Subscribe to our RSS Feed
Showing posts with label ဦးခင်ညွန့်. Show all posts
Showing posts with label ဦးခင်ညွန့်. Show all posts

မဟာသန္တိသုခကျောင်းကိစ္စ ဦးခင်ညွန့် ဘာပြောသလဲ

From : ..FNJ

 မဟာသန္တိသုခကျောင်း တော်ကြီးမှ သံဃာတော်များအား ဇွန် ၁၁ ရက်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် နိုင်ငံတော် သံဃမဟာနာယကတို့မှ ခေါ်ဆောင်သွား ခဲ့ပြီးနောက် သာသနာရေးဝန်ကြီးဌာနမှ သံ ဃာတော်ငါးပါးအား လူဝတ်လဲ၍ အင်းစိန် ထောင်သို့ပို့ဆောင်ကာ သာသနာတော် ညိုး နွမ်းစေမှု ပုဒ်မ-၂၉၅(က)ဖြင့် တရားစွဲဆိုခဲ့ သည့်အပေါ် ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့် က ထိုဖြစ်ရပ်များသည် ¤င်းတွင်တာဝန်မရှိ ကြောင်း လက်ရှိဆောင်ရွက်နေသူများတွင် သာ တာဝန်ရှိကြောင်း ပြောကြားသည်။

၁၉၉၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခတ်တွင် အဆိုပါကျောင်းတော်ကြီးအား နိုင်ငံတကာ မှအလှူရှင်များနှင့်အတူ ပီနန်ဆရာတော် ကြီးထံ ရေစက်ချအမျှဝေခဲ့သည့် နိုင်ငံတော် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီး ချုပ်ဟောင်း ဦးခင်ညွန့်က ဇွန် ၁၂ ရက်တွင် ဖြစ်ပွားခဲ့သည့် မဟာသန္တိသုခကျောင်းတော် ကြီးအား ထိန်းသိမ်းခဲ့ခြင်းကိစ္စနှင့် ပတ်သက် ၍ ¤င်းမှဖြေရှင်းပေးနိုင်သည့် တာဝန်မရှိ ဟုပြောကြားခဲ့သည်။

''အဲဒါမမေးနဲ့ ကိုယ်လဲမသိဘူး။ လွန်မြောက်သွားပြီလေ။ တို့ခေတ်မဟုတ် တော့ဘူး။ အခုခေတ်က ခေတ်ပြောင်းသွား ပြီ၊ တို့ခေတ်မဟုတ်တော့တဲ့အတွက် ဒါကို ဘာမှမပြောချင်ဘူး။ အဲဒါကိုပြောဖို့လဲ တာ ဝန်မရှိဘူး။ ပြောရမယ့် အခြေအနေမျိုးလဲ မရှိဘူး။ ပြီးသွားပြီ ပြတ်သွားပြီ။ ဒါနဲ့ ပတ် သက်လို့လဲမပြောဘူး။ အခုဆိုရင် ကုသိုလ် ရေးကိစ္စပဲ လုပ်တယ်။ အကုသိုလ်ကိစ္စမလုပ် ဘူး။ အကုသိုလ်ဖြစ်မဲ့ကိစ္စ မစဉ်းစားဘူး။ နောက် ကိုယ့်မှာရန်သူမရှိစေရဘူး။ မိတ်ဆွေ တွေပဲရှိရမယ်။ အဲဒီခံယူချက်နဲ့ ကိုယ်အခု ဒီ အတိုင်းနေတာပါ''ဟု ဦးခင်ညွန့်ကပြောသည်။
ဇွန် ၁၁ ရက်တွင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်၌တည်ရှိသည့် မဟာ သန္တိသုခကျောင်းတော်ကြီးအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက် ဖြင့် သာသနာရေးဦးစီးဌာနမှ ကျောင်းတွင် သီတင်းသုံးနေကြသည့် သံဃာတော်များ အား ခေါ်ဆောင်ခဲ့ကြပြီး အဆိုပါနေ့တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာ ရှိကပြောသည်။

''ကျွန်တော်တို့ဆီမှာ ဖြစ်တဲ့ည က ကျောင်းတိုက်က ဆရာတော်တွေကို မေးမြန်းမှုတချို့ လုပ်ခဲ့ပါတယ်။ လူဝတ်လဲ တာကတော့ ရဲစခန်းမှာမရှိပါဘူး။ ပြီးတော့ တရားမမှုဖြစ်တဲ့အတွက် တရားရုံးကနေ ဖြေရှင်းမယ်ထင်ပါတယ်။ ကျွန်တော်တို့ဆီ မှာတော့ ဘယ်သံဃာတော်မှ မရှိပါဘူး''ဟု ယင်းတာဝန်ကျ ရဲအရာရှိက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးခင်ညွန့်သည် ယင်းဝန်ကြီးချုပ် တာဝန်ယူ စဉ်ကာလအတွင်း အဆိုပါကျောင်းဆောင် ကြီးအား ပီနန်ဆရာတော်ကြီးထံ ပြန်လည် လွှဲအပ်ရန် စီစဉ်ဆဲအချိန်၌ ယင်း၏တပ် မတော်ထောက်လှမ်းရေးတပ်အား ဖျက်သိမ်း ၍ ထောက်လှမ်းရေးအဖွဲ့ဝင်များအား ဖမ်း ဆီးထောင်ချကာ နေအိမ်အကျယ်ချုပ်ကျ ခံခဲ့ရခြင်း ဖြစ်သည်။

ဦးခင်ညွန့်က ''နိုင်ငံရေးဆိုတာ ကိုလဲမလုပ်ဘူး၊ ဘယ်တော့မှ မလုပ်ဘူး၊ သ တင်းတွေကထည့်နေတာ ရောင်းကောင်း အောင် ထည့်နေတာ၊ နိုင်ငံရေးမလုပ်ဘူး စိတ်ကူးထဲမှာ လုံးဝကိုမရှိဘူး''ဟု ယင်းက ပြောသည်။
 

အဆိုပါကျောင်းတိုက်တွင် နေထိုင် သည့် သံဃာတော်ငါးပါးအား လူဝတ်လဲ ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ဖမ်းဆီးခံရသည့် သံဃာများနှင့် နီးစပ်သူများ ထံမှသိရပြီး ထိုသို့ဖမ်းဆီးခံရသည့် သတင်း ထွက်ပေါ်ပြီး နှစ်ရက်ဆက် ပြည်သူများနှင့် သံဃာများ ဆန္ဒပြမှုများပြုလုပ်မည်ဟု သ တင်းများ ထွက်ပေါ်ခဲ့သည်။

ပီနန်ဆရာတော်ကြီး၏ ဒကာများ ဖြစ်သည့် သရုပ်ဆောင်များနှင့် သံဃာတော် များ ဆန္ဒပြမည်ဆိုသည့်သတင်းများ ထွက် ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်းကို လည်း အဆိုပါသရုပ်ဆောင်များက ပြော သည်။
 

သာသနာရေးဝန်ကြီးဌာနမှ အ ဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သံဃ မဟာနာယက၏ ညွှန်ကြားချက်အရ လုပ် ဆောင်လျက်ရှိသည်ဟု ဆိုသည်။

နိုင်ငံတော် သံဃမဟာနာယက၏ လုပ်ဆောင်ချက်များ အား နိုင်ငံရေးအဖွဲ့အစည်းများ ဘာသာရေး အဖွဲ့အစည်းများနှင့် ဗုဒ္ဓဘာသာဝင်များက ပါ စောင့်ကြည့်လျက်ရှိနေပြီး ပြည်ထောင်စု အစိုးရနှင့် တိုင်းအစိုးရတို့ကပါ သာသနာရေး ဝန်ကြီးဌာနနှင့် မဟန၏လုပ်ဆောင်ချက်များ ကို တားမြစ်ခြင်းတစ်စုံ တစ်ရာမရှိကြောင်း လည်းတွေ့ရသည်။


.. www.MyanmarExpress.net
 

ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်

From : ..NW


၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။

´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊ နိုင်ငံရေးလုပ်ရမယ့် အခြေအနေမျိုး အချိန်အခါမျိုး ကျွန်တော်တို့အရွယ် မဟုတ်တော့ပါဘူး၊နောက်လူငယ်တွေ အများကြီးရှိပါတယ်၊ ကျွမ်းကျင်တဲ့ လူငယ်တွေ၊ ပညာတတ် လူငယ်တွေ သူတို့ကနေ တိုင်းပြည်ကို ဆက်လက်ပြီးဦးဆောင်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်၊ ကျွန်တော် နိုင်ငံရေး ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုတာ ဒီနေရာကနေပြီး အာလုံးကို ကတိပေးပါတယ်´ ဟု ပြောကြားခဲ့သည်။

ထိုသို့ အသိပေးပြောကြားခြင်းအပေါ် ၀ါရင့်အယ်ဒီတာတစ်ဦးက `နိုင်ငံရေး မလုပတော့ဘူးပြောရအောင် သူက ဘယ်တုန်းကများ နိုင်ငံရေးလုပ်ခဲ့လို့လဲ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတဲ့ အလုပ်ပဲ လုပ်ခဲ့တာ´ ဟု ဝေဖန်ခဲ့သည်။

(ဓါတ်ပုံ)မျိုးမင်းစိုး

.. www.MyanmarExpress.net
 

အကူအညီ တောင်းမည့် သူများကို မျှော်လင့်စောင့်စားနေသူ ဦးခင်ညွန့်

From : .. popular

 

ယခင် အစိုးရ လက်ထက်တွင်  ထောက်လှမ်းရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့စဉ်က ဒီမိုကရေစီ ဟူသည့် ဝေါဟာ ရကို ဟစ်ကြွေးခဲ့ သူများအား အပြစ် ဒဏ် သင့်စေနိုင် စွမ်း ရှိခဲ့သည့် ဦးခင်ညွန့် သည် ရာထူးမှ ဖယ်ရှား ခံရပြီးနောက် နေအိမ် အကျယ်ချုပ်အဖြစ် ဆယ်စုနှစ် တစ်ခု နီးပါးမျှ အပြစ်ပေးခံခဲ့ ရကာ ယခု အချိန်တွင် မူ သူ့ထံမှ အကူ အညီတောင်း ခံမည့်သူများအား မျှော်လင့်လျက် ရှိ သည်။

”ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီး ရှိပေမယ့် နည်းဗျူဟာ သမား တစ်ယောက် အဖြစ် ဒါမှမဟုတ် အတိုင်ပင်ခံ တစ်ယောက် အဖြစ် ဘယ်သူကမှ အကူအညီ လာမတောင်းကြပါဘူး။ အကယ်၍ တစ်ယောက်ယောက် က ချဉ်းကပ်ပြီး အကူအညီ တောင်းလာခဲ့ရင် အကောင်းဆုံး ညွှန်ကြားချက်တွေ ကျွန် တော်ပေးမှာပေါ့။ ဒါဟာ လည်း နိုင်ငံတော် အကျိုး အတွက်ပါပဲ။ ကျွန်တော်က နိုင်ငံရေးသမား တစ်ယောက် မဟုတ်တဲ့ အတွက် ဘယ်ဘက်ကို မှလည်း လိုက်မှာ မဟုတ်ဘူးလေ” ဟု ဦးခင်ညွန့် က ပြော ပါသည်။

တစ်ချိန်က လူ အများကြောက်ရွံ့ ခဲ့ကြသည့် ဗိုလ်ချုပ်ကြီးဟောင်း သည် ယခုအခါ သစ်ခွပန်းများ ပြုစု ပျိုးထောင် ခြင်း၊ တရား အားထုတ်ခြင်း တို့ကိုပြုလုပ် လျက် ရှိပြီး ပန်းချီပြခန်း ငယ်တစ်ခုကို လည်း တည်ထောင် ဖွင့်လှစ်ထားသေး သည်။

”ကျွန်တော့် စစ်မှု ထမ်းသက် ၄၅ နှစ် ရှိခဲ့ပါတယ်”ဟု ဦးခင်ညွန့်က ပြောသည်။ ”ဒါပေမဲ့  ခုကျွန်တော့် ဘဝဟာ တော့ အင်မတန် ပျော်ရွှင်စရာ ကောင်းပြီး ငြိမ်းချမ်း လှပါတယ်” ဟု သူက ဆက် ပြောပါသည်။

သို့ရာတွင် သူ့ဧည့်ခန်း ထဲရှိ ကွန်ပျူတာ စကရင် တစ်ခုတွင်မတော့ ခြံဝင်း ထဲတွင် တပ်ထားသော စီစီ တီဗီကင်မရာ များမှ မြင်ကွင်းငယ်လေး များ ၁၆ ခုကို တွေ့နေ ရခြင်း က သာမန် အသက် ၇၃ နှစ် အရွယ် ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည့် အရိပ်အယောင် ကိုပြနေလေ၏။ ဧည့် ခန်း နံရံနှင့် စင်များပေါ် တွင်လည်း မိ သားစု ဓာတ်ပုံများ၊ ဗုဒ္ဓ ဆင်းတုတော် များရှိနေသလို ရှိုးကေ့စ်ထဲ တွင်လည်း ယခင် ဗိုလ်ချုပ်ကြီး ဘဝက ရွှေပေါင်ကွပ် အနီးကပ် ဓာတ်ပုံ သုံးခုတို့ ရှိနေသည်။

သူသည် ဒေါ်အောင်ဆန်းစုကြည် ကို ထင်ရှား ကျော်ကြား လာစေသည့် ၁၉၈၈ လူထုအုံကြွမှုအား ရက်ရက်စက်စက် နှိမ်နင်းခဲ့သူ အဓိက ပုဂ္ဂိုလ် အဖြစ် ထင်ရှားပြီး ၊ ပြိုင်ဖက် များကိုလည်း လူမ ဆန်စွာ အပြစ်ပေးတတ်သူ တစ်ဦးအဖြစ် သတ်မှတ်ခံ ရသူလည်း ဖြစ်ခဲ့၏။ သူ့ သတင်းပေးများ နေရာ တကာတွင် ရှိနေ ခဲ့ချိန်က သာ မန်ပြည်သူများ အနေဖြင့် အစိုးရ မကောင်းကြောင်း ကိုပင် အသံ ကျယ်ကျယ် မပြောဝံ့ ခဲ့ကြချေ။

၂ဝဝ၃ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီးနောက် တစ်နှစ် အကြာတွင်ပင် စစ် အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က သူ့အား အကျင့်ပျက် လာဘ် စားသည်ဟု ဆိုကာ ရာထူးမှ ချ၍ နေအိမ် အကျယ်ချုပ် အပြစ်ပေးခဲ့သည်။ သူကမူ အဆိုပါ အကျင့်ပျက် လာဘ်စားသည် ဆို ခြင်းကို ငြင်းဆိုခဲ့လေ၏။

၂ဝ၁၂ ခုနှစ်တွင်မူ ထောင်ထဲသို့ သူ အများဆုံး ပို့ခဲ့သည့် နိုင်ငံရေးအကျဉ်း သားတို့နှင့်အတူ လွတ်ငြိမ်း ချမ်းသာခွင့် ရလာခဲ့ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် တွင် သာမန် အရပ်သား တစ်ဦးအနေဖြင့် လျှောက်လှမ်းလျက်ရှိသည်။

သူ့အဖွဲ့သား ၂ဝ ကျော် တို့မှာမူ အကျဉ်းမှ လွတ်မြောက်ပါက နိုင်ရေး မလုပ်ပါဟူ၍ သဘောတူ လက်မှတ်ရေး ထိုးပြီးဖြစ် ကြသော်လည်း ယခုတိုင် မလွတ်မြောက် ကြသေးချေ။ သူတို့၏ မိသားစု များမှာလည်း ယင်းတို့လွတ် မြောက်ရေးအတွက် ကြိုးစား လျက်ရှိကြ ၏။

 မြန်မာ့ အရေး ကျွမ်းကျင်သူ သတင်းစာ ဆရာကြီး မစ္စတာ ဘာတီးလ် လင့်တနာ ကမူ ”ပြဿနာကို (ဘာကြောင့် ခုထိ မလွတ်ရသေးလဲ ဆိုတာ) အဲဒီ လူ တွေ ကောင်းကောင်း ကြီး သိကြပါတယ် လေ”ဟု ပြောပါသည်။

ယခု ဝေါလ်စထြိ ဂျာနယ်နှင့် တွေ့ဆုံရာတွင်မူ သူနေအိမ် အကျယ်ချုပ်ကျ နေစဉ်က အိမ်ထောင် ပစ္စည်း များနှင့် ဝန်ကြီးချုပ်ဘဝကရရှိခဲ့သည့် လက်ဆောင် များ ကို ရောင်းချကာ အိမ်ထောင် လိုအပ် ချက်များကို ဖြည့်ဆည်း ခဲ့ရကြောင်း ဦးခင်ညွန့်က ပြောပါသည်။ မိသားစု ပုံမှန် ဝင်ငွေ အတွက် ခြံထွက် သစ်ခွပန်း များကို သူ့ မိသားစု ဝင်များက အပတ်စဉ် ဈေးသို့ သွားရောင်းခဲ့ ရကြောင်းကိုလည်း သူ ကပြောပါသေးသည်။

”ကျွန်တော်က နေအိမ် အဝန်းအ ဝိုင်းထဲက ထွက်လို့ မရသလို ဆွေမျိုးမိတ် သင်္ဂဟတွေ ကလဲ ကျွန်တော့်ကို လာ တွေ့လို့မရဘူး”ဟု ဦးခင်ညွန့် က ပြောပါသည်။ ခြံထဲတွင် လမ်းလျှောက်လျှင် သော်မှ သူ့အနီးဝယ် လုံခြုံရေး အစောင့် များ ရှိနေခဲ့သည်။

”မနက်နိုးတာနဲ့ ဘုရားရှိခိုးတယ်၊ တရား ထိုင်တယ် ပြီးတော့ ခြံထဲမှာ လမ်း လျှောက်တယ်။ ဥယျာဉ် စိုက်တာရယ် မြန်မာ့အလင်း သတင်းစာက သတင်း တွေ ဖတ်တာ ရယ်၊ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ တို့အပါအဝင် ရေဒီယို နားထောင်တာတွေ နဲ့ပဲ အချိန်တွေ ကုန်ခဲ့ ရတယ်”ဟု ဦးခင်ညွန့်ကပြောသည်။

သူ့အဖြစ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျခြင်းနှင့် သိပ်မထူးခြားလှ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူနေအိမ် အကျယ်ချုပ် ကျစဉ်ကာလ များက တရား အားထုတ် ခြင်း၊ ဒဿနနှင့် နိုင်ငံရေး စာပေများဖတ် ရှုခြင်းနှင့် သတင်းများ နားထောင်ခြင်းတို့ ဖြင့် အချိန်များ ကုန်လွန်စေခဲ့ရကြောင်း အင်တာဗျူးပေါင်း များစွာတွင် ပြောခဲ့ သည်။

”ကျွန်တော့် စိတ်ထဲ မှာတော့ သူ့ကို ညီမလေး တစ်ယောက်လိုပဲ ရှိနေပါတယ်”ဟု ဦးခင်ညွန့် ကပြောသည်။ ယခု ဆောင်းပါး ရေးသားရန် အတွက် တွေ့ ဆုံမေးမြန်းခြင်း ကိုမူ ဒေါ်အောင်ဆန်းစု ကြည်က ငြင်းပယ်ခဲ့ပါသည်။
ဦးခင်ညွန့် အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် ယခင်/ယခု ဆက်ဆံ ရေးကို ညွှန်းဆို ပြောကြားခြင်း မရှိခဲ့ပါ။

သို့ရာတွင် ပြီးခဲ့သည့် ဧပြီလ အတွင်းက ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်း ဆောင်းပါး တစ်ပုဒ်ကြောင့်မူ ဦးခင်ညွန့် ထံသို့ မြန်မာ နိုင်ငံ အထူး သတင်း တပ်ဖွဲ့မှ တာဝန် ရှိသူများ ရောက်လာခဲ့ကြသေးသည်။

”အထူး သတင်းတပ်ဖွဲ့က သူ့ဆီ ရောက်လာကြတဲ့ အချိန်မှာ သူက ကျုပ် တို့ကျောင်းမှာ ရဟန်း ဝတ်ကြီးနဲ့လေ”ဟု ရန်ကုန် အလိုတော်ပြည့် ကျောင်းတိုက်မှ ဦးဇင်း ဘီလူးက ပြောပါသည်။ ”ဘန် ကောက်ပို့စ်မှာ သူပြောခဲ့တာတွေ နဲ့ပတ် သက်လို့မေးကြတော့ ငါသည် နိုင်ငံ တော် အကျဉ်းသား တစ်ယောက် ဖြစ်ခဲ့ သလိုမျိုး လာ ခြိမ်းခြောက် မနေကြနဲ့။ ခုချိန်ထိ ဘယ်ဥပဒေကိုမှ မချိုးဖောက် ခဲ့ဘူးလို့ သူက ပြန်ပြောလိုက်တယ်” ဟု ဦးဇင်းဘီလူး က ပြောပြပါသည်။

ဦးခင်ညွန့်သည် ကဖေးဆိုင်လေး တစ်ခုနှင့် ပန်းချီပြခန်း တစ်ခုကို သူ့အိမ် ၏ တစ်ဖက် တစ်ချက်တွင် ဖွင့်လှစ် ထားသည်။ ပန်းချီ ပြခန်းလေး တွင် ပြပွဲများ ရံဖန်ရံခါ လုပ်လေ့ ရှိသည်။ ထို့အတွက် သူက အခကြေးငွေမယူပါ။

သူသည် အစိုးရနှင့် သဘောထား ကွဲလွဲ ဆန့်ကျင်သူ ထောင်ပေါင်း များစွာ ကို အကျဉ်းကျ စေခဲ့ပြီး၊ ယင်းတို့ အနက် အများစု ကိုလည်း နှိပ်စက်ခဲ့ ဖူးသော်ငြား လည်း လက်ရှိ မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲနေမှု များကို အပြည့်အဝ ထောက်ခံကြောင်း ဦးခင်ညွန့်က ပြောပါသည်။ ”နိုင်ငံရေး ပြုပြင်ပြောင်းလဲ တာ ဟာ ကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ကျွန်တော်တို့ ရှေ့ကို ဆက်သွားရမယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက် ကြရမယ်။ စစ်အစိုးရ ဆိုတာ ကြာလာ ရင်အလုပ် မဖြစ် ဘူး” ဟု သူကပြောသည်။

 နိုင်ငံရေး ဆိုတာ လူငယ်တွေ လုပ် ရမယ့်အလုပ်၊ အထူးသဖြင့် အသွင် ပြောင်းလဲရေး ကာလမှာပေါ့”ဟု ဦးခင် ညွန့်က ပြောပါသည်။

သို့ရာတွင် ဒီမိုကရေစီ ဆိုသည်မှာ စည်းကမ်း ရှိကိုရှိရမည် ဟူ၍တော့ ဦးခင် ညွန့်ယူဆပါသည်။ သူ၏ စံနမူနာခေါင်း ဆောင်များမှာ စင်ကာပူ မှ လီကွမ်းယူနှင့် တရုတ်မှ တိန့်ရှောင်ဖိန် တို့ ဖြစ်သည် ဆို၏။

ဦးခင်ညွန့်သည် ငြိမ်းချမ်းသော လက်ရှိဘဝတွင် ပျော်မွေ့နေသည့်တိုင် အောင် နိုင်ငံရေးမှာတော့ သူ့စိတ်ထဲတွင် ရှိနေသေးပုံ ရ၏။ ၁၉၈ဝ ခုနှစ်က တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး အတွက် သူ ဘယ်လို ညှိနှိုင်းဆောင်ရွက်ခဲ့ ရသည် တို့ကို အသေးစိတ် ပြောပြသည်။ ”အပြန်အလှန် ယုံကြည်လေး စားမှုနဲ့ ပွင့်လင်းမြင်သာမှု တွေကစခဲ့တာ”ဟု သူကပြောပါသည်။

သူ ထောက်လှမ်းရေး အကြီးအကဲ အဖြစ် တာဝန် ယူခဲ့စဉ်က ဆောင်ရွက်ခဲ့သည် တို့နှင့် ပတ်သက်၍မူ မည်သည့် နိုင်ငံရေး ဆိုင်ရာ ရည်မှန်းချက်မှ မပါဘဲ ဆောင် ရွက်ခဲ့ခြင်းများဖြစ်ကြောင်း သူ ကပြောပါသည်။ ”ဒါဟာ ကျွန်တော့် တာဝန်လေ။ အမိန့်တွေကို နာခံရတာပဲလေ။ ဒီတော့ကာ အဲဒီ လုပ်ငန်းစဉ်တွေ မှာ ကျွန်တော် ပါဝင် ပတ်သက်ရတော့တာ ပေါ့”ဟု သူက ပြောပါသည်။

သို့ရာတွင် သူအကျဉ်းကျစေခဲ့ သူ များကမူ ဦးခင်ညွန့် တွင် အပြစ်မရှိဟု ဆိုခြင်းကို လက်မခံကြပါ။

”သူ ကျူးလွန်ခဲ့တာတွေ အတွက် သူ့မှာ အပြစ်မရှိကြောင်းကို မဟုတ်တ ရုတ်တွေ လျှောက်ပြောနေတယ် လို့ပဲ ကျွန်တော် ယုံကြည်တယ်” ဟု နိုင်ငံရေး အကျဉ်းသား တစ်ဦး အဖြစ် ထောင်ထဲ တွင် ၁၁ နှစ် နေခဲ့ရသော ကိုခင်ဇော်ဝင်း ကပြောပါသည်။ သူကမူ ဦးခင်ညွန့်နှင့် တပ်မတော် ထောက်လှမ်းရေး တို့ကြောင့် သာဟု အပြစ်တင် ပါသည်။ ”တရားစီ ရင်ရေး လုပ်ငန်းစဉ်ဟာ ဒီလိုလွယ်လွယ် လေးတော့ မဟုတ်ဘူးလေ”ဟု ကိုခင် ဇော်ဝင်း ကပြောပါသည်။
ဟက်ကာ
.. www.MyanmarExpress.net
 

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် ၂၀၁၅ ရွေးကောက်ပွဲဝင်အရွေးခံ မခံကိစ္စ

From : . စောင့်ကြည့်

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပ မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ရန်ကုန် တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။


‘ဝင်အရွေးခံမယ်ဆိုတာ မဟုတ်ပါ ဘူး။ ကောလာဟလတွေပါ။ ဗိုလ်ချုပ်ကြီး အနေနဲ့ ခုအချိန်မှာတော့ ဘာသာရေး၊ လူမှုရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ လှူဒါန်းလုပ်ကိုင်နေတယ်။ ရွှေမှော်ဝန်းလို မျိုးပေါ့။ ပြီးတော့ သူ့ဘဝကို မိသားစုနဲ့ အတူ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေထိုင် သွားချင်တဲ့စိတ်ပဲ ရှိနေပါတယ် ဟု ဗိုလ် ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏တပည့်ဖြစ် သူ ဦးနေလင်းအောင်က NewsWatch သတင်းဂျာနယ်ကို ပြောသည်။

ဦးခင်ညွန့်ကို ကျောက်တန်းမြို့နယ် ပြည်သူတို့ အားပေးမှုအများအပြားရှိနေ သည့်အတွက် အဆိုပါသတင်းထွက်ပေါ် ခဲ့ခြင်းဖြစ်သည့်အတွက် ၂၄-၁၀-၂၀၁၃ ရက်နေ့ သူရဦးရွှေမန်း၏ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ယောက်က မေးမြန်းခဲ့ရာ ဒီသတင်း ထွက်တာ မှန်တယ်ဆိုရင်တော့ သူရွေး ချယ်ပိုင်ခွင့်ရှိပါတယ်။ သူ့ရဲ့အခွင့်အရေးပါ။ သူ အောင်မြင်မှုရရှိခြင်း မရှိခြင်းက တော့ ပြည်သူများကပဲ အဆုံးအဖြတ်ပေး သွားမှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ သီးခြား မှတ်ချက်မရှိဘူး ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ ဦးခင်ညွန့် သည် ယခင် စစ်အစိုးရလက်ထက်က အာဏာအကြီးဆုံး သုံးဦးတွင်ပါဝင်ခဲ့သူ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ပြီး လျှင် အာဏာအရှိဆုံးဟုပြောနိုင်ကြောင်း နိုင်ငံရေးသမားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ လက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ယခုအခါ မရမ်းကုန်းမြို့ နယ် အမှတ် (၂၇)ရှိ နဝဒေး မြန်မာ့ယဉ် ကျေးမှု အနုပညာပန်းဥယျာဉ်ကို ဖွင့်လှစ် ထားကာ ယင်းနေရာကို လူအများလာ ရောက်နိုင်သည့် နေရာအဖြစ် ပြုလုပ်နေ ထိုင်လျက်ရှိကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက် ရွှေမှော်ဝန်း လူမှုယဉ်ကျေးကူညီရေးအဖွဲဖွဲ့ကာ နာယကအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိ သည်။


 ... www.MyanmarExpress.net