Subscribe to our RSS Feed
Showing posts with label ဒုတိယ ပင်လုံနှင့် ရှေ့တိုးမရ နောက်ဆုတ်မရ အရှက်လှလှနဲ့ ဒေါ်စု. Show all posts
Showing posts with label ဒုတိယ ပင်လုံနှင့် ရှေ့တိုးမရ နောက်ဆုတ်မရ အရှက်လှလှနဲ့ ဒေါ်စု. Show all posts

ဒုတိယ ပင်လုံနှင့် ရှေ့တိုးမရ နောက်ဆုတ်မရ အရှက်လှလှနဲ့ ဒေါ်စု

ဒေါ်စုကြည် ဘာကြောင့် အသက် ၄၂ နှစ်ကျော်မှ နိုင်ငံရေးလုပ်သလဲဆိုတာကို မြန်မာ့နိုင်ငံရေး အတိုက်အခံတို့က အချိန်မတန်သေးလို့ မလုပ်သေးတာလို့ ဖြေခဲ့ကြပါတယ်။ တချို့ကတော့ ၄၂ နှစ် ထိ နိုင်ငံရေးလုံးဝ မလုပ်ပဲ နိုင်ငံခြားမှာ အချိန်တန်တဲ့ထိ စောင့်မျှော်ရင်း နိုင်ငံရေး ဗဟုသုတပြည့်စုံအောင် လေ့လာနေတယ် လို့ ဆက်ဆက်ထိမခံ ပြန်ပြောကြပါတယ်။ ကိုင်း ဒါဆို ခုဆိုရင် နိုင်ငံခြားမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်တာတွေ အများကြီး လေ့လာလို့ ပြီးခဲ့ပြီ။ အိမ်ထဲမှာလည်း အကြာကြီးလေ့လာပြီးခဲ့ပြီ။ အချိန်လည်း တန်ပြီလို့ ထင်ပါတယ်။ ဒီထက် အချိန်မတန်ရင်လဲ နောက်ဘဝမှ လုပ်ယုံသာ ကျန်တော့တယ်။ ဒီတော့ အသက်ကလည်း ၆၅ နှစ် ကျော်ပြီဆိုတော့ နိုင်ငံရေး ဗဟုသုတဆိုတာ ပြည့်စုံယုံမက လျှံထွက်နေပါပြီ။ ဆုတွေကလည်း သောက်သောက်လဲ ရထားပါသေးတယ်။ နိုဘယ်ဆုကြီးကလည်း ရထား၊ အတွေးအခေါ်ရှင်များ စာရင်းမှာလဲ ပါသူတစ်ယောက်ဖြစ်နေပြီး။ မြန်မာလူမျိုးအချင်းချင်း ကိုယ်တောင် မြန်မာ လိုမပြောနိုင်အောင် ပညာတွေ တတ်ကျွမ်းရင့်မာသူတစ်ယောက် ရဲ့ အသက် ၆၅ နှစ်မှာ ပထမဆုံး နိုင်ငံရေး ခြေလှမ်း ဖြစ်တဲ့ ဒုတိယ ပင်လုံ ဆိုတာကြီးရဲ့ အောင်မြင်မှု တွေ သုံးသပ်ကြည့်ရအောင်......။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကလွတ်မြောက်ပြီးနောက်တစ်နေ့မှာပဲ ထောက်ခံသူတွေကို စုရုံး စကားပြောခဲ့ပါတယ်။ အဲ့ဒီထဲမှာ နိုင်ငံရေးက လူတိုင်းနဲ့ ဆိုင်တယ် ဆိုတာနဲ့ အိမ်မှာ ဟင်းချက်နေတာတောင် နိုင်ငံရေးလုပ်နေတာလို့ ပါပါသေးတယ်။ လွတ်ပြီးနောက်တစ်နေ့မှာ နိုင်ငံရေး နဲ့ စပြီး နှုတ်ဆက်ခဲ့ခြင်းတွေနဲ့ လူတိုင်းနဲ့ဆိုင်တယ် ပြောခဲ့တာတွေဟာ အားလုံးကို နိုင်ငံရေးလုပ်စေချင်လို့ဆိုတာ မမှားပါဘူး။ ဒါ့အပြင် စကားပြောတိုင်း သူ့ကိုဝန်းရံပေးဖို့ အမြဲပါပါတယ်။ ဘေးလူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ခုချက်ချင်းပဲ သူကိုယ်တိုင် ရှေ့ဆုံးကနေ အကောင်းဆုံးတွေ အကောင်ထည် ဖော်မယ်၊ နောက်က လိုက်လုပ်ကြပါ ဆိုတဲ့ သဘောမျိုးပါပဲ...။ ကောင်းပြီး ဘယ်က စ ပြီး အကောင်ထည်ဖော်မှာလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတာပေါ့...။

နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဒုတိယ ပင်လုံ ဆိုတဲ့ ပရောဂျက် တစ်ခုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မယ် ဆိုပြီး မိန့်ခွန်းနဲ့ အစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ အရည်အချင်းရှိနေသူတစ်ယောက်၊ နိုင်ငံရေးလုပ်ဖို့ အချိန်တန်နေသူ တစ်ယောက်၊ ဆုပေါင်းများစွာကို ထိုက်ထိုက်တန်တန်ရရှိနေသူ တစ်ယောက်ရဲ့ ပထမဆုံး နိုင်ငံရေး ခြေလှမ်းကြီးက ဒုတိယ ပင်လုံ ဆိုတဲ့ ပရောဂျက်ကြီးပါတဲ့။

ဒုတိယ ပင်လုံဆိုတော့ ပထမ ပင်လုံ ဆိုတာ ရှိလို့လား??? ခုမှ ကိုယ့်ဘာကို ပြန်မေးကြည့်မိပါတယ်။ မရှိပါဘူး။ ပင်လုံညီလာခံတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာ နှစ် ၃၀ ကျော် နိုင်ငံရေးပညာလေ့လာနေသူတစ်ဦ၊ အိမ်မှာ တစ်ယောက်ထဲ နှစ်ပေါင်းများစွာ နိုင်ငံရေးလေ့လာနေသူတစ်ဦး၊ ဆုပေါင်းများစွာ ထိုက်ထိုက်တန်တန် ရရှိနေသူ တစ်ဦး အနေနဲ့ ပင်လုံညီလာခံ ရဲ့ သဘော တရားကို မသိတာတော့ ရင်နာဖို့ ကောင်းလွန်းပါတယ်။

လူရှေ့သူရှေ့ရောက်မှ ဖင်ဖြဲပြတဲ့ ဖိုးသင်းမျှောက် လိုဖြစ်နေပါပြီ။ ပရိတ်သတ်အားလုံးက အာရုံစိုက်ကြီး ကြည့်နေမှ ဖင်ဖြဲပြနေသလိုပါပဲ။

အဲ့ဒီ ဒုတိယ ပင်လုံညီလာခံ ဆိုတာကို ဘယ်သူတွေ ထောက်ခံလဲ ??? ထုံစံအတိုင်း NLD က အဖိုးကြီးတွေ၊ ပြည်ပရောက် ပညာမဲ့ ဒေါ်လာစားအတိုက်အခံတွေနဲ့၊ ပညာမဲ့ ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေပဲ ရှိပါတယ်။ သူတို့ကို ဘာကြောင့်ထောက်ခံလည်း မေးကြည့်ပါတယ်။ ဘယ်သူမှ သေသေချာချာ မဖြေနိုင်ခဲ့ပါဘူး။ ဒါဆို ပထမဆုံး ခြေလှမ်းပျက်ပြီလား??? မေးစရာဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း မှားတယ်လို့တော့ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ပါဘူး။ မျက်စိစုံမိတ်ပြီး ဆက်လုပ်နေအုံးမှာပါပဲ။

အစိုးရဖက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရွှေ့လိုက်တဲ့ ကလေးကွက် အတွက် အတော်လေးကို အူနိပ်ပြီး ရယ်နေပါပြီ။ နိုင်ငံရေး တကယ်လုပ်နေသူ၊ နာလည်တတ်ကျွမ်းသူတွေနဲ့ ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်များကလည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြပါပြီ...။ ရွေးကောက်ပွဲကြောင့် နေရာ အတော်အတန်ရလာသော တိုင်းရင်းသား ပါတီတွေကတော့ ပင်လုံမကလို့ ပင်လုံရဲ့ အဖေပဲလာအုံး လက်ခံမှာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ အခြား ဒီမိုကရေစီ လှုပ်ရှားသူ အချင်းချင်းတောင် ပြင်းပြင်းထံထံ ရှုံ့ချ ကန့်ကွက်ခံနေရတာတောင် အစိုးရကို ပါဖို့ စည်းရုံးပါမယ်ဆိုပြီး အသံထွက်နိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ခု ဆိုရင် ဒေါ်အောင်ဆန်စုကြည်လွတ်လာတာ ရက်ပေါင်း ၄၀ ကျော်ပါပြီ။ ဒါပေမယ့် ဘာဆို ဘာမှ ကောင်းတဲ့ ရလဒ် မရတဲ့ အပြင် ကန့်ကွက်မှုတွေ၊ ရှုံချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဆိုးဆုံးကတော့ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဒုတိယ ပင်လုံဆိုတာကြီးပါပဲ။ ရှေ့မှာ ကျောက်ဆောင်၊ နောက်မှာ ကမ်းပါး ကြိုက်ရာကို သာ သွားဖို့ရှိပါတော့တယ်။ ရှေ့တက်လာမှာကို ကျွမ်းကျင်သူ အားလုံးက ကျောက်ဆောင်လို တားဆီး လက်မခံကန့်ကွက်နေပြီး၊ နောက်ဆုတ်ရင်တော့ သိက္ခာအားလုံး ကမ်းပါးထဲ ပြုတ်ကြကာ ဘယ်တော့ ပြန်တင် လို့ရမှာ မဟုတ်ပါဘူး။ ဒီတော့ အရှက်ပြေ သိက္ခာဆည်ရင်း ရှေ့က ကျောက်ဆောင်ကို အဓိပ္ပါယ်မရှိ ခေါင်းနဲ့ ပြေးဆောင့်ရုံသာ ကျန်ပါတော့တယ်......။

တစ်ခု ပြန်စဉ်းစာမိတာက နိုင်ငံခြားမှာ တကယ်ပဲ မြန်မာနိုင်ငံရေးအတွက် လေ့လာဆည်းပူးမှုတွေလုပ်ခဲ့ရဲ့လား....။ အဲ့လို ရည်ရွယ်ချက် ကြီးကြီးနဲ့ လေ့လာချိန်တွေမှာ ဘာကြောင့် ဆုတွေမရပဲ၊ အကျယ်ချုပ်ကျမှ ဆုတွေရရတာပါလိမ့်?? နိုင်ငံခြားမှာ နှစ် ၃၀ နေရင်း ထွက်လာတဲ့ ရလဒ်တွေက ဘာတွေလည်း?? အလက်စန္ဒား အဲ့ရစ်နဲ့ ကမ်အဲရစ် ပဲ ထွက်လာတာလား?? အိမ်ထဲ မှာ နှစ်ပေါင်းများစွာ အားယားနေချိန်မှာ တကယ်ပဲ နိုင်ငံရေးတွေ လေ့လာနေရဲ့လား?? ဘာတွေများ လုပ်နေပါလိမ့်...။ လုပ်ခွင့်မရလို့ မလုပ်ချိန်မှာ ရလဒ် မရှိရင် ခု လုပ်ခွင့်ရတော့ ဘာကြောင့် ကလေး ကွက်တွေ ရွေ့ရတာလဲ?? ၆၅ နှစ်အရွယ် ဆုပေါင်းများစွာရရှိထားတဲ့ နိုဘယ်ဆုရင်ကြီးရဲ့ အရည်အချင်းက ဒါအကုန်ပဲလား??????????


သတင်းများ

သတင်း (၁) (VOA) ဒုတိယပင်လုံကိစ္စ သဘောကွဲလွဲမှု ရှိ
By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူဖို့ကိစ္စ အထမြောက် အောင်မြင်ဖို့ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးက ဦးစီးဆောင်ရွက်မလဲဆိုတာ အရေးကြီးတယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေက ယူဆပါတယ်။ တဘက်မှာတော့ စစ်အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ ဆောင်ရွက်မှသာ လက်တွေ့ကျလိမ့်မယ်လို့ စစ်အစိုးရပိုင် သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒုတိယ ပင်လုံညီလာခံတရပ် ခေါ်ယူရေးကိစ္စမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အကြားမှာ သဘောထား မတူကြပါဘူး။ ဒုတိယ ပင်လုံညီလာခံတရပ် ကျင်းပဖို့ ဆိုတာကို စပြီး လှုံ့ဆော်နေသူတွေကတော့ CRPP ခေါ်တဲ့ ၁၉၉၀ ခုနှစ် အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ အခုရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေ လက်မခံနိုင်ကြတဲ့ အခြေခံအပေါ်မှာ စဉ်းစားရတာ ဖြစ်တယ်လို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံကြတာ များပါတယ်။ ဒီဖွဲ့စည်းပုံအရ ဆိုရင်တော့ တကယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မယ့် အနေအထား မရှိဘူး။ မရှိတော့ တနည်းအားဖြင့် ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ် ဒါတွေကို အခြေခံပြီးတော့ ဆွေးနွေးဖို့ လိုပါတယ်။”
၂၀၁၀ ရွေးကောက်ပွဲဝင်ပြီး တစုံတရာ လွှတ်တော်အမတ်နေရာတွေ ရခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကတော့ တိုင်းရင်းသားတွေ ရပိုင်ခွင့်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လွှတ်တော်ထဲမှာ ဆွေးနွေးအဖြေရှာဖို့ ပိုပြီး စိတ်ဝင်စားတာ တွေ့ရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကတော့ လွှတ်တော်ထဲမှာ ဘယ်လောက် လုပ်ပိုင်ခွင့်ရမလဲ ဆိုတာကိုတော့ လွှတ်တော်တွေ ခေါ်နိုင်မှ သိမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြောတာ လွှတ်တော်ထဲရောက်ရင် ဒါကတော့ စောပါသေးတယ်၊ ကျနော်တို့ ပြောလို့မရနိုင်သေးဘူးလေ။ လက်တွေ့ ကျနော်တို့ ပြောနေတဲ့ ဟာတွေကတော့ မရောက်သေးဘူးလေ။ လွှတ်တော်ထဲ ရောက်တဲ့အခါမှာ ကျနော်တို့ကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရှိတာပေါ့။”

လွှတ်တော်ထဲဝင်မယ့် တိုင်းရင်းသား ပါတီတွေ အနေနဲ့ကတော့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ရေးကို မူအားဖြင့်တော့ လက်ခံကြပါတယ်။ ဒါပေမဲ့ လက်တွေ့ ဖြစ်နိုင်ချေ ရှိမရှိကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးအေးမောင်ကတော့ ဒုတိယ ပင်လုံ ခေါ်ယူနိုင်ရေးဟာ လက်ဝယ် အာဏာရှိသူ အပေါ်မှာ တည်တယ်လို့ မြင်ပါတယ်။

“ဒုတိယပင်လုံကို ပထမဆုံး စတင်ကြွေးကြော်ရမယ့် ကာလက ၉၀ အလွန် သုံးလေးနှစ်လောက်မှာ ကြွေးကြော်ရမှာ၊ ၉၀ ပြည့် Elected Persons တွေက။ ၂၀၁၀ ရွေးကောက်ပွဲအလွန် ကာလလေးမှာ ပါလီမန် မပေါ်သေးခင်မှာ ခေါ်တယ်ဆိုတဲ့ ဟာကတော့ နောက်ကျနေပါပြီ။ သို့မဟုတ် ပါလီမန် ပေါ်ပြီးတဲ့နောက်မှာ အစိုးရအဖွဲ့တခု ခိုင်ခိုင်မာမာ ပေါ်လာပြီးတဲ့ အချိန်မှာ ခေါ်ခြင်းဟာ ကျနော်ထင်ပါတယ်၊ လက်တွေ့ အလုပ်ဖြစ်နိုင်ပါတယ်။

“အခုအချိန်မှာ ဒုတိယပင်လုံလို့ ကြွေးကြော်ခဲ့ရင် ဘယ်သူက ဦးဆောင်ပြီး ခေါ်ယူမလဲ။ ထွက်လာတဲ့ Process ကို ဘယ်လို အကောင်အထည် ဖော်မလဲ၊ ဘယ်သူက အဲဒါကို အသိအမှတ် ပြုမလဲ၊ သူ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်က ဘာလဲ ဆိုတာကို ကျနော်တို့ ဖြေရှင်းရမယ်လေ။”

ဦးအေးသာအောင်ကတော့ အခုလို ဒုတိယ ပင်လုံညီလာခံ ခေါ်ယူတဲ့ကိစ္စမှာ တဖွဲ့ဖွဲ့ကို ထိပ်တိုက်တွေ့လိုတာ မဟုတ်ဘဲ လိုအပ်ချက်ကို ထည့်တွက်တဲ့ အဆိုပြုချက် ဖြစ်တယ်လို့ ပြောပါတယ်။

“အာဏာရှိတာ မရှိတာထက် တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဒါလုပ်သင့်တယ်၊ လုပ်ရမယ်၊ အဲဒီလို လုပ်ရမယ့်၊ လုပ်သင့်တဲ့ တာဝန်တခုကို ကျနော်တို့က လုပ်ဖို့ ကြိုးပမ်းတာဖြစ်တယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ ကျနော်တို့က ဘယ်သူ့ကို ထိပ်တိုက် ရင်ဆိုင်တွေ့ဖို့၊ ဒီလို မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ၊ ခင်ဗျားတို့လည်း သိပါတယ် တိုင်းရင်းသားများနဲ့ ဖြစ်နေတဲ့ ပဋိပက္ခ၊ ဒါတွေဟာ တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။ ဒီတော့ ဒီအခြေအနေကို ပြေပြေလည်လည် ဖြစ်ဖို့ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အကောင်းဆုံးပဲ။”

ဒီကနေ့ထုတ် မြန်မာအစိုးရ သတင်းစာတွေမှာတော့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူဖို့ ကြိုးပမ်းတာဟာ အပေါစား နိုင်ငံရေး စတန့်ထွင်တာ ဆိုပြီး ဝေဖန်ရေးသားပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လွှတ်တော်ထဲမှာပဲ ကြိုးပမ်းသင့်တယ်ဆိုတဲ့ ရေးသားချက်ကတော့ လက်ရှိ ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားတွေရဲ့ သဘောနဲ့ တိုက်ဆိုင်နေပါတယ်။

လွှတ်တော်ထဲဝင်မယ့် တိုင်းရင်းသား ပါတီတွေနဲ့ လွှတ်တော်ပြင်ပ တိုင်းရင်းသား ပါတီတွေ အကြားမှာ အခုလို ဒုတိယ ပင်လုံညီလာခံ ဘယ်လိုခေါ်မလဲဆိုတာ ကွဲလွဲချက် ရှိပေမဲ့ အရင် ပင်လုံညီလာခံမျိုး တိုင်းရင်းသားတွေအကြား ခိုင်မာတဲ့ သဘောတူညီချက်တရပ် ရအောင် ကြိုးပမ်းဖို့နဲ့ မြန်မာပြည်မှာ တိုင်းရင်းသား ပြဿနာ ရှိတယ်ဆိုတာကို လက်ခံတာချင်းတော့ တူညီတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။


သတင်း(၂) (BBC)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinSM7xmvxr-b0ODaNnnf_q18755btnHDUVvKui_yUV4WjRb3HH_St3vEk-M4NK_ogtlcIZnQ70LVCFgdgu-ClBcrkxoNAAXg9ZdknEyNzxN96I7gsfRaQbm23SwEKSV8XmhCP5O-MmTD4/s1600/myanmarexpress.blogspot.com.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03zXpalqxNom5KABccmTp_t1T86wM5eEayRJ7Ix8hCHtUyQC3AON9LgklHfi-imBreB0tb3F29VizTfCiqdWEkX0V-kMMtYY_8Cktkg-0tCTbxsQz4xfCWBxwiYiIFkVfO6oarHPgPmo/s1600/myanmarexpress.blogspot.com+%25282%2529.png


သတင်း (၃) (ဧရာဝတီ) ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပြီးဆုံးဟု အိန္ဒိယ ပြောရန်ပိုင် Friday, 17 December 2010

မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ “အခန်းကဏ္ဍမှာ ပြီးဆုံးသွားပြီ”ဟု အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အမေရိကန် အရာရှိများကို ပြောဆိုကြောင်း ၀ီကီလိစ်က ယနေ့ ထပ်မံ ပေါက်ကြားသည့် လျှို့ဝှက်စာတစောင်တွင် ဖော်ပြလိုက်သည်။ မြန်မာ့ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂကိုလည်း အားကိုး၍ မရကြောင်း၊ ဥရောပသမဂ္ဂ (အီးယူ)မှာလည်း မြန်မာ့ အရေးကို ရေရှည်မျော်မှန်း၍ မကြည့်သည့် အတွက် အိန္ဒိယနိုင်ငံသာလျှင် အကောင်းဆုံးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အကောင်းဆုံး နည်းလမ်းမှာ စစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသည့် နည်းက ဒီမိုကရေစီ လမ်းကြောင်းအတွက် တွန်းအား ပေးနိုင်မည်ဖြစ်ကြောင်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလအတွင်းက အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့သို့ အလည်အပတ်လာရောက်သည့် အမေရိကန်အဆင်မြင့် အရာရှိများကို ပြောဆိုခြင်းဖြစ်ကြောင်း ယင်း လျှို့ဝှက်စာ၌ ဖော်ပြထားသည်။

စာတွင်၂၀၀၄ ခုနှစ် အောက်တိုဘာလ အတွင်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်စဉ် “မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းမှု နည်းပါးနေခြင်း”ကို အိန္ဒိယ အနေဖြင့် စိုးရိမ်ကြောင်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်း က ပြောဆိုခဲ့သည်ဟုလည်း ပါရှိသည်။သို့သော် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်သည့်အခါတွင်မူ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်မှုများကို တိုးမြှင့်သွားမည်ဟု ပါရှိသည်။ သို့သော် အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တဦးဖြစ်သည့် Vashishtaကမူ အဆိုပါ ပူးတွဲကြေညာချက်ပါ အချက်များမှာ လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ၀ီကီလိစ်မှ ပေါက်ကြား သည့်စာတွင် ဖော်ပြထားသည်။


မြောင်းမြ NLD ပါတီအတွင်း ရင်းကြားမစေ့နိုင်သည့် ပြဿနာ ပိုမိုကြီးထွားလာ


တစ်နိုင်ငံလုံး အမျိုးသား ရင်ကြားစေ့ရေး တဖွဖွ ပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌလုပ်နေသော NLD ပါတီအတွင်းမှာ အချင်းချင်းရင်ကြားမစေ့နိုင်ပဲ ပြဿနာ တနေ့တခြား ကြီးထွားလာနေကြောင်း သတင်းရရှိသည်။ မြောင်းမြမြို့နယ်NLD ညီလာခံကျင်းပရေးကော်မရှင် ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်း မကျသောကြောင့် NLD ပါတီဝင်များဆန္ဒဖော်ထုတ်တော့မည်ဟု သိရသည်။

မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်း မကျခြင်း ကြောင့် ပါတီဝင် (၃ဝဝ)ဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်မည်ဟု မြောင်းမြ NLD ပါတီမှ ဦးမြင့်ကျော်က ပြောသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုမှ တာဝန်ပေးခဲ့သောမြောင်းမြမြို့နယ် ညီလာခံကျင်းပရေးကော်မရှင်တွင် ဒေသခံပါတီဝင်တို့ နှင့်သဘောထားမတိုက်ဆိုင်သူ များ ပါဝင်ခြင်း၊ ကော်မရှင်ရွေးချယ် မှုတွင် အများဆန္ဒမပါခြင်းတို့ကြောင့်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

''တိုင်းကော်မရှင်၊ ဗဟိုကော် မရှင်က ပါတီဝင်တွေကိုအကြောင်းမကြားဘဲ ကော်မရှင်အဖွဲ့ကို ဖွဲ့ခဲ့တယ်။ ဒီကိစ္စအတွက်ရန်ကုန်က ဗဟိုအဖွဲ့ကိုတင်ပြတယ်။ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတယ်။ ဗဟိုကရွေးချယ်မှုကိုမပြင်နိုင်ဘူးလို့ပြောတယ်။ဒါကြောင့် အောက်ခြေမှာ ဖြစ်နေတာတွေကိုဒေါ်အောင်ဆန်း စုကြည်သိရအောင်ဆန္ဒဖော်ထုတ်ကြမှာပါ''ဟုဆန္ဒပြမှုတွင်ပါဝင်မည့်ပါတီဝင်ဦးမြင့်ကျော်ကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်မည့်ကိစ္စအတွက်မြောင်းမြရဲစခန်းသို့ လျှောက်ထားခဲ့ရာ ပါတီတွင်းကိစ္စဖြစ်နေခြင်း၊ ဆန္ဒပြမှုဥပဒေနှင့်အကျုံးမဝင်ခြင်းတို့ကြောင့်မိမိတို့အနေဖြင့် ခွင့်မပြုသလို တားမြစ်မည်လည်းမဟုတ်ဟုရဲအရာရှိကပြောကြားခဲ့ကြောင်း ဦးမြင့်ကျော်ကဆက်ပြောသည်။

''ရဲကခွင့်ပြုတာလည်းမရှိဘူး။ တားလည်းမတားဘူး။ဒါကြောင့်သြဂုတ်လ၁၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီမှာ ဆန္ဒဖော်ထုတ်မယ်။မြောင်းမြမြို့ NLD ရုံးရှေ့မှာလုပ်မှာပါ။ ဆန္ဒဖော်ထုတ်တာဟာ NLD ကိုဆန့်ကျင်တာမဟုတ်ပါ ဘူး။ မဆလခေတ်၊၁၉၈၈ ခေတ်တွေမှာ ဒီလိုရွေးချယ်မှုတွေကြောင့် ပြိုကွဲခဲ့တာမျိုး ထပ်မဖြစ်အောင်လုပ်ခြင်းဖြစ်ပါတယ်'' ဟု ပါတီဆန္ဒ ဖော်ထုတ်မှုတွင်ပါဝင်မည့်သူတစ်ဦးက ပြောသည်။

မြောင်းမြမြို့နယ်ညီလာခံကျင်းပရေကော်မရှင်ကို ဥက္ကဋ္ဌ ဦးရန်နိုင်၊ အတွင်းရေးမှူး ဦးမြင့်လွင် အပါအဝင်၂၁ ဦးဖြင့် ဇူလိုင်လ၊ ၁၆ ရက်နေ့တွင် NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်း လက်မှတ်ဖြင့် စတင်ခန့်အပ်ခဲ့ကြောင်းသိရသည်။

'' ၂၁ ဦးပါဝင်တဲ့ကော်မရှင်အဖွဲ့ကို ဗဟိုက ဖွဲ့ပေးခဲ့တယ်။ ၂၁ ဦး မဟုတ်တဲ့ တချို့လူတွေကဗဟိုကော်မတီရဲ့သဘောထားနဲ့ ကွဲလွဲ ပြီးဆန္ဒထုတ်ဖော်ကြမှာပါ။ ဗဟိုရဲ့ ညွှန်ကြားချက်ကိုလက်မခံတဲ့ NLD ပါတီလျှောက်ထားဆဲလို့ သိရတဲ့လူတစ်စုကဆန္ဒပြမှာ ဖြစ်ပါတယ်။ NLD အမည်ခံပြီး လုပ်ကြတာပါ။ ဗဟိုကတော့ ခန့်ထားတဲ့ ၂၁ ဦးနဲ့ တွဲလုပ်နိုင်ရင်လုပ်ပါ။မတွဲနိုင်ရင်ပါတီကထွက်ပါလို့ ပြောတယ်။ ဒီလူတွေကိုပါတီဝင်မဟုတ်ဘူးလို့သတ်မှတ်ရုံပဲ ရှိပါတယ်''ဟုမြောင်းမြမြို့နယ်ညီလာခံကျင်းပရေးကော်မရှင်မှ ဥက္ကဋ္ဌ ခန့်အပ်ခြင်း ခံရသော ဦးရန်နိုင်က ပြောသည်။

အာဏာလုခြင်းများနှင့် ဗဟိုဦးစီးမှ အာဏာအလွန်အကျွံသုံးစွဲမှုများကြောင့် တစ်ယောက်ပြီး တစ်ယောက် NLD ပါတီမှ နှုတ်ထွက်လျှက် ရှိပြီး ပါတီဝင်ဟောင်းများ၏ လမ်းခွဲရှင်းတမ်းများကို

http://www.myanmarexpress.net/search/label/%E1%80%92%E1%80%AE%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%94%E1%80%B2%E1%82%95%20%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BC%E1%80%B2%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%99%E1%80%B9%E1%80%B8




တွင် ဖတ်ရှုနိုင်သည်။

Myanmar Express

ခေတ်ပြိုင်နိုင်ငံရေးမြင်ကွင်းထဲက ဒုတိယပင်လုံ

ကလေးမြို့ကြေညာစာတမ်းအရ ဒုတိယပင်လုံညီလာခံကြီးကို ကျင်းပဖို့ စိုင်းပြင်းနေကြသည်။ တိုင်းရင်းသားလူမူမျိုးစုများနှင့် ညီညွတ်ရေးအတွက် ဆွေးနွေးရမည့် အခင်းအကျင်းကို ပြင်ဆင်ြခင်း တစ်ရပ်ဟု အဆိုပြုသူတွေက တင်သည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေးတွင် ပင်လုံပုံရိပ်သည် အကောင်းထက် အဆိုး၊ ယုံကြည်မှုထက် သံသယကိုသာ ပွားစေနိုင်သည်ကို တွေ့ရသည်။ ပင်လုံကို စတင်ခ်ခဲ့သ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ပင်လုံနှင့်ပတ်သက်သည့် အငြင်းပွားစရာများကို ချန်ထားရစ်ခဲ့သည်။ ပင်လ်လုံကြောင့် ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာသောအခါ ပြည်ထောင်စြုကီး ခွဲထွက်လိုလျှင် ခွဲထွက်ပိုင်ခွင့်ကို ပေးအပ်လိုက်ရသည်။ ယခု ဒုတိယပင်လုံကိုနားလည်ဖို့ ပထမပင်လုံကို အရင်စောကြောကြည့်ရန်လိုသည်။

ဒုတိယလား၊ တတိယလား

တကယ်တော့ ကျွန်တော်တို့ သိသော ပင်လုံပင်လျှင် ဒုတိယ
ပင်လုံဖြစ်သည်။ သည့်မတိုင်ခင် ၁၉၄၆ မတ်လကတည်းကပင် တိုင်းရင်းသားခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်များ ပင်လုံတွင် ပမာဏဆွေးနွေးခဲ့ကြဖူးသည်။ မည်သည့်သဘောတူညီချက်မျှ ရယူရန်မဟုတ်ဘဲ နားလည်ချစ်ကြည်မှုရရန်သာဖြစ်သည်။ သို့ဆိုလျှင် ၁၉၄၇ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်သည့် ပင်လုံအစည်းအဝေးသည်စင်စစ် ဒုတိယပင်လုံပင်ဖြစ်သည်။ ပင်လုံစတင်ဖို့ဖြစ်လာသည်က ဗိုလ်ချုပ်အောင်ဆန်းတို့ ဖ.ဆ.ပ.လ ခေါင်းဆောင်များ လန်ဒန်၌ ၀န်ကြီးချုပ် အက်တလီနှင့် ဆွေးနွေးရာမှဖြစ်သည်။ ဗြိတိသျှတို့က မြန်မာကိုယ်စား လှယ်အဖွဲ့တောင်းဆိုသည့်အတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေးပေး မည်။ သို့သော် သူတို့အခေါ် တောင်တန်းဒေသတော့ မပါဟုဆိုသည်။ ဗိုလ်ချုပ်က တောင်တန်းရော ပြည်မပါ အတူလွတ်လပ်ရေး ပေးဖို့ပြော တော့မှ တောင်တန်းသားတို့ သဘောတူလျှင် ပေးမည်ဟု ဖြစ်လာ သည်။ သို့နှင့် ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံပြန်ရောက်သောအခါ တိုင်းရင်း သားခေါင်းဆောင်များနှင့် ဆွေးနွေးဖို့ဖြစ်လာသည်။ ပင်လုံအစည်းအဝေးအတွင်း ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော မြန်မာလူမျိုးစု ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင် များ အဓိက ဆွေးနွေးကြသည်က တစ်နှစ်အတွင်း လွတ်လပ်ရေးရရန် ဖြစ်သည်။ ထိုလွတ်လပ်ရေးကို တောင်တန်းသားတွေပါ အပါယူဖို့ ဗိုလ်ချုပ် က တိုက်တွန်းသည်။ အပြန်အလှန်အားဖြင့် တောင်တန်းသားတို့၏ ယုံကြည်မှုရရန် လွတ်လပ်ရေးရပြီး ၁၀ နှစ်အတွင်း ခွဲထွက်ချင်က ခွဲထွက်ပါဟူသော ကတိကို ပေးသည်။ သို့နှင့် ၁၉၄၇ အခြေခံဥပဒေ တွင် ထိုအချက်သည် အထင်ကရ ပါလာခဲ့လေသည်။


ပင်လုံ တစ္ဆေ္ဆ

ပင်လုံသည် တိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် မျိုးဆက်ချပေးရာဖြစ်ခဲ့သည့်အပြင် နောင်အခါ ခွဲထွက်ခွင့် တောင်းဆို ရန် ရည်ညွှန်းရာတွင်လည်း ပင်လုံကတိ၊ ပင်လုံစာချုပ်က အမြဲတမ်း ကပ်ပါနေခဲ့ သည်။ ပင်လုံကြောင့် တိုင်းရင်းသားတွေနှင့် အတူတကွ လွတ်လပ်ရေး ယူပေးနိုင်ခဲ့သလို ပင်လုံကြောင့်ပင် လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၈ တွင် တစ်စခန်း ထလာခဲ့ရသည်။ ထိုအချိန်က ပြည်တွင်းသောင်းကျန်းမှု ဒီရေတက်နေချိန် ဖြစ်သောကြောင့် ၁၀ အတိအကျပြည့်သောအချိန်တွင် မရှင်းနိုင်ခဲ့။ ထို့အပြင် အိမ်စောင့် အစိုးရအုပ်ချုပ်နေသော ကာလဖြစ်သဖြင့်လည်း တိုင်းရင်းသား အရေးကို နောက်တန်းပို့ထားခဲ့ရသည်။ ထို့ကြောင့် ပင်လုံသည် ပေါင်းစည်းရေးလား၊ ခွဲထွက်ရေးလား ဆိုသည့် မေးခွန်းတို့ မြန်မာ့နိုင်ငံရေးသမိုင်းတွင် တောက်လျှောက်ကပ် ပါလာခဲ့သည်။ ယခု ဒုတိယပင်လုံဆိုသော ၂၁ ရာစု ပင်လုံညီလာခံ တွင်လည်း အဆိုပါမေးခွန်းက မေးစရာမလိုအောင် ကပ်ပါနေဦးမည် ဖြစ်သည်။ ပင်လုံကြောင့်ပင် ၁၉၆၀ ပထစ အစိုးရပြန်တက်လာချိန်တွင် တိုင်းရင်းသားခေါင်းဆောင်များ တစ်စခန်းထလာသည်။ သို့အတွက် ကြောင့် ၁၉၆၂ တွင် တပ်မတော်က မလွဲမရှောင်သာ အာဏာသိမ်း ခဲ့ရသည် ဟူသော အမှတ်အယူတို့ကလည်း ရှိနှင့်နေသည်။ လက်ရှိ ပင်လုံဟု ခေါ်ဝေါ်သုံးစွဲနေသူတို့သည် အဆိုပါအချက် ကို သတိပြုမိလျှင် တိုင်းရင်းသားတို့နှင့် ချစ်ကြည်မှုရရန် အခြား တစ်နည်းဖြင့် ကြိုးစားသင့်ပေသည်။ တိုင်းရင်းသားလူမျိုးစုများသည် လည်း နိုင်ငံရေးအင်အားစု တစ်ရပ်အနေနှင့် ရှိနှင့်နေပြီးဖြစ်သည့်အပြင် လာလတ္တံ့သော ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသား ပါတီများ မှာ ကိုယ်စားလှယ်များလည်း ပါဝင်၍ အရေးဆိုကြဦးမည်ဖြစ်ရာ တိုင်းရင်းသားများနှင့် ပိုမိုပေါင်းစည်းရေးကား တိမ်ကောသွားမည့် အရာတော့ မဟုတ်ပါ။

ဒုတိယပင်လုံ = တစ်ခြမ်းစီဖြစ်အောင် စိပ်ပြီးမှ ပြန်စည်းခြင်း


ပင်လုံ နောက်ဆက်တွဲ


ပင်လုံ၏ နောက်ဆက်တွဲအနေနှင့် ၁၉၆၀ ဇွန်လတွင် တောင်ကြီး၌ ကျင်းပခဲ့သည့် တောင်ကြီးညီလာခံ၊ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ကျင်းပသည့် ထိုခေတ် နိုင်ငံ ရေးပါတီများနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ပထမအကြိမ် ဆွေးနွေးပွဲ၊ မတ်လ ၁ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ဆွေးနွေးပွဲ တို့သည် မြန်မာ့နိုင်ငံရေးသမိုင်းတစ်ကွေ့တွင် လွန်စွာ အရေးပါခဲ့သည်။ အဆိုပါ တောင်ကြီးညီလာခံနှင့် ရန်ကုန်အသံလွှင့်ရုံရှိ ဆွေးနွေးပွဲ များသည် ခွဲထွက်ရေးအတွက် ရည်ရွယ်သလား၊ ပေါင်းစည်းရေးကို အမှန်တကယ်ကြိုးပမ်းခဲ့လေသလား ဆိုသည်ကတော့ ယနေ့တိုင် မကွဲပြားလှသေးပေ။ သို့သော် အဆိုပါ တောင်ကြီးညီလာခံသည် ခွဲထွက် ရေးအတွက်မဟုတ်ပါဟု ပင်လုံကိုယ်စားလှယ် တောင်ကြီး ဦးထွန်းမြင့် က ဒေါက်တာအေးချမ်းကို နောက်အခါမှာ ပြန်လည်ပြောပြခဲ့သော ကြောင့် ဒေါက်တာအေးချမ်းက စာသင်ရင်း ကျွန်တော်တို့ကို ထည့်ပြော သွားတာ မှတ်မိနေသည်။ သို့သော် သေချာသည်က ထိုကာလအတွင်း တိုင်းရင်းသားတို့သည် ပိုမိုလွတ်လပ်သည့် အုပ်ချုပ်ပိုင်ခွင့်ကိုတော့ လိုလားခဲ့ဟန်တူသည်။

ထို့ကြောင့် ပင်လုံ၏ နောက်ဆက်တွဲတို့သည်လည်း တိုင်းရင်းသား အရေး ပြေလည်ရာပြေလည်ကြောင်းအတွက် လမ်းစမရနိုင်ဖြစ်ခဲ့ရသည်။ ယခုတခါ ဒုတိယပင်လုံဟုခေါ်သည့် တိုင်းရင်းသားအရေး ဆွေးနွေးပွဲ သည်လည်း ပင်လုံဆိုသည့် နာမည်ကြောင့်ရော၊ တိုင်ရင်းသားတို့၏ ခွဲထွက်ရေး လိုလားချက်တွေကြောင့်ပါ အောင်မြင်မှုရနိုင်ခြေ နည်းပါး နေသေးသည်။ အခြေအနေအရပ်ရပ်ကြောင့် ပြည်ထောင်စု ပြိုကွဲထွက် သွားလျှင် အားလုံ၏စိတ်ထဲတွင် တနုံ့နုံ့ဖြစ်ကျန်ခဲ့ကြမည်မှာ မလွဲချေ။


ခါးသီးလှသည့် ဥပမာ

ပြည်ထောင်စုကြီးပြိုကွဲတာ မဟုတ်ပေမယ့် တိုင်းပြည်နှစ်ရပ်ပြို ကွဲသွားပုံကိုတော့ ကျွန်တော် စူးစမ်းလေ့လာခဲ့ဖူးသည်။ ချက်ကိုစလို ဗက်ကီးယားနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများဖြစ်ပြီး ကွန်မြူနစ် ခေတ်က ပေါင်းစည်းခဲ့ကြသည့် ချက်နှင့် စလိုဗက် နှစ်နိုင်ငံ ပြိုကွဲသွား ကြပုံဖြစ်သည်။ ထိုအကြောင်းကို နောက်တစ်ချိန် စာသင်ခန်းထဲတွင် ပြန်ပြောကြသောအခါ ချက်နှင့် စလိုဗက် နှစ်နိုင်ငံစလုံးက ပြည်သူတွေက မျက်ရည်စက်လက်နှင့် မပြိုကွဲဖို့ အားထုတ်ခဲ့ကြလင့်ကစား နှစ်ဖက် နိုင်ငံရေးခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်နှင့် လမ်းခွဲကြဖို့ ဆုံးဖြတ် ခဲ့ကြသည်။ ထိုအချက်သည် ကတ္တီပါလမ်းခွဲဟု အမည်တွင်ခဲ့သော် လည်း နောင်တွင် သမိုင်းတွင်သည့် အမှားကြီးအဖြစ် နှစ်နိုင်စလုံးက ပြည်သူတွေ တနုံ့နုံ့ ပြန်ပြောနေကြဆဲဖြစ်သည်။ ခွဲထွက်ရေးထက် ပေါင်းစည်းရေးက ပိုကောင်းသည်မှာ မှန်သော်လည်း အမှန်တကယ် နားလည်မှုရှိရှိ ပေါင်းစည်းနိုင်ကြရန် အချိန်ယူကြရမည်ဖြစ်သည်။ ပေါင်းစည်းရေးကို အလျင်စလိုလုပ်လျှင် ခွဲထွက်ရေးကို အားပေးသကဲ့သို့ရှိပေလိမ့်မည်။ ၁၉၄၇ နှစ်ဦးပိုင်းက ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်သည် တစ်နှစ်အတွင်း လွတ်လပ်ရေးရ ရန်ဟူသည့် အကြောင်းပြချက်ဖြင့် အလျင်စလို ချုပ်ဆိုခဲ့သဖြင့် နောင် တစ်ချိန်တွင် ခွဲထွက်ရေးလမ်းစဖြစ်ခဲ့ရသည်ကို သတိပြုစရာရှိပေ သည်။ ထို့အတွက်ကြောင့် ယခု ဒုတိယပင်လုံဟုခေါ်သော တိုင်းရင်းသား အရေး ဆွေးနွေးပွဲကိုလည်း အချိန်ယူဖို့ လိုအပ်လှပေသည်။


ကျော်လင်းဦး



Myanmar Express

တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို ယခု အစိုးရ လက်ထက် အတွင်း ကျင်းပပြုလုပ် သွားမည်


From : MRTV-4

နိုင်ငံတော် အဆင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ အစည်းအဝေးကြီးကို ယခုအစိုးရ လက်ထက် အတွင်း ၂၀၁၅ ခုနှစ် မတိုင်မီ နေပြည်တော်မှာ ပြုလုပ် သွားမှာ

ဖြစ်တယ်လို့ ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြား ခဲ့ပါတယ်။ ဒီလို ပြောကြား ရာမှာလည်း မိမိတို့ အစိုးရဟာ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူ ပေးထားတာ ဖြစ်ပြီး ဒီအတွက် နောက် ၂၀၁၅ ခုနှစ် နောက်ပိုင်း မတိုင်ခင်မှာ ကြိုးစား ပြီးတော့ ဖြစ်အောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ကြောင်း၊ လက်ရှိ မှာတော့ အခုလို အစည်းအဝေးကြီး ကျင်းပဖို့ကို ဘယ်တော့ ကျင်းပမလဲ ဆိုတာ မပြောနိုင် သေးပေမယ့် ပူးပေါင်း ဆောင်ရွက်တာ မြန်မယ် ဆိုရင် မြန်မြန် ရောက်မှာဖြစ်ပြီး နောက်ကျဆုံး အချိန်ဟာ ၂၀၁၅ ခုနှစ် မတိုင်မီ လုပ်သွားမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

အဆိုပါ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ အစည်းအဝေးကြီးဟာ လူမျိုးပေါင်း ၁၃၅ မျိုးရှိတဲ့ တိုင်းရင်းသား တွေအားလုံး ပါဝင်တဲ့ အစည်းအဝေးကြီး ဖြစ်ပြီး အဲ့ဒီ အစည်းအဝေး မှာတော့ နိုင်ငံရေးပါတီတွေ၊ NGO အဖွဲ့အစည်းတွေ အစရှိတာတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

ပထမ ပင်လုံ ၆၅ နှစ်ပြည့်ပြီ။ ဒေါ်စုရဲ့ ဒုတိယ ပင်လုံ လမ်းစပျောက်နေစဲ


ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံစာချုပ်ချုပ်ခဲ့တာ ဒီနေ့ဆိုရင် ၆၅ နှစ် တိတိ ပြည့်ခဲ့ပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒုတိယ ပင်လုံကတော့ လမ်းစ ပျောက်ကာ ဘယ်သွားရှာရမှန်းမသိဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက် ကစပြီး "ရင်ကြား စေ့ရေး" "ရင်ကြား စေ့ရေး" လို့ မနားတမ်းအော်ကာ ဒုတိယ ပင်လုံဆိုပြီး ဆူဆူညံညံအသံတွေ ထက်ခဲ့ပါတယ်။ ဘယ်နေရာသွားသွား ဒုတိယပင်လုံ ဆိုတဲ့ စာလုံးတွေကို အမြင်ချင်မှ အဆုံး မြင်တွေ့ခဲ့ရပါတယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဒုတိယ ပင်လုံ ဆိုတဲ့ ပရောဂျက် တစ်ခုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မယ် ဆိုပြီး မိန့်ခွန်းနဲ့ အစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ အခု တော့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒုတိယ ပင်လုံ ဆိုတဲ့ စကားကို အပြောမခံတော့သလို ဒုတိယ ပင်လုံကို ထောက်ခံတယ်ဆိုတဲ့လူတွေကလည်း နှုတ်ဆိတ်နေကြပြန်ပါတယ်။

ဒုတိယ ပင်လုံဆိုတာ ၂၀၁၀ ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး စီမံကိန်းနဲ့ ပထမဆုံး ဦးဆောင်ဖို့ ရွေးချယ်ခံရတာ ဖြစ်ပြီး လမ်းစ ပျောက်သွားတာကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်း ညံ့ဖျင်းမှု၊ လုပ်ရည်ကိုင်ရည် ဘာမှမရှိမှုကို သိသာစေတယ် လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး အဖွဲ့ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုသာမက ပြည်ပ အတိုက်အခံ အဖွဲ့အစည်းများနဲ့ပါ စေ့စပ်ဆွေးနွေးမှုတွေ လုပ်နိုင်တာကို တွေ့နေရပါတယ်။

အခြား ဒုတိယ ပင်လုံနဲ့ ပတ်သက်ပြီး သတင်းများကတော့




Myanmar Express

ဒုတိယပင်လုံသို့


ဒုတိယ ပင်လုံလမ်းကြောင်းပေါ်သို့ ရောက်ပါပြီ....။ အစိုးရရဲ့ ဖော်ဆောင်မှုက နှေးကွေးတယ် အားမရလို့ ဆိုပြီး အန်တီညု ဦးဆောင်မှုနဲ့ NLD က အမြန်ဆုံးနည်းနဲ့ စတင်တာထွက်ပါတော့မယ်.... လိုက်ရဲသူများ လိုက်ခဲ့ပါ...။ အန္တရာယ်အလွန်များသည်၊ လမ်းကြောင်း ကောက်ကွေးသည်၊ မျက်စိစုံမှိတ်သွားမည်၊ ကြောက်စရာကောင်းမည်၊ သည်းထိပ်ရင်ဖိုစရာ ကောင်းမည်၊ အခြေအနေ မကောင်းလျှင် လမ်းတဝက်နှင့် လမ်းကြောင်းအပြင် ရောက်သွားမည်။


Myanmar Express