ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့သည် တိုကျိုမြို့၌ ရှိနေစဉ် အတွင်း ဇွန်လ(၁၄)ရက် (၁၇၀၀) နာရီတွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ အစည်းအဝေး ခန်းမတွင် နိုင်ငံခြားရေးဝန်ကြီး (H.E.Mr. Koichiro Gemba) နှင့် တွေ့ ဆုံသည်။
အထွေထွေအတွင်းရေးမှူးဦးဌေးဦးနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး (H.E.Mr. Koichiro Gemba) တို့ တွေ့ဆုံဆွေးနွေးစဉ်
အထွေထွေအတွင်းရေးမှူး ဦးဆောင်သောအဖွဲ့သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယ၀န်ကြီး မစ္စတာ ကန်နီချီရို ဆာဆာအဲ (H.E.Mr. Kenichiro Sasae) နှင့်လည်း အလွတ်သဘောတွေ့ဆုံခဲ့ကြပါသည်။
အထွေထွေအတွင်းရေးမှူးဦးဌေးဦး ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့ စီးပွား၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး မစ္စတာ ယိုကီအို အီဒါနို (H.E Mr. Yokio Edona) နှင့် တွေ့ဆုံဆွေးနွေးစဉ်
အထွေထွေအတွင်းရေးမှူး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ (၁၅) ရက်နေ့ (၁၆၀၀) နာရီတွင် ဂျပန်နိုင်ငံ စီးပွားရေး၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးရုံးသို့ သွားရောက်၍ ၀န်ကြီး၏ ဧည့်ခန်းမတွင် စီးပွား၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး မစ္စတာယိုကီအို အီဒါနို(H.E.Mr. Yorkio Edono) နှင့် တွေ့ဆုံ ဆွေးနွေးသည်။
စီးပွား၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး မစ္စတာ ယိုကီအို အီဒါနို (H.E Mr. Yokio Edona) မှ အမှတ်တရလက်ဆောင်ပေးအပ်စဉ်
ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေနှင့် အခက်အခဲပေါင်းများစွာအား ရင်ဆိုင်ကျော်ဖြတ်ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့မှု အခြေအနေ၊ စီးပွားရေးဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံသားများ စီးပွားရေး အဆင့်အတန်း မြင့်မားလာရေးအတွက် ရေတိုကာလ အတွက်သာမက နောင်ရေ ရှည်အတွက်ပါ အကူအညီပေး သွားနိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်မှုအခြေအနေ၊ အလုပ်ရုံ၊ စက်ရုံဝန်ထမ်း သင်တန်းများ ဖွင့်လှစ်ရန် ဆောင်ရွက် ထားမှုအခြေအနေ၊ ဂျပန်- မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ၀ါရင့်အမတ်ကြီး Mr. Hideo Watanabe နှင့် လွှတ်တော် အမတ်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ ပါတီဝင်များ၊ ပါတီအချင်းချင်း ဆက်ဆံရေး၊ လွှတ်တော်အမတ်များအချင်းချင်း ဆက်ဆံရေး ပိုမိုခိုင်မာစွာ ဆောင် ရွက်သွားကြရန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
စီးပွား၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး မစ္စတာ ယိုကီအို အီဒါနို (H.E Mr. Yokio Edona) မှ အမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကန်နီချီရို ဆာဆာအဲ (H.E Mr. Kenichiro Sasae) နှင့် အလွတ်သဘော တွေ့ဆုံစဉ်
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်