From : မော်ဒန်
အိန္ဒိယနိုင်ငံမှ United Bank of India ဘဏ်ရုံးခွဲကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က အတည်ပြုလိုက်ပြီလို့ အိန္ဒိယသံရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဗဟိုဘဏ်က ဖွင့်ခွင့်လိုင်စင် ပေးပြီးသွားပြီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို လျှောက်လွှာ မတင်ရသေးဘူး၊ မြန်မာပြည်ရဲ့ Process က အခုနောက်ပိုင်း မြန်လာပြီ၊ အိန္ဒိယဘဏ်ဘက်က ဘယ်အချိန်စမလဲသာ မသိသေးတာ” လို့ အိန္ဒိယသံရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါဟာ အိန္ဒိယဘဏ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဘဏ်ခွဲဖွင့်လှစ်ခွင့်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်