Subscribe to our RSS Feed
Showing posts with label ဘာလဲဟဲ့ ABSDF. Show all posts
Showing posts with label ဘာလဲဟဲ့ ABSDF. Show all posts

အင်တာဗျူး(နန်းအောင်ထွေးကြည်၊မသင်းသင်းညီ၊မိုးသီးဇွန်၊ဒေါက်တာနိုင်အောင်၊ကိုမျိုးဝင်း)

From : .. rfa

















၁၉၉၂ခု ဖေဖော်ရီ၁၂ရက်ကကချင်ပြည်နယ်ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုး ရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အနှစ် ၂၀ ကြာပြီးနောက်မှာ အဲဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်းတချို့ရဲ့ တောင်းဆိုသံတွေနဲ့အတူ ဝေဖန်ကန့်ကွက်သံတွေ၊ ထောက်ခံ ပြောဆိုမှုတွေကို ယခုတလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်လောင်လောင် တွေ့မြင်နေရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူနှစ်ဦးရဲ့ပြောကြားချက်တွေနဲ့ အဲဒီအချိန်က ABSDF ကို ဦးဆောင်ခဲ့သူတွေ လက်ရှိခေါင်းဆောင်တွေရဲ့ သဘောထားတွေကို အာအက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုံစမ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။

---------------------------------------------------------------------------------------------------------------

ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်က ဘာတွေဖြစ်ခဲ့သလဲ။

RFA စုံစမ်မေးမြန်းချက်များ ။

၁၄ ရက် ဇန်နဝါရီ ၂၀၁၂။

၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တလကျော်အကြာ နိုဝင်ဘာလထဲမှာ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို ထိုင်းမြန်မာ နယ်စပ်တနေရာမှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ABSDF ကျောင်းသားတပ်မတော်ဟာ သမိုင်းတကွေ့မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတခုလည်း ရှိခဲ့ပါတယ်။

အဲဒါကတော့ ၁၉၉၂ ခု အစောပိုင်းကာလ ABSDF မြောက်ပိုင်းတပ်အတွင်း စစ်အစိုးရရဲ့ ထောက်လှမ်းရေး သူလျှိုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကျောင်းသူကျောင်းသား အများအပြားကို ဖမ်းဆီးသတ်ဖြတ် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အခုဆိုရင် အနှစ် ၂၀ ရှိလာခဲ့ပါပြီ။

အဲဒီတုန်းက ဖြစ်ရပ်မှာ ထောက်လှမ်းရေးပါဆိုပြီး ဖမ်းဆီးနှိပ်စက်ခံရပြီး အသက်မသေဘဲ ပြန်လွတ်လာသူ တစ်ဦးကတော့ အခုအခါ သြစတေးလျှ နိုင်ငံမှာ နေထိုင်သူ မနန်းအောင်ထွေးကြည်ပါ။

မနန်းအောင်ထွေးကြည်- “ကျမကို လက်ကို ဒါးနဲ့မွှန်းတယ်၊ မျက်နာကို မီးနဲ့ရှို့တယ်၊ သူတို့က အီလက်ထရစ်ရှော့ကို ကျမကို ၂ လုံးပေးတယ်။ ခြေမနဲ့ ခြေညှိုးကြားထဲမှာတခုနဲ့ နောက်တယောက်ကနေပြီးတော့မှ နားသယ်စပ်ပေါ့ နောက်တလုံးထပ်ပေးတယ်။ ဒီရှော့ကို ပေးလိုက်တော့ ကျမက မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အသက်က ရှုလို့ ကျပ်နေပြီး အဲဒီမှာ ကျမက ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဆိုတော့ သူတို့က ရပ်ပေးလိုက်တယ်။ ဆိုတော့ အသက်ရှုခွင့် ရတယ်။ ပြီးတော့မှ ကျမ ထောက်လှမ်းရေးလုံးဝ မဟုတ်ပါဘူးဆိုတော့ ကျမ ရင်ညွန့်ကို သူတို့ စစ်ဖိနပ်နဲ့ ဆောင့်ဆောင့်ကန်တယ်။ အီလက်ထရစ်ရှော့ကို ပြန်ပြန်ပေးတယ်။ အဲဒီတော့ နောက်ဆုံးတော့ တချက်တော့ သတိလစ်သွားတယ်။ မြေကြီးပေါ်မှာ လဲနေတာပေါ့။ အဲဒီအချိန်မှာမှ ကျမ တခွန်းကြားလိုက်တာက တယောက်က ဒီကောင်မက ဒု-ဗိုလ်ပေါ့လေ NIB ကလွတ်ထားတဲ့ ဒု-ဗိုလ်တဲ့ ကျမ ကြားလိုက်တယ်။ အဲဒီကတည်းက ကျမ နားလည်လိုက်ပြီ။ ငါ ဒီလိုမှ မပြောရင်တော့ ငါ သေတော့မှာပဲလို့။ ဆိုပြီးတော့မှ နောက်တနေ့တော့ သံချောင်းက ရောက်လာတယ် ။”မငယ် ..နင်ခေါင်းမမာနဲ့ ။နင်ပြောလိုက်ရင် နင့်ကိုမသတ်ဘူး၊ နင်မပြောလို့ရှိရင် နှိပ်စက်ရင်းနဲ့ နင်သေသွားလိမ့်မယ်။” ကျမကို အဲဒီလို ပြောပြီးတော့ စစ်ကြောရေးပြန်ဝင်တယ်။

သန်းဇော်နဲ့ ဇော်ဇော်မင်းတို့ ဆက်ပြီးတော့ နှိပ်စက်တယ်၊ နောက်ဆုံးတော့ နှိပ်စက်တဲ့ဒဏ်တွေ ကျမ မခံနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ ကျမ ထောက်လှမ်းရေးပါလို့ ပြောမှ သူတို့ အနှိပ်စက်ကို ရပ်ပေးတယ်။

နောက် ကျမတို့ မိန်းခလေး အင်္ဂါထဲမှာ တခုခုကို ဝှက်ထားနိုင်တယ် ဆိုပြီးတော့ ကျမတို့ မိန်းခလေးအင်္ဂါကိုပါ စစ်တယ်။

ခင်ချိုဦးရယ်၊ ကျမရယ်၊ နန်းစောရယ် ၃ ယောက်စလုံး ခံရတယ်။ နောက် ကိုထွန်းအောင်ကျော်ကို အကြီးအကျယ် နှိပ်စက်တယ်၊

လက်ဝါးကပ်တိုင်မှာ လက်ကို သံချောင်းထိုးပြီးတော့မှ လုပ်ထားတာကို ကျမ ဘာဖြစ်လို့ သိလဲဆိုတော့ ကျမကိုယ်တိုင် လက်ဝါးကပ်တိုင်ကို တင်ခံရတယ်။ ကိုအပ်စိုက်ဆိုရင်တော့ တော်တော်ကြမ်းတယ်၊ မီးတွေနဲ့လည်း ရှို့တယ်၊ သူ့ဖင်ခေါင်းနဲ့ ပါးစပ်ကို ဝါယာကြိုးထည့်ပြီးတော့မှ အီလက်ထရစ်ရှော့ပေးတယ်။ ပြီးတော့မှ သူ့ရဲ့ ယောက်ကျားတံဆာကိုလည်း အဲဒီလိုပဲ ငါးမျှားချိတ်တွေနဲ့ချိတ်။ ယောက်ကျားတံဆာ တခုလုံးလည်း ကျေမွနေပြီ သူတို့ ဒါးတွေနဲ့ မွှန်းထားတာ။ မသေခင်ကို သူ့ဆီက အပုပ်နံ့က ထွက်နေပြီ။ နောက်တော့ ဆေးလည်း ကုသလို့ မရတော့ဘူး သေသွားတယ်။ ဆိုတော့ အများကြီးပဲ သူတို့နှိပ်စက်တာ လူမဆန်အောင်ကို နှိပ်စက်တာ။”

၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ တရက်တည်းမှာပဲ ကျောင်းသားရဲဘော် ၁၅ ဦးကို တကြိမ်တည်း ကွပ်မျက်ခဲ့ပါတယ်။ မနန်းအောင်ထွေးကြည် ပြောပြတာက- “ခင်ချိုဦးကို မသတ်ခင်မှာ မျိုးဝင်းကနေပြီးတော့မှ

ကဲ ငါ့ကောင်တွေ မဖျော်ဖြေရတာ ကြာပြီတဲ့ ခင်ချိုဦးကို မုဒိန်းကျင့်ခိုင်းတယ်။ အဲဒီမှာ သံချောင်း ခေါ် မြင့်စိုးကနေပြီးတော့မှ” ဟေ့ကောင်တွေ.. ဒါမျိုးတော့ မလုပ်နဲ့ကွ”လို့ လှမ်းတားတယ် ။မုဒိန်းမကျင့်ခိုင်းဘူး။ အဲဒီတော့ မျိုးဝင်းကနေပြီးတော့မှ ဆက်ပြီးတော့မှ ”အဲဒါဆိုလို့ရှိရင်လည်း တကိုယ်လုံးချွတ် ”ဆိုပြီးတော့မှ တကိုယ်လုံး ချွတ်လိုက်ရတယ်။ အဲဒီမှာမှ ခင်ချိုဦးက ”CS တဲ့ ..ကျမကို သေနတ်နဲ့ပဲ ပစ်ပေးပါ..” လို့ ပြောလိုက်လို့ သံချောင်းက သေနတ်နဲ့ ပစ်ပေးလိုက်တယ်။ ဌေးမြင့်ဝင်းကလည်း ”သူ့ကို သေနတ်နဲ့ ပစ်ပေးဖို့” ပြောလို့

သံချောင်းက သေနတ်နဲ့ ပစ်ပေးတယ်။

ဒါ့အတွက်ကြောင့် ကျမတို့က သေနတ်သံကို ၂ ချက် ကြားလိုက်ရတယ်။ ကျန်တဲ့ ၁၃ ယောက်ကတော့

မျိုးဝင်းနဲ့ လှဆိုင်းနဲ့က လည်ပင်းတွေကို ဒါးနဲ့ခုတ်သတ်တယ်လို့ ပြောတယ်။ မျက်မြင် ကိုယ်တွေ့ ရဲဘော်တယောက်က ပြောတာပါ။”

နောက်ထပ် အဖမ်းဆီးခံရသူ တစ်ဦးကတော့ မသင်းသင်းညီပါ။

သူဟာ တန်ပြန်ထောက်လှမ်းရေးအဖြစ် ခိုင်းစေခံခဲ့ရတယ်လို့ ပြောပြပါတယ်- “အစ်မကိုကျတော့ မျိုးဝင်းကခေါ်တယ်လေ၊ ဒီထဲမှာရှိတဲ့ အခု ဖမ်းထားတဲ့ သူတွေကိုပေါ့နော် ဘယ်သူက ထောက်လှမ်းရေးအစစ် ဖြစ်တယ်ဆိုတာကို ဖေါ်ပေးပေါ့နော်။ သူ့အနေနဲ့ ပြန်ထည့်ထားပေးတာ။ ထည့်ထားပေးတော့ အစ်မက သူ့စကားနားထောင်ပြီးတော့ အထဲထဲမှာ နေတယ်။ နောက်ကျတော့ နေရင်းနေရင်းနဲ့ တယောက်မှလည်း အဲဒီလိုမျိုးပေါ့နော် ထောက်လှမ်းရေးလည်း မဖြစ်နိုင်ဘူးပေါ့နော်။ သူ့ကို ပြောပြတယ် ကျနော် အခု မြင်သလောက် ပြောရရင်လို့ အားလုံးက ကျောင်းသားတွေချည်းပဲလို့၊ ဘယ်သူမှ ထောက်လှမ်းရေး မဟုတ်ဘူးလို့၊ အထင်လွှဲနေကြပြီလို့ ပြောပြတယ်လေ။ အဲဒါကို သူကလည်း လက်မခံဘူး။ မဟုတ်ဘူး ရှိတယ်၊ ရှိကိုရှိတယ်။ အဲဒါကတော့ လိုချင်တဲ့ပုံစံကတော့ ရမှာမဟုတ်ဘူးလို့ ညီမကို အဲဒီလိုမျိုး ထည့်ထားရင်တော့လို့။”

သူတို့စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါ မသင်းသင်းညီကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး ညှဉ်းပန်းခဲ့တယ်လို့ ဆိုပါတယ်- “စစ်တဲ့အခါကျတော့ ထောက်လှမ်းရေးဆိုပြီးတော့မှ စစ်တဲ့လူတွေအတိုင်းပဲ သူတို့က မညှာမတာပဲ နှိပ်စက်တာပေါ့နော်။ ကျင်စက်ကို ရင်ဘတ်ထဲ ထည့်ပြီးတော့မှ တို့တာ။ တို့ပြီးတော့ မေးတာ။ ကျမကတော့ ကိုမျိုးဝင်းကို ပြောတယ်လေ အဲဒီလိုကြီးတော့ ကျနော် ဒဏ်မခံနိုင်တော့ဘူး ကျနော့်ကိုတော့ အမြန်ပြန်လွှတ်ပေးပါ၊ မဟုတ်ရင်လည်း သတ်ရင်လည်း သတ်လို့ ကျနော် ဆက်မလုပ်နိုင်ဘူးပေါ့။ ကျနော် ပြောတယ် အဲဒီကျမှ သူတို့ဟာသူတို့ ဘယ်လို စဉ်းစားပြီး ကျနော်ကတော့ မိန်းခလေး ၅ ယောက်ထဲမှာ အစောဆုံး ပြန်လွတ်သွားတာပေါ့။”

ဒီကိစ္စဘယ်သူတွေမှာ အဓိက တာဝန်အရှိဆုံးလဲလို့ မသင်းသင်းညီကို RFA က မေးမြန်းကြည့်ပါတယ်-

“ကျနော်တို့ မြောက်ပိုင်းအနေနဲ့ပဲ ပြောမယ်ဆိုရင်တော့ မျိုးဝင်းရယ်၊ သံချောင်းရယ်၊ အောင်နိုင်ရယ်၊ အဲဒီ ဗဟိုကော်မတီမှာ တာဝန်ယူထားတဲ့ သူတွေ အားလုံးတာဝန်ရှိတယ်။ ကျနော်တို့ မြောက်ပိုင်းအနေနဲ့ ပြောတာပေါ့နော်။”

တဆက်တည်းမှာပဲ ဒီလုပ်ရပ်အတွက် အဓိက ဘယ်သူတွေမှာ တာဝန်ရှိပါသလဲလို့ မနန်းအောင်ထွေးကြည်ကိုလည်း RFA က ထပ်မေးကြည့်ပ့ါတယ်- “အဲဒီထဲမှာ တာဝန်ရှိတဲ့လူတွေကတော့ အရင်တုန်းကတော့ အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင် ခေါ် အောင်နိုင်ပေါ့၊ နောက်ပိုင်းမှာ ABSDF northern Burma အနေနဲ့ သူ ယူလိုက်တယ်၊ ထွန်းအောင်ကျော်ကို ဖမ်းပြီးတော့ သူက ဥက္ကဋ္ဌဖြစ်သွားတယ်။ နောက် မျိုးဝင်း(နမ့်စော်လော်) ဆိုတာက သေဆုံးသွားပြီ။ နောက် သံချောင်း ခေါ် မြင့်စိုး ဆိုတာက အခု သက်ဆိုင်ရာတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီးတော့ ပြစ်ဒဏ်ကျခံနေရတယ်။ သာယာဝတီထောင်မှာ သူ့ကို ချထားတယ်ရှင့်။

နောက်တယောက်ကတော့ ကျမတို့ကို ဖမ်းဆီးတုန်းက မျိုးဝင်းရဲ့ နောက်ကနေ အကြံပေးနေတဲ့ ထောက်လှမ်းရေး တာဝန်ခံ သန်းဇော် (မန္တလေး) ဆိုတာ အခု မြို့ထဲမှာ လွတ်လွတ်လပ်လပ် ရှိတယ်။ နောက် ကျောင်းသား ထောက်လှမ်းရေးကပဲ တပ်ကြပ်ဇော်ဇော်မင်း ဆိုတာ မြို့ပေါ်မှာ ရှိနေတယ်။ နောက် အခုလောလောဆယ် ABSDF မြောက်ပိုင်းမှာ ရှိနေသေးတဲ့ လှဆိုင်းဆိုတဲ့ ကချင် အမျိုးသားပေါ့ ..

သူကိုယ်တိုင်လည်း ကျောင်းသားကို ခေါင်းဖြတ်သတ် ခဲ့တယ်။”

ABSDF ရဲ့ မြောက်ပိုင်းတပ်မှာ အခုလို ဖြစ်နေချိန် ထိုင်း-မြန်မာနယ်စပ်က ABSDF ဗဟိုမှာတော့ ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ABSDF အုပ်စုနဲ့ ကိုမိုးသီးဇွန် ဦးဆောင်တဲ့ ABSDF အုပ်စု ဆိုပြီး ၂ ခြမ်းကွဲနေချိန်လည်း ဖြစ်ပါတယ်။

ကိုမိုးသီးဇွန်က- “ကျနော်တို့ ၁၉၉၁ လောက်မှာ ABSDF ညီလာခံလုပ်တယ်၊ ညီလာခံ ၂ လ လောက်ကြာတယ်၊ ညီလာခံထဲမှာ ပြဿနာတွေတက်တယ်။ နောက် ကွဲသွားတယ်။ ကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ABSDF (မိုးသီးဇွန်) နဲ့ ABSDF (ကိုနိုင်အောင်) ဆိုပြီးတော့ တပ်ပေါင်းစုမှာ အဲဒီလို ခေါ်ကြပါတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းသည် ကိုနိုင်အောင် ဗဟိုရဲ့ ဦးဆောင်မှုအောက်မှာ ရောက်သွားတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေ အကုန်လုံးက ABSDF (နိုင်) ပေါ့လေ ကိုနိုင်အောင်တို့အဖွဲ့က ဖြစ်သွားတာ။ ကျနော်တို့ အနေနဲ့ တိုက်ရိုက်စွပ်ဖက်လို့ မရတော့ဘူး။ Spy ဆိုပြီးတော့ စွပ်စွဲပြီးတော့ ဖမ်းခဲ့တော့ အဲဒါ ကျနော်တို့လည်း မသိဘူး။ ဘယ်ဟာ အမှန်အမှားဆိုတာ။ ဒါပေမဲ့ ထောက်လှမ်းရေးတွေ ဖြစ်နေတယ် ဆိုတာတောင်မှ မသတ်ပါနဲ့ သူတို့ကို လွှတ်လိုက်ပါ ဆိုပြီးတော့ ကျနော်တို့က KIO ပေါ့ အဲဒီတုန်းက KIO ရဲ့ စက်သွယ်ရေးစက်ကတဆင့် တောထဲကနေ ကျနော်က လှမ်းပြီး ပို့လိုက်ပါတယ်။ ဒါပေမဲ့ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ အဲဒီလို ဖြစ်နေတယ်လို့ ကျနော်တို့ ကြားလာတယ်။ ကြားလာတဲ့အတွက် ကျနော်တို့က စာထုတ်ပြီးတော့ ကန့်ကွက်တယ် ၁၉၉၂ ခုနှစ် မတ်လ ပိုင်းလောက် ဖြစ်မယ်။ ကျနော်တို့မှာ စာတွေရှိတယ်။ အဲဒီတော့ ဒီလုပ်ရပ်ကို တားဆီးပေးဖို့ ဆိုတဲ့ဟာတွေ ပါပါတယ်။ အခုဟာကကျတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ ABSDF ဗဟို မိုးသီးဇွန်က ဥက္ကဋ္ဌ လုပ်တဲ့အချိန် သူကပဲ အမိန့်ပေးလိုက်သလိုလို တချို့ အင်တာနတ် Facebook တွေမှာလည်း ရေးတာတွေ ကျနော်တို့ တွေ့ရတယ်။ ဒါကတော့ နိုင်ငံရေးအရ သက်သက်လုပ်ကြံတာလို့ ကျနော် ပြောချင်တယ်။”

ABSDF မြောက်ပိုင်း ဖြစ်ရပ်ကို ကိုမိုးသီးဇွန် သုံးသပ်တာကတော့- “ဥပမာပေါ့ ကိုထွန်းအောင်ကျော်နဲ့ ပတ်သက်လို့ ကိုမောင်မောင်ကြွယ်တို့၊ နောက်တခါ ထိန်လင်းတို့ပေါ့ဗျာ နောက် ကျနော်တို့ သိတဲ့လူတွေလည်း ပါသွားတာကိုး။ အဲဒီတော့ အဲဒီကာလက ကျနော်တို့ ဒီဘက်က ယူဆတာကတော့ မိုးသီးဇွန်ကို ထောက်ခံတဲ့အဖွဲ့ကို နိုင်အောင်ကို ထောက်ခံတဲ့အဖွဲ့က သတ်လိုက်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားတာ။ တချိန်တုန်းက ဗကပမှာ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့ဖူးတယ်။ အဓိကကတော့ ရန်သူက ဝင်ပြီးတော့ သွေးထိုးလှုံ့ဆော်တယ်လို့လည်း ကျနော် သုံးသပ်ပါတယ်။ ဒီလူတွေက အတွေ့အကြုံနည်းတာရယ်၊ သမိုင်းကို မလေ့လာတာပေါ့လေ အဲဒီအပေါ်မှာ သူတို့ မှန်မှန်ကန်ကန် သိမ်သိမ်မွေ့မွေ့ မဆုံးဖြတ်နိုင်တာတွေ ဖြစ်သွားတယ်ပေါ့ဗျာ။”

ABSDF ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်တဲ့ ဒေါက်တာနိုင်အောင်ကတော့ မကြာခင်မှာ သူ့အနေနဲ့ ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်ဖို့ရှိပြီး အခုလောလောဆယ် သူ ပြောပြနိုင်တာကတော့- “ကျနော့် တစ်ယောက်တည်းအနေနဲ့ ရှင်းလင်းချက်ပေါ့ အဲဒီလိုမျိုးလေး ထွက်ဖို့ရှိတယ်။ အလုပ်ရှုပ်နေတော့ အဲဒီဟာလေးကို ကျနော် ရေးဖို့ကိစ္စ လက်စ မသတ်နိုင်ဘူး ဖြစ်နေတယ်။ လူတွေက အချက်အလက်တွေ မှားပြောနေကြချိန်၊ ထင်ရာမြင်ရာ ပြောနေတာတွေလေ။ ဥပမာ တချို့ဆို ပြောတာရှိတယ် ကျနော် ရောက်သွားပြီးတော့ အမိန့်ပေးပြီး သတ်လိုက်တာတို့၊ ဘာတို့ ညာတို့လေ။ အဲဒီလိုမျိုး လွဲတာတွေ အများကြီး ရှိတယ်ဗျာ။ တခုလုံးအနေနဲ့ ပြောရရင် ဗဟိုမှာ တာဝန်ရှိသလားဆိုရင် ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့က ဖြစ်ပြီးတော့မှ ကျနော်တို့က သိရတာ။ အဲဒီအချိန်တုန်းက ကိုယ့်မှာ ကွဲနေတဲ့အချိန်၊ မာနယ်ပလော ထိုးစစ်နဲ့၊ နောက် စားဝတ်နေရေးနဲ့ ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုယ်စားလှယ်တစ်ယောက် ပို့လိုက်တယ်။ အဲဒီ ကိုယ်စားလှယ်က ပြန်မလာသေးဘူး။ သူတို့ အဒီကိစ္စတွေ နေရှင်းသတင်းစာထဲမှာ ဂျင်ဒီက ရေးလို့ ပါလာတော့မှ ကျနော်က သိပြီးတော့မှ ကျနော်က ကမန်းကတန်း လိုက်သွားရတာ အဲဒီလိုမျိုး ဟာမျိုးတွေလေ။ ဗဟိုအနေနဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကျတော့ ကျနော် တာဝန်ယူရတယ်ဆိုပေမဲ့ မြောက်ပိုင်းကိုလည်း ကျနော်တို့က ပိုင်တာမဟုတ်ဘူး။ အမိန့်ပေးလို့လည်း ရတာလည်း မဟုတ်ဘူးဗျာ။ ဆိုတော့ အဲဒီအချိန်မှာမှ စပြီးတော့ ABSDF ကို တည်ဆောက်နေရတဲ့အချိန်ကိုး။ ရိုးရိုးလေးပဲပေါ့ဗျာ ။ ဒီလောက် များတဲ့လူတွေ Spy ဆိုတာ ဖြစ်မှာ မဖြစ်နိုင်တာကြီးကို။ ဆိုတော့ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုပဲရှိတယ် ။အဲဒီလို ဖမ်းထားတဲ့လူတွေကို ထပ်မသတ်ဖို့၊ နောက် လွှတ်ပေးဖို့ပေါ့။ အဲဒါ မြောက်ပိုင်းနဲ့ ညှိုတဲ့အခါကျတော့ သူတို့က မိဘတွေကို တနေ့နေ့ တချိန်ချိန် ပြန်အပ်ပြီးတော့ လွှတ်မယ် ဆိုတဲ့ ဥစ္စာမျိုး ကျနော်တို့ ဒါပဲ လုပ်ပေးလို့ ရတာကိုး။ တနေ့နေ့ကျရင်တော့ ဒီကိစ္စတွေကို ရှင်းရမှာပဲဆိုတာမျိုး အားလုံးက ဗဟိုက ခံယူထားတယ်။ သူတို့ကိုလည်း ကျနော်တို့ ပြောပြတယ်။ မြောက်ပိုင်းက တာဝန်ရှိတဲ့လူတွေ။”

ရန်ကုန်မြို့မှာ လက်ရှိနေထိုင်သူ မသင်းသင်းညီကတော့- “ကျနော်တို့က ဒီသေသွားတဲ့၊ အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ အားလုံးဟာ ထောက်လှမ်းရေးမဟုတ်ဘဲနဲ့ အသတ်ခံရတာကိုပဲ အားလုံးကို သိစေချင်တာပေါ့။ သူတို့ကိုလည်း သူတို့ မှားခဲ့တယ် ဆိုတဲ့ဟာကို ဝန်ခံစေချင်တာ ဒီတခုတည်းပဲ ရှိပါတယ်။ ယုံကြည်ချက်နဲ့ ထွက်သွားကြတဲ့ သူတွေအားလုံးက ထောက်လှမ်းရေးပါဆိုပြီး အသတ်ခံလိုက်ရတယ်ဆိုတာ သမိုင်းမှာ ကျန်ခဲ့တာကို မလိုချင်ဘူး။ သမိုင်းအမှန်ကိုပဲ လိုချင်တာပါ။”

လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲကတော့ ဒီ မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တစုံတရာ ဝေဖန်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ABSDF လက်ရှိ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောပြတာက- “ABSDF မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ပေါ့နော် အမှန်တရားနဲ့ တရားမျှတမှု ဖြစ်စေဖို့အတွက်ကို နစ်နာခဲ့တဲ့သူတွေအတွက်လည်းပဲ ကျနော်တို့ တစုံတရာ ပြန်လည်ပြီးတော့ အဖြေရှာပေးနိုင်ဖို့ အတွက်ကို ကျနော်တို့ ကော်မတီတရပ်ကို ဖွဲ့စည်းပြီး တာဝန်ပေးခဲ့ပါတယ်။”

ABSDF မြောက်ပိုင်း ဖြစ်ရပ်မှာ အသတ်ခံရသူတွေ၊ ညှဉ်းပန်းနှိပ်စက်ရင်း သေဆုံးသွားသူတွေအတွက် ကျန်ရစ်သူ မိသားစုတွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ဒီရက်ပိုင်းတွေအတွင်း ဝမ်းနည်းဖွယ် အနှစ် ၂၀ ပြည့် အခမ်းအနားတွေ ကျင်းပကာ ကောင်းမှုကုသိုလ်တွေ ပြုကြတာလည်း သိမြင်ရကြောင်းပါခင်ဗျာ။

ကျော်သားတပ်မတော် (ABSDF) ဥက္ကဌကြီး ရဲဘော်သံခဲ ငိုကြွေးနေသည့် ဗွီဒီယို အွန်လိုင်းတွင် ပျံ့နှံ့

 မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌကြီး ငိုနေသည့် ဗွီဒီယို အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိကြောင်း တွေ့ရသည်။ ABSDF သည် ၈၈ မျိုးဆက် ကျောင်းသားများ ထောက်လှမ်းရေးဖမ်းမည်ကို ကြောက်ပြီး တောခိုရာမှ KNU နှင့် ပြည်ပ အကူအညီကို ယူကာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးသူရဲကောင်းများဟု ၎င်း တို့ကိုယ်တိုင်က ပြောဆိုလျှက်ရှိသော်လည်း ယခုကဲ့သို့ ဥက္ကဌကြီးမှ မျက်ရည်လွယ်နေခြင်းမှာ စိတ်ပျက်စရာ ဖြစ်ကြောင်း ဝေဖန်မှုများရှိနေပါသည်။ ABSDF အဖွဲ့မှာ နာမည်ပျက်များဖြင့် ကျော်ကြားလျှက်ရှိပြီး မြောက်ပိုင်းတွင် ကျောင်းသားအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှု၊ ဥက္ကဌဟောင်း မိုးသီးဇွန်မှ NLD ကို ဝေဖန်ပြီး စင်ပြိုင်လွှတ်တော် တည်ထောင်မှု၊ လက်ရှိဥက္ကဌ သံခဲမှ မျက်ရည်လွယ်မှုများသည် လူထုကို အထူး စိတ်ပျက်စေသည့် အချက်များဖြစ်သည်။ ABSDF အဖွဲ့သည် နိုင်ငံခြား အထောက်အပံ့ယူကာ အစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့သူများဖြစ်ပြီး ယခုအခါ အဖွဲ့ဝင်အားလုံးနီးပါးသည် UN နှင့်ချိတ်ဆက်ကာ တတိယနိုင်ငံများတွင် အထောက်အပံ့ စားသောက်နေကြပြီး မြန်မာနိုင်ငံကို ပြန်လာကြရန် ငြင်းဆန်လျှက်ရှိကြေင်း သိရသည်။


.အားကိုးချင်စရာ မျက်ရည်လွယ်သည့် ABSDF ဥက္ကဌကြီး.

 

ABSDF စတင်ဖွဲ့စည်းသည့်နေ့ကို နိုဝင်ဘာ ၁ ရက်သို့ ပြောင်းလဲခြင်းသည် သမိုင်းအမှားကို ပြုလုပ်ခြင်းဖြစ်ဟုဆို

From : ..YMG

 ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတင်ဖွဲ့စည်းသည့် နေ့ နိုဝင်ဘာ၅ရက်အား နိုဝင်ဘာ ၁ရက်သို့ ပြောင်းလဲသတ်မှတ်ခြင်း သည် သမိုင်းအမှားကို ပြုလုပ်ခြင်း ပင်ဖြစ်ကြောင်း ABSDF အဖွဲ့ ၏ ပထမဆုံး ဥက္ကဌဟောင်းဖြစ်သူ ဦးထွန်းအောင်ကျော်က ပြော သည်။

''တော်လှန်ရေးနယ်မြေ ရောက်ကျောင်းသားများ နှီးနှော ဖလှယ်ပွဲခေါင်းစဉ်နဲ့ ၁၉၈၈ခုနှစ် နိုဝင်ဘာ၁ရက်မှာ သဘာပတိကေ အင်န်ယူဗိုလ်ချုပ်ကြီးတာမလာ ဘောက  ဆောင်ရွက်ပြီး ကေအိုင်အို နိုင်ငံ ခြားရေးတာဝန်ခံ ဒေါက်တာတူး ဂျာက အကျိုး တော်ဆောင်၊ အ ရန်အကျိုးတော်ဆောင်အဖြစ် ဆင် မြူရယ်တို့က ဆောင်ရွက်ပြီး မှတ် တမ်းတင်သူများအဖြစ် ရခိုင်လွတ် မြောက်ရေးပါတီက ခိုင်ထွန်းခိုင် နဲ့ ခိုင်ဇော်ခိုင်တို့နှစ်ဦးက ညီလာ ခံမှာ မှတ်တမ်းတင်ပေးခဲ့တာပါ။ ပူးတွဲ ပါမူရင်း စာရွက်တွေ ကို ကြည့် ရင် နိုဝင်ဘာ၁ရက်က ကျောင်း သားများ နှီးနှောဖလှယ်ပွဲအခြေ အနေသာရှိပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုက ရက်တစ်တပ်ဦးက အဖွဲ့အစည်း အဖြစ် ပေါ်ပေါက်ခြင်းမရှိသေး ပါဘူး။ အဲဒီနေ့က ABSDF  အဖွဲ့ ကို ဖွဲ့ဖို့ မဆိုနဲ့ ကျောင်းသားကိုယ် စားလှယ်တွေကို စိစစ်ဆဲပဲရှိသေး တယ်။ ABSDF အဖွဲ့ဖွဲ့စည်းခဲ့တဲ့ နေ့က နိုဝင်ဘာ၅ရက်ကအမှန် ဖြစ်ပါတယ်''ဟု ဦးထွန်းအောင် ကျော်က ပြောသည်။

လက်ရှိတွင် ABSDF အဖွဲ့ ၂၅နှစ်ပြည့် အခမ်းအနားအား လိုင်ဇာအနီးရှိ လက်ခမ်းဘန်းတွင် နိုဝင်ဘာ၁ရက်က ပြုလုပ်ခဲ့သည်။ ''ဒါနဲ့ပတ်သက်လို့ လက်ရှိ
ဥက္ကဌကိုသံခဲကို စာရွက်စာတမ်း နဲ့ ရှင်းလင်းပြောပြပေမယ့် လက် မခံဘဲ နိုဝင်ဘာ ၁ရက် က မှတ် သားရလွယ်တယ်လို့ ပြန်ပြော ခဲ့တယ်''ဟု ယင်းကပြောသည်။

အောက်တိုဘာ ၃၁ရက် ကပြုလုပ်သော ABSDF (၂၅) နှစ်ပြည့်အခမ်းအနား အစမ်းလေ့ ကျင့်ပွဲတွင် သတင်းထောက်တစ် ဦး၏မေးမြန်းချက်အား ABSDF
ဥက္ကဌရဲဘော်သံခဲက ''၁၉၈၈ခုနှစ် နိုဝင်ဘာ၁ရက်မှာ ကရင်ပြည်နယ် ဝမ်ခမှာ ကရင် အမျိုးသား လွတ် မြောက်ရေးနယ်မြေမှာ ကျောင်း သားကိုယ်စားလှယ်တွေက ညီလာ ခံကျင်းပတယ်။ သုံးရက်မှာညီလာ ခံကြီးက အောင်မြင်စွာပြီးဆုံးပြီး တော့ ဒါ  ABSDF ဆိုတာပေါ် လာတာဖြစ်ပါတယ်။ တခိျု့က လဲ နိုဝင်ဘာ ၁ရက် ကို ကျောင်း သားတပ်မတော်ရဲ့ မွေးဖွားတဲ့ နေ့လို့ပြောတယ်။ တခိျု့ကလဲ ကော်မတီဖွဲ့တဲ့ သုံးရက်ကို ပြောတယ်။ ဒါဟာ ပြဿနာပါ။ ၁ရက်နေ့မှာပေါ်သည်ဖြစ်စေ ၃ရက်နေ့မှာပေါ်သည်ဖြစ်စေ ကျောင်းသားတပ်မတော် ဟာ မြန်မာပြည်နိုင်ငံ ရေး သမိုင်း ဒီမိုကရေစီရရှိရေးသမိုင်းမှာ စစ် အာဏာရှင်ဆန့်ကျင်ရေးသမိုင်း မှာ နောက်မဆုတ်တမ်းတိုက်ပွဲ ဝင်ခဲ့တယ်''ဟုပြောသည်။
 

.. www.MyanmarExpress.net
 

ABSDF ကျောင်းသားတပ်မတော် ဝဘ်ဆိုက် Hack ခံရ


ABSDF ရဲ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး ကျင်းပတဲ့ရက် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် ဂုဏ်ပြုလိုက်ခြင်း

 ၁) ရဲမေ ခင်ချိုဦး (ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF (မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ- သူမ၏တောင်းဆိုမှု အရ သံချောင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း (ရန်ကုန်) (တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင် သေးလဲဟုအငြိုးတကြီးကြိမ်းမောင်းခဲ့)


 (၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

 (၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက် တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)
 

(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၈)ရဲဘော်ရန်အောင်(မန္တလေး)(ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၉)ကိုချိုကြီး(မန္တလေး(ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

 (၁၂) ရဲဘော် အေးမြင့် ( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) 

(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF (ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက် အရ သံချောင်း မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။ 


.. www.MyanmarExpress.net
 

ABSDFမြောက်ပိုင်းကျောင်းသားများတပ်ဖွဲ့နှင့် ရဲဘော်ဟောင်းများတွေ့ဆုံ

From :myanma age


ABSDFမြောက်ပိုင်းကျောင်းသားများတပ်ဖွဲ့သည် ကချင်ပြည်နယ် မိုးညှင်သို့ ရောက်ရှိကာ မိုးညှင်းမြို့ရှိ ကျောင်းသားဟောင်းများနှင့် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။

မိုးညှင်းမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ရုံးတွင် ABSDFမြောက်ပိုင်း ကျောင်းသားများ တပ်ဖွဲ့မှ ကိုအောင်ဆွေဦး (မြောက်ပိုင်းအလုပ်အမှုဆောင် အဖွဲ့ဒုတာဝန်ခံ)၊ ကိုယောရှု (မြောက်ပိုင်းအလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်)၊ မညိုညိုလင်း (သတင်းမှတ်တမ်းဌာန)၊ မြို့ပေါ်ရှိ ရဲဘော်ဟောင်းများ၊ မိသားစုဝင်များ၊ ဒေသခံများနှင့်တွေ့ဆုံခဲ့သည်။

“ဒီခရီးစဉ်ဟာ ရဲဘော်ဟောင်းများနဲ့ မိသားစုများ၊ မြို့ပေါ်အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ချင်လို့လာခဲ့တာ”ဟု လာရောက်တွေ့ဆုံသူများက ပြောကြသည်။ “တိုက်ပွဲဝင်ခဲ့ကြတာဟာ လူမျိုးရေးအတွက် မဟုတ်ဘူး။ ငြိမ်းချမ်းရေးယူတာလည်း စစ်ရှုံးလို့မဟုတ်ဘူး။ ပြည်သူအတွက် လက်ရှိအစိုးရနဲ့လက်တွဲပြီး ပြည်သူအကျိုးပြုဖို့ လာခဲ့ကြတာပါ”ဟု ကိုယောရှုမှ ပြောသည်။

(၂၅)နှစ်တာ လုပ်ဆောင်ခဲ့မှုများသည် အလကားမဟုတ်ကြောင်း၊ ပြည်သူလူထုကို အကျိုးပြုရန်၊ လက်ရှိအစိုးရနှင့် လက်တွဲလုပ်ဆောင်ရန် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လာခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွးခဲ့ပုံများကို ရှင်းပြ ၍ ရှေ့ဆက်၍ ဖက်ဒရယ်ပြည်ထောင်စု ရရှိရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဟု ကိုအောင်ဆွေဦးက ပြောသည်။

www.MyanmarExpress.net
 

ကျောင်းသားများ မတရား သတ်ဖြတ်ခံခဲ့ရသည့် ပါဂျောင်အရေးးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း ABSDF ဒုဥက္ကဋ္ဌ ပြောကြား

From : ..eleven

8.11.19
 သြဂုတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ABSDF သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်
 ကျောင်းသားများ မတရား သတ်ဖြတ်ခံခဲ့ရသည့် မြောက်ပိုင်း ပါဂျောင်ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

ကျောင်းသားများ မတရား အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားကြောင်း၊ လက်ရှိတွင် ကော်မရှင်အနေဖြင့် ယင်းကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော အဖွဲ့ဝင် ၁၀၀ ဦးအနက် အဖွဲ့ဝင် ၃၄ ဦးကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်းနှင့် ယခုနှစ် ကုန်ပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းက သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

''ကော်မရှင် အစီရင်ခံစာကို အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ သေဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေရဲ့ မိဘတွေဆီကို တရားဝင် တောင်းပန်စာတွေ ပို့ထားပြီး ဖြစ်ပါတယ်'' ဟု ဦးမျိုးဝင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး ABSDF သည် ရှစ်လေးလုံး ငွေရတု အခမ်းအနား တက်ရောက်ရန်နှင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အတွက် ရန်ကုန်မြို့သို့ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် လက်နက်ကိုင်အဖွဲ့မှ နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းသို့ အသွင်ကူးပြောင်းမည် မဟုတ်ကြောင်း ဥက္ကဋ္ဌရဲဘော်သံခဲက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

.. www.MyanmarExpress.net
 

ပါဂျောင်သတ်ဖြတ်မှူအစီရင်ခံစာ ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ABSDF ဒုဥက္ကဋ္ဌပြော

From : .... ဘိုးအောင်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တက်တပ်ဦး (ABSDF) မှ ၁၉၉၂ ခုနှစ်တွင် ကျောင်းသားများကို စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက် သတ်ဖြတ်ခံရမှူကို ၂၀၁၃ ဒီဇင်ဘာလတွင် ကြေငြာချက် အစီရင်ခံစာတစ်ရပ်ထုတ်ပြန်မည်ဖြစ်ကြောင်း ABSDF ဒုဥက္ကဋ္ဌဦးမျိုးဝင်း က ပြောကြားသည်။
 


“တရားမျှတမှူ နှင့် အမှန်တရား ပေါ်ပေါက်ရေးအဖွဲ့က လေ့လာတွေ့ရှိချက်အရ ထုတ်ပြ န်သွားမှာပါ။ ဒီကိစ္စမှာက ပါဝင်ပါတ်သက်သူ ၁၀၀ ခန့်ရှိနေပြီး ၃၀ လောက်ကိုပဲ တွေ့ရသေးတယ်။ ကျန်တဲ့လူ ၇၀ကို မတွေ့ရသေးဘူး။ လေ့လာတွေ့ရှိချက်တွေ အရအမှန်တရား ပဲဖြစ်စေရမယ် ” ဟု ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ဆက်လက် ပြောကြားသည်။

ပါဂျောင်တွင် ကျောင်းသားများ အစုပြုံလိုက် သတ်ဖြတ်မှူ နှင့် ပါတ်သက်၍ ABSDFမှ ဖွဲ့စည်းထားသော တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်ရေး အဖွဲ့မှ စစ်ဆေး တွေ့ရှိချက်များကို ဒီဇင်ဘာလတွင် ထုတ်ပြန် အစီရင်ခံ တင်ပြပြီးနောက် သတ်ဖြတ်ခြင်း ခံရသော မိသားစုဝင်များက တည်ဆဲ ဥပဒေအရ တရားစွဲ အရေးယူနိုင်ကြောင်း ABSDF အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည် ။

“သတ်ဖြတ်မှူမှာ ပါသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို တောင်းပန်တာတွေ အားပေး နှစ်သိမ့်တာတွေ လုပ်ပေးမယ်။ နောက်ပြီး အစီရင်ခံစာအရ အသတ်ခံရတဲ့ ကျောင်းသားတွေရဲ့ သက်ဆိုင်ရာမိသားစုတွေက တရားစွဲချင်လည်း ရပါတယ်”ဟု ဆက်လက် ရှင်းပြသည် ။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ၁၉၉၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရဖိနှိပ်မှူ လွတ်မြောက်ရန်အတွက် ယုံကြည်ချက်ကြောင့် တောခိုလာကြသော ကျောင်းသား ၁၀၇ ဦးကို စစ်ထောက်လှမ်းရေးဟု ဆိုကာ ဖမ်းဆီးစစ်ဆေးပြီး ၁၄ ဦးသေဆုံးခဲ့ပြီး အာစံကုန်းတွင် ၁၅ ဦး ၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၉ ဦးနှင့် ထွက်ပြေးလွတ်မြောက်ခဲ့သူ ၅၅ ဦးရှိခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်ခဲ့သော ကျောင်းသားများက ဆိုကြသည်။


ယင်းကဲ့သို့ ပါဂျောင်ဒေသတွင် ကျောင်းသားများ အစုလိုက်သတ်ဖြတ်ခံရမှု နှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆမားဦးညီညီက အောက်ပါအတိုင်း ပြောကြားခဲ့သည်။


“ကျောင်းသားတစ်ယောက်ချင်း အမှု ဖွင့်နေရင်ကြာသွားမယ်။ ဒါကြောင့် စုပေါင်းပြီး အမှုဖွင့်ပြီး တရားခံစာရင်း ကို နိုင်ငံတော်သမ္မတ နှင့် လွှတ်တော် တရားရေးသို့ တင်ပြသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုအပေါ် လုံးဝမကျေအေးနိုင်”ဟု ဆမားဦးညီညီ က ဆိုခဲ့သည် ။
ယခုအခါ ABSDF အနေဖြင့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များ ကို ရရှိခဲ့ပြီး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ရရှိရေး ၊ ပြည်တွင့်ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွက်လာရေး ကို ဦးတည်ပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ABSDF ထုတ်ပြန်ကြေငြာချက်များ အရ သိရသည်

www.MyanmarExpress.net

 

ABSDF (တောင်ပိုင်း)က ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကတော့ထောက်လှမ်းရေးဆိုတာ သေချာပါတယ်တဲ့လား Dr နိုင်အောင်

From : .. ဇင်မာမြင့်


မီဒီယာစာမျက်နှာထက်ကနေ ပြောလို့ရတယ်ဆိုပြီး အပိုင်ကိုပြောချလိုက်ပါတဲ့ ပြည်တော်ပြန် နိုင်ငံရေးလုပ်စားသူကြီးကိုနိုင်အောင်ရေ….
ABSDF (တောင်ပိုင်း) အုပ်စုက မြောက်ပိုင်းလောက် အုပ်စုမတောင့်၊သေသူသေ၊ရှင်သူက တပြည်တရွာစီမှာ တကွဲတပြား ကိုယ့်စားဝတ်နေရေး ကိုယ်ရုန်းကန်နေကြရတော့ ပြန်မဖြေရှင်းလောက်ဘူးဆိုပြီး အဲဒီချိန်က တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်ချင်းကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်နှိပ်စက် ဒီလူတွေကို နိုင်ငံရေးသေအောင် သတ်ခဲ့ပြီးတာတောင် အခုမြန်မာပြည် နိုင်ငံရေးမှာ သူရဲကောင်းဖြစ်ချင်သူကြီးက ထပ်ပြီး မြေမြှုပ်လိုက်ပြန်တာလား။ကျွန်မဟာ အသက်(၅၁)နှစ်ရှိတဲ့ အိမ်ထောင်ရှင်မ တယောက်ပါ၊နိုင်ငံရေးနားမလည်ပါဘူး၊ရှင် ထောက်လှမ်းရေးလို့ပြောတဲ့ လုပ်သားကောလိပ်၊မြန်မာစာဌာနက ဆရာကိုနေ၀င်းအောင်ရဲ့
ညီမအရင်းပါ။တောထဲမှာကျွန်မအစ်ကို သေပြီလို့တောင် ကြားခဲ့ရပြီးမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး နှိပ်စက်ခံခဲ့ရတာတွေ စွပ်စွဲနှိပ်စက်သူက ABSDF မှာတာဝန်အရှိဆုံးလို့ဆိုတဲ့ Dr နိုင်အောင်ဆိုတာ အခု ပါဂျောင်ရှင်းတမ်းမှာ ထပ်ကြားရသလိုမိုးသီးဇွန်နဲ့နိုင်အောင် နယ်လု၊အာဏာလုရာကနေဖြစ်တဲ့ နိုင်ငံရေးလှည့်ကွက်ကလိမ်ကကျစ်တွေထဲမှာ ဓားစာခံဖြစ်ပြီး စွပ်စွဲခံရတာလို့ တဆင့်စကားကြားခဲ့ရတယ်။ရှင် ဂျာနယ်စာမျက်နှာထက်မှာဝန်ခံသလို ထောက်လှမ်းရေးဆိုပြီးနှိပ်စက်၊ထောင်(၁၀)နှစ်ချ၊အချုပ်ထဲမှာ ကျွန်မအစ်ကိုနဲ့ ကိုစိုးလင်းအပါအ၀င် ထင်ကျော်၊မြင့်ဦး တို့ဟာဒီတခါ စခန်းတစ်ခုကတစ်ခု ပြောင်းရင်တော့ငါတို့ကို အသေသတ်ပြီး ထားခဲ့တော့မှာဆိုပြီး အချုပ်ခန်းဖောက်ထွက်ပြေးလို့လွတ်မြောက်ခဲ့ရတာပါ၊အချုပ်ထောင်ကျနေစဉ် ရှင်ကတော့ ဂျာနယ်စာမျက်နှာထက်မှာအကျဉ်းသားအခွင့်အရေးပေးခဲ့တယ်လို့ ရေးခဲ့ပါတယ်။ရှင်တို့ရဲ့ တောတွင်းအကျဉ်းခန်းမှာကျခဲ့ရတဲ့ ကျွန်မအစ်ကိုကတော့ သူ့ကိုနှိပ်စက်တာ၊သူများကိုနှိပ်စက်တာ၊တချို့မိန်းကလေးတွေကိုပြုကျင့်ဆက်ဆံခဲ့တာတွေကြောင့် တခါတလေ ချက်ချင်းသေသွားရင်ကောင်းမယ်လို့ ကိုယ့်ဘာသာကိုယ်တွေးမိတဲ့ အထိသွေးပျက်မတတ်ငရဲခန်းအနိဌာရုံတွေကို တွေ့ကြုံခံစားခဲ့ရပါတယ်တဲ့။ကျောင်းဆရာကို ရိုက်ဖူးတယ်ရှိအောင်ရိုက်ကြစမ်းကွာဆိုပြီး ကျောင်းသားငါးယောက်ကို ၀ိုင်းရိုက်ခိုင်းပြီး အပျင်းဖြေတာ ဘယ်သူပါလဲကိုနိုင်အောင် ၊ရှင်ရော Dr သောင်းထွန်းကရော တရားဥပဒေအရစစ်ဆေးခံရရင် အဲဒီအချိန်မှာ တာဝန်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေပါဝင်ဖြေရှင်းသင့်တယ် ပြောတာ ကျွန်မတို့က သိပ်ထောက်ခံတာပေါ့ရှင်၊ရှင်တို့ကကျွန်မအစ်ကို ကို တောထဲမှာ သမချင်သလို သမ နေခဲ့သလိုဘဲ ကျွန်မတို့ မိသားစု၊ဆွေမျိုးစုမှာ အဲဒီထောက်လှမ်းရေးတွေရဲ့စစ်ဆေးဖမ်းဆီးဒဏ်ကိုခံခဲ့ရတာပါ။ကျွန်မဆို အဲဒီချိန်က ဘိုကလေးမြို့ တိုင်းရင်းဆေးခန်းမှာတာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်း တယောက်ပါ။ဆရာမကို ထောက်လှမ်းရေးဆွဲသွားတယ် ဆိုပြီးနာမည်ကိုကြီးလို့။မအူပင်ထောက်လှမ်းရေးတပ်ကိုခေါ်သွားပြီး အစစ်ခံခဲ့ရတာ အဲဒီချိန်က ကျွန်မကိုစစ်မေးရင် နင့်အကို သူပုန်ဆိုတာ ထပ်နေတာပဲ။ကျွန်မအစ်ကို ဘယ်မှာရှိနေလဲ။ဘာတွေလုပ်သလဲ။ဘယ်သူတွေနဲ့ ဆက်သွယ်လဲ ဆိုတာ အမျိုးမျိုး ခြိမ်းခြောက်စစ်မေးခံရတယ်။ကျွန်မတို့ရဲ့ အိမ်ထောင်ဦးစီး အစ်မကြီးကိုတော့ ရန်ကုန်အိမ်ကနေ နှစ်ညအိပ်သုံးရက်ခေါ်သွားပြီး အတော်အတန် နှိပ်စက် စစ်မေးခံရပါတယ်။အဲဒီစစ်ဆေးခံရတဲ့ ဒဏ်ကြောင့်မျက်လုံးတဖက် ဒဏ်ရာရပြီး ကွယ်လုနီးပါးဖြစ်သွားခဲ့ပါတယ်။ခြေထောက်နှစ်ဖက်မှာလည်း မျဉ်းလုံးနဲ့အလှိမ့်ခံထားရလို့အညိုအ မည်းစွဲပြီး ခုထိ အဆစ်အမြစ်တွေနာနေတုန်းပါ။ကျွန်မ အခုရေးပြနေတဲ့ နှိပ်စက်ခံရမှုကတော့ရှင်တို့ တောတွင်းဥပဒေနဲ့ စစ်ဆေးခံရပုံနဲ့မိုးနဲ့မြေကွာနေမှာပေါ့နော်။ရှင်တို့ ၀ိုင်းနှိပ်စက်လိုက်တဲ့ မီမီခိုင်ဆိုတဲ့ မိန်းကလေး ဘယ်လိုဖြစ်ခဲ့ရတယ်ဆိုတာ တောတွင်းမှာလဲ လူ့အခွင့်အရေးပေးခဲ့ပါတယ် ဆိုတဲ့ ရှင်တို့အသိဆုံးပါဘဲ။စစ်ထောက်လှမ်းရေးက အဲဒီအချိန်မှာ ကျွန်မအစ်ကို ကိုအသေရရ အရှင်ရရ ဖမ်းချင်တယ်ဆိုတာ သူတို့အချင်းချင်းပြောဆိုမှုတွေအရ ကျွန်မတို့ကို စစ်ဆေးမှုတွေအရ သိခဲ့ရတာပါ။ဒါပေမဲ့ ကျွန်မအစ်မကိုရော ကျွန်မ(အဲဒီတုန်းကအပျိုပါ) ကိုပါ မုဒိမ်းလဲမကျင့်ပါဘူး၊မီမီခိုင်လိုဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ရင်သား၊ဆီးစပ်တွေမှာ မရှိပါဘူး။ကျွန်မတို့ ၀န်ခံထွက်ဆိုထားချက်တွေကို လက်မှတ်ထိုးခိုင်းထားတာ သူတို့ဆီမှာရှိနေမှာပါ။ဒါကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးတွေကိုလည်းကျွန်မတို့အစ်ကို ထောက်လှမ်းရေးဟုတ်မဟုတ် အစစ်ခံစေချင်တယ်ဆိုတဲ့ရှင်တို့စကားကို သိပ်ထောက်ခံပါတယ်ရှင်။အဲဒီအချိန် ပုဇွန်တောင်မြို့နယ်မှာတာဝန်ကျပြီး ကျွန်မတို့ ဆွေမျိုးတစ်စုကို ဒုက္ခတွေပေးခဲ့တဲ့ ထောက်လှမ်းရေးတွေပါ ပါဝင်သင့်တယ်။ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။ယောက်ျားတွေပဲ။အဲဒီအချိန်တုန်းကမှားခဲ့ပါတယ်လို့သတ္တိရှိရှိ ၀န်မခံဘဲ ခုချိန်ထိ ကလိန်ကကျစ် နိုင်ငံရေးလုပ်စားဖို့ကြိုးစားနေတုန်းပါလား။နိုင်ငံရေးအပေါ်ဆက်ပြီးအမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေသေးတယ်နော်။ABSDF(မြောက်ပိုင်း)က အုံနဲ့သင်းနဲ့ အဖြစ်မှန်တွေကို အထုပ်ဖြေပြသွားပြီဖြစ်လို့ ရှင်ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးလေ။အဲဒီတော့ ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင် တို့ကတော့ ABSDF (တောင်ပိုင်း)ထောက်လှမ်းရေးတွေပါလို့ မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်ပြန်တာပေါ့။ရယ်စရာကြီးပေါ့။ရယ်စရာကြီးပါ။ကိုနိုင်အောင် မရှက်တတ်ဘူးလား။ငါတို့သေအောင်နှိပ်စက်တာ မသေလို့ ကျန်နေတဲ့ ဒီကောင်တွေ ပြန်မဖြေရှင်းရဲလောက်ဘူးထင်ပြီး မီဒီယာ စာမျက်နှာထက်တင်လိုက်ကြတာပေါ့လေ။ဟုတ်ပါတယ်၊တကယ်လဲ ကျွန်မအစ်ကိုဟာ နိုင်ငံရေးကိုစိတ်ကုန်သွားပါတယ်။စိတ်ဒဏ်ရာ၊ကိုယ်ဒဏ်ရာတွေနဲ့ ည-ည ဆို ထ-ထ လန့်အော်ပြီး ပြန်မအိပ်နိုင်တော့အောင် စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ဒါပေမဲ့ ကိုယ့်သမိုင်းကိုယ်ရှင်းရမယ်။အမှန်တရား ပေါ်စေရမယ်ဆိုပြီးသူတို့လဲသူတို့နည်းနဲ့ သူတို့ဖြေရှင်းပါလိမ့်မယ်။ကျွန်မကတော့ ရှင်တို့ဂျာနယ်အစောင်စောင်မှာပြောသလို စစ်မှန်တဲ့ တရားဥပဒေရှိရင် ဖြေရှင်းမှာပါဆိုတာရယ်၊စစ်ထောက်လှမ်းရေးတွေပါ ပါဝင်ဖြေရှင်းသင့်တယ်ဆိုတာရယ်ကို ကြိုဆိုထောက်ခံမျော်လင့်နေပါတယ်။တောတွင်းကနေ တော်လှန်ရေးလုပ်မယ်ဆိုပြီး တောခိုသွားမှ ရှင်တို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲမှာ ရက်ရက်စက်စက်အသတ်ခံသွားရတဲ့ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန် တို့လိုလူတွေ အသက်မသေပေမဲ့ ဒီနိုင်ငံထဲမှာဘဲ ဘ၀ပျက်နေခဲ့သူတွေ၊စစ်အစိုးရကိုလဲကြောက်၊ရှင်တို့လိုက်သတ်မှာလဲ ကြောက်ပြီး ကိုယ့်တိုင်းပြည်မဟုတ်တဲ့ဆီ ပြေးပြီး မသေအောင်ရုန်းကန်နေသူတွေကိုနိုင်ငံရေးသတ်ခဲ့ပြီးတာတောင်အားမရနိုင်သေးဘူးလား။စစ်အစိုးရ ထောက်လှမ်းရေးတွေက ခြိမ်းခြောက်စစ်မေးတာတောင်ကျွန်မ တုန်နေအောင်ကြောက်ခဲ့ရပါတယ်။ကျွန်မ အစ်ကိုအပါအ၀င် ရှင်တို့နှိပ်စက်ခံခဲ့ရသူတွေဟာ သူတို့အသားနာ မခံနိုင်လွန်းလို့အသက်မသေဖို့အတွက် ရှင်တို့ဖြစ်စေချင်သလို ၀န်ခံထွက်ဆိုခဲ့ရတာ အဲဒီအချိန်က ရှင်တို့ကိုထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကိုပြနိုင်ဖို့ NGO တွေ၊သံရုံးတွေ၊နိုင်ငံခြားသတင်းဌာနကလူတွေကိုခေါ်ပြီး ၀န်ခံခိုင်းတဲ့အတိုင်း ရှင်တို့စိတ်တိုင်းကျ ဇာတ်လမ်းတွေ တ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ထောက်လှမ်းရေးတွေပါလို့ သက်သေပြနိုင်တယ်တဲ့လား? ABSDF(မြောက်ပိုင်း)က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာပါဂျောင်သတ်ဖြတ်ပွဲ အကြောင်း ရှင်းတမ်းလုပ်တုန်းကမီဒီယာတွေလဲတွေ့ခဲ့မြင်ခဲ့၊ကြားခဲ့ ရပါတယ်။လူတယောက်ရဲ့ ဂုဏ်သိက္ခာမရှိအောင် ကိုယ့်သေးကိုယ်ပြန်သောက်ရ၊ခြေထောက်နှစ်ဖက်ကြိုးတုတ်၊လက်ပြန်ကြိုးတုတ်ပြီးထမင်းကိုခွေးကျွေးသလို ကျွေးဆိုတဲ့ လူမဆန်တဲ့ ရက်စက်နှိပ်စက်မှုတွေကနေ လွတ်မြောက်လာကြတဲ့ ABSDF (မြောက်ပိုင်း)အုပ်စု၊ABSDF(တောင်ပိုင်း)က မိန်းကလေး တယောက်တောင်တွေ့ပါတယ်။ဘယ်သူတွေဟာ ကားအကောင်းစားကြီးစီးပြီးချမ်းသာတောက်ပြောင်နေသူပါ ပါသလဲ။သူတို့ကိုကြည့်လိုက်တာနဲ့ ဘ၀ပျက်ခဲ့ကြတာ၊စွန့်လွှတ်ခဲ့ကြတာ၊နွမ်းပါးနေခဲ့ကြတာ အသိသာကြီးပါ။ရှင်တို့လက်ထဲကလွတ်အောင်ပြေးခဲ့တဲ့ ကိုစိုးလင်းရဲ့ ဇနီးဆရာဝန်မ မှာရောဂါကြီးဖြစ်နေတာ ဆေးကုဖို့တောင်အနိုင်နိုင်ပါ။ကျွန်မ အစ်ကို ကိုနေ၀င်းအောင်ဆို မနက်(၆)နာရီကနေ ည(၆)နာရီထိ ဆူရှီလိပ်မှ ထမင်းနပ်မှန်ပါတယ်။Dr နိုင်အောင်လို အဖွဲ့အစည်းတွေကထောက်ပံ့တဲ့ ဒေါ်လာတွေနဲ့ ကျည်ကာ ကားဝယ်မစီးနိုင်ပါဘူး။မဲဆောက်မှာ အိမ်နှစ်လုံး မရှိပါဘူး။ဘန်ကောက်မှာလဲ နေဖို့အိမ်မရှိပါဘူး။ရှင်တို့ကျတော့ မြန်မာပြည်ထဲမှာ ဒီမိုကရေစီလဲရလာချိန်၊ပြည်ပကနေဘဲနိုင်ငံရေးဆက်လုပ်နေရင် ရှင်တို့တောင်စားနေကျ အဖွဲ့အစည်းတွေကမထောက်ပံ့တော့ဘူး၊မြန်မာပြည်ထဲ ပြန်ဝင်မှ ထောက်ပံ့ငွေရမယ်ဆိုလို့ဒေါ်လာ ဆက်စားနိုင်အောင် ၀န်ကြီးတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပြန်ဝင်လာရုံသာမက နိုင်ငံရေး သူရဲကောင်း တောင်လုပ်လိုက်ချင်သေးတယ်။ပါလတရားဆိုတာ မနေပါဘူး။အခုတောင် ရှင်တို့ ရက်ရက်စက်စက်သတ်ခဲ့တဲ့ ကိုထွန်းအောင်ကျော် တို့ တတွေရဲ့ အရိုးက တွန်နေပါပြီ။


.. www.MyanmarExpress.net
 

ရှစ်လေးလုံး ငွေရတု ပထမနေ့ ရန်ပွဲ ဓာတ်ပုံများ



ဒေါ်ချိုချိုကျော်ငြိမ်း။  ။စစ်ထောက်လှမ်းရေး ဆိုပီးသတ်ခံရတဲ့ကျောင်းသား တပ်မတော် ကမောင်မောင်ကြွယ်က ငါ့မွေးစားသား ဒီကိစ္စ မင်းတာဝန်ယူရမယ်.... မင်းမှာကလေးရှိလား ဆိုတော့မရှိဘူး.... မင်းတနေ့ဝဋ်လည်မယ်...


တရားခံ ၈၈ ကျောင်းသား နိုင်အောင်။  ။ အန်... အဲဒါ... ဒါက ဒီလိုရှိပါတယ်... ကျွန်တော်တို့ကျောင်းသားတွေက ခုနကပြောသလို... အစိုးရမကောင်းတော့ အခြေအနေရ သတ်ရတာပါ..


ကျောင်းသား တပ်မတော် ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ကို ဒေါ်ချိုချိုကျော်ငြိမ်းက သူမ၏မွေးစားသား အ.က.သ က ကိုမောင်မောင်ကြွယ် ကို ၈၈ မျိုးဆက် ကျောင်းသားများက ကျာင်းသားအချင်းချင်းသတ်ဖြတ်ခဲ့တာနဲ့ပတ်သပ်လို့ပြောဆိုနေတာဖြစ်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့သူ  ဒေါက်တာနိုင်အောင်ဟာ ကျောင်းသား တပ်မတော်  မြောက်ပိုင်း ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ခေါင်းဖြတ် သတ်ခံရမှု အတွက် ကိုထွန်းအောင်ကျော်ရဲ့မိခင်က လူသတ်မှုဖွင့် ထားတာကိုခံထားရသူ ဖြစ်ပြီး အလားတူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန် မှာလည်း လူသတ်မှုဖြင့် အမှုဖွင့် ခံထားရသူဖြစ်ပါတယ်။ ယခု ကျင်းပတဲ့ ရှစ်လေးလုံး ငွေရတု ပွဲကြီးမှာ ကျောင်းသားအချင်းချင်းသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရသူ အဆိုပါ နှစ်ဦးက အသတ်ခံရသူ ကျောင်းသားများရဲ့ မျက်နှာကို မထောက်ပဲ မျက်နှာပြောင်တိုက်ကာ မိန့်ခွန်းတွေ တက်ပြောပြီး အခြား ကျောင်းသားဆိုသူများ ကလည်း သေဆုံးသူ ကျောင်းသား တပ်မတော်သားများ အတွက် တခွန်းမှ မပြောခဲ့ကြပေ။ 

.. www.MyanmarExpress.net
 

မိုးသီးဇွန် တသက်လုံးဖုံးထားတဲ့ အမှူတမှုပေါ်ပြန်ပြီ

From : ..(သန်းဝင်း)

ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား
မိုးသီးဇွန်ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။
အီးမေးထဲမှာ “ ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာ
ဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။”


ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကိုမိုးသီးသတ်သလားမသတ်ဘူးလားဆိုတာ ကို
အများက ဆုံးဖြတ်ပါ။ ကျနော်သိသလောက်ရှင်းလင်းတင်ပြပါ့မယ်။
ဋ္ဌေးနိုင် ဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ပါ။
၁၉၈၈ မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို တည်ထောင်တဲ့အခါ
ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒေသကောလိပ် (၂) ရဲ့
သမဂ္ဂတာဝန်ခံတယောက်ဖြစ်ပါတယ်။
ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး ၁၉၈၈ နယ်စပ်ကိုရောက်တော့ သေဘောဘိုး စခန်းကိုရောက်ပါတယ်။
အဲ့ဒီအချိန်ဟာ ABSDF ပထမသက်တန်း ကျနော်အထွေထွေအတွင်းရေးမှူး ( အေဘီ ဗဟို) မှာ
တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။
ဒီလိုနဲ့ နှစ်လ သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီ ဗဟို ကိုရောက်လာပြီး၊
ကျနော့နားမှာနေခဲ့ပါတယ်။
ABSDF နှစ်ခြမ်းကွဲတော့
ကျနော် ၊ ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။
ကိုကိုဦး က အထွေထွေအတွင်းရေးမှူး၊ ကျနော် က EC ပါ။
မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံပေးအပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန်
ဋ္ဌေးနိုင်ကို မိုးသီး ကဖမ်းလိုက်ပါတယ်။
ဒီအချိန်မှာ နုငိအောင်ဘက်မှာ ကိုနေဝင်းအောင် နှင့် ကိုစိုးလင်း ( မြောက်ပိုင်း ABSDF) ကို သူလျှိုမှုနှင့်ဖမ်းဆီးပြီး မြေကျင်းမှာ
ထည့်ထားခဲ့တယ်။ ( တလအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)။


ကျနော်နှင့် ကိုကိုဦးက မိုးသီးဆီကိုစက်ရိုက်ပြီး၊ ဘာကြောင့် ဋ္ဌေးနိုင် ကို
ဖမ်းရတာလဲ လို့လှမ်းမေးပါတယ်။
မိုးသီး က နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်း ကို စစ်ဆေးတဲ့အခါ သူတို့က မိုးသီးဘက်ကဋ္ဌေးနိုင်ဟာ
လည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ် လို့ဖြေရှင်းပါတယ်။


ကျနော်က ပြင်းပြင်းထန်ထန်ကန့်ကွက် ငြင်းချက်ထုတ်ခဲ့ပါတယ်။
ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။
ငါနဲ့အတူတူလုပ်ခဲ့တာ။ လွှတ်ပေးပါ။
ငါအာမခံတယ်။
ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ငါတာဝန်ယူတယ်လို့
စက်သွယ်ရေးစက်မှတဆင့်ပို့ပေးခဲ့ပါတယ်။


ဒါပေမဲ့ မိုးသီး ဟာ ကျနော့်တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။
ကျနော် ကိုကိုဦး ကို မေးတော့လည်း ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဖြစ်နိုင်ဘူး။


နောက်ပြီး နိုင်အောင့် ဘက်ကပေးတဲ့သတင်းနဲ့ဖမ်းတယ် ဆိုတာ
အခြေအမြစ်မရှိဘူး လို့ သူ့စဉ်းစားချက်ကိုပြောပြီး၊
ကိုကိုဦး ဟာ သူ့ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကိုကြေးနန်းရိုက်ပါတယ်။


“ မိုးသီး ငါအထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ သဘောထားပေးတယ်။
ချက်ခြင်းလွှတ်ပေးပါ” လို့တောင်းဆိုခဲ့ပါတယ်။


ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။
အဲ့ဒီတော့ ကျနော်အတော်ဒေါသဖြစ်ခဲ့ပါတယ်။
ဒါကြောင့် မိုးသီးမင်းဋ္ဌေးနိုင်ကိုချက်ခြင်းလွှတ်ပါ။
မင်း မလွှတ်ရင် ငါမာနယ်ပလော ကို ရောက်၊
ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင် ကို ရအောင်ထုတ်ယူမယ် လို့
အကြောင်းကြားခဲ့ပါတယ်။


ဒီလိုနဲ့ ကျနော်မာနယ်ပလော ကို ဆင်းဖို့ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုံးတခုဝင်လာပါတယ်။
အဲ့ဒါကတော့ ချင်းမိုင်မြို့ က ဗိုလ်မှူးကြီး ထုံ လို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။
သူက “သန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကားဂိတ်မှာ
ပလိပ်တွေ က မင်း ကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ် လို့ပြောပါတယ်။
အဲ့တော့ ကျနော်က မေးတယ်။
ပလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲ ဆိုတော့
သူက မင်းကိုနယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ
အပြတ်ရှင်းဖို့ ထိုင်းပုလိပ် ကို ဘတ် တသောင်းပေးထားပြီးဖြစ်တယ် လို့ ပြောပါတယ်။
ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။
ဒီလောက်တောင်ယုတ်မာရသလား လို့။
ဒါနဲ့ ကျနော် မာနယ်ပလော ကို လုံခြုံရေးအရ မဆင်းဖြစ်တော့ပါဘူး။


နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်ကရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကိုရွေ့ပြောင်းရပါတော့တယ်။


အဲ့ဒီအချိန်မှာနိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ဟာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။
မိုးသီး ဘက်မှ ဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။
နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ သူတွေ အားလုံး ကို မေးမြန်းပါတယ်။


သူတို့ရှင်းပြတာက ဋ္ဌေးနိုင် ကိုစဖမ်းဖမ်းခြင်း၊ တဲအိမ်တခုမှာ လှောင်ပိတ်ထားတယ်။
ဗဟိုထဲမှာပေါ့။


နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင် ကို ဗဟိုရဲ့တဘက်ကမ်း သောင်ရင်းမြစ်ရဲ့
တဘက်ခြမ်းမှာမြေကျင်းသေးသေးလေးတူးပြီးတယောက်တည်းထားပါတယ်။
ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။


နောက်ပိုင်းအစောင့်စစ်သား နှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင် ကို ထားတာသိတ်ရက်စက်တယ်ဗျာ တဲ့။


သူ့အရပ် သူ့ကိုယ်ခန္ဓာနဲ့မဆန့်တဲ့ ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီး
ခြေထောက်ကလည်း အချိန်တိုင်းကွေးထားရတော့ တလလောက်အကြာမှာ ဋ္ဌေးနိုင်ဟာ
မတ်တပ်ရပ်လို့မရတော့ပဲ၊ ချိသွားတယ် တဲ့။
နောက်စစ်သားတယောက်ကမျက်ရည်ဝြဲပီးပြောတာက
သူတို့ထမင်းသွားပို့တဲ့အချိန်မှာ တာဝန်ခံတယောက်ပါတယ် တဲ့။
သူတို့ ဋ္ဌေးနိုင် ကိုတွေ့တဲ့အခါ၊
ဋ္ဌေးနိုင် က “မင်းတို့ငါ့ကိုဘယ်တော့သတ်မလဲ၊ မြန်မြန်သတ်လိုက်ပါကွာ။


ငါမင်းတို့နှပ်စက်တဲ့ ဒဏ်ကိုမခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြောတယ်လို့ ကျနော့ကိုရှင်းပြပါတယ်။
ဒီလိုနဲ့ ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ


မိုးသီးဟာ သူများတွေမရိပ်မိအောင် ဋ္ဌေးနိုင်လိုသရုပ်ဆောင်တဲ့တယောက်ကိုရွေးပြီး
မျက်နှာကိုဂုံနီအိပ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး လှေပေါ်ကိုတရားခံခေါ်သွား တယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်။


အဲ့ဒီသရုပ်ဆောင်တဲ့သူက ကိုရဲလင်း လို့ခေါ်ပါတယ်။
သူကိုယ်တိုင် ကျနော့ ကို ပြောပြတာဖြစ်ပါတယ်။


သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။
သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။
ဋ္ဌေးနိုင်ကိုသတ်တာမိုးသီးမှာတာဝန်ရှိတယ်။
မိုးသီး ဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌ ပါ။
ဒါကို သူမသတ်ပါဘူး လို့ ရှောင်ထွက်လို့မရပါဘူး။
ခေါင်းဆောင်လုပ်ချင်ရင်တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။


ပြည်သူရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား
အထက်ပါအဖြစ်အပျက်ကိုဖတ်ကြည့်ကြပါ။
မိုးသီးဟာ ၈၈၈၈ ခေါင်းဆောင်တယောက်မဟုတ်ပါ။
နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။
ကျောင်းသားချင်းသွေးစွန်းတဲ့လူသတ်ကောင်သက်သက်သာဖြစ်ပါတယ်။
ကျနော်တို့က စစ်အဏာရူးပြီးပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။
အခု မိုးသီးနှင့် နိုင်အောင်ဟာ အာဏာတခြမ်းပဲ့လေး ကို ရတာတောင်
ဒီလိုယုတ်ယုတ်မာမာ ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ကြတဲ့
လူသတ်ကောင် လူယုတ်မာများသာဖြစ်တယ်။
နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင်များလုံးဝမဟုတ်ပါ။


ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။
“မိုးသီး” ဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှု လို့ မင်းကပြောတယ်။


မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့မပတ်သက်ဘူးဆိုတာနားလည်ပါ။
မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက်ဖြေရှင်းဖို့မင်းပြင်ဆင်ပါ။


ဒီနေ့က စပြီး ကျောင်းသားခေါင်းဆောင်၊
နိုင်ငံရေးခေါင်းဆောင်ဆိုတာလုံးဝမသုံးပါနဲ့။


မိုးသီးနဲ့နိုင်အောင်ဟာ စစ်ဘီလူးကောင်တွေလိုပဲ ဆိုးတဲ့လူသတ်တရားခံ၊
လူယုတ်မာများသာဖြစ်ပါကြောင်းရှင်းပြလိုက်ရပါတယ်။




.. www.MyanmarExpress.net
 

မိုးသီး အမိန့် ပေးတာလား

From : ..သန်းဝင်း

ဒီစာနှင့်ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိထားစေချင်ပါတယ်။
စာထဲမှာပါတဲ့စကားလုံးတိုင်းဟာ သန်းဝင်း ရဲ့စကားလုံးတွေ အားလုံးဖြစ်တယ်။
အောင်မိုးဝင်းက ကျနော်နဲ့ညီအကိုလိုရင်းနှီးတဲ့အတွက် သူ့ကိုအနိုင်ကျင့်ပြီးစာရိုက်ခိုင်းရတာဖြစ်တယ်။
ဒီစာနဲ့ပတ်သက်ပြီးသိချင်ရင် ကျနော့ကို တိုက်ရိုက်ဆက်မေးပါ။

သန်းဝင်း ( ၇၂၇- ၆၅၆- ၈၉၂၂)
ဖေဖေါ်ဝါရီ (၁၂) ရက်၊ ၂၀၁၀
ပြည်သူများနှင့်ရဲဘော်မိတ်ဆွေများခင်ဗျား
ကိုနိုင်အောင်မှ ကျနော့ထံသို့လျှို့ဝှက်အီးမေးတစောင်ပို့ခဲ့ပါတယ်။
ဒီအီးမေးအားပြည်သူ့ရဲ့ဘော်မိတ်ဆွေများကိုတဆင့်တင်ပြလိုက်ပါတယ်။ကိုနိုင်အောင်ကတော့သူ့အီးမေးကိုသူ့ခွင့်ပြုချက်မပါပဲမတင်ပြဖို့တားဆီးထားပါတယ်။ဖတ်ကြည့်ကြပြီး ရင်သိပါလိမ့်မယ်။
ကျနော့အနေနှင့် ကိုနိုင်အောင်ခွင့်ပြုချက်မရှိပဲ တင်ပြရခြင်းက အကြောင်းအရာတချက်ပဲရှိပါတယ်။ ကိုနိုင်အောင့် စာထဲမှာ မြောက်ပိုင်းကျောင်းသားတပ်မတော် ( ABSDF ကချင်နယ်မြေ) မှာ ဖြစ်ပွားခဲ့ တဲ့ကျောင်းသားတွေ အပေါ်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကိုအဓိကအမိန့်ပေးခဲ့ သူဟာ ကိုမိုးသီးဇွန် ဖြစ်တယ်လို့ဆိုပါတယ်။ကိုမိုးသီး ဇွန် ABSDFကိုတာဝန်ယူစဉ်ကာလမှာမြောက်ပိုင်းကိုရောက်လာ တဲ့ မန္တလေး နဲ့ရန်ကုန်ကျောင်းသားတွေကို သတ်မိန့်ပေးပြီး သားဖြစ်တယ်။ကိုနိုင်အောင်က သူ့မှာအထောက် အထား အပြည့် အစုံရှိပါတယ်လို့ရေးထားတဲ့အချက်ပဲဖြစ်ပါတယ်။














ကျနော့အမြင်ကဒီကိစ္စကိုလျို့ဝှက်ထားလို့မရတဲ့ကိစ္စလို့မြင်ပါတယ်။ဒီကိစ္စဟာ ကျောင်းသားသမိုင်းတခုလုံးနှင့် သက်ဆိုင်တယ်ထင်လို့ အခုလိုတင်ပြရခြင်းဖြစ်ပါတယ်။
ကိုနိုင်အောင်နှင့်ကိုမိုးသီးဇွန်ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ က ကိုအများရှေ့မှာရှင်းပြသင့်တယ်ဆိုတယ် လို့ယူဆပါ တယ်။ သူတို့မရှင်းပြရဲရင်လည်းသူတို့အပိုင်းပဲဖြစ်ပါတယ်။ ကျနော့ ကိစ္စမဟုတ်ပါ။
ကျနော်ကတော့ အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် အများကို တင်ပြခြင်း ပဲဖြစ်ပါတယ်။ကိုနိုင်အောင် ကိုလည်း ကျနော်ပြောချင်တာ နောက်နောင်ခင်ဗျားမှာ ရှင်းလင်းစရာရှိရင်လျှို့ဝှက်မလုပ်ပဲ အများရှေ့ မှာဗြောင်ရှင်းသင့်တယ် လို့ အကြံပေးပါရစေ။
ကိုနိုင်အောင့် စာထဲမှာ ကျနော်နဲ့ပတ်သက်တဲ့အချက်အလက်များကိုဖြေရှင်းချင်ပါတယ်။
ကိုနိုင်အောင်က ကျနော့ကို ပုဂ္ဂိုလ်ရေးတိုက်တယ်လို့စွပ်စွဲထားပါတယ်။
ကျနော်ရေးတဲ့စာကိုအားလုံးဖတ်ပြီးပြီလို့ထင်ပါတယ်။

ကျနော်ရေးတာပုဂ္ဂိုလ်ရေးလုံးဝပါဝင်ခြင်းမရှိပါ။
တိုင်းပြည်အရေး၊ပြည်သူ့အရေး၊ ကျောင်းသားအရေးနှင့်သက်ဆိုင်တဲ့ကိစ္စများကိုသာအဓိကရေးခြင်းဖြစ်တယ်။
နိုင်ငံရေးမှာ သမိုင်းဆိုတာကိုသုံးသပ်ရတယ်။
ဝေဖန်ရပါတယ်။
ဝေဖန်မှု ကို ကြောက်တဲ့မရိုးသားတဲ့လူတွေဟာ တိုက်ခိုက်မှု ဆိုတဲ့စကားလုံးကိုအမြဲသုံးလေ့ရှိပါတယ်။
လူပုဂ္ဂိုလ်ပြုလုပ်မှအဖြစ်အပျက်ဆိုတာ ဖြစ်လာရတာပါ။
ဒီအဖြစ်အပျက်ကိုဝေဖန်ပြောဆိုမယ်ဆိုရင် ဒီပုဂ္ဂိုလ်ရဲ့အမည်ကိုသုံးမှပြည့်စုံမှာဖြစ်တဲ့အတွက် အမည်နာမ ကို ထည့်သုံးရခြင်းဖြစ်ပါတယ်။
ဒါပုဂ္ဂိုလ်ရေးတိုက်တယ်လို့ခေါ်လို့မရပါ။

နောက်တခုကကိုနိုင်အောင်ကကျနော့်ကိုရင့်ကျက်သင့်တဲ့အရွယ်ကိုရောက်နေပြီ၊ရင့်ကျက်သင့်ပြီလို့ရေးထား ပါတယ်။
အမှန်တရားကိုအတွေ့အကြုံနှင့်ပေါင်းစပ်ပြီးပွင့်လင်းရိုးသားစွာနှင့်ဝေဖန်တင်ပြတာကိုမရင့်ကျက်သေးဘူး လို့ပြောရင်ကိုနိုင်အောင် အကြီးအကျယ်မှားပါလိမ့်မယ်။တတိုင်းပြည်လုံးငတ်နေချိန်မှာ ဒီမိုကရေစီရေးလုပ် သူတွေကနိုင်ငံတကာကထောက်ပံ့လို့ရလာတဲ့ငွေတွေကိုနေ့စဉ်နေ့တိုင်းသောက်စားမူးယစ်စည်းစိမ်ခံနေကြ တာကရောရင့်ကျက်တယ်လို့ခေါ်ပါသလားလို့မေးပါရစေ။
သူများကိုလက်ညှိုးထိုးရင်ကိုယ့်ဘက်ကိုလက်ညှိုးတထောင်ထိုးမှာမကြောက်ဘူးလားလို့အပျော့ဆွဲခြိမ်းခြောက် သလိုမေးပါတယ်။ကျနော်ပြတ်သားစွာပြောမယ်ဆိုရင်အမှန်တရားတိုင်းပြည်အရေး၊ပြည်သူ့အရေးနှင့်ပတ်သက်တယ်ဆိုရင်
လက်ညှိုးတထောင်မပြောနှင့်ကျနော့ရဲ့အသက် ဘဝ ကို အချိန်မရွေးပေးဆပ်ဖို့အသင့်ရှိတယ်။
ပေးလည်းပေးဆပ်ခဲ့ပြီးဖြစ်တယ်။ကျနော်ဘာကိုမှမကြောက်ခဲ့၊ ကြောက်မှာမဟုတ် ဆိုတာခင်ဗျား သိစေချင် တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဟာ ၁၉၈၈ မတ်လ (၁၃)ရက်စက်မှုတက္ကသိုလ်အရေးအခင်းဖြစ်လို့
ရန်ကုန်တက္ကသိုလ်ကျောင်းသားများစုပြီး အင်အားဖြည့်ဖို့ချီတက်ကတည်းက ပါဝင်ခဲ့ပြီးမဆလ စစ်သားများ က မရမ်းကုန်း အ.ထ.က (၂) ရှေ့မှာ အပိတ်ခံရလို့နောက်ဆုတ်ခဲ့ရတယ်။
ငါတို့ရန်ကုန်တက္ကသိုလ်မှာ ပြန်လုပ်ကြမယ်ကွ လို့ဆုံးဖြတ်ပြီးရန်ကုန်တက္ကသိုလ်မှာ မတ်လ(၁၅) ရက်နေ့မှာ စတင်လှုပ်ရှားကတည်းက၈၈၈၈ နေ့မှာပြည်သူများလမ်းပေါ်ရောက်ဖို့အတွက်ကျနော်အပါအဝင်ကျောင်းသား များဟာ အသက်သွေးချွေးပေါင်းများစွာရင်းနှီးခဲ့ရတယ်ဆိုတာ ခင်ဗျားသိဖို့လိုတယ်။

ရှစ်လေးလုံးအရေးအခင်းမှာ၏ပြည်သူရဟန်းလမ်းပေါ်ကိုရောက်ခဲ့ကြပြီးအသက်သေွး ချွေးပေါင်းများစွာပေး ဆပ်ခဲ့ကြရတယ်။အခုလည်းပေးဆပ်နေကြရတဲ့သူရဲကောင်းတွေအများကြီးရှိနေသေးတယ်ဆိုတာခင်ဗျားသိဖို့ လိုတယ်။

ကျနော်ဟာ ခွပ်ဒေါင်းအလံကိုကိုင်စွဲပြီး ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြီးကျနော့ရဲ့ဘဝ ကျနော့ ရဲ့အသက်ကိုစတေးခဲ့ပြီး သေဖို့အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတယ်။
ကံတရားကြောင့်အချိန်မကျသေးလို့အသက်ရှင်နေတဲ့လူသားတယောက်အတွက်တော့ခင်ဗျားပြောတဲ့လက် ညှိုး တထောင်ထိုးမှာ မကြောက်ဖူးလားလို့ပြောတဲ့စကားဟာသိတ်ရယ်စရာကောင်းတယ်လို့ ကျနော် ထင်တယ်။
တခြားသူတွေက လက်ညှိုးတထောင်ထိုးမယ် ဆိုရင် ကျနော်အဆင်သင့်စောင့်ကြိုနေပါတယ်။ ကျနော့ ကို ဝေဖန်ထောက်ပြစရာအချက်အလက်ရှိရင် တင်ပြပါ။ ကြိုဆိုပါတယ်။ ခင်ဗျားတို့ထောက်ပြတဲ့ အချက်တွေဟာမှန်ကန်တယ်။ကျနော်မှားခဲ့တယ်ဆိုရင် အများရှေ့မှာဝန်ခံတောင်းပန်ဖို့အချိန်မရွေးပါ။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဖြတ်သန်းခဲ့တဲ့သမိုင်းကိုကျနော်လိပ်ပြာလုံလို့ပဲ။
ကိုနိုင်အောင် ကို တခုပြောချင်တယ်။ ခင်ဗျားနားလည်ပါ။
ရှစ်လေးလုံးအရေးတော်ပုံဟာ သိတ်ပြီးဂုဏ်သိက္ခာကြီးပါတယ်။
ဒါကို ခင်ဗျားက ခင်ဗျားမိန်းမမွေးနေ့စားပွဲပေါ်က အရက်ဝိုင်းတဝိုင်းလိုသဘောမထားတာကိုခွှင့်မလွှတ်နိုင် တဲ့အမှားကြီးတခုအဖြစ်ကျနော်ယူဆတယ်။ ခင်ဗျားတို့မဖြတ်သန်းခဲ့လို့တန်ဘိုးကိုမသိဘူးဆိုရင်လည်း
ဘ ဝပေါင်း များစွာပေးဆပ်ခဲ့ရတဲ့သူတွေကိုတော့ငဲ့ညှာထောက်ရှုသင့်တယ်လို့ကျနော်ထင်တယ်။
စင်မြင့်ပေါ်ကိုခင်ဗျားတို့တက်ဖို့ ၈၈၈၈ ကိုအသုံးချပြီးစင်ထိုးတာကိုတော့လုံးဝလက်ခံမှာ မဟုတ်ဘူးဆို တာကိုတော့ သိစေချင်တယ်။
တခြားကြိုက်တဲ့စင်ထိုးပြီး ခင်ဗျားတို့နိုင်ငံရေးအတွက်တက်ပါ။ ကျနော်နဲ့မဆိုင်ပါ။
၈၈၈၈ စင်ကိုအသုံးချတက်မယ်ဆိုရင်တော့ အသက်နဲ့လဲပြီးကာကွယ်ရပါလိမ့်မယ်။ ရှစ်လေးလုံးရဲ့ဂုဏ် သိက္ခာ အတွက်ကျနော်တာဝန်ကျေချင်တယ်။
ပြည်သူကိုပြစားပြီး မိသားစုနဲ့ ကိုယ်ကျိုးရှာမှုကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားသိပါ။
တိုင်းပြည် နဲ့ ပြည်သူ့အမည်ကိုသုံးပြီး အိမ်ကြီးအိမ်ကောင်းမှာနေ၊ကားအကောင်းကြီးတွေ စီးဇိမ်ခံတဲ့ အလုပ်ကိုလုပ်ရဲတာတော့ခင်ဗျားတို့ပဲလုပ်ရဲပါတယ်။
ကျနော်ကတော့ အဲ့ဒါနဲ့ပတ်သက်ပြီး မလုပ်ရဲတဲ့အပြင် သတ္တိလည်းမရှိပါ။
ဒီနေရာမှာတော့ ခင်ဗျားတို့ကကျနော့ထက်သတ္တိရှိတယ်ဆိုတာကိုဝန်ခံပါရစေ။
ပြည်သူ၊ ရဟန်း၊ ကျောင်းသားတွေရဲ့အရိုးတွေကိုဆက်ပြီးသွေးတွေဖြန်းထား တဲ့အရိုးတံတား ပေါ်မှာ ခင်ဗျားတို့ကဖြတ်လျောက်ပြီး သစ္စာမဲ့နိုင်ပေမဲ့ကျနော်ကတော့ လုံးဝလုပ်ရဲတဲ့သတ္တိမရှိတာအမှန်ပါ။
ကျနော့ဘဝမှာ အကြောက်ဆုံးတခုပဲရှိပါတယ်။
တိုင်းပြည်အတွက်တန်ဘိုးမဖြတ်နိုင်စွာရင်းနှီးသွားကြတဲ့ အာဇာနည်တွေရဲ့အရိုးတွေတွန်မှာ
သူတို့ရဲ့သစ္စာစူးမှာကို ကျနော်အကြောက်ဆုံးပါ။
ကျနော်နောက်ဆုံးပြောချင်တာကခင်ဗျာတို့နိုင်ငံရေးစင်မြင့်ပေါ်တက်လှမ်းဖို့အတွက်ကြိုက်တဲ့အဖွဲ့အ စည်းထောင်ပြီး တက်ပါ။
ခင်ဗျားတို့ကြိုက်သလောက်ချမ်းသာ ကျနော်စိတ်မဝင်စားဘူး။
ခင်ဗျားတို့လုပ်ပိုင်ခွင့်ကိုလုပ်နိုင်တယ်။
ကျနော်ပြင်းပြင်းထန်ထန်တားဆီးချင်တာကဒီနေ့ဒီရက်ကစပြီး ရှစ်လေးလုံးအမည်ကိုသုံးပြီး နိုင်ငံရေး စင်မြင့်ပေါ်ကိုတက်လှမ်းဖို့လုံးဝမလုပ်ပါနှင့်။
တကယ်လို့လုပ်ခဲ့မယ်ဆိုရင်ကျနော်စွမ်းသလောက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ကာကွယ်သွားမယ်ဆိုတာ
ဒုတိယအကြိမ်ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။
ရှစ်လေးလုံးဆိုတာ ခင်ဗျားတို့နဲ့မတန်လို့ပဲ။
ရှစ်လေးလုံးအရေးတော်ပုံဂုဏ်သိက္ခာ ကို အမြဲဦးထိပ်ထားလျှက်
သန်းဝင်း
( လက်မှတ်ထိုးထားပါသည်)
 
.. www.MyanmarExpress.net
 

ABSDF မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှု များ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေဆဲ ဦးသံချောင်း(ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းမှာ အငြင်းပွား ဖွယ်ဖြစ်နေ

From : ..eleven

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေရဆဲ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံနှင့် RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းအပေါ် အငြင်းပွားဖွယ် ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးတွင် ဦးသံချောင်းအဖွဲ့မှ အဖွဲ့ဝင် ၂၉ ဦး ပါဝင်ခဲ့ပြီး ဦးသံချောင်းမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ဦးသံချောင်းကို မည်သို့သဘောထားသနည်းဆိုသော မေးခွန်းကို မေးမြန်းရာ၌ ထိုကဲ့သို့ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

"ကျွန်တော့်အနေနဲ့ မြင်တာကတော့ သူကရာဇ၀တ်မှုကို ကျူးလွန်ခဲ့တယ်။ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ် ၃၈ ယောက်ကို သတ်တဲ့အထဲမှာ သူလည်းပါတာပဲ။ ကိုယ်ကတော့ သူ့ကို နိုင်ငံရေး အကျဉ်းသားတစ်ဦးလို့ မမြင်ဘူး။ ရာဇ၀တ်သား တစ်ဦးလို့ပဲ မြင်တယ်။ ခံခဲ့ရတဲ့ ကာယကံရှင်တွေကတော့ သူ့ကိုတရားစွဲမှာပဲ။ အခုလည်း စွဲနေကြတယ်။ တရားစွဲတဲ့အခါ အချို့နေရာတွေမှာ အမှုသက်သေ မခိုင်လုံလို့ဆိုပြီး ပယ်ချတာ ရှိတယ်။ ဒါကြောင့် ကိုယ်တို့နိုင်ငံတော် သမ္မတအထိ တင်နေတယ်။ ကိုသံချောင်းကိုလည်း ဦးစိန်အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး CID က ၀င်စစ်ထားတာ ရှိတယ်" ဟု ABSDF (မြောက်ပိုင်း)တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ဦးသိန်းထွန်းက ပြောကြားသည်။

ဦးသံချောင်းသည် ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌ အဓိက တာဝန်ရှိသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း)မှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ပြောကြားပါသည်။ လက်ရှိအချိန်တွင် ပါဂျောင်ဒေသ၌ ဖြစ်ပေါ်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ကျူးလွန်သူများအား အရေးယူခြင်း မရှိသေးသည့်အပြင် နစ်နာသူများ၏ တိုင်ကြားချက်များကိုလည်း အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။
ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင်အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၉ ဦးရှိခဲ့ . . .

"သူတို့ ကျူးလွန်ခဲ့တာက အရမ်းဆိုးဆိုးဝါးဝါးကြီးလေ။ ဒါကြောင့် သံချောင်းကို နိုင်ငံရေးသမား တစ်ယောက်လို့ ကျွန်မတော့ မသတ်မှတ်ဘူး။ အဲဒီလို သတ်မှတ်လိုက်တာနဲ့ အခြားနိုင်ငံရေး သမားတွေရဲ့ ဂုဏ်သိက္ခာပါ လျော့သွားမှာပေါ့နော်။ ဒီလို အပြစ်ကြီး ကျူးလွန်ခဲ့တာကိုက လူ့အခွင့်အရေးဘက်ကပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘက်ကပဲ ဖြစ်ဖြစ် ခွင့်လွှတ်လို့ မရနိုင်တဲ့ ပြစ်မှုကြီးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ဖြစ်ခဲ့တာ ဆိုပေမယ့် အခုအချိန်အထိတောင် အစ်မတို့ ခံစားနေရတုန်းပဲ။ အစ်မတို့ အဖေတွေ ခံစားခဲ့ရတဲ့ အချိန်တုန်းက တရားမျှတမှု မရှိခဲ့ပါဘူး။ အစ်မတို့ကတော့ သူတို့ကို တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ သူဟာအပြစ်ရှိရင် ရှိမှန်း လူသိထင်ရှား အားလုံးက လက်ခံစေချင်တယ်။ သူအပြစ်ရှိတဲ့ အကြောင်းကို သူကိုယ်တိုင်လဲ သိရမယ်။ သူအပြစ်လုပ်လို့ လုပ်တာက တခြား၊ အစိုးရကို ဆန့်ကျင်လို့ နိုင်ငံရေးသမား ဖြစ်တာက တခြားဆိုတာကို အစ်မတော့ လက်မခံဘူး။ အစ်မတို့တွေစုပြီး နိုင်ငံတော်သမ္မတဆီ စာတင်ထားတာ ရှိတယ်။ နှစ်လကျော်နေပြီ။ အခုအချိန်အထိတော့ ဘာမှအကြောင်းပြန်တာ မရှိသေးဘူး" ဟု ABSDF (မြောက်ပိုင်း) ၌ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် သေဆုံးခဲ့ရသူ ဦးစိန် (မှိုင်းရာပြည့် ကျောင်းသားဟောင်း၊ ဒီးဒုတ်ဂျာနယ် ထုတ်ဝေသူ) ၏ သမီး ဒေါ်စန်းစန်းအေးက ပြောကြားသည်။

ထို့အတူ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရကာ ABSDF (မြောက်ပိုင်း) ရှိ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူပုံအလယ်၌ အ၀တ်အစားများချွတ်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူ ရန်ကုန်တက္ကသိုလ် ဒုတိယနှစ် (မြန်မာစာ) ကျောင်းသူ မခင်ချိုဦး၏ဖခင် ဦးတင်ပိုက အမှန်တရားကိုသာ လိုလားပြီး တရားဥပဒေအတိုင်း ဖြစ်စေလိုကြောင်း ပြောကြားပါသည်။

"သမ္မတဆီ စာတင်ထားတာ နှစ်လကျော်နေပြီ။ အခုအချိန်အထိ ဘာမှအကြောင်းမပြန်ဘူး။ မိသားစုတွေ အနေနဲ့ ဖြစ်စေချင်တာကတော့ မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တယ်။ ဒို့သားသမီးတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲတယ်။ ဒါကဟုတ်မှ မဟုတ်တာဘဲ။ ကိုယ့်သမီးဘာလဲ ဆိုတာတော့ ကိုယ်သိတာပေါ့။ အဲဒါကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုဖို့ နှစ်ပေါင်း ၂၀ ကျော် စောင့်ခဲ့ရတာ။ အခုအချိန်အထိ အမှန်တရားက မပေါ်ခဲ့သေးဘူး။ ဒို့တွေကတော့ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေအတိုင်းလဲ အရေးယူ စေချင်တယ်။ သူ့မှာရှိတဲ့ အပြစ်အတိုင်းကိုလည်း လူတွေက အသိအမှတ်ပြုဖို့ လိုတယ်။ ပြီးတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်တာက သံချောင်း တစ်ယောက်တည်း မဟုတ်ဘူး။ နောက်ထပ်လေးငါးယောက် ကျန်သေးတယ်။ တရားခံတွေ အကုန်လုံး တရားဥပဒေအတိုင်း ဖြစ်စေချင်တာက မိသားစုတွေရဲ့ ဆန္ဒပဲ" ဟု ဦးတင်ပိုက ပြောကြားသည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရ သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး စစ်ထောက်လှမ်းရေးဟုပင် စွပ်စွဲခံရကာ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ ဓားဖြင့်ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် မန္တလေးမှ ကိုချိုကြီး၏အစ်မ ဒေါ်သင်းသင်းဝင်းကလည်း ဦးသံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကား အနေဖြင့်သာ သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။

"အစ်မ နားလည်ထားတာက အဲဒီဖြစ်စဉ်မှာ သံချောင်းတို့ကတော့ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ သူတွေဖြစ်လို့ တရားခံမှာဆိုရင် နံပါတ်တစ်ပေါ့နော်။ နောက်ထပ်ကိုယ်တိုင် ကျူးလွန်တာ မဟုတ်ပေမယ့် ကျူးလွန်သူတွေကို အားပေးအားမြှောက် လုပ်ခဲ့တဲ့ လူတွေက နံပါတ်နှစ်ပေါ့။ နောက်ဒီဖြစ်စဉ် ဖြစ်လာဖို့ လှုံ့ဆော်ခဲ့တဲ့သူတွေလည်း ရှိတယ်။ ဘယ်သူတွေ ဘယ်လိုပဲ သတ်မှတ်ပါစေ အစ်မတို့ကတော့ သံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကားလို့ပဲ မှတ်ယူပါတယ်။ သူက ခွေးရူးလိုပဲ မည်းမည်းမြင်ရာ ကိုက်တတ်တဲ့သူဖြစ်လို့ သူ့ကိုတော့ တရားဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ မြင်တယ်" ဟု ဒေါ်သင်းသင်းဝင်းက ပြောကြားသည်။

ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တောခိုခဲ့ပြီး ABSDF (မြောက်ပိုင်း) သို့ ရောက်ရှိခဲ့ကာ စစ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် ကာလအတွင်း ABSDF (မြောက်ပိုင်း) ပါဂျောင်၊ လိုင်စင်စခန်း၌ ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့်ခေါင်းဖြတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင် အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၉ ဦးရှိခဲ့ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။

၁၉၉၄ ခုနှစ်တွင် KIO က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပြီးနောက် ကချင်ဒေသ၌ လှုပ်ရှားနေသော ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းနှင့်အဖွဲ့မှာ ပါဂျောင်ဒေသကို စွန့်ခွာခဲ့ပြီး SSPP/SSA အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် SSPP/SSA နှင့် လမ်းခွဲလိုက်ပြီး RCSS/SSA နှင့် ဆက်လက်ပူးပေါင်းကာ ၂၀၀၂ ခုနှစ် ပန်မိုင်ဆုန်တိုက်ပွဲနှင့် ၂၀၀၅ ခုနှစ် လွယ်တိုင်းလျန် တိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် နမ့်ခမ်းမြို့နယ် အတွင်းရှိ နမ့်တီးရွာတွင် အဖမ်းခံခဲ့ရပြီးနောက် မတ်လတွင် စွဲချက် ၁၁ ချက်ဖြင့် သေဒဏ်ချမှတ် ခဲ့သည်။

၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က လားရှိုးမြို့၌ ပြုလုပ်ခဲ့သော အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းကို ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် လူသတ်မှုများ ကျူးလွန်ခဲ့သူ ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ABSDF (မြောက်ပိုင်း) ပါဂျောင် လူသတ်မှုတွင် အသတ်ခံခဲ့ရသူများ စာရင်းကို ထုတ်ပြန်ခဲ့သည်။

ဦးသံချောင်းကို လူသတ်မှု၊ ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုများ အပါအ၀င် နိုင်ငံတော် ပုန်ကန်မှုများဖြင့် အရေးယူခဲ့သော်လည်း မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် မည်ကဲ့သို့ အရေးယူခဲ့သည် ဆိုခြင်းကိုမူ ရှင်းလင်းစွာ မထုတ်ပြန်ခဲ့သဖြင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရာ၌ နိုင်ငံရေး အင်အားစုများက ဦးသံချောင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်လာခြင်း ဖြစ်ပါသည်။
သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် . . . .

"RCSS/SSA က တင်လာတဲ့ စာရင်းထဲမှာ သူပါတယ်။ အဲဒါကြောင့် တင်လာတဲ့ စာရင်းကို ထောက်ခံပြီး နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အတွင်းရေးမှူးနှင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ လေ့လာစိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

"သူ့ကို ပုဒ်မ ၁၇/၁ နဲ့ ထောင်ချတယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားလို့ပဲ သတ်မှတ်ပါတယ်" ဟု RCSS/SSA ၏ ကျိုင်းတုံမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောကြားခဲ့ပြီး သီးခြားမှတ်ချက် ပေးရန်ကိုမူ ငြင်းဆန်ခဲ့သည်။

"နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တွေ အနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ သူအခြားမှာ ဖြစ်ခဲ့တဲ့ကိစ္စ အခြားပြဿနာပါ။ သူထောင်ကျရခြင်းရဲ့ အကြောင်းရင်းက နိုင်ငံရေးကြောင့်ဖြစ်လို့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။ သူကျခံထားရတဲ့ ပြစ်ဒဏ်ကတော့ တစ်ကျွန်းနဲ့ အခြားပြစ်မှုတွေရောပေါ့။ ထောင်ထဲမှာ သံချောင်းတစ်ယောက်တည်း ကျန်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ စာရင်းအရကို ၁၀၄ ယောက် ကျန်နေသေးတော့ အဲဒီလူတွေ အကုန်လုံးကို ဆက်လွှတ်ပေးဖို့တော့ တောင်းဆိုထားပါတယ်။ ဒါကြောင့် သံချောင်းကို မြောက်ပိုင်း ABSDF ကိစ္စကြောင့် မလွှတ်တာလို့ ပြောလို့မရနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားဆိုလို့ သူတစ်ယောက်တည်း ကျန်နေတာ ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ လွှတ်ပေးဖို့ စာရင်းတင်ထားတဲ့ အထဲမှာ သူ့နာမည်လဲ ပါပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုမြင့်အောင်က အဖွဲ့၏ သဘောထား အနေဖြင့် ပြောကြားခဲ့ပါသည်။

"ကိုသံချောင်းကို AAPP အနေနဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ ကိုသံချောင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက ABSDF အနေနဲ့ ဖြစ်ခဲ့တာ။ အခု အဖမ်းခံရတာက SSA အနေနဲ့ အဖမ်းခံရတာ။ လူတစ်ကိုယ်တည်း နှစ်ဘ၀ ဖြစ်နေတာပေါ့။ ABSDF အနေနဲ့ ဖြစ်ခဲ့တဲ့ ဥစ္စာကိုတော့ သူ့ဘာသာ ရဲဘော်တွေနဲ့ ရှင်းပေါ့နော်။ အဲဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ ရှင်းပေးလို့လဲ မရဘူး။ ကျွန်တော်တို့ အစိုးရကိုလည်း အခုလိုပဲ ပြောပြထားပါတယ်" ဟု AAPP မှ ကိုဘိုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် NLD ပါတီ၏ အမှုဆောင် တစ်ဦးဖြစ်သူ ကိုကျော်ထွေးက "နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူ အားလုံးကိုတော့ နိုင်ငံရေး အကျဉ်းသားအဖြစ် လက်ခံတယ်။ ဥပဒေကို ချိုးဖောက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုတော့ ခွင့်လွှတ်လို့မရဘူး။ အဲဒါတွေ အတွက်တော့ အပြစ်ပေး အရေးယူခံရမှာပဲ၊ ဒါတွေကို ရောနှောလိုက်လို့ မရဘူး" ဟု ပြောကြားခဲ့ပါသည်။

ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူ တစ်ဦးဖြစ်သည့် ကိုရဲလင်းက ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သူတစ်ဦး ဖြစ်ခဲ့သည့်အတွက် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သည်ကို လက်ခံသည်ဟု ပြောကြားခဲ့ပြီး အကယ်၍ လွတ်မြောက်လာခဲ့ပါက ၎င်းအနေနှင့် ရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင် ၂၃ ရက် ပြန်လွတ်လာသူများထဲတွင် ဦးသံချောင်းနှင့်အတူ အဖမ်းခံခဲ့ရပြီး သေဒဏ်ချမှတ် ခံခဲ့ရသူ အများစု ပြန်လွတ်ခဲ့ကာ ဦးသံချောင်းနှင့် အခြားတပ်မှူး တစ်ဦးသာ သာယာဝတီထောင်အတွင်း ကျန်ရှိတော့ကြောင်း သိရသည်။

၁၉၈၉ တွင် ABSDF (မြောက်ပိုင်း)ရှိ ပါဂျောင်စခန်းတွင် ကျောင်းသားလူငယ်များကို သူလျှိုဟုဆိုကာ စတင်သတ်ဖြတ်မှုများ ရှိနေခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် မြင်းခြံမြို့မှ ကိုမြတ်ကိုကိုအား ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်မှုကို စတင်ပြုလုပ်ခဲ့ပြီး ထိုသတ်ဖြတ်မှုကို ဦးသံချောင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် မိုးကောင်းမြို့မှ ကိုလွှမ်းအား အဖွဲ့အစည်း ပြိုကွဲအောင် လုပ်သည်ဟု စွပ်စွဲပြီး စခန်းအလယ် သင်တန်းကွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျန်ရှိသော အလောင်းကို ထိုနေရာ၌ပင် ကျင်းတူးမြှုပ်နှံပြီး ဘော်လီဘောကွင်း ပြုလုပ်ခဲ့ခြင်း၊ ရန်ကုန်မှ ကိုအောင်ကျော်ကို ထောက်လှမ်းရေးဟု စွပ်စွဲကာ ဖမ်းဆီးညှဉ်းပန်းခဲ့ပြီး ညှဉ်းပန်းနှိပ်စက်နေစဉ် သေဆုံးခဲ့ရခြင်း၊ ၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် ABSDF (မြောက်ပိုင်း) ၏ ပထမဆုံး ဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ မန္တလေးမှ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ၁၅ ဦးကို အစိုးရ ထောက်လှမ်းရေးဟူသော စွပ်စွဲချက်များဖြင့် အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ သွေးအေးအေးဖြင့် ညှဉ်းပန်းနှိပ်စက်ကာ ဓားဖြင့်ခေါင်းဖြတ် သတ်ခဲ့ခြင်းများ၊ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာပင် ကိုကျော်ဝေ၊ ကိုစိုးဝင်းသန်း၊ ကိုဝင်းနောင်တို့ကို လူသတ်ကုန်း၌ပင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းများ အစရှိသည့် လူမဆန်သော လုပ်ရပ်များထဲတွင် ဦးသံချောင်းမှာ အဓိက လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။

ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၌ ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် အလွန်အထိ ဖြစ်ပွားခဲ့သော လူမဆန်သော ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများတွင် အင်အားသုံးရာ ခန့်သာရှိသော ကျောင်းသားတပ်မတော်မှ ၁၀၇ ဦးကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခဲ့ကာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ၃၅ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ၇၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက် ခဲ့ပါသည်။

အသတ်မခံရဘဲ ထွက်ပြေးလွတ်မြောက် ခံခဲ့ရသူများလည်း သေရာပါဒဏ်ရာများ ရရှိသည်အထိ နည်းမျိုးစုံဖြင့် နေ့စဉ်ရက်စက် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရကြောင်း၊ ထိုသို့နှိပ်စက်ရာတွင် လက်နောက်ပြန်ကြိုးတုပ်ပြီး တိုင်ငုတ်တွင်ချည်ကာ ရိုက်နှက်ခြင်းများ၊ ထောင်အတွင်း ထိတ်တုံးခတ်ပြီး ရိုက်နှက်စစ်ဆေးခြင်း၊ ရင်ဘတ်ကို ဓားဖြင့်မွှန်းခြင်းများ၊ လျှပ်စစ်ရှော့ခ်ရိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ မြေတွင်စိုက်ထားသော လက်ဝါးကပ်တိုင် ပုံစံတွင် ကြိုးဖြင့်ကပ်ချည် (အချို့သူများကို သံရိုက်သွင်း) ပြီး စခန်းပြင်၌ ထုတ်ထားခြင်း၊ အသတ်ခံခဲ့ရသူ၏ သွေးများကို သောက်ခိုင်းခြင်း၊ အသတ်ခံရသူများ၏ လက်ပြတ်များကို ပါးစပ်ဖြင့် ကိုက်ချီစေခြင်းများ အပါအ၀င် အခြားသော လူမဆန်သည့် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စံခံခဲ့ရပြီး အချို့မှာမူ နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရပါသည်။

ထိုသို့ လုပ်ဆောင်ခဲ့ သူများထဲတွင် ဦးသံချောင်းမှာ အဓိက ပါဝင်သူဖြစ်ပြီး အခြားတာဝန်ရှိသူများမှာ ဦးအောင်နိုင် (ခေါ်) ရော်နယ်အောင်နိုင်၊ ဦးကျော်ကျော်၊ ဦးအောင်ကြီး၊ ဦးစိန်အေး၊ ဦးလှဆိုင်း၊ ဦးနေဒွန်း၊ ဦးမျိုးဝင်း (ကွယ်လွန်)၊ ဦးသန်းဇော် (သာယာဝတီထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်) နှင့် ဒေါက်တာနိုင်အောင် (ထိုအချိန်က ABSDF (ဗဟို) ဥက္ကဋ္ဌ) တို့ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။

"သံချောင်း ဘယ်လိုရက်စက်ခဲ့တယ် ဆိုတာကို အားလုံးသိပါတယ်။ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာတွေ လုပ်ခဲ့တဲ့သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ ဘယ်လိုသတ်မှတ်မလဲ။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်မယ်ဆိုရင် သူ့လိုပဲ ရက်ရက်စက်စက် နှိပ်စက်တာတွေ လုပ်ခဲ့တဲ့ ထောက်လှမ်းရေးတွေကို ဘယ်လိုသတ်မှတ်မလဲ။ သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ထားတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား စံသတ်မှတ်ချက်တွေကို ကန့်ကွက်ပါတယ်။ သူကလူသတ်မှုတွေ ကျူးလွန်ထားတဲ့သူ ဖြစ်တယ်။ လူသတ်မှုကို တရားစွဲဆိုရမှာ အစိုးရရဲ့ အလုပ်ပဲ။ အသတ်ခံရတယ်ဆိုတဲ့ တရားဝင် အချက်အလက်တွေလည်း ရရှိထားပြီးပြီ မဟုတ်လား။ ရဲကစစ်ဆေးပြီး တရားရုံးကို တင်ဖို့က အစိုးရ ဆက်လုပ်သင့်တယ်" ဟု ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုစိုးလင်းက ပြောကြားခဲ့ပါသည်။

"သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး လွှတ်ပေးလိုက်ပြီးမှ လွတ်သွားရင် ဘယ်သူအာမခံမှာလဲ။ အခုအချိန်လို သက်သေတွေ အလုံအလောက် ရှိနေတဲ့အချိန်မှာ မြောက်ပိုင်းအမှုကို ထောင်ထဲမှာပဲ စစ်ဆေးသင့်တယ်။ စစ်ဆေးတဲ့ အခါမှာလည်း သူ့အတွက်ပါ တရားမျှတမှုရှိအောင်၊ အမှန်တရား ပေါ်ပေါက်အောင် အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးသင့်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေ အနေနဲ့လည်း တိုင်းရင်းသားဖြစ်တာ တစ်ခုတည်းနဲ့ သူ့ကိုလွှတ်ပေးဖို့ မတောင်းဆိုသင့်ဘူး။ ရာဇ၀တ် ကျူးလွန်တဲ့ သူတွေထဲမှာ တချို့က အမိန့်ပေးတယ်။ တချို့ကတော့ အမိန့်ပေးစေခိုင်းလို့ လုပ်ရတယ်။ သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ဂုဏ်သိက္ခာလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရန် မြောက်ပိုင်းပြန် ကျောင်းသားများမှ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် တောင်းဆိုခဲ့သည်။

ထို့အတူ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလက ပါဂျောင်စခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံခဲ့ရပြီး အသတ်ခံခဲ့ရသူ ဦးစိန်၏သမီး မစမ်းစမ်းအေးက ဖခင်အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးရန် မြောက်ဥက္ကလာပ ရဲစခန်း၌ ၂၀၁၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင် အမှုဖွင့်ခဲ့ပြီး ထိုအမှုကို ပ/၈၆၉/၁၂/၃၀၂ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ တိုင်ကြားမှုအတွက် CID မှ ဦးသံချောင်းကို သွားရောက်စစ်ဆေး ခဲ့သည်ဆိုသော သတင်းမှအပ အခြားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရှိရပါသည်။

ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသူများ

၁။ ကိုကျော်ဝေ (မန္တလေး၊ ၇-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၂။ ကိုသာဓု (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၃။ မခင်ချိုဦး (ဒုတိယနှစ် (မြန်မာစာ)၊ ရန်ကုန်တက္ကသိုလ် (လှိုင်)နယ်မြေ၊ ၁၂-၂-၁၉၉၂ တွင် အ၀တ်အစားများချွတ်၍ လူပုံအလယ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ)
၎။ ကိုသောင်းမြင့် (တန့်ဆည်ရွာ၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၅။ ကိုတူးတူး (မြစ်ကြီးနား၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၆။ ကိုထွန်းအောင်ကျော် (မန္တလေး၊ ABSDF (မြောက်ပိုင်း) ၏ ပထမဆုံးဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၇။ ကိုချိုကြီး (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၈။ ကိုအေးမြင့် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၉။ ကိုမောင်မောင် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၀။ ကိုဌေးမြင့်ဝင်း (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၁။ ကိုရန်အောင် (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၂။ ကိုသက်နိုင် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၃။ ကိုအောင်ဖိုး ( ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၄။ ကိုလှမြင့် (ခေါ်) ကိုဇော်မင်းသွေး (မြို့ကုန်း၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၅။ ကိုကျော်ကျော်မင်း (ကန့်ဘလူ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၆။ ကိုမောင်မောင်ကြွယ် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၇။ ကိုစိုးဝင်းသန်း (မန္တလေး၊ ၁၅-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၈။ ကိုဝင်းနောင် (ရန်ကုန်၊ ၁၉၉၂ ခုနှစ်တွင် ဓားဖြင့်ခုတ်သတ်ခံရ)
၁၉။ ကိုအောင်ကိုး (ဗန်းမော်၊ အဖမ်းခံထားရစဉ် ၁၉၉၁ ခုနှစ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ)
၂၀။ ကိုမြတ်ကိုကို (မြင်းခြံ၊ ၁၉၈၉ ခုနှစ်တွင် သတ်ဖြတ်ခံရ)
၂၁။ ကိုလွှမ်းမိုး (မိုးကောင်း၊ အဖွဲ့အစည်းပြိုကွဲအောင် လုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ၁၉၉၀ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၂၂။ ကိုကျော်ကျော်အုန်း (တန့်ဆည်၊ ၁၉၉၁ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ)
၂၃။ ကိုရန်ရှင်း (မြင်းခြံ၊ ၁၉၉၂ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ)
၂၄။ ကိုအောင်မြင့်ထွန်း (KIA တပ်ရင်း-၆ နယ်မြေတွင် အသတ်ခံရ)

ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကြောင့်
သေဆုံးခဲ့ရသူများ
၁။ ကိုစိုးမင်းအောင် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၂။ ကိုတင့်လွင်(မြစ်ကြီးနား၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၃။ ဦးစိန်(ရန်ကုန်၊ စစ်ကြောရေးဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် အချုပ်ထောင်တွင်း သေဆုံး)
၎။ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၅။ ကိုရာကွတ်ဘိုင် (စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၆။ ကိုခင်မောင်စိုး (ခေါ်) စိုးကြီး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး)
၇။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၈။ ကိုအောင်မင်း (ခေါ်) ထိန်လင်း (မန္တလေး၊ ရိုက်နှက်ခံရမှုကြောင့် အချုပ်ထောင်အတွင်း သေဆုံး)
၉။ ကိုအေးကျော် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၁၀။ ကိုကျော်ကျော်ဦး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး)
၁၁။ ကိုပြည့်စိုးနိုင် (ရန်ကုန်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး )
၁၂။ ကိုဇော်ဝင်းချစ် (ဗန်းမော်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၁၃။ ကိုဝင်းသိန်း (ခေါ်) အရှည်ကြီး (၀န်းသို၊ အချုပ်ထောင်အတွင်း သေဆုံး)
၁၄။ ကိုအောင်ကျော် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၀ တွင် သေဆုံး)
၁၅။ ကိုဝင်းနောင် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး)
၁၆။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)


 .. www.MyanmarExpress.net
 

မြောက်ပိုင်း ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အသတ်ခံရမှု မိခင်မှအမှုဖွင့်တိုင်ကြား

From : ..hot news


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသဥက္ကဋ္ဌ  ကိုထွန်းအောင်ကျော်ကိုလွန်ခဲ့သော အနှစ် ၂၀ ကျော်က စစ်ထောက်   လှန်းရေးစွပ်စွဲသတ်ဖြတ်ခဲ့သည့် အမူကို ကိုထွန်းအောင်ကျော်၏  မိခင်ဖြစ်သူဒေါ်တင်မမကမန္တလေး  တိုင်းချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမူဖွင့်လိုက် ကြောင်း သိရသည်။ အမှတ် ၈ ရဲစခန်းမှ အမူကိုလက်ခံခဲ့ပြီး နောက်လိုအပ်သော စုံစမ်းစစ်ဆေး  မှုများစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ အထက်ပါ  ကိစ္စနှင့် ပတ်သက်၍ ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  အဖမ်းခံခဲ့ရာမှ လွတ်မြောက်လာ သူကိုညီညီကျော်ကိုသက်သေအဖြစ်  ချမ်းအေးသာဇံ အမှတ် (၈) ရဲစခန်းမှ ဆင့်ခေါ်ထားကြောင်း သိရသည်။

ကိုထွန်းအောင်ကျော်အပါ အ၀င် ၁၅ ဦးကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ကချင်ပြည်နယ်  ပါဂျောင်ဒေသတွင်ဖြစ်ပွားခဲ့သော  ထောက်လှမ်းရေးဟုစွပ်စွဲသတ်ဖြတ် မှုတွင် လူပေါင်း ၁၀၀ ကျော်ဖမ်း ဆီးခံခဲ့ရပြီး စခန်းဥက္ကဋ္ဌကိုထွန်းအောင် ကျော်ပါ ၃၅ ဦးအသတ်ခံခဲ့ရပြီး ကျန် ၇၀ ခန့်ဦးမှာ ထွက်ပြေး  လွတ်မြောက်ခဲ့ပါသည်။


.. www.MyanmarExpress.net
 

မြောက်ပိုင်းလူသတ်မှု စုံစမ်းစစ်ဆေးရန် ABSDF ကို အစိုးရခွင့်ပြု

From : ..the voice


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ၏မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ တွင်ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုကို စုံစမ်းစစ်ဆေးရန် ABSDF စုံစမ်းရေးကော်မရှင် ကို အစိုးရက ခွင့်ပြုလိုက်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုကို စစ်ဆေးရန် ABSDF မှ စုံစမ်းရေး ကော်မရှင်သုံးဦးကို ခွင့်ပြုရန် မေလ ၂၁ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ABSDF ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပါဂျောင်အစုလိုက် အပြုံလိုက် လူသတ်မှုနှင့်ပတ်သက်၍ မည်သို့စုံစမ်း စစ်ဆေးမည်ကို ABSDF ခေါင်းဆောင် များက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အဆိုပါအမှုတွင် ပါဝင်ခဲ့သူများမှာ သက်ရှိထင်ရှား ရှိနေသေးသောကြောင့် ယင်းပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။
အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သူများ ဟု ယူဆရသည့် ဦးသန်းဇော်၊ ဦးဇော်ဇော်မင်း၊ ဦးနေဒွန်း၊ ဒေါက်တာ နိုင်အောင်တို့ကို ယင်းစခန်း၌ အသတ်ခံခဲ့ရသည့် ဗကသ (မြန်မာနိုင်ငံအထက်ပိုင်း) ကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော်၏ မိခင် ဒေါ်တင်မမက မေလ ၁၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည်။

ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျောင်းသား ၁၀၇ ဦးကို တပ်မတော်ထောက်လှမ်းရေး ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ၁၄ ဦးမှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးခဲ့ ကာ ၁၅ ဦးမှာလည်း အာစံကုန်းတွင် အသတ်ခံရကြောင်း၊ အကြောင်းအမျိုး မျိုးကြောင့် သေဆုံးသူ ၁၄ ဦးရှိပြီး ၅၅ ဦးခန့် ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း လွတ်မြောက်လာသည့် ကျောင်းသားများက ဆိုသည်။


 .. www.MyanmarExpress.net