Subscribe to our RSS Feed
Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

ဒါလားဟေ့ living together (ပေးစာ - ၇၈)



အစ်ကိုမောင်မောင်ရေ အစ်မသန်းထွေးကြူကတွေ့ ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့ သန်းထွေးကြူ ရဲ့ မောင်ဖြစ်သူ ကျော်ကျော် ကကျောင်းသွားရင်းကျွန်တော့်ကိုဝင်ပြောသွားသည်။
သန်းထွေးကြူ နိုင်ငံခြားမှာအလုပ်သွားလုပ်တာ ၃ နှစ်နီးပါးကြာပြီးနောက် နေမကေင်းသဖြင့်ပြန်လာသည်ကိုတော့ကြားသည်။
တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူကိုယ်တိုင်ခေါ်ခိုင်းနေပြီမို့  ညနေဖက်အိမ်မှထွက်ခဲ့သည်။ အိမ်ရှေ့ တွင်သန်းထွေးကြူရဲ့ ညီမငယ်လေး စုစု ကစားနေသည်။
ကျွန်တော် အိမ်အပေါ်ထပ်သို့ တန်းတက်ခဲ့သည်။သန်းထွေးကြူကခြေသံကြားသဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့် ။
အကိုမောင်မောင် ကတော့ငါ့ညီမလေးဘယ်လိုဖြစ်နေသလဲလို့  သတင်းတောင်လာမေးဖေါ်မရဘူး။ ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။
မဟုတ်ပါဘူးသန်းထွေးကြူရယ် အကိုလည်း ဒီရက်မှာ အလုပ်နဲနဲ များနေလို့ မလာဖြစ်သေးတာပါ။ သန်းထွေးကြူ ပန်ရောက်တာအကိုကြားပါတယ်။
သန်းထွေးကြူကိုကြည့်ရတာ အသားအရေ ဖြုဖတ်ဖြုရော် နှင့်တော်တော်လဲ ပိန်သွားသည်။ ဟိုတုံးကသန်းထွေးကြူ နှင့်လုံးဝမတူတော့။
သန်းထွေးကြူ နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို့ မောင်နှမအရင်းကဲ့သို့ သံယောဇဉ်ရှိသည်။
တခုတော့ရှိသည် သန်းထွေးကြူ ကဘယ်တော့မှကျွန်တော့်ကို အကိုဟုမခေါ်။ကျွန်တော့်နာမည်ပါတွဲခေါ်သည်။
သူ့ ကိုယ်သူတော့ သန်းထွေးကြူ ကညီိမလေးက ဟုပြောတတ်သည်။
တနေ့ တွင် သန်းထွေးကြူ က ကျွန်တော့်အား။
အကိုမောင်မောင် ပြောစရာရှိလို့ 
ပြောလေညီမလေး ဘာပြောမလို့ လဲ
အစ်မ၀မ်းကွဲ မမသက်ကိုသိတယ်မဟုတ်လား
အင်းသိတယ်လေ သူကနိုင်ငံခြားမှာမဟုတ်လား
ဟုတ်တယ် သူခေါ်လို သန်းထွေးကြူ အဲဒီကို လိုက်သွားပြီး အလုပ်သွားလုပ်မလို့ 
ဖြစ်ပါ့မလားသန်းထွေးကြူ ရယ် ခုချိန်ထိ ကျောင်းတက်တာကလွဲပြီး ဘာအလုပ်မှမလုပ်ဘူးတဲ့သူက နိုင်ငံခြားမှာတောင်အလုပ်သွား
လုပ်မယ်ဆိုတော့ ။
ဖြစ်ပါတယ် အကိုမောင်မောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော်များများသွားလုပ်နေကြတာ အထူးအဆန်းမှမဟုတ်တာ။
သန်းထွေးကြူ ပြောတာဟုတ်ပါတယ်ဒါပေမဲ့ ။
ဘာမှဒါပေမဲ့မနေနဲ့ အကိုမောင်မောင် အဖေကစက်ရုံလုပ်သား အမေကဈေးထဲမှာဈေးရာင်းပြီး သန်းထွေးကြူ တို့ မောင်နှမ ၃ ယောက်ကိုလုပ်ကြွေးလာတာ သူတို့ ပင်ပန်းလှပါပြီ ။ဒီတစ်ခါ သန်းထွေးကြူ အလှည့် အောက်မှကလဲ မောင်လေးနဲ့ ညီမလေးကလဲရှိသေးတယ်
သန်းထွေးကြူ ဟိုမှာ ၃ နှစ် လောက်ကျိုးစားပြီးအလုပ်လုပ်မယ် ပိုက်ဆံစုမယ်။ပြီးရင် ဒီကိုပြန်လာပြီးစီးပွားရေး လုပ်ငန်းလုပ်မယ်မကောင်းဘူးလား။
သန်းထွေးကြူ ပြောစကားကအကြောင်းပြချက်ခိုင်လုံနေသည်မို့  ကျွန်တော်ဘာမှမပြောသာတော့။
အင်းလေ ညီမလေးကောင်းမယ်ထင်တာသာလုပ်ပါတော့ ။ ဒါနဲ့ ကုန်ကျစရိတ်ကရော။
အဲဒါဘာမှပူစရာမလိုဘူး မမ သက်ကသူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အ လုပ်လုပ်ပြီးပြန်ဆပ်ရမှာ။
သန်းထွေးကြူ သွားသည့်နေ့  မင်္ဂလာဒုံလေဆိပ်တွင်။
သန်းထွေးကြူ ညီမလေး အကိုတစ်ခုတော့ပြောချင်တယ်။
တစ်ခုမပြောနဲ့ ဆယ်ခုပြော ။သန်းထွေးကြူ ကမျက်စောင်းထိုးယင်းပြောသည်။
တကယ်ပြောမလို့ မနောက်နဲ့ ။
ကဲပါ အကိုမောင်မောင်ပြောတာ သန်းထွေးကြူ နားထောင်မယ်။ပြီးတော့ လိုက်နာပ့ါမယ်ဂတိပေးပါတယ်ရှင်။
အင်း ဒါဆိုလဲပြီးရော ။ညီမလေးဟိုရောက်ရင် အလုပ်ကိုကျိုးကျိုးစားစားလုပ်။ပိုက်ဆံကိုသေသေချာချာစု။
သူငယ်ချင်းပေါင်းရင်လဲသတိထားပြီးပေါင်း။အားရင်စာဖတ် ။ပြီိးတော့ဘုရားလဲရှိခိုး။
မိဘတွေကိုလည်း ညတိုင်းကန်တော့ပြီးမှအိပ်နော်။
ဟုတ်ကဲ့ပါအစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ သန်းထွေးကြူ ကငေါ့ပြီးမေးသည်
ကျမ္မာရေးလဲဂရုစိုက်နော် ဒါပဲ
သန်းထွေးကြူ အမေကလဲဝင်ပြောသည်။
သမီးအကိုပြောတာတွေကိုသေသေချာချာမှတ်ထားနော်။ကဲသမီးသွားတော့ ဟိုမှာသူများတွေတောင်ဝင်နေပြီ။
သန်းထွေးကြူ က သူ့ အဖေ နှင့်အမေအားထိုင်ကန်တော့ပြီး ကျွန်တော့်အား။
အကိုမောင်မောင် အဖေနဲ့ အမေကိုဂရုစိုက်ပေးနော်။မောင်လေးနဲ့ ညီမလေးကိုရောပဲ။
အေးပါညီမလေးရယ်ဒါတွေဘာမှပူမနေနဲ့ ။အကို့ တာဝန်ထား ။အကိုအားလုံးကူညီမယ်။ကဲညီမလေးသွားတော့။
ီဒီလိုနဲ့ သန်းထွေးကြူ နိုင်ငံခြားသို့ ထွက်သွားတော့သည်။။။

အကိုမောင်မောင် ဘာတွေစဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ ဆယ်ခွန်းလောက်ရှိနေပြီ။
သန်းထွေးကြူ စကားသံကြားမှ ကျွန်တော်လည်းသတိပြန်လည်လည်လာပြီး။
သြော် ဘာမှမစဉ်းစားပါဘူးညီမလေးရယ်။
ကျွန်တော်က ပိန်သွယ်နေသော သန်းထွေးကြူ လက်ဖမိုးလေးအားအုပ်ကိုင်ယင်း။
ညီမလေးကဘာရောဂါဖြစ်တာလဲ လိုအပ်ရင်ဆေရုံတက်လိုက်ပါလား။
သန်းထွေးကြူ ကခေါင်းကိုခါရမ်းယင်း ။
အကိုမောင်မောင် သန်းထွေးကြူ အဖေနဲ့ အမေကိုပြန်မပြောပါဘူးလို့ ဂတိပေးပါလား။
ဘာတွေပြောမှာမို့ လို့ လဲညီမလေးရယ်။
မရဘူးအကိုမောင်မောင် ဂတိအရင်ပေးပြီးမှညီမလေးပြောမှာ။
ကဲပါညီမလေးရယ်ဂတိပေးပါတယ် ဘယ်သူ့ ကိုမှမပြောပါဘူး ကဲ ပြောတော့
ဒီလိုအကိုမောင်မောင်ရဲ့  သန်းထွေးကြူ အဲဒီကိုရောက်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ရတယ်။
အားလုံးမိန်းကလေး ၆ ယောက်ရှိတယ်။အားလုံးကိုအုပ်ချုပ်တဲ့စူပါဗိုက်စာတရုပ်မလဲရှိတယ်။
သန်းထွေးကြူ ကရောက်ခါစဆိုတော့သူတို့ ဆီမှာပြောတဲ့စကားမတတ်သေးတော့အင်္ဂလိပ်လိုပဲပြောရတယ်။
ဒီလိုနဲ့  ၆ လလောက်ကြာလာတော့ စကားလဲတတ်လာပြီ ။လုပ်ငန်းလဲကျွမ်းကျင်လာပြီ။
ပြီးတော့ ဆိုင်ကိုအမြဲလာစားနေကျဖေါက်သယ်တွေနဲ့ လဲရင်းနှီးလာပြီ။ သန်းထွေးကြူ ကအလုပ်ကိုမခိုမကပ်လုပ်တော့
သူဌေးကလည်းသဘောကျတယ်။လာစားတဲ့ဖေါက်သယ်တွေကလဲခင်ကြတယ်။သူဌေးက သန်းထွေးကြူ ကိုတဖြည်းဖြည်းန့ဲ လစာတိုးပေးတယ်
ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ မိုက်ကယ် လို့ ခေါ်တဲ့ အဖြူ တယောက်နဲ့ ခင်မိတယ်။ဆိုင်ကိုလာရင်လဲ တခြားစားပွဲထိုးတွေကိုမခေါ်ပဲ
သန်းထွေးကြူ ကိုပဲခေါ်တယ် ။အဲ ဒီမိုက်ကယ် နဲ့ သူငယ်ချင်းတွေလာစားရင် စကားကိုယဉ်ယဉ်ကျေးကျေးပြောပြီး ခိုင်းတတ်တယ်။
စားပြီးလို့ ပြန်ရင်လဲ ငွေရှင်းလို့ ပိုတဲ့ပိုက်ဆံဆိုရင် သန်းထွေးကြူ ကိုအမြဲပေးတယ်။ဒီလိုနဲ့ တနေ့  တော့သန်းထွေးကြူ နဲ့ အတုတူလုပ်တဲ့အစ်မ မငယ် က
သန်းထွေးကြူ နင့်ကို မိုက်ကယ် ကကြိုက်နေတယ် ငါ့ကိုပြောပေးပါလို့ ပြောတယ် နင်ဘယ်လိုသဘောရသလဲ။
ဟာ အစ်မကလည်း ဘာဖြစ်လို့ ပြန်ကြိုက်ရမှာလဲ သန်းထွေးကြူ တို့ က ပိုက်ဆံလာရှာတာ အချိန်တန်ရင်အိမ်ပြန်ကြရမှာ။အပူမရှာချင်ပါဘူး။
အေးလေစဉ်းစားပါဦးဟာ အချိန်တွေရှိသေးတာပဲ။
မငယ် ကလဲ အားတိုင်း သန်းထွေးကြူ ကို အဲဒီအကြောင်းပဲပြောတယ်။ တနေ့ သန်းထွေးကြူ တို့ ဆိုင်ပိတ်လို့  မြို့ ထဲသွားဖို့ ကားစောင့်နေတုံး
မိုက်ကယ် ကားနဲ့ ရောက်လာပြီး။
မငယ် တို့ ပါလား ဘယ်သွားမလို့ လဲ။
ကျွန်မတို့ မြို့ ထဲသွားလို့ ပါ။
သန်းထွေးကြူ လဲပါတာကိုး လာကျွန်တော်လဲမြို့ ထဲသွားမှာ လိုက်ခဲ့ပါလား။
ရပါတယ် ဘတ်စ်ကားနဲ့ ပဲသွားမယ် ကျေးဇူးတင်ပါတယ်။ သန်းထွေးကြူ ငြင်းလိုက်တယ် ။
မိုက်ကယ် က မငယ် ကိုကြည့်လိုက်ပြီး ။
လာပါဘာမှအားနာနေစရာမလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ ကူညီရတာပါ။
အေးလေ သန်းထွေးကြူ ကလဲ မိုက်ကယ် ကိုအားနာစရာကြီး လာပါဟာ။
မငယ် လဲ သူ့ ဘက်ပါသွားပြီမို့  သန်းထွေးကြူ လဲအားနာနာ နဲ့ ပဲ မိုက်ကယ် ကားနဲ့ မြို့ ထဲကိုလိုက်ခဲ့ပါတော့တယ်။
မြို့ ထဲရောက်တော့မိုက်ကယ် ကတစ်ခုခု ကျွေးပါရစေဆိုတာနဲ့  ဆိုင်တစ်ဆိုင်မှာဝင်စားကြပြန်ပါတယ်။
ပြီးတော့မှ မိုက်ကယ် လည်း နှုတ်ဆက်ပြီးထွက်သွားပါတော့တယ်။
အဲဒီနောက်ပိုင်း သန်းထွေးကြူ တို့ အပြင်ထွက်တိုင်း မိုက်ကယ် ရောက်ရောက်လာတာတွေ့ ရတယ်။
ကြည့်ရတာမငယ် နဲ့ မိုက်ကယ် အဆက်အသွယ်ရှိပုံရပါတယ်။
ဒီလိုနဲ့ နှစ်သစ်ကူးမှာ သန်းထွေးကြူ တို့ ဆိုင် ၅ ရက်ပိတ်ပါတယ်။
အဲဒီပိတ်ရက်မှာ မိုက်ကယ် ကသန်းထွေးကြူ နဲ့ မငယ် ကို ဟန်းဖုန်း တစ်လုံးစီ ၀ယ်ပြီး လက်ဆောင်ပေးပါတယ်။
သန်းထွေးကြူ ကအတန်တန် ငြင်းပေမဲ့ မငယ် ကနှစ်သစ်ကူးလက်ဆောင်ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ့ ယူလိုက်ရပါတယ်
ဟန်းဖုန်းလဲရရော ညဖက်ဆိုင်သိမ်းပြီးလို့ အိမ်ရောက်တာနဲ့  မိုက်ကယ် ကသန်းထွေးကြူ ဆီအကြောင်းမရှိအကြာင်းရှာပြီး ဖုန်းဆက်ပါတော့တယ်။
မငယ် ကလည်း ပြောတယ်။
သန်းထွေးကြူ ကလဲ အဖြူ သူဌေး သားကကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး ချူစားပေါ့ ဟ။
ဟာ မငယ် ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ ရမလား နောက်ပိုင်းမတော်တရော်တွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲ
့ကျွန်မပဲစိတ်ဆင်းရဲရမှာ။
သန်းထွေးကြူ ကလဲအဲဒီအတွက်မပူပါနဲ့ ဟယ် ငါကူညီမှာပေါ့။
အဲဒီအချိန်ကစပြီး သန်းထွေးကြူ လူပေါင်းမှားပြီဆိုတာ သတိမထားမိခဲ့ပါဘူး။
ဒီလိုနဲ့ သန်းထွေးကြူ နဲ့ မိုက်ကယ် ချစ်သူတွေဖြစ်သွားကြတယ်ဆိုပါတော့။
မိုက်ကယ် ကားလေးနဲ့ သန်းထွေးကြူ တို့ သွားလေရာ မငယ် လဲပါတယ် ။သန်းထွေးကြူ ကိုဘာပဲဝယ်ပေးပေး မိုက်ကယ် က မငယ် ကိုလည်းဝယ်ပေးတယ်။
မငယ် လဲပျော်နေတာပေါ့။ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါအကိုမောင်မောင် ။နောက်ပိုင်းချစ်သူတို သဘာဝ လွတ် ၂ လပ် ၂တွေ့ ကြတော့
သန်းထွေးကြူ အရမ်းကြောက်တယ် ။အဲဒီမှာပဲ ဆရာမကြီး မငယ် ကဆေးခန်းတစ်ခုကိုခေါ်သွားပြီးလိုအပ်တဲ့အကာအကွယ်တွေအားလုံး
လုပ်ပေးတယ် ။ လတိုင်း လဲ မိုက်ကယ် က လခ နီးပါးပဲ ပိုက်ဆံတွေပေး လိုချင်တာတွေဝယ်ပေးတော့ သန်းထွေးကြူ လဲ မိုက်ကယ် နဲ့ 
နေရတာပျော်လာတယ် အကိုမောင်မောင်။
အိမ်ကိုလဲ လတိုင်းပိုက်ဆံများများပို့ နိုင်တော့အမေတို့ လဲပျော်နေကြတာပေါ့။
ဒီလိုနဲ့ သန်းထွေးကြူ မိုက်ကယ် နဲ့ တွဲနေတာ တစ်နှစ်လောက်ကြာတော့ ကျမ္မရေး နဲနဲ ချူချာလာတယ်။အစကတော့ အလုပ်ပင်ပမ်းလို့ 
ဖြစ်တယ်လို့ ပဲထင်ထားတာ ။တစ်ခါတစ်ခါဆိုရင် ချည့်နဲ့ ပြီးအားကုန်သွားသလိုပဲ မလှုပ်ချင်တော့ဘူး။
သန်းထွေးကြူ အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ်လုပ်တာ ၃ နှစ်ထဲကိုဝင်လာတဲ့အချိန်ပဲ ။ အဲဒီလို သန်းထွေးကြူ နေမကောင်းဖြစ်စမှာပဲ
မငယ် လဲ မြန်မာပြည်ကိုပြန်သွားတယ်။ မိုက်ကယ် လဲ သန်းထွေးကြူ နေမကောင်းဖြစ်နေတော့ ပိုက်ဆံတွေလဲပေးတယ် ဂရုလဲစိုက်တယ်။
ဒီလိုနဲ့ သန်းထွေးကြူ နေမကောင်းတာကြာလာတော့ မိုက်ကယ် မလာတော့ဘူး။
ဖုန်းခေါ်ရင်လဲ မကိုင်ဘူး နောက်ဆို ဖုန်းကိုပိတ်ထားတော့တယ် ။ နောက်ပိုင်းသန်းထွေးကြူ ချောင်းအရမ်းဆိုးလာတာနဲ့ 
တီဘီရောဂါ ဖြစ်မှာစိုးလို့ ဆေးခန်းတစ်ခုမှာသွားပြလိုက်တယ်။အဲဒီမှာဆရာဝန်က သန်းထွေးကြူ ကိုဆေးစစ် တယ်။
အဲဒီလို စစ်လိုက်တဲ့အချိန်မှာပဲ သန်းထွေးကြူ ဘ၀ဆုံးသွားပြီဆိုတာ သိလိုက်ရတယ်အကိုမောင်မောင်။
ဆရာဝန် ကအမျိုးသမီးဆရာဝန်ဆိုတော့ကောင်းပါတယ်။ သန်းထွေးကြူ ကိုမေးတယ်။
ညီမလေးဘာအလုပ်လုပ်တာလဲ ။
စားသောက်ဆိုင်မှာ စားပွဲထိုးပါ ။
ယောင်္ကျားရှိသလား ။
လက်မထပ်ရသေးတဲ့ချစ်သူတော့ရှိပါတယ် ။
အတူတူ နေကြတာလား ။
ဟုတ်ကဲ့ ။ ၂ရက်ခြား ၃ရက် ခြားတော့တွေ့ ဖြစ်ကြပါတယ် ။
အဲဒီလူနဲ့ အတူတူနေတာ ဘယ်လောက်ကြာပြီလဲ ။
တစ်နှစ်ခွဲ လောက်ရှိပါပြီ ။
သူ့ ကိုရော ဒီဆေးခန်း ကို ခေါ်လာလို့ ရမလား ။
အဲ့ဒီလိုမေးတော့သန်းထွေးကြူ မျက်ရည်စို့ လာပြီး
ခေါ်လို့ မရတော့ဘူး ဒေါက်တာ ကျွန်မဆီလဲမလာတော့ဘူး ။ဖုန်းခေါ်ရင်လဲ ပိတ်ထားတယ်။
အင်းစိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ဒီရောဂါ အဲ ဒီလူဆီကကူးတာပဲ ဖြစ်မယ်။
ကျွန်မဘာဖြစ်တာလဲဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောပါ ။ကျွန်မ လိုအပ်တာအားလုံးလုပ်ပါ့မယ်။
စိတ်ခိုင်ခိုင်ထားနော် ညီမလေး အရမ်းလဲအားမငယ်နဲ့  ညီမလေးရောဂါက AIDS
ရှင် သန်းထွေးကြူ မေ့လဲမတတ်ဖြစ်သွားတယ် ။
ဒါဆိုကျွန်မသေတော့မှာပေါ့နော် ။ အငမ်းမရမေးလိုက်တယ် ။
ချက်ချင်းတော့မသေနိုင်သေးပါဘူး ညီမရယ်။
အဲဒီလိုသိလိုက်ရတော့သန်းထွေးကြူ လေ ဒေါက်တာရှေ့ မှာငိုနေတာ တော်တော်ကြာတယ်။
ဆရာဝန်ကသန်းထွေးကြူ ကို
နေမကောင်းဘူးလို့ ပြောပြီး မြန်မာပြည်ကို ပြန်လိုက်ပါညီမရယ်
အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို သွားသတိယမိလိုက်တော့တယ်။
ငါးမျှားချိတ်မှာချိတ်မိတဲ့ငါးဟာပြန်လွတ်ရိုးထုံးစံမရှိသလို သန်းထွေးကြူ ဘ၀လဲ အသက်ပေးရတော့မယ်ဆိုတာ သိလိုက်ပါပြီ။
သန်းထွေးကြူ ကပြေလဲပြော ငိုလဲငို နှင့်မို့ ကျွန်တော်ကြည့်ရင်းတော်တော်စိတ်မကောင်းဖြစ်ရသည် ။
ဘယ်လိုအားပေးစကားပြောရမှန်းပင်မသိတော့။
သန်းထွေးကြူ ပြောခဲ့ချင်တာက သန်းထွေးကြူ ကိုငွေမက်ပြီးချူစားချင်လာအောင်မက်လုံးပေးပြီး ကူညီသလိုနဲ့ စည်း၇ုံးသိမ်းသွင်းဖျက်ဆီးတတ်ကြတဲ့
မငယ် သတိထားစေချင်လို့ ပါ။
ဘာပဲဖြစ်ဖြစ်အကိုမောင်မောင် စကားကိုနားမထောင်ပဲ နားယောင်ခဲ့မိတဲ့သန်းထွေးကြူ ကိုယ်တိုင်ရဲ့ အမှားလဲပါ ပါတယ်။
တော်ပါတော့ညီမလေးရယ်ရော့ရေသောက်လိုက်ဦး။
ကျွန်တော်ရေတစ်ခွက်ခပ်ပေးလိုက်ရင်းပြောလိုက်ပါတယ်။
သန်းထွေးကြူ လဲရေသောက်ပြီးမောသွားတာကြောင့် ဘာမှမပြောတော့ပဲ ကျွန်တော့်ကိုသာစိုက်ကြည့်နေပါတော့တယ်။
နောက် ၄ လလောက် ကြာတော့
သန်းထွေးကြူ လဲအဲဒီရောဂါနဲ့ ပဲ လူ့ လောက ကနေအြ့ပီးအပိုင်ထွက်ခွါသွားပါတော့တယ်။
ယောင်္ကျားတစ်ယောက်နဲ့ တရားဝင်လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး သန်းထွေးကြူ လို ဘ၀ ဆုံးသွားသောမိန်းကလေးများ
ဘယ်လောက်ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။
ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
ကိုမောင်မောင်



ဆောင်းပါးရှင် ဆရာစည်သူအောင်မြင့်ဖတ်ဖို့ (ပေးစာ- ၂၅၉)




ဇူလိုင် ၂၀ ရက်က ရန်ကုန် MICT Park မှာ Community Forum on Responsible Social Media in Myanmar ဆိုတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲအပေါ်မှာ "အကြမ်းဖက်မှု လျော့နည်းစေချင်တာလား၊ ဖေ့စ်ဘွတ်ကို ထိန်းချုပ်ချင်တာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာ စည်သူအောင်မြင့်က မဇ္ဈိမ မှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပြီး အစိုးရကို မေးခွန်းထုတ်လိုက်တာဖတ်ရပါတယ်။ ခုပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဆရာစည်သူအောင်မြင့် ပြောခဲ့သလို Facebook ကို အစိုးရက တကယ်ပဲ ထိန်းချုပ်ချင်တာလားဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အရပ်ဖက် အဖွဲ့အစည်း ပညာရှင်တွေက အမုန်းစကားတွေ ဖြန့်ပြီး တာဝန်ယူမှုမရှိတဲ့ သုံးစွဲသူတွေကို ပပျောက်သွားစေချင်တဲ့စိတ်၊ ဖေ့စ်ဘွတ်ခ် ကြောင့် ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေရတာကို ရပ်တန့်စေချင်တဲ့ စိတ်နဲ့ ဆွေးနွေးခဲ့ကြတာလား ဆိုတာ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မေးခွန်းထုတ်ချင်တာက ဆရာစည်သူအောင်မြင့်အနေနဲ့ ဒီဆွေးနွေးပွဲကို လူကိုယ်တိုင်တက်ရောက်ခဲ့သလား။ ဒါမှမဟုတ် ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအပေါ် သုံးသပ်ပြီးဆောင်းပါးရေးခဲ့တာလားဆိုတာကိုပါ။ ဘာလို့ ဒီမေးခွန်းထုတ်ရသလဲဆိုတော့ ဆရာစည်သူအောင်မြင့်ရဲ့ရေးသားချက်တွေက ကိုယ်တိုင်တက်ရောက်ခဲ့ပုံမပေါ်ဘဲ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားကြတဲ့ သူတွေနဲ့ ဘာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာကို သေချာမသိမဲ့ ပုံပေါက်နေလို့ ပါပဲ။

ဆရာရေးခဲ့တဲ့ ဆောင်းပါးမှာ မန္တလေးမှာ ဘာသာရေး၊ လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားလာတော့ ဒီအကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖြန့်ချိခဲ့တယ်လို့ သမ္မတရုံးက ယူဆတယ်လို့ ဆိုပါတယ် ဆိုပြီး

ရေးခဲ့ပါတယ်။ တကယ်တော့ ဒါကို အစိုးရသာမက မြန်မာ့နိုင်ငံရေး လေ့လာသူတွေ တတ်သိပညာရှင်တွေနဲ့သာမန်ပြည်သူလူထုကပါ သိတဲ့ အကြောင်းအရာပါ။ ဒါကြောင့်လဲ Facebook ပေါ်မှာ ဒီလို တာဝန်ယူမှုမရှိတဲ့ ရေးသားချက်တွေ အမုန်းစကားတွေကို ပပျောက်စေပြီး သုံးစွဲသူတွေကိုယ်တိုင်တာဝန်ယူမှုရှိလာစေဖို့အတွက် အစိုးရမဟုတ်တဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ တက်ကြွသူပြည်သူတွေကပါ ဒီဆွေးနွေးပွဲမှာ ၀ိုင်းဝန်းအဖြေရှာခဲ့ကြတာပါ။ ဒီပွဲကို ကမကထ လုပ်တာဟာ သမ္မတရုံးဝန်ကြီးဌာနကလို့ ဆိုပေမဲ့ တကယ့်တကယ့်ဆွေးနွေးပွဲမှာ သမ္မတရုံးကလာဖို့ မပြောနဲ့ တက်ရောက်လာတဲ့ အစိုးရဖက်ကတာဝန်ရှိသူတချို့တောင် နားထောင်ရုံသက်သက်သာ ဖြစ်ပြီး တခွန်းတပါဒမျှ ၀င်ရောက် ပြောဆိုခဲ့တာ မတွေရပါဘူး။ဘလော့ဂါ နေဘုန်းလတ်၊ ညီလင်းဆက်၊ သောင်းစုငြိမ်း၊ ရဲမြတ်သူ၊ မင်းတေဇာညွန့်၊ ဦးဇော်ထွန်း၊ ထူးမြင့်နောင် စတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေအပြင် တက်ရောက်လာတဲ့ ပရိသတ်တွေကပါလွတ်လပ်စွာနဲ့ Facebook ပေါ်က ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ ဆွေးနွေးခဲ့ကြတာပါ။ဆွေးနွေးပွဲတ၀က်လောက်မှာ ၈၈ က ဦးကိုကိုကြီးတောင် တက်ရောက်လာပြီး ၀ိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။

နောက်ပြီး ဆရာစည်သူအောင်မြင့်က

"အခုကိုပဲ ဖေ့စ်ဘွတ်ခ် အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ စပြီး စကားစလာပါပြီ။ ဒါဆိုရင် အဲဒီ မိုဘိုင်းဖုန်းနံပါတ်တွေကို ဘယ်သူက အားလုံးသိခွင့်ရှိမလဲ၊ ဘယ်အကြောင်းအရာမျိုး တင်ရင် ဘယ်သူက တားမြစ်ခွင့်၊ ပိတ်ပင်ခွင့်ရှိမလဲ မေးစရာမေးခွန်း ရှိလာပါပြီ။ အားလုံးကို အစိုးရကပဲ သိ၊ အစိုးရကပဲ ထိန်းချုပ်မယ်ဆိုရင်တော့ လက်ရှိ သမ္မတရုံးရဲ့ လုပ်နေကိုင်နေတဲ့ ရည်ရွယ်ချက်ဟာ ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။"

လို့ ဆရာရဲ့ အမြင်ကို ပြောဆိုခဲ့တာ ဖတ်ရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာက အစိုးရမဟုတ်တဲ့ ပညာရှင်တွေ၊ တက်ကြွတဲ့ ပြည်သူတွေသာဖြစ်ပြီးတော့ ဖေ့စ်ဘွတ်ခ် ပြဿနာအတွက် ဘယ်လိုအဖြေရှာခဲ့တယ် ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ ဆရာစည်သူအောင်မြင့်လိုချင်ရင် အသံဖိုင်ပါ ပေးလို့ရပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ဆိုတာ အစိုးရက အကြံပြုခဲ့တာ မဟုတ်ပါဘူး။ တက်ရောက်လာသူထဲက တင်ပြခဲ့တဲ့ အကြံပြုချက်ဖြစ်ပါတယ်။ သူနိုင်ငံခြားမှာ နေစဉ်အခါက ဖေ့စ်ဘွတ်ခ်ကို ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုခဲ့ရကြောင်းကို ပြောပြီး ဒီလိုအကြံပေးခဲ့တာ ဖြစ်ပါတယ်။ သူပြောသလိုပဲ နိုင်ငံတကာမှာ လည်း ဖေ့စ်ဘွတ်ခ်မှာ အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက် အသုံးပြုကြရတာ ဖြစ်ပါတယ်။

သူ့ရဲ့အကြံပြုချက်ကို အရပ်ဖက် ပညာရှင်တွေ ၀ိုင်းဝန်းဆွေးနွေးပြီး Staetment တစ်ခုအနေနဲ့ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖေ့စ်ဘွတ်ခ်ကို ဖုန်းနဲ့ ချိတ်ဆက်ဖို့ က အရပ်ဘက်ပညာရှင်တွေတတ်နိုင်တဲ့ ကိစ္စမဟုတ်တဲ့ အတွက်ကြောင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကနေတဆင့် Facebook ကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ ညှိနှိုင်းခဲ့ကြတာပါ။ဒါဟာ အစိုးရရဲ့ အာဘော်မဟုတ်ဘဲ ပညာရှင်တွေ ဆွေးနွေးပွဲကနေ ရလာတဲ့ နည်းလမ်းတစ်ခုကိုအစိုးရက ကြားခံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို အဲဒီနေ့က ဆွေးနွေးပွဲ တက်လာသူတွေသိကြပါတယ်။ ဆွေးနွေးပွဲကို ရောက်ခဲ့ဟန်မတူတဲ့ ဆရာစည်သူအောင်မြင့်အနေနဲ့ ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတဲ့ အမြင်တစ်မျိုး ရှိလာတာလည်း မဆန်းပါဘူး။

နောက်တစ်ခုက "အမုန်းတရားတွေ ဖြန့်ချိနေတာ၊ အကြမ်းဖက်မှုတွေ လုပ်နေတာတွေဟာ ဖေ့စ်ဘွတ်ခ်တစ်ခုတည်း ရှိသလားဆိုပြီး မေးရမလိုတောင် ဖြစ်နေပါတယ်။"လို့ အစိုးရအပေါ် မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။ မှန်ပါတယ် အမုန်းတရားတွေဖြစ်ပြီးအကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်နေတာ ဖေ့စ်ဘွတ်ခ် တစ်ခုတည်းမဟုတ်ပါဘူး။သို့ပေမဲ့ မြန်မာပြည်က လူဦးရေ ၂ သန်းကျော်သုံးနေတဲ့ ဖေ့စ်ဘွတ်ခ်ဆိုတဲ့ လူမှုကွန်ယက်ကြီးဟာသာမန် အရပ်ထဲမှာ တရားဟောမှု၊ စာရွက်တွေ ဖြန့်ချိပြီး လှုံ့ဆော်နေမှုထက် အချိန်တိုအတွင်းမှာတစ်နိုင်ငံလုံးအနှံ့ လူပေါင်းများစွာဆီကို ရောက်သွားစေနိုင်တဲ့ သတင်းကွန်ယက်ကြီးဆိုတာ ဆရာစည်သူအောင်မြင့်သတိမူမိခဲ့ဟန်မတူပါဘူး။

ဖြစ်ခဲ့တဲ့ ရခိုင်အရေး၊ မိတ္ထီလာအရေး၊ မန္တလေးအရေးတွေဟာ စာရွက်တွေဖြန့် တရားတွေဟောပြီး ဖြစ်ပေါ်လာတာလို့ ဆိုရမှာထက် ဖေ့စ်ဘွတ်ခ်ပေါ်ကနေ မမှန်တဲ့သတင်းတွေဖြန့် ၊ ဓာတ်ပုံတွေဖြန့်၊ တချို့မှန်သော်လည်းပဲ ကျင့်ဝတ်မရှိ တာဝန်ယူမှုမရှိတဲ့ ရေးသားဖော်ပြချက်တွေကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်။ ပြောရမယ်ဆို ဖေ့စ်ဘွတ်ခ်တစ်ခုတည်းကြောင့် ပဋိပက္ခတွေ ဖြစ်ရတယ်လို့ မဆိုနိုင်ပေမဲ့ လူသုံးများပြီး အချိန်တိုအတွင်း စားသုံးသူထံသတင်းတွေပို့ပေးနိုင်တဲ့ ဒီဖေ့စ်ဘွတ်ခ်ကြီးက တခြားအရာတွေထက် အန္တရာယ်ပို ကြီးနေပြီ ဆိုတာလက်ခံကြရမှာပါ။ ဒါကြောင့်လည်း ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုပြီး "တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူမှုကွန်ရက်" အမည်နဲ့ ဆွေးနွေးပွဲမှာနယ်ပယ်အသီးသီးက ပညာရှင်တွေကတက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။


နောက်ဆုံးအနေနဲ့ ပြောရမယ်ဆို ဆရာစည်သူအောင်မြင့် ပြောသလို ဒီဆွေးနွေးပွဲဟာ အစိုးရက ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်တာဆိုတဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ပါဘူးလို့ ဆိုချင်ပါတယ်။ ဒါဟာ အစိုးရဘက်ကို လိုက်ပြောတာမဟုတ်ဘဲ မြန်မာ့လူမှုနယ်ပယ်မှာသတိထားလာရမဲ့ ဖေ့စ်ဘွတ်ခ်အန္တရာယ်ကို ပြည်သူတွေအနေနဲ့ ဘယ်လိုဝိုင်းဝန်းဖြေရှင်းကြမလဲဆိုတဲ့အမြင်နဲ့ ထောက်ပြဝေဖန်လိုက်ရခြင်းဖြစ်ပါတယ်။ အစိုးရကသာ ထိန်းချုပ်ဖို့ လုပ်မယ်ဆို အဲဒီဆွေးနွေးပွဲကိုတက်ရောက်ဆွေးနွေးခဲ့တဲ့ ပညာရှင်တွေဟာ ဘလော့ဂ်ဂါ နေဘုန်းလတ်တို့ ညီလင်းဆက်တို့ ဦးကိုကိုကြီးတို့လို လူတွေမဟုတ်ဘဲ အစိုးရပဲ နာမည်ကောင်းအောင် ကမကထလုပ် အစိုးရဘက်ကတာဝန်ရှိသူတွေပဲ ဆွေးနွေးပြီး Statement တွေ ထုတ်သွားကြမှာ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီဆွေးနွေးပွဲကို ဆရာစည်သူအောင်မြင့်ကိုယ်တိုင်တက်ရောက်ခဲ့သူ ဖြစ်မယ်ဆိုရင် ဒီဆွေးနွေးပွဲဟာ အစိုးရက ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ချင်လို့ မဟုတ်ဘဲ ဖေ့စ်ဘွတ်ခ် ကြောင့် ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေကို ငြိမ်းချမ်းစေချင်တဲ့ ပန်းစကားလှုပ်ရှားသူ ကိုနေဘုန်းလတ်တို့လို လူတွေနဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ စေတနာအမှန်ကို သိပြီး ဆရာရဲ့ ဆောင်းပါးကို ရေးမိလိမ့်မယ် မထင်ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။





သူရမျိုးဝေ

မြန်မာများသို့ သတိပေးစာ (ပေးစာ-၂၅၈)

From : ..ကိုထွဋ် 5. July. 2014 9:35 PM

လူတစ်ယောက်သေလို့ဘာဖြစ်သလည်း လူနှစ်ယောက်သေလို့ဘာဖြစ်သလည်းဟုတ်ပါတယ်ဘာမှမဖြစ်ပါဘူး သင်သာသေတဲ့သူရဲ့မိသားစုဝင်တစ်ယောက်မဟုတ်ဘူးဆိုရင်ပေါ့ ဒါပေမယ့်လူမျိုးတုန်းသတ်ဖြတ်မှုကိုခံရမယ်ဆိုရင်တော့သင်အပါအ၀င်သင့်နိုင်ငံ သင့်လူမျိုးသင့်ဘာသာသင့်သာသနာတို့အားလုံးကွယ်ပျောက်သွားမှာပါ။ မယုံမရှိပါနဲ့ အင်ဒိုနီးရှား မလေးရှား အာဖဂန်နစ္စတန် တူရကီ စတဲ့နိုင်ငံတွေရဲ့သမိုင်းကြောင်းတွေကိုလေ့လာကြည့်လိုက်ပါ။ ဘာလုပ်မယ်လို့ကြေညာပြီးဘာလုပ်ခဲ့လည်းစေတာကိုတော့မပြောတော့ပါဘူး။ သူတို့အတွက်တော့ယခုလိုလုပ်တာကိုသာသနာပြုတာလို့ခေါ်ပါတယ်တဲ့ဗျာ သူရဲကောင်းတို့ရဲ့လုပ်ရပ်တွေပါတဲ့ဗျာ။ ထားလိုက်ပါတော့အခုပြောချင်တာကလူမျိုးရေးဘာသာရေးကိုထိခိုက်ပြီးပြောချင်တာမဟုတ်ပါဘူး။ အဓိကပြောချင်တာကမြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ညီညွတ်မှုနဲ့ပက်သက်ပြီးပြောချင်တာပါ။

အခုဖြစ်နေတဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး စတဲ့ပြသနာတွေမှာအစိုးရရဲ့လုပ်ရပ်တွေပါတယ်လို့ပြောနေကြပါတယ်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် နိုင်ငံရေးလှည့်ကွက်တွေကိုကျွန်တော်လည်းသေချာမသိပါဘူး သေချာသိတဲ့သူတွေကတော့ facebook ပေါ်မှာရှင်းပြနေပါတယ် သူတို့ ပဲသိ သူတို့ပဲတတ်တဲ့ဉာဏ်ကြီးရှင်တွေပေါ့အားလုံးကိုကွက်တိသိတယ်ဗျာ လှည့်ကွေတွေလို့တော့တစ်ညီတစ်ညွတ်ထဲပြောနေကြတယ်ဗျ ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိပါဘူးဗျာ အစိုးရကမကောင်းဘူးဆိုတာကိုတော့ကျွန်တော်မညင်းပါဘူး ကျွန်တော်တို့တွေကတော့လူကောင်းတွေပေါ့ဗျာ ဟာသအနေနဲ့ပြောတာပါ

ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ဟိုးယခင်ကထဲကကိုမညီညွတ်ခဲ့တာပါ အသားထဲကလောက်ထွက်တာလည်းကျွန်တော်တို့လူမျိုးတွေပါပဲ။ တစ်ခုခုဖြစ်ရင်ညီညွတ်စွာဖြေရှင်းကြမယ်လို့ဘယ်တော့မှမရှိကြဘူး အချင်းချင်း ကတုံးပေါ်ထိပ်ကွက်ဖို့ မကောင်းကြံဖို့ ချောက်ချဖို့စတာတွေကိုပဲစဉ်းစားနေကြတယ်။

နောက်တစ်ချက်ပြောချင်တာကသတင်းမီဒီယာတွေကိုပါ သူတို့ကလည်း မီးလောင်ရာလေပင့်ဖို့ ကိုယ့်လူမျိုးကိုအပုပ်ချဖို့ပဲချောင်းနေကြတာကိုတွေ့နေရတယ်။ ကောင်းတာတွေကိုတော့မျက်ကွယ်ပြုပြီးမကောင်းတာတွေဆိုရင်အကျယ်တ၀င့်ကိုဘက်လိုက်ပြီးဖော်ပြနေကြတယ်။ အံ့သြဖို့ကောင်းလေစွ အခုနောက်ပိုင်းမီဒီယာတစ်ခုဆိုရင်လည်းသိသိသာသာကြီးကိုလှော်ပေးနေတယ်ဗျ။ တစ်ချို့ မီဒီယာတွေကြတော့လည်းနှာစေနေကြတယ်ဗျ ကျွန်တော်ကတော့ မြန်မာပြည်ကသတင်းမီဒီယာအများစုအပေါ်ကို တစ်စုံတစ်ခုကတော့လွှမ်းမိုးထားပြီလို့ထင်မိတယ်။ ဘာနဲ့လွှမ်းမိုးထားတယ်ဆိုတာကိုတော့သူတို့ပဲသိပါလိမ့်မယ်။

နောက်ထပ်တစ်ခုကတော့မြန်မာလူမျိုးအများစုဟာမိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကုန်ကြပြီဗျ ကိုးပဲကိုးကွယ်နေကြတာ ဘာသာရဲ့အကြောင်းနဲ့အနှစ်သာရကိုမသိကြဘူး ရတနာ ၅ ပါးအကြောင်းနဲနဲလောက်ပြောချင်ပါတယ် သံဃာနဲ့ပက်သက်တာလေးပေါ့ သံဃာ့ဂိုဏ်းသင့်တာနဲ့ပက်သက်ပြီးသေချာလေ့လာကြပါလို့ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ပါလို့ပြောပြီးသံဃာတွေကိုစော်ကားနေတဲ့လူတွေကတော့ပိုပြီးလေ့လာသင့်ပါတယ်။ လူတိုင်း ဘာသာတိုင်း နေရာတိုင်းမှာ ကောင်းတဲ့သူတွေရှိသလိုမကောင်းတဲ့သူတွေလည်းရှိပါတယ်။မကောင်းတဲ့လူတစ်ယောက်ကိုလူတွေကပြောဆိုဝေဖန်ခွင့်ရှိသလို ဥပဒေ သို့မဟုတ် သက်ဆိုင်ရာကလည်းအပြစ်ပေးခွင့်ရှိပါတယ်။ သံဃာတစ်ပါးဆိုရင်တော့သတိထားရပါတော့မယ် သံဃားတစ်ပါးကအမှားတစ်စုံတစ်ခုလုပ်တယ်ဆိုရင်သူ့ကိုအရေးယူဖို့သံဃာနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေရှိနေပြီးသားပါ။ သံဃာကိုရိုင်းစိုင်းစွာပြောဆိုခြင်း စော်ကားခြင်းဟာလည်းအပယ်ကိုကျပါတယ် သည်သံဃာရဲ့သီလ သမာဓိ သစ္စာတို့ပေါ်ကိုမူတည်ပြီးသင်အပြစ်ခံရပါလိမ့်မည်။ သည်တော့ရဟန်းသံဃာတွေကိုဝေဖန်မယ်စော်ကားမယ်ဆိုရင်တော့သတိလေးထားကြပါလို့သတိပေးချင်ပါတယ်။

နောက်တစ်ခုကတော့မြန်မာပြည်မှာဗုဒ္ဓသာသနာမပြန့်ပွားခင်မှာပြန့်ပွားအောင်ကြိုးစားခဲ့တဲ့အနော်ရထာမင်းကြီးရဲ့အကြောင်းကိုလည်းလေ့လာကြစေချင်ပါတယ် ဘာကြောင့်လည်းဆိုတော့သာသနာပြန့်ပွားဖို့စတေးခဲ့ရတာတွေရှိပါတယ် အနော်ရထာမင်းကြီးသာမပြတ်သားခဲ့ဘူးဆိုရင်တော့ဗုဒ္ဓဘာသာဆိုတာမြန်မာပြည်မှာပြန့်ပွားဖို့မလွယ်လောက်ပါဘူး နောက်တစ်ခုကတော့ဘုရားလောင်းဝက်မင်းပါ သူဟာသူ့ရဲ့အမျိုးကိုတိုက်ခိုက်ဖျက်ဆီးစားသောက်တဲ့ကျားကိုအသက်သေတဲ့အထိရှင်းပြစ်ခဲ့ပါတယ် သူသာသည်လိုမလုပ်ရင်သူ့အမျိုးတွေကျားစားလို့ကုန်သွားမှာလေ။ အဓိကပြောချင်တာကတော့ ဘာသာနဲ့လူမျိုးတွေအတွက်ဗီလိန်လုပ်ပြီးကာကွယ်ခဲ့ရတာတွေသမိုင်းထဲမှာလည်းရှိခဲ့တယ်ဆိုတာကိုပါ။ အခုလည်းသည်လိုပါပဲ အမျိုးဘာသာ သာသနာအတွက်အလုပ်လုပ်နေကြတဲ့သူတွေကဗီလိန်တွေဖြစ်နေကြရပါတယ်။ အဲသည့်လိုထင်နေကြတဲ့သူတွေက ကိုယ့်လူမျိုးတွေအများစုကပဲဖြစ်နေတာကတော့ဝမ်းနဲစရာပါပဲ။
ကျွန်တော်တို့ဘာသာဟာငြိမ်းချမ်းတဲ့ဘာသာပါ ဟုတ်ပါတယ် သည်လိုပဲပြောပြီးညိမ်ခံနေကြရင်တော့ဖြင့် မကြာခင်အချိန်မှာငြိမ်းချမ်းစွာနေကြတဲ့သူတွေလည်းငြိမ်းချမ်းစွာမနေနိုင်တော့တဲ့အခြေအနေကိုရောက်လာပါလိမ့်မယ်။
နောက်တစ်ချက်ကမြန်မာလူမျိုးတွေဟာ ပစ္စည်းဂုဏ် ပညာဂုဏ် မာနဂုဏ် မောဟဂုဏ် စတဲ့မလိုလားအပ်တဲ့အတ္တတွေကြီးစိုးနေကြပါတယ်။ အားလုံးကဆရာကြီးတွေချည်းပါပဲ ကိုယ့်လောက်တတ်တာမရှိ ကိုယ့်လောက်တော်တာမရှိ ကိုယ့်လောက်သိတာမရှိ စတဲ့အတ္တမာနတွေကလည်း ကိုယ့်ကိုကိုယ်ပြန်ဒုက္ခပေးတတ်တယ်ဆိုတာကိုအားလုံးပဲသတိမူုကြစေချင်ပါတယ်။ ငါစွဲဆိုတာလည်းအကုသိုလ်တစ်မျိုးပါပဲ။

အဓိကအချက်အရေးကြီးဆုံးအချက်ကတော့မြန်မာလူမျိုးတွေအားလုံးကိုစည်းလုံးကြစေချင်ပါတယ်။ ကျွန်တော်တို့တွေသာစည်းလုံးမှုမရှိကြသေးပဲဆက်ပြီးကွဲလွဲအညင်းပွားနေကြမယ်ဆိုရင်တော့ ခုနကပြောခဲ့တဲ့နိုင်ငံတွေလိုပဲ မြန်မာဆိုတာတစ်ချိန်ကဗုဒ္ဓသာသနာနေလိုလလိုထွန်းတောက်ခဲ့တယ်ဆိုတာက်ုသမိုင်းတွေစာအုပ်တွေထဲမှာပဲမြင်ရတော့မယ့်အခြေအနေကိုဖြစ်ပေါ်လာတော့မဲ့လမ်းစကိုစပြီးတွေ့နေရပါပြီ။ အခုအချိန်မှာသတိမူပြီးတားဆီးကြ စည်းလုံးကြမယ်ဆိုရင်တော့မီနိုင်ပါသေးတယ်။ စကားပုံလေးနှစ်ခုကိုယှည်ပြီးကြည့်လိုက်ပါဗျာ

"မြေမြိုလို့လူမျိုးမပျောက်လူမြိုမှသာလူမျိုးပျောက်၏"

"စည်းလုံးညီညာအောင်ကြောင်းဖြာ"

သည်တော့အခုကွဲနေတဲ့အဖွဲ့အသင်းတွေ အစုအဖွဲ့တွေသာစည်းလုံးကြမယ်ဆိုရင်တိုင်းပြည်နဲ့လူမျိုးအတွက်တစ်ကယ့်ကိုအကျိုးရှိမှာပါ ပြသနာတစ်ခုဆိုလည်းတစ်ယောက်တစ်ပေါက်ပြောပြီးဝေဖန်နေကြမယ့်အစားဝိုင်းဝန်းစုပေါင်းပြီးဖြေရှင်းကြရင်လွယ်ကူစွာအောင်မြင်နိုင်မှာပါ အခုဆုပ်ကပ်ကိုစရောက်နေပါပြီ အားလုံးပဲတတ်နိုင်သလောက်စည်းလုံးညီညွတ်စွာနေပြီးဖြေရှင်းကြပါလို့အကြံပြုရင်း ...............

" ကျွန်တော်ဟာမည်သည့်ပါတီအဖွဲ့အစည်းနဲ့မှဆက်စပ်မှုမရှိသလို မည်သူတစ်ဦးတစ်ယောက် ကမှလည်းထောက်ပံ့ပေးထားတဲ့လူတစ်ယောက်မဟုတ်ပါဘူးဗျာ သည်လိုစာရေးရင် သူများပေးစာကမ်းစာစားပြီးရေးနေတာလို့အပြောခံရတဲ့လူတွေကိုမကြာခဏတွေ့ရလို့ကြိုပြောထားတာ အခုရေးထားတာတွေကကျွန်တော့ရင်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုရေးထားခြ
င်းပါ မည်သူတစ်ဦးတစ်ယောက်ကိုမှမထိခိုက်စေချင်ပါ။ ကျွန်တော်ရေးတာကိုသဘောမကျရင်ကျော်သွားလိုက်ပါ။ သဘောထားချင်းတိုက်ဆိုင်ရင်တော့ဆက်လက်မျှဝေပေးကြပါ။ ကောင်းမွန်စွာဝေဖန်ဆွေးနွေးမယ်ဆိုရင်တော့ welcome ပါပဲဗျာ "


.. www.MyanmarExpress.net
 

မတော်လောဘထားသူများ (ပေးစာ-၂၅၆)




12.6.2014 နေ့က ဂျပန်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေ
အများဆုံးကြည့်တဲ့ http://diamond.jp ဝက်ဆိုဒ်မှာ ဂျပန်နိုင်ငံက JAPAN
ASIA STRATEGIC ADVISORY COMPANY ပိုင်ရှင်ဖြစ်တဲ့ MR.SUGITA KOICHI က
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေများလာတဲ့
မြန်မာ့စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများရဲ့ဝန်ဆောင်မှု
အရည်အသွေးနဲ့ ဈေးနှုန်းကို ဘယ်လိုသတ်မှတ်မလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့
ဆောင်းပါးတစ်ပုဒ်ရေးထားတယ်ဆိုလို့ ဂျပန်စာတတ်ကျွမ်းတဲ့မိတ်ဆွေတစ်ယောက်ကို
ဘာသာပြန်ဆိုပေးဖို့အကူအညီတောင်းပြီး ဖတ်ကြည့်လိုက်ပါတယ်။
     အဲဒီဆောင်းပါးမှာ ရန်ကုန်မှာနေထိုင်တဲ့ဂျပန်လူမျိုးအရေအတွက်က
မများပေမယ့် ဂျပန်လူမျိုးပိုင်ဂျပန်စားသောက်ဆိုင်ပေါင်း ၅၀ လောက်ရှိပြီး
အများစုက ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ
ဖွင့်လှစ်ထားတဲ့ဆိုင်များဖြစ်ကြောင်း၊
ရန်ကုန်မှာနေထိုင်တဲ့ဂျပန်လူမျိုးအရေအတွက်နဲ့
စားသောက်ဆိုင်အချိုးအစားကိုကြည့်မယ်ဆိုရင်
အပြိုင်အဆိုင်များများတဲ့ဈေးကွက်လိုဖြစ်နေကြောင်း ရေးသားထားတယ်လို့
သိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်လူမျိုးတို့ရဲ့
ဈေးကွက်စီးပွားရေးအတွက် ရှေ့အလားအလာကို ခန့်မှန်းလို့ရနိုင်ပါတယ်။
     Freshness Barger ဆိုင်ဆိုရင်လည်း
ပထမဦးဆုံးကမ္ဘာ့ဈေးကွက်သို့ထွက်တဲ့ခြေလှမ်းအနေနဲ့ မြန်မာနိုင်ငံကို
ရွေးပြီး ပထမဦးဆုံး Freshness Barger ဆိုင်ဖွင့်ရန်ပြင်ဆင်နေပါတယ်။
အတည်မပြုရသေးတဲ့သတင်းတွေအရ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင်
ဘဏ်လုပ်ငန်းများလာရောက်လုပ်ရန်အတွက် ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။
     အဲဒီလိုအခြေအနေမှာ လွန်ခဲ့တဲ့ ၄နှစ် လောက်က ရန်ကုန်မြို့မှာ
ကော်ဖီဘား Kosan Café ဆိုင်နှစ်ဆိုင်ဖွင့်လှစ်ထားတဲ့ ဂျပန်လူမျိုး
MR.NAKAMURA နဲ့ ဂျပန်မှာ IT စီးပွားရေးကိုလုပ်ကိုင်ပြီး
မြန်မာနိုင်ငံမှာ ဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့
MR.UEHARA တို့ဟာ diamond ဝက်ဆိုဒ်ဆောင်းပါးရေးသူနဲ့ တွေ့ပြီး
မြန်မာနိုင်ငံမှာစားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်ရခြင်းရဲ့ခက်ခဲမှုတွေ၊
ဖြေရှင်းချက်တွေနဲ့ပတ်သက်ပြီး စကားပြောခဲ့ကြပါတယ်။ အဲဒီမှာ Kosan Café
ပိုင်ရှင်က “ရန်ကုန်မှာရှိတဲ့မြန်မာဝန်ထမ်းတွေဟာ အခြားနိုင်ငံတွေထက်
အရမ်းအဆင့်နိမ့်ပြီး ဆိုးဝါးပါတယ်။ မနှစ်က ဇွန်၊ဇွန်လိုင် လတွေမှာ
ကုန်ဈေးနှုန်းတက်တာကိုအကြောင်းပြပြီး ယန်းသုံးသိန်းလောက်ပါသွားပါတယ်”
ဆိုပြီးပြောပါတယ်လို့ ရေးသားထားတာတွေ့ရပါတယ်။
     ဒါကြောင့် မကျေနပ်တာနဲ့ သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး Kosan Café
မှာသွားထိုင်ရင်း လေ့လာကြည့်မိပါတယ်။ အဲဒီမှာ Kosan Café ပိုင်ရှင်က
ဂျပန်လူမျိုးတွေ၊ ဂျပန်လူမျိုးစီးပွားရေးလုပ်ငန်းရှင်တွေ
သူ့ဆိုင်ကိုလာပြီးစားသောက်ရင် မြန်မာအလုပ်သမားများမကောင်းကြောင်း၊
လက်တွဲပြီးအလုပ်မလုပ်သင့်ကြောင်း အမြဲပြောလေ့ရှိတာကြောင့်
စကားပြန်လုပ်တဲ့မြန်မာများ လွန်စွာအရှက်ရနေကြောင်း သိရပါတယ်။ တကယ်တော့
သူဟာ ဆိုင်မှာသုံးနေတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းကိုသိအောင်
ကိုယ်တိုင်မကြာခဏဈေးဝယ်ပါတယ်။ ဝန်ထမ်းများကိုခိုင်းရင်လည်း
ငွေရှင်းဖြတ်ပိုင်း ဘောက်ချာကို ရအောင်ယူခိုင်းပါတယ်။
     အဲဒီလိုလူမျိုး မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်လိုတဲ့
ဂျပန်စီးပွားရေးလုပ်ငန်းရှင်များကို စိတ်ပျက်အောင်
ဘာကြောင့်ပြောဆိုနေတာလဲ? ဘာရည်ရွယ်ချက်နဲ့လဲ? ဘယ်သူက ဒါမှမဟုတ်
ဘယ်အဖွဲ့အစည်းက ဒီလိုမျိုးပြောဖို့ တိုက်တွန်းနေတာလဲ? ဆိုတာ
ဂျပန်စကားတတ်ကျွမ်းတဲ့ ဂျပန်စကားပြန်များက ကူညီဖေါ်ပြပေးကြပါလို့
တိုက်တွန်းလိုက်ပါတယ်။


.. www.MyanmarExpress.net
 

အသင်းဂုဏ်သိက္ခာကျအောင်စွပ်စွဲရေးသားတိုင်တန်းခြင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းတို့ကြောင့်ထုတ်ပယ်ခံရသူများ (ပေးစာ-၂၅၅)

From : .. စိန်ဝင်းနိုင်


၂၂/၆/၂၀၁၄ နေ့ထုတ်ကြေးမုံသတင်းစာတွင်YMBA ကသတင်းမီဒီယာများ အားပြန်လည်ဖြေရှင်းချက် ပါရှိရာ-


အသင်းဂုဏ်သိက္ခာကျအောင်စွပ်စွဲရေးသားတိုင်တန်းခြင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းတို့ကြောင့်    ဒုဥက္ကဌဦးသန်းလွင်၊အမှုဆောင်ဦးမြတ်စိုး(လှိုင်)၊အမှုဆောင်ဦးစိုးရှိန်နှင့်ဦးအေးမြင့်တို့အားအမှုဆောင်နှင့် အသင်းသားအဖြစ်မှထုတ်ပယ်ခဲ့ပြီးတည်ဆဲဥပဒေများဖြင့်တရားစွဲဆိုသွားမည်ဟုဖေါ်ပြထားသည်။
အမှုဆောင်ဦးစိုးရှိန်မှာမြန်မာနိုင်ငံစာရေးဆရာအသင်းတွဲဖက်အတွင်းရေးမှူးမောင်စိုးထိုက်(သုံးဆယ်)ဖြစ်ပြီး ဦးမြတ်စိုးလှိုင်မှာဗဟိုအမှုဆောင်တစ်ဦးဖြစ်သည်ဟုဆိုသည်။လူမှုရေးအဖွဲ့အစည်းဖြစ်သည့်စာရေးဆရာ အသင်းတွင်မောင်စိုးထိုက်ကတစ်လခရီးစရိတ်၁၅၀၀၀၀/နှင့်ဦးမြတ်စိုး(လှိုင်)ကတစ်နေ့အစည်းအဝေး စရိတ်၅၀၀၀/-ရယူဆောင်ရွက်နေသူများဖြစ်ကြောင်းသိရသည်။


ယင်းတို့နှစ်ဦးမှာ သက်တမ်း ၁၀၀ကျော်ရှိ YMBA ကတရားစွဲခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ဗဟိုကော်မတီဝင်များဖြစ်သဖြင့် စာရေးဆရာအသင်းစည်းမျဉ်းများအရ အသင်းဂုဏ်သိက္ခာထိခိုက်စေသဖြင့် တာဝန်ရပ်စဲခံရနိုင်ကြောင်း ဗဟိုနှင့်နီးစပ်သူ တစ်ဦးကပြောကြားခဲ့သည်။                      

.. www.MyanmarExpress.net
 

မြစ်ဆုံလမ်းလျှောက်အဖွဲ့ ဒေသခံပြည်သူများ လက်မခံ၍ နေရပ်ပြန်


မြစ်ကြီးနားမြို့၊ တန်ဖဲကျေးရွာ၊ မြစ်ဆုံရှိ ကချင်အိမ်တော်ကြီးတွင် တည်းခိုလျက်ရှိသည့် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့ချုပ်မှ ဦးမျိုးသီဟထွန်း ဦးစီးအဖွဲ့သည် ဒေသခံပြည်သူများ လက်မခံ၍ မေ ၁၈ ရက်နေ့တွင် နေရပ်ပြန်သွား ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ အစတုန်းက မြစ်ဆုံမှာ သပိတ်စခန်းဖွင့်မယ်လို့ ကြားတာပဲ၊ မနေ့ကတော့ ပြန်သွားကြတာတွေ့တယ်၊ ငွေကြေးရော အစားအသောက်ပါ၊ ထောက်ပံ့မယ့်သူ မရှိတော့လို့ ပြန်တာလို့လည်း ပြောသံကြားတယ် ” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ အဖွဲ့သည် ငွေကြေးပြတ်တောက်ခြင်း၊ ထောက်ပံ့ပေးမည့်သူ မရှိခြင်းတို့ကြောင့် မြစ်ဆုံမှ နံနက် ၈ နာရီခွဲခန့်တွင် ဒိုင်နာအဖြူရောင်ဖြင့် မြစ်ကြီးနားသို့ ပြန်သွားကြကြောင်း၊ နံနက် ၁၁ နာရီခန့်တွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက်ရှိ အိမ်အမှတ်(၆)နေ သွေးချင်းဧရာဝတီ ကွန်ယက်အဖွဲ့ဝင် ဦးချစ်အေး၏ နေအိမ်ရောက်မှ နေ့လယ်စာ စားခဲ့ရကြောင်းနှင့် အစားအစာပြတ်လပ်မှုဒဏ်ကို မခံနိုင်၍ ပြန်လာသည်ဟု အဖွဲ့ဝင်တစ်ဦးက ပြောကြားသွားကြောင်း သိရသည်။
မြစ်ကြီးနားမြို့ မန္တလေးကျောင်းတိုက်၌ တည်းခိုစဉ် အရက်သေစာသောက်စားပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ကြောင့် ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်မောင်းထုတ်ခံရသော အဖွဲ့ဖြစ်၍ ဒေသခံများ၏ ယုံကြည်မှုမရှိတော့ ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ ဘုန်းကြီးကျောင်းမှာ တည်းပြီး အရက်သောက်တယ်၊ ပြီးတော့ အော်ကြီးဟစ်ကျယ်နဲ့ ရန်ဖြစ်ကြလို့ ကျောင်းထိုင် ဆရာတော်က မောင်းထုတ်ရတဲ့အခြေအနေ ဖြစ်ခဲ့တာဗျ၊ ရပ်ကွက်ထဲက လူတွေက အဲ့ဒီအဖွဲ့ကို ၀ိုင်းရိုက်မယ် လုပ်ကြသေးတယ်၊ အုပ်ချုပ်ရေးမှူးက တားလို့ မလုပ်ဖြစ်ခဲ့တာ၊ အဲဒီလို အဖွဲ့ကို ထောက်ခံဖို့ မပြောနဲ့ မြင်ကို မမြင်ချင်တာ၊ ပြန်သွားတာပဲ ကောင်းပါတယ် ” ဟု ကိုလွန်းခေါန်က ပြောသည်။
ငွေကြေးအရှုပ်အရှင်းများကြောင့် အဆိုပါအဖွဲ့အတွင်း ခေါင်းဆောင်အချင်းချင်း စကားများ ရန်ဖြစ်ခြင်း၊ အဖွဲ့ဝင် အချင်းချင်း အဖွဲ့ရန်ပုံငွေ အလွဲသုံးစားလုပ်မှုကိစ္စနှင့်ပတ်သက်၍ အမြင်မကြည်လင်မှုများရှိခြင်း၊ ခေါင်းဆောင်အချို့၏ ရန်ပုံငွေ အလွဲသုံးစား လုပ်မှုကို အဖွဲ့ဝင်များက မကျေနပ်ခြင်းတို့ကြောင့် ပြိုကွဲကာ နေရပ်ပြန်သွားရခြင်း ဖြစ်ကြောင်း သိရသည်။
“ ညနေ ၃ နာရီလောက်မှာ တစ်ဖွဲ့၊ ၄ နာရီမှာ တစ်ဖွဲ့၊ ည ၇ နာရီကျော်လောက်မှာ တစ်ဖွဲ့ မြစ်ကြီးနားဘူတာ ကနေ ပြန်သွားကြပါပြီ၊ စုစုပေါင်း(၄၀)ကျော်လောက်တော့ ရှိတယ်၊ မြစ်ဆုံအပြီးတိုင် ရပ်စဲရေးကိစ္စလည်း ဘယ်လိုပြီးသွား လဲတော့မသိဘူး၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြန်နေကြတာပဲ တွေ့တယ်၊ ရန်ကုန်ကနေ မြစ်ကြီးနားအထိ အလှူခံလာတဲ့ ငွေတွေ ကုန်လို့ ပြန်တာပဲဖြစ်မှာပါ၊ အစောကတည်းက အဆင့်အတန်းမရှိတဲ့ သူတွေ ဦးဆောင် တဲ့ အဖွဲ့လို့ တော့ သိသားပဲ၊ ဒါပေမယ့် အခုလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ပြန်သွားကြမယ်လို့ မထင်ထားဘူး ” ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသွားသည်။
ဇော်ဆိုင်း

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Mrs . Yang Hee Lee ထံ သို့ တိုင်ကြားစာ ပေးပို့

KIA မှ အတင်းအဓမ္မ ဖမ်းဆီးသွားသော သားနှင့်သမီး လွတ်မြောက်ရေး အတွက် မိခင်ဖြစ်သူတစ်ဦးမှ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Mrs . Yang Hee Lee ထံသို့ တိုင်ကြားစာတစ်စောင်အား မေလ ၁၄ ရက်နေ့က ပေးပို့ခဲ့ပါသည်...........



မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူတစ်ဦး၏ရင်ဖွင့်သံ


-----------------------------------------------------------
ကျွန်တော်တို့မိကျောင်းကန်သပိတ်စခန်း ဖွင့်ပြီးဆန္ဒဖော်ထုတ်နေတာ မတ်လကတည်းက…ဒီနေ့ထိဆိုရင်
ရက်ပေါင်း (၈၀) ကျော်ရှိပါပြီ….။
အစကတော့..ခဏဆိုပြီးကျွန်တော်တို့ မြေသိမ်းခံအဖွဲ့တွေနေတဲ့ ဒဂုံတောင်/မြောက်/အရှေ့/ဆိပ်ကမ်းက
အဖွဲ့တွေကိုစုပြီး တစ်အိမ်ထောင်လျှင်လူတစ်ယောက် နဲ့ သုံးသောင်းကျပ် ထည့်ဝင်ပြီး….လူအင်အား ၁၀၀
ကျော်လောက်နဲ့စခဲ့တာ.... ခေါင်းဆောင်ကတော့ ဦးစိန်သန်းပေါ့…. ..။
စားရေးသောက်ရေးနဲ့ ကျန်းမာရေးက အစတာဝန်ယူပြီး ဆန္ဒပြလို့အောင်မြင်ရင် အိမ်ထောင်စုတစ်စုကို သိန်းတစ်ရာနဲ့ အထက်ရမယ်လို့ပြောခဲ့တယ်..။ ကျွန်တော်တို့ အတွက် သိန်းတစ်ရာဆိုတာ နဲတဲ့ပမာဏမှ.. မဟုတ်တာ.. မက်မောတာပေါ့..။

ကျွန်တော်ကလည်း ၁၀ တန်းကျလို့ ကျောင်းထွက်လိုက်ရကတည်းက အိမ်မှာလူပိုလိုဖြစ်နေတော့.. သပိတ်စခန်းကို လိုက်ခဲ့ရတာပေါ့..။ ကျွန်တော်တို့အဖွဲ့တွေ စားဖို့..သောက်ဖို့ကို.. ဦးစိန်သန်းက တာဝန်ယူတယ်.. ထမင်းကို သူ့အိမ်မှာချက်တယ်..။ ပြီးရင် သူ့ယောက္ဖရဲ့ကားနဲ့ သပိတ်စခန်းကို လာပို့တယ်.. မနက် အသီးအရွက်.. ညနေ အသားဟင်း ပုံမှန်ပို့ပါတယ်.. မနက်စာကတော့ မိမိအစီအစဉ်နဲ့ ၀ယ်စားရတယ်..။

အခုနောက်ပိုင်း ရက်ကြာလာတော့..စားရေးသောက်ရေး အရမ်းခက်ခဲလာတယ် ညနေတောင် အသားဟင်းက မပါချင်တော့ဘူး…။ နေ့တိုင်း ပဲပင်ပေါက်ပဲပြားဟင်းနဲ့ ကြုံသလိုစားလာရတယ်.. တစ်ခါတလေဆို ဟင်းတောင် မပါတော့ဘူး..အဖွဲ့တွေကတော့..မစားနိုင်ရင် နီးစပ်ရာ ဆူးလေ လမ်းဘေးဈေးဆိုင်တွေမှာ သွားပြီး အသုပ်တို့ ဟင်းတို့ ၀ယ်စားရတယ်..။
စားတာသောက်တာက သိပ်ကိစ္စမရှိဘူး အဓိက ကနေရေးထိုင်ရေးပဲ…ရက်ကြာလာတော့.. အပေါ့..အလေး စွန့်တာတွေ ဒုက္ခရောက်လာတယ်.. အနံ့အသက်တွေ ဆိုးဝါးလာတယ်..အများသုံး အိမ်သာကလည်း ၂ လုံး လောက်ရှိတာဆိုတော့..တစ်ခါတစ်လေ..အိမ်သာတက်ဖို့ ဖြေရှင်းရတာ အရမ်းဒုက္ခရောက်တယ်.. မိန်းခလေး တွေနဲ့..သက်ကြီးအိုတွေဆိုရင် ပိုဆိုး..။

ညဘက် ကြုံသလို ဖြေရှင်းတာများလာတော့ အနံ့အသက်တွေက.. ကျန်းမာရေးထိခိုက်လာတဲ့အပြင်..လမ်းသွား/လာတွေကလည်း အမြင်သိပ်မကြည်တော့ဘူး…။ အခု နောက်ပိုင်း မိုးရွာလာတော့ အခြေအနေတော်တော်ဆိုးလာတယ်..။
ကျွန်တော်တို့ ဒီလိုဒုက္ခရောက်နေတဲ့အချိန်.. ခေါင်းဆောင်ကြီး ဦးစိန်သန်းကတော့ ရဲလိုက်ဖမ်းတာ အကြောင်းပြပြီး အိမ်မှာပုန်းတယ်.. ဟိုတယ်မှာတည်းတယ်.. အဲလိုနဲ့ အခုနောက်ပိုင်း သပိတ်စခန်းကို အလာကြဲသွားတယ်..။

ဟိုတစ်နေ့က ငွေစာရင်း ရှင်းတမ်းလာလုပ်ပြီး ကောက်ထားတဲ့ပိုက်ဆံ ကုန်သွားကြောင်း၊ အခြားအထောက် အပံ့တွေလည်း သိပ်မရတော့ကြောင်း၊ ဒါကြောင့် အလှူ ခံဖို့ပြောလာတယ်….။ တစ်ချို့ အဖွဲ့အစည်းတွေက လှူတဲ့ ပိုက်ဆံတွေကိုတော့ ဦးစိန်သန်း တစ်ယောက်ပဲ ကိုင်တယ်.. အဲဒီငွေတွေကို စာရင်းရှင်းတဲ့အထဲ ထည့်မပြဘူး.. နေပြည်တော်သွားလို့ ပိုက်ဆံကုန်တာရယ်.. ရဲတွေ ရှောင်နေရလို့ ပိုက်ဆံကုန်တာရယ် ဒါပဲပြောတယ်..။
ကျွန်တော်တို့ကတော့ နီးစပ်ရာ ဈေးတွေလိုက်ပြီး အလှူခံတယ်.. စခန်းရှေ့ အလှူခံပုံးချပြီး ပိုက်ဆံ အလှူခံတယ်.. နောက်ပြီး သတင်းလာမေးတဲ့ ဂျာနယ်သတင်းထောက်တွေစီက အလှူခံတယ်..တဖြည်းဖြည်းနဲ့ သူများပေးကမ်းမှ စားရတဲ့ဘ၀ရောက်မှန်းမသိရောက်လာတယ်…။
ဦးစိန်သန်းကတော့ ပရိုဘောက်လေး စီး.. ဟိုတယ်မှာတည်း ဇိမ်ကျနေတာပဲ။ ဟိုတယ်ဆိုလို့.. သာမန် ဟိုတယ်လေးမထင်နဲ့ တစ်ညတည်းခ တစ်သိန်း နီးပါးပေးရတဲ့ River View Hotel မှာတည်းတာ.. သူ့မိန်းမနဲ့ အတူတည်းတာတဲ့..။

ဒီပိုက်ဆံတွေကကော..ဘယ်ကရလဲ..အခြားအထောက်အပံ့တွေနဲ့ သူသုံးနေတာ…။ ကိုယ့်အိပ်ကပ်ထဲက စိုက်သုံးတာမဟုတ်ဘူး။ ဒါတွေပြောရရင်…ဆန္ဒပြရတာ စိတ်ကုန်လာပီ .. သပိတ်စခန်းမှာထိုင်နေတုန်း.. သူငယ်ချင်းအသိတွေနဲ့ ဆုံရ မြင်ရတာလည်း ရှက်လာပီ…. အဲဒါကြောင့်..လျော်ကြေးငွေလေး မြန်မြန်ရပြီး.. အိမ်ပဲပြန်ချင်တာပဲ သိတော့တယ်။

ပေးပို့သူ - မျိုးမင်းအောင်

KIA ဂွမ်မော်ဘယ်လဲ



Myanmar Peace Center တွင် အစိုးရနှင့် NCCT အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု အေပြီလ ၈ ရက်နေ့ တွင်ပြီးဆုံးခဲ့သော်လည်း တိကျသည့်လက်မှတ်ရေးထိုးမှုမရှိဘဲ တစ်ခုတည်းသော သဘောတူညီချက် ပထမ မူကြမ်းသာ သဘောတူညီမှုရရှိခဲ့ပါသည်။ အသေးစိတ်အချက်အလက်များ သဘောတူဖို့အချိန်ယူရန်လိုကြောင်း နိုင်ဟံသာမှပြောကြားခဲ့သလို NCCT အဖွဲ့တွင် ပါဝင်တက်ရောက်နေသည့် KIA အဖွဲ့မှ ဂွမ်မော်အား KIO ဗဟိုဌာနချုပ်မှ ဒေါသထွက်လျက်ရှိကြောင်း သိရှိရသည်။

ဂွမ်မော်သည် အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေးမှုတွင် KIA အဖွဲ့၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ ဂွမ်မော်၏ပြောကြာချက်များမှာ KIO ဗဟိုဌာနချုပ်သို့ ကြိုတင်အသိပေးမှု မရှိ ခဲ့ခြင်းကြောင့် ဗဟိုကော်မတီဝင်များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် အစိုးရ၏ သန်းခေါင်စာရင်းကောက်ယူမှုအပေါ် KIA အဖွဲ့၏ပူးပေါင်းဆောင် ရွက်မှုမရှိခြင်း၊ မြန်မာစစ်တပ်မှ သန်းခေါင်စာရင်း ကောက်ယူ သည့်အဖွဲ့များအား ပို့ဆောင်သည့် ဒုတပ်ရင်းမှူးတစ်ဦးအား KIAအဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းတို့ အပေါ် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ KIO အဖွဲ့အား အပြစ်တင်ပြောကြားခဲ့သည်။ KIO အဖွဲ့၏ ရပ်တည်ချက်များကို ပြောင်းလဲရန် NCCT အစည်းအဝေး တက်ရောက်သည့် KNU ၊ “ o ” အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့မှ ပြောဆိုခဲ့သည်။

တိုင်းရင်းသားအဖွဲ့အစည်းများ၏ KIO အဖွဲ့အပေါ် ဝေဖန်မှုများ၊ ဂွမ်မော်၏ပြောကြားချက်များအပေါ် KIO မှ စိတ်ဆိုးလျက်ရှိသည်။ ဂွမ်မော်၏လက်ရှိအနေအထား၊ လုပ်ဆောင်ချက်များကို KIA လက်နက်ကိုင်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုမရှိသော်လည်း KIO နှင့် KIC ဗဟိုကော်မတီဝင်တစ်ချို့မှာ ဂွမ်မော်အား ရေရှည်တွင် လက်ရှိရာထူးအား ဆက်လက်မပေးလိုခြင်းကြောင့် ဂွမ်မော်၏ လက်ရှိရာထူးနေရာ တွင်အစားထိုးခန့်အပ်ရေး KIO ဗဟိုဌာနချုပ်အတွင်း လျှို့ဝှက်အစည်း အဝေး နှစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု KIO စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဆိုင်းမှ ပြောကြားခဲ့သည်။ KIO စစ်ဦးစီးချုပ် ဂမ်ရှောင်ကလည်း ဂွမ်မော်၏ အစိုးရနှင့် ဆက်ဆံနေမှု၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံမှုများမှ တစ်ဆင့် ၎င်း၏ရာထူးနေရာကို လုယူလာမည်ကိုစိုးရိမ်လျက်ရှိသည်။ KIO အဖွဲ့တွင် စစ်ဦးစီးချုပ်နှင့် ဒုစစ်ဦးစီးချုပ် များမှာ KIO ဗဟိုကော်မတီဝင် များအဖြစ် ရပ်တည်နိုင်သလို လုပ်ပိုင်ခွင့်များ လည်းရှိသည့် ရာထူးနေရာဖြစ်သည်။ KIO အဖွဲ့၏ စစ်ရေးဆိုင်ရာများနှင့် ရာထူးနေရာပြောင်းလဲမှုများကို ဒုဥက္ကဌ အင်ဘန်လှမှ ရွေးချယ် ခန့်အပ်လေ့ရှိသည်။ အင်ဘန်လှမှာ KIA စစ်ဦးစီးချုပ်ဟောင်းဖြစ်ပြီးလက်ရှိ KIO အဖွဲ့တွင် အဓိက အာဏာရှိသူလည်းဖြစ်သည်။

ကေအိုင်အေတပ်ဖွဲ့အတွင်း ဂွမ်မော်၏အရှိန်အ၀ါတက်လာမှု၊ ကချင်ပြည်သူလူထုအတွင်း ဂွမ်မော်အား လူသိ များလာမှုနှင့် မြန်မာစစ်တပ်၊ ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့များကြား ပြောဆို ဆက်ဆံမှုများကြောင့် ကေအိုင်အေ စစ်ဦးစီးချုပ်ဖြစ်လာမည်ကို KIO ဗဟိုကော်မတီဝင်များမှ စိုးရိမ်ပူပန်မှုများရှိခဲ့သည်။

KIA အဖွဲ့အတွင်း KIA စစ်ဦးစီးချုပ်ရာထူးနေရာ ဂွမ်မော်ရရှိလာပါက KIA တပ်မဟာ(၁)နှင့် တပ်မဟာ(၅)တို့မှာ ကျေနပ်မှုမရှိနိုင်သဖြင့် KIA အဖွဲ့အတွင်းခွဲထွက်မှုများဖြစ်ပေါ်နိုင်သည်ကို KIO ဗဟိုကော်မတီ ၀င်များမှ စိုးရိမ်ပူပန်လျက်ရှိသည်။ ဂွမ်မော်သည် ငယ်ရွယ်စဉ်က မိန်းမရှုပ်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းတို့ဖြင့် နာမည်ကျော်ကြားခဲ့သူဖြစ်သည်။

KIO တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် ဒုဥက္ကဌ အင်ဘန်လှအနေဖြင့် ဂွမ်မော်အားလုပ်ပိုင်ခွင့် နေရာပေးထားမှုအပေါ် ပြီးခဲ့သည့် KIO ဗဟိုအစည်းအဝေးတွင် ဗဟိုကော်မတီဝင်များမှ ၀ိုင်းဝန်းပြစ်တင်လျက်ရှိသည့် အတွက် အင်ဘန်လှအနေဖြင့် ဂွမ်မော်အား KIA ဗဟိုအဖွဲ့တွင် ရာထူးကြီးသော်လည်း လုပ်ပိုင်ခွင့်မရှိသည့် နေရာတစ်နေရာအား တိုးမြှင့်ပေးခြင်းဖြင့် KIO အဖွဲ့အတွင်း သဘောထားကွဲမှုများကို ရှောင်ရှားရန် ပြီးခဲ့သည့် အေပြီလ ၅ ရက်နေ့က ပညာရေးဌာနတာဝန်ခံ ဆွန်လွတ်ဂမ်နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။

ဂွမ်းမော်မှာ NCCT အစည်းအဝေးပြီးဆုံးချိန်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် KIO အဖွဲ့ ဗဟိုဌာနချုပ်သို့ ပြန်ရန်စီစဉ်ထားသော်လည်း KIO ဗဟိုဌာနချုပ်က မြစ်ကြီးနားမှ တစ်ဆင့်ပြန်လာရန်နှင့် KIO အဖွဲ့သို့ အေပြီ ၁၃ ရက်နေ့အရောက် ပြန်လာရန်ညွှန်ကြားထားခြင်းကြောင့် ဂွမ်မော်၏လက်ရှိရာထူးဆက်လက်တည်မြဲရေးမှာ မသေချာသလောက်ဖြစ်နေသည်။

KIO ဗဟိုဌာနချုပ်အတွင်း ဂွမ်မော်၏ ရာထူးနေရာပြောင်းလဲမှုနှင့် ပတ်သက်၍ အင်ဘန်လှနှင့် ဗဟိုကော်မတီ ၀င်များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်မှာမထူးဆန်းပေ။ ဗဟိုကော်မတီဝင်များမှ တပ်မဟာ(၃) တပ်မဟာမှူးအား ဂွမ်မော်၏နေရာတွင် အစားထိုးခန့်အပ်လိုပြီး ဂွမ်မော်အား ဗဟိုဌာနချုပ်တွင် ရာထူးတိုးပေးမှုဖြင့် ချောင်ထိုးထားလိုကြသည်။ သို့သော် ဂွမ်မော်၏ဆရာဖြစ်ခဲ့ဖူးသူ အင်ဘန်လှမှ သဘောမတူသဖြင့် ဗဟိုဌာနချုပ် အတွင်း သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ဂွမ်မော်၏နေရာတွင် အစားထိုးနိုင်ရေး အင်ဘန်လှအနေဖြင့် စစ်ဦးစီးချုပ်ဂမ်ရှောင်နှင့် တိုင်ပင်လျက်ရှိခြင်းကြောင့် ဂွမ်မော်မှာ လက်ရှိရာထူးနေရာမှဖယ်ပေး ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း တွေ့ရှိနိုင်ပေသည်။

credit to : မောင်ငြိမ်းကျော်

ပြည်သူ့အကျိုးအတွက် ဘာတစ်ခုမှ မလုပ်ခဲ့တဲ့ ဟန်ပြသက်သက် ABSDF










မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ပြည်သူ အများစုက ၈၈ အရေးအခင်းနဲ့ ပါချောင်ဒေသ လူသတ်မှုကို ချက်ချင်းပြေးပြီး သတိရကြပါတယ်။ ဒီနေ့ ဒီအချိန်ထိ ပြည်သူတွေအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့တာ တစ်ခုတစ်လေမှ မရှိလေတော့ ABSDF ဆိုတာ ရှိသေးရဲ့ လားလို့တောင် မေးစရာ ဖြစ်နေပါပြီ။

ပွင့်လင်းမြင်သာတဲ့ ဒီကနေ့ ဒီမိုကရေစီခေတ်ကြီးထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးစကားတွေ ကမ်းလှမ်းခဲ့တာကြောင့် ABSDF ကလည်း ကျောင်းသားတပ်မတော်ဆိုတဲ့ နာမည်နဲ့ မသိမသာ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ နေရာယူလာခဲ့ပါ တယ်။ ဒါပေမယ့် ကျောင်းသားတပ်မတော်ဆိုတာ ဘယ်သူတွေကို ကာကွယ်ပြီး ဘယ်သူတွေအတွက် အလုပ်လုပ် လို့ ဘယ်သူတွေများ အကျိုးကျေးဇူးခံစားနေရသလဲလို့ သန်း(၆၀)သော ပြည်သူတစ်ဦးချင်းစီကို မေးကြည့်ရင် အကုန်လုံး ခေါင်းရမ်းလက်ခါ ပြကြမယ်ဆိုတာ အမှန်တရားပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာရှိတဲ့ ဒေါင်းတမန်စခန်းမှာ ABSDF ရဲ့ (၁၀)ကြိမ်မြောက် ညီလာခံကို ကျင်းပခဲ့တယ်။ အဲဒီ ညီလာခံမှာ ဥက္ကဋ္ဌ ဦးသံခဲက လူထုတိုက်ပွဲတွေ၊ လူထုတောင်းဆိုမှုတွေကို အကြမ်းဖက်ဖြေရှင်းမှာ စိုးရိမ်တယ်၊ စစ်အာဏာရှင်စနစ်ကိုပြန်ပြီး ပုံသွင်းပြီး အင်အားသုံးဖြေရှင်းရင် ကျောင်းသား တပ်မတော်က လူထုတိုက်ပွဲဘက်က ရပ်တည်မယ်ဆိုပြီး ခေတ်နောက်ပြန်ဆွဲနေတဲ့ ABSDF ရဲ့ လက်သုံးစကားကို ပြောသွားတော့ မြန်မာပြည်သူတွေ ရယ်မိပြုံးမိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူအတွက် ဘာတစ်ခုမှ လုပ်မပြခဲ့တဲ့ အဖွဲ့က ဒီမိုကရေစီခေတ်မှာ ဟာသပြက်လုံးစကား ပြောထွက်လေခြင်းလို့ ပြောကုန်ကြပါပြီ။

ပြည်သူပြောလည်း ပြောချင်စရာပါ။ ABSDF ရဲ့ အတိတ်သမိုင်းကလည်း အပြောကြီးသလောက် အထင်ကြီးစရာ ဘာတစ်ခုမှ လုပ်မပြနိုင်ခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ တပ်မတော်က နိုင်ငံ့တာဝန်ကို လွှဲပြောင်း ယူလိုက်ချိန် လက်နက်ကိုင်တော်လှန်မယ်ဆိုပြီး နယ်စပ်ကို ရောက်လာတဲ့ ကျောင်းသားလူငယ်တွေနဲ့ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ ABSDF ကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်က စစ်အာဏာရှင် စနစ်ကို တော်လှန်ဖို့ တောခိုခဲ့ကြတယ်၊ သူတို့ အဖွဲ့ရဲ့ ဦးတည်ချက်တွေကလည်း တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး စတာတွေဟာ အခု (၁၀)ကြိမ်မြောက် ညီလာခံ မှာလည်း မပြောင်းလဲသော ဦးတည်ချက်များအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာ့သမိုင်းကြောင်းမှာ ၈၈ အရေးအခင်းဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အာဏာဆုံးရှုံးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာမို့ စစ်တပ်က မလွှဲမရှောင်သာ တာဝန်ယူခဲ့ရတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရား ဖြစ်ပါတယ်။ ၈၈ မှာ တစ်နိုင်ငံလုံး အစိုးရယန္တရားပြိုကျလာတယ်။ ကရင်ပြည်နယ်မှာ မဲသဝေါတိုက်ပွဲ၊ ရှမ်းပြည်နယ် မှာ မိုင်းယန်းတိုက်ပွဲ၊ ကချင်ပြည်နယ်မှာ ဒေါ့ဖုန်းယန်တိုက်ပွဲ၊ မြို့တွေပေါ်မှာ လူထုတိုက်ပွဲတွေနဲ့ တစ်တိုင်းပြည်လုံး ဥပဒေမဲ့၊ မင်းမဲ့စရိုက်တွေနဲ့ တားမရဆီးမရ ဖြစ်နေတဲ့အချိန်မှာ စစ်တပ်က အသက်ပေါင်းမြောက်မြားစွာ စတေးပြီး ကာကွယ်ခဲ့ရတယ်။ ဒါ့အပြင် ကမ်းလွန်ပင်လယ်ပြင်မှာ အမေရိကန် စစ်သင်္ဘောအုပ်စုတွေ ရောက်လာတယ်၊ တရုတ်နယ်စပ်မှာ တရုတ်သံချပ်ကာတပ်မကြီး ရောက်နေတယ်၊ အဲဒီလို အခြေအနေမျိုးမှာ စစ်တပ်က မလွှဲမရှောင် သာ တိုင်းပြည်ကို တာဝန်မယူခဲ့ဘူးဆိုရင် တိုင်းပြည်လည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခဲ့မှာ ဖြစ်ပါတယ်။ အဲဒီလို တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့တဲ့ တပ်မတော်က ဒီနေ့လို ဒီမိုကရေစီခေတ်ကြီးထဲမှာ ပြည်သူနဲ့လက်တွဲပြီး ပူးပေါင်းပါဝင်လျှောက်လှမ်းနေတာ ထင်သာမြင်သာရှိနေပါပြီ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူးလို့ အတိအလင်း ပြောကြားခဲ့ပြီ ဖြစ်ပါတယ်။




တိုင်းပြည်အတွက် ချွေးတစ်စက်မထွက်၊ သွေးတစ်စက်မကျ၊ အသက်တစ်ချောင်းတောင် မပေးဆပ်ခဲ့ဖူးတဲ့ ABSDF လို အဖွဲ့မျိုးက ပြည်သူအတွက် အကြမ်းဖက်ရင် လက်နက်ကိုင်မယ်ပြောရအောင် ပါချောင်ဒေသမှာ ဖြစ်ခဲ့တဲ့ လူမဆန်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေကိုပဲ ပြည်သူကျေနပ်အောင် ဖြေရှင်းပေးပါဦး။ ၁၉၉၂ ခုနှစ် က ပါချောင်ဒေသမှာ ကျောင်းသား(၁၀၇)ဦးကို စစ်ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တယ်၊ အထက်မြန်မာပြည် ဗသကဥက္ကဋ္ဌ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား(၄၀)ခန့် သတ်ဖြတ်ခံခဲ့ ရတယ်၊ အဲဒီအချိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာနိုင်အောင်က ဖြေရှင်းပေးမယ်လို့ လက်မှတ်ထိုးထား တဲ့အကြောင်း ပြည်ပြေး ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်က ပြောခဲ့တယ်ဆိုပြီး သတင်းဂျာနယ်တစ်စောင်မှာ ဖော်ပြ ထားခဲ့တယ်၊ အဲဒီလို ကိုယ့်ကျောင်းသားအချင်းချင်း ပြန်သတ်တဲ့ ABSDF အဖွဲ့ကို အသတ်ခံရတဲ့ ကျောင်းသား မိဘတွေက တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်ထိ တရားမျှတတဲ့ ဖြေရှင်းမှု မလုပ်နိုင်သေး ပါဘူး။

ရှင်းရှင်းပြောရရင် ကိုယ်အနေအစား ချောင်ဖို့အရေး ကြုံတဲ့လူ ဥက္ကဋ္ဌတက်လုပ်နေတဲ့ ABSDF အဖွဲ့ဆိုတာ ပြည်သူ တွေအပေါ် အချိုသပ်ပြီး စားကောင်းသောက်ကောင်းအောင် အသံကောင်းဟစ်နေတဲ့ ဟန်ပြသက်သက် အဖွဲ့အစည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် ဒီနေ့ ဒီအချိန်ထိ အသုံးမ၀င်တော့တဲ့ ရပ်တည်ချက်တွေနဲ့ ပြည်သူကို လိမ်ညာ လှည့်ဖြားညာစားနေတဲ့ ဟန်ပြသက်သက် ABSDF အဖွဲ့ကို ဒီနေ့ ဒီမိုကရေစီခေတ်ကြီးမှာ ပြည်သူအားလုံးက အယုံအကြည်မရှိတော့ပါကြောင်း ။

ခေတ်မင်းညီ

မြန်မာအကြောင်း မြန်မာတွေထက် ဘာတေးလင်တ်နာက ပိုသိနိုင်ပါ့မလား?


မကြာသေးမီ ရက်ပိုင်းက အစိုးရဘက်က ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခု အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ဆွေးနွေးပွဲရလဒ်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ်မူကြမ်းတစ်ခုကို အခန်း ခုနစ်ခန်းနဲ့ ပြုစုရေးသားဖို့ သဘောတူနိုင်ခဲ့သလို “တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့”ကို အဖွဲ့ဝင် ၁၈ ဦးနဲ့ ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် စိတ်အားထက်သန်လာမှုကို အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုခဲ့ပြီး အစိုးရဘက်က သမ္မတရုံးဝန်ကြီးဌာန၀န်ကြီးဦးအောင်မင်း ကလည်း တစ်ဘက်နဲ့ တစ်ဘက်ယုံယုံကြည်ကြည်သာ လုပ်မယ်ဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြန်မြန်ဖြစ်လာမယ်
လို့ ပြောဆိုခဲ့ပါတယ်။ဆွေးနွေးပွဲရလဒ်တွေကို ကြည့်ပြီး ပြည်သူအများကလည်း ငြိမ်းချမ်းရေးခရီး နီးလာတော့မယ်လို့ မျှော်လင့်နေကြပါတယ်။

အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှုတွေ မြင့်တက်လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ
အားကောင်းလာချိန်မှာ တစ်ချို့လူတွေကလည်း ဖြစ်မှဖြစ်ပါ့မလားလို့ သံသယ၀င်နေကြသလို အမျိုးမျိုးသော
ဝေဖန်မှုတွေလည်း ထွက်ပေါ်လာတာကို တွေ့ရပါတယ်။  ဒီလို ဝေဖန်မှုတွေကြားထဲက မြန်မာ့ရေးရာနှင့်
တိုင်းရင်းသားရေးရာများကို သတင်းတွေရေးသားခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူလို့ ဆိုတဲ့ ဘာတေးလင်တ်နာ(Bertil Lintner) ရဲ့ ဝေဖန်မှုတွေအပေါ် သုံးသပ်တင်ပြသွားပါ့မယ်။

ဘာတေးလင်တ်နာဟာ ဆွီဒင် သတင်းစာဆရာတစ်ဦး ဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ မြန်မာနိုင်ငံကို
စရောက်ဖူးခဲ့ပြီးတော့ ၁၉၈၃ ခုနှစ်မှာ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်က ရဲမေတစ်ဦးဖြစ်တဲ့ ရှမ်းအမျိုးသမီးတစ်ဦးနဲ့ ဖူးစာပါခဲ့ပါတယ်။ ဘာတေးဟာ မြန်မာနိုင်ငံအရေးနဲ့ တိုင်းရင်းသားရေးရာများကို
ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်း ၇ အုပ်တိတိ ရေးခဲ့ဖူးကာ ခုလက်ရှိ
ထိုင်းနိုင်ငံ ချင်းမိုင်မှာ နေထိုင်လျက်ရှိပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အောင်မြင်ဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ဘာတေးက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ဟာ ပြောင်းပြန်ဖြစ်နေပါတယ်။  တကယ်တမ်း ဖြစ်သင့်တာက နိုင်ငံရေးစကား ပြောပြီးမှ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးတဲ့ ကိစ္စမျိုး ဖြစ်ရမယ်။ အခုတော့  လက်မှတ် ထိုးပြီးမှ နိုင်ငံရေးအရ စကားပြောမယ်ဖြစ်နေပါတယ် ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို  ဝေဖန်ခဲ့ပါတယ်။

ဘာတေးအနေနဲ့ ဒီလိုစကားမျိုးပြောခဲ့တာက အခုလို အစိုးရနဲ့ တိုင်းရင်းသား
လက်နက်ကိုင်များရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်လာနေမှုအပေါ် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ 
ကွဲပြားမှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်မှုတစ်ခုလို ဖြစ်နေပါတယ်။ ဆွေးနွေးပွဲတွေ အောင်မြင်လာမှ
အချိန်ကိုက် လုပ်ဆောင်မှုတစ်ခုများ ဖြစ်နေမလားလို့ တွေးတောစရာပါ။ ဘာတေးပြောခဲ့တဲ့ နိုင်ငံရေးကို
အရင်ဆွေးနွေးပြီးမှ အပစ်ရပ်မယ် ဆိုတဲ့ အချက်ကို အရင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကလည်း ပြောဆိုခဲ့ဖူးပါတယ်။ ဒါကလည်း အပစ်ရပ်လိုက်ရင် ငါတို့ အရှုံးပေးသလိုဖြစ်နေမလား။
အစိုးရအနေနဲ့ အမြတ်ရသွားမလားဆိုတဲ့ အတွေးတွေနဲ့ အစိုးရအပေါ် သံသယ၀င်ပြီး ပြောဆိုခဲ့ကြတာပါ။ ဒါပေမဲ့ အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သေနတ်နဲ့ ပစ်တယ်ဆိုတာ ပန်းနဲ့ ပေါက်တာ မဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာရကြမယ်။ သေကြေကြမယ်။  ဒီလိုဖြစ်လာရင် တစ်ဖက်နဲ့ တစ်ဖက်က စကားပြောဖို့ယုံကြည်မှုဆိုတာ တည်ဆောက်လို့ ရမှာမဟုတ်ပါဘူး။ တုတ်တစ်ချောင်းစီနဲ့ တစ်ယောက်နဲ့ တစ်ယောက်ရိုက်ကြ နှက်ကြ လုပ်နေတဲ့ လူနှစ်ဦးဟာ စားပွဲဝိုင်းတစ်ခုမှာ 
အတူထိုင်ပြီးပြေရာပြေကြောင်း စကားပြောဖို့အတွက် အရင်ဆုံး တုတ်တွေကို လွှင့်ပစ်မှ ဖြစ်ပါမယ်။ တုတ်ကိုယ်စီကိုင်ထားပြီး ဘယ်အချိန် ဘယ်သူက အရင်ရိုက်မလဲ ဆိုတဲ့ သံသယနဲ့ 
စားပွဲဝိုင်းတစ်ခုမှာ စကားပြောဖို့ဆိုတာ မအောင်မြင်နိုင်ပါဘူး။ ဒါက ဥပမာအနေနဲ့ ပြောတာပါ။
ရိုးရိုးလေးစဉ်းစားကြည့်ရင် တောင် ဒီသဘောတရားမှန် မမှန် သုံးသပ်နိုင်ပါတယ်။
အစိုးရအနေနဲ့ လည်း မင်းတို့ လက်နက်စွန့်ပြီးမှ စကားပြောမယ်ဆိုပြီး ဖိတ်ခေါ်နေတာလည်း
မဟုတ်ပါဘူး။ အပစ်အရင်ရပ်ပါ။  ပြီးရင် စားပွဲဝိုင်းမှာ ထိုင်ပြီး စကားပြောကြမယ် ဆိုပြီး ကမ်းလှမ်းတာပါ။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း လက်ခံနားလည်လာတာက တစ်ပိုင်း၊ ဆွေးနွေးပွဲတွေ လုပ်ရင်း အစိုးရအပေါ် ယုံကြည်မှုရှိလာတာတွေကြောင့် အပစ်အခတ်ရပ်စဲရေးမူကြမ်းရေးဆွဲဖို့ အထိ
သဘောတူလာပြီး အပစ်အရင်ရပ်ဖို့ ဆုံးဖြတ်လာကြတာပါ။

ဒါကြောင့် အပစ်အရင်ရပ်မယ်။ ပြီးရင် စကားပြောကြမယ်ဆိုတာအပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေလည်းလက်ခံလာကြပါပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တစ်လျှောက် အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားတွေကိုတိုင်းရင်းသားလက်နက်ကိုင်တွေ အနီးကပ် အကဲဖြတ်ခွင့်ရပြီး ငြိမ်းချမ်းရေးအပေါ် အမှန်တကယ်လိုလားမှု ရှိလားမရှိလား ဆိုတာ ခံစားလာနိုင်တဲ့အထိ အောင်မြင်မှုတွေလည်း ရနေပါပြီ။  ဘာတေးအနေနဲ့ ဘာကြောင့် ဒီအခြေအနေကိုနားမလည်နိုင်ဘဲ အစိုးရနဲ့ လက်နက်ကိုင်တွေအကြား ယုံကြည်မှုတွေ တဖြည်းဖြည်းမြင့်တက်လာမှုကိုပျက်စီးစေအောင်  အပစ်ရပ်ပြီးမှ စကားပြောတာ မှားနေပါတယ်ဆိုပြီး ဝေဖန်ပြောဆိုနေရသလဲ။

ဘာတေးဟာ မြန်မာ့အရေး ဘယ်လောက်ပဲ ကျွမ်းကျင်စွာ လေ့လာထားပါစေ  မြန်မာလူမျိုး တစ်ယောက် မဟုတ်သလို သေနတ်သံတွေ ဗုံးသံတွေ ကြားမှာ လက်တွေ့ တိုက်နေရတဲ့ စစ်သားတစ်ယောက်လည်း
မဟုတ်ပါဘူး။ အဲဒါကြောင့် လူမျိုးခြားတစ်ယောက်အနေနဲ့ တခြားလူမျိုးတွေအကြောင်းကို ဘယ်လိုမှ တိတိကျကျ မသိနိုင်သလို ကိုယ်တိုင် တိုက်ပွဲတစ်ခုကို တိုက်နေရတဲ့ လက်နက်ကိုင်တစ်ယောက် မဟုတ်တဲ့အတွက် တိုက်ပွဲရဲ့ ခါးသီးမှုတွေကို သိရှိနိုင်သူလည်း မဟုတ်ပါဘူး။ အမှန်တကယ် ကြုံတွေ့ရသူတွေလောက် တိုက်ပွဲရဲ့ ခါးသီးတဲ့ ခံစားမှုတွေကို သိရှိပြီးတော့ ငြိမ်းချမ်းရေးရဲ့ ရနံ့နမ်းရှိုက်လိုတဲ့ တပ်မက်မှုကို ဘာတေး ခံစားနားလည် နိုင်ပါ့မလား။ စဉ်းစားကြည့်ပါ။

တိုက်ပွဲဆိုတာ မကောင်းမှန်းသိလို့ ငြိမ်းချမ်းရေးအတွက် ကြိုးစားနေချိန်မှာ  ဘာတေးရဲ့ ဝေဖန်မှုတွေက
တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ အစိုးရအပေါ် ယုံကြည်လာမှုတွေကို သံသယ၀င်လာအောင် သွေးထိုး
သလို ဖြစ်နေပါတယ်။ ဘာတေးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာတေးနောက်ကွယ်မှာ ဘယ်သူရှိနေလဲ။
ဘာတေးလင်တ်နာ ဘာလဲ ဘယ်လဲ။ ဒါတွေက သတိထားစောင့်ကြည့်ရမဲ့ သဘောပါ။ ခုဆိုရင် အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ်မူကြမ်းကို ပြုစုရေးသားပါတော့မယ်။ ပြီးတာနဲ့ ပြည်သူတွေ မျှော်လင့်နေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာအပစ် ရပ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးကြမှာပါ။ ငြိမ်းချမ်းရေးရပြီဆိုတာနဲ့ တိုင်းရင်းသားပြည်သူတွေအကျိုးအတွက် ပူးပေါင်းဆွေးနွေး လုပ်ဆောင်ကြပြီး ညီညီညွတ်ညွတ်နဲ့  အနာဂတ်ကို တက်လှမ်းနိုင်တော့မှာပါ။ မြန်မာတွေအကြောင်းကို မြန်မာတွေကိုယ်တိုင်က လွဲပြီး
ဘယ်သူမှ မသိနိုင်သလို မြန်မာပြည်အကျိုးကိုလည်း မြန်မာတွေကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ ပိုလိုလား
တောင့်တမှာ မဟုတ်တဲ့အတွက် ဘယ်လိုပဲ သွေးထိုးမှုတွေ၊ ချောက်တွန်းမှုတွေ ရှိလာပါစေ
အားလုံးစည်းလုံးညီညွတ်စွာနဲ့ လုပ်ဆောင်ခြင်းကသာ အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း
တင်ပြလိုက်ရပါတယ်။

ကိုရင်သာဗြော(ပတ္တမြားမြေ)

" ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် …..သမိုင်းသစ်ကို တို့ ဖွင့်လှစ် …."

" ရှင် …မပြေးဘူးလား ….ကိုဘိုမောင် ….ပြေးတော့လေ….."
" ငါ့မှာ ဘာအပြစ်မှမရှိပါဘူးကွာ…."
" သူတို့ ဘာမှလုပ်မှာ မဟုတ်ပါဘူး…."

ကျွန်တော်သာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ခဲ့ရင်



အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် ယခုလက်ရှိတော့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌ ဦးကျော်သူက ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင် စာအုပ်ကို ရေးသားခဲ့ဖူးသည်။ အဓိက ကတော့ သူ သမ္မတကြီး ဖြစ်ခဲ့မယ် ဆိုရင် ဘာတွေလုပ်မယ်၊ ဘယ်လိုလုပ်မလဲဆိုတာတွေကို ၂၀ဝ၁ ခုနှစ် နာရေးကူညီမှုအသင်း စတင်လုပ်ကိုင် ကတည်းက တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ သူဖြစ်သန်းခဲ့ရတဲ့ ဘဝတွေ့နဲ့ယှဉ်ပြီး စိတ်ကူးယဉ်မဆန်တဲ့ အတွေးတွေ နဲ့သူရေးသားခဲ့တာပါ။ ဒါပေမဲ့ သူသမ္မတကြီး မဖြစ်နိုင်သလို၊ သမ္မတကြီးလဲ လုပ်မှာမဟုတ်ပါဘူး။ သို့သော်လည်း သူသာသမ္မတကြီး ဖြစ်ခဲ့ရင် ဘာတွေလုပ်မယ်ဆိုတဲ့ လိုအပ်ချက်တွေကို Message ကိုပေးချင် တဲ့ သဘောပါ။

အဲ့လိုပဲ ကျွန်တော်လဲ ဒေါ်စုမဖြစ်နိုင်သလို၊ ဒေါ်စုလဲ ဖြစ်မှာမဟုတ်ပါဘူး။ ကဲဒါဆိုရင် ကျွန်တော်ရဲ့ စိတ်ကူးယဉ်မဆန်တဲ့ အတွေးလေးတွေကို ပြောပြမယ်။ ပြောမယ်ဆိုရင်တော့ ဒေါ်စုအကြောင်းလေးနဲနဲတော့ ပါရမှာပေါ့။ သူမဟာ နေအိမ်အကျယ်ချုပ်ကျကာ အနေအထားအမျိုးမျိုးကို ကြုံတွေ့ခဲ့တယ်။ ပြဿနာတွေလဲ တက်ခဲ့ပါတယ်။ ကဲထားလိုက်ပါ အဲ့ဒါတွေတော့။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ နိုဝင်ဘာ ၁၄ ရက်နေ့က ပထမဆုံး မိန့်ခွန်းကိုပြောကြာခဲ့ပြီး လူထု စိတ်ဝင်စားမှုကို ရယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နာမည်သာ ကြားဖူးပြီး သူမဘာတွေလုပ်မလဲဆိုတာ သိလိုသော နိုင်ငံအဝှန်းက နိုင်ငံရေး လေ့လာသူများက အထူးစိတ်ဝင် စားခဲ့ကြသည်။ ထို့အပြင် သူမ၏ စကားများသည် လူ့အကြိုက်ဖြစ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ လုပ်ဆောင်နိုင်မှုရှိမရှိ လူအများမှ စောင့်ကြည့်ခဲ့ကြသည်။ 


၂၀၁၀ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးဆိုင်ရာ အစည်းအဝေး တစ်ခု ကို ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ၎င်းအားခေါင်းဆောင်အဖြစ် လက်ခံခဲ့ကြသည်။ နောက်ပိုင်းတော့ သူမဟာ လူထုထဲဝင်ပြီး အစိုးရနဲ့ အတိုက်ခံများစွာကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။ ကဲ ကျွန်တော်သာ ဒေါ်စုဖြစ်ခဲ့ရင်ဆိုတာ အပိုင်းကိုစပြောပါမယ်။ ဒေါ်စုဟာ နိုင်ငံတကာနဲ့ Relationship မှာ တော် တော်အဆင်ပြေပါတယ်။ ပြေရတဲ့အကြောင်းရင်းကလဲ သူမဟာ အစိုးရရဲ့ အတိုက်ခံ ဖြစ်နေတာလဲပါပါတယ်။ ပြီးတော့ သူမကို နိုင်ငံတကာမှလည်း ဘွဲ့တွေ၊ ဆုတံဆိပ်တွေလဲ ချီးမြှင့်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် သူမဟာ နိုင်ငံတကာရဲ့ထောက်ခံမှုကို ရရှိနေသူဖြစ်တယ်။ သူမဟာအဲ့လိုအနေထားမျိုးတွေ အခွင့်အရေးတွေ ဆုပ်ကိုင် ထားရက်နဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ လျော့ချသွားအောင် ပြုလုပ်ရမဲ့အစား နယ်တကာလှည့်ကာ စည်းရုံးမဲဆွယ်မှုတွေ၊ ဟောပြောပွဲတွေသာ လုပ်ဆောင်ခဲ့တယ်။


ကျွန်တော်သာ ဒေါ်စုနေရာမှာဆိုရင်တော့ အစိုးရနဲ့အတိုက်ခံလုပ်မဲ့စိတ်၊ သမ္မတဖြစ်ချင်တဲ့စိတ်တွေ ထက် ပြည်သူလူထုအတွက် စီးပွားရေးပိတ်ဆို့မှုတွေ၊ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုတွေ ဖြေလျော့အောင် အရင် ဆုံးလုပ်ဆောင်မည်။ ဖြေလျော့မှုတွေရရှိပါက နိုင်ငံရေးစီးပွားရေးတိုးတက်အောင် နိုင်ငံတကာမှ စီးပွားရေးလုပ် ငန်းရှင်များ ဝင်လာအောင် နယ်လှည့်ရဲ့ ဟောပြောနေမဲ့အစား ခေါင်းဆောင်များနဲ့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် မည်။ စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ကာ မိမိနိုင်ငံရဲ့ စီးပွားရေးလုပ်ဆောင်နိုင်မည့် အခြေအနေများကို အကျယ်တဝင့်ဆွေးနွေးမည်။ မိမိနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းမြင့်မားအောင် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ ဘာသာရပ်များကို နိုင်ငံတကာအဆင့်တန်မှီအောင် ပြန်လည်မွမ်းမံမည်။ မိမိသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ငြိမ်းချမ်းရေးဖော် ဆောင်ရေးဆွေးနွေးမှုများတွင် ဝင်ရောက်ဆွေးနွေးမှုများပြုလုပ်ကာ အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားများ ကြား စေ့စပ်ညှိနှိုင်းမှုများဆောင်ရွက်မည်။ တိုင်းရင်းသားဒုက္ခသည်များနှင့် ဆင်းရဲသားပြည်သူများအတွက် နိုင်ငံတကာ NGO တွေရဲ့ အကူအညီထောက်ပံ့မှုတွေ ရရှိနိုင်ရန် လုပ်ဆောင်ပေးမည်။    ထိုသို့လုပ်ဆောင်ရန် လည်း သမ္မတကစ၍ အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါက ဆောင်ရွက်မည်ဖြစ်သည်။ ထိုအခါ မိမိ သည် သမ္မတမဟုတ်သော်လည်း သမ္မတဖြစ်နေမည်ဖြစ်သည်။


ချုပ်ရရင်တော့ ကျွန်တော်သာ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် မိမိသည် နိုဘယ်ဆု၊ နိုင်ငံတကာမှ ပေး အပ်သော ဂုဏ်ထူးဆောင်၊ဘွဲ့လက်မှတ်များ၊ ဆုများကို ရရှိပြီးသည်ဖြစ်သောကြောင့် အယူရှိပါက အပေးရှိရ မည်ဆိုတဲ့အတိုင်း မိမိသမ္မတဖြစ်ရေး၊ မိမိပါတီ အနိုင်ရရေး၊ ဆုတံဆိပ်တွေရရေးထက် မိမိစိတ်ရင်းအမှန်ရှိပါက မိမိ၏တိုင်းပြည်နှင့်လူမျိုးအတွက်ကို ရှေ့တန်းတင် ဦးစားပေးတော့မည်ဖြစ်သည်။

                                            မိုးတိမ်

. www.MyanmarExpress.net

 

အခြေခံဥပဒေကို အများအတွက်သာပြင်ပေးပါ


ဦးဘဂျမ်းကာတွန်းပွဲတော်မှာ တွေ့ရတဲ့ ကာတွန်းတစ်ကွက်
 
၂၀၁၃ ခုနှစ်ကလည်း ကုန်ဆုံးတော့မည်။ မကြာခင် ၂၀၁၄။ နောက် ၂၀၁၅ ရောက်ဖို့က သိပ်မလိုတော့။
ကျန်ရှိသည့် လက်ကျန် နှစ်အနည်းငယ်အတွင်းမှာ NLD ပါတီအနေဖြင့် အစွမ်းကုန်ကြိုးစားမည့်
အရာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဖြစ်လိမ့်မည် ဆိုတာ လူတော်တော်များများ
သိမည် ထင်ပါသည်။

ယခုအချိန်မှာလည်း NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအတွက် မြန်မာပြည် နေရာဒေသ တော်တော်
များများတွင် ပြည်သူအပေါ် အခြေခံဥပဒေအကြောင်း စည်းရုံးဟောပြောမှုများ၊ သဘောထား ဆန္ဒကောက်ယူမှုများ ပြုလုပ်နေသည်။
 
နောက်ဆုံးအနေဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သွားတဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် တက်ရောက် စည်းရုံးဟောပြောခဲ့သည်ကို
တွေ့ရသည်။ အစိုးရရုံးများစိုက်ရာ နေပြည်တော်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
လာရောက် ဟောပြောခြင်းကို ကြည့်လျှင် NLD အနေဖြင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ရေးအပေါ်
ခြေလှမ်းစိတ်စိတ်ဖြင့် ကြိုးစားလာသည်ကို တွေ့ရသည်။

၂၀၀၈ အခြေခံဥပဒေပြင်ရေးအပေါ်ဘာကြောင့် NLD သည် အခြားပါတီများထက်
ပို၍ တက်ကြွနေရသနည်း။ ဒီအခြေခံဥပဒေပြင်ဖို့လိုသည်ဆိုတာကို NLD မှမဟုတ်
အခြားပါတီများကလည်း ထောက်ခံမှုများရှိသည်။ လွှတ်တော်အတွင်းမှာလည်း အခြေခံ
ဥပဒေလေ့လာရေးကော်မရှင်ဖွဲ့၍ အခြေခံဥပဒေအပေါ် လေ့လာမှုများရှိသည်။ 
တိုင်းရင်းသားအဖွဲ့များ လည်းပြင်ဖို့လိုသည်ဟုဆိုသည်။ 
 
သို့သော် ပြင်ဖို့လိုသည်ဟု ပြောသူတော်တော်များထဲတွင် NLD ကတော့ အတက်ကြွဆုံးဖြစ်သည်။
 NLD က ဦးဆောင်ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူ
မှုပွဲများတွင် တက်ရောက်သူရာခိုင်နှုန်းသည် ပြည်သူလူထု လူဦးရေနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ဟု
ဆိုနေကြသော်ငြားလည်းNLDကဇွဲမလျှော့သည့်အပြင် နောက်ဆုံး နေပြည်တော်မှာ
 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြုလုပ်သွားခဲ့သည်။ ဘာကြောင့် NLD အသည်းအသန်ပြင်ချင်နေသနည်း။

သည်နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဖော်ပြောထားသော  သမ္မတဖြစ်ချင်ပါသည် ဆိုသည့် အချက်သည် ၂၀၀၈ အခြေခံဥပဒေပြင်ရေးကို NLD အသည်းအသန် ပြင်လိုနေခြင်းအတွက်
ခိုင်မာသည့် အချက်တစ်ခု ဖြစ်နိုင်သည်။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုလျှင် အခြေခံဥပဒေပါ အပိုဒ် ၅၉(စ) သည် ပြင်ကိုပြင်ရမည့် အရာဖြစ်သည်။ တစ်ခုသတိထားမိသည်မှာ
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုအချက်ကိုပြင်ဖို့ လူထုဆန္ဒ သဘောထားရယူတဲ့အခမ်းအနားမှာ
လုံးဝမပြောခြင်းပင်။ သူ့အနေဖြင့် တိုင်းပြည် အေးချမ်းသာယာရေး၊ တိုးတက်ရေး၊ တည်ငြိမ်ရေး အတွက် အားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးသည် လိုကို လိုအပ်သည်ဟု သာပြောသည်။
ဒါကလည်း ပြည်သူများဆီမှ အခြေခံဥပဒေပြင်ရန် ထောက်ခံမှု ရရှိပြီဆိုလျှင် ၅၉(စ) ကိုလည်း
ပြင်ရနိုင်သည်ဟု ယုံကြည်ချက်ကြောင့် ဖြစ်နိုင်သည်။ ဒါမှမဟုတ် ထိုအချက်ကို ပြင်ဖို့သာ
အဓိက ဦးစားပေးပြောနေမည်ဆိုလျှင် ရခိုင်အရေး၊ တိုင်းရင်းသားအရေးများတွင် နှုတ်ဆိတ်နေခြင်းကြောင့်
အမြင်မကြည်သည့် ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုများ နှင့် ကြုံတွေ့မှုကို ခံရနိုင်သည်ကို ကြိုတင်
တွက်ဆမိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ NLD ၏ ပြည်သူ့ဆန္ဒကောက်ယူမှုများသည် အခြေခံဥပဒေပြင်ရေး
နောက်ကွယ်တွင် ၂၀၁၅ ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ၅၉(စ) ကို အဓိကထားပြင်ဖို့ ကြိုးပမ်းလာမည်မှာ အမှန်ဖြစ်သည်။ NLD သတိထားဖို့လိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားများကျင်းပပြီး အခြေခံဥပဒေပြင်ရေးကို အကြောင်းပြု၍  နောက်တဆင့်တက်လာမည့် ၅၉(စ) ကိစ္စကို
မသိရိုးသားသည့် ပြည်သူများလည်း အများအပြားရှိသလို ပြင်ရန်လက်မခံသည့် ရိပ်စားမိသူ ပြည်သူအများအပြားလည်း ရှိသည်ဆိုသည့် အချက်ဖြစ်သည်။

ဆန္ဒခံယူပွဲများသည်လည်း NLD ပါတီဝင်များသာ တက်ရောက်ကြသည်ဟူသော သတင်းများ
ထွက်ပေါ်မှုရှိနေသော်လည်း NLD အနေဖြင့် ပြည်သူများ တက်ရောက်သည်ဟုသာ
သတင်းထုတ်ပြန်နေခြင်း၊ အစက အသစ်ပြန်ဆွဲမည်ဟု သတင်းများထွက်ပေါ်လာသော်လည်းဆန္ဒခံယူပွဲများတွင် ပြင်ဆင်လိုသူများသာ ပို၍ များပြားခြင်းကြောင့် NLD အနေဖြင့် နောက်ပိုင်း ပြင်ရေးဘက်ကိုသာ ယိမ်းသွားခြင်းများစသည့် NLD ၏ ပြည်သူ့အပေါ် မပွင့်
လင်းမှုများသည် ပြည်သူအပေါ် လှည့်စားနေသလိုဖြစ်နေသည်။ မိမိဆန္ဒတစ်ခုအတွက် ပြည်သူကို အသုံးချ
နေသလိုဖြစ်ပေလိမ့်မည်။

အချုပ်ဆိုရသော် နိုင်ငံတော်သမ္မတကလည်းပြီးခဲ့သည့် နိုဝင်ဘာလမိန့်ခွန်းတွင် အခြေခံဥပဒေပြင်ဆင်ရေးတွင် မိမိဆန္ဒထက် ပြည်သူလူထုအများစု၏လိုလားချက်များကို
ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာကောင်းများဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ကို တိုင်းပြည်ရှိ အခြေခံဥပဒေပြင်လိုသူများနှင့် ပတ်သက်၍ မိန့်ခွန်းတွင်
ထည့်သွင်းပြောကြားခဲ့သည်ကို ပြည်သူများလည်း ကြားသိခဲ့ပြီး ဖြစ်သည်။
လောကတွင် ကိုယ်ကျိုးထက် အများအကျိုးဆောင်ရွက်သူသာ ပို၍ အောင်မြင်မှု
ရရှိသည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

ကိုရင်သာဗြော(ပတ္တမြားမြေ)