From : ခေတ်လူငယ်
ရွှေလီရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနိုင်ပြီဖြစ်၍ လည်းကောင်း၊ ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှု တိုးတက်လာ၍ မြန်မာတစ်နိုင်ငံလုံးကို ဇွန်လ ၅ ရက်နေ့မှစ၍ ၂၄ နာရီ မီးပေးတော့မည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန် ကြေညာလိုက်သည်။ ပြီးခဲ့သော မေလ ၁၉ ရက်က KIA လက်နက်ကိုင်အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသော ၂၃၀ ကေဗီရွှေလီ-မန်ဆန် မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် -၇၃၊ ၂၀၆၊ ၂၀၇၊ ၂၀၈ တို့အား ၁-၆-၂၀၁၂ ရက်တွင် ပြင်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။ ရန်ကုန်နှင့် မန္တလေးခရိုင်အတွင်း မြို့နယ်များကို ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့မှစတင်၍ ယခင်လျှပ်စစ်ဓာတ်အားပေးသည့် အချိန်ထက် ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။ လွန်ခဲ့သော မေလက ရန်ကုန်အပါအဝင် မန္တလေး၊ မုံရွာ၊ ပြည်၊ ပုသိမ်၊ သုံးဆယ် စသည့်မြို့များတွင် လျှပ်စစ်မီးနှင့် ပတ်သက်သော ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။
Myanmar Express

1 comments:
ဟုတ်တယ်..ကျွန်တော်တို့ရပ်ကွက်မှာ ၁ရက်နေ့ကစ၂၄ နာရီပဲ..လမ်း၈၀ တရုတ်တန်းဘက်တွေတော့ လာသေးဘူး...ဒီမီးတွေ ပြန်မပျက်အောင် ရွှေလီရေအားလျှပ်စစ် စက်ရုံကြီးကို KIA သူပုန်တွေ မ၀င်အောင် စောင့်ရှောက်ကြပါ..လျှပ်စစ်ဓါတ်အားပေးတိုင် များကို kia မှ ဗုံးမခွဲနိုင်ရန် သစ်ပင် စိုက် တဲ့စိမ်းရောင်စို activity အဖွဲ့ အား ဓါတ်အားတိုင်ခြေရင်းမှာ ဂွေးလယားသီးပင်များ စိုက်ပေးရန် တောင်းဆိုပါသည်...အပင်သွားစိုက်စဉ် ကိုကိုကာလသားရောဂါသည် KIA ကချင်များ က ကလိထိုးလိုက်လျှင် သားလေးနှင့် မဆိုင်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်