Eleven Media ၏ အောက်တန်းကျစွာ စွပ်စွဲမှုကို ဦးရဲထွဋ် မှ လူကြီးလူကောင်းဆန်စွာ ဖြေရှင်း ထားသည့် ပိုစ့် အောက်တွင် တွေ့ရသော ပြည်သူ့ကြားက ပြည်သူ့အသံများ
- Myo SetFacebook လိုနေရာမှာ Graphical Abusing, Identity Fraud စတဲ့ကိစ္စရပ်တွေကို ကျုးလွန်ဖို့အင်မတန်လွယ်ပါတ
ယ်။ ဒီလိုမျိုးကျူးလွန်ဖို့လွယ် တဲ့အတွက် ဓါတ်ပုံတစ်ပုံတင်ထားရုံနဲ့ စွပ်စွဲခြင်းဟာ အံ့သြစရာကောင်းနေတယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာ စုံစမ်းထောက်လှမ်းချင်ရင် ကိုစစ်အောင်ရေးတဲ့စာနဲ့ ကိုရဲထွဋ်ရေးတဲ့စာ အသွားအလာတူမတူ လောက်ကိုတော့ အနည်းဆုံး စိစစ်ပြီး ကိုးကားသင့်တယ်လို့ထင်တယ်။ ဒီလို သံသယဖြစ်ဖွယ်အတော်များများ ရှိနေရင်တောင်မှပဲ သံသယဖြစ်ဖွယ်လို့သာ သုံးခွင့်ရှိပါတယ်။ အစစ်အမှန်ပုံစံ စွပ်စွဲပြီး ကိုယ်ပိုင်မီဒီယာကနေ စိန်ခေါ်ခြင်းဟာ ကိုရဲထွဋ်က စစ်တက္ကသိုလ်ဆင်းတစ်ဦးပဲဖြ စ်ဖြစ်၊ သာမန် စာရေးသူပဲဖြစ်ဖြစ် အလဲဗင်းအနေနဲ့ သတိထားရေးသားသင့်တယ်လို့မြင်တယ်။ - Khin Aye တခေါက်ဖတ်ပြီး..ဆရာဦးရဲထွဋ
်ရဲ့ ခွင့်လွှတ်တတ်တဲ့.. သဘောထားကို...လေးစားသွားပါတ ယ်... နှစ်ခေါက်ပြန်ဖတ်မိတော့.. ရမ်းလွန်းတဲ့ အလဲဗင်းကို အံ့သြအထင်သေးသွားမိတယ်..။ ငါတို့နိုင်ငံမှာ အလဲဗင်း လို hot news လို ခတ်ရမ်းရမ်း ဂျာနယ်တွေ ကြီးစိုးနေတာပါလား လို့တွေးမိသွားတော့ ရှက်လည်းရှက် ၀မ်းလည်းနည်း သွားမိပါလေရော..။ - Lwin Aung Soeမီဒီယာကျင့်ဝတ်ကို တာဝန်အရ ပြုမူကျင့်သုံးနိုင်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရဖို့ ရှိမှာကတော့ သေချာပေါက်ပါပဲ။ မီဒီယာ ဥပဒေ ပြဋ္ဌာန်းထားပြီးတောင်မှ လူတချို့ဟာ စိတ်ခံစားချက်နဲ့ တုန့်ပြန်နေကြဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံး တရားတဘောင် ရင်ဆိုင်ရဖို့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ မီဒီယာ ဥပဒေနဲ့ လုံလောက်မှု မရှိတာကို ဖော်ပြပါတယ်။ တရားရေးမဏ္ဍိုင်က ကြံ့ခိုင် ဖြောင့်မတ်လို့ အရေးယူ အပြစ်ပေးတာတွေ မှန်ကန်ပြီး လူအများက မိမိတို့အသိတရားနဲ့ ဆင်ခြင်တတ်လာမှာပဲ ဆိုပြီး မမျှော်လင့်စကောင်းပါ။ မီဒီယာကျင့်ဝတ်ကို ထိန်းသိမ်းနိုင်တဲ့ စံနမူနာယူစရာ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်ဖို့ လိုအပ်နေဦးမယ် ထင်ပါတယ်။ လက်ရှိခေတ်ကာလဟာ ပြုပြင်ပြောင်းလဲရေးတွေအပေါ်
အရှိန်အဟုန် ပြင်းထန်နေလို့ ဦးရဲထွဋ်လို သည်းခံ နားလည်ပေးနိုင်သူတွေလည်း များများ ရှိလာစေချင်ပါတယ်။ - Tun Tun Win ကောင်းလိုက်တာဆရာ လူကြီးလူကောင်းဆန်ဆန် ဒီလိုမျိုးရှင်းလင်းချက်တွေ
ကို fb မှာတွေရခဲပါ ဘိနယ် ။ - Lin Thu Zaw Eleven ကို သိပ်မကြိုက်ဖူးဗျာ့။ တချို့ သတင်းတွေက သူတို့ ဘတ်တအားလိုက်တယ်။ သူတို့ ထည့်ချင်တဲ့ သတင်းတွေ သူတို့ အာဘော်တွေကို သိပ်ထည့်တယ်။
- Ko Zayarစစ်အောင်ဆိုတဲ့လူက ကိုယ့်ဓာတ်ပုံမတင်ဘဲ သူများဓာတ်ပုံကို ယူတင်ထားတယ်ဆိုတာကတော့ တော်တော်စိတ်ဓာတ်အောက်တန်းက
ျတာပဲ။ eleven media က အကြိုက်ဆုံးမီဒီယာတစ်ခုပါ။ ဒါပေမဲ့ မီဒီယာတွေက ခုလိုမျိုး တစ်ခုခုဆို ငါတို့ကို မထိနဲ့ ဆော်ထည့်လိုက်မယ်ဆိုတဲ့ ဆိုတာမျိုးတွေကို မကြိုက်ပါဘူး။ စစ်အာဏာရှင်စနစ်ကို သဘောမကျသလို စတုတ္ထမဏ္ဍိုင်တွေက လူထုအတွက်ရပ်တည်တာမဟုတ်ဘဲ တစ်ခုခုဆို မီဒီယာလောကသားတွေကို ထိရင်ငါတို့မှာ လော်စပီကာရှိတယ်ဆိုပြီး ၀ိုင်းချမယ်ဆိုတဲ့ မီဒီယာအာဏာရှင်၊ မီဒီယာမာဖီယားဝါဒမျိုးတွေကိုလည်း သဘောမကျပါဘူး။ - ကလေး ချစ်တဲ့မောင်တော်တော်ကြာကြာလေး အားပေးခဲ့ပါတယ် Eleven ကိုပေါ့။ နည်းနည်း ဇရှိတယ်ဟ.. ပြည်သူ့အတွက် ဘာပဲဖြစ်ဖြစ် ပြောရဲဆိုရဲရှိတယ်ဟ.. စသဖြင့်ပေါ့။ အဲ.. မြစ်ဆုံကိစ္စပြီးလို့ Campaign မှာ နာမည်တက်လာပြီးနောက်ပိုင်းလ
ို့ သုံးသပ်မိတယ်။ ရေးသားတာတွေက အစိုးရရဲ့ လုပ်ကွက်မှန်သမျှကို စော်ထုတ်နေတာချည်းပဲ။ စော်တာစော်ပါ။ မပြောပါဘူး။ တစ်ချို့ကောင်တွေ ရေးထားတဲ့ Comment တွေကျတော့ လျစ်လျူရှုထားပြီးတော့ သူတို့နဲ့ အမြင်မတူတဲ့ Comment ဆိုရင် ဖျက်ပစ်တာတွေ လုပ်လာတယ်။ ထားပါဦး သူတို့ သိက္ခာရေးကို ထိခိုက်တာမျိုး Personal ဆိုရင်ထားပါတော့။ မိုးမွှန်အောင် ဆဲထားတဲ့ (စောက်တွေ.. ဖေတွေ.. @#$) ကိုင်တုတ်ထားတာတွေတစ်ချို့တ စ်ဝက်ကို လျစ်လျူပြုခဲ့တယ်။ အဖွဲ့အစည်းလိုက် စော်ကားမော်ကားပြုနေတဲ့ Comment မျိုးတွေကျတော့ အရေးမယူဘူး။ သတင်းသမားဆိုတာ ပြည်သူလူထုသိသင့်သိထိုက်ရင် တောင်မှ တစ်ခါတစ်ခါ Violent ဖြစ်သွားစေမယ့် သတင်းမျိုးဆို သွေဖည်၍သော်လည်းကောင်း၊ အာဘော်ပြောင်း၍သော်လည်းကောင်း တင်တတ်ရတယ်၊ ရှောင်ရှားတတ်ရတယ်။ Hot ဖြစ်ရင်ပြီးရော နိုင်ငံသားအချင်းချင်း ဝိဝါဒကွဲကွဲ၊ မကွဲကွဲ တို့အရေးလား အထာမျိုးတွေ ဖြစ်လာရင် မကောင်းပါဘူး။ အားထည့်တာ ကြိုးစားတာ သတင်းကို အများပြည်သူ Update ဖြစ်ဖို့အတွက် တကယ့်ကိုကောင်းပါတယ်။ အားလည်းပေးပါတယ်။ ဒါပေမယ့် "ဖွ"တဲ့အပိုင်းရောက်လာရင် မီဒီယာ Pride ကို ကိုယ်ပိုင် Idea လေးနဲ့ ပြန်ထိန်းညှိဖို့လိုပါလိမ့် မယ်။ ဓာတ်ပုံတင်ပြီး ရေးရလောက်အောင် တိကျသေချာ ခိုင်မာမှုမရှိတဲ့ Raw Data တစ်ခုကို Information ဖြစ်အောင် လုပ်လိုက်တာတော့ တစ်ဘက်သားမှာ သိက္ခာကျစေတတ်ပါတယ်။ သူတို့ဆီမှာ ဖတ်လိုက်ရင် သိန်းသောင်းချီနေပေမယ့် ခုလိုဖြေရှင်းချက်ကို ဖတ်ဖို့က ပရိတ်သတ်နည်းပါတယ်။ ဒါမျိုးဆို ခင်ဗျားတို့ ပြန်ဖြေရှင်းပေးသင့်တယ်။ တာဝန်ယူသင့်တယ်။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ Prestige ဟာ ဘယ်သူသတ်လို့မှ မသေပါဘူး။ ကိုယ်တိုင်ပြန်သတ်လို့ သေပါလိမ့်မယ်။ မပြောမရှိနဲ့။ Policy လေးတွေ နည်းနည်းလေး ပြင်ရင် အချိန်ရှိပါသေးတယ်။ ဒီနေရာက စေတနာနဲ့ အကြံပြုလိုက်တာပါ။ - Rota ChuaGentleman ဆန်စွာ ဖြေရှင်းတာ အင်မတန်ကောင်းပါတယ် ၊၊ ကြိုလည်း ကြိုဆိုပါတယ် ၊၊ ကောလဟလ ဆိုရင် မကြာခင် ပျောက်သွားမှာ ဖြစ်ပါတယ်၊၊ ထိုမီဒီယာ ဂရုသည် ဒီမိုကရေစီ စာပေလွတ်လပ်ခွင့် တွင်တွင်အော်ပြီး ကိုယ်တိုင်တော့ အကောင့်တော်တော်များများကို
ပိတ်ထားပါသည် ၊၊ ဖေ့ဘွက်စာမျက်နှာတွင်တင်မက ၀က်ဆိုက်တွင်ပါ ကော့မန့်မရပါ၊၊ ယခုလည်း ပြောပြချင်ပါသည် ဆောင်းပါတွင်.. ကားများတင်သွင်းခွင့် ပေးသဖြင့် လမ်းများကျပ်တော့မည် ဖြစ်ကြောင်း ပြောနေပြန်ပါသည် ... ကားတင်သွင်းခွင့် ပေးပြီး နောက်တစ်ရက်တွင် မြောက်ဥကလာတွင် ကားလမ်းပိတ်သည့် သတင်းကို တင်ရင် ဖွပါသည် ... တကယ် စေတနာ မမှန် သော အဖွဲ့ဖြစ်ပါသည် ... စာတည်းချုပ်ဆိုသူသည် အမြဲတမ်း ကျွှန်တော်တို့ CEO ကြီးသည် ကွှန်တော်တို့ CEO ကြီးသည် နှင့် ဘောမ ပါသည် ... တော်တော်လည်း ရယ်စရာကောင်းသည်ဟုတ်ထင်ပါသည် .. သူတို့ စာမျက်နှာတွင် မန့်ခွင့်မရသဖြင့် ဒီနေရာမှာ ရေးပါသည် ..P:) - Mg Linn ပြသနာကို အကျယ်မချဲ့ စေပဲ .. အေးအေးဆေးဆေးလေး .. လူကြီးလူကောင်းဆန်ဆန်ကို ပြောသွားတာပဲ ဗျာ .. တော်တော် ပညာရပါတယ် .. ပြသနာ တစ်ခုကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာကို သိသွားတယ် ..
- Kaung Myat Soe eleven ကတော့ သူတို့ ကို အသေ၇ ဖြတ်လျှင် တ၇ားစွဲမည်ဟု အမြဲတမ်းကြွေးကြော်နေသည့် ဂျာနယ်ဖြစ်ပါသည်။ မှတ်မှတ်၇၇ Royal Eleven ဆို သည့် အ၇က်နာမည်တူကိတ်စ၊ ဒေါ်ပန်ဒို၇ာအောင်ကြီးနှင့် ဖြစ်ခဲ့သော ဘောလုံး အတ်ုပတိ ကိတ်စ၊ so many problem များနှင့် eleven ဖြစ်နေပါသည်။
- မိုး သူအောင် သို့သော် ကာယကံရှင်ကိုမေးမြန်းပြီး သက်ဆိုင်သူ၏ တုန့်ပြန်ပြောကြားချက်များက
ို ထည့်သွင်းရေးသားခြင်းကို Eleven ဂျာနယ်က လုပ်လေ့လုပ်ထမရှိလှသောကြောင့် အပြစ်တင်ရန်လည်းမရှိပါ။ သတင်းဆောင်းပါးကြောင့် အမှန် ဖြေရှင်းခွင့်ရခြင်းအတွက်ပင် ကျေးဇူးတင်ရဦးမည်ဖြစ်သည် - ကလေး ချစ်တဲ့မောင် ဒီနေ့ပဲ အဲ့ဒီ Page မှာ သွားရေးတယ်.. အထိမခံရွှေပန်းကန်က ကျုပ်ကို Ban သဗျာ.. ဟော့ဒီမှာသာ ရှုကြကုန်လော့ အရပ်ကတို့ရေ.. http://www.facebook.com/
photo.php?fbid=442237629137 555&set=a.314922988535687. 88344.100000539642870&type =1&theater - Naing Htun Lin သို့သော် ကာယကံရှင်ကိုမေးမြန်းပြီး သက်ဆိုင်သူ၏ တုန့်ပြန်ပြောကြားချက်များက
ို ထည့်သွင်းရေးသားခြင်းကို Eleven ဂျာနယ်က လုပ်လေ့လုပ်ထမရှိလှသောကြောင့် အပြစ်တင်ရန်လည်းမရှိပါ။ - Kyaw Aye ဦးရဲထွဋ်ရဲ့ လူကြီးလူကောင်းဆန်တဲ့အပြုအမ
ူကိုလေးစားမိပါတယ်။ မီဒီယာလွတ်လပ်ခွင့်ရရှိဖို့ အစဉ်တစ်စိုက်ပြောဆိုလာတဲ့ မီဒီယာဂျာနယ်က သူတို့ ကိုဝေဖန်တဲ့သူတိုင်းကို Ban လာတာများပါပြီ။ ဂျာနယ်ဖတ်ပြည်သူတွေကို ထမင်းရှင်လို့ သဘောမထားပဲ ငါ့ကိုဝေဖန်သူ ငါ့ရန်သူဆိုပြီး ဆက်လက်ကျင့်သုံးနေပါက အဆုံးတစ်နေ့ တွင် ကျဆုံးမည်ဖြစ်သည်။ - Kyawsoe Oo စစ်အောင်ကို ခြိမ်းခြောက်ထားတဲ့ ဝေဖြိုးရဲ့ ရေးသားချက်ကို ဖတ်ရပါတယ်၊ eleven က စာပေလွတ်လပ်ခွင့်လို့ ကြွေးကြော်ပြီး ရေးချင်သလိုရေး၊ သူ့ကိုရေးတော့ တရားစွဲမယ်တို့ ဓာတ်ပုံတင်မယ်တို့ လုပ်ထားလို့ ကျနော်တောင် comment ၀င်ပေးမိပါတယ်၊ အခုလို အဖြစ်မှန်ကိုလဲသိရ လူကြီးလူကောင်းဆန်ဆန် ရှင်းလင်း တုန့်ပြန်ထားတာကိုလဲ ဖတ်ရတော့ အားရ ကျေနပ်မိ၊ လေးစားမိပါတယ်ခင်ဗျာ
- Kyaw Lwin San အခုလို အကြောင်း အရာ တစ်ခု အပေါ် ဝေဖန်ရေးသား ဆွေးနွေး ကြ ရာမှာ
စကား အသုံးအနူန်း နဲ့ အယူအဆ များကို စေတနာ စိတ်ရင်း နဲ့
.လေးလေး စားစား မေတ္တာ ရှေ့ထား ဝေဖန်ဆွေးနွေး သွားကြတဲ့
အလေ့အကျင့် ကောင်းများ အတွက် .ဦးရဲထွဋ် နှင့်...ဝေဖန် ဆွေးနွေး သူများကို
ကျေးဇူးတင်.. လေးစား မိပါတယ်... - Zaw Thura အဲ့ဒါ ၀ဠ်လည်တာလေ ၊ ဆောင်းပါးရှင် "ပေါက်စ,ဖေကံကောင်း,ကပ္ပိယကံ
ကောင်း ဆိုတဲ့ကောင်တွေကို သတိရမိပါရဲ့ .... ။ - လင်း ဘိုဘို "ကာယကံရှင်ကိုမေးမြန်းပြီး
သက်ဆိုင်သူ၏ တုန့်ပြန်ပြောကြားချက်များကို ထည့်သွင်းရေးသားခြင်းကို Eleven ဂျာနယ်က လုပ်လေ့လုပ်ထမရှိလှသောကြောင့် အပြစ်တင်ရန်လည်းမရှိပါ" .... Nice - ကလေး ချစ်တဲ့မောင်မြန်မာနိုင်ငံက နိုင်ငံရေးလုပ်နေတဲ့ပုဂ္ဂိုလ
်တွေ တိုင်းပြည်အတွက်ဘာညာကွိကွ၊ ဒီမိုကရေစီ ဘာညာကွိကွ၊ မတူတာတွေဘေးဘယ် တူတာတွေတွဲလုပ် ဘာညာကွိကွ လျှောက်သာပြောနေတာ မြင်သလောက် တော့ အောက်ပါ အချက်တွေပဲ တွေ့ရတယ်ဗျ.. ကျုပ်ပဲ ဉာဏ်တိမ်တာ ဖြစ်မှာပါလေ။ ဒါပေသည့် သေချာဖတ်ကြည့်ပေါ့ အများစုက ကျုပ်ပြောသလို ဟုတ်မဟုတ်ဆိုတာ သုံးသပ်ကြည့်ပေါ့။
မြန်မာနိုင်ငံက နိုင်ငံရေးသမားဆိုတာ
၁။ အစိုးရကို အတိုက်အခံ ဘုကလန့်လုပ်တတ်ရမယ်။
၂။ မျက်နှာပြောင်တိုက် အရှက်နည်းတတ်ရမယ်။
၃။ ပြောင်လိမ်ပြောင်စား လုပ်တတ်ရမယ်။
၎။ ပြည်သူနဲ့ မီဒီယာကို ခုတုံးလုပ်တတ်ရမယ်။
၅။ အခြေအနေ အချိန်အခါအလျောက် နှမ်းဖြူးကောင်းရမယ်။
၆။ ဘာအရည်အချင်းမှမလို အထက်လူကြီးတွေ သင်ပေးတာကို လိုက်လုပ်တတ်ဖို့သာလိုသည် ဆိုတာ နားလည်ထားရမယ်။
၇။ ဒီမိုကရေစီလို့ တွင်တွင်အော်ပြီး ကိုယ်တိုင်လိုက်မလုပ်နိုင်သော်လည်း ကိုယ်မမှားသလို ခပ်တင်းတင်း နေတတ်ရမယ်။
၈။ အရှက်နည်းရမယ်။ အတွေးခေါ်က တိုင်းပြည်ကောင်းဖို့ထက် အစိုးရကို ဖိအားပေးဖို့ပဲ တစ်သမတ်တည်းလမ်းကြောင်း ဖြစ်နေရမယ်။
၉။ သင်သာ ဘာမှမဟုတ်ပေမယ့် Celebrity ဖြစ်ခဲ့မယ်ဆိုရင် အမတ်ဖြစ်ခွင့် ရှိတယ်ဆိုတာကို သိနားလည်ထားရမယ်။
၁၀။ အစိုးရအဖွဲ့ထဲမှာ ကိုယ့်လူတွေပါဖို့ ပါတီစည်းရုံးရေးတွေ ရှေ့တန်းတင်ရမယ်။
၁၁။ တကယ်တမ်း နိုင်ငံနှင့်လူမျိုးအတွက် အာတစ်ပေါက်သာလိုသည်ဆိုတာ လက်ခံယုံကြည်ထားရမယ်။
၁၂။ လက်တွေ့လုပ်နေတဲ့သူတွေဟာ အစိုးရ အဖွဲ့ဝင်တွေဆိုရင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရိမယ်၊ သဲ့မယ်၊ ထေ့မယ်၊ ငေါ့မယ်၊ ပြည်သူနဲ့အစိုးရ ရန်တိုက်ပေးမယ်။
၁၃။ မီဒီယာကို လက်နက်လိုသုံးမယ်။ ကိုယ့်ကို နည်းနည်းဖဲ့လာမယ်ဆိုရင်တော့ပြန်ဖွမယ်။
တကယ်တော့ နိုင်ငံရေးဆိုတာ အဲ့ဒီထက်များစွာသော ကောက်ကျစ်စဉ်းလဲမှုတွေ အများကြီးပါပဲ။ ဉာဏ်မီသလောက်လေး ဖော်ထုတ်ကြည့်တာပါ။ သေချာစဉ်းစားကြည့်ပေါ့ ဟုတ်လားမဟုတ်လားဆိုတာကို။
မြန်မာနိုင်ငံက နိုင်ငံရေးသမားဆိုတာ အဲ့ဒါပဲ။ :D
6 comments:
EMG most dangerious for country. They are traitor to country and people .All they like west ideology and freedom. They want wilislic media or nicket democracy .May be they got their practise as their family no wearing anything at home ang staying together.CEO Aung Than Htud should be thrown by cuntry.
လူကြီးလူကောင်း ဆန်လိုက်တာဗျာ။
ELEVEN က ခွေးသူတောင်းစား ကြာကူလီသန်းထွဋ်အောင်နဲ့ 
ကြာကူလီသန်းထွဋ်အောင်မွေးထားတဲ့ ဝေဖြိုးဆိုတဲ့ ကြာကူရီ ခွေးတွေနဲ့  အဆင့်အတန်းခြင်း က မိုးနဲ့ မြေပါပဲ
ELEVEN ဆိုတာ အဆင့်မရှိတဲ့ ကလောင်လူမိုက်တွေ စုထားတဲ့ အောက်တန်းစား မီဒီယာဆိုတာ လူတွေ ပိုမို သဘောပေါက်သွားတာပေါ့။
ELEVEN က ကော်မန့် တွေ ကြည့်လိုက်ရင် အရေးအသားက အကုန် တူနေတာ တိုက်ဆိုင်မှု တစ်ခုလား။
ELEVEN မီဒီယာ က ကော်မန့် တွေ ဖတ်ရတာ ဒေါက်တာ ချက်ကြီး ဆိုက်ဒ် က မျိုးဟန်ထွန်းနာမည်နဲ့ ဝင်ရေးနေကြတဲ့ အခြာက်မ အဖွဲ့ နဲ့ တူတယ်။
ELEVEN သတင်းတစ်ခုတင်တယ်။ သူတို့ အဖွဲ့ က ပင်တိုင် ၀ိုင်းအာတယ်။
သူတို့ တင်တဲ့ သတင်းကို သူတို့ ကိုယ်တိုင် ထောက်ခံနေတာ
အရေးအသား က သံတူကြောင်းကွဲတွေ ချည်း
သာမန်ပြည်သူတစ်ယောက်ရေးတဲ့ ကော်မန့် ပုံစံတစ်ခုမှ မတွေ့ ဘူး။
အစိုးရကို စောက်ပြစ်တင်ပြီး ဆရာကြီးပုံစံကော်မန့် တွေချည်းပဲ
သူသိသူတတ် ကော်မန့်တွေပဲ။
ELEVEN ကပဲ ဂျာနယ်တိုက်က တတ်ယောင်ကား ဆရာကြီး ၆ယောက်လောက် က ပင်တိုင် ကော်မန့် ဝင်ရေးနေပုံရတာ။
သန်းထွဋ်အောင်လည်း အရှေ့တောင်အာရှမှာ ငါ့လောက်သိ ငါ့လောက်တတ်တဲ့သူ မရှိဘူး ဆိုပြီး နားထင်သွေးတက်ဆောင့်ပြီးသေနေအုန်းမယ်။
သန်းထွဋ်အောင် ကို မြန်မမြန် ရေးယူပေးပါ။
ဖြေိုးဆိုတဲ့ ခွေးကိုလည်း မမေ့နဲ့ နော်
Eleven Media Journal ကို ၀ယ်ကိုမဖတ်တော့တာ
အဆိပ်ပင် ရေလောင်းသလို ဖြစ်နေမှာစိုးလို့
weekly eleven journal ကို ၀ယ် မ ဖ တ် သင့် တာ ကြာ ပီ
ကိုဇေယျာရဲ့ မီဒီယာအာဏာရှင်ဆိုတဲ့ စာလုံးအသုံးအနှုန်းလေး သိပ်ကြိုက်သွားပါပြီ။ Eleven ဟာ ဌာနဆိုင်ရာတစ်ချို့မှာလည်း မီဒီယာ အားကိုးနဲ့ဝင်ရောက် ခြိမ်းခြောက်အနိုင်ကျင့် လုပ်နေပါတယ်။
ငါတို့လိုလားသလိုအမြန်လုပ်ပေး မပေးရင် မီဒီယာကနေ ဆော်လိုက် မယ် ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးပါ။ အရမ်းလူပါးဝနေပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သယောင်၊ အစိုးရဌာနတွေရဲ့ အားနည်းချက်လုပ်ရပ်ကို တာဝန်သိသိဖေါ်ထုတ်ပေးနေသယောင်နဲ့ အယောင်ပြပြီး ကိုယ်တိုင်က မီဒီယာအာဏာရှင်စနစ်ကို ထူထောင်ရန် ကြိုးပမ်းနေသည်ဟု မြင်မိပါသည်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်