Subscribe to our RSS Feed
Showing posts with label ဒီလူတွေ၊ ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ရဲ့လား??. Show all posts
Showing posts with label ဒီလူတွေ၊ ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ရဲ့လား??. Show all posts

ရန်ကုန်တွင် ကားတံခါးဖွင့် ပစ္စည်းခိုးသူ များလာ

From : .. William Htike


အရေးကြီးလို့ အားလုံး share ပေးကြပါ။ ကျွန်တော့်လိုအဖြစ်မျိုး တစ်ခြားလူတွေ မခံစားရစေချင်လို့ပါ။
လှည်းတန်းနဲ့ အနီးနားတစ်ဝိုက် (နောက်ကြာရင် ရန်ကုန်ရဲ့ တစ်ခြားနေရာတွေလဲ ပါလာနိုင်ပါတယ်) မှာ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ လုယူမှု၊ ခိုးယူမှုတွေ ဖြစ်နေတယ်လို့ ယူဆလို့ ရပါတယ်။

ဒီနေ့ကျွန်တော် လှည်းတန်း စံရိပ်ငြိမ် ၂ လမ်းထဲက ဆေးခန်းတစ်ခုကို ကိစ္စရှိလို့ သွားရပါတယ်။ ကျွန်တော့်ကားကို အင်းစိန်လမ်းမပေါ်၊ စံရိပ်ငြိမ် ၁ လမ်းနဲ့ ၂ လမ်း ကြားထဲမှာ ရပ်လိုက်ပါတယ်။ ကားရပ်၊ ကားပေါ်ကဆင်းပြီး ကားကို ခါတိုင်းလိုပဲ remote key နဲ့ ပိတ်ပါတယ်။ ဒါပေမယ့် remote နဲ့ ပိတ်လို့မရဖြစ်နေတော့ "အော်..... ငါ့ remote တော့ ကြောင်နေပြန်ပြီ ထင်တယ်" ဆိုပြီး ဒီတိုင်း သော့နဲ့ လှည့်ပြီး ပိတ်ခဲ့ပါတယ်။ ပြီးတော့ driver ဘက်ခြမ်းက တံခါးနှစ်ဖက်ကို ပိတ်မပိတ် သေချာ ဆွဲကြည့်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဟိုဘက်ခြမ်းကိုတော့ သွားမစစ်ကြည့်ခဲ့မိဘူးပေါ့။

ဒီလိုနဲ့ ကျွန်တော် အဲ့ဆေးခန်သွားပြီး ၁၀ မိနစ်လောက်ပဲကြာပါတယ် ကျွန်တော့် ကားဆီပြန်ရောက်ပါတယ်။ ကားတံခါးဖွင့်ပြီး အထဲလဲဝင်ထိုင်လိုက်ရော ကားထဲမှာ ထားခဲ့တဲ့ i pad air 2, laptop, GL ပိုက်ဆံအိတ်နဲ့ အထဲကပိုက်ဆံ၊ မှတ်ပုံတင်၊ လိုင်စင်၊ MPU Card တွေ အားလုံး စုစုပေါင်းတန်ဖိုးငွေ ဆယ့်နှစ်သိန်းဖိုးလောက် အခိုးခံထားရပါတယ်။

ကျွန်တော် ကားရပ်ထားတဲ့နားက ဖုန်းဆိုင်ကိုမေးကြည့်တော့ ပုဆိုးနဲ့ လူတစ်ယောက် ကားတံခါးဖွင့်၊ ကားထဲအသာလေးဝင်ထိုင်ပြီးတော့ ကားထဲက ပစ္စည်းတွေကို အေးအေးဆေးဆေး စိမ်ပြေနပြေ ယူ၊ ကားတံခါးပြန်ပိတ်ပြီး ထွက်သွားတာတဲ့ဗျာ။ သူတို့ အနေနဲ့ကျတော့ ကားပိုင်ရှင်လိုလို၊ ကားပိုင်ရှင်နဲ့ အတူတူပါလာတဲ့ လူလိုလို ထင်တာပေါ့ဗျာ။ သူတို့အနေနဲ့ ကြည့်ရင်လဲ သူခိုးလို့ ဘယ်ထင်မိပါ့မလဲ။
နေ့ခင်းကြောင်တောင်၊ လမ်းမလယ်ခေါင် လူမြင်ကွင်းကြီး၊ ပြီးတော့ အချိန် ၁၀ မိနစ်လောက် အတွင်း မှာ ကားထဲက ပစ္စည်းတွေအားလုံးကို အသာလေးခိုးသွားတာနော်။ ကဲ ..... အစ်ကိုတို့၊ အစ်မတို့ ရေ ..... သူတို့ ဘယ်လိုခိုးသွားပါလိမ့် ဆိုတာကို စဉ်းစားကြည့်တော့ ဖြစ်နိုင်ချေကို သုံးသပ်ကြည့်ရင် .....

၁။ ကျူးလွန်သူတွေဟာ လုံးဝ တစ်ယောက်တည်း မဖြစ်နိုင်ပါဘူး။ သေသေချာချာ အကွက်ချ စီစဉ်ပြီး ပိပိရိရိ ကို လုပ်သွားတာပါဗျာ။

၂။ သူတို့ဟာ လှည်းတန်းလို လူတွေ၊ ကားတွေ အရမ်း ရှုပ်တဲ့နေရာမျိုးကို အခွင့်ကောင်းယူ၊ အသုံးချပြီး ခိုးသွားကြတာပါ။

၃။ ကျွန်တော်ကားပေါ်က ဆင်းတဲ့အချိန်မှာ ကျွန်တော့် ကားဘေးနားမှာ လူတွေ အရမ်းရှုပ်နေပါတယ်။ သူတို့လူတွေပဲလား၊ ဘယ်သူတွေလဲတော့ မသိဘူးပေါ့။

၎။ ဖြစ်နိုင်တာက ကျွန်တော်ကားပေါ်က စဆင်းတဲ့ အချိန်မှာ တစ်ဖက်ခြမ်းက နောက်ကားတံခါးလေးကို ကျွန်တော်မသိအောင် သူတို့လူတစ်ယောက်က လမ်းသွားရင်းနဲ့ အသာလေး ဖွင့်ခဲ့မှာပါ။ ပြီးတော့ ဆက်ပြီးတော့ လမ်းလျှောက်ထွက်သွားမှာပေါ့။

၅။ အဲတာကြောင့်မို့လို့ ကျွန်တော် remote key နဲ့ ကားတံခါးပိတ်တဲ့ အခါမှာ ကားတံခါးတစ်ခု ပွင့်နေတဲ့ အတွက်ကြောင့်မို့လို့ ပိတ်လို့ မရတာပါ။ ဒါပေမယ့် ရုတ်တရက် အဲလို ဘယ်စဉ်းစားမိပါ့မလဲဗျာ။ ကိုယ့် remote key က ကြောင်နေလို့ ပိတ်လို့ မရတာလို့ ပဲ ထင်တာပေါ့။ အဲဒါနဲ့ ပဲ ရိုးရိုး ဒီတိုင်းပဲ သော့လေးနဲ့ လှည့်ပြီး ပိတ်လိုက်မိတာပေါ့။

၆။ အဲဒီနေရာမှာကားတွေ၊ လူတွေ အရမ်းရှုပ်နေတော့ ဟိုဘက်ကို တစ်ကူးတစ်က သက်သက်ကြီး သွားပြီး ကားတံခါးတွေကိုလဲ မစစ်မိဘူးပေါ့ဗျာ။ ဒီလိုပဲ ကိုယ့်ဘက်ခြမ်းက တံခါးနှစ်ပေါက်ကိုပဲ စစ်ပြီး ထွက်လာမိတာပေါ့။

၇။ အဲဒီမှာတင် ကျွန်တော်လဲထွက်သွားပြီးရော သကောင့်သားတွေထဲကတစ်ယောက်က ကားပိုင်ရှင်လိုလို၊ ကားပိုင်ရှင်အသိလိုလိုနဲ့ အဝေး တစ်နေရာကနေ ရောက်လာပြီး အသင့် ဖွင့်ထားပေးပြီးသားဖြစ်တဲ့ ကားတံခါးကိုဆွဲဖွင့်ပြီး ကားထဲကအဖိုးတန် ပစ္စည်းတွေ အကုန်လုံးကို စိမ်ပြေနပြေ မွှေနှောက်ပြီးတော့ သမ သွားတော့တာပဲဗျို့။
ပိုက်ဆံတန်ဖိုးကသိပ်အကြောင်းမဟုတ်ပေမယ့် laptop ရော၊ အရေးကြီးတဲ့ကဒ်တွေရော ပါသွားတော့ ဒုက္ခရောက်ရတာပေါ့ဗျာ။

အနီးနားတစ်ဝိုက်ကလူတွေ ပြောကြတာကတော့ ဒီနားတစ်ဝိုက်မှာ ဒီလို ကားတွေအခိုးခံရတာ သုံးလေးငါးကြိမ်ရှိပြီလို့ ဆိုပါတယ်။ ဟိုနေ့ ကလဲ အဲ့နားကဘဏ်ကနေ သိန်းလေးရာလောက် ပါသွားတယ်တဲ့။ ကျွန်တော်ကားရပ်ထားတဲ့နားက ဖုန်းဆိုင်ကလဲ ဟိုတစ်နေ့က သူတို့ဆီက ဖုန်းတစ်လုံး အခိုးခံလိုက်ရသေးတယ်လို့ ပြောပါတယ်။ ဖုန်းဆိုင်ကလဲ ကူညီပြီး သူတို့ CCTV ကနေ စစ်ကြည့်ပေးပါတယ်။ ဒါပေမယ့် CCTV က လမ်းအထိမရောက်ဘူး။ အခုတော့ ရဲတိုင်ထားပါတယ်။

ကျွန်တော့ အတွက်ကတော့ စိတ်လျှော့ထားလိုက်ပါပြီ။ ပြီးခဲ့တာလဲပြီးခဲ့ပြီ။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရပေါ့ဗျာ။ ဘယ်တတ်နိုင်ပါ့မလဲ။
ဒါပေမယ့် ကျန်တဲ့ တစ်ခြားလူတွေကိုတော့ ကျွန်တော် ကြုံရသလို ခံလိုက်ရတာမျိုး မဖြစ်စေချင်လို့ ဒီစာကို အချိန်ကုန်ခံပြီး ရေးလိုက်ရပါတယ်။
လူတွေ၊ ကားတွေ အရမ်းရှုပ်တဲ့နေရာတွေကို တတ်နိုင်သမျှ မသွားပဲရှောင်ပါ။ ကားထဲမှာ တန်ဖိုးကြီးပစ္စည်းတွေ ဖြစ်နိုင်ရင် မထားခဲ့ပါနဲ့။ ကားပေါ်က ဆင်း၊ ကားတံခါးပိတ်ပြီး တိုင်း ကားရဲ့ လေးဘက်လေးတန်လုံး ကား lock တွေ ကျရဲ့လား သေချာစစ်ပြီး မှ ကားနားက ခွာကြပါ။
အားလုံး မတော်မတရား ခိုးယူခံရခြင်းက ကင်းဝေးကြပါစေ။


.. https://www.facebook.com/MyanmarExpress
 

မြန်မာလူထု အနေဖြင့် ဒီမိုကရေစီနှင့် ထိုက်တန်အောင် ဂျပန်ကို အတုယူသင့်

ဥရောပ ဘောလုံးလောကမှာ ပရိသတ်တွေ သောင်းကျန်းလို့ တစ်သင်းပြီးတစ်သင်း အိမ်ကွင်းပွဲကြည့်စဉ် ပိတ်ပင်ခံရလိုက်၊ ဒဏ်ရိုက်ခံရလိုက်ဖြစ်နေတဲ့အချိန် ဂျပန်ပရိသတ်တွေရဲ့ လုပ်ရပ်က မီဒီယာစာမျက်နှာတွေထက် ချီးကျူးခံရတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဘယ်အသင်း ပရိသတ်မဆို အသင်းရှုံးရင် ဒေါသထွက်တတ်ပြီး ဒေါသအလျှောက် ပြုမူကြတာတွေ ရှိပါတယ်။

ဒါပေမဲ့ ဂျပန်ပရိသတ်တွေကတော့ အိုင်ဗရီကို့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး သူတို့အသင်းကို အပြစ်မတင်သလို ဒေါသတကြီး ပေါက်ကွဲကြတာမျိုးလည်း မရှိခဲ့ပါဘူး။ ပါမန်ဘူချိုကွင်းက သူတို့ရဲ့အမှိုက်လေးတွေကို လိုက်သိမ်းပြီး စည်းကမ်းကြီးတဲ့ လူမျိုးဆိုတာကို ပြသလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာတင်မကဘဲ ဘယ်နေရာရောက်ရောက် စည်းကမ်းသေ၀ပ်တဲ့ လူမျိုးဆိုတာကို ပြသနိုင်ခဲ့တာဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ သူတို့ရခဲ့တဲ့ အမြတ်အစွန်းပါပဲ။


.. www.MyanmarExpress.net
 

မိုးရွာ၊ လမ်းရေတက်လို့ ကားကြပ်ရသည့်အထဲ ဘောင်းဘီတိုနဲ့ ကားခေါင်မိုးပေါ် တက်လာသူ အမျိုးသမီး ကြောင့် ကားပိုကြပ် (ဓာတ်ပုံ - ၅ ပုံ)





 

ယနေ့ နံနက် ၅ နာရီ ခန့် မှ စ၍ သည်းသည်းမဲမဲ ရွာနေ ခဲ့သော မိုးကြောင့် ရန်ကုန် တမြို့ လုံးရှိ လမ်းများ ပိုမို ကားကျပ်နေချိန်တွင် ပါရမီလမ်းနှင့်ပြည်လမ်းထောင့်၌ ဘောင်းဘီတိုနဲ့ ကားခေါင်မိုးပေါ် မိုးရေထွက်ချိုးသူ ကြောင့် ကားတွေပိုကြပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

ဘောင်းဘီတိုနှင့် ဆေးကွဲနေသော အမျိုးသမီးတစ်ဦးသည် ကိုယ်ပိုင်ကားပေါ်တွင် တက်ပြီးရပ်သည့်ဖြစ်ရပ် တစ်ခုလည်းထူးခြားစွာဖြစ်ပွားခဲ့သည်။ ထိုအမျိုးသမီးကို လည်းတာဝန်ရှိသူများက သူ့ကားတွင်းသို့ပြန်လည်ဝင်ရောက်ရန်ပြောဆိုခဲ့ကြောင်းသိရသည်။
 
  ရေလျံနေသော လမ်းများကိုဖြတ်လာရသည့်ကားများလည်း လမ်းဘေးထိုးရပ်ကုန်ကြသလို ၊ရေနည်းရာ လုမောင်းနေကြရခြင်း  ဘောင်းဘီတိုနဲ့ ကားခေါင်မိုးပေါ် မိုးရေထွက်ချိုးသူကြောင့် ယခင်ရက်များထက် ပိုမိုစိတ်အနှောင့်အယှက်ဖြစ်ကြရသည်။ 

.
. www.MyanmarExpress.net
 

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မလိုဟု ဒေါ်စုပြောပြီး တစ်ရက်အကြာ ၎င်းနေထိုင်ရာ မြို့တွင် တာဝန်ထမ်းဆောင်နေ သည့် ယဉ်ထိန်းရဲတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရ

From : ..eleven


စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မလိုဟု ဒေါ်အောင်ဆန်းစကြည် ပြောဆိုပြီး တစ်ရက်အကြာ တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ နေထိုင်ရာ မြို့တွင် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက လမ်းမပေါ်၌ ဓားရှည်ဖြင့် လိုက်လံခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။

ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ရပ်ကွက် ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ  ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား  ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ကြောင်း အခင်းဖြစ်ပွားနေရာ ပတ်ဝန်းကျင်မှ သိရသည်။

ယင်းသို့ ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ရဲအုပ်နေလင်းထွန်းမှာ ၀ဲဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

“ခုတ်သွားတဲ့ အမျိုးသားက ၃၂ တိုးချဲ့ ရပ်ကွက်မှာနေတယ်လို့ သိရတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ဆောင်ရွက်နေတဲ့ဝန်ထမ်းကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တဲ့အခြေအနေကို လက်ခံစရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်းပဲ ထိရောက်စွာ ဆောင်ရွက်သွားမယ်။ အခုလည်း နယ်မြေရဲနဲ့ပေါင်းပြီးတော့ အမြန်ဖမ်းဆီးရမိအောင် ဆောင်ရွက်နေတယ်။ ယာဉ်ထိန်းက သူ့ရဲ့ဆိုင်ကယ်ကို စစ်ဆေးပြီးတော့ ဖမ်းဆီးခဲ့တဲ့အတွက် သူကမကျေနပ်လို့ ဒီလိုလုပ်ခဲ့တယ်လို့ သိရတယ်။ ယာဉ်ထိန်းရဲတွေကလည်း ဆိုင်ကယ်ဖမ်းတဲ့လူကို မမှတ်ထားလိုက်တော့ အဲဒီလူက ဖမ်းခဲ့တဲ့ ယာဉ်ထိန်းရဲ အနားထိလာပြီးတော့မှ ဓားထုတ်ပြီး ခုတ်တာပါ” ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက်ပြောကြားသည်။

“သူက လူသတ်မှုနဲ့ ထောင်ကျဖူးတယ်လို့ကြားတယ်။ အခင်းမဖြစ်မီမှာ သူခုတ်တဲ့ ယာဉ်ထိန်းရဲနှစ်ဦးက သူ့ဆိုင်ကယ်ကို ဖမ်းလိုက်တယ်လို့ သိရတယ်။ အဲဒါကို သူက ဒေါသထွက်ပြီးတော့ ဆိုက်ကားနဲ့  အိမ်ကဓားသွားယူပြီး လိုက်ခုတ်တဲ့ပုံစံပဲ။ အဲဒီယာဉ်ထိန်းရဲ အရာရှိကို ခုတ်ပြီးတော့ သူ့ဆိုင်ကယ်သူစီးပြီး အခြားယာဉ်ထိန်း ရဲတွေကိုခုတ်ဖို့ လိုက်ရှာနေတာ တွေ့ရတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲတွေက သတင်းကြားလို့ ထင်ပါတယ်။ မရှိကြတော့ဘူး” ဟု အခင်းဖြစ်ပွားရာ အနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသည့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ခြင်း၊ ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းနှင့် ရန်ရှာခြင်း စသည့် ဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ်တွင် ခုနစ်မှုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် လေးမှုရှိသွားပြီဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား မြောက်ဒဂုံမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓားဖြင့်အခုတ်ခံခဲ့ရသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်းက “မိုးရွာတော့ ကားတွေပိတ်နေလို့ ကျွန်တော်တို့အဖွဲ့ လူစုခွဲပြီး လမ်းရှင်းနေတာပါ။ ကျွန်တော်နဲ့ ရဲဘော်နှစ်ယောက်နဲ့က အဖွဲ့ခွဲပြီးတော့ လမ်းရှင်းပြီးလို့ အဖွဲ့ဆီသွားတဲ့ အချိန်မှာပဲ  အလစ်တိုက်ခိုက် ခံလိုက်ရတာပါပဲ။ ယာဉ်ထိန်းတစ်ဦးကို သူကသွားပြီး ပြောနေတဲ့အချိန်မှာ ကျွန်တော်က ဘာဖြစ်လို့လဲလို့ လှမ်းမေးလိုက်တယ်။ အဲဒီအချိန်မှာ သူကကျွန်တော့်နားကို လာပြီးတော့ အရိုးပါပြီး နှစ်တောင်လောက်ရှည်တဲ့ဓားနဲ့ ထုတ်ပြီးတော့ ခုတ်တဲ့အချိန်မှာ ကျွန်တော်လည်း ပြေးခဲ့တယ်။ ဖိနပ်ကလည်း မိုးရေတွေ စိုနေတော့ ချော်လဲတဲ့အချိန်မှာ အပေါ်ကနေ  ကျွန်တော့်ကို ခုတ်တယ်။ လက်နဲ့ကာလိုက်တော့ ချိုင်းအောက်ကို ထိသွားပါတယ်။ ဒီလိုအလွတ်ကြီး ရိုင်းစိုင်းခဲ့တဲ့သူကို မိအောင်ဖမ်းပြီးတော့ ထိရောက်တဲ့ အပြစ်ပေးဖို့ပဲ တောင်းဆိုပါတယ်” ဟု ဇွန် ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။


.. www.MyanmarExpress.net
 

ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း

From : ....  Ko Zay

https://www.facebook.com/zay.min.142




ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။

 ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့။

ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။
ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။
အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။်
ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။

ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို
ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို 
သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။

တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

 မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။









စည်းမဲ့ကမ်းမဲ့ ဒေါ်စု ထောက်ခံသူများ နှင့် ဥပဒေ မလိုက်နာသည့် NLD ပါတီဝင်များ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအား ကြိုဆိုရန် ထွက်ခွာ

From : .. President Of Myanmar

တရားဥပဒေ စိုးမိုးရေး မနားတမ်းပြောသူ၊ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်အတွက်  စည်းကမ်းဥပဒေ မလိုက်နာသူ NLD ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ များ နေပြည်တော်သို့ ထွက်ခွာ ပြီးဖြစ်ကြောင်း President Of Myanmar တွင် ဖော်ပြထားသော ဓာတ်ပုံများမှ သိရသည်။  ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်တွင်းရှိ ပြဿနာပေါင်းစုံ ကို ဘာကြောင့် ဖြစ်လဲ မေးတိုင်း တရားဥပဒေ စိုးမိုးရေး မရှိလို့ ဟုသာ ဖြေဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် တရားဥပဒေ အချိုးဖောက်ဆုံး၊ စည်းကမ်း အမဲ့ဆုံး သူများမှာ NLD ပါတီဝင်များနှင့် ၎င်း ကို ထောက်ခံသူများ ဖြစ်ကြောင်း သိရသည်။ 






.. www.MyanmarExpress.net
 

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသော ယာဉ်များကို ဖယ်ရှားအရေးယူမှု စတင် ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်း၊ ကရိန်းယာဉ်ဆွဲခ ငါးသောင်းမှ ခုနစ်သောင်း ပေးဆောင်ရမည်

From : .. eleven


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင် ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ ခုနစ်သောင်းအထိ ပေးဆောင်ရမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူရာတွင် စည်ပင်ဝန်ထမ်း၊ စည်ပင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

အများပြည်သူတို့အား အသိပေး ကြေညာထားပြီးဖြစ်သည့် ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေး အပေါ်မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့)ထောင်ဒဏ်တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ် ခံရနိုင်ကြောင်း ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

"နိုဝင်ဘာ ၁၁ ရက်နေ့က စပြီးတော့ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မှတ်ထားတဲ့ လမ်း ၃၇ လမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို အရေးယူနေပါပြီ။ တစ်မြို့လုံး အတိုင်းအတာအရ တစ်ပြိုင်နက်တည်း အရေးယူနိုင်ဖို့ ကရိန်းယာဉ်တွေ ထပ်မံ ၀ယ်ယူသွားမယ်။ ကရိန်းတွေနဲ့ ဖယ်ရှားပြီး အရေးယူတဲ့အချိန်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ စကားအချေအတင်တွေ ပြောရတာတွေလည်း တွေ့ကြုံခဲ့ရတယ်။ ဒီလို အရေးယူသွားမယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ကြေညာထားပြီးသား ဖြစ်ပါတယ်။ အခုဖမ်းဆီးခဲ့တဲ့ ယာဉ်တွေကလည်း ရပ်နားတဲ့အချိန် နာရီဝက်ကျော်သွားတဲ့ ယာဉ်တွေပဲ ဖြစ်ပါတယ်" ဟု အမှတ်(၂) ဒုယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

စတင် အရေးယူခဲ့သည့် နိုဝင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် မော်တော်ယာဉ် ၁၇စီးကို ဖယ်ရှား အရေးယူခဲ့ကြောင်း သိရသည်။ ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားသည့် လမ်းမ ၃၇ လမ်းအနက် အချို့မှာ လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင် ကမ်းနားလမ်းအထိ၊ ဦးဝိစာရ အ၀ိုင်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံမှ မဟာဗန္ဓုလလမ်းအတိုင်း ယမုံနာ လမ်းဆုံအထိ၊ လှည်းတန်းလမ်းနှင့် နာနတ်တော လမ်းဆုံမှ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ၀ါးတန်းလမ်းနှင့် ကမ်းနားလမ်း လမ်းဆုံအထိ၊ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း၊ ၎င်းမှ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဆုံး (ပြည်ထောင်စု ခုံးကျော်တံတား)မှ သံသုမာလမ်းအတိုင်း၊ သမိန်ဗရမ်းလမ်းဆုံ(ကြက်ဘဲဈေး) ရှေ့ထိတို့ ပါဝင်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၃ ရက်က ဘုရင့်နောင်လမ်းမ၌ အချိန်ကြာမြင့်စွာ ရပ်ထားသည့် အငှားယာဉ်တစ်စီးကို ဖယ်ရှားသယ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)

.. www.MyanmarExpress.net
 

ဒီမိုကရေစီ မြန်မာနိုင်ငံတွင် လူငယ်တစ်ဦးက လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်၍ ကလေးငယ်တစ်ဦး ကျောကုန်းမီးလောင်

From : ..7day

ကလေးငယ်ကျောကုန်းမှမီးလောင်ဒဏ်ရာ ဓာတ်ပုံ - Hinthada Humanright 
လူငယ်တစ်ဦးက ဓာတ်ဆီပုလင်းကိုင်၍ လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်ကာမီးတို့သောကြောင့် တတိယတန်းကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာ ရရှိသွားသော ဖြစ်စဉ်တစ်ခု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းပိုင် နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

““ဖြစ်စဉ်ဖြစ်ခဲ့တာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက တိမ်းရှောင်နေပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာပါ”” ဟု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်စိန်မြင့်က ပြောသည်။ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကျော်ထက်ဝင်းဆိုသူက ယင်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ဓာတ်ဆီပုလင်းကိုယူကာ လမ်းသွားလမ်းလာများအား လိုက်ပက်ပြီး မီးခြစ်ဖြင့် လိုက်တို့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ရပ်ကြောင့် အသက် (၁၀) နှစ်အရွယ် တတိယတန်းကျောင်း သားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ကျွမ်းကာ ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရကြောင်း မြ၀တီရပ်ကွက် မှ ရာအိမ်မှူး ဦးအောင်ကိုကပြောသည်။

ကျောကုန်းတွင် မီးလောင်ဒဏ်ရာရရှိသွားသောကလေးမှာ ဟသာင်္တပြည်သူ့ဆေး ရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာအခြေအနေ သက်သာသွားပြီဖြစ်ကြောင်း မြ၀တီရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်သိန်းက ပြောသည်။

အဆိုပါအမှုကို ဟသာင်္တမြို့၊ အမှတ် (၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၂၄ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ကလေးချင်းစနောက်ရာမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ခြင်းကြောင့် မီးလောင်ဒဏ်ရာအား ပျောက်ကင်းအောင် ကုသပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းပေးစေလိုကြောင်း ပြစ်မှုကျူးလွန်သူ၏ မိခင်ဖြစ်သူ ဒေါ်ခင်အေးမူကပြောသည်။

ဒီမိုကရေစီ အစိုးရလက်ထက် ရန်ကုန်တွင် လူငယ်တချို့ မဖွယ် မရာပြသ သောင်းကျန်းနေ

From : ..YMG

ရန်ကုန် ၊ စက်တင်ဘာ ၂၆ ။ ။ ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်တချို့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိနြေ္ဒကိုထိပါးစေသောအ ပြုအမှုများ ကို မကြာ ခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ ၏ ပြောပြချက် အရသိရသည်။

တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းက လေးအများစု ဖွင့်လှစ်နေသည့် အ လှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့ တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အ ယှက်ပေးနေကြကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။

၁၄/၃ ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။ သူတို့လာရင် ပစ်ဖို့၊ အသက်ကလဲ အရမ်းမကြီး ဘူး၊ ၂၀ ပတ်ဝန်းကျင်လောက်ပဲ။ လူရှင်းတဲ့ မွန်းလွဲ ၁ နာရီ ဝန်း ကျင်လောက် လာကြတာ။ မိန်း ကလေးရှိတဲ့ အိမ်တိုင်းကိုလုပ်တယ်။ သူတို့အကြောင်းကို ဒီတစ်ရပ် ကွက်လုံးသိတယ်''ဟု ပြောသည်။
Read More=>http://goo.gl/qARSMg

 .. www.MyanmarExpress.net
 

ဆီးဂိမ်းအတွက် သင်ခန်းစာနှင့် တလွဲဆံပင်ကောင်းခြင်းမှ ရှောင်ကျဉ်ရန်

From : ..mizzima

အရှေ့တောင်အာရှဒေသအတွင်း ရေပန်းအစားဆုံး အားကစားပွဲတော်ဖြစ်သည့် ဆီးဂိမ်းအတွက် ပြင်ဆင်မှု၊ အားထုတ်မှု ကြိုးပမ်းမှုများ ပြုလုပ်လာခဲ့သည့် မိမိတို့ မြန်မာနိုင်ငံသည် ဩဂုတ်လ ၄ ရက် နေပြည်တော်၊ ရန်ကုန်
ဘောလုံး ကစားပွဲဖြစ်ရပ်ကြောင့် ရုပ်ဆိုးအကျည်းတန်စေလိမ့်မည်ဟု ယူဆရပါသည်။

ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ
အခမ်းအနား ပြုလုပ်ရန်ရှိပြီး ပရိသတ်သုံးသောင်းခန့် ဝင်ဆံ့သော ဘောလုံးကွင်းသစ် ဖြစ်သည်။ မိမိတို့ နိုင်ငံသား အချင်းချင်းကန်သည့် ဘောလုံးပွဲတွင်ပင် ခိုက်ရန်ဖြစ်ပွားခြင်း၊ ပဋိပက္ခတို့ ဖြစ်ပေါ်စေခဲ့ခြင်းတို့သည် အရှေ့တောင်
အာရှ အားကစားပွဲကိုလည်း ရိုက်ခတ်မှု ရှိပေလိမ့်မည်။

ဩဂုတ် ၄ ရက် ဖြစ်ရပ်ကဲ့သို့ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းကျင်းပသည့် မြန်မာအသင်းနှင့် အိုမန်အသင်းတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာတို့၏ အိမ်ကွင်းဖြစ်သော ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းအတွင်း ကျင်းပသည့် အဆိုပါဘောလုံးပွဲတွင် မြန်မာပရိသတ်အချို့က ကွင်းအတွင်း ထီး၊ ဖိနပ်၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ရာမှ ပွဲကစားချိန် ၃၉ မိနစ်တွင် ပွဲရပ်လိုက်ရသည်။

အဆုံးသတ် အဖြေသည်ကား မြန်မာအသင်း ၃၉ မိနစ်သာ ကစားခွင့်ရလိုက်ပြီး နှစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ မြန်မာ
ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သို့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ သုံးသောင်း ပေးဆောင်လိုက်ရ
သည်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းအတွင်းဖြစ်ရပ်နှင့် ရန်ကုန်သုဝဏ္ဏကွင်းအတွင်း ဖြစ်ရပ်နှစ်ခုလုံးကို ခြုံငုံသုံးသပ်မည်ဆို
ပါက ဆိုးသွမ်းပရိသတ်တို့၏ ရမ်းကားသည့် အပြုအမူများနှင့်အတူ အစီအစဉ်များလွဲချော်မှု၊ လုံခြုံရေးအားနည်းမှုများ
တွေ့ရမည်ဖြစ်ပြီး ပရိသတ်တချို့၏ အားကစားစိတ် မရင့်ကျက်မှုကို တွေ့ရမည် ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်သုဝဏ္ဏကွင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တွင် ကွင်းဝင်ပေါက်တွင် လူစစ်ဆေးရာ များပြားလွန်းသည့် ပရိသတ်ကြောင့် ကာရံထားသည့် သံပန်းတံခါးကြီး ကျိုးပဲ့ပျက်စီးပြီး ပရိသတ်တို့ကွင်းအတွင်း တစ်ဟုန်ထိုး ဝင်ရောက်သွားကြသည့် စီစဉ်ထားမှုလွဲချော်ခြင်း ဖြစ်သည်။

ဩဂုတ် ၄ ရက် ဖြစ်ရပ်တွင်မူ ကွင်းအတွင်းရောက်ရှိလာသည့် ပရိသတ်မှတစ်ဆင့် အချင်းများမှု စတင်ခဲ့သည့် ပဋိပက္ခသည် လုံခြုံရေးအစီအမံ အားနည်းမှုကြောင့်ပင် ဖြစ်သည်။ မြန်မာဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာ တိုင်း
အစိုးရသို့ လုံခြုံရေးရယူပေးရန် တောင်းခံထားသော်လည်း လုံခြုံရေးဝန်ထမ်းများ လုံလောက်မှုမရှိသည့် လုံခြုံရေး အားနည်းမှု ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာဘောလုံး အားကစားသမားများ၊ မြန်မာပရိသတ်တို့သည် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာပုံရိပ်ကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံတကာ အားကစားပွဲများနှင့်အတူ ဆီးဂိမ်းကို ဦးဆောင်ကျင်းပရန် စီစဉ်ထားသည့် မိမိတို့ မြန်မာနိုင်ငံသည် အထက်ပါ ဖြစ်ရပ်များကဲ့သို့သော အကျည်းတန်သည့် ဖြစ်ရပ်များ ထပ်မဖြစ် ရန် လိုအပ်သည်။

မြန်မာပရိသတ်အဖို့မူ မိမိနိုင်ငံ၊ မိမိတို့ဒေသအသင်းကို အားပေး၊ ချီးမြှင့်လိုသည့် စိတ်ဓာတ်ရှိရမည်မှာ သဘာဝကျ သော်လည်း တလွဲဆံပင်ကောင်းသည့် အပြုအမူ၊ အားပေးမိသည့် လုပ်ရပ်များကိုမူ ရှောင်ကျဉ်ရန် လိုအပ်ပေလိမ့် မည်။ 


.. www.MyanmarExpress.net
 

ရန်ကုန်-နေပြည်တော်ပွဲ ရန်ဖြစ်သူများကို ဗီဒီယို အထောက်အထားဖြင့် အရေးယူမည်

From : ..the voice

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲ၏ ရန်ကုန်-နေပြည်တော်ပွဲ၌ အချင်းများ ခဲ့သည့် နှစ်ဖက် ကစားသမားများနှင့် ရန်ပြု တိုက်ခိုက်ခဲ့သည့် ပရိသတ် အချို့ကို ဗီဒီယို အထောက်အထားများဖြင့် စုံစမ်း ဖော်ထုတ် အရေးယူသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုက ပြောကြားသည်။

သြဂုတ်လ ၄ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်-နေပြည်တော် ပွဲ၌ ပြဿနာ ဖြစ်ပွားအောင် ဖန်တီးခဲ့သည့် နှစ်ဖက် ကစားသမားများ အပါအဝင် ပြဿာနာရှာ ရန်ပြုခဲ့သည့် ပရိသတ်များကို စုံစမ်းဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အရေးယူမည်ဆိုလျှင် အိမ်ရှင် ဖြစ်သော နေပြည်တော် အသင်းကိုသာ အရေးယူမည် ဖြစ်ကြောင်း ပွဲမစခင် ရက်အနည်းငယ်က နေပြည်တော် အသင်း ပရိသတ်များကို စည်းကမ်းတကျ အားပေးစေရန် ထိန်းသိမ်းရေး မေတ္တာရပ်ခံစာကို နေပြည်တော်အသင်းထံ ပို့ထား ပြီး ဖြစ်ကြောင်း မြန်မာ နေရှင်နယ်လိဂ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ မှ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြား သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယင်းကိစ္စနဲ့ ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို တာဝန်ပေးခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“ကော်မတီကို တာဝန်ယူဖို့ ပြောခဲ့ရင်တော့ ကွင်းထဲက ပျက်စီးသွားတဲ့ တန်ဖိုးတွေကို အကုန် ပေးလျော်ခိုင်းမှာပါ။ အဆင့်အတန်းရှိရှိ လုပ်ထား တာကို ဖျက်ဆီးခဲ့လို့ပါ။ ပေါင်းလောင်းကွင်း မဟုတ်ဘူး၊ SEA Games အတွက် ရည်ရွယ်ထားတဲ့ ကွင်းပါ” ဟု ဦးခင်မောင်ထွေးက ဆိုသည်။

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ သည့် နေပြည်တော် အသင်းနှင့် ရန်ကုန်အသင်းတို့၏ ရာသီပိတ်ပွဲတွင် ပရိသတ်နှင့် ကစားသမားများ အချင်းများခဲ့သော ကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းမှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လုံခြုံရေး အားနည်းခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ဒါပေမဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို လုံခြုံရေး တောင်းခံပါသေးတယ်။ မရခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်နှင့် နေပြည်တော်ပွဲတွင်ရန်ကုန်ပရိသတ် နှစ်ထောင်ကျော်နှင့် နေပြည်တော်အသင်း ပရိသတ် နှစ်သောင်းခန့် လာရောက် အားပေးခဲ့ကြပြီး ပွဲမစမီကပင် နှစ်ဖက် ပရိသတ်များ အပြန်အလှန် အရာဝတ္ထုများနှင့် ပစ်ခတ်မှု များ ရှိခဲ့ကြောင်း ပွဲချိန် ၃၂ မိနစ်ခန့် တွင် ရန်ကုန်အသင်း ပင်နယ်တီ ပြစ် ဒဏ်ဘော ကန်ခွင့်ပေးခဲ့ခြင်းအပေါ် မကျေနပ်၍ နေပြည်တော် ပရိသတ် တစ်ဦး ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ပင်နယ်တီ ပြစ်ဒဏ်ဘောကို ရန်ကုန်အသင်းမှ ဆီဇာ ကန်သွင်းပြီး အချိန်တွင် နေပြည်တော် ပရိသတ် ၂၅ ဦးခန့် ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရန်ကုန် ကစားသမားများကို ရန်ပြုရန် ကြိုးစားရာမှ နှစ်ဖက် ကစားသမားများနှင့် ပရိသတ်များ ခိုက်ရန် ဖြစ်ပွားကာ ပွဲကို ရပ်နားခဲ့ရခြင်းဖြစ်သည်။

နေပြည်တော်အသင်းသည် ပရိသတ်များ ဆိုးရွားစွာ အားပေးသဖြင့် ဒဏ်ငွေ ရှစ်သိန်း ပေးဆောင်ထားရပြီး ယမန်နှစ်ကလည်း ဒဏ်ငွေ ၁၁သိန်း ပေးဆောင်ထားရသည့် အသင်း ဖြစ်သည်။

နေပြည်တော်-ရန်ကုန် ပွဲစဉ်ကို ပြိုင်ပွဲ ရပ်ဆိုင်းရေး စည်းမျဉ်း အမှတ် ၂၈ အပိုဒ်ခွဲ (ဂ) အရ လက်ရှိ ပွဲရလဒ်အတိုင်း ရန်ကုန်အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ထုတ်ပြန်ချက် အရ သိရသည်။


 .. www.MyanmarExpress.net
 

Facebook ပေါ်တွင် ရှောင်ရှားရမည့် မိန်းကလေး အတင်းပြောသည့် ယောက်ျားများနှင့် မနာလိုကဲ့ရဲ့တတ်သည့် မိန်းမများ စာရင်း



ကိုယ်ပိုင် Facebook Wall ပေါ်တွင် ဆင်းရဲ/ ချမ်းသာ မှုကို လွတ်လပ်စွာရေးသားလိုပါသလား၊ အောက်ဖော်ပြပါ  ယောင်္ကျားဖြစ်ပြီး မိန်းကလေးတစ်ယောက်အကြောင်း အတင်းပြောတတ်သည့် မဟာပုရိသများ နှင့် မိန်းကလေးချင်း မနာလို ကဲ့ရဲ့တတ်သူများ ကို သတိပြုရှောင်ရှားပါ။


かぐや姫 ဟားဟားဟား လို့ရီလိုက်ချင်သေးတယ် ရှမ်းမရယ်။ နင့်ကိုဝေဖန်လည်းဝေဖန်ချင်စရာပဲ။ ဖေ့စ်ဘုတ်သုံးနေတဲ့လူတွေကထမင်းစားပြီးကြီးလာတာ စဉ်းစားသုံးသပ်တတ်တယ်။ နင်ပေါက်ကရပြောတိုင်းယုံပြီး အားပေးအားမြှောက်လုပ်ရအောင်ချီးစားပြီးကြီးလာတဲ့လူတစ်ယောက်မှမရှိဘူး။ နင့်ပြောပုံအရ ရေသည်မလိုမွဲတေနေတဲ့လူက social network ကိုတနေကုန်တနေခန်းထိုင်သုံးပြီးfun page ပါထောင်ထားရလောက်အောင် မြန်မာပြည်ရဲ့အောက်ခြေလူတန်းစားတွေအတော်အဆင့်မြင့်နေပြီလား။ လိမ်ရင်လည်းပိပိရိရိလိမ်စမ်းပါ။ ခုတော့ရှေ့ဖုံးနောက်ပေါ်နဲ့ ရှက်တတ်ရင်လဲသေလိုက်တော့။
 
Oishi Erigon Honey နန်းမီမီမိုးစက် ရယ်ငါတို့ကအရူးတွေဆိုတော့နင်ပြောသမျှယုံတာပေါ့နော် သိလား နောက်ထပ်ပြောင်ပြောင်မြောက်မြောက်သနားစရာစကားလုံးတွေရှာထားအုံးနော် နင်ကဆင်းရဲတယ်ဆိုတော့ ငါတို့ကကုန်းကောက်စရာတောင်မရှိတော့ဘူးးးး သနားလိုက်တာဟယ် ကျွတ်ကျွတ်
 
 
Okkar Aung ဟားဟား ကလေးမ or အစိမ်းဝတ်ကိုယ်တော်
ဓာတ်ပုံတွေ လိုက်ကြည့်မိမှ ဘာကို လော်ဘီလုပ်ချင်လို့ ဖွင့်ထားတဲ့ အကောင့်လဲ သိတော့တယ်
အကြံပိုင်ပါ့ မောင်မိုးစက်ရယ် 


Bruno Gwan နင်ကဆင်းတာဆင်းရဲတယ်အင်တာနက်တော့သုံးနိုင်တယ်နော်တစ်နေ့တစ်နေ့

U Khine Thin KYi  ဒီလောက်ဆင်းရဲတာကို i series ကိုင်နိင်တယ်ဆိုတော့ ညဘက်ကြရင်အလုပ်ရှိသေတယ်ထင်တယ်နော် ညဘက်ဘာလုပ်လဲညီမ

Tint Naing  နန်းမီမီမိုးစက်ကြောင့်ထွက်ပေါ်လာ သော အံ့သြ သော အသံများ ( အယ် ဟုတ်ရားးးး အို ဟေ ဟင် သေချာရဲ့လား ဟေ ကောင်းလှချည်လား ဟားးးး ) နာတို့ကအဝေး ရောက်တွေဆိုတော့ သိဘူးရယ် မြန်မာပြည်မှာ အကြော်ရောင်း ရင် iPad ကိုင်နိုင်ပြီဆိုရင် ချစ်သူရေ ပြန်လာပြီး အကြော်ရောင်း မယ်

Myo Han Htun  အကိုလည်း ညီမကို အားကျလို့ ဆင်းရဲချင်ယောင်ဆောင် အုံးမှ။ ဒီတစ်ပတ် တနင်္ဂနွေနေ့ ထိုင်းက မြှောင်းဘေး Slam area နေရာတွေက မုန့်ဆိုင်လေးတွေမှာ ဝင်ပြီး ကူရောင်းပေးတာတို့၊ ထိုင်းက ကြက်ဥဖုတ် အထမ်းသည်ဘေးထိုင်ပြီး ဓါတ်ပုံရိုက်ပြီး သနားအောင် ရေးဦးမယ်။ ပြီးရင် ညီမလို Like 24,000 ကျော်လောက်ကို စိတ်ကူးနဲ့ မှန်းရမယ်။ အကို့ကို သနားပြီး ဂရုဏာစိတ်တွေ တဖွားဖွား ပေါ်လာအောင်လို့ပါ။

Shwe Wunn Yan ညည်း ဟာ ညည်း အ ကြော် ရောင်းး ရောင်းး ဘာ ရောင်းးးး ငါ တို့  က စိတ် မ ဝင် စားး ဘူးးးး...ညည်း စောက် ပို တွေ လုပ် နေ တာ ကို စောက် မြင် ကတ် လို့  ပြော နေ တာ...ညည်း က ဆင်းး ရဲ တယ် ဆို ပြီး ဖေ့ ဘုတ် ပဲ သုံးးး နေ တာ လားးး...??ဘ ဝ တိုးး တတ် ရေးး တွေ ကို မ လုပ် ဘူးး လားးး?? ဆင်းး ရဲ တာ ကို အ ထပ် ထပ် ပြော ချင် ရင် ချမ်း သာ အောင် လုပ် လိုက် ဦးးး.ဒါ မှ မီ မီ ဘဝ က အ ရမ်း ဆင်း ရဲ ပါ တယ် .န ဂို က..ဒါ မဲ့ ဘ ဝ တိုး တတ် ရေး တွေ ကို ကြိုး စား ခဲ့ လို မီ မီ ချမ်း သာ တဲ့ ဘ ဝ မှာ နေ နိုင် ပါ ပြီ ပေါ့...ဖတ် ရ တဲ့ သူ တွေ လည်းး သူ တောင် ဒီ ဘ ဝ က ဒီ လို ဖြစ် အောင် လုပ် တယ် ဆို ပြီးး စိတ် ဓာတ် ခွန် အားး ရ မယ်.,အ ခု ဟာ က ဘာ ဆို ဘာ မှ ဘ ဝ တိုးး တတ် ရေးး ကို မ လုပ် ဘဲ အားး ရှိ ဆင်းး ရဲ ပါ တယ် ပဲ ပြော နေ တာ က တော့.ဖေ့ ဘုတ် ပေါ် က လူ တွေ ကို အာ ရုံ နောက် တာ ပဲ...ငါ ပြော တာ ရှင်းး လားး တော့ မ သိ ဘူးးးးးး

April Zar Zar  မိန်းကလေးဖြစ်ပြီး မရှက်ဘူးလားအဲ့လိုမဟုတ်တာတွေပြောနေတာ
ကိုယ်ကရုပ်အဆိုးကြီးလည်းမဟုတ်ဘူး
ဘာလို့အဲ့လိုတွေလုပ်နေတာလဲ နာမည်ကြီးချင်လို့လား LIKE များချင်လို့လား
ကိုယ့်ထမင်းကိုယ်စား ပြီး သူများပြောတာတွေကိုမခံပါနဲ့
ဒါမှမဟုတ် ဆက်ပြီးလိမ်နေဦးမယ် ဆိုရင်
စိတ်ကျန်းမာရေးဆေးရုံလေးဘာလေး သွားပြကြည့်ဦး
နင့်ဦးနှောက်ကပုံမှန်မဟုတ်လို့အဲ့လို အရူးအတွေးအခေါ်တွေ အရူးလုပ်ရပ်တွေလုပ်နေနိုင်တာပေါ့
အကြော်ရောင်းရတယ်လို့ပြောနေတာ ကိုယ့်မိဘသိက္ခာတွေ ပါ ထိခိုက်တယ်ဆိုတာနားမလည်ဘူး
မြန်မာမိန်းကလေး ရှက်တတ်ပါစေ 


Hnin Wai Wai Kyaw အကြံပေးမယ်နော်ညီမ။ အခုလိုဆင်းရဲတာကိုခဏခဏထုတ်ပြောနေမဲ့အစား ဒီစာမျက်နှာ ရဲ့ရည်ရွယ်ချက် အတိုင်း ကဗျာ တွေပဲ တင်ပါလား။ Facebook မှာ ဆင်းရဲတာ ချမ်းသာ တာ ဘယ် သူမ ဂရုမစိုက်ပါဘူး။ ပီး တော့ တခါ ပြော ပီးရင်လဲ တော်ပြီပေါ့ ။ ဆင်းရဲ တယ် ဆိုရင် Facebook မှာ အ ချိန်ကုန်မဲ့အစား အလုပ်ပိုလုပ်ပီးမိဘကို တဖက်တလမ်းကကူညီပါလား။ အခုညီမ က အပြောနဲ့အလုပ် မညီ တော့ အမ တို့လဲ ယုံရခက်ပါတယ်။ လူတွေ စိတ်ဝင်စားအောင် သနား အောင် အချိန်ကုန်ခံပီး ရှေ့ကလိမ် နောက်ကပေါ် တွေ သိပ်မလုပ်ပါနဲ့။ Facebook မှာ နာမည်ကြီးလို့လူတွေ စိတ်ဝင်စားခံရလို့ ညီမ ဘာမထူးလာမှာမဟုတ်ဘူး။

Lazy Sky အမ နန်းမီးမီးမိုးစက်ရှင့်

အမ အရင်တုန်းကကဗျာရေး တာကိုကြိုက်ပါတယ် ဒါပင်မဲ့ ကဗျာသမား တစ်ယောက်အနေနဲ့ ဆင်းရဲရဲ ချမ်းသာသာ ဖတ်တဲ့ လူတွေက ဂရုစိုက်မှာမဟုတ်ပါဘူး! အမအမြင်မှာတော့ ပွင့်ပွင့်လင်းလင်းပြောပင်မဲ့ သူများတွေ အမြင်ကျတော့ စပွန်ဆာ ရှာနေသလိုဖြစ်နေတယ် အမနောက်ထပ် ဆင်းရဲတယ် ဆင်းရဲတယ် ဆိုပြီး ထပ်ခါထပ်ခါမပြောပါနဲ့လားဗျာ Coz ဘယ်သူမှလည်း အယုံအကြည်မရှိသလို ဂရုစိုက်မှာမဟုတ်ပါဘူး အမုန်းပွားရုံသက်သက်ပဲ ရှိမှာပါ


 Thiri XM နာလဲ အကြော်ရောင်းမယ်ကွ... ရောင်းကိုရောင်းမယ် ... အကြော်ရောင်းရင်း Apple ကထုတ်သမျှအကုန်ဝယ်မယ် ... FB ပေါ်တက်
အကြော်ရောင်းတာကို ပရိုမိုးရှင်းလုပ်မယ်..အားပေးကြပါ FB ကသူငယ်ချင်းအပေါင်းတို့.. နန်းမီမီမိုးစက်လို ဆင်းရဲချင်လွန်းလို့ပါ .... ခစ် ခစ် .........


ThainGe Win  ဖြူစင်သလိုလို ခလေးလိုလို ဘာလိုလိုနဲ့လုပ်စားမနေနဲ့ ။အဖြစ်မရှိပဲ ဒီလောက်ထိ အပြောအဆိုခံနေရတာ ရှက်တတ်ရင်လဲသေသင့်တယ်.......ငါ့ သူငယ်ချင်း ရှမ်းမလေးတွေ ရှိပါတယ် နင့်လိုအကျင့်တစ်ယာက်မှ ကိုရှိဘူး ။100မှာ 1ယောက်ဆိုတာ နင်ထင်တယ်

 Mwak Lao ဒါပေမယ့် ဒီရှမ်းမလေးက ရှမ်းစကားမတတ်ဘူး နန်းနာမည်ကို အလွဲသုံးစားလုပ်နေတာလားညီမလေးရယ်..ကိုယ်ဘယ်သူလဲ..အဖေအမေက ဘာလို့ဒီနာမည်ပေးထားတာလဲ..ကိုယ့်စကားကိုယ်မတတ်တာ ရှက်ဖို့ကောင်းတယ်ညီမလေးရဲ့ ... တကယ့်ရှမ်းဆိုရင်ရှမ်းလိုတတ်အောင်လဲ သင်အုံးနော်..

Venus Pouk Sa  နန်းမီမီမိုးစက် ရဲ့ ဝမ်းမနာသားနဲ့သမီးတို့ရယ် ngar dox bar tar comment pay yin pay mal unlike lote yin lote mal arr lone lote paing kwint shi tal !koe nay yar ko nay tat ag kyint hter own! မနာလိုဖြစ်ရအောင် သူ့မှာမနာလိုဖြစ်စရာဘာတစ်ကွက်မှမရှိဘူး

Myat Noe Chel  သောက်ပိုတွေလုပ်နေတာလေတယ်အကြော်ရောင်းချင်fb ပေါ်လာမရောင်းနဲ့လမ်းဘေးရောင်းလေတယ်

Eithinzarphyo Eithinzarphyo ဆင်းရဲတာကိုခဏခဏမပြောပါနဲ့အမရယ်

Susan Mone တကယ်‌မသိလို့ ‌မေးကြည့်‌တာပါlike‌တွေအများကြီးရ‌တော့ဘာထူးခြားလဲဟင်‌ ‌သြော်‌ လူသိများတာ‌ပေါ့‌နော်‌ ဒါ‌ပေမယ့်‌ဒီလို လူသိတာကြီးက‌တော့အထာမကျပါဖူးမမရယ်‌
.
Panpyoe Alinker  ရူးများနေတာလားမသိ အဲသူမ

Phyoenandar Tun  တော်ပါပေတယ် အော် ခေတ်ကြီးနှယ် လိမ်တဲ့လူကမှန် လိမ်တာသိလို့ သိကြောင်းပြောမိတဲ့သူက အမှားပေါ့ ညီမလေးကိုဝေဖန်တာကလဲ မလိမ်သင့်ဘဲလိမ်တာကိုအမြင်မတော်လို့ပါကွယ် မနာလိုလို့မဟုတ်ဘူးနော် မနာလိုရလောက်အောင်လဲ ငါ့ညီမက ဘာမှမှမဟုတ်တာကွယ် သနားလဲသနားပါရဲ့ စိတ်ထားကောင်းတယ်ဆိုပြီးလူချီးကျူးခံချင်တာလား 

Su Myat Sandar ဘာလို့များ အတင်း ဆင်းရဲ ချင်နေတာလားဟင်.. အပေါင်္မှာ နန်းမီမီမိုးစက် cmt ထားတာတွေ့လို့ပါ.. အကြော်တောင် နာမည်တံဆိပ် မရှိတဲ့ အကြော်..ဘာညာ လူတွေက စဉ်းစားဥာဏ်ရှိတယ် ညီမရဲ့ ။အင်တာနက်သုံးတဲ့ သူတော်တော်များများ.. ဦးနှောက်ရှိကြပါတယ်.. ညီမ မျက်နှာလေးက ချစ်စရာလေးပါ.. Page တစ်ခုထောင်ပြီး မလိမ်သင့်ဘူးနော်.. ပြီးတော့ ဝေဖန်နေတဲ့ သူတွေက မနာလိုလို့ မဟုတ်ဘူးနော်.. အမြင်မတော်လို့ ပြောကြတာ.. ဒီအတိုင်း ဆင်းရဲတာ မပါဘဲ ကဗျာတွေ ရေးရင်လည်း ချစ်ကြမှာပါ.. အခုဟာက အတင်းကို ဆင်းရဲတယ်ပဲ ပြောနေတော့.. လူတွေ အမြင်မှာ ကန့်လန့်ဖြစ်ပီပေါ့ကွယ်..

အတင်း ဆင်းရဲ ပါသည် ပြောနေလို့ မန့်လိုက်ပါသည်။
 
Lyrics Mo Ko အဲ့အိမ်မှာ အဲ့အင်္ကျီတစ်ထည်နဲ့ပဲတွေ့တယ် အော်ဘာလို့တရက်ထဲအပြီးရိုက်ခဲ့တာလဲ
............အင်္ကျီလဲလဲပြီးရိုက်မှ သူများယုံမှာပေါ့ လုပ်ချင်ရင်လဲ ပိပိရိရိ လုပ်ပါ.

.
 www.MyanmarExpress.net
  

ထူးဆန်းသော တိုင်းပြည်

From : .http://mgkyautkhae.blogspot.com/2013/03/blog-post_5101.html


သောက်ရေသန့် ဘူးထိုင်ရှိခိုးတဲ့ တိုင်းပြည်မှာ
သမ္မတရားစွဲမယ်ဆိုပြီး ထလုပ်တဲ့ လူရှိတာ ဆန်းတော့မဆန်းဘူး။

ဆန်းတာက ဘာအလုပ်ဘာအကိုင်မှမရှိပဲ လက်ပန်းတောင်းတောင်ကကောင်မလေး လည်ပင်း ဆွဲကြီး ဟီးထ လာတာဆန်းတယ်...။




ကိုယ့်လူမျိုးကိုယ့်ဘာသာချစ်တာမဆန်းဘူး
ရှိတာပေါင်ပြီး ကုလားတိုင်းပြည်သွားအလုပ်လုပ်နေကြတဲ့ လူအများစုရှိတဲ့တိုင်းပြည်က ၉၆၉ ဆိုပြီး ကုလားဆိုင်း မ၀ယ်ရေးဆိုပြီး ကရောင်ကတန်း ထလုပ်နေတာဆန်းတယ်..။

လူတွေ NLD ကိုကြိုက်တာ မဆန်းဘူး.



သူတို့  ညီလာခံကြီးက ဗိုလ်ချုပ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားလို့ လုပ်ထားပြီး ပြည့်သူတွေကို မြုနေတာဆန်းတယ်။

NLD ကို အားပေးတာမဆန်းဘူး..ဒေါ်အောင်ဆန်းစုကြည်သာမရှိရင် ဘာတွေဖြစ်ကြမလဲလို့ မဝေဖန် မတွေးတော မဆင်ခြင်ကြတာဆန်းတယ်...။

ဒီမိုကရေစီ ဒီမိုကရေစီဆိုတပြီး တောင်းတနေတာ မဆန်းဘူး..
ဒီမိုကရေစီ ကို အလုပ်လုပ်ယူရမယ် မသိပဲ လက်ဘက်ရည်ဆိုင်၊အချိန်ပြည့်ထိုင်၊
အရက်ဆိုင်ဘီယာဆိုင် အချိန်ပြည့်ထိုင်ပြီး.. ဖေ့ဘွတ်ပေါ်ကနေ ဒီမိုကရေစီအော်နေကြတာဆန်းတယ်..
အစိုးရကို ဆန့် ကျင်မှ ဒီမိုကရေစီထင်နေကြတာဆန်းတယ်...။



လူတိုင်းငြိမ်းချမ်းရေး လိုခြင်တာမဆန်းဘူး..
ငြိမ်းချမ်းရေးကို စစ်တပ် အစိုးကရမှ ဖျက်စီးနေတယ်လို့ ထင်နေတာဆန်းတယ်...
ငြိမ်းချမ်းရေးကို လမ်းလျှောက်ယူရမယ် လို့ ထင်နေတာဆန်းတယ်..
ငြိမ်းချမ်းရေး ကို ပန့် ဆံပင်နဲ့ ဂျင်းဘောင်ဘီဂွပြဲနဲ့  လက်နက်ပေါင်းစုံကိုင်ပြီး ယိုင်ထိုးနေတဲ့ လူတွေ က တောင်း ဆိုတာဆန်းတယ်။


အားနည်းတဲ့သူကို ကူညီချင်တဲ့စိတ်ဓါတ်ရှိသင့်တာ မထူးဆန်းဘူး..
ပိုက်ဆံရှိတဲ့လူတိုင်း ခရိုနီထင်ပြီး.. လူတန်းစားခွဲခြားနေတာဆန်းတယ်..
ဒီမိုကရေစီအော်ပြီး ကွန်မြုနစ်လိုကျင့်သုံးနေတာဆန်းတယ်...။

ဒေါ်စုကိုဆန္ဒပြလို့ ကားပေါ်ကနေဆင်းရိုက်တဲ့ NLD


စာပေဟောပြောပွဲလုပ်တာ မဆန်းဘူး
အစိုးရမကောင်းကြောင်းလေးပြောပြီးမှ လက်ခုပ်သံယူတတ်တာဆန်းတယ်...။

အစိုးရ ဒီမိုကရေစီကို အကောင်အထည်ဖေါ်နေတာ မဆန်းဘူး..
ပြည်သူလူထုက ပေးနေတာကို မယူတတ် မခံစားတတ်... မရဘူးထင်နေတာ ဆန်းတယ်..။


နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ်များးမှ ခြေဖြင့်နင်း၊မီးရို့၊စုတ်ဖြဲ ခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ

From : Mg Soe




 နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏မုန်းတီးစိတ်ကိုပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သုံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ရှိရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လွဲမှားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိ ခိုက်နိုင်ပါတယ်ဟု ပြောဆိုသွားသည်။ ထိုသို့ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ လူငယ်များကလည်း လုံးဝကျေနပ်မှုမရှိကြောင်းသိရသည်။ ဒီအလံဟာ နိုင်ငံကိုယ်စားပြုအလံပါ၊ နိုင်ငံတကာ အားကစားပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင်အမြတ်တနိုးထားကိုင်တွယ်ခဲ့တဲ့ နိုင်ငံတော်အလံပါ။ ဒီလိုလုပ်တာကို လုံးဝမကျေနပ်ပါဘူးဟု ပြောဆိုသွား သည်။ ထို့ပြင် online အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးကလည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။


 ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ..ဟု ပြောဆိုသွားသည်။

 www.MyanmarExpress.net

 

မြန်မာပြည်သူတွေ ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ရဲ့လား?

From : Linn Yaung


လမ်းဘေး နံရံအနုပညာကို ရဲ တစ်ယောက်တာဝန်ချပြီး အစောင့်ထားရတဲ့ နိုင်ငံ။

ဘုရားပေါ် အများသောက်ဖို့လုပ်ထားတဲ့ ရေချမ်းစင်မှာ
သောက်ရေခွက်ကို နဖားကြိုးတပ်ပေးထားရတဲ့ နိုင်ငံ။

ဘုန်းကြီးကျောင်းနဲ့ ဘုရားခြေရင်းမှာ
“ဖိနပ်ချွတ်ပါ” ဆိုင်းဘုတ်တွေ တပ်ထားရတဲ့ ထေရ၀ါဒအထွန်းကားဆုံးနိုင်ငံ။

ရိုးရာအစားအစာ ကွမ်းမြုံ့ရတာ နှစ်သက်ကြသလို
ကြုံတဲ့နေရာ ကွမ်းသွေးထွေးတာကို ရိုးရာတစ်ခုလို အသားကျနေတဲ့နိုင်ငံ။

မြို့လယ်ကောင် အများသုံးအိမ်သာတွေမှာ
အသက်အောင့်ကာ ရှူးပေါက်ရတဲ့ နိုင်ငံ။

တန်းစီရမယ့်နေရာတွေမှာ တစ်ယောက်တစ်နေရာ တိုးကြခွေ့ကြ
အခုထိ ဦးတဲ့လူရစနစ် ထွန်းကားနေဆဲ နိုင်ငံ။

အလှူရေစက် လက်နဲ့ မကွာသူတွေပေါသလောက်
အလှူခံခွက် လက်နှိုက်စားသူတွေလည်း ပေါလွန်းတဲ့နိုင်ငံ။

နိမ့်ပါးသူကို စာနာသနားတတ်သူတွေ များသလောက်
ကိုယ့်ထက်ကျော်သွားရင် နောက်ကျောကို ဒါးထောက်ဖို့ ၀န်မလေးသူတွေလည်း သိပ်များတဲ့နိုင်ငံ။


 Myanmar Express