Subscribe to our RSS Feed

လိင်တူချစ်သူများနေ့ကို မြန်မာနိုင်ငံတွင် ကျင်းပ

ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လိင်တူချင်း ချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှု အား ဆန့်ကျင်ရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကို ကမ္ဘာတ၀န်းမှာ နှစ်စဉ် ကျင်းပကြသလို အခုနှစ်မှာ မြန်မာနိုင်ငံတွင်းမှာလည်း ပထမဆုံး အကြိမ် ကျင်းပပါတယ်။



ရန်ကုန် ရွှေဂုံတိုင်က Excel Treasure တာဝါမှာ ည ၆ နာရီခွဲကနေ ၁၀ နာရီအထိ ကျင်းပသလို စစ်ကိုင်းတိုင်း မုံရွာနဲ့ မန္တလေးတိုင်း ကျောက်ပန်းတောင်းမှာ လည်း ကျင်းပကြပါတယ်။

လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက “ဒီမြန်မာပြည်မှာက ကျနော်တို့ ဒီ လိင်တူချင်း ချစ်တဲ့သူတွေ သူတို့ရဲ့ အခေါ်အဝေါ် က အခြောက်တို့၊ ဂျီပုန်းတို့၊ မိန်းမလျှာ စသည်ဖြင့် အဲဒီလို ခေါ်တဲ့သူတွေ အပေါ်မှာ လူထုထဲမှာ အထင်အမြင် လွဲမှားမှုတွေ ရှိနေတယ်။ ဥပမာ ဒါဟာ ဆိုလို့ရှိရင် စိတ်ရောဂါမျိုးဖြစ်တယ် ဆိုတဲ့ အရာမျိုးတွေ ဒီလို လူမျိုးတွေက အသုံးမကျဘူး၊ ဒီလိုလူမျိုးတွေက လူ့အသိုင်းအဝိုင်း ရဲ့ ပြဿနာတွေ ဖြစ်တယ် ဆိုတဲ့ ယူဆထားချက်တွေ ရှိတယ်။

အဲဒီတော့ ဒီလိုမျိုးအချက်တွေကို ကျနော်တို့က ပပျောက်ဖို့ အတွက် ဒီလိုမျိုး အခမ်းအနားကို ကျင်းပတာဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင်တော့ ပြီးခဲ့တဲ့ ၁၉၉၁ ခုနှစ်တုန်းက ဆိုရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ကိုယ်တိုင်က လိင်တူချင်းချစ်တဲ့စိတ်က စိတ်ရောဂါ မဟုတ်ဘူးလို့ သူတို့ ပယ်ဖျက်ထားတယ်။ အဲဒီတော့ ဒီလိုမျိုး အမြင်မှားမှုတွေ ပပျောက်ဖို့အတွက် ဒီလိုအခမ်းအနားမျိုး ကျင်းပတယ်။ လူသားချင်း အတူတူပဲ ဖြစ်တယ်။ လူသား အချင်းချင်း တယောက်နဲ့တယောက် မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေ မရှိသင့်ဘူးဆိုတဲ့ စိတ်မျိုးပေါ်ပေါက်လာဖို့ အရေး ပူးပေါင်း လုပ်ဆောင်လိုတဲ့ စိတ်တွေ ဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အရင်နှစ်တွေတုန်းက မြန်မာနိုင်ငံတွင်းမှာ မကျင်းပနိုင်ဘဲ လိင်တူချစ်သူတွေက ထိုင်းနိုင်ငံတွင်းမှာ လာရောက်ပြီး ကျင်းပခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ မြန်မာနိုင်ငံတွင်း လူမှုရေးရော နိုင်ငံရေးအရပါ ပွင့်လင်းလာတဲ့ အပေါ်မှာ လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှုအား ကန့်ကွက် ဆန့်ကျင်ရေးနေ့ကို ကျင်းပတာလို့ သူက ဆက်ပြောပါတယ်။ ဒေသခံ အာဏာပိုင်တွေဆီကနေလည်း ခွင့်ပြုချက်ယူပြီး ကျင်းပတာလို့ ဆိုပါတယ်။

ဒီလို လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအား ကန့်ကွက် ဆန့်ကျင်ရေးနေ့ကို မြန်မာနိုင်ငံ တွင်းမှာ ကျင်းပနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အသိုင်းအ၀ိုင်းနဲ့ ဥပဒေအရ လိင်တူချစ်သူတွေ ကို ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လက်ရှိအထိ ရှိနေတဲ့ ရာဇဝတ်မှု ဥပဒေ ပုဒ်မ (၃၇၇) ဆိုလို့ရှိရင် သဘာဝမကျတဲ့ လိင်ဆက်ဆံမှုကို ရာဇဝတ်မှု အဖြစ်သတ်မှတ်ပြီး ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိ ချနိုင်တဲ့ အရာမျိုးဖြစ် တယ်။ သူတို့ပြောထားတဲ့ အချက်ကတော့ သဘာဝမကျတဲ့ လိင်ဆက်ဆံမှုပါ။ ဒါပေမယ့် အဲ့ဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲကအရဆိုရင် လိင်တူချင်းလိင်ဆက်ဆံမှုကိုလည်း ဒါနဲ့ အကျုံးဝင်တဲ့ သဘောမျိုး ဖြစ်တဲ့ အတွက် ဒါတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နေတဲ့ ပုံစံမျိုး ရှိတယ်။ မြန်မာနိုင်ငံမှာ ဒီဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ပြီး အပြစ်ပေးတာ နည်းပေမယ့် ဒီဥပဒေ ရှိနေခြင်းကြောင့် ဥပဒေဝန်ထမ်းတွေက ဒါကို အခွင့်ကောင်းယူပြီး လိင်တူချင်း ချစ်တဲ့သူလို့ သတ်မှတ်ခံရတဲ့သူ၊ သံသယရှိသူတွေ အပေါ်မှာ ဖမ်းဆီးတာ၊ အနိုင်ကျင့်တာ၊ ငွေတောင်းတာ၊ ပြီးလို့ရှိရင် ဒါတွေနဲ့ ခြိမ်းခြောက် တဲ့ အရာတွေကတော့ နေ့စဉ်နဲ့အမျှ ဖြစ်နေတုန်းပါပဲ။”

လိင်တူ ချစ်ကြိုက်မှုကို အရင်က စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတခုအဖြစ် ယူဆထားခဲ့ကြတာကို ၁၉၉၀ ခု မေလ ၁၇ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒါဟာ ရောဂါတခုမဟုတ်ကြောင်း ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒါကြောင့် မေလ ၁၇ ရက်နေ့ကို လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှု ကန့်ကွက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာတ၀ှမ်း ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ‘လိင်တူချင်းချစ်ခြင်းဟာ ရောဂါမဟုတ်၊ လိင်တူချင်း ချစ်တဲ့သူအပေါ် မုန်းတီးမှုကသာ ရောဂါဖြစ်တယ်’ ဆောင်ပုဒ် တင်ပြီး လိင်တူချစ်သူကို မုန်းတီးသူ ပပျောက်၊ ပယ်ဖျက်ပေးဖို့ လုပ်ဆောင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Myanmar Express

5 comments:

သောက်ကျိုးနည်း..။ မြန်မာပြည် ဒီမိုကရေစီလမ်းစပေါ်ပြီဆိုတာနဲ့ မဟုတ်က ဟုတ်က လုပ်ချင်တဲ့သူတွေက အရင်ထိုးထွက်လာတာပဲ။ မြန်မာ့ယဉ်ကျေးမှုက အခြားတိုင်းပြည်တွေ ယဉ်ကျေးမှုနဲ့ ဘယ့်နှယ့်လုပ် တူနိုင်မတုံး။ အားလုံးသူများတိုင်းပြည်လို ဖြစ်ချင်ရင် သူများတိုင်းပြည် သွားနေကြပေါ့။ မြန်မာပြည်မှာတော့ မြန်မာပီသအောင်ပဲ နေကြဖို့တိုက်တွန်းချင်ပါတယ်။ ရိုးရာဓလေ့ထုံးတမ်းတွေထဲမှာ မကောင်းတာပါသလို ကောင်းတာတွေလည်း အများမှအများကြီးပါ။ ဒီလိင်တူချင်း ချစ်သူနေကြတာကို မြန်မာ့လူ့ဘောင်က လက်ခံနိုင်ဖွယ် မရှိပါဘူး။ အကောင်းဆုံးက ယောကျာ်းဖြစ်ပြီး အနောက်သန်နေကြရင် အနောက်သန်တာကို အားပေးအားမြှောက်လုပ်နေတဲ့ နိုင်ငံတွေပဲ ကြွကြပေတော့။ ငါတို့ ယောကျာ်းလေးတွေကို သိက္ခာမရှိ ၊ လူကဲ့ရဲ့တော့မခံနိုင်ဘူး။

အစ်ကို ရေ လူတိုင်းမှာ ကိုယ်ပိုင်ခံစားချက် ဆိုတာ အမြဲတမ်းဘဲ ရှိပါတယ်။ အစ်ကို့မှာလည်း ကိုယ်ပိုင် ခံစားချက်ဆိုတာ ရှိမှာပါ။ မုန့်ဟင်းခါးကို ငရုတ်သီးလှော်လေး ထည့်စားတာကို ကြိုက်တဲ့ သူတစ်ယောက် အနေနှင့်ကတော့ ငရုတ်သီးကလွဲလို့ ဘယ်အရာကိုမှ လက်ခံနိုင်မှာ၊ ကြိုက်မှာ မဟုတ်ပါဘူး။ အစ်ကိုလည်း သူတပါး ရဲ့ စိတ်ခံစားချက်လေးကို ကိုယ်ချင်းစာ စိတ်လေးနဲ့ ခံစားပေးလိုက်ပါ။ သူတို့တွေက ကိုယ်ပိုင်ခံစားချက် ရှိနေပေမယ့် တပါးသူကို အနှောက်အယှက်မပေးတက်ပါဘူး။ သေချာစဉ်းစား ကြည့်ရင် လူဟာ လူပါဘဲ။ လူတိုင်းမှာ ကိုယ် စီ စိတ်ခံစား ချက်ရှိတက်ကြပါတယ်။

ဒီမိုငခြောက် အနောက်ကိုရောက်

ဘုရား ဘုရား လူလောကကြီးတဖြည်းဖြည်း သဘာဝတရားကိုဆန်.ကျင်နေပြီပါပကောလား

နဂိုထဲကမှ့ မိန်းမတွေ လင်မရလို့ သောကေ၇ာက်နေတဲ့ ကြားက နင်တို့တွေက အချင်းချင်းပဲပြန်ယူ ကြတော့မယ်ဆိုတော့ .. အဟင့်


...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်