Subscribe to our RSS Feed

အမေရိကန် ဆေးရုံညွှန်မှူးတစ်ဦး ကာမကျူးလွန်မှုဖြင့် ထောင်ဒဏ် ၂၄၈ နှစ် စီရင်ခံလိုက်ရ

From : ပေါ်ပြူလာ


စိတ်ရောဂါကု ဆေးရုံညွှန်မှူးဟောင်းတစ်ယောက်ဖြစ်သည့် အမေရိကန်မှ Claude Edward Foulk သည် င်း၏ မွေစားသားအပါအဝင် အခြားသော ယောက်ျားလေးငယ် များစွာအပေါ် လိင်ကျူးလွန်မှုကို နှစ်ပေါင်း ၄ဝ မျှ ကျူးလွန်ခဲ့သူဖြစ်သဖြင့် ၄င်းအားတရားရုံးမှ ထောင်ဒဏ် ၂၄၈ နှစ်ကျခံရန် အမိန့်ချလိုက်ကြောင်း အေပီသတင်း တစ်ရပ် အရ သိရသည်။
၎င်းသည် မွေးစားသား အပေါ်တွင် ၈ နှစ်ကြာမျှ အဓမ္မလိင်ကျူးလွန်မှုပြုခဲ့ပြီး တစ်ဒါဇင်မျှသော လူငယ်ယောက်ျားလေး များကို လည်း အလားတူပြုမူခဲ့သည်မှာ နှစ် ပေါင်းများစွာကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တရားရုံးက ၄င်းအား စိတ်ရောဂါကုဆေးရုံ၏ နံပါတ်တစ်လူနာအဖြစ် ထားရလောက် အောင် ရူးသွပ်နေသူဟု ဆိုခဲ့သည်။
Claudeသည် အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး ၄င်းအားအဆိုးရွားဆုံးသော ကာလရှည် ပစ်ဒဏ်ချမှတ်နိုင်ခဲ့သည့်အတွက် တရားသူကြီးများမှာ ကျေနပ်လျက်ရှိသည်။ Claude Edward  တွင် မွေးစားသား ၂ ဦး ရှိပြီး လိင်မတရား ကျင့်ခံရသည် ဆိုသောမွေးစားသားသည် အသက် ၂၇ နှစ်ရှိပြီဖြစ်ကာ အတ္တလန်တာတွင် နေထိုင်သည်။ Claudeသည် စိတ်ရောဂါကုဆေးရုံတွင်မလုပ်မီ သူနာပြုအလုပ်လုပ်ရင်း MBA ဘွဲ့ယူ ကြောင်း၊ နောက်ပိုင်းမှ ဆေးရုံသို့ရောက်လာကြောင်း သိရ သည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်