Subscribe to our RSS Feed

အမျိုးသားရေး ဆုံမှတ်-27th SEA Games

From :Hmuu Zaw 


● ဒီကနေ့ ဒေသတွင်းမီဒီယာတွေ၊ နိုင်ငံတကာက မြန်မာ့အရေးစိတ်ဝင်စားကြတဲ့ မီဒီယာတွေရဲ့ Front Page တွေမှာ နေပြည်တော်ဆီးဂိမ်းဖွင့်ပွဲသတင်းကို ဓါတ်ပုံတွေနဲ့ တခမ်းတနား ရေးသား ဖော်ပြထားကြတာ တွေ့ရပါတယ်။ တစ်ချို့ သတင်းအာဘော်တွေမှာ ရေးသားဖော်ပြထားတာတွေက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။


● တစ်ချိန်က အထီးကျန် သင်းကွဲနိုင်ငံကလေးဆီက ကမ္ဘာကို ထုတ်ပြလိုက်တဲ့ Message က မြန်မာတွေ လုပ်နိုင်တယ် ဆိုပါသတဲ့။ တစ်ချို့ဆိုရင် ဒီလောက်ထင်မထားဘူး ဆိုပြီး ပြောင်ပဲ ရေးသားထားတာ တွေ့ရှိရပါတယ်။ ဘာပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံကို အပြုသဘောမြင်ကြသည် ဖြစ်စေ၊ အဆိုးမြင်ကြသည် ဖြစ်စေ တလေးတစား ဖြစ်သွားကြရတာတော့ မငြင်းနိုင်ပါဘူး။

● တစ်ချို့က ဘာကို အသားပေးပြီး ရေးထားသလဲ ဆိုတော့ ဖွင့်ပွဲအခမ်းအနားမှာ ပြသသွားတဲ့ မြန်မာ့ရိုးရာတူရိယာတွေနဲ့ တေးသွားသံစဉ်တွေကို စိတ်ဝင်တစား ရေးသားပြီး မြန်မာနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းတွေကိုပါ တို့ထိသွားခဲ့ပါတယ်။

● အာဆီယံနိုင်ငံတစ်ချို့က မီဒီယာတွေမှာဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတံခါးဖွင့်မှု၊ စီးပွားရေးထွန်းသစ်မှုတွေနဲ့ ဒီဆီးဂိမ်းဖွင့်ပွဲကို နှိုင်းယှဉ်ရေးသားထားတာကိုလည်း တွေ့ရှိရပါတယ်။

● အာဆီယံနိုင်ငံတစ်နိုင်ငံက မီဒီယာတွေမှာဆိုရင် မိန်းမောတွေဝေ မင်တက်မိသွားစေတဲ့ ဆီးဂိမ်းဖွင့်ပွဲ ဆိုပြီး ဂုဏ်ပြုချီးကျူးရေးသားထားတာ တွေ့ရှိရပါတယ်။

● အနောက်နိုင်ငံက မီဒီယာတစ်ချို့မှာဆိုရင် တရုတ်နည်းပညာအသုံးပြုမှုနဲ့ပတ်သက်ပြီး လန်ဒန်အိုလံပစ်လည်း တရုတ်နည်းပညာ သုံးခဲ့ရတာပဲ၊ ကမ္ဘာမှာ တရုတ်နည်းပညာနဲ့ ကင်းနိုင်တာ ဘယ်မှာ ရှိလို့လဲ ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။

● မှန်ပါတယ်။ မြန်မာဆိုတာ အနှိမ်ခံ၊ အပယ်ခံ၊ အထီးကျန် နိုင်ငံငယ်လေး တစ်နိုင်ငံပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မငြိမ်းနိုင်တဲ့ ပဋိပက္ခတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ ပြည့်လွှမ်းနေတဲ့ နိုင်ငံငယ်ကလေးပါ။

● ဒီနိုင်ငံငယ်လေးက ဆီးဂိမ်းတာဝန်ယူကျင်းပမယ် ဆိုတော့ ဟုတ်မှဟုတ်ပါ့မလား၊ လုပ်မှလုပ်နိုင်ပါရဲ့လား ဆိုတဲ့ သံသယမျက်ဝန်းတွေ၊ မျက်မှောင်ကျုံ့ပြီး ကြည့်တာမျိုးတွေ၊ အထင်သေးအမြင်သေး အကြည့်တွေ ရှိခဲ့ကြတာဟာလည်း ရင်နာစရာပါ။

● တရုတ်နိုင်ငံဟာ ကမ္ဘာ့အဆင့်ကို တက်လှမ်းလိုက်ပြီ ဆိုတာကို ဘေကျင်းအိုလံပစ်နဲ့ သက်စေပြခဲ့ပါတယ်။ တောင်အာဖရိကဟာ ကမ္ဘာ့အဆင့် အခမ်းအနားတွေ အသင့်ဖြစ်နေပါပြီ ဆိုတာကို ကမ္ဘာ့ဖလားနဲ့ ပြသခဲ့ပါတယ်။ အိမ်နီးချင်းမိတ်ဆွေ လာအိုနိုင်ငံသည်ပင်လျှင် ဆီးဂိမ်းကို အိမ်ရှင်အဖြစ် လုပ်ပြခဲ့ပြီးပါပြီ။

● ကျွန်တော်တို့ မြန်မာနိုင်ငံ ဆီးဂိမ်းအိမ်ရှင်နဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း(၄၀)ကျော်ခဲ့ပါပြီ။ ဒီဆီးဂိမ်း ဖွင့်ပွဲကို ကြည့်လိုက်ရတဲ့သူတိုင်း အပြုသဘော ရှုမြင်ကြသည်ဖြစ်စေ၊ ချီးကျူးဂုဏ်ယူကြသည် ဖြစ်စေ အားလုံးရဲ့ရင်ထဲမှာ တူညီတဲ့ ခံစားချက်တစ်ခုစီတော့ သေချာပေါက် ရှိနေပါတယ်။ "မြန်မာ" ဆိုတဲ့ ဇာတိပုညဂုဏ်မာနပဲ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ဘယ်လိုပဲ ရှိရှိ တူညီတဲ့ ဆုံမှတ်တစ်ခုကတော့ အားလုံးရဲ့ ရင်ထဲ၊ နှလုံးသားထဲမှာ ရှိနေကြပါတယ်။

● ရက်ရှည်လများ အပင်ပန်းခံ လေ့ကျင့်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ၊ ဗော်လံတီယာ လူငယ်လေးတွေ၊ ဆီးဂိမ်းဖွင့်ပွဲကို အနယ်နယ်အရပ်ရပ်က ကြည့်ရှုခဲ့ကြရတဲ့ မျိုးဆက်သစ်တွေ အားလုံးရဲ့ ရင်ထဲမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ၊ ဘယ်လို စိန်ခေါ်မှုတွေပဲ တွေ့ရ တွေ့ရ "ငါတို့ လုပ်နိုင်တယ်" ဆိုတဲ့ ခံယူချက်၊ အမျိုးသားရေးစိတ်ဓါတ်ကလေး ခိုဝင်ကိန်းအောင်းသွားပြီ ဆိုရင်ပဲ ကျေနပ်စရာပါ။

● ဒီစိတ်ဓါတ်၊ ဒီခံယူချက်နဲ့ ဒီနိုင်ငံရဲ့ အနာဂတ်ကို သူတို့ တည်ဆောက်သွားနိုင်မှာပါ။ သူတို့ခေတ် သူတို့အခါမှာ ဒီကနေ့ထက် အဆများစွာ သာလွန်တဲ့ အဆင့်အတန်းတွေကို ဖန်တီးသွားနိုင်မယ်ဆိုတာကို အသေအချာ ယုံကြည်မိပါတယ်။

● ဆီးဂိမ်းအောင်မြင်ရေး အဖက်ဖက်မှ ကျရာအခန်းကဏ္ဍက ပံ့ပိုးကူညီခဲ့ကြသူအားလုံးကို အထူးပဲ ဂုဏ်ယူချီးကျူးမိပါတယ်။

● ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။


10 comments:

တစ်ကယ်ကို ရင်သပ်ရှုမောဘွယ်ဖြစ်အောင် လုပ်ပြနိုင်ခဲ့ပါပြီ ဒါငါတို့ မြန်မာပြည်

ဟုတ်ပါတယ် ကျနော်တို့လုပ်နိုင် ခဲ့ပါတယ်းးးးးး

Good Show. Carry On Myanmar.

We can do at last even though we are criticized with
negative view.

မျက် ရည် တောင် ကျမိတယ်
ကိုယ့်နိုင်ငံ အတွက် ဂုဏ်ယူလို့ မဆုံးဘူး
ဒါပာာ မြန်မာဆိုတာ ကမ္ဘာ ကတောင် ချီးကျူးရပြီ

လုံးဝလေးစားပါတယ်။ SEA Game ရေ၊ တရုတ်နည်းပညာ သုံးတာ ကို သောက်ပစ်ပြောချင်တဲ့ သူများရေ။ အမေရိရန်တောင် သူ့ Treasury Bill တွေ တရုတ်က ကြိတ်ပြီး ၀ယ်ထားတာ အမေရိကန်တစ်နိုင်ငံလုံးပြောင်တော့မှာ အခုမှ သိလို့ မျက်ကလဲဆန်ပြာစ်ြနေကြောင်း၊ တရုတ်ဆီမှာ အမေရိကန် ကုန်သွယ်မှု minus ပ်ြနေတဲ့ ပမာဏက လဲ ကြောက်မက်ဖွယ်ကောင်းကြောင်း၊ ဖတ်ရှုလိုက်ရပါသေးတယ်

ကျွန်​​တော်​တို့ ဂုဏ်​ယူတယ်​ ကျွန်​​တော်​တို့ ဝမ်းသာတယ်​ ကျွန်​​တော်​တို့ မျက်​ရည်​ဝဲတဲ့ထိ ကြည်​နူးခဲ့ကြရပါတယ်

We, Myanmar really could do this work. NO DOUBT!

အမှန် လည်း ကျ နော် တို့ လုပ် နိုင် ခဲ့ ပါ ပြီ

ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီးမှ ပါဝင်သူများအား ကျေးဇူးတင်ကြောင်း သတင်းစာမှာထည့်ထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ကလည်း အခုလို ခမ်းနားတဲ့ဖွင့်ပွဲကြီးကို ဦးဆောင်ပေးခဲ့တဲ့သူ့ကို ကျေးဇူးတင်လေးစားလျက်ပါခင်ဗျား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်