မလေး က သူငယ်ချင်းများ အားလုံးကိုလဲ သတိလေး ပေးချင်လို့ ပါ၊ ဖြစ်ပုံကတော့ ကျနော့် အကို ဖုန်းဝယ်မယ် ဆိုပြီ KL က kota RAYA ကုန်တိုက် မှာ သွားပါတယ် ဖုန်းတွေ ကြည့်ရင်း ဖုန်းဆိုင်က အရောင်းစာရေး က
iphone တွေကိုပြတယ် အခု discount ရှိတယ်ဆိုပြီး ရောင်းတယ် အရင်က RM950 အခု RM550 ပဲရှိတယ် ဆိုတော့ အကို ပါလာတဲ့ ငွေက 600 ဆိုတော့ ဝယ်မယ်ဆိုပြီး ငွေရှင်လိုက်တယ် passport နံပါတ်တောင်းတယ် လက်မှတ်ထိုးခိုင်းတယ် ဖုန်းယူဖို့ ပြောတော့ ရုံးခန်းမှာ စရင်း သွင်းဖို့ ခေါ်သွားတယ် ပြီးမှ ဖြတ်ပိုင်း ကိုပေးတယ် 950 ကို 550 ရှင်း 400 ကျန် ဆိုတာတွေ့ ရတော့တယ် ဖုန်းမပေးပဲ ကျန်တဲ့ RM400 ကိုရှင်းပြီးမှ ဒီဖုန်းကို ရမယ်ပြောပြီး ဖုန်းကို သိမ်းထားလိုက်တယ် ကျနော့် အကို ကလဲ သူ့ ကို လိမ်ရောင်းတယ် ဆိုပြီး ဆဲတယ် ကောင်တာ ကိုခြေထောက်နဲ့ ကန်လိုက်တယ်
နောက်အဲဒီ အရောင်းစာရေး က ဘေးဆိုင်က လူတွေကို ခေါ်လိုက်တယ် နောက် အကို့  ကိုဝိုင်းထားပြီး ကျန်တဲ့ 400 ကိုလာရှင်းမှ ဖုန်းပေးမယ်ဆိုပြီး ပြောလိုက်တယ် ဒီလိုနဲ့ ပြန်ခဲ့ပြီး နောက်နေ့ မှ ကျန်တဲ့ 400 ကိုရှင်းပြီးမှ ယူခဲ့ရယ်
ဒါကြောင့် သူငယ်ချင်းများလဲ ဖုန်းဝယ်မယ်ဆိုရင် ဈေးချိုတယ် ဆိုပြီး အရမ်းမဝယ်မိဖို့ သတိလေး ပေးလိုက်ပါတယ် သူငယ်ချင်းများ ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။
Myanmar Express
3 comments:
မိုက်ရိုင်းလိုက်တာာာာကွာာ ..........
အဲ့လိုတော့ တခါမှ့ မကြုံဖူးဘူး.. သူတို့ပြောတာ နားမလည်လို့ များလား
နောက်တခု မလေးရှားမှာ ဖုန်းရောင်းတဲ့သူတွေလိမ်နည်းတမျိုးရှိသေးတယ် ..
ဟမ်းဆက်တခုကို မူရင်းပေါက်ဈေးထက် ရင်းဂစ် ၅၀
ဝန်းကျင်လောက်လျော့ပေးထားတယ် .. ဈေးတည့်ပြီးရင် ငွေချေခိုင်းတယ် ..ဘောက်ချာမှာ လက်မှတ်ထိုးခိုင်းတယ် ..ပြီးရင် မြန်မာသီချင်းတွေ ဂိန်းတွေထဲ့ပေးမယ်ပြောတယ် ..သဘောတူကြောင်းလက်မှတ်ထိုးထိုင်းတယ် ..ပြီးတော့မှ နောက်ထပ် ရင်းဂစ် ၃၀၀ - ၄၀၀ ထပ်ပေးရမယ်တောင်းတယ် ..မပေးရင် ဖုန်းမပေးဘူး ..အဲဒါပေးမှ ဖုန်းပေးမယ်ပြောတယ် ..
ဘာကြောင့်လဲထပ်ပေးရမှာလဲမေးတော့ ..အင်တာနက်ဒေါင်းလော့လုပ်တာ ..ဘယ်ဂိမ်းကဘယ်လောက် ..ပြောတော့တာဘဲ့  ..မပေးနိုင်ဘူးဆိုပြီး စကားကျယ်ကျယ်နဲ့  ငြင်းခုန်ရင်လဲ ဘေးဆိုင်တွေကလူတွေနဲ့  ပေါင်းပြီးရန်ရှာတယ် . နောက်ဆုးံ နိုင်ငံခြားသားတွေဘဲလက်လျော့ပြီး ထပ်ပေးလိုက်ရတာဘဲ .. မြန်မာ ၁၀ ယောက်
ဝန်းကျင်အဲဒီလိုမျိုးခံခဲ့ရပြီးပါပြီ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်