Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲတုန်းက မဲပြားကိုဖယောင်းသုတ်တယ်ပြောတဲ့အသုံးမကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

From : ထူးထူး(မော်လမြိုင်)


ကြားဖြတ် ရွေးကောက်ပွဲတွင် ကျော်ကြားခဲ့သော ဖယောင်းသုတ် မဲပြားများနှင့်ပတ်သက်၍ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်ကြားချက် အရ ပယ်မဲ ၃ဝဝ ကျော်အား စစ်ဆေးခဲ့ ရာ လုံးဝမတွေ့ရှိခဲ့ဟု ပြည်နယ် ကော်မရှင်မှ သိရသည်။
ယင်းတိုင်ကြားချက်နှင့် ပတ်သက်၍ ခုံရုံးဖွဲ့ကာသီရိမြိုင် ရပ်ကွက် မဲရုံသုံးရုံနှင့်ခြောက်မိုင် ကျွဲခြံ ကုန်းရွာ မဲရုံတစ်ရုံတို့မှ ပယ်မဲ ၃၆၅ မဲကို တိုင်ကြား သူများရှေ့ တွင် တစ်ရွက် ချင်းစစ်ဆေးခဲ့ရာ ဖယောင်းသုတ် ထားသည်ကို မ တွေ့ရဟု မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရ က ပြောသည်။
စစ်ဆေး တွေ့ရှိခဲ့သော ပယ်မဲများမှာ မဲဆန္ဒရှ င်ကြိုက်သော ပါတီမှ ကိုယ်စားလှယ်အား အမှန် ခြစ်ပြီးကျန် ကိုယ်စားလှယ်လောင်း နေရာတွင် ကြက်ခြေခတ်ထား ခြင်း၊ အကြိမ်ကြိမ် အထပ်ထပ်ခြစ် ထားခြင်း၊ မဲဆန္ဒရှင် ကြိုက်နှစ်သက်ရာ ပါတီအကွက်တွင် ၄င်းအမည်ကို လက်မှတ် ထိုးထားခြင်းနှင့် မည်သည့် နေရာတွင်မှ မခြစ်ထားခြင်း တို့ ကိုသာ တွေ့ရှိပြီး ဖယောင်းသုတ် ထားခြင်းကြောင့် ပယ်ရသည့် မဲပြား များ မရှိကြောင်း ၄င်းကပြောသည်။
”စေတနာနဲ့ ဝိုင်းကူကြတဲ့ ကော်မရှင် အဖွဲ့ခွဲဝင်တွေနဲ့ မဲရုံဝန် ထမ်းတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက် တာကြောင့် နောင်ကျင်းပမယ့် ရွေး ကောက်ပွဲတွေမှာ တာဝန်ယူပေး မယ့်သူ မရှိတာမျိုး ဖြစ်နိုင်လို့ ခုံရုံး အဖွဲ့ရဲ့ တွေ့ရှိချက်၊ အကြံပြုချက်နဲ့ သုံးသပ်ချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားတယ်” ဟု ဦးကျော်သူရ က ထပ်လောင်း ပြောသည်။
ခုံရုံးအဖွဲ့သည် ဧပြီ ၉ ရက်နေ့ တွင် နိုင်ငံရေး ပါတီများမှ ကိုယ်စား လှယ်များ၊ မဲရုံမှူးများနှင့် မဲရုံကိုယ်စားလှယ် များကို စစ်ဆေးခဲ့ပြီး ဧပြီ ၁ဝ ရက်နေ့တွင် မော်လမြိုင် မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှ ပယ်မဲပြားများ ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ခုံရုံးအဖွဲ့ကို ပြည်နယ်ကော် မရှင် အဖွဲ့ဝင်တစ်ဦး မော်လမြိုင် ကော်မရှင် အဖွဲ့ဝင်တစ်ဦး၊ မြို့နယ် ကော်မရှင် အဖွဲ့ဝင်တစ်ဦး၊ မော်လမြိုင် တစည ပါတီဥက္ကဋ္ဌ ဦးတင်မောင် နှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုက ရေစီ ပါတီ ဥက္ကဋ္ဌနိုင်အောင်ချမ်းတို့ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း မွန်ပြည် နယ် ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ ၌ စစ်ကဲကုန်း ရပ်ကွက်၊ မြိုင်သာယာ ရပ်ကွက်၊ ကောက်ကျင်း ရပ်ကွက်၊ သီရိမြိုင် ရပ်ကွက်နှင့် ခြောက်မိုင် ကျွဲ ခြံကုန်းရွာများရှိ မဲရုံများမှ မဲပြားများတွင် ဖယောင်း သုတ်ထားကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်ကြားခဲ့သည်။


 Myanmar Express 

4 comments:

မဲပြားတွေလဲထားတဲ့ဟာ. ချီးစားပြောရင်တောင်ကြိုက်လို့စားသာဘဲလေ

ဖယောင်းသုတ်ထားလည်းNLD နိုင်သွားပြီဖြစ်၍ဘာမှထပ်ပြီးပြဿနာမရှာတော့ပါ။ ရှုံးခဲ့လျှင်ပြဿနာရှာရန်ကြိုတင်ပြီး issuse လုပ် ထား တာဆိုတာလူတိုင်းသိတယ်။ အလုပ်ရှုပ်ခံပြီးပြန်စစ်နေရသေးလား။။။။။

NLD ကို ကော်မရှင်က တရားစွဲရမှာ

hey,, first commenter, your head is " ON" ???
how you 're brainless like that?
your mom not give you brains ??
ask your mom , where're your brains??

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်