Subscribe to our RSS Feed
Showing posts with label လူပြိန်းကြိုက် မီဒီယာသမားများ. Show all posts
Showing posts with label လူပြိန်းကြိုက် မီဒီယာသမားများ. Show all posts

ပွင့်လင်းမြင်သာစပြုလာပြီဖြစ်သည့် မြန်မာ့မီဒီယာလောက

မိတ်ဆွေ...အောက်ကပုံတွေကြည့်ပြီး သင့်ကိုယ်သင် porn site တွေများရောက်သွားသလား
မော်ဒယ် page တွေများ ရောက်သွားသလားလို့ မထင်လိုက်ပါနှင့်။


လက်ရှိ ပြည်တွင်းတွင် တရားဝင်ထုတ်ဝေနေသော 8 days journal ရဲ့
ယခုအပါတ်ထုတ်မှာ ဖော်ပြထားတဲ့ပုံတွေပါ။ စာပေလွတ်လပ်ခွင့်မရှိဘူး၊
စာနယ်ဇင်းဖိနှိပ်မှုရပ်လို့ တွင်တွင်အော်နေသော်လည်း စာပေလွတ်လပ်ခွင့်နဲ့ထိုက်တန်ရဲ့လားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။
ညို့ magazine တုန်းကလည်း စာပေလွတ်လပ်ခွင့်ရပြီဆိုပြီး အမေ၊ နှမ ၊
 မောင်နဲ့ သားသမီး အတူကြည့်လို့မှ မသင့်တော်တဲ့ပုံတွေနဲ့ ထုတ်ဝေခဲ့တဲ့အတွက်
ပိတ်သိမ်းခဲ့ရတာလည်း အားလုံးအသိဖြစ်မှာပါ။

အခုလည်း လာပြန်ပါပြီနောက်တစ်စောင်။ တိုးတက်ပွင့်လင်းလာတဲ့ခေတ်ကြီးမှာ
ဒါတွေဟာ ဘာမှမဆန်းဘူးဆိုပေမယ့်လည်း ဒါဟာ မြန်မာနိုင်ငံပါ။
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရာဝင် ပြဌာန်းထားတဲ့ နိုင်ငံတစ်ခုပါ။
အမေနဲ့သား၊ မောင်နဲ့နှမ အတူတွဲဖတ်လို့ မသင့်တော်တဲ့ဒီပုံတွေနဲ့ ပရင့်မီဒီယာတွေပေါ်ရောက်လာတဲ့နောက် ဒီဂျာနယ်တွေဟာ
နေရာအနှံ့အပြားကိုရောက်သွားကြမှာပါ။

မြန်မာမီဒီယာလောကရဲ့အဆင့်အတန်းကို
အစိုးရက ဘာမှထိန်းချုပ်နေတာမဟုတ်ပါဘူး..
သူတို့ကိုယ်တိုင်ပဲ ပုံဖော်နေတာပါ။
စာပေလွတ်လပ်ခွင့်..လွတ်လပ်ခွင့်လို့ တစာစာအော်နေသော်ငြားလည်းပဲ
၎င်းတို့ကိုယ်တိုင်ကိုယ်က ကျင့်ဝတ်နှင့်မညီရင်တော့
 ပြည်သူတွေကပဲ ၄င်းတို့၏ အဆင့်အတန်းနှင့် ဖြစ်တည်မှုကို အဆုံးအဖြတ်ပေးသွားရတော့မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

်



"မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက်


မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက် 

(၁.၈.၂၀၁၄)

၁။ လက်ရှိကြုံတွေ့နေသော မီဒီယာကဏ္ဍဆိုင်ရာ ပြဿနာများ၊ အခက်အခဲများ၊ အားလုံးနှင့် ပတ်သက်၍ အထူးသဖြင့် အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရမှု များကို တရားစီရင်ရေး ကဏ္ဍ၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု အားမထိခိုက်စေသော နိုင်ငံတော် သမ္မတ ၏ လုပ်ပိုင်ခွင့် အတွင်းမှ မီဒီယာသမားများ နစ်နာမှု မရှိစေရန် ဥပဒေ ကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော် သမ္မတ နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ကိုယ်စားလှယ်များ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ က အလေးအနက် ပြောကြားပါသည်။

၂။ တွေ့ဆုံကြရာတွင် သတင်း မီဒီယာများ၌ ဖော်ပြရေးသား ထုတ်လွှင့်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ ပြဿနာ များ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်မျာူး အနေဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အား ( Mediator Role) အဖြစ် ဦးစွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်စေမည် ဖြစ်ကြောင်း နှင့် ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရ ၀န်ကြီး ဌာနများက စာနယ်ဇင်း ကောင်စီ နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက် စေမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြားပါသည်။

၃။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် စတုတ္ထ မဏ္ဍိုင် (မီဒီယာ) တို့ အကြား တာဝန်ဝတ္တရား နှင့် ကျင့်ဝတ်စည်းကမ်းများကို အပြန်အလှန် နားလည်စေမှု နှင့် နိုင်ငံသား အားလုံး၏ သတင်းသိပိုင်ခွင့် ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲများ ကျင်းပသွားရန် နိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့နှင့် စာနယ်ဇင်း ကောင်စီတို့အကြား သဘောတူညီမှု ရရှိပါသည်။

၎။ သတင်းမီဒီယာသမားများ၏ သတင်းရယူခွင့်နှင့် ပတ်သက်၍ ၀န်ကြီး ဌာနအသီးသီးက အချိန်နှင့် တပြေးညီ ထိရောက်မှုရှိသော တုန့်ပြန်ပြောကြားမှုများ ရှိလာစေမည့် အစီအစဉ်သစ်တစ်ရပ်ကို အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတက ပြောကြားပါသည်။ ထိုလုပ်ငန်းစဉ် အကောင်အထည်ပေါ်လာရေးအတွက် စာနယ်ဇင်း ကောင်စီမှလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ပြဌာန်း ထားပြီး ဖြစ်သော သတင်းမီဒီယာဥပဒေနှင့် အညီ မီဒီယာအားလုံး လုပ်ငန်းဆောင်ရွက်ခွင့် ရရှိရေးနှင့် သတင်းမီဒီယာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအား တင်ပြဆွေးနွေးခဲ့ရာ နိုင်ငံတော် သမ္မတက အလေးထား စီမံပေးမည်ဟု ပြောကြားပါသည်။

၆။ (၁.၈.၂၀၁၄) ရက်နေ့က နိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ တွေ့ဆုံဆွေးနွေးမှုများမှ နိုင်ငံ၌ စတုတ္ထ မဏ္ဍိုင်၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သတင်းမီဒီယာသမားများ ဥပဒေများနှင့် အညီ လုပ်ငန်းတာဝန်ထမ်းဆောင် နိုင်စေရေး တို့အတွက် ကောင်းမွန်သော အခြေခံ သဘောတူညီချက်များ ရရှိခဲ့ပါသည်။

၇။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်သော ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ် တို့ တက်ရောက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ကိုယ်စားလှယ်များ အဖြစ် ဦးခင်မောင်လေး၊ ဦးကျော်မင်းဆွေ၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦး၊ ဦးခင်မောင်ဌေး နှင့် ဒေါ်နန်းကလျာဝင်း တို့ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)


အိုဘယ့်...မီဒီယာ


လောကတွင် လူအမျိုးမျိုးစိတ်အထွေထွေရှိကြသည်။
လူတိုင်းအကြိုက်တစ်မျိုးစီရှိကြသည်။
ထိုအထဲမှ ကျွန်တော့် အကြိုက်ကတော့ သတင်းပင်ဖြစ်သည်။
မနက်ဆိုလျှင် အမြဲတမ်း သတင်းစာလေးဖတ်မှ နေသာထိုင်သာရှိသည်။
အခုတော့ အင်တာနက်ဆိုတာကြီးပေါ်လာသဖြင့် အဆင်ပြေသည်။
ယခင်ကလို ဂျာနယ်တွေစာစောင်တွေကို တစ်ပါတ်တခါ စောင့်နေစရာမလိုတော့။
နိုင်ငံနှင့်အ၀ှန်း ဖြစ်ပျက်နေသည်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပေသည်။
သတင်းခေတ်တွင် သတင်းဆာလောင်ကြသူများ ဖြစ်လာကြသည်။

အခုတလော လတ်တလောမှာ ရေပန်းစားခဲ့တာကတော့ အားလုံးသိကြသည့်အတိုင်း
၄၃၆ ဖြစ်သည်။ တစ်နိုင်ငံလုံး မြို့နယ်ကြီးတွေမှာ ၄၃၆ ပြင်ဆင်ရေး 
လက်မှတ်ကောက်ခံပွဲတွေလုပ်ကာ ၄၃၆ ပြင်ဆင်ရန် လက်မှတ်စုဆောင်းကြသည်။
လှုံ့ဆော်ကြသည်။ သို့ရာတွင် မနက်ဖြန်ပဲ ကြည့်ရတော့မလိုလို၊ 
အခုပဲကြည့်ရတော့မလိုလို မစားရ၀မခန်းပြောခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကဲ့သို့ပင်
အခြေအနေကားမကောင်း။ ရလာဒ်ကို အားလုံးက စိတ်ဝင်စားကြသည်။ 
လူထုတစ်ခဲနက်ထောက်ခံသည်ဟု ၄င်းတို့ကိုယ်၎င်းတို့ ကြွေးကြော်ထားသော 
ပါတီကြီးတစ်ခုအနေဖြင့် လက်မှတ်အတော်များများ ရရှိမည်ဟု ယုံကြည်ကြသည်။

ဤသို့ဖြင့် ဂျာနယ်များ စာစောင်များတွင် လက်မှတ် မည်၍မည်မျှ ကောက်ခံရရှိသည်ကို 
သိရှိလိုကြသဖြင့် စောင့်ဖတ်ကြသည်။အဖြေမှာ အမျိုးမျိုးဖြစ်နေပေသည်။ 
စာဖတ်သူများ မျက်စိလည်ကုန်ကြသည်။
ဘယ်ဟာ အမှန်လဲမသိကြတော့။

မြစ်မခမီဒီယာတွင် ရေးထားသည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူကောက်ခံခဲ့သည့် 
၄၃၆ ပြင်ဆင်ရေးပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်း တစ်ဆယ့်ခုနှစ်သိန်းကျော်ရရှိပြီးဖြစ်သည်ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဇူလိုင်လ (၂၅)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ သိရှိရသည်။

“ ဒီနေ့အထိ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ကောက်ယူထားတဲ့လက်မှတ်ပေါင်း

၁၇၀၂၈၅၄ ရရှိပြီး ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည် ဆိုပြီး ရေးထားတဲ့သတင်းပါ။ အားလုံးပေါင်း ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်သန်းနဲ့ ခုနှစ်သိန်းပေါ့။

ဒါနဲ့ NLD ရဲ့ ဒီလှိုင်း website ကိုသွားဖတ်တော့ ကောက်ခံရရှိသော လက်မှတ်ပေါင်း ၅ သန်းတဲ့။ ဟ....သောက်ကျိုးနည်း လေးသန်းနီးပါးတောင် ကွာနေပါလားပေါ့။ ခေါင်းတောင်ခြောက်သွားသည်။

ဘယ်လိုမှ စဉ်းစားမရ။ တရုတ်သိုင်းကားထဲကလို မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ 
လက်မှတ် လေးသန်း အော်တိုမက်တစ် တိုးလာသည်ဟုသာ ဆိုရတော့မည်ဖြစ်သည်။
အော်...ဘာပဲဖြစ်ဖြစ် NLD ပါတီရဲ့
website ဆိုတော့လည်း သူတို့ရဲ့အရှုံးကို လူကြားကောင်းအောင် ငါးသန်းလို့
အဖတ်ဆယ်တာလည်း ဖြစ်နိုင်တာပေါ့...နောက်သတင်းဆိုဒ်တစ်ခုမှာ ကြည့်လိုက်မယ်ဆိုပြီး
Eleven Media Group မှာသွားကြည့်တော့ ၃၂ သိန်းတဲ့။
စာဖြင့်ပြောရမည်ဆိုလျှင် သုံးသန်းကျော်ပေါ့။အဲဒီမှာတင် မသောက်ပဲခေါင်းမူးတော့သည်။
လေးစားလောက်ဖွယ်ရာ စတုတ်ထမန်ဒိုင်ကြီးများပင်ဖြစ်တော့သည်။

မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံ၏ လူဦးရေ သန်း (၆၀) နှင့် ယှဉ်လိုက်လျှင်
နဲတာကတော့ နဲသည်သာဖြစ်တော့သည်။

ဤနေရာတွင် ပြောစရာတစ်ခုရှိလာသည်မှာ စတုတ်ထမန်ဒိုင်များ၏ ပြည်သူများသို့
သတင်းတင်ပြပုံနဲ့ မိမိတို့ တင်ပြလောက်သော သတင်း၏ မှန်ကန်မှုအား တာဝန်ခံနိုင်မှုပင်ဖြစ်သည်။ ယခုအခါ အထက်ပါအချက်များ ပျောက်ဆုံးနေသည်။
သတင်းဖြစ်လျှင် ပြီးရော၊ လူကြိုက်များလျှင် ပြီးရော လုပ်နေကြသည်ကိုသာ တွေ့ရှိနေရသည်။ ကွယ်လွန်သွားသော ဆရာကြီးလူထုစိန်ဝင်းတို့သာ ရှိနေလျှင် 
မည်သို့ ဝေဖန်မည်နည်း မပြောတတ်။ ယခု ၄၃၆ နှင့်ပါတ်သက်သော လက်မှတ်ထုတ်ပြန်မှုပင်လျှင်သတင်းရင်းမြစ် ၃ ခုမှာ ၃ မျိုးဖြစ်နေသည်။ 
ဒါတောင် ကျန်တဲ့ ဂျာနယ်တွေ စာစောင်တွေမကြည့်ရသေး။ ပိုဆိုးဖို့သာရှိတော့သည်။

ဒီမိုကရေစီခေတ်သို့အကူးအပြောင်းမှာ မိမိတို့ကိုယ်မိမိတို့ စတုတ်ထမန်ဒိုင်ဟု ကြွေးကြော်လာခဲ့ကြသော သတင်းမီဒီယာသမားများအနေဖြင့် စတုတ်ထမန်ဒိုင် ပီသစွာ ပြည်သူလူထုအား သတင်းအမှန်များကို ဘက်မလိုက်ပဲ ဖြန့်ဝေကြဖို့လိုအပ်ပေသည်။

ထိုသို့မဟုတ်ပဲ စတုတ်ထမန်ဒိုင်ကြီးကိုယ်က တိမ်းစောင်းနေပါက မြန်မာ့မီဒီယာလောက၏ ရှေ့ရေးမှာ ရင်မောဖွယ်ရာ အတိဖြစ်ပါကြောင်း မီဒီယာလောက၏ကိုယ်စား အမုန်းခံ တင်ပြလိုက်ရပါသည်။


7 Days မှ ဖော်ပြခဲ့သော ထိုင်းငါးဖမ်းစက်လှေသတင်းနှင့်ပါတ်သက်ပြီး ပြည်သူအများမှ ပြင်းထန်စွာ ရှုံ့ချ



ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ငါးဖမ်းစက်လှေများအား တပ်မတော် ရေမှ ဖမ်းဆီးခဲ့သည့်သတင်းကို အများပြည်သူများအမြင်တွင် မိမိတို့ တပ်မတော်ရေမှ ထိုင်းနိုင်ငံရေပိုင်နက်ထဲ ကျူးကျော်ကာ သွားရောက်ဖမ်းဆီးခဲ့သယောင် လုပ်ကြံ လီဆယ်ကာ ရေးသားထားခြင်းဖြစ်သည်။

7 Days မီဒီယာ၏ ထိုကဲ့သို့ အရှက်မဲ့စွာ ထိုင်းနိုင်ငံဘက်မှနေ၍ ဘက်လိုက်ရေးသားခဲ့မှုအပေါ် ပြည်သူအများ၏ အမြင်အချို့ကို ဖော်ပြလိုက်ပါသည်။


- ဒီလို မီဒီယာမျိုးတွေရှိလို့  လူလူချင်းနားလည်မှုလွဲတာ ကိုယ့်နိုင် ငံကိုတောင် အထင် လွဲ အောင်ရေးကြတယ် နားမလည်တာလား တမင်ရေးတာလား အမျိုးသားရေး သတင်းတွေ ဒီလို ပေါက်ကရ ခေါင်းစဉ်နဲ့  ရေးရင် ဂျာနယ် တိုက်ပါပိတ်သင့်တယ်

- 7 Days ရဲ့ သတင်းအရေးအသားကို ဖတ်ရတာ ကိုယ့်နိုင်ငံ ရေပိုင်နက်ကို ကာကွယ်တာတောင် မြန်မာ့ ရေတပ် အလွန်ကျနေတာပဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အပုတ်ချရတာလဲ အခု သူတို့ပြောပြောနေတဲ့ မီဒီယာ လွတ်လပ်ခွင့်ပဲ ထင်တယ်။











မီဒီယာဟာ Enemy of the State ဖြစ်လာပြီလား



Monday, July 14, 2014

သမ္မတဦးသိန်းစိန်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ MPC ၌ တွေ့ဆုံခဲ့ကြရာ သတင်းထောက်များက ဆန္ဒပြခဲ့သောကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရခြင်း၏ လက်သည်မှာ 7Day သတင်းစာနှင့် ဂျာနယ်မှ သတင်းထောက်ချုပ် ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျာနယ်တိုက်များက သတင်းယူရန် စေလွှတ်ခဲ့ခြင်း ဖြစ်သော်လည်း သတင်းယူခြင်း မပြုဘဲ ဆန္ဒပြရန် ကြိုတင်စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ကြိုတင်စီစဉ်သူမှာ MJN အတွင်းရေးမှူးဖြစ်သူ 7Day သတင်းထောက်ချုပ် ဦးအောင်သူရ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က မေးမြန်းသည့်အခါရောက်မှ သတင်းရယူခွင့် မရရှိ၍ ခြံအပြင်ဘက်တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည် ဟု အကြောင်းပြနေခြင်းမှာ လိမ်ညာနေခြင်းသာ ဖြစ်ကြောင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှ အယ်ဒီတာတစ်ဦးက ပြောသည်။

“အခုလို သတင်းထောက်တွေ ဆန္ဒပြခဲ့တာကို ဦးစီးစီစဉ်ခဲ့တာက ထောက်ချုပ်ကြီးပါပဲ။ ဇူလိုင် ၁၁ ရက်နေ့ ညနေကတည်းက သူတို့ကို MPC က စိန်ခေါ်လိုက်ပြီ ဆိုပြီး သတင်းထောက်တွေကို လိုက်ပြီး စည်းရုံးခဲ့တယ် လို့ သိရပါတယ်။ သူ့ဖေ့စ်ဘုတ်မှာ MPC က ဒေါက်တာမင်းဇော်ဦးက သူ့ဆီ ဖုန်းဆက်ပြီး မနက်ဖြန် MPC ကို ကန်ပိန်း တီရှပ်တွေ ၀တ်လာရင် လုံခြုံရေးက ၀င်ခွင့်ပေးမှာ မဟုတ်ဘူး။ ကန်ပိန်းတီရှပ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြရင် လုံခြုံရေးတာဝန်ရှိသူတွေက ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲနိုင်တယ် လို့ ပြောတယ်။ ဒါဟာ မီဒီယာကို စိန်ခေါ်တာပဲ။ ကန်ပိန်းတီရှပ်နဲ့ သွားမယ်။ ဆန္ဒပြမယ် ဆိုပြီး ကိုအောင်သူရက တင်တယ်။ နောက်ပိုင်းကျတော့ အဲဒီစတေးတပ်ကို သူ့ဘာသာ ပြန်ဖြုတ်သွားတယ်။ ကိုမင်းဇော်ဦးက သူ့နာမည် ပါနေလို့ အမေရိကန်မှာ သတင်းထောက်သင်တန်းတွေမှာ သတင်းရင်းမြစ်ကို ကာကွယ်ပါ့မည် ဆိုပြီး နေ့စဉ်ရွတ်ဆိုရတာကို တင်လာပါတယ်။ ကျန်တဲ့ သတင်းထောက်တွေက သတင်းယူမယ်၊ သမ္မတကို မေးခွင့်ရရင် မေးကြမယ် ဆိုပြီး နေကြတာပဲ။ ဒါပေမယ့် ကိုအောင်သူရက စပြီး လှုံ့ဆော်တာ။ သူ လှုံ့ဆော်တော့ ကျန်တဲ့ သတင်းထောက်တွေ စိတ်တွေကြွလာပြီး ပါသွားတာ။ ဇူလိုင်လ ၁၃ ရက်နေ့ မနက်မှာလည်း ကိုအောင်သူရက MPC ကို သွားဖို့ အသင့် ဆိုပြီး ညာသံပေးတယ်။ မီဒီယာဟာ Enemy of the State ဖြစ်တော့မယ် ဆိုပြီး MPC က ပြောတယ် ဆိုတဲ့ စကားကိုလည်း ကိုအောင်သူရပဲ Eleven က မာန်သူရှိန်ကို ပြောလိုက်တာ။ MPC က ကိုအောင်နိုင်ဦးက ရန်သူမျိုးငါးပါး မကတော့ဘူး၊ ခြောက်ပါး ဖြစ်လာပြီ။ မီဒီယာတစ်ခု တိုးလာပြီ ဆိုပြီး ပြောတယ် ဆိုတာကလည်း ကိုအောင်သူရပဲ။ သူက သတင်းထောက်တွေကို သွေးထိုး လှုံ့ဆော်ပေးခဲ့တာ။ ကျန်တဲ့ သတင်းထောက်တွေက ဘာရယ် ညာရယ် မဟုတ်ဘူး။ သူခေါ်လို့ ပါသွားတာ။ MPC က ကြိုပြောတယ် ဆိုတာကလည်း အမှုအခင်းတွေ မဖြစ်အောင် စေတနာနဲ့ ပြောတာ ဖြစ်မှာပါ။ ဒါကို သူက သူ့ကို ခြိမ်းခြောက်တယ် ဆိုပြီး ချဲတော့တာပဲ” ဟု ၄င်းအယ်ဒီတာက ပြောဆိုသည်။

“ပြောရမယ် ဆိုရင်တော့ဗျာ။ ကိုအောင်သူရ ဆိုတာက MPC နဲ့ တရုံးရုံး နေတယ်။ ပြီးတော့ MPC ကလူတွေကို အတင်းတုပ်ပြီး ဆော်ပြန်ရော။ ကျွန်တော်တို့တော့ နားမလည်တော့ဘူး။ သူရဦးရွှေမန်း ရေးတယ် ဆိုတဲ့ နိုင်ငံရေးဆောင်းပါးတွေကို သူက တစ်ပုဒ် ဆယ်သိန်းယူပြီး ရေးပေးရတယ် ဆိုပြီး ပြောတယ် ဆိုတဲ့ သတင်းတွေ ထွက်လာတော့ လွှတ်တော်ဥက္ကဌကြီးက တော်တော်ကြီးကို စိတ်ဆိုးတယ် လို့ သိရတယ်။ ပြီးတော့ ဒေါ်စုနဲ့ ပတ်သက်တဲ့ အတွင်းရေးတွေကိုလည်း ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ တွေ့ရင် ပြောတယ် လို့ သိရပြန်တယ်။ မီဒီယာအချင်းချင်း အကြောင်းတွေလည်း အစိုးရ၊ လွှတ်တော်နဲ့ NLD ပါတီက တာဝန်ရှိသူတွေကို ဖောက်သည်ချတယ် လို့လည်း ပြောကြတယ်။ MJN မှာ အတွင်းရေးမှူးယူထားတာက သူလုပ်ချင်တာ လုပ်လို့ရအောင်၊ အဖွဲ့အစည်း ကာဗာ ဖြစ်အောင် လုပ်တာလို့ သိရတယ်။ လုပ်စားနိုင်ငံရေးသမားလိုမျိုး လုပ်စား မီဒီယာသမား ဖြစ်နေတာ။ သူ့ရဲ့ အားနည်းချက်က နှုတ်မလုံဘူး ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့လုပ်တတ်တယ်။ သူ အင်္ဂလိပ်လို ဆောင်းပါးရေးတော့ MPC က တချို့ သူ့ကို ကူပြီး တည်းဖြတ်တာတွေ လုပ်ပေးတယ် ပြောတယ်။ အဲဒါကို သူပဲ ရေးသလိုလို ကြွားသေတယ်။ အရာရာ သိတယ် ထင်နေတဲ့ သူ့ကြောင့် သတင်းထောက်အသစ်လေးတွေ လမ်းလွဲရတယ် လို့ ပြောရမှာပေါ့” ဟု ၀ါရင့် သတင်းထောက်တစ်ယောက်က ပြောသည်။

“Unity ဂျာနယ်တွင်ဖေါ်ပြခဲ့သော ဓါတုလက်နှက်စက်ရုံဆောင်းပါးကို အခုမှဖတ်ရပါသည်။ လက်နှက်စက်ရုံ ဖြစ်နိုင်သော်လည်း ဓါတုလက်နှက် စက်ရုံဟု ယူဆလောက်သော သက်သေ မပြနိုင်ပဲ ဓါတုလက်နှက် ဆိုသော အချက်ကို အထူကြီး ခေါင်းတင်ထားသည်။သံချည်သံကွေးသမား တစ်ယောက်ကပြောသော ဤစက်ရုံသည်အရှေ့ တောင်အာရှတွင် အကြီးဆုံးဖြစ်သည်ဆိုသော အချက်မျိုး ကို ကိုးကားထားသည်မှာ စ၍ နည်းပညာဆိုင်ရာ ဗဟုသုတ နှင့် အတွေအကြုံနည်းပါးသော ရွာသားများ၏ အကြောင်းပြချက်မပါဝင်သော ထင်မြင်ယူဆချက်သက်သက်ကို အလေးထားဖေါ်ပြထားသည်မှာ အရပ်စကားနှင့်ပြောမည်ဆိုလျှင် ရှားရှားပါးပါးရိုက်ယူထားသည့် ဓါတ်ပုံအချို့ ဖြင့် "ဖြဲ" ထားသလိုဖြစ်နေပါသည်။ ကျွန်တော်တို့ ဂျာနယ်လောက တွင်ဤသို့ သော သတင်းတင်ပြမှုပုံစံ များ မကြာသေးမည်ကစ၍ခောတ်စားလာသည်ကိုသတိထားမိသည်။ Investigative Report များအားအခုလိုတင်ဆက်ရန်ကြိုးစားသည် မှာအားပေး ကြိုဆိုဖွယ်ဖြစ်သောလည်း မိမိ တို စုံစမ်းလေ့လာမည့်နယ်ပါယ် နှင့်စပ်လျှဉ်း၍ကျွမ်းကျင် နှံ့စပ်သော ပညာရှင်များ ၊ လူပုဂ္ဂိုလ်များ၏အကူအညီကို ရယူရုံမျှမက Sound Evidence အခိုင်အမာရှာဖွေချပြ နိုင်ရန် မလွဲမသွေလိုအပ်ပါသည်။ DVB ကတင်ဆက်ခဲ့သော နျုကလီယားလက်နှက်စက်ရုံတင်ဆက်မှုသည်ပင်လျှင်စစ်အင်ဂျင်နီယာ ဗိုလ်မှုး စိုင်းသိန်းဝင်း အား သက်သေခံစေခဲ့သောလည်း နျုလက်နှက် အားချုပ်မိသည်အထိ သက်သေမထူနိုင်ခဲ့ပါ။ ယနေ့ မီဒီယာလောက နှင့် အစိုးရကြားတွင်ဖြစ်ပေါ်နေသော လုပ်ငန်းဆိုင်ရာ ပြဿနာ များကိုကြည့်လျှင် မိမိ တို့ မီဒီယာဖက်မှ လိုအပ်ချက်၊ ချို့ယွင်းချက်များရှိ နေသည်ကိုလည်း လစ်လျုရှု ၍ မထားသင့်ပေ။ နဂိုက မီဒီယာများ အပေါ် ရန်သူလို၊ ပြိုင်ဖက်လို သဘောထား၍ ချုပ်ကိုင်ရန်၊ လွှမ်းမိုးရန် ကြိုးစားနေသော အာဏာပိုင်အဖွဲ့ အစည်းများ နှင့်အရှည်သဖြင့်ရင်ဆိုင်ရန် မှာ မိမိတို့ မီဒီယာ ပိုင်းမှလည်း ပို၍ Professional ပီသရန် နှင့် ကျင့်ဝတ်သိက္ဒ္မါ ပိုင်းကို ပိုမို ထိန်းသိမ်းရန် လိုအပ်ကြောင်း သတိထားမိလာပါသည်။ ဤသို့ မိမိတို့ ဖက်မှလည်း ထိုက်သင့်သော ပြင်ဆင်အားထုတ်မှု များ ညီညီညွတ်မလုပ်နိုင်ကြပဲ အခုလို ပြဿနာရှိလာမှ တဖက်ကိုချည်းအပြစ် ဖို့ မည်ဆိုလျှင် လေးစားလောက်သော စတုတ္ထ မဏ္ဍိုင်ဖြစ်လာ မည်မဟုတ်ချေ” ဟု ကိုသီဟသွေးက ပြောသည်။

“မီဒီယာတွေက အချိန်မတန်ခင် လွတ်လပ်ခွင့် ရလိုက်တော့ အခုလိုမျိုး ပြဿနာပေါင်းစုံ ဖြစ်လာတာ လို့ ထင်ပါတယ်။ တချို့ကိစ္စတွေက မီဒီယာတွေကြောင့် ပိုဆိုးသွားတာတွေလည်း ရှိတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။ ကျင့်ဝတ်နဲ့အညီ လုပ်ကိုင်နေတဲ့ မီဒီယာတွေလည်း ရှိပါတယ်။ MJN ဆိုရင် လူငယ်တွေ ကွန်ရက်ဖွဲ့ထားတာ။ သိသလိုလို တတ်သလိုလိုနဲ့ လုပ်သက်ရင့်တဲ့ သတင်းထောက်တွေက သြဇာတည်ဆောက်ဖို့ ဖွဲ့ထားတာ။ အောင်သူရက ဒီအထဲမှာ ပါတယ်။ အခု စာနယ်ဇင်းလောကကို ပြန်ကြည့်ရင် အယ်ဒီတာတွေ၊ အယ်ဒီတာချုပ်တွေ ဖြစ်နေတဲ့ အထဲမှာ အောင်သူရလို လူတွေ ရှိနေတယ်။ သူတို့ကြောင့် သေးတဲ့အမှုကြီး၊ ကြီးတဲ့အမှု မိုးမီးလောင် ဖြစ်နေတာလို့ပဲ ပြောရတော့မှာပဲ။ သူတို့အမြင်မှာက Hot မှ သတင်း ဖြစ်တာ။ ကျန်တာဆို သတင်း မဟုတ်ဘူး။ တစ်ခါတစ်လေ ပြန်စဉ်းစားကြည့်မိတယ်။ စာပေစိစစ်ရေး ရှိတုန်းက ရှင်းတယ်။ နောက်ကျောလုံတယ်။ ဘာမှလည်း အရေးယူခံစရာ အကြောင်း မရှိဘူး။. ထုတ်ဝေသူရော၊ အယ်ဒီတာတွေရော အေးအေးဆေးဆေး ရှိတယ်။ အခုဟာက သတင်းတွေက မှန်သလားမသိ၊ မှားသလား မသိ။ မခိုင်လုံတဲ့ သတင်းလည်း ရေးချင်ရေးကြတာ။ နောက်ဆုံးတော့ အယ်ဒီတာတွေပေါ် ပုံလာတာ။ အောင်သူရတို့လို သတင်းထောက်တွေနဲ့ တွေ့ရင် အယ်ဒီတာနဲ့ စကားများပြီပဲ။ အကုန်လုံး ပတ်ရမ်းနေမှ၊ ဟိုဆော်ဒီဆော် ငဆော်ကြီး လုပ်နေမှ သတင်းစာ၊ ဂျာနယ် ရောင်းကောင်းတယ် ဆိုပြီးတော့ အကြောင်းပြကြတယ်။ ဆေးကောင်စီလိုမျိုး စာနယ်ဇင်းကောင်စီကနေ သတင်းထောက်လိုင်စင်တွေ ထုတ်ပေးတာ၊ သက်တမ်းတိုးတာ လုပ်သင့်နေပြီ လို့ ထင်ပါတယ်။ ဒါမှလည်း ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တွေ နည်းသွားမှာ။ သတင်းထောက်လိုင်စင်ပိတ်ရင် ဘာမှလုပ်စားလို့ မရတော့ဘူး။ ဒါမျိုးနဲ့ ထိန်းမှ ရမယ်။ နို့မို့ရင် မီဒီယာတွေက တစ်ကယ်ကို Enemy of the State ဖြစ်လာတော့မှာ” ဟု စာနယ်ဇင်းသင်တန်းများ ပေးနေသော ကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။

ပြည်သူများအကြားတွင်လည်း စတုတ္ထမဏ္ဍိုင်ကို လေးချောင်းထောက် ဟု သုံးနှုံး ခေါ်တွင်လျက် ရှိပြီး ယူနတီဂျာနယ်ကိစ္စတွင် ထောင်ဒဏ်(၁၀)နှစ်မှာ သက်ညှာထားခြင်း ဖြစ်ပြီး ထို့ထက်ပို၍ ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း တိုက်တွန်းလျက် ရှိကြောင်း သတင်းရရှိသည်။

PP™

ဘာမှမဖြစ်ရင်..ဘာမှမဖြစ်ဘူး



ဒီနေ့ သတင်းတွေဖတ်ရင်းနဲ့ 7 days ဂျာနယ်မှာ သတင်းတစ်ခုပါလာတယ်။ သတင်းခေါင်းစဉ်က အပစ်ရပ်လက်မှတ်ထိုးပြီးနောက် တပ်မတော်ကသာ စတင်တိုက်ခိုက်နေဟု SSPP/SSA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပြောကြားဆိုတဲ့ သတင်းပင်ဖြစ်သည်။
အထက်ပါသတင်းအား ခြုံငုံ၍သုံးသပ်ရသော်  နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်နေသည့်ကာလတွင် တပ်မတော်ဘက်မှစတင်ကာ အမျိုးမျိုးတိုက်ခိုက်နေသည်ဆိုသည့် SSA ဘက်မှ
တာဝန်ရှိသူတစ်ဦး၏ မမှန်မကန်ပြောကြားချက်အား သတင်းလုပ်ရေးသားထားခြင်းဖြစ်သည်။

ထိုအရာသည် သတင်းမည်ပါ၏လား။ ဘက်တစ်ဘက်မှပြောကြားခြင်းအား
အခြားအပြောခံရသည့်ဘက်သို့ ဟုတ်၏ မှန်၏ မေးမြန်းခြင်း၊ စုံစမ်းခြင်း၊
သက်ဆိုင်ရာ နယ်မြေဒေသသို့သွားရောက်ကာ အထက်ပါသတင်းအား အတည်ပြုချက်ရယူခြင်းများ ရှိခဲ့ပါ၏လား။ ဖုန်းဆက်ပြောကြားရုံဖြင့် တိကျသေချာသော သတင်းတစ်ပုဒ်ဖြစ်ပြီလား။
 ထိုကဲ့သို့ သတင်းမျိုးအား ပရင့်စာမျက်နှာများတွင် ဖော်ပြခြင်းသည်
သင့်တော်ပါ၏လားဆိုသည်ကတော့ လားပေါင်းများစွာဖြင့်
အထက်ပါသတင်းအားရေးသားသူ သတင်းထောက်နှင့် ဂျာနယ်တိုက်တို့အပေါ် မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။

ယခုအခါ  နိုင်ငံတော်မှပြောင်းလဲ ကျင့်သုံးလာသော စာပေနှင့်စာနယ်ဇင်းဆိုင်ရာမူများကြောင့်
ပုဂ္ဂလိက မီဒီယာကဏ္ဍသည် အတော်ပင်တိုးတက်ပြောင်းလဲလာလေ၏ ၊
နိုင်ငံရေးနှင့်ပတ်သက်သောဂျာနယ် အတော်များများ ပေါ်ပေါက်လာခဲ့သည် ။ ပြည်သူများလည်းသတင်းများကို အချိန်နှင့်တပြေးညီသိခွင့်ရလာလေ၏ ၊
သတင်းနှင့်စာနယ်ဇင်း ဆိုင်ရာလွတ်လပ်မှုနှင့်အတူ ဘေးထွက် ဆိုးကျိုးများလည်း
ကျွဲကူးရေပါဆိုသလိုပင် ပါလာလေ၏။ ပြည်သူလူထုနှင့် အစိုးရအကြား ထင်ယောင်ထင်မှား ဖြစ်စေနိုင်သောသတင်းများကို သတင်းအရင်းအမြစ်မသေချာပဲ ဖေါ်ပြလာလေ၏ ၊
 အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူများကြားသဘောထားကွဲလွဲနိုင်သည်များကို
အထင်နှင့်ရေးသားမှုများ အကြားနှင့်ရေးသားမှုများ ၊ တာဝန်ရှိသူတို့၏ပြောကြားချက်များကို တစ်လွဲကောက်ချက်ချမှုများ ပြုလုပ် လာကြလေ၏ ၊ စတုတ္ထမဏ္ဍိုင်ရဲ့ မူလတာဝန်ကျေပါရဲ့လား ၊ ရေးသားချက်တွေဟာ တရားမျှတမှုရှိပါရဲ့လား မည်သည့်အခါမျှ မစဉ်းစားကြပေ။


မီဒီယာသမားတွေ ပြောချင်ရာပြောတာကိုတော့ လွတ်လပ်စွာပြောဆိုခွင့်လို့ပြောမယ် မီဒီယာသမားကို လွတ်လပ်စွာဝေဖန်ရင်တော့ မှတ်လောက်သားလောက်အောင်ဆုံးမမယ်ဆိုသည့် စိတ်ထားမျိုးသာ ထားရှိကြသည်ကများလေသည်။


ယခု 7 Days တွင်ဖော်ပြခဲ့သောသတင်းသည် တစ်နည်းအားဖြင့် နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုအောက် အစိုးရအဖွဲ့နှင့် တပ်မတော်မှ အင်တိုက်အားတိုက်ဖြင့် ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အချိန်တွင် မိမိတို့မှ ငြိမ်းချမ်းရေးမလိုလားဘဲ
တစ်ဖက်သတ် အနိုင်ကျင့် တိုက်ခိုက်နေသည့်ပုံစံအဖြစ် ပြည်သူအများကြား
အထင်မြင် လွဲမှားစေတော့မည်ဖြစ်သည်။

အထက်ပါသတင်းကိုရေးခဲ့သော သတင်းထောက်အနေဖြင့် လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည်ဆိုသော ရှမ်းပြည်နယ်ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ သတင်းသွားရောက် ရယူခဲ့ခြင်းမရှိပဲ
တစ်ဖက်အဖွဲ့အစည်း၏ ပြောဆိုချက်များကိုသာ ကိုးကားပြီး
သတင်းတစ်ပုဒ်ရေးခဲ့သည်ဆိုသည်မှာ ယုံမှားသံသယဖြစ်စရာပင်မလိုပေ။

စကားတစ်ခွန်းရှိသည်။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးဟူ၍ဖြစ်သည်....သို့သော်...
ဖြစ်လာခဲ့လျှင်တော့ မီဒီယာအခွင့်အရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ မအော်ကြဖို့လိုသည်ဟုသာ
7 days မှဖော်ပြခဲ့သော တပ်မတော်အပေါ် အများပြည်သူတို့ အထင်မှားစေမည့် အထက်ပါသတင်းနှင့်ပါတ်သက်၍ ဤနေရာမှ သတိပေးလိုက်ရပါသည်။

နိုင်ငံတော်လုံခြုံရေး အန္တရယ်ပေးလာပါက မီဒီယာများကို ထိရောက်စွာ အရေးယူမည်ဟု သမ္မတဦးသိန်းစိန် သတိပေး




ရန်ကုန်၊ မဇ္ဈိမ။           ။ သမ္မတဦးသိန်းစိန်၏ မန္တလေးပဋိပက္ခနှင့် ပတ်သက်သည့် မိန့်ခွန်းတွင် နိုင်ငံတော် လုံခြုံရေးအတွက် အန္တရယ်ပေးလာပါက မီဒီယာများကို တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူသွားမည်ဟု သတိပေးပြောကြားလိုက်သည်။

မန္တလေးပဋိပက္ခများနှင့် ပတ်သက်၍ ဇူလိုင် ၇ ရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယေဘုံယျခြုံငုံ၍ 'မီဒီယာများ' ဟု သုံးနှုန်း သတိပေးလိုက်ခြင်းဖြစ်သည်။

“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှုအမြင့်မားဆုံး နိုင်ငံများထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်’’   ဟု သမ္မတက ​ပြောသည်။

ထိရောက်စွာအရေးယူမည်ဟူသည့် သမ္မတ၏ ပြောစကားနှင့်ပတ်သက်၍ " သမ္မတကိုယ်တိုင်က ဒီလိုပြောလာပြီဆိုတော့ သတင်းသမား အားလုံး ဆင်ခြင်ရတော့မှာပေါ့၊ အရင်ကလို ငွေရပြီးရော သတင်းရေးနေတာမျိုးမလုပ်ပဲ သေချာဆင်ခြင်ပြီးမှ သတင်းတစ်ပုဒ်ကို တင်ရတော့မှာပေါ့ " ဟု မြန်မာဂျာနယ်လစ်ကွန်ရက် ဦးမြင့်ကျော်က သုံးသပ်သည်။

မန္တလေးတွင် ပဋိပက္ခမဖြစ်ပွားခင်ကတည်းက အွန်လိုင်းဘလော့တစ်ခုဖြစ်သည့် သစ်ထူးလွင်ဘလော့မှ မှုခင်းသတင်းတစ်ခုအနေနှင့် စတင်၍ သတင်းများပြန့်ပွားခဲ့ခြင်း ဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာများ၊ ဖေ့စ်ဘွတ်များတွင် ပြန့်နှံ့ခဲ့ပြီးနောက် မန္တလေးတွင် ပဋိပက္ခများ ရုတ်တရက် ကြီးထွားခဲ့သည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် မီဒီယာသမားများအပေါ် ပထမဆုံးအကြိမ် တပ်လှန့်ခဲ့သည့် ကိစ္စမှာ Eleven Media မှ သတင်း​ထောက် ဖြစ်သူ မနော်ခိုင်ခိုင်အေးချို ၂ဝ၁၃၊ အောက်တိုဘာက အိမ်ကျော်နင်းမှု၊ အသရေဖျက်မှုတို့နှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ပိုင်နက်ကျူးလွန်မှုဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

ထို့ပြင် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်အပါအဝင် သတင်းထောက်လေးဦးတို့ကို မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(က)/(၉) ဖြင့် မေလအတွင်းပိုင်းက ရုံးတင် စစ်ဆေးလျှက်ရှိသည်။ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ထောင်ဒဏ် ၁၄ နှစ်ကျခံရမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏လက်ထက်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မီဒီယာလွတ်လပ်ခွင့်အမြင့်မားဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ၎င်းတို့၏ ပြုပြင် ပြောင်းလဲမှုများကြောင့် ရောက်ရှိခဲ့သည်။

မန္တလေးပဋိပက္ခဖြစ်ပွားပြီးနောက် သမ္မတဦးသိန်းစိန်က မိန်းခွန်းပြောရာတွင် သွေးထိုး လှုံ့ဆော်မှုများနှင့် အကြမ်းဖက်ဖျက်ဆီးမှုများကို လုံးဝသည်းခံမည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း ထပ်မံ သတိပေးလိုက်သည်။

“သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ” ဟု ​ပြောသည်။

ပဋိပက္ခများ ဖြစ်​ပေါ်ခြင်းအတွက် ဦးသိန်းစိန် ဦး​ဆောင်သည့် အစိုးရ၏ ပုံရိပ်ကို ထိခိုက်လာနိုင်သည်ဟုလည်း နိုင်ငံ​ရေး ​လေ့လာ သုံးသပ်သူ ဦး​ကျော်လင်းဦးက ​ပြောသည်"၂ဝ၁၅ နီးလာတဲ့အချိန်မှာ ပဋိပက္ခတွေ ဆက်ရှိနေဦးမယ်ဆိုရင် ဦးသိန်းစိန်နဲ့ သူ့ရဲ့  အစိုးရပုံရိပ်ကို ထိခိုက်လာနိုင်တယ်လို့ သူတို့ ယူဆလာတဲ့အတွက် ထိထိရောက်ရောက် လုပ်တော့မယ်လို့ ယူဆရတယ်" ဟု မဇ္ဈိမကို ပြောသည်။

သမ္မတဦးသိန်းစိန်သည် ပုံမှန်အားဖြင့် ၎င်း၏ရေဒီယိုမိန့်ခွန်းများကို တစ်လတစ်ခါ ပြောကြားလေ့ရှိသော်လည်း ယခု မန္တလေးတွင် ဖြစ်ပွားသည့် ကိစ္စများကိုမူ ဇွန်လ အတွက် မိန့်ခွန်းပြောကြားပြီး ၄ ရက်အကြာတွင် ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

ပလောင်သူပုန်များ အစေးခြစ်ပြီးသား ဘိန်းခင်းများနှင့် မအောင်မြင်သည့် ဘိန်းခင်းများဖျက်ဆီးပြကာ မီဒီယာအချို့မှ ပုံကြီးချဲု့နေ







တအာင်းဒေသအတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) က အစေး ချစ်ပြီးသားဘိန်းစိုက်ခင်းတွေကို ယောင်ပြလိုက်လံ ဖျက်ဆီးနေ ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း/ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် မန်တုံမြို့နယ်အတွင်း ကျေးရွာတွေမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေအနက် အသုံးမ၀င် မအောင်မြင်တဲ့ဘိန်းခင်းများကို တီအန်အယ်လ်အေက ဇန်န၀ါရီ ၁၅ ရက်နေ့ကစပြီး လိုက်လံ ဖျက်ဆီးနေတာပါ။

ပြီးခဲ့တဲ့နှစ် တိုင်းဒေသအတွင်းမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်း ဧကပေါင်း ၃၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တီအန်အယ်လ်အေ တပ်မတော်က စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားဟိုးပ္လါင်က ပြောပါတယ်။တကယ်တော့ အစေးခြစ်ပြီးသားအခင်းကိုဖျက်တာဘာမှမထူးပါဘူး။

၂၀၁၃ ခုနှစ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ၅၁ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့
အခမ်းအနားမှာ လူထုပရိသတ်ရှေ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ဒါကလည်း လှည့်စားမှုပါ နိုင်ငံတကာပုံရိပ်မှာ ရပ်တည်လို့ရအောင် လုပ်ပြနေတာပါ။ မန်တုံကဒေသ ခံတစ်ဦးကပြောပြပါတယ် ၊

မြန်မာနိုင်ငံမှာ အစိုးရက ၁၉၉၉ ခုနှစ်ကနေ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ချမှတ်ထားပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အောင်မြင်မှုမရသေးတဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်အထိ နောက်ထပ် ၅ နှစ် တိုးချဲ့သတ်မှတ်ထားတယ်လို့ အစိုးရထိပ်တန်း အရာရှိတဦးက နိုင်ငံတကာ ကွန်ဖရင့်တခုမှာ ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဘိန်း ဒုတိယအများဆုံး စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် 
ကုလသမဂ္ဂက သတ်မှတ်ခံထားပါတယ်။ အဓိက ဘိန်းစိုက်ပျိုးမှု မပပျောက်သေးတာဟာပြည်တွင်း
လက်နက်ကိုင်များ ၄င်းတို့ အဖွဲ့အစည်းဆက်ကလ်ရပ်တည်ရေး ခေါင်းဆောင်ပိုင်းများ လောဘယမက်ကြီး
လာခြင်း အိမ်နီးခြင်းနိုင်ငံများ၏ ဒုစရိုက်ဂိုဏ်းများဖြင့် ဆက်သွယ်မှုရရှိလာခြင်းအဓိက
ကတော့ဗျာ သောင်းကျန်းသူတွေ လက်နက် ခဲယမ်းဘာနဲ့နယ်လည်းစိစစ်လိုက်ရင် အဖြေရျင်းနေပါတယ်။

ခုလဲ ပလောင်သူပုန်က ဖျက်ပြီးသားဘိန်းခင်းနဲ့ မအောင်မြင်တဲ့ ယောင်ပြဘိန်းခင်းကို
ယောင်ပြဖျက်ပြနေတာပါ။ဘိန်းစိုက်ပျိုး သူတွေ ဟာ ယောင်ပြ အဖျက်ပြဘို့ ဖျက်ဆီးခံ စိုက်ခင်းများကို 
သီးသန့် စိုက်ပျိုးထား ရတယ်လို့ မန်တုံဒေသခံ တရုတ်လူမျိုးတစ်ဦးမှ ပြောပြပါသည်။
အောက်ကပုံတွေကိုသေချာကြည့်ပါ အစေးချစ်ပြီးသားအပင်များသာဖြစ် ပါတယ်။ 
ဂျာနယ် မီဒီယာမှာ လိမ်လည်ဖော်ပြနေတာပါ။ တအောင်းပလောင် ထဲမှာတောင် ဘိန်းဆွဲနေသူများရှိပါတယ်။

မြန်မာ့တပ်မတော်၏ စစ်ဦးစီးမှူး( ပထမတန်း) ရာထူးအား ဗိုလ်မှူးချုပ်အဆင့်သို့တိုးမြှင့်



မြန်မာမီဒီယာတို့၏ စိတ်ပျက်ဖွယ်ကောင်းသော အလွဲများအနက်မှတစ်ခုဖြစ်သည်။ 

September 21 ရက်နေ့ နိရဉ္စရာသတင်းဌာန၏ သတင်းတစ်ခုတွင် ၎င်းမြေများကို သိမ်းဆည်းစဉ်က  တောင်ကုတ် အခြေစိုက် (စကခ-၅) စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် မြင့်စိုး၏ အမိန့်အရဆိုကာ  ရာဇသံပေး မောင်းထုတ်ခဲ့သဖြင့် စပါးများကို ဖြစ်သလို ကသုတ်ကရုတ် ရိတ်သိမ်းကာ လယ်ယာမြေများမှ စွန့်ခွာခဲ့ကြရသည်ဟု လယ်သမားများက ပြောသည်ဟု လိမ်လည်ရေးသားခဲ့ခြင်းဖြစ်သည်။

www.MyanmarExpress.net

ELEVEN သတိမူမိပါစေ

From :ဖက်ဖူးရောင်


ခုတလော ဖြစ်ပျက်နေတဲ့ မီဒီယာလောကရဲ့ ဆူညံပွက်သံတွေကို နားထောင်ကြည့်မိတော့ ဒီစာကို မရေးချင်ဘဲနဲ့ ရေးဖြစ်သွားတယ်ဆို

တာကို ဦးစွာ ၀န်ခံရမှာပါ။ ဟိုးအရင်တုန်းက ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ ခေါင်းစဉ်က ဘူဇွာမီဒီယာထူထောင်လိုသူများ ပါ။

အဲဒီဆောင်းပါးကို ဧရာဝတီဘလော့ဂ်က ကူးယူဖော်ပြခဲ့ပါတယ်။ သူတို့ကတော့ မီဒီယာကို အသေအချာ စောင့်ကြည့်တဲ့ သဘောရှိပါ

တယ်။ အခုလည်း ၂၇-၂-၂၀၁၃ ရက်နေ့မှာ သတင်းစာတွေမှာ ဖော်ပြလာတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို

အွန်လိုင်းပေါ်မှာ ELEVEN မီဒီယာက ခါးခါးသီးသီး ကန့်ကွက်လာတော့ ဘာကြောင့်လဲလို့ ဒီဥပဒေကြမ်းကို အသေအချာ သွားဖတ်မိ

ပါတယ်။ ELEVEN ကပြောသလို ၁၉၆၂ ဥပဒေကို ပြန်အသက်သွင်းထားသလားပေါ့။ လားလား ဖတ်ကြည့်တော့မှ အတော်ကို ရှင်း

သွားတယ်လို့ ပြောရမယ်ဗျို့။ အခု ထုတ်ပြန်လိုက်တဲ့ဥပဒေကြမ်းဟာ တကယ့်ကို လျော့ပေါ့ပြီး ပုံနှိပ်သူတွေနဲ့ ထုတ်ဝေသူတွေ အတွက်

ဦးတည်ပြီး စေတနာဗလဗွ ရှေ့ရှုရေးထားတယ်ဆိုတာ အောက်မှာ ဖော်ပြမယ့်အချက်တွေအရ အထင်အရှား သိနိုင်မြင်နိုင်ပါတယ်-

(၁) အခုဥပဒေကြမ်းဟာ ၁၉၆၂ က ဥပဒေလို ရဲအရေးမပိုင်တော့ခြင်း။

(၂) ငွေဒဏ်တွေကိုသာ အဓိကထားပြီး ငွေဒဏ်မဆောင်မှသာ ထောင်ဒဏ်အဖြစ်သတ်မှတ်ပေးထားခြင်း။

(၃) ပထမတန်း အာဏာရ ရာဇတ်တရားသူကြီးဆီမှာ ၀န်ခံချက်လက်မှတ်ထိုးရမယ် ဆိုတဲ့ အချက်မပါရှိတော့ခြင်း။

(၄) လျှောက်ထားသူအပေါ် စုံးစမ်းစစ်ဆေးမှုပြုရန် မပါရှိတော့ဘဲ ယာယီ/မြဲ ခွဲခြားသတ်မှတ်ခြင်းမရှိတော့လို့ One Stop Service

      ဆောင်ရွက်နိုင်ခြင်း။

(၅) နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စတွေကို ကာကွယ်မှု ပေးထားခြင်း။

(၆) ရဲက ရှာဖွေခြင်း၊ သိမ်းဆည်းခြင်းဆိုတဲ့ ကိစ္စရပ်တွေ မပါဝင်တော့ခြင်း။

(၇) ပြည်ပမှထုတ်ဝေစာများတင်သွင်းခြင်း၊ ပြည်တွင်းမှ ထုတ်ဝေစာတွေကို တင်ပို့ခြင်းကို တည်ဆဲဥပဒေဖြင့် ဆောင်ရွက်နိုင်ခြင်း။

အဲဒီလို အချက်တွေကို ကြည့်မယ်ဆိုရင် အမျိုးသားအကျိုးစီးပွားအတွက် တကယ်ကို သိသာထင်ရှားစွာ ရှေ့ရှု ဦးတည် ရေးသား

ထားတဲ့ ဥပဒေကြမ်း တစ်ခုလို့ မြင်မိပါတယ်။ ဒီအချက်အလက်တွေကို အသေအချာ မဖတ်ပဲ ဘာကြောင့် ဇွတ်အတင်း ကန့်ကွက်

နေတာလဲလို့ ပြန်စဉ်းစား သုံးသပ်မိပါတယ်။ နောက်တစ်ချက်က ဒီဥပဒေကို ရေးဆွဲရာမှာ ပုံနှိပ်လုပ်ငန်းရှင်အသင်း၊ ထုတ်ဝေသူများ

အသင်း စတဲ့ အသင်းအဖွဲ့အသီးသီးက ဥက္ကဋ္ဌတွေ အသင်းသူ အသင်းသားတွေနဲ့ တိုင်ပင်ပြီးမှ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ

အကြံပေးမှုတွေကို ရယူပြီး ရေးဆွဲထားတယ်လို့ သိရပါတယ်။

တကယ်တမ်း ဥပဒေခေါင်းစဉ်နဲ့ လိုက်လျောညီထွေတဲ့ နယ်ပယ်က ပုဂ္ဂိုလ်များ တိုင်ပင်ညှိနှိုင်းပြီးမှ ပြည်သူတွေအတွက် အဓိက

ဦးတည်စဉ်းစားပေါ်ထွက်လာတဲ့ ဒီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟာ ကျွန်တော်တို့ ပြည်သူတွေအတွက်

အမှန်တကယ် လိုအပ်နေတဲ့ အကာအကွယ်ဥပဒေတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါကို အတင်းကြီး မျက်လုံးစုံမှိတ်ကန့်ကွက်နေတဲ့ ELEVEN ရဲ့ ဦးတည်ချက်က ဘာလဲ။ ၁၉၆၂ ဥပဒေကိုပဲ ဆက်လက်ကျင့်သုံး

စေလိုတာလား။ အခုဥပဒေက ၁၉၆၂ ဥပဒေထက် နိမ့်ကျနေလို့လား။ ဒါမှမဟုတ် မီဒီယာနဲ့ ဆက်နွယ်တဲ့ သတ်မှတ်ချက်၊ ပြဋ္ဌာန်း

ချက် အားလုံး ELEVEN လုပ်မှ မျှတမယ် တရားမယ်လို့ ဆိုချင်တာလား။ မြန်မာနိုင်ငံမှာ ELEVEN သာလျှင် မီဒီယာ လုပ်ငန်း

အားလုံးရဲ့ ဧကရာစ် ဘုရင်တဆူ ဖြစ်ချင်လို့ ဒီလို အကွက်ထွင် ဂွင်ဆင်နေတာလား ဆိုတဲ့ မေးခွန်းပေါင်း များစွာ ခေါင်းထဲကို

တစ်သီတစ်တန်းကြီးဝင်လာပါတယ်။ ပြည်သူ့မျက်နှာနဲ့ ပြည်သူ့ အကျိုးစီးပွားကို ကြည့်ကြပါဗျာ။ ပြည်သူကို ခုတုံးလုပ်ပြီး

ကိုယ်ကျိုးစီးပွားကို ဇွတ်ကျုံးသွင်းပြီး မတည်ဆောက် မထူထောင်ကြပါနဲ့။ ဒီအချက်လေးတွေကိုတော့ ELEVEN သတိမူမိစေချင်

ပါတယ်။


www.MyanmarExpress.net
 

စစ်တပ်မီဒီယာ နှင့် သောင်းကျန်းသူ အားပေးမီဒီယာတို့ ထိပ်တိုက်တွေ့

From : ope
(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓ မ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းအား ပြည်တွင်း ပြည်ပ မီဒီယာများမှ ဖော်ပြခြင်း မရှိသည့် အတွက် မြ၀တီ မီဒီယာမှ အဆိုပါ မီဒီယာများသို့ ပေးစာ တစ်စောင် ပေးပို့ခဲ့ကြောင်း မြ၀တီ ၀က်ဆိုဒ်တွင် ဖော်ပြ ထားပါသည်။
သတင်းဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ နယ် မြစ်ဆုံ၌ ရိုမန် ကတ်သ လစ် အသင်းတော် တန်ဖဲ ဘုန်းတော်ကြီးမှ ဦးစီး၍ မြစ်ဆုံ မယ်တော် ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲတော် သို့ ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသားအင်အား ၁၀၀၀ ခန့် ပါဝင် ဆင်နွဲခဲ့ကြပြီး ည ၈နာရီ အထိ ကျင်းပ ခဲ့ကြောင်း သိရှိရ ပါသည်။
အဆိုပါပွဲကျင်းပရာ မြစ်ဆုံဈေးတန်းသို့ ဖေဖော်ဝါရီလ ၁၂ရက်၊နံနက် ၄ နာရီခန့် တွင် ကေအိုင်အေ တပ် ရင်း (၄)မှ အင်အား ၂၅ ဦးခန့် ရောက်ရှိလာပြီး ရွာသူရွာသားများ အား အဓမ္မလူသစ်အဖြစ် ဖမ်းဆီးခေါ်ေ ဆာင် သွားကြောင်း တန်ဖဲကျေးရွာနေ ဒေါ်ဂျာဆိုင်မှ အောင်မြင်သာတွင် အခြေပြုသည့် တပ်မတော် စခန်း တစ်ခုသို့ လာရောက်သတင်းပို့ခဲ့ပါ သည်။
စခန်းမှ တာဝန်ရှိသူများက သွားရောက် စိစစ်စေခဲ့ရာ ကျား ၁၄ ဦး၊ မ ၂ ဦး တို့အား ကေအိုင်အေ အဖွဲ့မှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ ဖမ်းဆီး ခေါ်ဆောင်ခံရသူများမှာ-
(က) မောင်ရဲမင်း၊ ၂၅ နှစ်၊(ဘ)စုံစမ်းဆဲ၊ ဗမာ/ ဗုဒ္ဓ၊ ကျဘမ်း၊ မြစ်ဆုံဈေးတန်း               
( ခ)  ကိုဖြိုးခေါ် ပြည့်ဖြိုးထွန်း၊ ၂၄ နှစ်၊ ဘ ဦးအောင်မျိုးမြင့်၊ ကချင်/ ခရစ်ယာန် ကျဘမ်း၊ မြစ်ဆုံဈေးတန်း ။( ဂ)  မောင်လနူး၊ ၂၃ နှစ်၊ (ဘ) ဦးခင်မောင်လှ၊ ကချင်/ ခရစ်ယာန်၊ ကျဘမ်း၊ မြစ်ဆုံဈေးတန်း
(ဃ) မောင်လဖိုင်တန်ဂွန်း ၊ ၂၁နှစ်၊ (ဘ) ဦးလဖိုင်နော်၊ ကချင်/ ခရစ်ယာန်၊ သုံးဘီးမောင်း ၊ ကျိန်ခရန်ရွာ။
(င) မောင်ဇိန်ထုံးလဒွဲ ၊ ၁၈ နှစ်၊(ဘ)ဦးဇိန်ထုံး ဘောက်နော်၊ကချင်/ခရစ်ယာန်၊  ကျောင်းသား၊ အောင်မြင်သာေ ကျးရွာ ။
( စ)  မောင်တိုးကြီး၊ ၂၆ နှစ်၊(ဘ)စုံစမ်းဆဲ၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ မြစ်ဆုံဈေးတန်း။
(ဆ) မောင်သီဟနိုင်ခေါ်မျိုးကို၊၂၁နှစ်၊(ဘ)ဦးမြင့်နိုင်၊ဗမာ/ဗုဒ္ဓ၊ မြစ်ဆုံဈေးတန်း။
( ဇ)  မောင်တင်အောင်ဆန်း ၊ ၂၄ နှစ်၊ (ဘ) ဦးတင်ညွန့် ၊ ဗမာ/ ခရစ်ယာန်၊ ဒူးကထောင်ရပ်ကွက်
( ဈ) မောင်မျိုးအောင် ၊ ၂၃ နှစ်၊ (ဘ) စုံစမ်းဆဲ၊ မြစ်ဆုံဈေးတန်း ။
(ည) မောင်စိုးရာဇာ ၊ ၃၂ နှစ်၊ (ဘ) စုံစမ်းဆဲ၊ မြစ်ဆုံဈေးတန်း။
( ဋ)  မောင်စိုးဝင်း ၊၂၂ နှစ်၊ (ဘ) စုံစမ်းဆဲ၊ ညောင်ပင်သာရွာ၊ အင်းတော် မြို့နယ် ။
( ဌ)  မောင်သိန်းထိုက်ဦးခေါ်ဇော်ဦး ၊ ၂၁ နှစ်၊(ဘ)စုံစမ်းဆဲ၊ အင်းတော်မြို့နယ်။
( ဍ)  မောင်မျိုးလင်းဦး၊ ၁၉ နှစ်၊(ဘ) စုံစမ်းဆဲ၊ ရှမ်း/ ဗုဒ္ဓ၊ မော်ဖောင်း ကျေးရွာ၊ အမျိုးသား တစ်ဦး စိစစ်ဆဲ ။( ဎ)  မဆိုင်းပန်၊ ၁၆ နှစ်၊(ဘ) ဦးအင်ခရမ် တန်ဂွန်း၊ ကချင်/ ခရစ်ယာန်၊ မူကြို ဆရာမ၊ ကျိန်ခရန်ရွာ။
(ဏ) မလုပန် ၊ ၁၄ နှစ်၊(ဘ) ဦးနော်ဂျာ၊ ကချင်/ ခရစ်ယာန်၊ ၇တန်းကျောင်းသူ၊ ကျိန်ခရန်ရွာတို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။
အထက်ပါ ဖမ်းဆီ်းခေါ်ဆောင်မှု သတင်းအား သက်ဆိုင်ရာမှ နိုင်ငံတော် အကြီးအကဲများထံ အသိပေး တင်ပြထားကြောင်း သိရပါသည်။ အဆိုပါသတင်းအား အစိုးရနှင့် အဖွဲ့အစည်းများမှ ဆောင်ရွက်လျှက် ရှိသော ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များအပေါ် ထိခိုက်မှု မရှိစေရန်၊ ဖမ်းဆီးခံရသူများ အန္တရာယ် ကင်းရှင်းစွာ ပြန်လည် လွတ်မြောက်လာနိုင်စေရန်နှင့် နောင်တွင် အလားတူ အဓမ္မ လူသစ် ဖမ်းဆီးမှု များ  ပပျောက်စေရန်တို့ အတွက် စုံစမ်းဖော်ပြ ပေးနိုင်ပါရန် သတင်းမီဒီယာ ကောင်စီသို့ လိပ်မူ၍ သတင်းဓာတ်ပုံနှင့် အချက်အလက်များအား အာက်ပါ မီဒီယာများသို့ လည်း ပေးပို့ ထားပြီး ဖြစ်ပါသည်။
Eleven Media Group ( info@firsteleven.com)
The Voice Weekly ဂျာနယ် ( editor@thevoiceweekly.net \ thevoice webteam @gmail.com)
7 Day News ဂျာနယ်( editor@7daynewsjournal.com)
               Hot News Weekly ဂျာနယ်( hotnewsjournal@gmail.com)
               The Express Times ဂျာနယ်( expresstimesmm@gmail.com)
               Yangon Media Group( yangonmediagroup2012@gmail.com)
               Popular News ဂျာနယ်( popularnews@popularmyanmar.com)
               မြန်မာတိုင်း(မ်) ဂျာနယ်( newsroom@myanmartimes.com.mm)
               The Messenger ဂျာနယ်( messengernewsjournal@gmail.com)
               The Myanmar Independent News ဂျာနယ်( info@myanmarij.com)
               ပြည်သူ့ခေတ် ဂျာနယ်( peoplesage2010@gmail.com)
               Venus News ဂျာနယ်( thevenusnewsjournal@gmail.com)
               DVB သတင်းဌာန ( dvbburma@online.no)
               ဧရာဝတီ သတင်းဌာန( editor@irrawaddy.org)
               ဘီဘီစီ သတင်းဌာန( bbcburmese@gmail.com)
               Mizzima သတင်းဌာန( mizzima@mizzima.com)
               RFA သတင်းဌာန( burweb@rfa.org)
               VOA သတင်းဌာန( burmese@voanews.com)
               ရွှေမြစ်မခ media group( admin@myitmakha.com)
ပွဲတော် ကျင်းပစဉ် လာရောက်သူများ
ဖမ်းဆီးခံရပြီးနောက် ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူတစ်ဦး
 
 
 www.MyanmarExpress.net
 

သတင်းလိမ်မှုကြောင့် ဧရာဝတီ ဘလော့ဂ်အား ဥပဒေအရ အရေးယူမည်

From : popular

ဧရာဝတီ ဘလော့ဂ်တွင်ဖော်ပြထားသော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ( NCUB )အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်အား အဖွဲ့မှ ထုတ်ပယ်သည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ဦးမောင်မောင်က ယနေ့ပြောသည်။

အဆိုပါသတင်းတွင် ဦးမောင်မောင်အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းက လက်မှတ်ရေးထိုး ထားခြင်းနှင့် ပတ်သတ်၍ ဦးမြင့်သိဏ်းလည်း ၄င်းတို့မထုတ်ပြန်ကြောင်း ၊ ကြေညာချက် ပါ ငွေကြေးနှင့် ပတ်သတ်သည့် ကိစ္စများမှာလည်း မှားယွင်းနေကြောင်း အင်တာနက်မှ တဆင့်ပြောကြားခဲ့သည်။

ထိုကြောင့် သတင်းဖော်ပြသော ဧရာဝတီဘလော့ဂ်ကို ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးမောင်မောင်က ပြောသည်။


 www.MyanmarExpress.net
 

လိမ်ညာအပုပ်ချ သတင်းလွှင့်သော Eleven အား DDos ဖြင့် တိုက်မည်

ကိုယ်ကျင့်သိက္ခာမရှိ လိမ်ညာအပုပ်ချ သတင်းလွှင့်သော Eleven Media အား DDos ဖြင့် တိုက်မည်ဖြစ်ကြောင်း Myanmar Media Watch မှ Hacker တစ်ဦး မှ ကြေညာလိုက်လိုက်ပါတယ်။

 " မနက်ဖြန် မြန်မာစံတော်ချိန် မနက် ၇ နာရီ ကနေ ည ၁၀ နာရီထိ တိုက်မှာပါ... တဖက်နဲ့တဖက် ပြေလည်အောင် အပြုသဘောဆောင်ရေးရမယ့်အစား ရန်တိုက်နေတာတွေကြောင့်ပါ.. စတုတ္ထမဏ္ဍိုင် က အစိုးရနဲ့ အခြား မဏ္ဍိုင် တွေကို ထိန်းကျောင်းတယ်လို့ သူတို့ပြောနေပေမယ့် စတုတ္ထမဏ္ဍိုင် ကို ထိန်းကျောင်းမယ့်သူ မရှိတာကြောင့် ကျွန်တော်တို့ Myanmar Media Watch က နည်းပညာရှင်တွေက ထိန်းကျောင်းပေးတဲ့သဘောပါ.. တခြားကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဘာမှမရှိပါဘူး.." လို့ဆိုပါတယ်။

 Eleven Media ၏ သိက္ခမရှိမှုကို လေ့လာစောင့်ကြည့်သူ ဒေါက်တာဆိပ်ဖွား မှ အောက်တန်းစား မီဒီယာ ဖြစ်ကြောင်း အောက်ပါအတိုင်း ဝေဖန်ထားပါတယ်။


ELEVEN မီဒီယာရဲ့ ကချင်ဒေသမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းပါ ၊ KIA က တံတားချိုး ၊ လူနေရပ်ကွက်ထဲမိုင်းခွဲ ၊ ရထားလမ်းမိုင်းထောင် သတင်းတွေရေးရင်တော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်တို့ ၊ ဒီသတင်းနဲ့ပတ်သက်ပြီး KIA ကိုအတည်ပြုမေးမြန်းသော်လည်း ယခုထိဆက်သွယ်လို့မရသေးတို့ ၊ မြန်မာအစိုးရကစွပ်စွဲထားပါတယ်တို့ ဆိုတဲ့အသုံးအနှုံးတွေရေးပြီးတော့ ၊ ခု လိုင်ဇာလဲ ဗုံးကျရော............

 "  ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ " ဆိုပါလား ....

တပ်မတော်ရဲ့ ဘယ်စခန်းက ၊ လိုင်ဇာရဲ့ ဘယ်နေရာကို ၊ ဘာလက်နက်အမျိုးအစားနဲ့ ၊ ဘယ်အချိန် ၊ ဘယ်နှစ်ချက်ပစ် ၊ ဘယ်နှစ်လုံးကွဲ .....ဟား..ဟ နတ်တွေများ မင်းတို့ သတင်းဌာနမှာ သတင်းထောက်ခန့်ထားလားကွာ.... KIA ကပြဿနာကြီးအောင် တရုတ်ပြည်ထဲပစ်ထည့်တာတို့ ၊ လူနေရပ်ကွက်တွေဘက်ကို ပြန်ပစ်တာတို့ ရော မဖြစ်နိုင်ဘူးလား ......





သူ့ပထွေး လူစီးရထားကိုမိုင်းခွဲတဲ့သတင်းကျတော့ ဟိုလိုလို ဒီလိုလိုနဲ့  ဘယ်သူခွဲတယ်ဆိုတာမပါဘဲ ရေးထားတယ် ၊ ဘာစစ်ရေးအမြင်မှမရှိတဲ့ အောက်တန်းစား သတင်းမီဒီယာတွေမင်းမူနေသ၍ ဒီတိုင်းပြည်ကြီးပွားစရာအကြောင်းမမြင်ပါ ။ " ဟူ၍ဖြစ်သည်။
 
ယနေ့ မြန်မာဂျာနယ်များနှင့် အင်တာနက်စာမျက်နှာများတွင် ရထားလမ်း မိုင်းပေါက်ခြင်း သတင်းများ၌  မည်သူ မည်ဝါ မိုင်းထောင်ခွဲသည်ကို သဲသဲကွဲကွဲ တိတိကျကျ ဖော်ပြလေ့ မရှိသော်လည်း အမြောက်ဆန် ကျသည်ဆိုသောအခါတွင် တပ်မတော်မှ ပစ်ခြင်းဖြစ်ကြောင်း ဂျာနယ်ကြီးများတွင်း တိတိကျကျ မေးမြန်းစုံစမ်း အတည်ပြုချက်ရယူခြင်းမရှိပဲ ရေးသားလေ့ရှိကြပါတယ်။

Eleven Media Group စာမျက်နှာအား DDos ဖြင့် တိုက်ခိုက်ရန် လင့်မှာ http://ddosfor11.blogspot.com/ ဖြစ်ပြီး Eleven Media Group အား အကျေနပ်သူများသောကြောင့် လူအများအပြား ပါဝင်လာနိုင်ပြီး အချိန်တိုအတွင် Server Down သွားနိုင်ကြောင်း အဆိုပါ ပညာရှင်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

(မှတ်ချက်။  ။ မနက် ၇ နာရီ မတိုင်ခင် http://ddosfor11.blogspot.com/ လင့်အား အမြန်ဖြန့်ပြီး ၇ နာရီထိုးသည်နှင့် Browser များများ ဖွင့်ထားကြပါရန်...)

 www.MyanmarExpress.net
 

လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့သည့် ညှို့မဂ္ဂဇင်းထုတ်ဝေခွင့်ကို ရုတ်သိမ်းခဲ့ပြီး ဂျာနယ်၆စောင်ကို ခေါ်ယူသတိပေး

From :eleven


ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ လိင်ပညာပေးမဂ္ဂဇင်းအဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်အား ပြန်လည်ရုတ်သိမ်းရန် ဇန်န၀ါရီ၉ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်တွင် ဇန်န၀ါရီလ ၉ရက်နေ့က ဖော်ပြချက်အရ သိရသည်။
အဆိုပါမဂ္ဂဇင်းသည် မူလလျောက်ထားစဉ်က ဖက်ရှင်ဦးစားပေးအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ဖြန့်ချီထုတ်ဝေသောအခါ လိင်ပညာပေးအဖြစ် ထုတ်ဝေလာသည့်အပြင် ဓါတ်ပုံနှင့် အရေးအ သားများမှာလည်း လိင်ကိစ္စကို အသားပေးဖော်ပြပြီး စိတ်ကိုနှိုးဆွရာရောက်စေသည့် ဖော်ပြချက်များဖြင့် ဖြန့်ချီ ထုတ်ဝေခဲ့သည့်အတွက် ပုံနှိပ်သူများ၊ထုတ်ဝေသူများ၊မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့မှ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်ကို ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းမဂ္ဂဇင်းအပြင် မူလလျောက်ထားစဉ်က ခွင့်ပြုချက်နှင့် မသက်ဆိုင်သော အခြားသတင်းများကို ထည့်သွင်းဖော်ပြ ထုတ်ဝေနေသည့် ကြော်ငြာကမ္ဘာ ဂျာနယ်၊ မြနန္ဒာ ဂျာနယ်၊သွေးသစ် ဂျာနယ်၊ Media One ဂျာနယ်၊ The Farmer ဂျာနယ်၊ High Speed Car ဂျာနယ်များမှာလည်း ခေါ်ယူသတိပေးခြင်း ခံခဲ့ရပြီး တစ်လအတွင်း မူလဘာသာရပ် လမ်းကြောင်းအမှန်အတိုင်း ထုတ်ဝေသွားရန့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဖက်ရှင်ဦးစားပေးအဖြစ် လျောက်ထားခဲ့သော ညှို့မဂ္ဂဇင်းသည် မူလလျောက်ထားသည့် အကြောင်းအရာနှင့် ရာနှုန်းပြည့် ကွဲလွဲ၍ လိင်ပညာပေးမဂ္ဂဇင်းအဖြစ် ထွက်ရှိလာသော ယင်းမဂ္ဂဇင်းအား တည်ဆဲဥပဒေပုဒ်မ(၁၀) အရ ထုတ်ဝေခွင့် မှတ်ပုံတင်သက်သေခံလက်မှတ်ကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာ၂၇ ရက်နေ့တွင် ဖြန့်ချီခဲ့သော ယင်းညှို့မဂ္ဂဇင်း ထွက်ရှိလာခဲ့ပြီးနောက် စာပေလောကသားများနှင့် ပြည်သူလူထုအကြား ဝေဖန်မှုများ ရှိခဲ့သည်ဟုလည်း သိရသည်။

 www.MyanmarExpress.net
 

Eleven နဲ့  သန်းထွဋ်အောင်ဟာ CIA ဖြစ်နိုင် ဟု ဆို


Eleven Media နဲ့  သန်းထွဋ်အောင်ဟာ CIA ဖြစ်နိုင်တယ်လို့ Google မှ CIA အကြောင်းကို ကိုးကားပြီး ဦးခင်မောင်ညိုက ပြောကြားလိုက်ပါတယ်။ ဒေါက်တာသန်းထွဋ်အောင် နဲ့ Eleven မီဒီယာဟာ တရုတ်မြန်မာ မသင့်မြတ်ရေးတွင် အထူးတက်တက်ကြွကြွ လုပ်ဆောင်လျှက်ရှိကြောင်း၊ အမေရိကန် သံရုံးနှင့် အဆက်အသွယ်ကောင်းပြီး အမေရိကန်၏ အရှေ့အလည်ပိုင်းစိုးမိုးရေး စီမံချက်များအတွက် သူလျှိုဖြစ်နိုင်ကြောင်း အခုလို သုံးသပ်ထားပါတယ်။

"Eleven ရဲ့ ရပ်တည်မှုက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ... တရုတ်လုပ်ငန်းတွေ အကုန်လုံး မြန်မာနိုင်ငံ ထွက်သွားအောင် လုပ်နေတာဗျ... မယုံရင် ဖမ်းပြီး စစ်ကြည့်ပါလား.... မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနဲ့ကို ဆက်သွယ်မှုပျက်စေချင်နေတယ်... ဒါ အမေရိကန်ရဲ့ ရည်ရွယ်ချက်ထဲမှာ တစ်ခုအပါအဝင်ပဲလေ... သန်းထွဋ်အောင်က အဲဒီကို ဦးတည်နေတယ်... အမေရိကန်သံရုံးနဲ့လည်း အဆက်သွယ်ရှိတယ်..." လို့ ဆိုပါတယ်။

တရုတ်ဆန့်ကျင်ရေးဝါဒ ဖြန့်မှုများနှင့် ပတ်သတ်ပြီး

"ခင်ဗျားတို့ သတိထားမိလား မသိဘူး.... မြစ်ဆုံအရေးကို အကြောင်းပြုပြီး တရုတ်ဆန့် ကျင်ရေး သဘောတရားတွေ ပြည်သူတွေအကြားမှာ ရိုက်သွင်းလာခဲ့တာ Eleven က အဆိုးဆုံးဗျ...  လက်ပံတောင်းအရေးမှာ ဘာမှ ခြေခြေမြစ်မြစ် မသိသေးဘဲ၊ အထောက်အထားမရှိသေးဘဲ ဓါတုလက်နက် ဆိုပြီး ရမ်းပြောမှန်းပြော ဓါတုခင်မောင်ညိုကို အလီဘိုင်ပြပြီး ဆော်တယ်... ပြည်သူတွေအကြား သံဃာတွေအကြား ပွက်လောရိုက်သွားတယ်ဗျ.... အခု နေးရှင်းမှာ English လိုပါ ထပ်ဖြန့်လိုက်တော့ ဇာတ်လမ်းက ရှင်းနေတယ်... ဒီတစ်ပါတ် ဂျာနယ်မှာလည်း ကျောက်ဖြူပိုက်လိုင်းကြောင့် မြန်မာနိုင်ငံ (၂)ခြမ်း ကွဲသွားမယ် ဆိုပြီး Eleven CEO ကြီးက ပြောတာ တွေ့ရတယ်.... ပိုက်လိုင်းကိုပါ ဆက်ပြီး လှုံ့ဆော်လိုက်တာပဲ... ဒီတော့ Eleven က ဘယ်ကိုသွားနေတာလဲ.... နောက်ကွယ် ကရော ရှင်းပါရဲ့ လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီဗျ...
 
 ကားတွေ တင်သွင်းလာတာ၊ အခုနောက်ပိုင်း ငွေကြေး ရုတ်ချည်းတောင့်တင်းလာတာ ဒါတွေကို ကြည့်ရင် Eleven နောက်မှာ CIA ရှိနေသလား စဉ်းစားစရာ ဖြစ်လာနေပြီ.... တရုတ် လုပ်ငန်းတွေ အကုန်ရပ်သွားအောင် Eleven ကတစ်ဆင့် လှုံ့ ဆော်နေတာလား... ဒါကို မြန်မာအစိုးရဘက်က သေချာစစ်ဆေးဖို့ လိုလာပြီလို့ ကျွန်တော်ထင်တယ် " 
 
လို့ ထောက်ပြထားပါတယ်။

ဒါအပြင် လက်ပံတောင်းတောင် ပြဿနာမှာ Eleven ရဲ့ မီဒီယာ သိက္ခာကျင့်ဝတ်နှင့် မညီစွာဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားမှုနှင့် ပတ်သက်၍ အခုလို ဆက်ပြောပါတယ်..

"Eleven က မြန်မာလိုတင်မကဘူး English လိုပါ ဓါတုလက်နက်သုံးပြီး နှိမ်နင်းတယ်ဆိုတဲ့ သတင်းကို ထိုင်းနိုင်ငံ နေးရှင်းကနေ တင်တယ်လေ... ကိုယ့်တိုင်းပြည်ကို ရောင်းစားမယ့် မီဒီယာပဲဗျ... အခု နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဘယ်ဌာနကမှ ဓါတုလက်နက်သုံးတယ် လို့  မရေးကြဘူး... ရေးတဲ့ မီဒီယာက တစ်ခုတည်း... အဲဒါက Eleven ပဲလေ.... စိတ်ခံစားမှုတွေ အရင်းခံပြီး ပြည်သူတွေကို အဆိပ်အတောက်တွေ ကျွေးနေတဲ့ Eleven ကတော့ တိုင်းပြည်အတွက် ကြီးမားတဲ့ အန္တရာယ်ပဲဗျ...

Chemical Weapon ဆိုတာ ဘာလဲဆိုတာ... Eleven က သတင်းထောက်တွေ သိရော သိကြမယ်မထင်ဘူးလေ... ကမ္ဘာမှာသတ်မှတ်ထားတာ CW ဆိုတာ WMD တစ်မျိုးပဲရှိတယ်ဗျ.... အဲဒီ WMD ဆိုတဲ့ သက်ရောက်မှုက အီရတ်ကိုတောင် အမေရိကန်တပ်တွေ ၀င်ရောက်စီးနင်းတိုက်ခိုက်သွားတဲ့အထိဖြစ်ခဲ့ဖူးတယ်.... အီရတ်ကို တိုက်ချင်လို့ တိုက်တာ ဖြစ်ပေမယ့် ပြည်ပက မီဒီယာတွေက အီရတ် ၀င်တဲ့အခါ အကြောင်းပြလို့ ကောင်းအောင် ဆက်ဒမ်မှာ ဓါတုလက်နက်တွေရှိတယ် ဘာညာနဲ့  သတင်းဖြန့်ပြီးမှာ ချတာ ဖြစ်တယ်လေ.... ဒီတော့ Eleven က ဓါတုလက်နက်ဆိုတဲ့ စကားလုံးနဲ့ နိုင်ငံတကာ သိအောင် ဖွပေးတာက စီအိုင်အေရဲ့ နှပ်ကြောင်းလားဆိုတာ သံသယ ဖြစ်စရာရှိတယ်..." လို့ ဆိုပါတယ်။


Eleven Media ဟာ စောင်ရေတွက်ကာ ငွေအမြတ်ရရှိရေးအတွက် မတိကျမသေချာသောသတင်းများအား လုပ်ကြုံရေးသားမှုဖြင့် နာမည်ပျက်လျှက်ရှိပြီး Eleven Media အကြောင်း ဖွင့်ချချက်များကို http://www.myanmarexpress.net/search/label/%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%80%B7%20Eleven%20Media တွင် ဖတ်ရှုနိုင်ပါတယ်။
  www.MyanmarExpress.net
 

သတင်းသမားတွေ အတင်းအဖျင်းတွေကြောင့် ရှင်းလင်းမနေကြပါနဲ့

From : ပလေတိုဒီမို

အခု ဖွဘုတ်မှာ မြင်နေရတဲ့ ပွဲက မကောင်းတော့ဘူး။ သတင်းလောကသား ဖြစ်တဲ့အတွက် ရှင်းလင်းကြတာ ကောင်းပါတယ်။ ဒါပေမယ့် အခုဖြစ်နေကြတာက ဦးသိန်းစိန်ကို ထိုင်ကန်တော့လို့ ဒီမိုအုပ်စုက ၀ိုင်းပြော-မခံနိုင်ဖြစ်၊ သတင်းသမားဆိုတာ ကြားနေရတယ် ဘယ်ဘက်မှ မပါဘူး ဆိုတာကို အခိုင်အမာ ပြစေချင်တာနဲ့ ဟိုလူကြီးက စပြီးလုပ်တာ ဘာညာ ဘာညာ
။

အခုကိစ္စမှာ ဝေဖန်ကြတဲ့ သူတွေ အထူးသဖြင့် ခွန်ဒီးယမ်း၊ ဒီမိုဖက်တီးတို့ရဲ့ အုပ်စုကို မေးချင်တယ်။

ကဲဗျာ-
ဦးသိန်းစိန်ကို ထိုင်ကန်တော့ လို့ရော ဘာဖြစ်သလဲ။
အသက်အရွယ်အရရော- နိုင်ငံ့အကြီးအကဲ အနေနဲ့ပါ ဗုဒဘာသာ ဓလေ့ ထုံးစံ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ သင့်တော်ပါတယ်။ ဒါကို ခင်ဗျားတို့ ၀ိုင်းပြီး ရှုတ်ချနေစရာ မလိုပါဘူး။ ကြီးသူကို ရိုသေတာ၊ ဂါရ၀ပြုတာ မြန်မာ့ ယဉ်ကျေးမှု မဟုတ်ဘူးလား။

ကဲဗျာ-
ဒေါ်စုကို အိုဘားမားက မီဒီယာတွေကြားမှာ စားအောင် ဖက်ရက်ပြီး နမ်းတာကို ဘာပြောသလဲ။ အနောက်တိုင်း ယဉ်ကျေးမှု (မြန်မာ့ယဉ်ကျေးမှု မဟုတ်ဘူးနော်) ကျွန်တော်တို့ အားလုံး နားလည်တယ်။ ဘယ်သူမှ အပြစ် မပြောဘူး။

ကဲဗျာ-
သတင်းသမားတွေ စိတ်ထဲက ပါလို့ပဲဖြစ်ဖြစ် မပါဘဲ ဖြစ်ဖြစ် ထိုင်ကန်တော့တာ ဘာဖြစ်သလဲ။ ပြောရရင် အဲဒါ မြန်မာ့ယဉ်ကျေးမှု အစစ်၊ ဘာလက်ဆောင်မှ မပါဘူး။ ဘာပကာသနမှ မပါဘူး။ ဘာဟန်ဆောင်မှုမှ မပါဘူး။

ဒီအခိုက်အတန့်မှာကိုယ့်နိုင်ငံရဲ့ အကြီးအကဲ ကိုယ့်ထက်အသက်အရွယ် ကြီးတဲ့သူ ဆိုတဲ့သဘောနဲ့ ကန်တော့ကြတာပဲ ရှိမယ်။ ဒါကို တစ်ဆိတ်တစ်အိတ်လုပ်ပြီး ဝေဖန်နေကြတာတော့ မကောင်းပါဘူး။

ခင်ဗျားတို့ အလုပ်မရှိ အတင်းတုပ်နေကြတာကြောင့် ဒေါ်စုလည်း အလကား နာမည်ပျက်ရတယ်။ ခင်ဗျားတို့ ရေးတာတွေကို မကျေနပ်လို့ အွန်လိုင်းမှာ ခင်ဗျားတို့ကို ဒဲ့ဖိုက်တာတွေ ဖြစ်လာပြီး တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်တာတွေ ဖြစ်လာနေတာ။

အဲဒီတော့ မေဇင်အေး ဆိုတဲ့ ဖက်တီးမ၊ ခွန်ဒီးယမ်းဆိုတဲ့ ကချင်မ အကုန်လုံး ကို ပြောချင်တာ တစ်ခုပဲ။ အိုဘားမားက ဟိုဒင်း ဟိုဟာလုပ်ရင်လည်း ယဉ်ကျေးမှုအရလို့ ပြောကြဦးမှာလား။

အလကား အလုပ်ပျက်တယ်။ ဒေါသထွက်ရတယ်။ လူဝသလောက် ဦးနှောက်က ဖြုတ်လောက်ပဲ ရှိတဲ့ ဟာတွေ။


  Myanmar Express 

ခွေးစိတ်ဝင်နေတဲ့ ဘင်္ဂလီကုလားများနှင့် အပေါင်းအပါများ

From :Black Angle


ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်း တောင်တန်းပေါ်မှာ ဘင်္ဂလီလူမျိုးတွေဟာ ဒေသခံ သက်၊ မရမာ စတဲ့ လူမျိုးတွေရဲ့ အိမ်တွေ ဘုန်းကြီးကျောင်းတွေကို လုယူခဲ့ကြတယ်။ အခုထိလည်း လုယူနေတုန်းပဲ။ မရရင် မီးရှို့ပြီးတော့ ပြည်သူတွေ မနေနိုင်အောင် လုပ်တယ်။ ပြီးခဲ့တဲ့ ဧပြီလ ကပဲ ဘုန်းကြီးကျောင်းနဲ့အိမ်ပေါင်း ၂၀၀ ကျော်ကို မီးရှို့လို့ ဒေသခံတွေ ခွေးပြေးဝက်ပြေး ပြေးကြရတယ်။ ဘင်္ဂလ
ားဒေ့ရှ်မှာ ဒီမိုကရေစီရနေပေမဲ့ စစ်တကောင်းတောင်တန်းနယ်ကို ဘင်္ဂလီစစ်တပ်အောက်မှာ ထားပြီး တိုင်းဦးသားဒေသခံတွေကို မနေနိုင်အောင် လုပ်ပြီး ခြံမြေတွေကို လုနေကြတယ်။ မကြာခင် လပိုင်းတုန်းကပဲ အင်တာနတ်ပေါ်မှာ ဘင်္ဂလီတစ်ဦးက မိသားစု သုံးဦးကို သတ်ပြစ်တဲ့ ကြောက်လန့်ဖွယ် ပုံတွေကို တွေ့လိုက်ရတယ်။ ဒေသခံအမျိုးသမီးငယ်တစ်ဦးကို အဲဒီဘင်္ဂလီက မုဒိမ်းကျင့်ဖို့ ကြိုးစားရင်း ကောင်မလေးက အော်တော့ ကောင်မလေးရော၊ သူ့ကို ကူညီဖို့ ပြေးလာကြတဲ့ အဖေနဲ့ ဆွေမျိုးတစ်ဦးကိုပါ သတ်ပစ်တယ်။

ဒီလိုမျိုးဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ မဖြစ်ဘူးလို့ မထင်လိုက်ပါနဲ့။ မောင်းတော၊ ဘူးသီးတောင်နယ်တွေမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေက ရှက်တတ်လို့ အမှုမတိုင်တာတို့၊ ပြည်ပသတင်းဌာနတွေဆီကို မရောက်တာတို့၊ ရခိုင်သတင်းဌာနဖြစ်တဲ့ နိရဉ္စရာက ဖော်ပြရင်တောင်မှ BBCတို့ တခြား သတင်းဌာနတွေက မဖော်ပြလို့ လူတွေ မသိကြပါဘူး။

ဘင်္ဂလီသတင်းတွေကျတော့ အပ်ကျတာက အစ ဖော်ပြပါတယ်။ သူတို့ရဲ့ သတင်းတွေကျတော့ ခွဲခြမ်းဆန်းစစ်မှု မပြုပါဘူး။ ဥပမာ ဘင်္ဂလားဒေ့ရှ်ကနေ ဘုတ်တွေနဲ့ တတိယနိုင်ငံကို ထွက်ပြေးကြတဲ့ အကြောင်းကို ကြည့်ပါ။ အဲဒီအထဲမှာ အကုန်လုံးက မြန်မာနိုင်ငံကို ခိုးဝင်လာတဲ့ လူတွေ မဟုတ်ဘူး။ လူမှောင်ခိုပွဲစားတွေက ကြုံရင်ကြုံသလို ထည့်ပေးနေတော့ အဲဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်မှာ မွေး၊ ဘင်္ဂလားဒေ့ရှ်မှာ ကြီးတဲ့ ဘင်္ဂလီတွေ တပုံကြီး။ ပြည်ပသတင်းဌာနတွေကတော့ အကုန်လုံးက ”ရိုဟင်ဂျာ”ဆိုပြီးတော့ ဂဏန်းတွေ ပေါင်းပွပွနဲ့ မောင်းထုပေးကြပါတယ်။ ကောင်းချီးသြဘာပြုကြပါတယ်။

”ရိုဟင်ဂျာ”သုံးရင် အခွင့်အရေးပိုရမယ်ဆိုတာသိတော့ အလွဲသုံးစားလုပ်ကြတယ်။ ဟိုကဒီက ကုလားတွေကပါ ၀င်ပြီး ရိုဟင်ညာ ကြတယ်။ သမိုင်းတွေကို ဇောက်ထိုးမိုးမျှော် ကလိကြတယ်။ ပုံကားချဲ့ကြတယ်။ ကျနော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က အမေရိကန်တရားရေး ဌာနအောက်မှာ ရှိတဲ့ လ၀က တရားရုံးမှာ ရခိုင်နဲ့ ဗမာ ဘာသာပြန်လုပ်ပါတယ်။ ”ရိုဟင်ဂျာ”ဆိုတဲ့ နာမည်ကို သုံးပြီး အမေရိကမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်တဲ့ လူတွေကို အများကြီးတွေ့လာတယ်လို့ ဆိုတယ်။ သူတို့က မြန်မာပြည်ကပါလို့ ပြောပြီး စကားပြန်ရှေ့မှာ ဗမာစကားရော၊ ရခိုင်စကားပါ မပြောတတ်ကြဘူးတဲ့။ အဲဒါနဲ့ အမှုစစ်လို့ကို အဆင်မပြေဘူးတဲ့။ ကောင်းလေရော...

ဒီနေရာမှာ စကားမစပ် ”ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းကို ရှင်းပြရအုံးမယ်။ နဂိုမူလ ”ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတွေ မြန်မာနိုင်ငံက ရခိုင်လူမျိုးကို ခေါ်တဲ့ ဝေါဟာရပါ။ ကျနော်တို့ Chineseတွေကို တရုတ်လို့ ခေါ်သလိုပေါ့။ တရုတ်တွေက သူတို့ကို ကျနော်တို့ တရုတ်လို့ ခေါ်မှန်း မသိကြပါဘူး။ အဲဒီလိုပဲ ရခိုင်တွေကို ဘင်္ဂလားဒေ့ရှ်က လူတွေက ”ရိုဟင်ဂျာ”လို့ခေါ်တာကို သိသူနည်း ပါတယ်။ နယ်စပ်နားက ဘင်္ဂလီစကား ပြောတတ်တဲ့ ရခိုင်တွေရယ်၊ သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ လူတွေရယ်၊ ဘင်္ဂလားဒေ့ရှ်မှာ နေတဲ့ ရခိုင်လူမျိုးတွေ လောက်ပဲ သိကြပါတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဖြစ်ချင်တဲ့ ဘင်္ဂလီတွေက သူတို့ကို သူတို့ ”ရိုဟင်ဂျာ” (သို့) ”ရခိုင်”လို့ နာမည်ပေးခြင်း ဖြစ်ပါတယ်။

အခုတော့ ရခိုင်လူမျိုးတွေဆီက ခိုးသွားတဲ့ ”ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းက အချိန်ကြာလာတော့ သူခိုးလက်ထဲရှိရာကနေ ပိုင်ရှင်လက်ထဲရောက်သွားသလို ဖြစ်သွားပါပြီ။ ဆက်လက်ပြီးတော့ ဘာများ သူတို့ လက်ထဲရောက်အုံးမလဲ ဆိုတာကတော့ မသိသေးပါဘူး။ ပြည်ပအတိုက်အခံ မီဒီယာတွေကတော့ မြန်မာအစိုးရနဲ့ မသင့်မြတ်တဲ့လူဆိုရင် ပြီးရော၊ ရိုဟင်ညာနဲ့ အတူ ညာလျှက်ပဲ ရှိနေကြောင်းပါ ခင်ဗျာ...

စစ်တကောင်းတောင်တန်းနယ်က ရခိုင်မျိုးနွယ်စုနဲ့ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ အိမ်များ မီးရှို့ခံရစဉ်။

စစ်တကောင်းတောင်တန်းနယ်က ရခိုင်မျိုးနွယ်စုနဲ့ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ အိမ်များ မီးရှို့ခံရစဉ်။


စစ်တကောင်းတောင်တန်းနယ်က ရခိုင်မျိုးနွယ်စုနဲ့ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ဘာသာရေးအဆောက်အဦးများ မီးရှို့ခံရစဉ်။
 
 
Myanmar Express 

သတင်းဇစ်မြစ်နှင့် စာနယ်ဇင်းကျင့်ဝတ်

From : မှူးဇော်




ပဏာမအနေဖြင့် သတင်းမီဒီယာများအပေါ် ထားရှိသော မိမိတို့၏ သဘောထားကို ဆက်သွယ်ပြောဆိုခဲ့ဘူးသော မီဒီယာသမားများ ကောင်းစွာ သိရှိထားမည် ဟု ယုံကြည်ပါသည်။ ယခု တင်ပြချက်မှာ စာနယ်ဇင်းသမား အကုန်လုံး၊ ဂျာနယ်အားလုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲလက်တွေ့ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို အခြေပြု၍ အယ်ဒီတာမင်းများ ချင့်ချိန် စဉ်းစားနိုင်ပါရန် စိတ်ရင်းစေတနာကောင်းဖြင့် ရေးသားရခြင်းဖြစ်ကြောင်း အလေးအနက်ထား တင်ပြလိုပါသည်။

ပြီးခဲ့သည့် သီတင်းပါတ်အတွင်းက အပါတ်စဉ်ထုတ် သတင်းဂျာနယ်(၁)စောင် (အကြောင်းကြောင်းကြောင့် အမည်နာမ ဖော်ပြခြင်း မပြုပါ) တွင် သတင်းတစ်ပုဒ် ဖော်ပြပါရှိခဲ့ပါသည်။

အဆိုပါသတင်းတွင်" နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်၊" " နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်" စသည့် စကားရပ်များ ဖော်ပြပါရှိခဲ့ပါသည်။ သတင်း မီဒီယာများနှင့် အဓိက ဆက်သွယ်ဆက်ဆံမှု ပြုနေရသူ တစ်ဦးအနေဖြင့် အဆိုပါ ဖော်ပြချက်နှင့် တိုက်ရိုက် သက်ဆိုင်နေပါသည်။ ယင်းဂျာနယ်သို့လည်း မိမိအနေဖြင့် အဆိုပါ သတင်းဖော်ပြချက်အတိုင်း ပြောကြားခဲ့ဘူးခြင်း မရှိခဲ့ပါ။

အဆိုပါသတင်းပါ ဖော်ပြချက်များမှာ မိမိကိုယ်တိုင်ပြောကြားထားခြင်း မရှိသည့်အတွက် အဆိုပါဂျာနယ်တိုက်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အယ်ဒီတာချုပ်နှင့် ဆက်သွယ်ပြောကြားနိုင်ခြင်း မရှိခဲ့သော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ တာဝန်ယူထားသော တာဝန်ခံအယ်ဒီတာ(၁)ဦးနှင့် အဆက်အသွယ် ရရှိခဲ့ပါသည်။ ယင်းအား မိမိ သိရှိလိုသည်ကို မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ(၁)ဦးမှာ မှန်ကန်ကြောင်း၊ စာနယ်ဇင်းကျင့်ဝတ်အရ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ယင်းနောက် သတင်းရေးသားသူ ကာယကံရှင် သတင်းထောက်နှင့် အဆက်အသွယ် ရရှိခဲ့ရာ ၄င်းမှလည်း ယင်းကဲ့သို့ပင် စာနယ်ဇင်းကျင့်ဝတ်အရ သတင်း Source ကို ထုတ်ဖော်ပြောကြားရန် မဖြစ်နိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

ယင်းနောက်  မိမိတို့ဘက်မှလည်း ဖြစ်နိုင်ဖွယ်ရာ ရှိသော ဇစ်မြစ်များသို့ စုံစမ်းမေးမြန်းခြင်းများ တစ်ချိန်တည်း ပြုလုပ်ခဲ့ပြီး အပြုသဘော စေ့စပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ပြီးသည့် သကာလ ယင်းသတင်းထောက် ဖော်ပြထားသော ဇစ်မြစ်မှာ နိုင်ငံတော်သမ္မတရုံးနှင့် သော်လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် သော်လည်းကောင်း လားလား သက်ဆိုင်ခြင်း မရှိသော ဇစ်မြစ်တစ်ခု ဖြစ်နေကြောင်း တိကျခိုင်မာစွာ သိရှိလိုက်ရပါသည်။ (မိမိထံတွင် ပြောကြားချက် အသံဖိုင် အပြည့်အစုံ ရှိပါသည်။)

ယင်းဇာတ်လမ်း ဤမျှနှင့် ပြီးစေ ထားလိုက်ပါသည်။ နောင်တွင် နိုင်ငံတော် သမ္မတရုံးနှင့် စပ်လျဉ်းသောသတင်းများအား မိမိထံတွင် Confirm ပြုလုပ်ပေးပါရန် သက်ဆိုင်သူ တာဝန်ခံအယ်ဒီတာအား မေတ္တာ ရပ်ခံခဲ့ပါသည်။

သို့သော်လည်း မိမိထံတွင် ဆက်လက်စဉ်းစားတွေးတောစရာ အတွေးစများ ကျန်ရှိခဲ့ပါသည်။



(၁) သတင်းထောက်(၁)ဦးသည် မည်သည့်နေရာမှ ရရှိလာသည် မသိသော သတင်းဖော်ပြချက်ကို နိုင်ငံတော်သမ္မတရုံးသော်လည်းကောင်း၊ အခြားသော (အမှန်တစ်ကယ် ပြောကြား ခြင်း မရှိသော) သတင်းဇစ်မြစ်တစ်ခုကိုသော်လည်းကောင်း ထည့်သွင်း ဖော်ပြပါမည်။ တာဝန်ရှိ အယ်ဒီတာမင်းများကလည်း ထည့်သွင်း ဖော်ပြခွင့် ပြုလိုက်ပါမည်။

(၂) နိုင်ငံတော်သမ္မတရုံး (သို့မဟုတ်) ယင်းသတင်းဖော်ပြချက်ပါ သတင်းရရှိသည့် ဇစ်မြစ်မှ သိရှိသောအခါ အဆိုပါသတင်းဂျာနယ်/မီဒီယာသို့ မေးမြန်းပါလိမ့်မည်။

(၃) ယင်းသို့ မေးမြန်းသောအခါ စာနယ်ဇင်းကျင့်ဝတ်အရ သတင်းဇစ်မြစ်ကို ထုတ်ဖော်ပြေကြားနိုင်ခြင်း မရှိပါ ဟူ၍ ပြန်လည် ရှင်းလင်းပါမည်။

(၄) ဤသို့သော အခြေအနေ တစ်ရပ် ကြုံတွေ့လာခဲ့ပါက မည်သို့မည်ပုံ ဆက်လက် ရှင်းလင်းကြမည်နည်း။

(၅) ထိုအခါ အဓိက ဖော်ပြခြင်း ခံထားရသည့် သက်ဆိုင်သည့် ဌာနမှ ၄င်းတို့ပြောကြားခြင်း မရှိသည့်အတွက် ဥပဒေကြောင်းအရ ရှင်းရ လင်းရ ဆောင်ရွက်နိုင်ပါလိမ့်မည်။  (သို့သော် မီဒီယာနှင့် ယင်းသက်ဆိုင်သည့်ဌာနတို့အကြား ဆက်ဆံရေးကောင်း ပျက်စီးသွားပါလိမ့်မည်။)

(၆) အဓိက တင်ပြလိုသည်မှာ သက်ဆိုင်သည့် ယင်းဂျာနယ်အကြောင်းသာ ဖြစ်ပါသည်။ အခြားသော ဂျာနယ်အတော်များများမှာ သတင်းရင်းမြစ်ခိုင်မာမှ ထည့်သွင်းလေ့ ရှိကြပါသည်။ သတင်းထောက်(၁)ဦး တင်ပြလာသော သတင်းသည် မည်မျှ ခိုင်မာမှု ရှိ-မရှိ၊ မှန်ကန်ခြင်း ရှိ-မရှိ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာချုပ် စသည့် တာဝန်ရှိသူတို့က စိစစ် အတည်ပြုရန် လိုအပ်မည် ဟုလည်း ထင်မြင်ယူဆပါသည်။ (နိုင်ငံတော်သမ္မတရုံးက ပြောကြားသည်ဟု ဖော်ပြလျှင်လည်းကောင်း၊ သတင်းထွက်ပေါ်ရာ Source တစ်ခုခုကို ဖော်ပြလျှင် လည်းကောင်း စာဖတ်သူ ပြည်သူများမှာ ယုံကြည်ကြဖို့ များပါသည်။)

(၇) သတင်းမီဒီယာများနှင့် အဓိက ဆက်သွယ်ဆောင်ရွက်နေကြရသော Contact Person များအနေဖြင့် တာဝန်သိရ၊ တာဝန်ယူရသလို မည်သည့် အတိုင်းအတာကို ပြည်သူသို့ သိရှိအောင် ပြောခွင့် ရှိသည်၊ မည်သည့်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောကြားခွင့် မရှိ အစရှိသည့် အတိမ်အနက်များကို ကောင်းစွာ သိရှိထားကြရပါသည်။ ယင်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့သည့် ကိစ္စရပ်များ ကြုံတွေ့လာသောအခါ ဟိုမေး ဒီမေး၊ ဟိုထင် ဒီထင် ဖြစ်ရသလို ပြောခွင့် မရှိဘဲ ပြောကြားခဲ့သူများအား ထုတ်ဖော်နိုင်ရန် စိစစ်ရမည့် အနေအထားအထိ ဆိုက်ရောက်စေနိုင်ပါသည်။


တစ်ဖန် ယင်းဂျာနယ်မှ သက်ဆိုင်သူတို့ ဆုပ်ကိုင်ပြောကြားနေသည့် စာနယ်ဇင်းကျင့်ဝတ်သည် မည်သို့သော ကျင့်ဝတ်ဖြစ်ပါသနည်း။
စာနယ်ဇင်းသမားများကို အကာအကွယ် ပေးခြင်းသည် လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးစနစ်၏ အညွှန်းကိန်းတစ်ရပ် ဖြစ်သည်မှာလည်း မှန်ပါသည်။ ဤသည်ကိုလည်း မိမိတို့ အနေဖြင့် သိရှိနားလည် လက်ခံရမည်သာ ဖြစ်ပါသည်။

သို့သော်  မိမိကိုယ်တိုင် လတ်တလော ကြုံတွေ့ခဲ့ရသော ဖြစ်စဉ်ဖြစ်ရပ်မျိုးတွင်တော့ စာနယ်ဇင်းကျင့်ဝတ်ဆိုသည်မှာ - - - - - -။

  Myanmar Express