Subscribe to our RSS Feed
Showing posts with label တိုင်းရင်းသားအသံ. Show all posts
Showing posts with label တိုင်းရင်းသားအသံ. Show all posts

အန်အယ်လ်ဒီ ကို တိုင်းရင်းသားပါတီများ မယုံကြည်

From : .. dvb


အန်အယ်လ်ဒီ ကို တိုင်းရင်းသားပါတီများ မယုံကြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းသွားမယ်ဆိုတဲ့အပေါ် တိုင်းရင်းသားပါတီများက အယုံအကြည်မရှိကြောင်း သတင်းရရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းသွားမယ်ဆိုတာကို အယုံအကြည်မရှိဘူးလို့ ရန်ကုန်မြို့ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ဇူလိုင်လ ၁၆ ရက် က ပြုလုပ်ခဲ့တဲ့ ချင်းမိသားစု နိုင်ငံရေးပါတီများ တတိယအကြိမ် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲမှာ ချင်းအမျိုးသားတိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောကြားခဲ့တာပါ။


“သမိုင်းကြောင်းအရ ကျွန်တော်တို့ အယုံအကြည်မရှိဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက CNLD ဆိုတဲ့ Chin National League for Democracy ပါတီက NLD နဲ့ electoral ပိုင်းညှိခဲ့ဖူးတယ်။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ NLD က လာပြီးပြိုင်တာပဲ။ ဒီတော့ သူတို့ညှိခဲ့တဲ့ electoral alliance ကို သမိုင်းကြောင်း ကြည့်ခြင်းအားဖြင့် ယုံဖို့ရာ တော်တော်လေး ခဲယဉ်းတယ်။ သမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ NLD ကို အယုံအကြည် မရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။


၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ခွဲဝေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ညှိနှိုင်း သွားဖို့ အစီအစဉ် မရှိဘူးလို့ ရခိုင် အမျိုးသား ပါတီ(ANP) နာယက ဦးအေးသာအောင်ကလည်း ပြောပါတယ်။


ရခိုင်အမျိုးသားပါတီ(ANP) ဟာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးကို ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး NLD နဲ့ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိဘူးလို့ ဦးအေးသာအောင်က ပြောပါတယ်။


“ပြည်နယ် အစိုးရဖွဲ့နိုင်ဖို့ ကျနော်တို့က နေရာအားလုံးဝင် ပြိုင်မှာပါ။ NLDကလည်း ပြည်နယ်ကနေရာတွေကို ရှောင်ပေးဖို့ဆွေးနွေးမယ် မထင်ပါဘူး”လို့ ပြောခဲ့ပါတယ်။


ရှမ်းတိုင်းရင်းသားများပါတီနဲ့ မွန်အမျိုးသားပါတီတို့ကလည်း NLD နဲ့ မဲဆန္ဒနယ် ညှိနှိုင်းဖို့ အစီအစဉ် မရှိကြောင်း သတင်းရရှိထားပါတယ်။


Video ကြည့်ရန် https://www.facebook.com/MyanmarExpress/videos/869275346499922/
 

.. https://www.facebook.com/MyanmarExpress