Subscribe to our RSS Feed
Showing posts with label ဘာမှမထူးခြားသော ရက်/လ များ. Show all posts
Showing posts with label ဘာမှမထူးခြားသော ရက်/လ များ. Show all posts

အသုံးမကျ (၁) နှစ်

လင်ယူသားမွေးရင်း ကုန်ခဲ့တဲ့ ၄၃ နှစ် မတိုင်ခင် အချိန်များ

ဒီနေ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ဟာ မိုက်ကယ်အဲရစ် ရဲ့ ဇနီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ တစ်နှစ်ပြည့်တဲ့နေ့ပါ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ် ကျနေစဉ်ကာလမှာ ဂျွန်ဝီလီယံယက်တောကို ဘယ်သူ့ကိုမှ အသိမပေးပဲ မိန်းခလေးများချည်း ရှိနေသော မိမိနေအိမ်တွင် တစ်ညလုံး အတူရှိနေခဲ့တဲ့ ဖြစ်စဉ်နဲ့ နောက်ဆုံး ကျခံခဲ့တဲ့ အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ ဒီနေ့ဆိုရင် တစ်နှစ် တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုက တစ်နှစ်ပြည့်လာသလို ဒေါ်အောင်ဆန်းစုကြည်ကို အထင်ကြီးမှားခဲ့သူတွေအတွက် စိတ်ပျက်မှုကလည်း ပိုမိုကြီးမားလာခဲ့ပါတယ်။

အသက် ၄၃ နှစ်မှ လမ်းကြုံပြီး မြန်မာ့နိုင်ငံရေးလောကထဲ စရောက်လာခဲ့ပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်က အကျယ်ချုပ်က လွတ်မြောက်မြောက်ချင်းမှာ နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ကြောင်း ပြည်သူတွေကို ပြောခဲ့ပါသေးတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို ၈၈ ခုနှစ်မှာ နိုင်ငံရေး စလုပ်ပြီး ၂ နှစ်ပဲရှိသေးတယ် နိုဘယ် ဆုကြီး ရရှိ ခဲ့ပါတယ်။ အခု တစ်နှစ်ပြည့်ချိန်မှာ နိုဘယ်ဆုအတွက် စာရင်းပေးသွင်းခဲ့ချိန်မှာတော့ ပယ်ချခံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်တုန်းက ပြည်တွင်း ပြည်ပ မှာရှိတဲ့ အစိုးရဆန့်ကျင်သူတွေနဲံ အတိုက်အခံတွေ အားလုံးက ဒေါ်အောင်ဆန်းစုကြည်မှာ နတ်ဘုရားကဲ့သလို အစွမ်းထက်မြတ်တဲ့ အရည်အချင်းတွေရဗိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတွင်းမှာရှိတဲ့ လူပေါင်း သန်း ၆၀ က ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိကြောင်း၊ ဒါကြောင့် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ကြောက်ရွံ့နေပြီး အကျယ်ချုပ်ချထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲကြောင်းနဲ့ လွှတ်ပေးလိုက်ပါက ဒေါ်အောင်ဆန်းစုကြည်က ငြိမ်ငြိမ်နေမှာမဟုတ်ပဲ အရည်အချင်းကောင်းတွေနဲ့ အစွမ်းပြမှာ ဖြစ်ကြောင်း လွဲမှားစွာထင်မြင်ယူဆပြီး သတင်းတွေ ဖြန့်ခဲ့ကြပါတယ်။ အခါအားလျှော်စွာ အခါကြီးရပ်ကြီးတွေမှာ "ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ် " ဆိုပြီး အော်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ယုံမျှ မကပဲ တွေ့ဆုံဆွေးနွေးပဲ ချက်ချင်းလုပ်ဖို့လည်း လိပ်ခေါင်းထွက်လုနီးပါး အော်ခဲ့ကြပါတယ်။

ဒီနေ့။ ဒေါ်အောင်ဆန်းစုကြည်လွတ်နေတာ တစ်နှစ်ပြည့်ပြီ။ တွေ့ဆုံဆွေးနွေးပွဲတွေလည်း အကြိမ်ကြိမ်ပြုလုပ်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိတဲ့ အလုပ် ဘာတွေလုပ်ခဲ့ပြီးပြီလဲ??? ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာအရည်အချင်းတွေဆိုတာ ဘာတွေလဲ?? တစ်နှစ်အတွင်း ဖော်ပြခဲ့တဲ့ အရည်အချင်းတွေက ဘာတွေလဲ?? စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့်လည်း သိပ်ပြီးစိတ်မဝင်စားပါနဲ့။ စိတ်ဝင်စားလောက်စရာ အဖြေမရှိလို့ပါ။

လွန်ခဲ့တဲ့ တစ်နှစ်က
၂၀၊၁၁၊၂၀၁၀ နေ့ လွတ်မြောက်လာလာချင်း မှာပဲ ဒုတိယ ပင်လုံညီလာခံ လုပ်ဖို့နဲ့ ပက်သက်ပြီး ပြောခဲ့ပါတယ်။ အဖွဲ့တွေ ကော်မတီတွေ ဖွဲ့အပြီးမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယ ပင်လုံညီလာခံကို ဦးဆောင်ဖို့ ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ပြီး မကြာခင်မှာပဲ ဒုတိယပင်လုံညီလာခံ စီမံကိန်းကြီး ပျက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံညီလာခံလို့ ဒေါ်အောင်ဆန်းစုကြည် ပြောအပြီးမှာ မီဒီယာတွေက ပင်လုံအကြောင်းတွေ၊ အမျိုးသားရင်ကြားစေ့ရေးအကြောင်းတွေ တစိုက်မက်မက် ရေးခဲ့ကြပေမယ့်၊ ခုတော့ လက်စပါ ပျောက်သွားပါတော့တယ်။

ဒီမိုကရက်တစ်ပါတီ မှ ဦးသုဝေ တို့အဖွဲ့၊ NDF မှ ဦးခင်မောင်ဆွေ တို့အဖွဲ့ အပြင် အခြားရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတွေနဲ့ တွေ့ဆုံခဲ့ စကားပြောခဲ့ပေမယ့် NLD ရွေးကောက်ပွဲ မဝင်ခဲ့မိတာကို မှားယွင်းခဲ့ကြောင်း မဝန်ခံခဲ့ပါဘူး။ အခုချိန်မှာ ရွေးကောက်ပွဲဝင်ခြင်းက မှန်ကန်တယ်လို့ ယူဆပြီးတာတောင် အမှားကို မဝန်ခံခဲ့ပါဘူး။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌ ဦးသုဝေကတော့ ဒုတိယ ပင်လုံညီလာခံ ဆိုတာ အဓိပ္ပါယ်မရှိကြောင်း အချက်နဲ့ အလက်နက် သေချာ ထောက်ပြသွားတာ ဒေါ်စုကြည်ခမျှာ ဘာမှ ကို ပြန်မပြောနိုင်ပဲ ငြိမ်နေခဲ့ရပါတယ်။

တစ်နှစ်အတွင်းမှာ ကုလ နဲ့ နိုင်ငံတကာက ဝန်ကြီးချုပ် အဆင့်ထက် အများကြီးနိမ့် တဲ့ ကိုယ်စားလှယ်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး လက်အုပ်ချီလိုက်၊ ဖက်လှဲတကင်း လုပ်လိုက်နဲ့ ပြုံးပျော်ရွှင်ပြီး ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် ထိုင်နိုင်ငံဝန်ကြီးချုပ် မစ္စစ် ရင့်လတ် ကတော့ ဒေါ်စုနဲ့တွေဖို့ သူ့မှာ အချိန်မရှိဘူးလို့ ပြောပြီး ပြန်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရင့်လတ် ရွေးကောက်ပွဲအနိုင်ရတုန်းကတော့ ဝမ်းမြောက်ကြောင်း သဝန်လွှာတွေ ပို့လိုက်ရပါတယ်။
လွတ်မြောက်ပြီး ပထမဆုံး လုပ်ခဲ့တဲ့ အလာပသလာပ မိန့်ခွန်းနဲ့ ပက်သက်ပြီးတော့ ဒီနေရာ မှာ သံဝေဂ ယူနိုင်ပါတယ်။


အနောက် အုပ်စုဆိုတာနဲ့ ကန်တော့ပြီးသား

ပထမဆုံး ဟောပြောပွဲမှာ သူမ အနေနဲ့ ဘယ်သူတွေနဲ့ဖြစ်ဖြစ် တွေ့ချင်တယ်၊ တွေ့လို့ မရနိုင်စရာအကြောင်းမရှိဘူး တွေ့ချင်ဖို့ပဲ လိုတယ် လို့ပြောခဲ့ပေမယ့် ငါမင်းဆွေလို လူမျိုးကိုတော့ ကြောက်ပြီး မတွေ့ဖို့ ရှောင်နေပါတယ်။ လွတ်မြောက်ပြီး မကြာခင်မှာပဲ ငါးမင်းဆွေက ဒေါ်စုကို တွေ့ခွင့်တောင်းခဲ့ပေမယ့် ဒေါ်စုကလည်း ပြန်မတွေ့ခဲ့သလို NLD က အစောင့်တွေကလည်း ခွင့်မပြုပဲ ပြန်လွှတ်ခဲ့ပါတယ်။ ငါးမင်းဆွေက ဒေါ်စုကို မေးခွန်းတွေ အများကြီးမေးထားပေမယ့် ဒေါ်စုက ပြည်သူထဲက ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေကို မဖြေခဲ့ပါဘူး။ လုံးဝ မသိချင်ဟန်ဆောင်နေခဲ့ပါတယ်။

ဒေါ်စုကြည် မရှိချိန်မှာ NLD ဟာ ဘာဆိုဘာမှမလုပ်နိုင်တဲ့အပြင် ပါတီကို ဆက်လက်တည်မြဲအောင်တောင် မထိမ်းနိုင်ခဲ့ပါဘူး။ ခု ဒေါ်စုကြည် ပြန်ရောက်လာတာ ရက် ၂၀ ရှိပေမယ့်လည်း ဘာမှမထူးခြားပါဘူး။ ပါတီကိုတောင် ဘာမှ တိုးတက်အောင် မလုပ်နိုင်ပဲ နိုင်ငံတစ်ခုလုံးကို ဘယ်လိုတိုးတက်အောင်လုပ်နိုင်ပါ့မလဲ စဉ်းစားစရာဖြစ်နေပါပြီ...။

အရင်မရှိခင်တုန်းက ပါတီထဲမှာ အသက်ကြီးတွေနဲ့ အသက်ငယ်ပါတီဝင်တွေ အကြီးအကျယ် ပြဿနာ တက်ခဲ့ကာ သဘောထားကွဲမှုတွေ အမြဲလိုလိုဖြစ်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ NLD မှ ခွဲထွက်ပြီး NDF ပါတီ တည်ထောက်ခဲ့ခြင်းပါပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြန်တော့လည်း ပါတီထဲမှာ အကြီးအကျယ် သဘောထားတွေက ကွဲနေတုန်းပါပဲ။ ပါတီဝင် အချို့က လက်မှတ်ထိုးကာ ပါတီမှတ်ပုံမတင်ရေး တောင်းဆိုခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မှတ်ပုံတင်ဖို့ လုပ်နေပါတယ်။
NLD ပါတီအနေနဲ့ အခုချိန်မှာ မှတ်ပုံတင်ခြင်းက မှန်ကန်တယ်လို့ ရွေးချယ်လျှင် အရင်တုန်းက မှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီ (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ) မှ ဦးမျိုးညွန့် ရဲ့ အပြစ်တင်မှုကိုလည်း ခံခဲ့ရပါတယ်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ တိကျတဲ့ ရည်မှန်းချက် မရှိကြောင်း၊ ခိုင်မာတဲ့ ဦးတည်ချက်မရှိကြောင်း ဝေဖန်မှုတွေကလည်း အများအပြားထွက်နေခဲ့ပါတယ်။ အမှန်တကယ် အရည်အချင်းရှိသူ တစ်ယောက်ဆိုရင် ခုချိန်မှာ မြင်သာတဲ့ ရလဒ်တွေ ပြနိုင်သင့်ပါပြီ။ အရင်တုန်းက အကျယ်ချုပ်ကြောင့် လူကိုယ်တိုင်လုပ်ခွင့်မရဘူးဆိုပေမယ့် အကျယ်ချုပ်ကနေ လွတ်မြောက်ချိန်မှာ လုပ်ဆောင်ဖို့ အစီစဉ်ပေါင်းများစွာ ဦးနောက်ထဲမှာ သေချာပေါက်ရှိနေသင့်ပါတယ်။ ခုတော့ ဦးနောက်ကြီးကလည်း အခွံ၊ အရည်အချင်းတွေကလည်း ဗလာ ကြီးဆိုတာကို ပညာမဲ့ NLD ပါတီဝင်များနဲ့ ပြည်တွင်း၊ ပြည်ပ အတိုက်အခံများမှ လွဲပြီး ကျန်တဲ့ ပြည်သူအားလုံး သဘောပေါက်နေပါပြီ။ အဆိုးဆုံးကတော့ အမြဲတမ်းပြောင်းလဲပြီး ထုတ်ပြန်နေတဲ့ သဘောထားတွေပါပဲ။

၂၀၁၁ ဟာ မြန်မာနိုင်ငံသား အားလုံးအတွက် အထူးခြားဆုံး နှစ်တစ်နှစ်ဖြစ်ပြီး အပြောင်းလဲကြီး ပြောင်းလဲခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ ပြောင်းလဲလာပြီးဖြစ်ကြောင်း အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လက်ခံခဲ့ကြပြီး ဂျပန်နိုင်ကကလည်း ထောက်ပံ့မှုတွေ ပြန်လည်ပေးနေခဲ့ပြီဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေကလည်း အာဆီယံဥက္ကဌအတွက် သောက်သောက်လဲ ထောက်ခံခဲ့ကြပြီး မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားမှုတွေကလည်း နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။

လက်ရှိအစိုးရနဲ့ ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီကတော့ အကောင်းဆုံးရလဒ်တွေနဲ့ အများဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်၊ ပင်စင်လစာတိုးမြှင့်ခြင်း၊ မိဒီယာလွတ်လပ်ခွင့်၊ မြစ်ဆုံရပ်တန့်ရေး နဲ့ ကားတင်သွင်းခွင့် အပါအဝင် ပြည်သူတွေ ကျေနပ်စရာ အလုပ်တွေ အများကြီးလုပ်ပြနိုင်ခဲ့ပါတယ်။ တခြား ရွေကောက်ပွဲဝင်ပါတီတွေကလည်း ပြည်သူတွေ အတွက် အကျိုးရှိမယ့် စီမံကိန်းများကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ တစ်နှစ်လုံး NLD ကတော့ အဓိပ္ပါယ်မဲ့နေခဲ့ပါတယ်၊ အရည်အချင်းရှိလှပါပြီဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တစ်နှစ်လုံး အရည်အချင်းမပြနိုင်ခဲ့ပါဘူး။

ရွေးကောက်ပွဲဝင်ပါတီတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်ပါမယ်ဆိုတဲ့ ဒုတိယ ပင်လုံဆိုတာကိုတော့ ကန့်ကွက်ခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်လက်ခံနေတဲ့ စီးပွားပိတ်ဆို့မှုကိုတော့ ပြင်းပြင်ထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ထဲရောက်သွားရင်တော့ အရည်အချင်းမရှိတွေက ဒီထက် ပေါ်ထွက်လာမှာ သေချာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကျေးဇူးရှင် ဂျွန်ယက်တောကို ခေါ်ပြီး အကျယ်ချုပ်ထဲ ပြန်ဝင်တဲ့ နည်းလမ်းပါပဲ။ ဘာမှ မလုပ်တာချင်းအတူတူ ခုချိန် အကျယ်ချုပ်ကျခံနေရရင် ဒီထက်ပိုပြီး လူထင်ကြီးခံရမှာ သေချာတယ်။

အကျယ်ချုပ်မှ လွတ်ခါနီးအချိန်မှာ twitter သုံးမယ် လို့ပြောခဲ့ပေမယ့် ခုထိ ၁ နှစ် ပြည့်ချိန်ထိ မသုံးနိုင်သေးပါ။

ဒီနှစ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇတ်လမ်းရိုက်တဲ့ The Lady ဆိုတဲ့ ရုပ်ရှင် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီဇတ်လမ်းကို ဂါဒီယမ်း သတင်းစာ ကြီးက ချာတူးလန် ဇတ်ကား လို့ ခေါင်းစဉ်တပ်ပြီး ဇတ်လမ်းထဲက အကြောင်းတွေကို တစ်ခုချင်း ထောက်ပြကာ ဝေဖန်သွားခဲ့ပါတယ်။

နောက်တစ်ခါ ပြည်ထဲရေးဝန်ကြီးဌာနကနေ NLD ကို သတိပေးစာ တစ်စောင် ပေးခဲ့ချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ပါဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေထဲက အကြောင်းတွေကို ကိုးကားပြီး မေတ္တာရပ်ခံစာတစ်စောင်ကို ကြောက်ကြောက်လှန့်လှန့် ပြန်ခဲ့ရပြန်ပါတယ်။

ငြိမ်းချမ်းရေးအတွက် အိပ်ဖွင့်ပေးစာဆိုပြီး ပေးစာတစ်စောင်ကို KIA နဲ့ အစိုးရအဖွဲ့အပြင် အခြား လက်နက်ကိုင်အဖွဲ့အားလုံးဆီ ပို့ခဲ့ချိန်မှာလဲ ပြောပြီး တစ်ပတ်အတွင်းမှာ KIA က ပစ်ခတ်မှုတွေ လုပ်ပြခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တားမြစ်ထားတဲ့ ကြားကပဲ ရထားလမ်း မိုင်းထောင်မှုတွေကိုတောင် လုပ်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသားတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြောဇာ ဘယ်လောက်ညောင်းလဲဆိုတာကတော့ KIA က သက်သေပါပဲ။

တစ်နှစ်အတွင်းမှာ ပဲခူးနဲ့ ပုဂံ ဆိုပြီး ခရီးစဉ်နှစ်ခုသွားခဲ့ပေမယ့် စစ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ ချောက် မြို့ ဘက်က ပြည်သူတွေကိုတော့ သွားရောက်ကြည့်ရှုခဲ့ခြင်းမရှိပါဘူး။ ပုဂံခရီးစဉ်ကတော့ မိုက်ကယ်အဲရစ်နဲ့ရတဲ့ သားအငယ် ကမ်င်အဲရစ်ကို လိုက်ပို့တဲ့ခရီးပဲဖြစ်ပါတယ်။

တစ်နှစ်ထဲမှာပဲ မိုက်ကယ်အဲရစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့သား ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေး ကပြားဖြစ်သူ ကမ်င်အဲရစ် နှစ်ကြိမ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲလည်း ကျင်းပခဲ့ပါတယ်။ ၆၆ နှစ်ဆိုတာ ဘုရားနဲ့ တရားနဲ့နေသင့်တဲ့အရွယ်ရောက်နေပြီလို့လည်း ဝေဖန်ခံခဲ့ရပါတယ်။

ဒီနှစ်ထဲမှာပဲ NLD-La မလေးရှားမှာ အချင်းချင်းဂုတ်သွေးစုပ်မှုတွေ အကြီးအကျယ်ဖြစ်ကာ တိုင်ကြားမှုတွေ၊ မလေးရှားရဲက ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မသိချင်ဟန်ဆောင်နေခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ပါဘူး။ NLD အပေါ်မှာ လူအများရဲ့ ရွံရှာမှုကလည်း ပိုပြီးကြီးမားခဲ့ရပါတယ်။

နိုင်ငံတော်သမ္မတကြီးနဲ့ တစ်နှစ်အတွင်းမှာ တစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ်။ အဲလို တွေ့ခွင့်ရဖို့အတွက်လည်း နိုင်ငံတော် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ မဖိတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတအိမ်တော်ရှေ့မှာ အတင်းတွေ့ခွင့်တောင်းတာကြောင့် တွေ့လိုက်ရခြင်း ဖြစ်ပါတယ်။

အဲဒီနေ့က နြေ့ပည်တော်မှာ အလုပ်ရုံဆွေးနွေးပဲ စတင်နေချိန်ဖြစ်ပါတယ်။ သမ္မတကြီးက အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားပြီးသားဖြစ်ပါတယ်။ သမ္မတကြီးက ဆွေးနွေးပွဲသွားဖို့ ပြင်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က တစ် နာရီလောက် ဆွဲထားတာကြောင့် ဆွေးနွေးပဲ စတင်ဖို့ တစ်နာရီ နောက်ကျခဲ့ရပါတယ်။ ဆွေးနွေးပွဲမှာ စောင့်နေသူတွေ၊ လုပ်ငန်းရှင်တွေနဲ့ မီဒီယာ သမားတွေကတော့ တစ်နာရီ လုံး ရပ်စောင့်နေခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသားချင်းစာနာမှုမရှိ ပဲ အားမနာ လျှာမကျိုး အခွင့်အရေး ပိုယူချင်တဲ့ စိတ်အပေါ်မှာ အစည်းအဝေး တက်တဲ့ လုပ်ငန်းရှင်များနဲ့ မီဒီယာသမား တို့က ရှုံ့ချခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမနေ့ကို အစည်းအဝေး မတက်ခဲ့ပါဘူး။ ဒုတိယနေ့မှာတော့ ခဏ တက်ပြီး အစည်းအဝေး မပြီးခင် ပြန်လာခဲ့ပါတော့တယ်။ တတိယနေ့ကိုလည်း မသိချင် ဟန်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်အနာဂါတ်နဲ့ အမျိုးသား အကျိုးစီးပွားအတွက် လုပ်တဲ့ အစည်းအဝေးကို မတက်ခဲ့ပေမယ့် ဘောလုံးပွဲကိုတော့ ပါးစပ်ကြီးဖြဲ ပြီး သွားကြည့်ခဲ့ပါတယ်။ အသက် ၆၇ နှစ် ရှိနေတာတောင်မှ ဘောလုံးပွဲကို ပွဲအစ မှ ပွဲအဆုံးထိ ၂ နာရီလောက် အချိန်ပေးကာ အပြီးထိ သွားကြည့်ခဲ့ပါတယ်။

အစည်းအဝေးမတတ်ပဲ ဘောပွဲပြီးအောင်ကြည့်တဲ့ ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်သက်မှာ ပြီးခဲ့တဲ့ လထဲမှာပဲ ၂၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၃ နှစ်အတွင်းမှာ အောင်မြင်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူး။ ဒီအကြောင်းကိုလည်း ပြည်သူချစ်တဲ့ အနုပညာရှင် သီးလေးသီးမှ လူရွှင်တော် ဂေါ်ဇီလာ ကိုယ်တိုင်က ၂၃ နှစ် ကြာနေပြီ ဘာမှ တိုးတက်မှု မရှိကြောင်းကို ပြည်တွင်း မီဒီယာတွေ မေးမြန်းစဉ်မှာ ပြောဆိုသွားပါတာ်။

The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေါချာချာ အဖြေတွေ ပါဝင်လာခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် ၊ နိုင်ငံရေးလုပ်သက် ၂၃ နှစ် ရှိတော့ နိုဘယ်ဆု ပိုင်ရှင် ကြီးရဲ့ အဖြေတွေထဲမှာ "အိပ်ချိန်လျှော့ပေါ့" "ဟန်းဖုန်းကိုင်တယ်ဆိုရင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်" " ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။" ဆိုတဲ့ အဖြေတွေက လူငယ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါ့အပြင် ”အပန်းဖြေနားရက်များ” ဆောင်းပါးမှာလည်း မြန်မာနိုင်ငံရဲ့ အပန်းဖြေနားရက်အကြောင်းက နည်းပြီး နိုင်ငံခြားမှာ အနှစ် ၃၀ လောက် ကျင်လည်ခဲ့စဉ် က ပျော်ပါးခဲ့မှုတွေနဲ့ နိုင်ငံခြားက အလှအပတွေ ကို ဖော်ကျူးထားတာကြောင့် စာဖတ်သူတို့ မကျေမနပ်ဖြစ်ခဲ့ရပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "အသုံးချခံရမှာကို မမှု" "အန်တီမှားရင် အန်တီတာဝန်ယူတယ်" ဆိုတဲ့ စကားတွေကိုလည်း ပြောခဲ့တာကြောင့် မေးခွန်းတွေ တစီတတန်းကြီး ထွက်လာကြပြန်ပါတယ်။ အသုံးချခံရတာကို မမှုဘူးဆိုရင် အစကတည်းက ရွေးကောက်ပွဲကို ဝင်သင့်ကြောင်း၊ အခြေခံဥပဒေ ကို ထောက်ခံသင့်ကြောင်း... စတာတွေနဲ့ အန်တီ တာဝန်ယူမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် စကားကို နားထောင်ပြီး မဲမထည့်ခဲ့သူတွေ၊ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ကြသူတွေအတွက် ဘာတွေ တာဝန်ယူပေးနိုင်မလဲ.. စတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲထောက်ခံပြီး အသံလွှင့်နေတဲ့ ဘီဘီစီရဲ့သတင်းလိမ်မှု ကြောင့် ပြည်သူတွေအကျနပ်မှုတွေ၊ DVB မှ မြန်မာငွေ သိန်း သုံးထောင် ကျော် လိမ်လည်မှုတွေနဲ့ ဧရာဝတီ သတင်းဌာနရဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း လို့ ရေးကာ ဖော်ပြမှုကြောင့် ပြည်သူတွေနဲ့ ပြည်ပအခြေစိုက်မီဒီယာတွေကြား တင်းမာမှုတွေလည်း ဒီနှစ်ထဲမှာ ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလီနဲ့ ရခိုင်အကြောင်း RFA မှာ မေးမြန်းချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က တိတိကျကျ ဖြေနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒီနှစ်ထဲမှာ ဇာဂနာက လွတ်မြောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားကန်တော့ခဲ့ပါတယ်။ ဇာဂနာက လွှတ်တော်အမတ်တွေရဲ့အိုင်ကျူက ၅၀ ရှိတယ်လို့ ပြောပြီးနောက်ပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် က လွှတ်တော်ထဲဝင်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပမှ မြန်မာတွေ အချင်းချင်းစည်းလုံးဖို့ပြောခဲ့ပေမယ့်လည်း ပြည်က မြန်မာတွေကတော့ အချင်းချင်းစည်းလုံးမှုမရှိတဲ့အပြင် အချင်းချင်းလိမ်ညာမှု၊ လှည့်ဖျားမှုတွေက ဒေါ်အောင်ဆန်းစုကြည်ပြောပြီးနောက်ပိုင်း ပိုဆိုးလာပြန်ပါတယ်။ ကျွမ်းကျင်သူအများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာက ပြည်ပက မြန်မာတွေအပေါ်မှာလည်းမလွှမ်းမိုးနိုင်ဘူး၊ KIA လို တိုင်းရင်းသားတွေအပေါ်မှာလည်း မလွှမ်းမိုးနိုင်ဘူး၊ နောက်ဆုံးအဆင့် NLD ထဲမှာတောင် မလွှမ်းမိုးနိုင်တော့လို့ သဘောတွေကွဲနေပြီလို့ပြောပါတယ်။ ဒါပေမယ့်လည်း ပြည်ပက မြန်မာမလေးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူပြီး နိုင်ငံခြားသားတွေနဲ့ တွဲနေခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

တစ်နှစ်အတွင်း NLD ၂၃ နှစ် ပြည့်ခဲ့ပြီး အထိန်းအမှတ်ပွဲလည်း ကျင်းပခဲ့ပါတယ်။ NLD ရဲ့ မွေးနေ့ပွဲမှာ NLD ဥက္ကဌကတော့ ထုံးစံအတိုင်း မလာခဲ့ပါဘူး။ အသက် အရမ်းကြီးပြီး အိပ်ယာထဲမှာလဲနေလို့ ဖြစ်ပါတယ်။ NLD ဥက္ကဌ ဦးအောင်ရွှေ အိပ်ယာထဲ လဲနေပြီး မထနိုင်တာ အခုမှ မဟုတ်ပါဘူး။ နှစ်အတော် ကြာနေပါပြီ။ ဒါပေမယ့်လည်း သူကိုယ်တိုင်က NLD ဥက္ကဌ ရာထူးကနေ ဆင်းမပေး တာလား၊ NLD ပါတီဝင်တွေက ပင်စင်မပေးသေးတာလား၊ ဒါမှ မဟုတ် NLD ရဲ့ ပင်စင် ခံစားခွင့်က အသက် ၁၂၀ မှ စ တာလား ဆိုတာ ကို မေးခွန်းတွေ ထုတ်ခဲ့ကြတာ အတော်ကြာပြီ ဖြစ်ပါတယ်။


ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ရုံးမှာ ထမင်းချက်နေသူများ၊ ဆေးကြော သန့်ရှင်းရေးလုပ်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။ ပုံမှန်အားဖြင့်တော့ မြန်မာနိုင်ငံမှာ အခုလို ထမင်းချက်ပေးသူတွေနဲ့ ဆေးကြောသူတွေကို ကျေးဇူးတင်စကားကို အလှူအိမ်တွေမှာပဲ ပြောတတ်ပါတယ်။ အခုလို ကမ္ဘာကျော် ၉၀ ရွေးကောက်ပဲ အနိုင်ရ နိုင်ငံရေး ပါတီ ကြီးရဲ့ ရုံးမှာ ကမ္ဘာကျော် နိုဘယ်ဆု ရထားတဲ့ လူက ထမင်းချက်ပေးသူတွေနဲ့ ဆေးကြောသူတွေကို အထူးကျေးဇူး တင်ကြောင်း ပြောတာကြောင့် လူအများ အံ့အားသင့်ကြရပါတယ်။

၂၀၁၁ အတွင်း NLD ဆိုတဲ့ နိုင်ငံရေး အဖွဲ့ကြီးတွင်းမှာ အနုပညအဖွဲ့တွေမှာ တစ်နှစ်အတွင်း မလုပ်နိုင်တဲ့ အလုပ်တွေ လုပ်နိုင်တာကတော့ ချီးကျူးစရာပါပဲ။ ဒီနှစ်ထဲမှာပဲ သက်ကြီးပူစော်ပဲ၊ ဓာတ်ပုံပြပွဲ၊ ကာရာအိုကေပွဲ၊ သီချင်းဆိုပွဲ၊ ရုပ်ရှင်ပြပွဲ နဲ့ ကဗျာပြိုင်ပွဲ နဲ့ ဈေးရောင်းပွဲတွ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေတာ အဲဒီပွဲတွေ လုပ်ဖိုပါပဲ။ ပြည်ပကနေ လွတ်မြောက်ဖို့ကြိုးစားနေကြတဲ့လူတွေကလည်း ဒီအတွက်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည် ဘာလဲ? ဘယ်လဲ?...။ NLD ဘာလဲ? ဘယ်လဲ? ဆိုတာကို အားလုံးက စိတ်ဝင်စားခဲ့ကြတာ တစ်နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမှမဟုတ်ဘူး။ NLD လည်း ဘာမှမဟုတ်ဘူး...။ ဘယ်မှလည်း မသွားကြဘူး ဆိုတဲ့အကြောင်းနဲ့ပဲ ဘာတစ်စက်မှ အသုံးမကျတဲ့ တစ်နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကို နိဂုံးချုပ်လိုက်ပါတယ်။


Myanmar Express

ဒေါ်အောင်ဆန်းစုကြည် လက်တလော ဘာလုပ်နေလဲ

ဒေါ်အောင်ဆန်းစုကြည် အံကြိတ်လက်ခုတ်တီးနေသည်

NLD ပါတီဝင်များ ဒီမိုကရေစီ အတွက် ကခုန်နေကြသည်

ဒေါ်အောင်ဆန်းစုကြည် အနီးကပ် စောင့်ကြည့်အားပေးနေသည် (ကနေသူများကို)

ဒီမိုကရေစီအတွက် သောက်ကြ၊ စားကြ
(ဘယ်ကပိုက်ဆံတွေနဲ့ စားသောက်နေကြတာတုန်း)

ပြည်သူတွေအတွက် အသုံးမကျတဲ့
တန်ဖိုးမရှိတဲ့ ပုံတွေ ရောင်းစားတဲ့ ဈေးရောင်းပွဲတွေ လုပ်တာ စားဖို့သောက်ဖို့ပါ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သင့်အား အလိုရှိသည် (စားပွဲထိုးလုပ်ရန်)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များအား အလိုရှိသည် (ခွေးကျောင်းရန်)

နိုင်ငံခြား ခွေးကို ဝေယျာဝစ္စတွေ လုပ်ပေးရန် မြန်မာ လူငယ်များ အလိုရှိသည်

ဒီမိုကရေစီ အတွက် ဒေါ်စုခြုံတိုးနေသည်

မုဆိုးမ ဒေါ်စု အသစ်တွေ့နေပြီလား


ဒေါ်အောင်ဆန်းစုကြည် ပျော်ပွဲရွှင်ပွဲတွေနဲ့ အချိန်ဖြုန်းနေသည်


စတိဖ်ဂျော့ ထက်သာတဲ့ နိုးဂျော့ (2010-2011)
တစ်နှစ်လုံး ဝေလေလေလုပ်နေသည်



Myanmar Express

ဘာမှမထူးခြားတဲ့ (၂) လ

ဒီနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လွတ်တာ (၂) လပြည့်ပြီးပါပြီ.. ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် အများကြီး ပြောင်းလဲ သွားမယ်လို့ မျှော်လင့်နေသူအားလုံးလည်း အများကြီး စိတ်ပျက်နေကြပါပြီ။ ရက် (၂၀) ကြာတုန်းကလည်း ဘာမှမထူးခြားတဲ့ ရက် ၂၀ ကျော် ဆိုပြီး ကျွန်တော် မှတ်တမ်းတင်ခဲ့ဖူးပါတယ်။

အမှန်တကယ် အရည်အချင်းရှိသူ တစ်ယောက်ဆိုရင် ခုချိန်မှာ မြင်သာတဲ့ ရလဒ်တွေ ပြနိုင်သင့်ပါပြီ။ အရင်တုန်းက အကျယ်ချုပ်ကြောင့် လူကိုယ်တိုင်လုပ်ခွင့်မရဘူးဆိုပေမယ့် အကျယ်ချုပ်ကနေ လွတ်မြောက်ချိန်မှာ လုပ်ဆောင်ဖို့ အစီစဉ်ပေါင်းများစွာ ဦးနောက်ထဲမှာ သေချာပေါက်ရှိနေသင့်ပါတယ်။ ခုတော့ ဦးနောက်ကြီးကလည်း အခွံ၊ အရည်အချင်းတွေကလည်း ဗလာ ကြီးဆိုတာကို ပညာမဲ့ NLD ပါတီဝင်များနဲ့ ပြည်တွင်း၊ ပြည်ပ အတိုက်အခံများမှ လွဲပြီး ကျန်တဲ့ ပြည်သူအားလုံး သဘောပေါက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ဘာလဲ? ဘယ်လဲ?...။ NLD ဘာလဲ? ဘယ်လဲ? ဆိုတာကို အားလုံးက စိတ်ဝင်စားခဲ့ကြတာ ၂ လ တင်းတင်း ပြည့်ခဲ့ပါပြီ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမှမဟုတ်ဘူး။ NLD လည်း ဘာမှမဟုတ်ဘူး...။ ဘယ်မှလည်း မသွားကြဘူး။ ဖြစ်နေပါတယ်။

လက်ရှိအစိုးရအနေနဲ့ အတိုက်အခံတို့ပြောသလို ဗေဒင်တွေ၊ ယတြာတွေ တကယ်သုံးလို့ စွမ်းနေတာလား၊ အရင်ကတည်းက ဘုန်းကြီးတာလား၊ စဉ်းစားတွေခေါ်မှုနဲ့ ကြိုတင်စီမံမှုတွေ သိပ်ကောင်းနေတာလား ဆိုတာ သံဿရဖြစ်စရာရှိပေမယ့် အားလုံး မျက်မြင်ကတော့ လုပ်သမျှ အကုန်ဖြစ်နေတာပါပဲ။ ဒါဟာ တော်ရုံတန်ရုံ ဇာတာ မဟုတ်သလို တော်ရုံတန်ရုံ ဦးနောက်တွေတော့ မဟုတ်ဘူးဆိုတာ သိသာပါတယ်။

ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်တောင် ဘာလုပ်ရမှန်းမသိတော့ ဒေါ်အောင်ဆန်းစုကြည် ဖက်က အဆင့်သင့်ရှိပါတယ်။ ပါဝင်လုပ်ဆောင် ပူးပေါင်းပါမယ်ဆိုတဲ့ လူတွေလည်း ဘာမှ မလုပ်နိုင်ပဲ ဖြစ်နေပါတယ်။ ဒီတော့ အတိုက်အခံတို့အားလုံး လုပ်ပုံကိုင်ပုံတွေ အားလုံး လုံးဝ ပြောင်းပစ်လိုက်ပါ။ ခေါင်းဆောင်သစ်ကိုရွေးချယ်ပါ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်နေတာနဲ့ နိုင်ငံခြားနဲ့ အဆင်ပြေတာကလွဲရင် ဘယ်နေရာမှ ထည့်တွက်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ဖို့ ပြောတာမဟုတ်ပါဘူး။ ဆန့်ကျင်စရာမလိုပါဘူး။ သူ့ထက် အရည်အချင်းရှိတဲ့ ပြည်တွင်းမှ အလုပ်အများကြီးလုပ်နိုင်တဲ့ ယောင်္ကျားကောင်းတွေ အများကြီးရှိပါတယ်။ ရွေးချယ်ပြီး ခေါင်းဆောင်တင်သင့်ပါတယ်။

နိုင်ငံတော်ကို တကယ်ချစ်တယ်၊ ပြည်သူတွေကို တကယ်ကောင်းစားစေချင်တယ်ဆိုရင် ကောင်းစားမယ့်အလုပ်တွေပဲလုပ်ပါ။ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေရမှ နိုငံရေးလုပ်တာ မဟုတ်ပါဘူး။ ခုအနေအထားက ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကလည်း ဘာမှ မလုပ်တတ်လို့ မလုပ်။ ပြည်ပ က အတိုက်အခံတွေကလည်း Daw Aung San Suu Kyi... Free Free လို့ကလည်း အော်လို့ မဖြစ်တော့တဲ့အခြေအနေပါ။ ပြည်ပက ဒေါ်လာစားတွေကလည်း အဲ့ဒီလို လမ်းပေါ်ထွက် အော်တာကလွဲရင် တခြား ဘာဆို ဘာတစ်ခုမှ ကို မလုပ်တတ်ကြပါဘူး။ နောက်ဆုံးတော့ ထုံးစံအတိုင်း ဘလော့တွေ၊ စီဘောက်စ်တွေ၊ facebook တွေမှာ လေ တိုက်ပွဲ ဝင်ရင်း တိုင်းပြည်ကောင်းစားဖို့ လုပ်နေကြတာပါပဲ။

အမှန်တော့ လူထုခေါင်းဆောင်ဆိုသူရော၊ NLD ခေါင်းဆောင်ကြီးများဆိုသူတွေရော၊ မြန်မာ့အရေး ကျွမ်းကျင်သူ ဆိုသူတွေရော၊ ပြောရေးဆိုခွင့်ရှိသူ ဆိုသူတွေရော၊ မြန်မာ့အရေးလှုပ်ရှားသူဆွေသူတွေ အားလုံး ဘာအရည်အချင်း၊ ဘာအစွမ်းအစမှ မရှိသူတွေချည်းဖြစ်ကြောင်း လက်ရှိအခြေအနေက သက်သေပြနေတာပါပဲ။ ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ လမ်းပျောက်နေသူ အားလုံးအတွက် သတိချပ်စရာလေးတွေကို အောက်မှာ ရေးထားပါတယ်။

  • ပြည်တွင်းမှာ အမျိုးသား ရင်ကြားစေ့ဖို့ထက် ပြည်ပမှာ နာမည်အမျိုးမျိုးနဲ့ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အဖွဲ့တွေ အရင်စည်းလုံးအောင် အရင်လုပ်ကြပါ။

  • အနှစ် ၂၀ ကျော် အနုနည်းတစ်မျိုး၊ အကြမ်းနည်းတစ်မျိုး တိုက်ပွဲဝင်လာပြီး ခုထိ ဘာမှမအောင်မြင်သေးတာကို သံဝေဂ ရကြပါ။ အဲ့ဒီ အချိန်ကုန်၊ လူပန်း၊ အလုပ်ပျက်၊ စရိတ်တက် တဲ့ အလုပ်ကို စွန့်လွှတ်ပြီး ပြည်သူ့အကျိုး ဝင်ရောက်သယ်ပိုးကြပါ။

  • ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ့်လူအချင်းချင်းတွေရဲ့ ထောက်ခံကြောင်း ပေးစာတွေ၊ ကျန်းမာစေကြောင်း အသံဖိုင်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်တဲ့ အမေးအဖြေတွေနဲ့ အချိန်ကုန်နေမယ့်အစား သိသာ ထင်ရှားစေမယ့်အလုပ်တွေ လုပ်ပြပါ။

  • စီးပွားရေး တိုးတက်စေချင်တယ် ဆိုရင် ပိတ်ဆို့မှုတွေ ရပ်ဆိုင်းဖို့ ပြောပေးပါ။ "နိုင်ငံစီးပွား တိုးတက်တာနဲ့ စီးပွားရေး ပိတ်ဆို့တာနဲ့ ဘာမှမဆိုင်ဘူး" ဆိုတာတွေ၊ "စီးပွားရေးပိတ်နေတာက လက်ရှိအစိုးရပါ" ဆိုတာတွေ၊ "စီးပွားရေး ဖွင့်လည်း တိုးတက်လာမှာမဟုတ်ဘူး" ဆိုပြီး ဖင်ပိတ်မငြင်းပါနဲ့။ နယ်စပ်မှာ တံခါး တစ်ချပ်ပိတ်တာနဲ့ ပြည်တွင်းမှာ သွင်းကုန်အားလုံး ဈေးတက်ပြီး၊ ပို့ကုန်တွေ ဈေးကျကုန်တာကို ကလေးတောင် သိပါတယ်။

  • လူငယ်တွေရဲ့ ပညာရေးကို တိုးတက်စေချင်တယ်ဆိုရင် နိုင်ငံခြားနဲ့ ပိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံခြားမှာ ကျောင်းတတ်ချင်တဲ့ ကျောင်းသားအားလုံးကို နိုင်ငံတိုင်းမှာ ပညာသင်စု ရအောင် လုပ်ပေးပါ။

  • နိုင်ငံခြားမှာ အလုပ်ရှင်တွေရဲ့ မတရားမှုတွေ ခံနေရတဲ့ မြန်မာအလုပ်သမားတွေ အများကြီးရှိနေတာကို ဘာကြောင့် ခုထိ မသိချင်ဟန်ဆောင်နေတာလဲ

  • ဘာမှ လည်း မလုပ်တတ်၊ ကိုယ့်ကိုယ်ကို ဘာမှမလုပ်နိုင်မှန်းသိအောင် လုပ်ပါ။ အားကိုးမျှော်လင့် နေတဲ့ လူငယ်တွေကို စိတ်ဓာတ်အကြီးအကျယ် မပျက်ခင် အမြင်မှန်ရပြီး အင်္ဂလန်က သားတွေ၊ မြေးတွေဆီ ပြန်ပါ။ မြန်မာမဟုတ်တဲ့ ချွေးမတွေ၊ မြေးတွေနဲ့ပဲ ပျော်ပါးပါ။ မြန်မာစစ်စစ်တွေကို ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့



  • NLD က ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို စောင့်နေတာ ဘာလုပ်ဖို့ စောင့်နေတာလဲ?? ဈေးရောင်းဖို့ စောင့်နေတာလား?? ဒီထက် အရေးကြီးတာတွေ လုပ်စရာမရှိတော့ဘူးလား?? ဒီထက် အရေးပါပြီး ထိရောက်တာတွေ မလုပ်တတ်တော့ဘူးလား??

  • လူမှုရေး လုပ်ငန်းလုပ်တယ် ဆိုတာ AIDS ရောဂါသည်တွေကို ကူညီတာ တစ်ခုတည်းတင် မဟုတ်သလို၊ AIDS ရောဂါသည်အဖွဲ့ တစ်ခုအတွက် လုပ်ပေးတာကို ပြည်သူ အတွက် လုပ်တယ်ဆိုပြီး ဂုဏ်ယူမနေပါနဲ့။ တခြား အဆင်မပြေတဲ့ ပြည်သူတွေ အများကြီး ရှိသေးတာကို ဘာကြောင့် သတိမထားမိတာလဲ??

  • အဲ့လိုပဲ စီးပွားရေး တိုးတက်အောင် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်က လုပ်မယ် လို့ မျှော်လင့်တုန်းမှာ အသုံးမကျတဲ့ ဓာတ်ပုံတွေ ရောင်းစားပြီး ပြည်သူတွေဆီက မရှိမဲ့ရှိမဲ့ အမြတ်ပြန်ထုတ်နေတာ ဘာကြောင့်ပါလဲ??

  • မနှစ်ကနဲ့ မတူတဲ့ ဒီနှစ် မြန်မာနိုင်ငံ အခြေအနေကို မြင်အောင်ကြည့်ပါ။ 2009 တုန်းက မရှိခဲ့တာတွေ 2010 မှာ ရှိလာတွေကို သတိထားကြည့်ပါ။ တိုးတက်မှုတွေမှာ ကိုယ့်လုပ်အားပါဝင်လာအောင် အရင်ကြိုးစားပါ။ ကိုယ့်လုပ်အားကြောင့် ပိုတိုးတက်အောင် လုပ်ပြပါ။ ကိုယ်လည်း ဘာတစ်ခုမှ တိုးတက်အောင် မလုပ်နိုင်ပဲ သူများလုပ်လို့ တိုးတက်လာတာတွေကိုလည်း အသိအမှတ်မပြု ဖြစ်နေတဲ့အပြင် အပြစ်ပြော ကန့်လန့်တိုက်နေသူတွေအနေနဲ့ ကိုယ့်ကိုယ့်ကို သုံးသပ်ပြီး အမြင်မှန်ရကြပါ။


Myanmar Express

ဘာမှမထူးခြားတဲ့ ရက် ၂၀ ကျော်

ဒေါ်စုကြည်ခေါ် မစ်စစ်အဲရစ် အနေနဲ့ အကျယ်ချုပ် ကျနေစဉ်ကာလမှာ ဂျွန်ဝီလီယံယက်တောကို ဘယ်သူ့ကိုမှ အသိမပေးပဲ မိန်းခလေးများချည်း ရှိနေသော မိမိနေအိမ်တွင် တစ်ညလုံး အတူရှိနေသည့် ဖြစ်စဉ်နဲ့ နောက်ဆုံး ကျခံခဲ့တဲ့ အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ ရက်ပေါင်း ၂၀ ရှိပါပြီ။ အသက် ၄၃ နှစ်မှ နိုင်ငံရေး စ လုပ်သော်လည်း နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ကြောင်းကို ၁၄ ရက်နေ့ကပဲ ပြည်သူတွေကို ပြောခဲ့ပါသေးတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို ၈၈ ခုနှစ်မှာ နိုင်ငံရေး စလုပ်ပြီး ၂ နှစ်ပဲရှိသေးတယ် နိုးဘဲ ဆုကြီး ရရှိထားသူမို့ မြန်မာ အချို့က ဒီမိုကရေစီ ခေါင်းဆောင်ဆိုပြီး ခေါင်စဉ်တပ် ချီးကျူး ထောက်ခံရေးသားမှုပေါင်းများစွာ လုပ်ခဲ့ကြပါတယ်။

ပွဲပြီးရင် ရုံးထဲမှာ ငါးဟင်းချက်ထားတယ်၊ ငါးမင်းဆွေကိုနိုင်ဖို့် စားသွားလိုက်အုံး

မည်သို့ပင် ဆိုစေကာမှု ခုဆိုရင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ခေါ် မစ်စစ်အဲရစ် အကျယ်ချုပ်က စလွတ်တဲ့နေ့ကစပြီး ချက်ချင်းပြည်သူတွေကို မိန့်ခွန်းတွေပြော၊ အစည်းဝေးတွေလုပ်နဲ့ ကြိုးစားခဲ့တာ ရက်ပေါင်း ၂၀ ကြာမြင့်ပေမယ့်လည်း ဘာဆို ဘာမှ တစ်စုံတစ်ရာ တိုးတက်လာတာ တစ်ခုမှမရှိခဲ့ပါဘူး။ ဘာအပြောင်းအလဲ တစ်ခုမှလည်း ဖြစ်မလာပါဘူး။ ထူးထူးခြားခြား ပြောင်းလဲ တာဆိုလို့ အရင်တုန်းက အစိုးရနဲ့ စစ်တပ် မကောင်းကြောင်းတွေ ဆက်တိုက်ပြော၊ ဆက်တိုက်ရေးနေတဲ့ အတိုက်အခံမီဒီယာတွေနဲ့ ဒေါ်လာစားရော ကိုယ့်ထမင်းကိုယ့်စား အတိုက်အခံ စာမျက်နှာ များက အစိုးရနဲ့ စစ်တပ်မကောင်းကြောင်းတွေ အပြင် ဒေါ်စုကြည် ရဲ့ ကောင်းကြောင်းတွေ ဆက်တိုက် တင်ဖြစ်တာပါပဲ။ ကောင်းကြောင်းဆိုတာထက် ကြားသမျှ၊ မြင်သမျှ၊ လုပ်နေသမျှ အားလုံး ပါပဲ။ ဈေးသွားတဲ့ အကြောင်းနဲ့ ကမ်င်ရဲ့ လက်မှာ တက်တူး ဘယ်ဆိုင်မှာ ထိုးတယ် ဆိုတဲ့ အကြောင်းတောင် ပိုစ့်တင်ကြပါသေးတယ်။

ဒေါ်စုကြည်အနေနဲ့ကလည်း
၁။ ၁၄၊၁၁၊၂၀၁၀ ရက်နေ့က လူတစ်ချို့ကို ဟင်းချက်ခြင်းနဲ့ နိုင်ငံရေး တို့ ပက်သက်ကြောင်းအပါအဝင် နိုင်ငံရေးနဲ့ ဆိုင်တဲ့ စကားတွေပြောခဲ့ပါတယ်။
၂။ ၂၀၊၁၁၊၂၀၁၀ ရက်နေ့မှာ ဒုတိယ ပင်လုံညီလာခံ လုပ်ဖို့နဲ့ ပက်သက်ပြီး ပြောခဲ့ပါတယ်။
၃။ ၂၅၊၁၁၊၂၀၁၀ ရက်နေ့က ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေ၊ အတွင်းရေးမှူး များဖြစ် သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ၊ ဦးနေဖူးဘဆွေ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
၎။ ၂၇၊၁၁၊၂၀၁၀ နောက်ထပ် ကုလ က လာတဲ့ မစ္စတာ ဗီဂျေနမ်ဘီးယား ကို လက်အုပ်ချီလိုက်၊ ဖက်လှဲတကင်း လုပ်လိုက်နဲ့ ကြိုဆိုခဲ့ပါတယ်။

ပထမဆုံး လုပ်ခဲ့တဲ့ အလာပသလာပ မိန့်ခွန်းနဲ့ ပက်သက်ပြီးတော့ ဒီနေရာ မှာ သံဝေဂ ယူနိုင်ပါတယ်။

ဒုတိယ လုပ်ခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာကတော့ အဲ့ဒီနေ့မှာ ကိုယ့်အချင်းချင်း တင်သွင်းပြီး ကိုယ့်အချင်းချင်း ထောက်ခံကာ အဟုတ်ကြီးလုပ်သွားပေမယ့်

တတိယ လုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌနဲ့ အတွင်းရေးမှူးများနဲ့ တွေ့ချိန်မှာပဲ လုံးဝ ပျက်ခဲ့ရပါတယ်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌ ဦးသုဝေက ဒုတိယ ပင်လုံညီလာခံ ဆိုတာ အဓိပ္ပါယ်မရှိကြောင်း အချက်နဲ့ အလက်နက် သေချာ ထောက်ပြသွားတာ ဒေါ်စုကြည်ခမျှာ ဘာမှ ကို ပြန်မပြောနိုင်ပဲ ငြိမ်နေခဲ့ရပါတယ်။ အခုချိန်မှာ ရွေးကောက်ပွဲကို ကိုယ်တိုင်မဝင်သလို ဝင်သောသူများကိုလည်း သဘောမကျသော ဒေါ်စုကြည်နဲ့ ရွေးကောက်ပွဲဝင်ခြင်းက ဒီမိုကရေစီ ခြေလှမ်းအတွက် အရေးပါသော လမ်းစ ဟု ယုံကြည်သော အခြား ရွေးကောက်ပွဲဝင် ပါတီပေါင်း ၃၆ ပါတီတို့အနေနဲ့ သဘောထား ကွာဟမှုတွေ ကြီးမားနေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးနဲ့ အခြေအနေအရပ်ရပ် ကို ဘာမှမသိသေးတဲ့ ဒေါ်စုကြည်အနေနဲ့ ရွေးကောက်ပွဲဝင် ပါတီတွေနဲ့ ပါတီ ဥက္ကဌတွေကို မလွန်ဆန်ရဲသလို ရွေးကောက်ပွဲဝင် အခြားပါတီများအနေနဲ့ကလည်း ဒေါ်စုကြည်ရဲ့ အရှိန်ကို မလွန်ဆန်ရဲပါဘူး။ ဒါပေမယ့် အချင်းချင်းအနေနဲ့ အပေါ်ယံမှာ ပြုံးပြီး တွေ့ဆုံ ညှိနှိုင်းဖို့နဲ့ လက်တွဲလုပ်ဖို့ ပါးစပ်က ပြောနေကြပါတယ်။ ဒါပေမယ့်လည်း ခံယူချက်ခြင်းက ဆန့်ကျင်နေတော့ နောက်ကွယ်မှာတော့ တင်းမာမှုတွေနဲ့ မကျေနပ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် လက်ရှိအနေအထားမှာ တိုင်းရင်းသား ပါတီများက သက်ဆိုင်ရာပြည်နုယ်အလိုက် အနိုင်ရထားတာမို့ ဒုတိယ ပင်လုံဆိုတာကြီးကို လုံးဝ စိတ်မဝင်စားသလို လက်မခံနိုင်ပါဘူး။ ခုချိန်မှာ ရွေးကောက်ပွဲဝင် ပါတီများအတွက် ဒေါ်စုက ခလုတ်ကန်သင်း တစ်ခု ဖြစ်နေသလိုပဲ ဒေါ်စုအတွက်ကလည်း ရွေးကောက်ပွဲဝင် ပါတီများက ဆူးညှောင့်တွေ ဖြစ်နေပါတယ်။

လက်တွဲပါမယ်၊ လက်တွဲပါမယ်

နောက်ဆုံး ကုလ က မစ္စတာ ဗီဂျေနမ်ဘီးယား နဲ့ တွေ့ခဲ့တာကတော့ ထုံစံအတိုင်း ဘာမှထူးထူးခြားခြား စာဖွဲ့စရာမရှိပါဘူး။ လက်သုံးစကားဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး (သို့) ရင်ကြားစေ့ရေး လုပ်ဖို့ပဲ အဓိက ပြောခဲ့ကြပါတယ်။ ပြည်တွင်းမှာ ရင်ကြားစေ့ဖို့ ကုလသမဂ္ဂကိုယ်စားလှယ်က ဘာများလုပ်ပေးနိုင်မှာလဲ? ဆင်ခြင်ဖို့ကောင်းသလို တလွဲဆံပင် မကောင်းဖို့ လိုပါတယ်။

အနောက် အုပ်စုဆိုတာနဲ့ ကန်တော့ပြီးသား

ဒီတော့ သေချာသုံးသပ်ကြည့်ပါက ဒေါ်စုကြည်ဟာ ဘာမှမလုပ်တတ်ပါဘူး။ သူလုပ်တတ်တာ လူကြိုက်တဲ့ စကားတွေနဲ့ အစိုးရမကောင်းတာလေးတွေ ပြောပြီး လူထုထောက်ခံမှု ယူနိုင်တဲ့ လူတိုင်းလုပ်နိုင်တဲ့ အရည်အချင်းတစ်ခုပဲ ရှိပါတယ်။

တကယ့် မြန်မာ့နိုင်ငံရေးကို နားလည် ကျွမ်းကျင်သူတွေနဲ့ တွေ့ချိန်မှာ သူ ဘာမှမတတ်နိုင်ပါဘူး။ ဦးသုဝေ ဦးဆောင်နဲ့ ဒီမိုကရက်တစ်ပါတီ တစ်ခုနဲ့ပဲ တွေ့ရသေးတယ်၊ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာ ပျက်သွားပါပြီ။ ဦးသုဝေတို့ပါတီလို လွတ်တော်မှာ အမတ် ၃ နေရာပဲ အနိုင်ရတဲ့ ပါတီပါ၊ ပါတီဥက္ကဌကိုယ်တိုင် ရှုံးနိမ့်ခဲ့တဲ့ ပါတီကတောင် လက်မခံမှတော့ ကျန်တဲ့ မတွေ့ရသေးတဲ့ ပါတီတွေဆို့ရင်တော့ ပြောမနေပါနဲ့တော့။ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယအများဆုံးရထားတဲ့ ကျားဖြူပါတီကလည်း ဒုတိယ ပင်လုံညီလာခံဆိုတာကို လက်မခံပြန်ပါဘူး။ အခြား တိုင်းရင်းသား ပါတီအားလုံးကလည်း စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ခေါင်းမာပြီး ကိုယ့်ကိုယ်ကို ပိုချစ်တဲ့ ဒေါ်စုကတော့ လက်မလျှော့ပါဘူး။ ကျန်တဲ့ ပါတီတွေတောင် မစည်းရုံးနိုင်ပဲ ပြည်ခိုင်ဖြိုးကို ဒုတိယ ပင်လုံညီလာခံမှာပါဖို့ ကြိုးစားမယ်လို့ ကြွေးကြော်နေပါတယ်။ အဲ့ဒီချိန်မှာ ငါးမင်းဆွေ တစ်ယောက်က အစိုးရအတိုက်အခံတွေလို ကွယ်ရာမှာ အတင်းမပြောပဲ ဒေါ်စုကြည် ရုံးသို့ ကိုယ်တိုင်သွားပြီး အမှန်တရားတွေကို ချပြလိုက်တာ ခု ထိ ဘာမှ ပြန်မပြောနိုင်ပဲ ရှိနေပါတော့တယ်။

ခုချိန်မှာ ဒေါ်စုကြည်အနေနဲ့ ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်တွေနဲ့ တွေ့ရမှာ ကြောက်နေသလို နိုင်ငံရေးကို နားလည်တဲ့ လူတွေနဲ့လည်း တွေ့ရမှာ ကြောက်နေပါတယ်။ ပထမဆုံး ဟောပြောပွဲမှာ သူမ အနေနဲ့ ဘယ်သူတွေနဲ့ဖြစ်ဖြစ် တွေ့ချင်တယ်၊ တွေ့လို့ မရနိုင်စရာအကြောင်းမရှိဘူး တွေ့ချင်ဖို့ပဲ လိုတယ် လို့ပြောခဲ့ပေမယ့် ငါမင်းဆွေလို လူမျိုးကိုတော့ ကြောက်ပြီး မတွေ့ဖို့ ရှောင်နေပါတယ်။

ဒေါ်စုကြည် မရှိချိန်မှာ NLD ဟာ ဘာဆိုဘာမှမလုပ်နိုင်တဲ့အပြင် ပါတီကို ဆက်လက်တည်မြဲအောင်တောင် မထိမ်းနိုင်ခဲ့ပါဘူး။ ခု ဒေါ်စုကြည် ပြန်ရောက်လာတာ ရက် ၂၀ ရှိပေမယ့်လည်း ဘာမှမထူးခြားပါဘူး။ ပါတီကိုတောင် ဘာမှ တိုးတက်အောင် မလုပ်နိုင်ပဲ နိုင်ငံတစ်ခုလုံးကို ဘယ်လိုတိုးတက်အောင်လုပ်နိုင်ပါ့မလဲ စဉ်းစားစရာဖြစ်နေပါပြီ...။