန်အလှန် ဖြစ်ပွားမှုများ ရှိကြောင်း စစ်ဆေး သိရှိရသည်။ ဟာဂျီ ထွန်းထွန်း သည် ၄င်း၏ ကြက်ခြံမှ အလုပ်သမား မကေသီခိုင် (ခ) ချယ်ရီသိန်း ၂၇ နှစ်၊ (ဘ) ဦးရဲမြင့်အား ၉-၅-၂ဝ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့ တည်းခိုခန်း ၌ သားမယား အဖြစ် ပြုကျင့်ကြောင်း တိုင်ကြား ခံရသဖြင့် ၁၇-၅-၂ဝ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့မ ရဲစခန်း(ပ) ၂၈၁/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အမှုဖြင့် အရေးယူ ခံရသည်။ ယင်းသို့ အရေးယူ ခံရမှု အပေါ် ဆန်းမောင် နှင့် နေဝင်း တို့က သွေးထိုး မြှောက်ပင့် ခဲ့သည်ဟု ဟာဂျီ ထွန်းထွန်း က ယူဆ ယုံကြည် ခဲ့သည်။

ထို့နောက် ဟာဂျီ ထွန်းထွန်း သည် ဆန်းမောင် နှင့် နေဝင်းတို့ အပေါ် ပြစ်ဒဏ်ကြီးစွာ ရရှိနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ် တိုင်ကြားနိုင်ရေး အတွက် ရဲထွဋ် (ခ) သူရရဲထွဋ် ထံ အကူအညီ တောင်းခံ ခဲ့သည်။ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့က ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါး မှုဖြင့် ထောင်ကျပြီး ငွေကြေး လိုအပ်နေသူ ဖြူဖြူမင်း (ခ) ကတုံးမ အား အသုံးချ၍ သားမယား ပြုကျင့်မှုဖြင့် လီဆယ် တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်း ၌ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် ဖြူဖြူမင်း (ခ) ကတုံးမ အား မန္တလေးမြို့ရှိ ၄င်းတို့၏ နေအိမ်သို့ ခေါ်ယူ နေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံ ဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင် သင်ကြား ပေးခဲ့ပြီး အောင်မြင် ပါက ဖြူဖြူမင်း (ခ) ကတုံးမ အား ငွေကျပ် တစ်ဆယ်သိန်း ပေးမည်ဟု သွေးဆောင် စည်းရုံး ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်။

ထို့နောက် ဖြူဖြူမင်း (ခ) ကတုံးမ၊ ရဲထွဋ် (ခ) သူရရဲထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော် (ခ) ဖြူမ တို့သည် ဆန်းမောင် နှင့် နေဝင်းတို့ အပေါ် သားမသား အဖြစ် ပြုကျင့်မှုဖြင့် လီဆယ် အမှုဖွင့်ရန် ၂၈-၆-၂ဝ၁၄ ရက်နေ့  ညပိုင်းတွင် ပျဉ်းမနား သို့ ရဲထွဋ် (ခ) သူရရဲထွဋ် ၏ တိုရိုတာ မတ်တူး ယာဉ်ဖြင့် အမြန် လမ်းမကြီး အတိုင်း သွားရောက် ခဲ့ကြောင်း၊ ပျဉ်းမနားသို့ ရောက်ရှိပြီး ရွှေတောင် တည်းခိုခန်း တွင် တည်းခို ခဲ့ကြောင်း၊ သားမယား အဖြစ် ပြုကျင့် ခံရသည်ဟု လုပ်ကြံ ဖော်ပြမည့် နေရာနှင့် ပျဉ်းမနားမြို့၏ အနေအထား ကို ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့က မော်တော်ယာဉ်ဖြင့် လိုက်လံပြသ ခဲ့ကြောင်း၊ ၂၉-၆-၂ဝ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြူဖြူမင်း (ခ) ကတုံးမအား ငွေ ၂၅ဝဝဝိ/- ပေး၍ ပျဉ်းမနားမြို့ မြင်းရတနာ ရုပ်တုအနီးတွင် ထားခဲ့ပြီး မန္တလေးသို့ ပြန်သွား ခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ) ကတုံးမ သည် ဆိုင်ကယ် ကယ်ရီဖြင့် ပျဉ်းမနား ရဲစခန်းသို့ သွားရောက်ကာ မစိုးစိုး အမည်ခံ၍ နေဝင်း နှင့် ဆန်းမောင် တို့က ၄င်းအား သားမယား အဖြစ် ပြုကျင့်ကြောင်း လီဆယ် တိုင်ကြား ခဲ့သည်ကို စစ်ဆေး ပေါ်ပေါက်သည်။

ဖြူဖြူမင်း (ခ) ကတုံးမ သည် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့၏ စည်းရုံး သင်ကြားပေး မှုအရ ဆန်းမောင် နှင့် နေဝင်း တို့က ယင်းအား သားမယား အဖြစ် ပြုကျင့်ကြောင်း လီဆယ် တိုင်ကြား ခဲ့ရခြင်း ဖြစ်သည်ကို အမှုစစ်ရဲ အရာရှိထံ ဝန်ခံထွက်ဆို ခဲ့သည်။ ထို့နောက် ၉-၇-၂ဝ၁၄ ရက်နေ့တွင် ပျဉ်းမနား မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄/ ၃၆၄ အရ ထိုသို့ လီဆယ်အမှု တိုင်ကြား ခဲ့ရသည့် ဖြစ်စဉ် အပြည့်အစုံ ကို ဖြူဖြူမင်း (ခ) ကတုံးမ က ဖြောင့်ဆိုချက် ပေးခဲ့၍ ပျဉ်းမနား မြို့နယ် တရားရုံးမှ ပြစ်မှုသေး အမှတ်၊ ၁၂၂/၂ဝ၁၄ ဖြင့် လက်ခံ ခဲ့သည်။

ထို့ပြင် ပျဉ်းမနား နှင့် ပြင်ဦးလွင် တို့တွင် တိုင်ကြား ခဲ့သည့် သားမယား အဖြစ် ပြုကျင့်မှု များမှ ဟေမာကျော် ၏ ဦးလေး တော်စပ်သူ ခင်မောင်ထွေး( ခ) ကိုထွေး၊ ဆက်စပ် သက်သေ ဇင်မင်းထွန်း (ခ) ဇင်လေး နှင့် ဖိုးခွား (ခ) ပြားကြီး (ခ) တင်မင်းထက် တို့ကလည်း ယင်း အမှုများသည် လီဆယ် တိုင်ကြားခြင်း သာ ဖြစ်ကြောင်း ချမ်းမြသာစည် မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄ အရ ကြိုတင် ထွက်ဆိုချက် များ ပေးခဲ့ကြ သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့သည် စစ်ဆေး ပေါ်ပေါက်ချက် များနှင့် ပြည်ထောင်စု ရှေ့နေချုပ် ရုံး၏ ဥပဒေ အကြံပြုချက် အရ စိုးစိုး (ခ) ကတုံးမ က တိုင်ကြား ခဲ့သော ပျဉ်းမနား မြို့မ ရဲစခန်း(ပ) ၂၉၃/၂ဝ၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အမှုအား ၁၇-၇-၂ဝ၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်းပြီး လီဆယ် တိုင်တန်းသူ ဖြူဖြူမင်း (ခ) ကတုံးမ (ဖမ်းမိ) နှင့် ထိုသို့ လီဆယ် တိုင်တန်းရန် ညွှန်ကြား စီစဉ်သူ နုနုမြတ် (ဖမ်းမိ)၊ ရဲထွဋ်(ခ) သူရရဲထွဋ် (တိမ်းရှောင်) တို့အပေါ် ဥပဒေနှင့် အညီ အရေးယူေ ဆာင်ရွက်လျက် ရှိသည်။ အလားတူ ပြင်ဦးလွင် မြို့မ ရဲစခန်း(ပ) ၁ဝ၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အမှု ကိုလည်း စစ်ဆေး ပေါ်ပေါက်ချက် နှင့် ပြင်ဦးလွင် ခရိုင် ဥပဒေရုံး ၏ ဥပဒေ အကြံပြုချက် အရ ၁၈-၇-၂ဝ၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်း ခဲ့ပြီး လီဆယ် တိုင်တန်းသူ ဟေမာကျော် (တိမ်းရှောင်) နှင့် ဒေါ်မာလာ (တိမ်းရှောင်) တို့အပေါ် ဥပဒေနှင့် အညီ အရေးယူရန် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ပျဉ်းမနား မြို့တွင် လီဆယ် တိုင်ကြား ခဲ့သော အမှုကို အကြောင်း ပြု၍ မန္တလေး မြို့၌ ၁-၇-၂ဝ၁၄ ရက်နေ့မှ စတင် ဖြစ်ပွား ခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခ ဖြစ်စဉ် များတွင် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်မှု များပြုလုပ် ခဲ့ရာ လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အဦ များ ဖျက်ဆီးမှု၊ ရုန်းရင်း ဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြား ရေးကို ပျက်ပြား စေရန် သွေးထိုး လှုံ့ဆော်မှု၊ လက်နက်မှု နှင့် ရဲအက် တို့ဖြင့် အမှုပေါင်း ၁၉ မှု အရေးယူ နိုင်ခဲ့ပြီး တရားခံ ၄၉ ဦး ဖမ်းဆီး ရမိကာ တရားခံ ရှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။





ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ပြန် ထားသော အမိန့်ကို ချိုးဖောက် သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့် ပြန်လည် စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ အရေးယူမှု မှာ ၁၇-၇-၂ဝ၁၄  ရက်နေ့ အထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယ ခံရသူပေါင်း ၈၃၄ ဦး ဖြစ်သည်။ ကျူးလွန်ခဲ့သော တရားခံ များနှင့် ဆက်စပ် ပါဝင်သူ များကို ဥပဒေအရ အရေးယူရန် ဆက်လက် စစ်ဆေး ဖော်ထုတ်လျက် ရှိပြီး အများပြည်သူ တို့ သတင်းအမှန် သိရှိစေရန် အတွက် ဆက်လက် ထုတ်ပြန် သွားမည် ဖြစ်သည်။

.. www.MyanmarExpress.net
 

၂၀၁၁ နောက်ပိုင်း ပဋိပက္ခအားလုံး၏ တရားခံ DVB, RFA, BBC, ဧရာဝတီ, ခေတ်ပြိုင် သတင်းထောက်ဟောင်း၊ NLD ပါတီဝင်ဟောင်း သစ်ထူးလွင် (သို့မဟုတ်) ရဲဘော် ကိုဒီ အကြောင်း

From : ..ABSDF Blog

အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေအများဆုံးရောက်တဲ့
မြန်မာဝက်ဆိုက်က သစ်ထူးလွင် website ဖြစ်ဖွယ်ရှိပါတယ်။ လားရှိုး၊ ရန်ကုန်၊
မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့်
သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ဧရာဝတီ - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။

Thit Htoo Lwin - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ သစ်ထူးလွင် ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ် blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့ သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့ပြည်တွင်း၊ ပြည်ပ မီဒီယာ
တွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊ပြည်သူပြည်သားတွေက တိုက်ရိုက်
ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်
ခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီ - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။

သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊
အော်ဘာနီမြို့ မှာ နေပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။ သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

ဧရာဝတီ - အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။
သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန

ဧရာဝတီ - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။

သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ Facebook စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး Facebook အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။

ဧရာဝတီ - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။

သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။ 

 

ပဋိပက္ခ တရားခံဟု ဝေဖန်ခံထားရသူ NLD ပါတီဝင်ဟောင်း သစ်ထူးလွင် မှ ကျော်မင်းဆွေ၊ စာနယ်ဇင်းကောင်စီ နှင့် မြန်မာမီဒီယာသမားများသို့ သတိပေးစာ

From : .. သစ်ထူးလွင်


 အခွင့်သာတုန်း သစ်ထူးလွင် ဘလော့ဂ် အား ၀ိုင်းဆော်ချင်သူများ သိစေရန် သတင်းထုတ်ပြန်ချက်

 ယနေ့ ထုတ် ဒီမိုကရေစီတူဒေး နေ့ စဉ် သတင်းစာမှာ "မန္တလေးဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် သတင်းဝက်ဘ်ဆိုက် မဟုတ်သည့် သစ်ထူးလွင် ဘလော့ဂ်အား ပြည်တွင်း သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသားဖော်ပြထားပါတယ်။

ဒီမိုကရေစီတူဒေး သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်။

http://www.myanmarexpress.net/2014/07/dvb-rfa-bbc.html

ဒီသတင်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ''ဒီသစ်ထူးလွင်ဘလော့ဂ်က ကျင့် ဝတ်မရှိ ဘူး။ ကော်ပီ ရိုက်ချိုးဖောက် ထားတယ်။ မီဒီယာတွေ ပင်ပင်ပန်းပန်း ကြိုးစားထားတဲ့ သတင်းတွေကို အညွန့် ခူးစားထားတဲ့အတွက် ဝင်ကြည့် တဲ့ သူ တွေ အရမ်းများပြီးတော့ နာမည်ကြီး လာတဲ့ ဝက်ဘ်ဆိုက်ဖြစ်တယ်။ ဒီ အပေါ်မှာ အကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ Source တစ်ခုဖြစ်သွား တယ်။ ပြီးတော့ ဒီအကြမ်းဖက်လုပ် ရပ်ကို လုပ်လိုသူတွေက သူ့ကိုအ သုံးချတဲ့သဘောဖြစ်သွားတယ်။ ဒီ ကိစ္စမှာ သူကိုယ်တိုင်ပါပါမပါပါ အန္တရာယ်ရှိလာတာတော့အမှန်ပဲ။ ဒါကြောင့် မီဒီယာတွေအနေနဲ့ သူ တို့ရဲ့သတင်းတွေကို သုံးစွဲခွင့်မပြု တဲ့အကြောင်း တရားဝင်လှမ်းပြီး ကန့်ကွက်သင့်တယ်။ နောက် စာနယ် ဇင်းကောင်စီကိုလဲ တိုင်ကြားဖို့လို တယ်။ သက်ဆိုင်ရာရှေ့နေတွေနဲ့ လဲ တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွား လို့ရ အောင်လုပ်သင့် တယ်။ နောက် ဒီ ဘလော့ဂ်က အမေရိကန်နိုင်ငံကနေ လုပ်နေတဲ့ ဝက်ဘ် ဆိုက်ဖြစ်တဲ့ သူခိုး ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် အမေရိ ကန်ဥပဒေနဲ့ လည်းငြိနေ တယ်။ အ ကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ သဘောဖြစ်လာတဲ့အတွက် မြန်မာ အစိုးရအနေနဲ့ အမေရိကန် အစိုးရ ကို လှမ်းပြီး ဒီဝက်ဘ်ဆိုက်ကို ပိတ် ခိုင်းဖို့ မေတ္တာရပ်ခံသင့်တယ်''ဟု ဒီမိုကရေစီတူဒေးသို့ပြောဆိုထားတာတွေ့ ရပါတယ်။

၁။ သစ်ထူးလွင် အနေနဲ့ ပထဆုံးပြောချင်တာကတော့ မီဒီယာတွေ အနေနဲ့ မိမိတို့ သတင်းတွေကို သစ်ထူးလွင်မှ Credit ပေးပြီး ကူးယူဖော်ပြတာကို ကန့် ကွက်လိုရင် thithtoolwin9@gmail.com ကို တိုက်ရိုက် အီးမေးလ် ပို့ ပြီး ကန့် ကွက်နိုင်ပါတယ်။ ကန့် ကွက်မှုရှိလာတဲ့ မီဒီယာတွေရဲ့ သတင်းကို သစ်ထူးလွင် က ဖော်ပြပေးမှာ မဟုတ်ပါဘူး။

၂။ Facebook  လူမှုကွန်ယက် အင်တာနက် စာမျက်နှာကနေ သတင်းတွေ ကူးယူဖော်ပြတာ ကော်ပီ ရိုက်ချိုးဖောက် တာမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ Facebook ဆိုတာ မိမိတို့ သတင်းတွေ လူများများ သိအောင် မျှဝေတဲ့ နေရာပါ။

၃။ သစ်ထူးလွင် ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။ ဒီမိုကရေနဲ့ လူ့ အခွင့်အရေး ဦးစားပေးတဲ့ သတင်းတွေကိုပဲ ကူးယူဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကောလဟာလ သတင်းတွေနဲ့ သတင်းမှားတွေကိုလည်း ဘယ်တုန်းကမှ သစ်ထူးလွင်မှာ မဖော်ပြခဲ့ပါဘူး။  အခွင့်သာတုန်း ၀ိုင်းဆော်လိုက်မယ်ဆိုတဲ့ စိတ်ဓါတ်တွေလဲ ပြုပြင်သင့်ပါတယ်။ 

၎။ သစ်ထူးလွင် ဟာ ဘလော့ဂ်ဖြစ်တယ်။ အမေရိကန် ဥပဒေနဲ့ ငြိစွန်းတာ ဘာတခုမှ မလုပ်ဘူး။  တကမ္ဘာလုံးမှာ သန်းနဲ့ ချီတဲ့ ဘလော့ဂ်တွေ ရှိတယ်။ သစ်ထူးလွင်ကို သူခိုးဝက်ဆိုဒ်လို့ စွပ်စွဲမယ်ဆိုရင် - yahoo,google တွေကနေ့ နိုင်ငံတကာသတင်းတွေ တိုက်ရိုက် ဘာသာပြန် ကူးယူဖော်ပြနေတာ တရားဝင်လား ၊ တရားမ၀င်ဘူးလား ဆိုတာ ပြန်စဉ်းစား စေချင်ပါတယ်။ စွပ်စွဲတဲ့သူတွေ ကိုယ်တိုင်ရော လူမှုကွန်ယက် စာမျက်နှာတွေပေါ်က သတင်းဓါတ်ပုံတွေကို ယူသုံးတဲ့အခါ ခွင့်ပြုချက် တောင်းရဲ့ လား? သတိပြုစေချင်ပါတယ်။

ဘယ်လို အခက်အခဲပဲ ရှိနေပါစေ သစ်ထူးလွင် ဘလော့ဂ်ကနေ ပြည်သူ / ပြည်သားတွေ ပေးပို့ လာတဲ့ သတင်းတွေနဲ့ ပြည်သူလူထုကို အခမဲ့ ဖြန့် ဝေပေးနေတဲ့ မီဒီယာ ကြီးတွေက သတင်းတွေကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

.
. www.MyanmarExpress.net
 

DVB, RFA, BBC, ဧရာဝတီ, ခေတ်ပြိုင် သတင်းထောက်ဟောင်း ၊ NLD ပါတီဝင်ဟောင်း သစ်ထူးလွင် အား ပြည်တွင်း သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချ

From : ..dailydemocracytoday


ရန်ကုန်၊ ဇူလိုင် ၂- ဇူလိုင် ၁ရက် ညပိုင်းက မန္တလေးမြို့၈၂လမ်းနှင့် ၂ရလမ်းထောင့်ရှိ လက်ဖက်ရည်   ဆိုင်အနီးတွင် လူစု လူဝေးဖြင့် တိုက် ခိုက်မှုများဖြစ်ပေါ်ခဲ့မှုသည် တာ ဝန်ခံ တာဝန်ယူ မှုမရှိသည့် တရားဝင် သတင်းဝက်ဘ်ဆိုက်မဟုတ်သော သစ်ထူးလွင်ဝက်ဘ်ဆိုက်မှ သတင်း တစ်ပုဒ်ကြောင့် အစပြုဖြစ်ပွားခဲ့ ခြင်းဟု သတင်းများထွက်ပေါ်ခဲ့ရာ အွန်လိုင်းသုံး စွဲသူများ အနေဖြင့် ယင်းသို့သောတရားမဝင်  သတင်း ဝက်ဘ်ဆိုက်မှ သတင်းများထက် တရားဝင်သတင်းမီဒီယာများဖြစ် သည့်  Main Stream Media  များမှ သတင်းများ ကိုသာနှိုင်း ယှဉ် ဆန်းစစ် မှုရှိစွာဖြင့် ရွေးချယ်အသုံးပြု သင့် ကြောင်း ပြည်တွင်းမီဒီယာ အသိုင်း အဝိုင်းက ပြောကြားလိုက်သည်။

သစ်ထူးလွင်သတင်း ဝက်ဘ် ဆိုက်သည် ပြည်တွင်းမှထုတ်ဝေ သည့် သတင်းမီဒီယာများ၏ သတင်း များကိုခွင့်ပြုချက်မရရှိဘဲ သုံးစွဲလျက် အွန်လိုင်းကြော်ငြာများမှ အခကြေးငွေ ယူ၍ အကျိုးအမြတ် ရယူနေသည့်  Illegal ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ''ဒီသစ်ထူးလွင်ဘလော့ဂ်က ကျင့် ဝတ်မရှိ ဘူး။ ကော်ပီ ရိုက်ချိုးဖောက် ထားတယ်။ မီဒီယာတွေ ပင်ပင်ပန်းပန်း ကြိုးစား ထားတဲ့ သတင်းတွေကို အညွန့် ခူးစားထားတဲ့အတွက် ဝင်ကြည့် တဲ့ သူ တွေ အရမ်းများပြီးတော့ နာမည်ကြီး လာတဲ့ ဝက်ဘ်ဆိုက်ဖြစ်တယ်။ ဒီ အပေါ်မှာ အကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့  Source တစ်ခုဖြစ်သွား တယ်။ ပြီးတော့ ဒီအကြမ်းဖက်လုပ် ရပ်ကို လုပ်လိုသူတွေက သူ့ကိုအ သုံးချတဲ့သဘောဖြစ်သွားတယ်။ ဒီ ကိစ္စမှာ သူကိုယ်တိုင်ပါပါမပါပါ အန္တရာယ် ရှိ လာတာ တော့အမှန်ပဲ။ ဒါကြောင့် မီဒီယာတွေအနေနဲ့ သူ တို့ရဲ့သတင်းတွေကို သုံးစွဲခွင့်မပြု တဲ့အကြောင်း တရားဝင်လှမ်းပြီး ကန့်ကွက်သင့်တယ်။ နောက် စာနယ် ဇင်းကောင်စီကိုလဲ တိုင်ကြား ဖို့လို တယ်။ သက်ဆိုင်ရာရှေ့နေတွေနဲ့ လဲ တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားလို့ရ အောင်လုပ်သင့်တယ်။ နောက် ဒီ ဘလော့ဂ်က အမေရိကန်နိုင်ငံကနေ လုပ်နေတဲ့ ဝက်ဘ် ဆိုက်ဖြစ် တဲ့ သူခိုး ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် အမေရိ ကန်ဥပဒေနဲ့လည်းငြိနေတယ်။ အ ကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ သဘောဖြစ်လာတဲ့အတွက် မြန်မာ အစိုးရအနေနဲ့ အမေရိကန် အစိုးရ ကို လှမ်းပြီး ဒီဝက်ဘ်ဆိုက်ကို ပိတ် ခိုင်းဖို့ မေတ္တာရပ်ခံသင့်တယ်''ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။

mankoko-photo

ဇူလိုင် ၂ ရက်နေ့က မန္တလေးမြို့တွင် လုံခြုံရေးယူထားသော တာဝန်ကျရဲဝန်ထမ်းများကိုတွေ့ရစဉ်။  ဓာတ်ပုံ - မန်းကိုကို

သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးမြင့်ကျော်က ''လူတွေကဖေ့စ်ဘွတ် သုံးတဲ့သူတွေများလာတဲ့ အချိန်မှာ ဘယ်ဟာက တကယ့်မီဒီယာ၊ ဘယ် ဟာက သတင်းတွေကူးယူ ဖော်ပြ နေတဲ့ ဘလော့ဂ် ဆိုတာ ကို ခွဲခြား မကြည့်နိုင်တော့ ပြဿနာဖြစ်လာ တယ်။ သစ်ထူးလွင်က ယုံကြည်ရတဲ့ ဝက်ဘ်ဆိုက်မဟုတ်ဘူး။ ဒါကြောင့် တချို့ပဋိပက္ခကို ဖန်တီးချင်တဲ့သူ တွေက သစ်ထူးလွင်ကို အသုံးချပြီး လုပ်တာ ဖြစ်နိုင်တယ်။ တကယ့် သတင်းမီဒီယာတွေကို ဒီလို ဘယ်သူ ကမှလာပြီး လိမ်လို့မရဘူး။ လူတွေ က အများစုဝင်ကြည့်နေတော့ နာ မည်ကြီးလာပြီး ကြော်ငြာတွေရလာ တယ်။ သူ့ရဲ့အား ထုတ်မှု မပါဘူး။ သူများမီဒီယာတွေဆီကဟာကို ကူး တင်တဲ့ သဘောပဲရှိတယ်။ ဒါကိုမီဒီ ယာတွေ ကန့်ကွက်သင့်တယ်'' ဟုပြော သည်။

''သစ်ထူးလွင်က ပြည်တွင်းမှာ ထွက်တဲ့ သတင်းစာတွေ၊ ဂျာနယ် တွေ အကုန်လုံးက အကောင်းဆုံး သတင်းတွေကိုချည်းပဲ သူ့ဝက်ဘ် ဆိုက်မှာ ဘာခွင့်ပြုချက်မှမရှိဘဲ လုပ်စားနေတာကြာပြီ။ သူကသာ ဒီလိုလုပ်စားနေတာ။ ကျွန်တော်တို့ ကိုကျတော့ သူ့ပြဿ     နာ လိုက်ရှင်း နေရတယ်။ တစ်ခါတုန်းက ကျွန် တော်တို့သတင်းစာမှာပါတဲ့ ပုဂ္ဂ လိကဘော်ဒါဆောင်တစ်ခုသတင်း ကို သူ့ဝက်ဘ်ဆိုက်မှာ ယူသုံးပြီး ခပ်တည်တည်နဲ့ ပုဂ္ဂလိက ဘော်ဒါ ဆောင်တစ်ခုရဲ့ဓာတ်ပုံကို ကောက် ထည့်လိုက်တယ်။ အဲဒီတော့ ဓာတ်ပုံ ပါသွားတဲ့ ဘော်ဒါဆောင်က ပိုင်ရှင် က ရုံးရောက်လာပြီး ပြူးပြဲလာလုပ် တာခံရတယ်။ ကျွန်တော်တို့က သတင်း စာမှာ ဒီသတင်းဓာတ်ပုံကို အသုံးပြု ထားခြင်းမရှိဘူး။ အဲဒီလိုပဲ သစ်ထူး လွင်ကလဲ ကျွန်တော်တို့ဆီက ခွင့်ပြု ချက်တောင်းပြီး သတင်းသုံးထား တာလဲ မဟုတ်ဘူးဆိုတာကို အဲဒီပိုင် ရှင်ကို ဘယ်လိုရှင်းပြပြ လက်မခံ ဘူး။ ကျွန်တော်တို့ကပဲ တာဝန် မယူချင်လို့ ခေါင်းရှောင်တယ်လို့ အထင်ခံရသေးတယ်။ အဲဒီမှာ ဝမ်း နည်းစရာအကောင်းဆုံးက ဘာလဲ ဆိုတော့ အဲဒီပိုင်ရှင်က ဒီသတင်း ကို ကျွန်တော်တို့သတင်းစာကနေ ဖတ်ပြီး သိရတာမဟုတ်ဘဲ အလကား ရတဲ့ သစ်ထူးလွင်ကိုဖတ်ပြီး ကျွန်တော် တို့ကိုလာပြီး ပြဿနာ လာရှာတာ ခံလိုက်ရတယ်''ဟု ပုဂ္ဂလိကသတင်း စာတစ်စောင်မှ အယ်ဒီတာတစ်ဦး က ပြောသည်။

မန္တလေးကိစ္စနှင့်ပတ်သက်၍ အဆိုပါ သစ်ထူးလွင်ဘလော့ဂ်အ ပေါ်စွပ်ဆွဲချက်များထွက်ပေါ်ခဲ့ရာ ဇူလိုင် ၂ ရက်နေ့တွင် သစ်ထူးလွင် ဘလော့ဂ်မှ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။


.. www.MyanmarExpress.net