Subscribe to our RSS Feed
Showing posts with label ဘာလဲဟဲ့ စည်သူအောင်မြင့်. Show all posts
Showing posts with label ဘာလဲဟဲ့ စည်သူအောင်မြင့်. Show all posts

အရက်သမားဉာဏ် တထွာလောက်ကတော့ တက်မလာနဲ့စည်သူအောင်မြင့်(အပိုင်း-၁)

From : .. အညွန့်(လားရှိုး)


အမုန်းကွန်ယက်ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာသံတော်ဆင့်ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၈)မှာ အသားထဲက ထွက်တဲ့လောက် (သို့)စည်သူအောင်မြင့်ဆိုသူက အောက်ပါအတိုင်း ရေးသားထားတာတွေ့ရပါတယ်။
 

“လာကပေါ်-အောင်ကျော် ဆွေးနွေးခန်း(၇၀) အမုန်းကွန်ယက်” ခေါင်းစဉ်နဲ့…..

လာကပေါ်-ကိုအောင်ကျော် အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး နောက်ကွယ်မှာ လက်မည်းကြီး ရှိရမယ်။ စနစ်တကျကြံစည်သူရှိရမယ်ဆိုပြီး ပြောပြောနေကြတယ်။ နောက်တစ်ချို့ကလည်း ဒါဟာ နိုင်ငံရေးနဲ့ဆိုင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့တမင် ဖန်တီးနေတယ်ဆိုပြီး ပြောကြတယ်ဆိုတော့ အဲ့ဒီအကြောင်း ဆွေးနွေးကြရအောင်။
 

အောင်ကျော်-အစိုးရနဲ့တိုင်းရင်းသားတွေ ငြိးချမ်းရေးကိစ္စမနီးစပ်သေးလို့ စိတ်လေးနေရတဲ့အထဲ ခင်ဗျားက အဲ့ဒါကို ဆွေးနွေးချင်သေးလား။
 

လာကပေါ်-သူများတွေသိပ်ပြီး မေးကြမြန်းကြလို့ပါဗျာ။
 

အောင်ကျော်- ကဲ အဲ့တော့ခင်ဗျားကို ကျွန်တော်မေးမယ်။ အခုလို ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရတဲ့ဆီမှာ အမုန်းတရားဖြန့်ဖြူးနေတာတွေဟာ တကယ်ရေခံ၊ မြေခံပြဿနာပဲ ဖြစ်တယ်ဆိုတာ ခင်ဗျားလက်ခံလား။
 

လာကပေါ်-လက်ခံတယ်။
 

အောင်ကျော်-ဒါဆိုရင် အခု Facebook လှုမှုကွန်ယက်စာမျက်နှာမှာ မတူကွဲပြား ပါတီခေါင်းဆောင် ဦးနေမျိုးဝေနဲ့ မ.ဘ.သခေါင်းဆောင် အရှင်ဝီရသူတို့ ရေးသားဖော်ပြနေတာတွေဟာ အမုန်းတရားဖြစ်စေအောင် ဖန်တီးနေတာတွေကို ခင်ဗျား လက်ခံလား…..
အစရှိသဖြင့် ရေးသားထားပါတယ်။
 

စည်သူအောင်မြင့်ကို မေးချင်တာက အမုန်းတရားနဲ့ အမှန်တရားကော ကွဲရဲ့လား? အမုန်းတရားကို ဘာပေတံနဲ့ တိုင်းတာလဲ? အမှန်တရားကိုကော ဘာပေတံနဲ့တိုင်းတာလဲ? မိမိပြောဆိုရေးသားနေတာတွေက အမှန်တရား အပေါ် အခြေမခံတဲ့ အမုန်းတရားတွေဆိုတာကော သတိထားမိရဲ့လား? အော်ရီဒူးကိစ္စနှင့်ပတ်သက်ပြီး (ရှမ်း/မြောက်)မ.ဘ.သ၊ (မန္တလေး)မ.ဘ.သ ကြေငြာချက်ထဲမပါတဲ့ အချက်တွေကို လုပ်ကြံချဲ့ကား ရေးသားထားတာကြောင့်(ရှမ်း/မြောက်)မ.ဘ.သ က မီဒီယာသမားပီသတယ်ဆိုရင် မိမိပြောဆိုရေးသားချက်ကို တာဝန်ယူမှု၊ တာဝန်ခံမှုပြုကာ လာရောက်ရှင်းလင်းရန် ကြေငြာချက်ထုတ်ပြန် အသိပေးခဲ့တာကော သွားရောက် ဖြေရှင်းပြီးပြီလား? သွားရောက်ဖြေရှင်းရဲတဲ့ သတ္တိကော ရှိလား? မ.ဘ.သ၊ မ.ဘ.သ နဲ့ ထပ်ကာ ထပ်ကာရေးသားနေရအောင် မ.ဘ.သ ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကော မိမိအနေနဲ့ ဘယ်လောက် သိပါသလဲ? လို့ အရူးချီးပန်းသလို ရမ်းသန်းရေးသားပြောဆိုနေတဲ့ စည်သူအောင်မြင့်ကို မေးခွန်းတွေမေးလို ပါတယ်။
ဒါကြောင့် စည်သူအောင်မြင့်ကို ပြောချင်တာက ဒီကိစ္စတွေကို အရက်သောက်ပြီးမှ စဉ်းစားလို့ မရဘူးဆိုတာပါဘဲ။ ဘာကြောင့်လဲဆိုရင် ပိုရူးသွားမှာစိုးလို့ပါ။ ဟား…..ဟား…..အရက်သမားဦးနှောက်နဲ့များ ဆရာကြီးလုပ်ပြီး မ.ဘ.သ အဖွဲ့နဲ့ အမျိုးသားရေးလုပ်ဆောင်နေကြတဲ့ ဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေကိုများ လာဝေဖန်သေးတယ်။ အနူလက်နဲ့ ရွှေခွက်ကော တန်ရဲ့လား?

.. www.MyanmarExpress.net
 

အမေကျော် ဒွေးဒေါ်လွမ်းသူ စည်သူအောင်မြင့်ဖတ်ဖို့ ဝံသာနု အယ်ဒီတာချုပ်၏ အာဘော်



မြောက်ဦးဒေသခံကော်မတီကနေ ရခိုင်ပြည်နယ်မှာအခြေစိုက်နေတဲ့ အန်ဂျီအိုတွေကို တောင်းဆိုလိုက်တဲ့ ကြေငြာချက်တစ်ခုနဲ့ ပတ်သက်ပြီး မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ဆောင်းပါးရှင် စည်သူအောင်မြင့်ဆိုသူက ပြစ်တင်ဝေဖန်ထားတာကို ဖတ်ရှုလိုက်ရပါတယ်။

ဆောင်းပါးရဲ့ခေါင်းစဉ်ပေးထားပုံကစပြီး ဆောင်းပါးတစ်ခုလုံးရဲ့ အာဘော်ဟာ ပရိုဖက်ရှင်နယ်စာနယ်ဇင်းသမားရဲ့ တင်ပြပုံအဆင့်အတန်းမှာရှိမနေပဲ ဖြစ်စဉ်တစ်ခုလုံးကို ဘက်မလိုက်ပဲ မျှမျှတတသုံးသပ်ထားတာမျိုးလည်း မတွေ့ရပါဘူး။ အတွေ့အကြုံကို အခြေခံပြီးရေးရမယ့် အကြောင်းအရာကို ကြားဖူးနားဝဗဟုသုတနဲ့ ကောက်ချက်ဆွဲပြီး ပွဲဆူစေမယ့် လူပြိန်းကြိုက် ခေါင်းစဉ်မျိုးနဲ့ တင်ဆက်ထားတဲ့ ဒီဆောင်းပါးဟာ မြန်မာတိုင်းမ်လို နာမည်ကြီးမီဒီယာတစ်ခုရဲ့ ကော်လံစားကဏ္ဍမှာ ပါလာတာ တော်တော်လေးကို အံ့သြစရာကောင်းနေပါတယ်။

ဆောင်းပါးရှင်ဟာ ရခိုင်ဒေသခံတွေကို အပြစ်တင်လိုဇောနဲ့ ရှုထောင့်ပေါင်းစုံက အပြန်အလှန်သုံးသပ်ဖို့ ပျက်ကွက်တာကို ဆောင်းပါးမှာ တွေ့ရှိရပါတယ်။ ဆောင်းပါးတစ်ခုလုံးကို ခြုံကြည့်ရင် ရခိုင်ဒေသခံတွေ ဘာကြောင့်ဒီအချက်တွေကို တောင်းဆိုရတယ်ဆိုတဲ့ ဇစ်မြစ်ကို ထည့်သွင်းစဉ်းစားတာမျိုး လုံးဝမတွေ့ရပါဘူး။ ရခိုင်ဒေသခံတွေက အန်ဂျီအိုတွေကို ညှိနှိုင်းတာမျိုး လုံးဝမလုပ်ပဲ တာလီဘန်တွေလိုမျိုး အကြမ်းဖက်မောင်းထုတ်ဖို့ ကြိုးစားတယ်ဆိုရင်တော့ ဆောင်းပါးရှင်ရဲ့ အမြင်ကို ဝေဖန်စရာမရှိပါဘူး။

နောက်တစ်ချက်က ဆောင်းပါးရှင်အနေနဲ့ ရခိုင်တွေဟာ ဒီဒေသရဲ့ အိမ်ရှင်တွေဆိုတာကို မေ့လျှော့နေပုံရပါတယ်။ ပြီးတော့ သူအသားပေးရေးသားထားတဲ့ အန်ဂျီအိုတွေဟာ ရခိုင်ဒေသခံတွေကို ခေတ်အဆက်ဆက် တကယ်ရော ထိထိရောက်ရောက် အကျိုးပြုခဲ့ရဲ့လားဆိုတာကိုလည်း သူသိပုံမရပါဘူး။ အကျိုးမပြုတဲ့အပြင် အကျိုးယုတ်အောင် လုပ်ခဲ့တဲ့သာဓကတွေ အများကြီးရှိခဲ့တယ် ဆိုတာကိုတော့ ဆောင်းပါးရှင်ရဲ့ လက်ရှိဗဟုသုတထဲမှာ လက်လှမ်းမမှီသေးဘူးလို့ ယူဆမိပါတယ်။ အဲလိုမဟုတ်ဘူးဆိုရင်တော့ ဆောင်းပါးရှင်ဟာ အမှန်တရားကို မျက်ကွယ်ပြုပြီး ကြေးစားဝါဒဖြန့်သွားတယ် ဒါမှမဟုတ် ဘင်္ဂလီတွေနဲ့ အပေးအယူတစ်ခုခု လုပ်ထားတယ်လို့ပဲ သုံးသပ်ရမှာပါ။

ရခိုင်ပြည်က အန်ဂျီအိုတွေဟာ ဒေသဖွံ့ဖြိုးရေး နာမည်ခံပြီး ဘင်္ဂလီတွေအတွက် သက်သက်ရောက်လာတာ ဖြစ်ပါတယ်။ တချို့အန်ဂျီအိုတွေဆိုရင် ရခိုင်တွေဖက်က သွားရောက်ချိတ်ဆက် ဖိတ်ခေါ်ပြီး ဒေသတွင်းအချက်အလက်တွေ၊ လိုအပ်ချက်တွေကို စနစ်တကျတင်ပြခဲ့ပေမယ့် ရခိုင်မှာဝင်ရောက်အခြေစိုက်တဲ့အခါ ရခိုင်တွေရဲ့ လိုအပ်ချက်တွေကို ဘာတစ်ခုမှ မယ်မယ်ရရ ဆောင်ရွက်ပေးတာမျိုး လုံးဝမရှိပဲ ရခိုင်တွေဆီကနေရတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ဘင်္ဂလီတွေအတွက် သက်သက် ဆောင်ရွက်ပေးတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ အဲလိုဖြစ်ခဲ့တာ တစ်ကြိမ်တစ်ခါမကပါဘူး။ အကြိမ်ပေါင်းမြောက်မြားစွာ ဖြစ်ခဲ့ဖူးပါတယ်။

နောက်တစ်ချက်က အဲဒီအန်ဂျီအိုတွေရဲ့ ဒေသစီမံကိန်းတွေမှာ ရခိုင်တွေဝင်ရောက်လုပ်ကိုင်ခွင့်ကို အကန့်အသတ်လုပ်ထားတဲ့အတွက် အဲဒီစီမံကိန်းတွေကနေ ပေါ်လာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာလည်း ရခိုင်ဒေသခံတွေအတွက် ဘာအခွင့်အရေးမှ မရှိခဲ့ပါဘူး။ ဘင်္ဂလီတွေအတွက်သက်သက် ဖြစ်နေခဲ့တဲ့ ဒီအန်ဂျီအိုတွေကို ရခိုင်ဒေသခံတွေကနေ ဝေဖန်ကန့်ကွက်တာမျိုးမရှိပဲ နှစ်ပေါင်းများစွာ သည်းညည်းခံနေခဲ့တာ ကုလား-ရခိုင် အဓိကရုဏ်းမတိုင်ခင် အချိန်ထိပါ။

ဘင်္ဂလီတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့အတွက် အဲဒီအန်ဂျီအိုတွေမှာ ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိခဲ့တဲ့ ဘင်္ဂလီပညာတတ်တချို့ဟာ အန်ဂျီအိုထဲက လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး တရားဥပဒေချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ ပြည်ပအခြေစိုက် ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ ပြည်ပအခြေစိုက် ဘင်္ဂလီအခွင့်အရေး လှုပ်ရှားသူတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာမီဒီယာတွေဆီမှာ ဘင်္ဂလီပရိုမိုးရှင်းလုပ်ကြပါတယ်။ အဲဒီလိုလုပ်တဲ့အခါ ဒေသခံရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး ၀ါဒဖြန့်ကြပါတယ်။ ဘင်္ဂလီတွေ ဒီလိုမျိုးစော်ကားချင်တိုင်း စော်ကားခွင့်ရအောင် ကြားခံဖန်တီးပေးတာကတော့ အန်ဂျီအိုတွေပါပဲ။

အန်ဂျီအိုဝန်ထမ်း ဘင်္ဂလီတချို့ရဲ့ တရားဥပဒေချိုးဖောက်မှုတွေထဲက အထင်ရှားဆုံး သာဓကကို ပြပါဆိုရင် ခု ထောင်ထဲရောက်နေတဲ့ ဘင်္ဂလီမျိုး ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို ပြရမှာဖြစ်ပါတယ်။ အန်ဂျီအိုနာမည်ကို အသုံးချပြီး အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေဆီကနေ လက်နက်ခိုးသွင်းတဲ့အမှုနဲ့ ထောင်ချခံရတာပါ။ ကုလား-ရခိုင် အဓိကရုဏ်းစတင်ခဲ့တဲ့ မောင်တောဗလီမှာလူစုပြီး အုံကြွသောင်းကျန်းအောင် အကောင်အထည်ဖော်ခဲ့တာလည်း အဲဒီဘင်္ဂလီထွန်းအောင်ပဲဖြစ်ပါတယ်။ ဒီလိုအရမ်းအန္တရာယ်များတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်လို့ရအောင် အကာအကွယ်ပေးနေတဲ့ အန်ဂျီအိုတွေကို တရားဥပဒေစိုးမိုးမှု အရမ်းအားနည်းတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေအနေနဲ့ ဂါမပညတ်နဲ့ ကန့်သတ်ဖို့ကြိုးစားတာ လွန်ပါသလား။ ကိုယ်ပိုင်တဲ့မြေမှာ ကိုယ့်ကိုယ်ကို သူများရန်မပြုနိုင်အောင် ကာကွယ်ဖို့ ကြိုးစားတာကို တရားမမျှတဘူးလို့ ယူဆရင် ရခိုင်ကဘင်္ဂလီတွေကို ပြည်မကို လွတ်လွတ်လပ်လပ် ၀င်ထွက်ခွင့်ပေးဖို့ ဆောင်းပါးရှင် သဘောတူရဲ့လားဆိုတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။ သဘောတူတယ်ဆိုရင်တော့ နောက်အပတ်ဆောင်းပါးကဏ္ဍမှာ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ ခံစားခွင့်ရှိသည် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ထပ်ရေးဖို့ အကြံပြုပါရစေ။ ဒီထက်မက ၀က်ဝက်ကွဲပေါက်မှာဖြစ်သလို မြန်မာတိုင်းမ်ဂျာနယ်လည်း နာမည်ကြီး အိမ်သာသုံးစက္ကူဖြစ်သွားပါလိမ့်မယ်။

တကယ်ဆိုရင် ဒီကိစ္စဟာ အာဏာပိုင်အစိုးရရဲ့ တာဝန်ပါ။ အစိုးရဖက်က ကိုင်တွယ်မှု ညံ့ဖျင်းလို့ ဒေသခံတွေ ၀င်ပါလာရတာဖြစ်ပါတယ်။ ကိုယ့်ကိုအမှန်တကယ် ကူညီဖို့လာတဲ့လူတွေက ရန်လိုရအောင် ဘယ်မြန်မာတိုင်းရင်းသားမှ မရိုင်းပါဘူး။ ခုဖြစ်နေတာက အန်ဂျီအိုတွေက အကူအညီပေးဖို့ လာတာမျိုးမဟုတ်ပဲ ကိုယ့်ခြံထဲ သူများမစင်စွန့်ဖို့ ခွင့်မတောင်းပဲ ကျင်းဝင်တူးသလိုဖြစ်နေလို့ ဒေသခံရခိုင်တွေနဲ့ ထိပ်တိုက်တွေ့တဲ့သဘောပါပဲ။ မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အန်ဂျီအိုတွေ တကယ်လိုလားတယ်ဆိုရင် ဘက်မလိုက်ပဲ မျှမျှတတဆောင်ရွက်ပေးရမှာပါ။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေချည်းပဲ ဆင်းရဲမွဲတေနေတာ မဟုတ်ပါဘူး။ ဒေသခံကော်မတီရဲ့ တောင်းဆိုချက်တွေဟာ ဒေသတွင်းမှာ အန်ဂျီအိုတွေရဲ့ မမျှတတဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားတဲ့သဘောပါပဲ။ ဒီထက်မပိုပါဘူး။ အဲဒါကို စစ်အာဏာရှင်၊တာလီဘန်စတဲ့ ဥပမာဥပမေယျတွေနဲ့ ရွှေဥာဏ်တော်စူးရောက်ပြီး အလောတကြီး ရေးသားတင်ပြလိုက်တဲ့ ဆောင်းပါးရှင် စည်သူအောင်မြင့်အနေနဲ့ စာနယ်ဇင်းပါးမ၀တဲ့အကြောင်း ကိုယ့်ဟာကိုယ် တိုင်းသိပြည်သိ ကြေငြာလိုက်သလိုပါပဲ။


ထွေထွေထူးထူးတော့ ထပ်ပြောစရာမရှိတော့ပါဘူး။ Hunger Game ထဲ ကိုယ်တိုင်မရောက်သေးသရွေ့ တီဗီဖန်သားပြင်ပေါ်ကနေ ကြည့်ပြီး လူ့အခွင့်အရေးတို့၊ တရားမျှတမှုတို့၊ လူသားချင်းစာနာမှုတို့ကို ကြိုက်သလောက် အာပြီး အထဲကလူတွေကို စိတ်ကြိုက် ဝေဖန်ပြစ်တင် ကဲ့ရဲ့နေလို့ရပါတယ်။ ဒါပေမယ့် Hunger Game ထဲ ကိုယ်တိုင်ရောက်သွားရင်တော့ အဲလိုမျိုး ဆက်ပြီးအာနိုင်ပါ့မလား။ ဒီမေးခွန်းလေးကို ဆောင်းပါးရှင်အနေနဲ့ အပန်းမကြီးဘူးဆိုရင် ဖြေပေးစေချင်ပါတယ်။ ဒီလောက်ပါပဲ။

မြတ်သိန်းထွန်း(ဘွရှင်)

အယ်ဒီတာချုပ်
ဝံသာနု
 

.. www.MyanmarExpress.net