Subscribe to our RSS Feed
Showing posts with label တိုက်ပွဲသတင်း. Show all posts
Showing posts with label တိုက်ပွဲသတင်း. Show all posts

မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်လာသူများနှင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာမှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ထားသူ အဒူလ္လာဇတ်ဆိုသူတစ်ဦးတစ်ဦးဖမ်းမိ

From : .. Zaw Shinn



ဇွန်လ ၁၇ ရက် နံနက် ၆ နာရီခန့်ကရခိုင်ပြည်နယ်မောင်တောမြို့နယ်ရေတွင်း
ကျွန်းချောင်းဝကင်းစခန်းအနီးမြန်မာ့ရေပိုင်နက်အတွင်းဝင်လာသောစက်လှေတစ်စီး
ကိုမြန်မာနယ်ခြားစောင့်တပ်ကစစ်ဆေးရန်ပြောကြားစဉ်ဖြေကြားခြင်းမရှိဘဲပြန်
လှည့်ထွက်ရန်ကြိုးစားပြီးသေနတ်ဖြင့်ပစ်ခတ်၍မြန်မာနယ်ခြားစောင့်တပ်ကပြန်လည်
ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုစက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ဆင်ထားသူ တစ်ဦ
နှင့် အရပ်ဝတ်နှစ်ဦး ပါဝင်ပြီး အပြန်အလှန်ပစ်ခတ်ရာ၎င်းတို့စီးနင်းလာသည့် စက်လှေ
စက် ချို့ယွင်းပြီး ရေထဲသို့ခုန်ချရာမှဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ထားသူ
အဒူလ္လာဇတ်ဆိုသူတစ်ဦးကိုM22သေနတ်တစ်လက်နှင့်အတူဖမ်းဆီးမိခဲ့ကြောင်းနှင့်အရပ်
ဝတ်နှစ်ဦးမှာလွတ်မြောက်သွားခဲ့ပြီး၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာသေနတ်ထိမှန်သွား
ခဲ့ကြောင်း၊ဖမ်းဆီးရမိသူအဒုလ္လာဇတ်ကိုအသေးစိတ်အချက်အလက်များစစ်ဆေးမေးမြန်း
နေပြီးယင်းပစ်ခတ်မှုကြောင့်မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှတပ်သားတစ်ဦးခြေထောက်
သေနတ်ထိမှန်ခဲ့၍ ဆေးဝါးကုသမှု ခံယူနေရကြောင်းလည်းသတင်းကြားသိရပါသည်။


. https://www.facebook.com/MyanmarExpress
 

အိန္ဒိယသူပုန်ကို မြန်မာနယ်ထဲလိုက်နှိမ်နှင်း လို့ဆို




.ခြုံခိုတိုက်ခိုက်ခံရမှုအတွင်း  အိန္ဒိယတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီး မကြာခင်မှာပဲ အိန္ဒိယနိုင်ငံဘက်က ဒီတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ခွဲထွက်ရေးသမားတွေကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ တဘက်မှာလည်း ဒီသူပုန်တွေ ၀င်ရောက် ခိုအောင်းလေ့ရှိတဲ့ မြန်မာနိုင်ငံက အစိုးရနဲ့လည်းအတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အိန္ဒိယစစ်ဘက်က ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ လောက်ကို သူပုန်တွေက သတ်ဖြတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဇွန်လ ၉ ရက်နေ့မှာ အိန္ဒိယအစိုးရက ဒီခွဲထွက်ရေးသူပုန်တွေကို အိန္ဒိယ မြန်မာနယ်စပ်အနီးမှာ လိုက်လံ တိုက်ခိုက်ချေမှုန်းနေပါတယ်။ အိန္ဒိယတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို သူပုန်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ထောက်လှမ်းရေးသတင်းတွေအရ မကြာခင်မှာလည်း နောက်ထပ် အလားတူ တိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် တန်ပြန် တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ အိန္ဒိယ ကြည်းတပ် ဗိုလ်ချုပ် Ranbir Singh က ပြောပါတယ်။

“ရရှိထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေအပေါ် အခြေခံပြီး ကျနော်တို့ ဒီစစ်ဆင်ရေးကို လုပ်ခဲ့ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်က Nagaland နဲ့ Manipur နားက သူပုန်အဖွဲ့ ၂ ဖွဲ့နဲ့ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ စစ်သွေးကြွတွေကြောင့် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့အပြီးမှာ ကျနော်တို့ လူထုတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေကို တားဆီးပစ်ရမှာပါ။”

အထူးတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက်သွားတဲ့ သူပုန်တွေကို လိုက်လံ နှိမ်နင်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပေမဲ့  စစ်တပ်ဘက်ကတော့ ဒါကို အတည်ပြု ပြောကြားတာမျိုး မရှိပါဘူး။ မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ သူ့ရဲ့ကိုယ်ပိုင် Facebook စာမျက်နှာမှာ အိန္ဒိယစစ်တပ်အနေနဲ့ မြန်မာပိုင်နက်ထဲမှာ ၀င်ရောက် စစ်ဆင်ရေးလုပ်တယ်ဆိုတာကို ငြင်းဆန်ထားပြီး မြန်မာနိုင်ငံအနေနဲ့ မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမှ မြန်မာပိုင်နက်ထဲ ၀င်ရောက်တာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ရေးထားပါတယ်။ ဗိုလ်ချုပ် Singh က ရှေ့အနာဂတ်မှာ ကြုံတွေ့ရနိုင်တဲ့ အခုလိုသူပုန်တွေရဲ့ တိုက်ခိုက်လာမှုကို မြန်မာအစိုးရနဲ့အတူ လက်တွဲ ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

“မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာစစ်တပ်နဲ့လည်း ဟိုးအရင်ကတည်းက နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ ရှေ့လျှောက်ပြီးတော့လည်း အကြမ်းဖက်သမားတွေကို အတူလက်တွဲနှိမ်နင်းသွားဖို့ မျှော်လင့်ပါတယ်။”

ပြန်ကြားရေးနဲ့ ရုပ်သံလွှင့်ဌာန အငယ်တန်းဝန်ကြီး Rajyavardhan Rathore က ရှေ့လျှောက်ပြီးတော့လည်း အိန္ဒိယအနေနဲ့ သူပုန်တွေအပေါ် အလားတူ တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

“အခုလို တိုက်ခိုက်လာတဲ့အပေါ် အိန္ဒိယအစိုးရအနေနဲ့ကော ဒီနိုင်ငံအနေနဲ့ ငြိမ်ခံနေမှာမဟုတ်ဘဲ လက်တုံ့ပြန်တိုက်ခိုက်သွားမှာပါ။ ကျနော်တို့  ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာဖြစ်ပြီး အဲဒီလို လုပ်နိုင်စွမ်းလည်း ရှိပါတယ်။”

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ နယ်စပ်တွေဖြစ်တဲ့ တရုတ်၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ နယ်စပ်တွေမှာ သူပုန်တွေခိုအောင်းလေ့ရှိပြီး သူတို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် ခွဲထွက်ခွင့်လိုလားနေတာပါ။ ဒီနယ်စပ်တလျှောက် အိန္ဒိယတပ်တွေ ဆယ်စုနှစ်နဲ့ချီ နေရာချထားပေမဲ့ အဲဒီနိုင်ငံဘက်ခြမ်းမှာ ခိုလှုံနေတဲ့ သူပုန်တွေဟာ အခုလိုမျိုး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ကလည်း နယ်စပ်ဖြတ်ကျော် အကြမ်းဖက် တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့နဲ့ စီးပွားရေး ပိုမိုခိုင်မာလာအောင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိအောင် ကြိုးပမ်းခဲ့ပြီး တဘက်မှာလည်း သူ့အစိုးရအနေနဲ့ ဒီသူပုန်တွေကို ပြတ်ပြတ်သားသား နှိမ်နင်းသွားဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
 
. https://www.facebook.com/MyanmarExpress
 

မြန်မာနယ်စပ် တစ်လျောက် နာဂလန်း စစ်သွေးကြွများအား အိန္ဒိယတပ်မတော်တိုက်ခိုက်ရှင်းလင်း




အီန္ဒိယတပ်မတော် ၏ ပထမဆုံးအကြိမ်အဖြစ်အကြီးအကျယ်ထိုးစစ်ဆင်မှုတစ်ရပ်အား မြန်မာနယ်စပ်တစ်လျောက်နာဂလန်းပြည်နယ်အတွင်းတွင်ဆင်နွဲခဲ့ပါသည်။
အိန္ဒိယတပ်မတော်အမှတ်(၈) နာဂလန်းလေထီးတပ်ရင်းကြီးမှ လေထီးတပ်သားများမှ တတိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ စစ်သွေးကြွအနည်းဆုံး ၁၂ဦးသေဆုံးခဲ့သည်ဟု စစ်ဘက်မှပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ် ကြာသာပတေးနေ့တွင် အိန္ဒိယ စစ်သည်၁၈ဦးအား နာဂလန်းစစ်သွေးကြွအဖွဲ့
ဖြစ်သောမော်ဝါဒီသူပုန် နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ မှချုံ ခိုတိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် လက်စားချေစစ်ဆင်ရေး တစ်ရပ်အားဆင်နွဲခြင်းဖြစ်သည်။

မြန်မာနယ်စပ် နာဂလန်းပြည်နယ်နှင့် မဏိပူပြည်နယ်တစ်လျောက်ခိုအောင်းနေသော သူပုန်များအား တိုက်ချုက်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ ၁၀စုနှစ် ၂ခုအတွင်းအကြီးကျယ်ဆုံးစစ်ဆင်ရေးဖြစ်သည်။

MI-35 ရဟတ်ယာဉ်များမှအနီးကပ်ပစ်ကူပေးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမော်ဝါဒီသူပုန်များသည် အိန္ဒိယမြန်မာနယ်စပ်တွင် ဆယ်စုနှစ်ပေါင်းများစွာအခြေစိုက်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှလည်းလက်ခံခြင်း မရှိပဲမြန်မာပြည်အတွင်းကျွံဝင်လာသောစစ်သွေးကြွများအား မြန်မာ့တပ်မတော်မှ စစ်ဆင်ရေးများဆင်နွဲခဲ့ဖူးသည်။

.. https://www.facebook.com/MyanmarExpress
 

အပစ်ရပ်စာချုပ် ဆွေးနွေးပွဲများ အားလုံးပြီးပြတ်ပြီး နှမ်းဖြူးချိန်ရေယင်မှသာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုပါလာနိုင် ဟု တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား

From : .. mizzima


အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းလုပ်ငန်းစဉ်များကျမှသာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်သည်ဟု UNFC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ သြဂုတ် ၁၉ ရက်က ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့သော လူငယ်များနှင့် MPC တွေ့ဆုံပွဲပြီးနောက် မီဒီယာများ မေးမြန်းစဉ် ပြောခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုပါဖို့ ကျွန်တော်တို့ ဖိတ်တယ်။ အစိုးရကတော့ မဖိတ်ဘူး။ နှစ်ဖက်သဘောတူမှ အလယ်လူတစ်ယောက်ကို ခေါ်လို့ရတာ။ တစ်ဖက်က ဘာမှ မပြောတော့ ခွကျတယ်။ အစိုးရအနေနဲ့ ဒီအခြေအနေမှာ မလိုအပ်သေးဘူး တွက်ဆနေတယ်။ သို့သော် အပစ်အခတ်ရပ်စဲရေး နိဂုံးချုပ်တဲ့အချိန် တရားဝင်ပြုလုပ်တဲ့အချိန်မှာ သက်သေတစ်ဦးအနေနဲ့ သူပါကောင်းပါလာလိမ့်မယ်”ဟု ခွန်ဥက္ကာက ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကြားကာလတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုရာ၌ အချက်လေးချက် ကျန်နေသေးပြီး စက်တင်ဘာလ ပြန်တွေ့ချိန်တွင် ပြေလည်မှုရရှိမည်ဟု NCCT  က မျှော်လင့်ထားသည်။

“အန်ကယ်တို့ တစ်ဖက်သတ်ဆုံးဖြတ်လို့ မရဘူး။ ဆုံးဖြတ်ရင် UPWC နဲ့ တိုင်ပင်ပြီး သဘောတူမှ ဆုံးဖြတ်ရမယ်။ အပစ်အခတ်ရပ်စဲရေးမှာလည်း သဘောတူစာချုပ်ချုပ်ဆိုတဲ့နေရာမှာ အန်တီကိုတော့ သက်သေ တစ်ယောက်အနေနဲ့ ပါဝင်စေချင်တယ်။ အဲဒီသဘောတော့ ရှိပါတယ်။ ကျွန်တော်တို့ ဖိတ်မယ်ဆိုရင်သူ လာမယ်လို့တော့ ပြောပါတယ်”ဟု NCCT အဖွဲ့ဝင် ဦးနိုင်ဟံသာက မဇ္ဈိမကိုပြောသည်။

ထို့ပြင် သြဂုတ် ၁၈ ရက်က KIA  ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်၊ NCCTအဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၎င်း၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြသည်။

ဦးနိုင်ဟံသာက လွှတ်တော်မှာ လှုပ်ရှားခဲ့သည့် အနေအထားများကို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ရင်းနှီးမှုခင်မင်မှုနှင့် သွားရောက်တွေ့ဆုံခြင်းသာဖြစ်သည်ဟု မဇ္ဈိမက မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့သည်။


.. www.MyanmarExpress.net
 

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်အချို့ ပထမဆုံးအကြိမ်တွေ့ဆုံ

From : .. irrawaddy


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ရန်ကုန်မြို့ကို ရောက်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။

သြဂုတ်လ ၁၈ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး လက်ရှိအစိုးရနဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင် လွှတ် တော်တွင်း အခြေအနေနဲ့ အပစ်အခတ်ရပ်စဲပြီး အရေးကြီးကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်ရေးတို့ ဆွေးနွေးဖြစ် ခဲ့တယ်လို့ နှစ်ဖက်တွေ့ဆုံသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။

“ဒီဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဘယ်လိုရှိလဲ၊ လွှတ်တော်ထဲက အခြေအနေတိုးတက်မှုတွေ အပြန်အလှန် ဖလှယ်ကြတဲ့ သဘောပါ”လို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံသူတွေနဲ့ နီးစပ်သူက ဧရာဝတီကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အထဲမှာ မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင် အမျိုးသား ကောင်စီ(ANC) အတွင်းရေးမှူး ဦးထွန်းဇော် တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒီခေါင်းဆောင်တွေဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အစိုးရနဲ့ လာရောက် ညှိနှိုင်းကြတာဖြစ်ပြီး NLD ပါဝင်တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီနဲ့လည်း အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲ ကာလမှာ နိုင်ငံရေးမူဘောင် ချမှတ်ရေး အဆင့်အတွက် သုံးပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ သြဂုတ်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်ကို သွားနိုင်မယ့် အခန်း (၇) ခန်းပါဝင်တဲ့ အပစ်ရပ်ရေး သဘောတူစာချုပ် ဒုတိယမူကြမ်း ပြီးစီးရေး အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြ ပါတယ်။

အဲဒီမှာ အများစု သဘောတူညီမှု ရရှိခဲ့ပေမယ့် အပစ်ရပ်ရေးစာချုပ် လက်မှတ်ထိုးစဉ်မှာ ဘယ်သူတွေထိုးမှာလည်း၊ အသိသက်သေ တွေက ဘယ်သူတွေဖြစ်မှာလည်း စတာတွေအပါအဝင် တပြည်လုံး အပစ်အခတ်ရပ်စဲပြီး ကြားကာလမှာ ပုံမှန် ရပ်တည်နိုင်ဖို့၊ အပစ် ရပ်ပြီး တပ်သားစုဆောင်းရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုအဆင့်မှာ ဘယ်သူတွေပါဝင်သင့်သလဲ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးရင် ငြိမ်းချမ်းရေး ပိုမိုခိုင်မာ စေဖို့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ အရေးကြီးတဲ့ အဆင့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး စတဲ့ ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတကာက အသိသက်သေတွေလည်း ပါဝင်နိုင်ဖို့ ကြိုးပမ်း နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ထိုးဖို့ ၆၆ ပါတီ တိုက်တွန်းချက်ကို သဘောမတူခဲ့သူဖြစ်ပါတယ်။  

.
. www.MyanmarExpress.net
 

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် သမ္မတကိုယ်တိုင် လက်မှတ်ထိုးမည်

From : .. 7day

တစ်နိုင်ငံလုံးအတိုင်းအ တာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ရေးဆွဲအပြီးလက်မှတ်ရေး ထိုးရာတွင် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးရန် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ ဘက်က တောင်းဆိုသည့်အပေါ် သမ္မတကိုယ်တိုင်လက်မှတ်ရေး ထိုးရန် အစိုးရဘက်ကလက်ခံ လိုက်သည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန် လည်ထူထောင်ရေးလုပ်ငန်းဗဟို ဌာနတွင် ဇူလိုင် ၁၅ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာကျင်းပခဲ့ သည့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ (UPWC)နှင့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိ နှိုင်းရေးအဖွဲ့(NCCT)တို့၏ NCA မူကြမ်းဆွေးနွေးပွဲအပြီးတွင် ယခု ကဲ့သို့ သမ္မတကိုယ်တိုင်လက်မှတ် ရေးထိုးရန်သဘောတူညီချက်ရရှိ သွားခြင်းဖြစ်သည်။

‘‘NCA မှာ သမ္မတကြီး ကိုယ်တိုင်နဲ့ သမ္မတကြီးက တာ ၀န်ပေးအပ်သူ ပါဝင်လက်မှတ် ရေးထိုးဖို့ အစိုးရဘက်ကသဘော တူညီလိုက်ပါတယ်’’ ဟု UPWC အကြီးတန်းအကြံပေးဦးလှမောင် ရွှေက 7Dayအားပြောကြားသည်။

NCCT နာယက ကိုယ်စားဖြေကြားသည့် NCCTအဖွဲ့ဝင် ဒေါက်တာလျန်မှုန်းဆာခေါင်းက ‘‘ကျွန်တော်တို့ NCCT ကနေပြီး တော့ လက်မှတ်ထိုးတာ သာမန် ပုဂ္ဂိုလ်ထိုးတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ ရာထူးကိုကျွန်တော်တို့လိုချင်တာ ဖြစ်တယ်။ သမ္မတကြီးကိုယ်တိုင်၊ လွှတ်တော်ဥက္ကဋ္ဌကြီးကိုယ်တိုင်၊ ကာချုပ်ကြီးကိုယ်တိုင်။အဲဒါမှ ခိုင် မာမှုရှိမယ်ဆိုတဲ့ဟာ ကျွန်တော် တို့အနေနဲ့ တင်ပြထားတာရှိတယ်။သို့သော် တကယ်လက်မှတ်ထိုး တဲ့အခါကျရင်တော့ ဘယ်သူ၊ ဘယ်သူဆိုတဲ့ဟာ နာမည်ပဲပါ လာမှာပေါ့။ ရာထူးနဲ့တကွ’’ ဟု ပြောသည်။

၎င်းကဆက်လက်ပြီး‘‘ကျွန် တော်တို့ လိုချင်တာ ဒီတစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး။ သ ဘောတူစာချုပ်ချုပ်တယ်ဆိုတာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအ တွက်အရေးကြီးတဲ့ခြေလှမ်းတစ် လှမ်းဆိုပေမယ့် အဲဒီစာချုပ်ကိုယ် တိုင်က မခိုင်မာလို့ရှိရင် နိုင်ငံရေး ဆွေးနွေးပွဲလုပ်တဲ့အခါ ခိုင်မာမှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ဒီမှာလက်မှတ်ရေးထိုးတဲ့သူတွေ က တကယ်တာဝန်ရှိတဲ့သူတွေ ဖြစ်ဖို့လိုတယ်။ အဲဒီအတွက် ကြောင့် ကျွန်တော်တို့အနေနဲ့တင် ပြတဲ့အထဲမှာ သမ္မတဖြစ်ရမယ်။ လွှတ်တော်ဥက္ကဋ္ဌဖြစ်ရမယ်၊ ကာ ချုပ်ဖြစ်ရမယ်၊ ကျွန်တော်တို့တိုင်း ရင်းသားထဲမှာလည်း အဖွဲ့အစည်းအသီးသီးရဲ့ ဥက္ကဋ္ဌ (သို့တည်း မဟုတ်) အထွေထွေအတွင်းရေးမှူးချုပ် အဲဒါမျိုးဖြစ်ရမယ်ဆိုပြီး တော့ ကျွန်တော်တို့ တိတိကျကျ ဖော်ပြထားတယ်’’ ဟုပြောကြား သည်။

သမ္မတကိုယ်တိုင်နှင့်သမ္မတ တာဝန်ပေးအပ်သူတို့ပါဝင်လက် မှတ်ရေးထိုးရန် သဘောတူညီမှုရ ရှိခဲ့သော်လည်း (NCA)တွင် မည် သည့်အဖွဲ့နှင့် မည်သူတို့ပါဝင် လက်မှတ်ရေးထိုးမည်ဆိုသည့်အ ချက်မှာ နှစ်ဖက်သဘောတူညီမှုမ ရရှိခဲ့ပေ။ ထို့အတွက်လာမည့်စက် တင်ဘာဆွေးနွေးပွဲတွင် အတည် ပြုနိုင်ရန်ဆွေးနွေးမည်ဖြစ်သည်။
 

 .. www.MyanmarExpress.net
 

အပစ်ရပ်မူကြမ်း ၁၀ ချက်သာ ဆွေးနွေးရန် ကျန်ရှိ

From : .. mizzima


အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် ဆက်လက်ညှိနှိုင်းရန် အချက် ၁၀ ချက်သာ ကျန်ရှိတော့သည်ဟု သြဂုတ်လ ၁၆ ရက်၊ ဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက်ခေါင်းဆောင်များက မီဒီယာများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

NCCT မှ ဒုတိယခေါင်းဆောင် စောကွယ်ထူးဝင်းက “အချက်အကုန်လုံး သဘောတူညီမှု ရရှိနေပြီလို့လည်း ပြောနိုင်တယ်၊ အပစ်ရပ်မူကြမ်းမှာ ထည့်ဖို့ မလိုအပ်တဲ့ အချို့အချက်တွေကိုတော့ အဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့ပြီး အသေးစိတ် ဆွေးနွေးမယ်" ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဆွေးနွေးပွဲတွင် အခန်း(၃) အပစ်ရပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခန်း (၄) အပစ်ရပ်ရေးကို ခိုင်မာစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ ဟူသည့် အခန်းနှစ်ခန်းပြီးစီးခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား အချက်အလက်အလိုက် ဆွေးနွေးမှု ပြုခဲ့သည်ဟု စောကွယ်ထူးဝင်းက မဇ္ဈိမကိုပြောသည်။

အခန်း (၃) နှင့် အခန်း(၄) ဆွေးနွေးခဲ့သည်များနှင့် ပတ်သက်၍ စောကွယ်ထူးဝင်းက “ဒီနေ့ ဆွေးနွေးခဲ့တဲ့ထဲမှာ ပြန်ဆွေးနွေးရမှာ ဆိုရင်တော့ အချက် ၂ ချက်တော့ရှိတယ်" ဟု ပြောသည်။

ထိုအချက် ၂ ချက်ထဲမှ တစ်ချက်မှာ တပ်သားစုဆောင်းရေးဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး ကျန်အချက်အား နှစ်ဖက်ခေါင်းဆောင်များမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အချက် (၁၀) မှာ သြဂုတ်လ ၁၇ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။ အခန်း(၅) နိုင်ငံရေးဆွေးနွေးရန် အပြန်အလှန်ကတိပြုခြင်း၊ အခန်း (၆) စေ့စပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အခန်း(၇)
အထွေထွေ တို့မှ ဖြစ်သည်။ အပစ်ရပ်မူဘောင်တွင် အခန်း (၇) ခန်းပါရှိပြီး အချက်အားဖြင့် ၃၁ ချက်ရှိသည်။ ထိုအထဲမှ (၁၀) ချက်သာ ကျန်ရှိနေခြင်း ဖြစ်သည်။

ဆွေးနွေးရန် ကျန်ရှိနေသည့် အခန်းများနှင့်ပတ်သက်၍ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အထူးအကြံပေး ဦးလှမောင်ရွှေက “ ကျန်နေတဲ့ အခန်းတွေက အများကြီး မဟုတ်တော့ဘူး၊ ၁၀ ချက်ပဲ
ကျန်တော့တယ်၊ ဒီတော့ သုံးရက်တာ ဆွေးနွေးပွဲက အပြီးသတ်လုနီးပါးဖြစ်နေပါပြီ" ဟု ပြောသည်။

မူကြမ်းအချောသတ်ရရှိရန် ပဌ္စမအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး သြဂုတ်လ ၁၅ ရက်တွင် အခန်း(၁) အခြေခံမူ၊ အခန်း(၂) ရည်ရွယ်ချက်နှင့် ဦးတည်ချက် တို့ကို ညှိနှိုင်းနိုင်ခဲ့ကာ တိုင်းရင်းသားတို့၏ အဓိက အရေးကြီးဆုံး တောင်းဆိုထားသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် အကောင်အထည်ဖော်ရေးကိုလည်း အစိုးရဘက်မှ လက်ခံခဲ့သည်။

UPWC နှင့် NCCTတို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်း ဒုတိယမူကြမ်းနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)တွင် သြဂုတ် ၁၅ရက်မှ စတင် တွေ့ဆုံ ညှိနှိုင်းနေခြင်းဖြစ်သည်။


.. www.MyanmarExpress.net
 

အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး လက်မှတ်ထိုးရန် ၆၆ ပါတီ၏ တိုက်တွန်းချက် NLD ပါတီ သဘောမတူ

From : .. the voice

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် အမြန်ဆုံးရေးထိုးရန် နိုင်ငံရေးပါတီ ၆၆ ပါတီ၏ တိုက်တွန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သဘောတူညီခြင်း မရှိကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် အမြန်ဆုံးရေးထိုးရန် နိုင်ငံရေးပါတီ ၆၆ ပါတီ တောင်းဆိုချက် ထုတ်ပြန်ခြင်းကို NLD ပါတီက သဘောတူညီခြင်း မရှိကြောင်း တုံ့ပြန်ကြေညာချက် ထုတ်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

သြဂုတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများအားလုံး သဘောတူညီမှုအရ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ရေးထိုးရန် တောင်းဆိုချက် ထုတ်ပြန်ရာတွင် NLD ပါတီ ပါဝင်ခြင်း မရှိသောကြောင့် သဘောမတူခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ဆွေးနွေးပွဲ ခေါင်းစဉ်မှာပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြင်ဆင်ရေးအတိုင်း ဆွေးနွေးဖို့သွားတာ၊ အခုလို တိုက်တွန်းဖို့ လုပ်တာက ခေါင်းစဉ်နဲ့ တခြားစီ ဖြစ်နေတယ်။ အဲဒီတော့ တခြားနိုင်ငံရေးပါတီတွေ ထုတ်ပြန်တာမှာ NLD ပါတီ သဘောထား မပါရှိပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် လက်ရှိအချိန်အထိ NLD ပါတီအနေနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ရေးကို စဉ်းစားထားခြင်း မရှိသေးကြောင်း သြဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားထားသည်။

“ကျွန်တော် သတိထားမိတာက ဒီလို တိုက်တွန်းဖို့ကို ပါတီတွေအားလုံး သဘောထားတူညီမှု ရယူပြီးမှ လုပ်တာ၊ ဒါပေမဲ့ NLD ပါတီက နေ့တစ်ဝက်လောက်နဲ့ ပြန်သွားတယ်။ အဲဒီတော့ သူတို့ သဘောထား မပါဘူးဆိုပြီး ပြောတဲ့သဘောပါ။ ကျွန်တော်တို့ကတော့ ပါတီတွေ အားလုံးရဲ့ သဘောဆန္ဒအရ ထုတ်ပြန်တာကို မကန့်ကွက်ပါဘူး” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေချိန်တွင် ယင်းကဲ့သို့ သဘောတူခြင်း မရှိဟု ကြေညာချက် ထုတ်ပြန်ရန် မသင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
 

“တစ်နိုင်ငံလုံး လိုအပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းတာကို ကြေညာချက်ထုတ်ပြီး ဖြေရှင်းရအောင် ငြိမ်းချမ်းရေးကို မလိုချင်လို့လားလို့ ပြန်မေးရမယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် သုံးလအတွင်း ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်နိုင်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံးဆွေးနွေးမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။


.. www.MyanmarExpress.net
 

TNLA (ပလောင်)အဖွဲ့မှ ကွတ်ခိုင်မြို့ နမ့်ဖတ်ကာကျေးရွာ အလက(၁) ကျောင်းအုပ်ဆရာမကြီးအား နေရပ်ပြန်ရန် ခြိမ်းခြောက်စာပေးပို့

From : .. အိုက်လော့

TNLA (ပလောင်)အဖွဲ့မှ နမ့်ဖက်ကာ အလက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမိုးထံသို့ `` အသက် ရှင်ချင်ရင် နေရပ်ကို အမြန်ပြန်´´ဟု အသက်အန္တာရယ်ကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ရေး သားထားသော  စာတစ်စောင်   ယခုလ ၅  ရက်နေ့ နံနက်  ၆  နာရီ ၄၅ မိနစ်တွင်   ကျောင်းအုပ်    ဆရာမကြီး ရုံးခန်းရှေ့တွင် လာရောက်ထားသွားကြောင်းသိရသည်။

 ခြိမ်းခြောက်စာတွင် အချက် ၆ ချက်ပါဝင်ပြီး စာနှင့်အတူ အမ်-၂၂ ကျည်ဆံ ၂ တောင့်အား ပလပ် စတစ် အိတ်ဖြင့် ထည့်ထားပြီး၆လက်မခန့်ရှိ ဓားမြောင် တစ်ချောင်းဖြင့် စိုက်ထားကြောင်းသိရသည်။ နမ့်ဖက်ကာကျေးရွာတွင် နေထိုင်သူအများစုမှာ ကချင်၊ ရှမ်း၊ ပလောင်၊ လီဆူး လူမျိုးများဖြစ်ကြောင်း သိရ သည်။အဝေးတစ်နေရာမှမိသားစုနှင့်ခွဲခွာပြီး လာရောက်သင်ကြားပေးသော ကျောင်းအုပ်ဆရာမကြီး   ဒေါ်စန္ဒာမိုးမှ တိုင်းရင်းသား ကျောင်းနေကလေးငယ်များအားစိတ်ဓာတ် မြင့်မားရေး၊အသိပညာ မြင့်မားစေ   ရေးစေတနာဖြင့် ပြောဆိုဆုံးမမှုများအား ကျေနပ်မှုမရှိ၍ယခုကဲ့သို့ ခြိမ်းခြောက်စာပေးပို့ခြင်း  ဖြစ်ကြောင်း သိရသည်။

 TNLA အဖွဲ့သည် ပလောင်လူမျိုး ကောင်းစားရေး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသည်ဟုဆိုသော်လည်း TNLA အဖွဲ့၏ လုပ်ရပ်များမှာ ဒေသခံ ကချင်၊ ရှမ်း၊ ပလောင်၊ လီဆူး လူမျိုး ကလေးငယ်လေးများအား ပညာ ရေးနိမ့်ကျသထက် နိမ့်ကျအောင်၊ဒေသဖွံ့ဖြိုး တိုးတက်မှုနှောင့်နှေးအောင် ရည်ရွယ် လုပ်ဆောင်နေကြောင်း ၄င်းတို့ လုပ်ရပ်များက ဖော်ပြနေသည်ဟု ပလောင်လူမျိုးများအရေး လေ့လာသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

.. www.MyanmarExpress.net
 

လိုင်ဇာနှင့် မြစ်ကြီးနား ဆွေးနွေးပွဲ ယခင်ထက် ရလဒ်ကောင်းရဟု KIO ဒုဥက္ကဋ္ဌဟောင်းပြောကြား

From : .. the voice

တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ လိုင်ဇာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံခဲ့သော မြစ်ကြီးနား ဆွေးနွေးပွဲတို့မှာ ယခင်ထက် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောကြားသည်။

အစိုးရအနေနှင့် လက်ခံရန် ခက်ခဲနေသော ဖက်ဒရယ်ဟူသည့် စကားလုံးများကို လက်ခံလိုက်ခြင်း၊ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးသည်နှင့် လက်နက် ဖျက်သိမ်းရေးဆိုသည့် ကန့်သတ်ချက်၊ တပ်အသွင်ပြောင်းရေးဆိုသည့် ကန့်သတ်ချက်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင်သာ ဆက်လက်ဆွေးနွေးသွားရန် တပ်မတော်က ဖြေလျှော့ပေးလိုက်ခြင်းတို့မှာ ယခင်ကထက် အပေါင်းလက္ခဏာဆောင်သည့် အချက်များ ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ရှင်းပြသည်။


ဒေါက်တာတူးဂျာသည် ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဘရန်ဆိုင်းလက်ထက် ၁၉၈၀ ပြည့်နှစ်က ဗိုလ်ချုပ်နေဝင်းနှင့် ရန်ကုန်မြို့ဆွေးနွေးပွဲ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၄ ခုနှစ်များက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကေအိုင်အိုဗဟို ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။


“အရင်က ပြည်တွင်းစစ်ကို နိုင်ငံရေး ပြဿနာလို့ မယူဆဘူး။ ဆွေးနွေးပွဲတိုင်းမှာ နိုင်ငံရေး Topic (ခေါင်းစဉ်) ဘာမှမပါဘူး။ ဒါကြောင့် မအောင်မြင်ခဲ့တာ” ဟု ဒေါက်တာတူးဂျာက မှတ်ချက်ပေးသည်။


တိုင်းရင်းသား ခေါင်းဆောင်များ၏ လိုင်ဇာဆွေးနွေးပွဲမှ သတ်မှတ်လိုက်သော သုံးပွင့်ဆိုင် ဆွေးနွေးရန်ဆိုသည့် အချက်ကိုမူ အစိုးရနှင့်ထပ်မံညှိနှိုင်းရန် လိုအပ်မည်ဟု ၎င်းက သုံးသပ်သည်။


ဝန်ကြီး ဦးအောင်မင်းကမူ ထပ်မံပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် လူမှုအဖွဲ့အစည်း (CSO) နှင့် အခြားအထင်ကရ ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားရနိုင်သည့်အတွက် သုံးပွင့်ဆိုင်ထက် ပိုလာနိုင်သည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီထံမှ သိရှိရသည်။ “ဒီအချက်ပေါ်မှာ အကြမ်းဖျင်းတော့ သူတို့ညှိနှိုင်းထားပြီးပြီနဲ့ တူတယ်” ဟု ဒေါက်တာတူးဂျာက ဆိုသည်။


မြစ်ကြီးနား အခြေပြုသည့် အရပ်ဘက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သော Sha-It Social Development Foundation မှ ဆရာမဒေါင်ညွယ်က “ပြည်သူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် အရင်ကထက် တိုးတက်လာတယ်လို့ ထင်တယ် မြစ်ကြီးနား -ဗန်းမော်လမ်းမှာ အရင်က စစ်ဆေးရေးဂိတ် ၁၀ ဂိတ်လောက်ရှိတာ၊ ဒီအစည်းအဝေးတွေ ပြီးတဲ့နောက်ပိုင်း ၃ ပုံ ၂ ပုံလောက် လျော့သွားတယ်။ ဒါတွေဟာ အစည်းအဝေးရဲ့တိုးတက်တဲ့ လက္ခဏာလို့ထင်တယ်” ဟု သုံးသပ်ပြောကြားသည်။


ကချင်ပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားများ ရေးရာအဖွဲ့ကမူ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ လက်နက်ဖျက်သိမ်းရေးကို အစိုးရက ဖြေလျှော့ပေးလိုက်ခြင်းနှင့် လိုင်ဇာအစည်းအဝေးမှ သတ်မှတ်လိုက်သော လူမှုအဖွဲ့အစည်းများနှင့် ပညာရှင်များ မပါဝင်ဘဲ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဆိုသည့်အပေါ် စိုးရိမ်မှုများ ရှိနေကြောင်း ယင်းအဖွဲ့မှ ပြောခွင့်ရသူ ဦးစိုင်းထွန်းရင်က ပြောကြားသည်။


တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ လိုင်ဇာအစည်းအဝေးကို ဇူလိုင် ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီးနောက် ရလဒ်များကို လူထုအား တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ အဓိက ရည်မှန်းချက်ဖြစ်သည့် စစ်မှန်သော ပြည်ထောင်စုစနစ် ကျင့်သုံးရန်၊ ပြည်ထောင်စုစနစ် တောင်းဆိုခြင်းကို အစိုးရဘက်မှ လက်ခံလျှင် အပစ်ရပ်စာချုပ်တွင်ပါသည့် တော်လှန်ရေးဆိုသည့် စကားလုံးနှင့် ပတ်သက်၍ အပေးအယူပြုလုပ်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်လျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟု ခေါ်ဆိုရန်၊ နိုင်ငံရေးဆွေးနွေးပွဲတွင် အစိုးရ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့၊ နိုင်ငံရေးပါတီများ/ဒီမိုကရေစီအင်အားစုများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးသွားရန် စသည့် အချက် ၄ ချက်နှင့် အခြားနည်းပညာဆိုင်ရာ အချက် ၆ ချက် သဘောတူညီခဲ့သည်။


NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ မြစ်ကြီးနား၌ သြဂုတ်လ ၃ ရက်နေ့က ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် သြဂုတ်လ ၁၅ ရက်နေ့၌ ပြုလုပ်ရန် သဘောတူခဲ့သည်။

 
.. www.MyanmarExpress.net
 

ယွက်စစ်ဘာမှားခဲ့သလဲ



ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တော်မတော်က ယွက်စစ်က အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောတဲ့အခါမှာ စကားတစ်ခွန်းပြောခဲ့သည်။
 ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းလို့မရရင် လက်နက်ကိုင်ပြီး ဖြေရှင်းဖို့ပဲလိုတယ်၊ ဆွေးနွေးလို့မရရင် ပစ်ခတ်ဖို့ပဲရှိတော့တယ်၊ တိုက်မယ်ဆိုရင် အဆုံးထိ တိုက်ကြမယ်၊ ကျနော်တို့ကို အမြစ်ပြတ် ချေမှုန်းလိုက်၊ ကျနော်တို့လည်း အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ကြမယ် ဟူ၍ဖြစ်သည်။

နိုင်ငံတော်သမ္မတကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် MPC တို့အပါအ၀င်
နယ်ပယ်အသီးသီးမှ လူများက ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသည့်အချိန်၊  အမှောင်ထုထဲ အတွေးကိုယ်စီနှင့် အိပ်စက်ခဲ့ကြရသည့်
အောက်ခြေရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များအဖို့ နံနက်မိုးသောက် အလင်းရောက်မည့်အချိန်၊ အာရုဏ်ဦးကာလတစ်ခုသို့ ရောက်လာတော့မည့် အချိန်တွင် အထက်ပါစကားထွက်ပေါ်လာခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် လုံးဝမပြောသင့်သော စကားများအား တရားဝင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယွက်စစ်ပြောလိုက်သော အထက်ပါစကားများသည်
တပ်မတော်နှင့် အပစ်အခတ်ရပ်စဲထားသဖြင့် တည်ငြိမ်အေးချမ်းစပြုနေပြီဖြစ်သော ဒေသများရှိ
အပြစ်မဲ့ ကျေးရွာသူကျေးရွာသားများအပေါ်သို့ များစွာသက်ရောက်သွားတော့မည်ဖြစ်ကာ
ဒေသတွင်း စစ်ပွဲများ ပြန်လည် ပြင်းထန်လာစေရန် အချက်ပေးလိုက်သကဲ့သို့ရှိနေသည်။

တစ်နည်းအားဖြင့် တပ်မတော်ခေါင်းဆောင်များ၏ သဘောထားကြီးမှုအပေါ်၊
စာနာနားလည်ငဲ့ညှာမှုအပေါ် မသိကျိုးကျွံပြုကာ တပ်မတော်အပေါ် အတိအလင်း စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ယွက်စစ်က ပြောချင်ရာပြောပြီး စိန်ခေါ်တာက အကြောင်းမဟုတ်။
သူ့လက်အောက်ရှိ ရဲဘော်များကတော့ သေချာပေါက် ဒုက္ခရောက်ပေတော့မည်။
လူလိုသူလို လူတောသူတောထဲ နေနိုင်လာကာမှ တောထဲပြန်ဝင်ပြီး အငတ်ငတ်အပြတ်ပြတ်ဖြင့် ဒုက္ခပင်လယ်ဝေကြရပေဦးတော့မည်။

တပ်မတော်ခေါင်းဆောင်များအနေဖြင့်ကတော့ ယွက်စစ်ပြောလိုက်သောစကားအပေါ် ၀မ်းသာကြပေလိမ့်မည်။ လက်အောက်ရှိ တပ်မတော်သားတို့အဖို့ကား တိုက်မယ်ဆိုရင် အဆုံးထိ တိုက်ကြမယ်၊ ကျနော်တို့ကို အမြစ်ပြတ် ချေမှုန်းလိုက်၊ ကျနော်တို့လည်း အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ကြမယ်ဟု ဆိုသည့်အတွက် ပို၍ပင် ၀မ်းသာကြပေဦးမည်။
အားလုံးက စစ်သားချည်းမဟုတ်ပါလား။ ပြတ်ပြတ်သားသား သူသေကိုယ်သေတိုက်ချင်နေကြသည်မှာ တပိုင်းပင်သေနေတော့မည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဦးထိပ်ထားကာ သမ္မတကြီး၏
အမိန့်အောက်တွင် များစွာအလျှော့ပေးဆက်ဆံလာခဲ့ရသည်မှာလည်း ကြာမြင့်ခဲ့ပြီမဟုတ်ပါလား။
အခုလို သူသေကိုယ်သေ အမြစ်ပြတ် တိုက်ကြရမည်ဆိုလျှင်ဖြင့် ၀မ်းသာဖွယ်ရာမရှိတော့ပေ။
တပ်မတော်အား ယခုကဲ့သို့ စိန်ခေါ်လိုက်ခြင်းသည် များစွာ မှားယွင်းခြင်းဖြစ်သည်။
ကျောက်တုံးကို ကြက်ဥဖြင့်ပေါက်သည်ကာမှ တော်ဦးမည်။
ယခုတော့ ငြိမ်နေသည့် ကျားကိုမှ အမြီးသွားဆွဲသလိုဖြစ်ချေပြီ။

လွယ်တိုင်းလျန်ကဲ့သို့သော ဌာနချုပ်ကလေးအား ရက်ပိုင်းလေးအတွင်းပင် သိမ်းပိုက်တိုက်ခိုက်နိုင်စွမ်းရှိသည့် တပ်မတော်၏ စစ်ရေးစွမ်းအားကို
အထင်အမြင်သေးနေလျင်တော့ အမှားကြီးမှားသွားပါလိမ့်မည်။
တပ်မတော်ရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးတို့ကလည်း အမြစ်ပြတ်ချေမှုန်းပြီး
 အရေခွဲနွှာပစ်ချင်နေကြသည်မှာ အားလုံးအသိဖြစ်သည်။
အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း မိမိတို့ဘက်မှ ရဲဘော်ရဲဘက်တွေ မတန်ပဲ အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် အားလုံးကလည်း တောက်တခေါက်ခေါက်ဖြင့် သွေးကြွေးဆပ်ချင်နေကြသည့် ဆန္ဒများလည်း ပြည့်ဝသွားမည်ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ယွက်ဆစ်က တကယ်တမ်းကျတော့ တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးဖို့ဆိုတာ အရမ်းလွယ်တာ၊ မြန်မာစစ်တပ်က မခက်ခက်အောင်လုပ်နေတာ၊ တကယ်ဆိုအမှားက သူတို့ဆီမှာပဲရှိတယ်
 ကျွန်တော်တို့က စောင့်နေရတာ စိတ်မရှည်တော့ဘူးဟု ထည့်သွင်းပြောကြားခဲ့သေးသည်။

ငြိမ်းချမ်းရေးလုပ်ပြီး တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးဖို့ဆိုတာ အရမ်းလွယ်နေမှတော့
အခုလိုမျိုး တိုင်းရင်းသားအဖွဲ့တွေနဲ့ အချိန်ကာလကြာရှည် စစ်ဖြစ်နေစရာအကြောင်းကို မရှိဟုသာ ပြောချင်သည်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်အားလုံးကလည်း ခက်ခဲသော လုပ်ငန်းခရီးစဉ်ဖြစ်ကြောင်း အချိန်ယူကာ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားနေသည့်အချိန်တွင် အခုလိုမျိုး လက်လွတ်စပါယ်ပြောဆိုနေသည်ကလည်း ၄င်း၏ ဥာဏ်အတိမ်အနက်ကို ဖော်ပြနေသလိုပင်ဖြစ်တော့သည်။ 

ယွက်ဆစ်ပြောသလို အလွယ်လေးဆိုရင်
MPC ရဲ့ မူ( ၆ )ချက် ဖြစ်တဲ့
၁။လူသတ်မှုမကျူးလွန်ရန်
၂။ဆက်ကြေးမကောက်ခံရန်
၃။လူသစ်မစုဆောင်းရန်
၎။တပ်အင်အားမတိုးချဲ့ရန်
၅။သဘောတူညီချက်မရရှိသည့်နယ်မြေများတွင်စခန်းမချရန်
၆။ အုပ်ချုပ်ရေးကိစ္စများတွင် ၀င်ရောက်မစွက်ဖက်ရန်နှင့်
တပ်မတော်လက်အောက်ခံပြည်သူစစ်များကိုမတိုက်ခိုက်ရန်…ဆိုတဲ့
အချက် ၆ ချက်ကိုတောင် ခင်ဗျားတို့ လက်မှတ်ထိုးနိုင်ခဲ့ရဲ့လားလို့ မေးလိုက်ချင်ပါတယ်။

တိုင်းရင်းသားအရေး ဘန်းပြပြီးသာပြောနေတာ  တကယ်တမ်းကတော့ ဘိန်းကုန်သည်တွေ၊ ဒေသခံတိုင်းရင်းသားတွေဆီ ဆက်ကြေးကောက်၊ လူသစ်စုနေတဲ့ ဘိန်းဓါးမြတွေဆိုတာ အားလုံးသိပြီးသားပါ။ ကိုယ်ပြောခဲ့တဲ့ စကားကို ကိုယ်တိုင်တာဝန်ယူဖို့ပဲလိုပါသည်။

နောက်ဆုံးအနေနဲ့ကတော့ ယွက်ဆစ်ပြောသည့်အတိုင်း အမြစ်ပြတ် သူသေ ကိုယ်သေတိုက်ကြစို့ဆိုသည်မှာ တကယ်ဖြစ်လာဖို့ပဲ မျှော်လင့်ပါသည်။ တကယ်တမ်းတိုက်ကြပြီဆိုတော့မှ ဟိုလူ့အဖေခေါ်လိုက်၊ ဒီလူ့အဖေခေါ်လိုက်လုပ်ပြီး ကယ်ပါယူပါ တစာစာ လုပ်မနေဖို့တော့ လိုအပ်လိမ့်မည်ဟု ကြိုတင် သတိပေးလိုက်ရပါသည်။

ကေအင်န်ယူနှင့် RCSS/SSA ဥက္ကဋ္ဌတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်

From : .. 7day

 ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရးနှင့် ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း (SSA/ SSPP)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှကပြောသည်။

‘‘မနေ့(ဇွန် ၁၄ရက်)ကပဲ KNU ဥက္ကဋ္ဌကြီး ထွက်သွားပြီ။ ဒီနေ့ တွေ့ဖြစ်မလားမသိဘူး’’ဟု KNU ဗဟိုကော်မတီဝင်တစ်ဦးကပြောသည်။ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတတို့ကို တွေ့ဆုံပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ သွားရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

‘‘KNUကလည်း အပစ်အခတ်ရပ်စဲရေးကို မြန်မြန်သွားချင်တယ်။ RCSS ကလည်း အမြန်ဖြစ်ချင်တယ်။ စိတ်ဝင်စားတာချင်းတူလို့ တွေ့ကြတာ’’ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း KNUနှင့် RCSSအ ဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး အချက်ရှစ်ချက်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)အနေဖြင့် ဇွန်လ ၁၃ရက်မှစ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
 

.. www.MyanmarExpress.net
 

ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS) ထိန်းချုပ်နယ်မြေအတွင်း NLD ရပ်ကျေး ဒုဥက္ကဋ္ဌတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခံရ



ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS) ထိန်းချုပ်နယ်မြေအတွင်း အင်န်အယ်ဒီ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌဦးစိုင်းစံထွန်းသည် ဇွန်လ ၄ ရက် ညပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဟိုပုန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကိုပြောသည်။

အသတ်ခံရသူမှာ သေနတ်သုံးချက်ပစ်ခံထားရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊ မိုင်းကျဉ်းကျေးရွာမှ အင်န်အယ်ဒီပါတီ ရပ်ကျေး ဒုဥက္ကဌဖြစ်သည်။

"အသတ်ခံရတယ့်အကြောင်းရင်းကိုတော့စုံစမ်းနေတုန်းပါပဲ။ သူ့ဆီမှာရန်ငြိုး ရှိတယ့်သူလဲ မရှိပါဘူး၊ သူက လောလောဆယ်မှာ တပ်သိမ်းမြေ ကိစ္စတွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေတာပါ" ဟု ဦးတင်မောင်တိုးက ဆိုသည်။

ဦးစိုင်းစံထွန်းသည် ဇွန် ၄ ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် လူနှစ်ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ ၅ရက် နံနက်ပိုင်းအထိ အိမ်သို့ ပြန်လည် ရောက်မလာခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ အိမ်နှင့်သုံးမိုင်ခန့်အကွာရှိလယ်ကွင်း၌ ဦးခေါင်းနောက်စေ့တွင်သေနတ်ဒဏ်ရာ သုံးချက်ဖြင့်သေဆုံးနေပြီး အလောင်းနံဘေး၌ ကျည်ခွံသုံးခုနှင့် လက်နှိပ်ဓာတ်မီး တစ်လက် တွေရှိခဲ့သည်ဟု ဦးတင်မောင်တိုးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က "အသတ်ခံရတဲ့ အကြောင်းရင်းကို သေချာ စုံစမ်းသိရှိပြီးတော့မှ ဘာဆက်လုပ်ရမယ် ဆိုတာကို ဗဟိုအဖွဲ့ချုပ် အနေနဲ့ဆုံးဖြတ်ချက်ချသွားမှာပါ။ လောလောဆယ်တော့ဘာမှ မပြောနိုင်သေးပါဘူး" ဟု ဆိုသည်။

အခင်းဖြစ်ပွားရာနေရာသည် RCSS ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ ပအို့ဝ်ပြည်သူ့စစ် (KNO) နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု မိုင်းကျဉ်းဒေသ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်ဦးက ပြောသည်။ လက်ရှိအချိန်တွင် အဆိုပါအမှုအားဟိုပုန်းမြို့မရဲစခန်းမှ အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး အတွက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

တိုင်းရင်းသား ဒေသများတွင် NLD ပါတီကို ထောက်ခံသူမရှိသလောက် နည်းပါးပြီး ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကတော့ ဒေါ်စု၏နောက်တွင် လူသန်း ၆၀ ရှိကြောင်း သတင်းလွှင့်လျှက်ရှိသည်။

.. www.MyanmarExpress.net
 

စခန်းသိမ်းမလား၊ ငြိမ်းချမ်းရေးလား



လွန်ခဲ့သည့် ၁၄ ရက်နေ့က သူ၏ ၄ လပြည့်ဖြစ်သည်။ မွေးဖွားသည်တော့မဟုတ်။ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ကျဆုံးသွားသည်ဟု ပြောရလျှင် ပိုမှန်ပါလိမ့်မည်။ ထိုထက် တိတိကျကျပြောရလျှင်တော့ ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်တနေရာတွင် ဇွန်လ ၁၄ ရက်နေ့က သူကျဆုံးသွားခဲ့သည်။ 

သူ့ကျဆုံးပုံကို သက်ဆိုင်ရာတပ်ဗိုလ်ကြီးက အကြောင်းပြန်ကြားရာတွင် ခေါင်းကို မိုင်းစမှန်ကာ ကျဆုံးသည်ဟု ပြောသည်။ သူကျဆုံးသည်ကို ကျဆုံးပြီး ၂ ရက်အကြာမှ မိသားစုက သိရသည်။ 
သူ့ကို တောတွင်းတွင် မြုပ်နှံလိုက်သည်။
သူကျဆုံးသွားသည်ကို သူ့အမေက မယုံချင်ပါ။ 
ထို့အထွက် ယခုအချိန်အထိ အမျှမဝေဘဲ ထားလိုက်သည်ဟု ဆိုသည်။ 
သူ့ကို မိသားစုက အမျှမဝေရသေးပါ။ 
သူ့ချစ်သူကတော့ ဘုန်းကြီးကို လှူစရာရှိသည်များ လှူပြီး အမျှဝေထားလိုက်သည်။ 

ယခုဆိုလျှင် သူကျဆုံးသွားခဲ့သည်မှာ ၄ လကျော်သွားခဲ့ပြီဖြစ်သည်။ 
သို့သော်လည်း စစ်ပွဲကတော့ သူမကျဆုံးမီကအတိုင်းပင်
ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတုန်းပင်။ တစ်ခါတစ်ရံ တိုက်လိုက်မည်။ 
နားထားလိုက်မည်။ 
အခြေအနေမှာ မည်သို့မည်ပုံဖြစ်လာမည်ကို မသိသေး။ 
သို့နှင့် စတိုက်သည်မှ ၁ နှစ် ၅ လကြာချေပြီ။ 

သူမကျမီ ၁ ခန့်အလိုအထိ နယ်မြေ၏အခြေအနေကောင်းနေသေးသော်လည်း
နောက်ပိုင်းတွင် ဆွေးနွေးပွဲလည်း ပျက်ကာ တိုက်ကြ ခိုက်ကြဖို့ဖြစ်လာခြင်းဖြစ်သည်။ 
သူမကျမီလေးတင် သမ္မတကလည်း ရှေ့တန်းတွင် ခုခံကာကွယ်သည်မှ အပ 
တိုက်ခိုက်ခြင်း မပြုရန် တားဆီးခဲ့သေးသည်။ သူမပစ်လိုက်ရပါ။ 
ဟိုဘက်က ပစ်သွားသည်ကို ခံလိုက်ရကာ ကျသွားရသည်။ 

သူကျသွားသဖြင့် တဖက်ကတော့ ပျော်ကောင်းပျော်နေပါလိမ့်မည်။ 
အဘယ်ကြောင့်ဆိုသော သူက မကြာသေးမီကမှ OTS ဆင်းလာပြီး 
ဒုဗိုလ်မှ ဗိုလ်ဖြစ်လာရသူဖြစ်သည်။ နှစ်ပွင့်တစ်ယောက်ကျသွားသည် 
အခြားတပ်သားနှစ်ယောက် ဒါဏ်ရာရသွားသည်ဟု နိုင်ငံတကာမီဒီယာများက မေးမြန်းလာလျှင် အားရ၀မ်းသာဖြင့် ပြောမည့် ဗိုလ်ချုပ်ဂွမ်မော်အတွက်လည်း ပျော်စရာပင်။ 

တကယ်တော့ ပျော်စရာကောင်းသည့်သူက နည်းနည်းရယ်ပါ။ မပျော်သည့်သူက အများအပြားဖြစ်ပါလိမ့်မည်။ သူ့တမိသားစုလုံးက ၀မ်းနည်းငိုကြွေးကြလိမ့်မည်။ 
သူ့ချစ်သူက ငိုကြွေးမည်။ သူ့သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကလည်း ငိုကြွေးကြဦးမည်။ 
၂၇ နှစ်အရွယ်တွင်မှ သေးဆုံးသွားရသည်ဟု အားမလိုအားမရဖြစ်ရဦးမည်။
ဘာပဲဖြစ်ဖြစ် သူကတော့ ကျသွားခဲ့ပြီဖြစ်သည်။ ပြန်လည်း အစားလိုမရတော့ပါ။ 

စစ်တပ်တွင်သူ့နေရာကိုအစားထိုးလို့ ရမည်ဖြစ်သော်လည်း 
သူ့မိသားစုအတွက်တော့ အစားထိုးလို့ မရတော့ပြီ။
စစ်သားဆိုမှတော့ စစ်တိုက်ရမည်သာ ဖြစ်သည်။ 
စစ်ပွဲတွင် ကျဆုံးသည်ကတော့ ဂုဏ်ယူစရာကောင်းပါလိမ့်မည်။ 
သူကျဆုံးစေသည့် စစ် ဘာကြောင့် ဖြစ်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာကို ဖြေရှင်းနေခြင်းထက် ဒီစစ်ပြီးဆုံးရန်သာ အရေးကြီးပါသည်။ 

မည်သည့်နည်းဖြင့် ဖြစ်စေ ဒီစစ်ပြီးဆုံးရန်သာ အရေးကြီးသည်။
 ငြိမ်းချမ်းရေးအရယူပြီး ဖြေရှင်းနည်းလား။ သို့မဟုတ် စခန်းသိမ်းပြီးဖြေရှင်းနည်းလား။ အလွယ်ကူဆုံးနည်းဖြင့် ဖြေရှင်းရမည်သာဖြစ်သည်။ ငြိမ်းချမ်းရေးက လွယ်သလား၊ 
စခန်းသိမ်းခြင်းက လွယ်မလားကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူများအသိဆုံးပင် ဖြစ်ပါလိမ့်မည်။ 

ယခုထပ်ပြီး ဆွေးနွေးနေကြပြန်ပြီဖြစ်သည်။ သို့ရာတွင် ဟိုဘက်ကတော့ ငြိမ်းချမ်းရေးကို လိုလားပုံမပြ။ အပစ်အခတ်ရပ်ဆဲရေးထက် နိုင်ငံရေးအရဆွေးနွေးရန်တောင်းဆိုသည်ဟု မီဒီယာများတွင် ပါသည်။ မည်ကဲ့သို့ ဆွေးနွေး မလဲဆိုတော့ မဖြေနိုင်ကြ။ ဘာလိုချင်တာလဲ။ ဘာလိုချင်လို့လဲ။ ဘာအတွက် ဒီစစ်ကို တိုက်နေကြတာလဲ။ 

တကယ်တော့ စစ်တိုက်တယ်ဆိုတာ ငြိမ်းချမ်းရေးအတွက် တိုက်တာမဟုတ်ဘူးလား။ 
လူမျိုးတစ်မျိုးလား၊ တိုင်းပြည်တစ်ပြည်လားတော့ ရွေးရမည်ဖြစ်သည်။ ကိုယ်လိုချင်တာ ရမည်
စစ်ကြီးမပြီးသရွှေ့ သူ့လို ကျသူကျဦးမည်။ ပြတ်သူပြတ်မည်။ ငတ်သူငတ်ဦးမည်။ ကျသူ၊ ပြတ်သူများ၏ မိသားစုများကလည်း ငိုကြွေးကြရဦးမည်သာဖြစ်သည်။ သူနာမည်ကိုတော့ မပြောပြတော့ပါ။ 
သူသည် ဗိုလ်တစ်ဦးသာ ဖြစ်သည်။

ဇေယျစိုပြေ (၂၄-၁၁-၁၂)

ငြိမ်းချမ်းရေးစကားဝိုင်းနောက် ကြွေလွင့်သွားသောဘ၀များ

From : .. ထက်ယံ


ဖြူဖြူသေးသေးလေး ဗိုလ်လောင်းကျော်ထင်အောင်ကို ကျောင်းဆင်းပြီးကတည်းက မဆုံဖြစ်တော့။ သူက ကျွန်တော်တို့ထက်စီနီယာကျသည်။ ဗိုလ်လောင်းကျောင်းဆင်းစာတမ်းကို စစ်တက္ကသိုလ်သမိုင်းကို
ရေးသားတင်သွင်းသွားသူဖြစ်သည်။ သူက စာတမ်းအကိုးအကားတွေ မှတ်စုမှာကူးသည်။ ကျွန်တော်တို့ လက်ရေးလှသော အငယ်တွေက ကူ၍ ကူးပေးရသည်။ သူက စာတမ်းပြုစုရေးသားသည်။ မှတ်မိနေသည်။ ကော်ဖီသောက်၍ ရေးခဲ့သော ညများ။ သူက ကျောင်း၏ အစဉ်အလာတွေကိုလည်း ပြောပြတတ်သည်။ သူနှင့်ကျွန်တော်က စွမ်းအင်ဝန်ကြီးဌာန မိသားစုဝင်ခြင်းမို့ Family ချင်းစောင့်ရှောက်သည်။ သူ့အဖေရော ကျွန်တော့်အဖေရော စွမ်းအင်ဝန်ကြီးဌာနကဖြစ်၍ DSA ဓလေ့အရ မိသားစုဝင်ချင်းစောင့်ရှောက်ခြင်းဖြစ်သည်။

     သူ့အခန်းမှာ စာကူရေးပေးရင်း သူ့ဆီက ဗဟုသုတတွေရသည်။ မုန့်တွေလည်း စားရသည်။ သူကဆီက အစဉ်အလာကောင်းတွေရခဲ့၍ ကိုယ်စီနီယာဖြစ်ချိန်မှာ အငယ်တွေ၊ အထူးသဖြင့် စွမ်းအင်မိသားစုတွေကို စောင့်ရှောက်တတ်ခဲ့သည်။ ကျောင်းကြီးရဲ့ အစဉ်အလာတွေ ပြောပြနိုင်ခဲ့သည်။ DSA 46 အနော်ရထာ (၁) က ပထမနှစ်ဗိုလ်လောင်းတွေကို ကျွန်တော် final year တပ်စုမှူး ၊ Intake ကိုင်သော appointment အဖြစ် တစ်နှစ်လုံးနီးပါး တာဝန်ယူထိန်းကြောင်းခဲ့နိုင်ခြင်းမှာ သူပြောခဲ့သော ဓလေ့များကို လက်ဆင့်ကမ်းရင်းအောင်မြင်ခဲ့သောကြောင့်ဖြစ်သည်။

ထိုစီနီယာကို ကျောင်းဆင်းပြီးကတည်းက မဆုံတော့ပေ။ တပ်ရင်းမှူးဖြစ်နေကြောင်းကြားသော်လည်း မဆုံခဲ့။ ခုလည်း ထပ်မဆုံနိုင်တော့။ ဒီကနေ့ညနေက ရှေကတန်းတစ်နေရာမှာ ကျသွားကြောင်း ကြားရတော့ စိတ်ထဲအတော်ထိခိုက်မိသည်။ ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း တိုင်းပြည်သားကောင်းတစ်ယောက် ပေးဆပ်သွားခဲ့ရပြန်ပြီ။ နောက်ထပ် နှစ်ဘက်သော မြန်မာနိုင်ငံသားတွေ
မည်မျှသေကြဦးမည်မသိ။ဒိုင်ယာလောခ့်သည်အကောင်းဆုံးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သော်လည်း
ကွေ့ဝိုက်နေလျှင်အဆင်မပြေပေ။ နားမဝင်လျှင် အပြတ်ရှင်းရန်သာ ရှိသည်။ ဒိုင်ယာလော့ခ်ကို ခုတုံးလုပ်၍ မြေပြင်တွင် ခုလိုဆက်ဖြစ်နေလျှင် ကြာလာပါက နိုင်ငံတော်သာ နစ်နာမည်ဖြစ်သည်။ ဒိုင်ယာလော့ခ်၏ နောက်ဆုံးနည်းက အင်အားသုံးခြင်းဖြစ်သည်။ အင်အားသုံးက တိုင်းရင်းသားတွေထိခိုက်နိုင်သည်။ သို့သော် ငြိမ်းချမ်းရေးဝင်္ကပါခရီးကလည်း လမ်းတွေများများဖြင့် ခရီးက ဝေဝါးဝါးဖြစ်နေသည်။ ခေါင်းဆောင်တွေ အရက်သောက်နေကြသော ငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်တွင် တိုင်းရင်းသားချင်းသတ်နေကြသည်မှာ မကောင်းပေ။ ဒေသခံတွေ လည်းအတော်ဒုက္ခရောက်ရသည်။

       ထိုအရက်တွေက သွေးရည်တွေဟုပြောရမလိုဖြစ်နေသည်။ စေတနာမှန်ဖြင့် အဖြေရှာကြရန်လိုသည်။ ဘယ်ကသေသေ မြန်မာတွေသာဖြစ်သည်။ ပြတ်ပြတ်သားသားတော့ ဖြစ်စေချင်ပြီ။ အင်အားသုံးသင့်ကလည်း သုံးစေချင်ပြီဖြစ်သည်။ ငြိမ်းချမ်းရေးစကားဝိုင်းများ လက်တွေ့နှင့်နီးစပ်ပါစေဟု ဆုတောင်းယုံမှတပါးကိုယ်ကတော့ မတတ်နိုင်ပြီ။ ဘာပြောပြော တိုင်းပြည်ရတနာသားကောင်း
တစ်ယောက်တော့ တိုင်းရင်သားချင်းသတ်တဲ့ပွဲမှာ တိုင်းပြည်အတွက် အသက်ကို စတေးသွားပြန်ပြီဖြစ်သည်။


.. www.MyanmarExpress.net

ဘင်္ဂလီရိုဟင်ဂျာများနှင့် Al Qaeda၊ မြန်မာတိုင်းရင်းသား လက်နက်ကိုင်များနှင့် အဆက်အသွယ်ရှိခြင်း

From : .. Voice of James Mint


အကျဉ်းရုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီအဖွဲ့အစည်းဖြစ်သော KNPP ထိမ်းချုပ်ထားသည့် ထိုင်း - မြန်မာနယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက် ၂၀၀၂ သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်..... မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ လှုပ်ရှားနေတဲ့ Democratic Alliance of Burma နဲ့ အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်......
KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်..... DAB ဟာလည်းပဲ ARNO ရဲ့ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်..... ARNO ဥက္ကဌ Nuru Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျဘက်မှ လှည်ပါတ် လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်..... အဆိုပါ ကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်.... သူ့ရဲ့ ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နဲ့ အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်း ဖြစ်နိုင်ပါတယ်.....

အောက်ပါ အကြောင်းအရာများဟာ မြန်မာထောက်လှန်ရေးရဲ့ ARNO အပေါ်တွင် ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်..... အပြင်ပန်းအားဖြင့် မကြားသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည်အခြေစိုက် ARNO အပေါ်တွင် ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက် ဖြစ်ပါတယ်..... အပြင်ပန်းအားဖြင့် မကြာသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည်အခြေစိုက် ARNO နှင့် Al Qaeda အဖွဲ့အစည်းတို့က လက်မခံနိုင်သည့် ဆက်သွယ်မှု သတင်းပေးပို့ချက်အား ဗိုလ်မှူးချုပ် ကျော်သိန်းမှ အောက်တိုဘာ ၇ ရက်တွင် ပေးပို့ခဲ့ပါတယ်..... ဗိုလ်မှူးချုပ် ကျော်သိန်း အဆိုအရ ARNO နဲ့ Al Qaeda ဟာ အဆက်အသွယ်ရှိပြီး ARNO အခြေစိုက် စခန်းအားလုံးဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်မှာ ရှိပါတယ်......

ARNO သမိုင်းကျောင်းနောက်ခံ နောက်ဆုံးအခြေအနေ (စက်တင်ဘာ ၂၀၀၂ ခုနှစ်အထိ) အား ရှင်းပြရလျင် မွတ်စလင် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော ရိုဟင်ဂျာ အဖွဲ့အစည်း (RSO)၊ အာရကန် ရိုဟင်ဂျာ အစ္စလာမ်မစ် တပ်ဦး နဲ့ Hak-Kavt အဖွဲ့အစ်ညးတို့ ပူးပေါင်းပြီး ၁၉၉၈ အောက်တိုဘာ ၂၈ ရက်နေ့မှာ ရိုဟင်ဂျာ အမျိုးသားကောင်စီ (RNC) ကို ဖွဲ့စည်းခဲ့ပါတယ်......

RNC ဟာ အာရကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်..... အားလုံးသော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများကို ပူးပေါင်းပြီး ရိုဟင်ဂျာ လွတ်လပ်ရေးတပ်မတော် (RLA) ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်..... မြန်မာပြည် ပြင်ပရှိ မွတ်စလင် အဖွဲ့အစည်းများ ဖိအားကြောင့် အမျိုးမျိုး ကွဲပြားနေသော ရိုဟင်ဂျာ သောင်းကျန်းသူများအား စုစည်ပြီး အဖွဲ့အစည်းတစ်ခု အောက်မှာ ထားရှိရန် ရည်ရွယ်ချက်နဲ့ ARNO ကို ဖွဲ့စည်းခဲ့ပါတယ်.....

ARNO ရုံးချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရှိ ဂျုမခါ ရပ်ကွက်၊ ဂျုမခါလမ်း၊ အိမ်နံပါတ် (၃၀) မှာ ဖွင့်လှစ်ထားပါတယ်.... သူတို့ စခန်းတွေကတော့ Zai-Lar-Saw-Ri HQ camp--map reference (PG-2916), Daw-Maw-Sri camp--map reference (P6-0537) and Kyar-Laung-Taik camp--map ref r n (PG - 2026) မှာ အခြေချ တည်ရှိပါတယ်..... ARNO အဖွဲ့အစည်းဟာ ခန့်မှန်းခြေအားဖြင့် သောင်းကျန်းသူ ၂၀၀ ခန့် အင်းအားရှိပြီး ၁၇၀ ခန့်ဟာ အမျိုးမျိုးသော လက်နက်တွေ တပ်ဆင်ထားပါတယ်..... ARNO ဗဟိုကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါတယ်.....

- ဥက္ကဌ- စစ်ရေး တာဝန်ခံ

- အတွင်းရေးမှူး

- လက်ထောက် အတွင်းရေးမှူး၊ စစ်တကောင်း ရုံးတာဝန်ခံ

- ဗဟိုကော်မတီ အဖွဲ့ဝင်၊ လက်ထောက် စစ်ရေးတာဝန်ခံ

- ဗဟိုကော်မတီ အဖွဲ့ဝင်- နိုင်ငံခြားရေးရာ ဆက်ဆံရေး တာဝန်ခံ

- တိုင်းတပါး ထောက်ပံ့ငွေများများ ရရှိရေး ဦးဆောင်သူ

- မလေးရှားနိုင်ငံအတွက် ကိုယ်စားလှယ်

- ကော့ဘဇာ စည်းရုံးရေး တာဝန်ခံ

- ငွေရေး ကြေးရေးဆိုင်ရာ အရာရှိ

- ဆက်ဆံရေး အရာရှိ- အကြံပေး

- စခန်းအုပ်ချုပ်သူ အရာရှိ (Zai-La-Saw-Ri Camp)

- ဒုတိယ စခန်းအုပ်ချုပ်သူ အရာရှိ

- စခန်းအုပ်ချုပ်သူ အရာရှိ (Daw-Maw-Sri Camp)

- စခန်းအုပ်ချုပ်သူ အရာရှိ (Kya-Long-Taik Camp)

ARNO အဖွဲ့ဝင် ၅ ဦးဟာ တာလီဘန်ခေါင်းဆောင် Osma Bin Laden နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်.... အဆိုပါ GOB မှ ဆက်လက်စုံစမ်းလေ့လာဆဲဖြစ်တဲ့ အဖွဲ့ဝင် ၅ ဦးဟာ Al Qaeda ကိုယ်စားလှယ်နဲကအတူ ၁၅ မေ ၂၀၀၀ မှာ အဆင့်မြင့် အရာရှိသင်တန်းအား တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဇွန်လ ၂၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်..... အဆိုပါ သင်တန်း တက်ရောက်နေစဉ်အတွင်း နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အချက်အလက်များ၊ လက်နက်၊ ခဲယမ်း မီးကျောက်များနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို Osma Bin Laden နဲ့ ဆွေးနွေးခဲ့ပါတယ်....... တာလီဘန် အဖွဲ့အစည်းမှ မိုဟာမက် အာဂျူးတိုင်ဒါနဲ့ မိုဟာမက် ရာရှိတ်အာမာဒါစီတို့လည်း အဲ့ဒိ အစည်းအဝေးမှာ တက်ရောက်ခဲ့ပါတယ်....

ARNO အဖွဲ့ဝင် ၁၉ ဦးဟာ လစ်ဗျားနဲ့ အာဖဂန်နစ္စတန်မှာ ၂၀၀၁ သြဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ ပြောက်ကျား သင်တန်း၊ အမျိုးမျိုးသော ဖောက်ခွဲရေး သင်တန်း၊ လက်နက်ကြီး သင်တန်းတွေကို တက်ရောက်ရန် ရွေးချယ်ခံခဲ့ရပါတယ်..... အဲ့ဒိ အဖွဲ့ဝင်တွေထဲက ၁၃ ယောက်ဟာ ဖောက်ခွဲရေးနဲ့ လက်နက်ကြီးသင်တန်းများမှာ ပူးပေါင်း တက်ရောက်ခဲ့ပါတယ်...... Zai-La-Saw-Ri စခန်းမှာရှိတဲ့ ARNO ရုံးချုပ်ကို တာလီဘန် အဖွဲ့ဝင်များဖြစ်တဲ့ အယ်ဟာဆက်နဲ့ အယ်ဂျာဟစ်တို့ဟာ ၂၀၀၁ နိုဝင်ဘာ ၂ ရက်နေ့မှာ RSO ရဲ့ Kann-Grat-Chaung စခန်းကနေ ရောက်ရှိခဲ့ပါတယ်......

သူတို့ဟာ ဥက္ကဌ Nuru Isla၊ အတွင်းရေးမှူး ဇဖာအာမက်၊ စစ်ဆင်ရေး အကြီးအမှူး ဖာရော့အာမက် အစရှိတဲ့ အဖွဲ့ဝင်များနဲ့ တွေ့ဆုံခဲ့ပြီး RSO နဲ့ ARNO ကို ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပါတယ်..... ထိုမှတစ်ဆင့် ARNO / RSO နဲ့ တာလီဘန် အဖွဲ့အစည်းတို့ဟာ ၂၀၀၁ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ခဲ့ပါတယ်.... ARNO ဥက္ကဌ Nuru Islam ဟာ ARIF နဲ့ RSO တို့ဟာ ARNO ရဲ့ ပူးပေါင်းအဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် သဘောတူခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်...... သို့သော်လည်း RSO မှ မူလာဒီမာဟာ အဆိုပါ ပူးပေါင်းခြင်းအား သဘောမတူခဲ့ပဲ ၎င်း၏ နောက်လိုက် နောက်ပါများနဲ့ ခွဲထွက်သွားခဲ့ပါတယ်......

တိုင်းတပါး အဆက်အသွယ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှ ဘာဒါဘန်၊ GOB မှ စုံစမ်းဆဲဖြစ်တဲ့ ဟာဆာအာမက်နဲ့ နိုင်ငံခြားသား ၂ ယောက်တို့ဟာ Zai-La-Saw-Ri စခန်းရှိ ARNO ရုံးချုပ်သို့ သွားရောက်ခဲ့ပြီး Salein တပ်သားများ၏ အကြီးအကဲ စစ်ရေးလှုပ်ရှားမှု တာဝန်ခံနှင့် တွေ့ဆုံခဲ့ပါတယ်...... သူတို့ဟာ အောက်ပါအချက်အလက်များကို စုံစမ်းခဲ့ပါတယ်....

- ARNO အား ဖွဲ့စည်းခဲ့သည် ခုနှစ်၊ လ၊ ရက်

- သဘောထားနှင့် ရည်ရွယ်ချက်

- မြန်မာပြည်မှ ARNO ခွဲထွက်ခဲ့သည့်နှစ်

- လက်ရှိ စစ်သည်အင်အား

- လက်နက်အမျိုးအစားနှင့် အရည်အသွေး

- ပြည်မမှ ခွဲထွက်ပြီး လွတ်လပ်သော ရခိုင်ပြည်နယ် တည်ဆောက်ရန် သို့မဟုတ် ဒီမိုကရေစီ တောင်းဆိုရန် ဟုတ်၊ မဟုတ်

- ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းစာရင်း

- အဆိုပါ အဖွဲ့အစည်းများတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သည့် အဖွဲ့အစည်းများအား ခွဲခြားဖော်ပြရန်

- လိုအပ်သည့် ရံပုံငွေနှင့် ရံပုံငွေ ထောက်ပံ့နေသည့် နိုင်ငံများ

- လက်ရှိ ငွေရေးကြေးရေး အခြေအနေ

ARNO ဒုတိယဥက္ကဌ ဖာရော့အာမက်ဟာ ထိုင်းအခြေစိုက် သောင်းကျန်သူခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်.... ၂၀၀၂ သြဂုတ်လ ၂၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကနေ ဘန်ကောက် ချင်းမိုင်မှတစ်ဆင့် ရောက်ရှိလာတဲ့ ဖာရော့အာမက်နဲ့ အတူတူပါဝင်လာတဲ့ ညီညွတ်သော အာရကန်ပါတီ (NUPA) မှ ဦးမောင်လူကြီးလည်း တောက်လျှောက် ပါခဲ့ပါတယ်..... အဲ့ဒိနောက်မှာ DAB အေးဆောင်ရ့ မိန်းမ အင်္ဂလိပ်အမျိုးသမီး ပိုက်ပါကာရန်ရဲ့ ကူညီမှုနဲ့ မြန်မာနယ်စပ် အဖွဲ့အစည်းများမှတစ်ဆင့် KNPP ခေါင်းဆောင်များဖြစ်ကြတဲ့ ဒုတိယဥက္ကဌ ဦးအောင်သာလေး၊ အထွေထွေအတွင်းရေးမှူး ဦးရေမွန်ထူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခါရယ်၊ စစ်တပ်အကြီးအမှူး အောင်မြတ်တို့နဲ့ စကားပြောဆိုခဲ့ပါတယ်.....

ဖာရော့အာမက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ARNO ကို ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာရန် ပြောလာတဲ့အတွက် ၎င်းတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဆက်နေထိုင်ဖို့ မဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်..... အမေရိကန်နဲ့ အခြားသော အဖွဲ့အစည်းများမှလည်း Al Qaeda အဖွဲ့အစည်းများနဲ့ ၎င်းတို့ ဆက်ဆံမှုဖြစ်စဉ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်...... ဒါကြောင့် KNPP ပိုင်နက်အတွင်း သင့်တော်တဲ့နေရာမှာ စခန်းဖွင့်ခွင့်ပြုရန် တောင်းဆိုခဲ့ပြီးတော့ ထိုင်းနိုင်ငံဟာ ၎င်းတို့အတွက် အလွန်သင့်တော်တဲ့ နိုင်ငံဖြစ်ကြောင်း ပြောခဲ့ပါတယ်......

ဖာရော့အာမက်ဟာ ပလောင်လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့မှ အတွင်းရေးမှူး မေအိုက်ဖုန်၊ ပအို့ဝ် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့အစည်း (PPLO) ဥက္ကဌ ဦးခွန်ဥက္ကာ၊ လားဟူ အမျိုးသားအုပ်စုမှ ဦးအေးမောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်..... ထပ်မံပြီး ၎င်းမှ ARNO အဖွဲ့ရဲ့ ခက်ခဲတဲ့ အခြေအနေကို VOA, BBC နဲ့ RFA သတင်းမီဒီယာများ၊ ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနဲ့ ချင်းအမျိုးသားများ တပ်ဦး (CNF) မှ ရွှေခါးတို့နဲက ဆွေးနွေးခဲ့ပါတယ်..... သူဟာ မဲဆောက်ကိုချင်းမိုင်ကနေ စက်တင်ဘာလ ၅ ရက်နေ့မှာ KNU ရုံးချုပ်ကို သွားရောက်ခဲ့ပြီး ဒုတိယဥက္ကဌ ဗိုလ်မြ၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာနဲ့ တာမလာဘောတို့နဲ့လည်း စကားပြောခဲ့ပါတယ်.....

အထက်ပါအကြောင်းအရာများနဲ့ ပါတ်သက်ပြီး ARNO အနေနဲ့ DAB အဖွဲ့ဝင်အဖြစ် ဖြစ်နိုင်ချေ ရှိမရှိကို ဖာရော့အာမက်ဟာ KNU နဲ့ ဆွေးနွေးခဲ့ပါတယ်..... ARNO ရဲ့ DAB အဖွဲ့ဝင် လျှောက်လွှာကို အာရကန် ဒီမိုကရက်တစ်ပါတီ (DPA) မှ အောင်စိန်သာ၊ အာရကန် လွတ်မြောက်ရေးပါတီ (ALP) မှ ခိုင်စိုးအောင်တို့က သဘောမတူပဲ ကန့်ကွက်ခဲ့ပါတယ်.....
ခိုင်စိုးအောင်နဲ့ အောင်စိန်သာ နှစ်ဦးအနေနဲ့ ၎င်းတို့ အဆိုပြုချက်အား ရိုဟင်ဂျာလူမျိုးများဟာ ရခိုင်တိုင်းရင်းသားများ မဟုတ်ကြောင်း၊ လူမျိုးစု တစ်ခုအနေဖြင့်လည်း လက်မခံနိုင်ကြောင်းကို အခြေခံ၍ ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်..... ဒါကြောင့် DAB အနေနဲ့ ARNO အား အဖွဲ့ဝင်အဖြစ် လက်မခံပဲ စစ်ရေး မဟာမိတ်အနေနဲ့သာ လက်ခံခဲ့တယ်လို့ ယူဆရပါတယ်....

ဖာရော့အာမက် အဆိုအရ ARNO စစ်ရေးတာဝန်ခံ ဆလမ်းအူလာဟာ Al Qaeda နဲ့ အဆက်အသွယ်ရှိပြီး၊ ARNO တပ်သားအချို့ဟာလည်း အာဖဂန်မှာရှိတဲ့ တာလီဘန်တွေနဲ့ ပူးပေါင်းပြိး အမေရိကန်ကို တိုက်ခိုက်ခဲ့စဉ်အတွင်း အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်..... အဆိုပါ ARNO တပ်သားတွေကို ပါကစ္စတန် ကရာချိမြို့မှာရှိတဲ့ ရိုဟင်ဂျာ အုပ်စုကနေတစ်ဆင့် အာဖဂန်ကို ပို့ဆောင်ခဲ့ပါတယ်....

ပါကစ္စတန်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ UAE၊ ပါလက်စတိုင်းနဲ့ သြစတေးလျတို့မှာ ရိုဟင်ဂျာအုပ်စုများအနေနဲ့ ရှိနေပါတယ်.... ဥက္ကဌ Nuru Islam ဟာ ဆော်ဒီအာရေဗျ နိုင်ငံသားအနေနဲ့ အမေရိကန်နိုင်ငံကို ခရီးတို သွားခွင့်ဖီဇာ ရခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကနေ ဆော်ဒီအာရေဗျကို ထွက်ခွာသွားခဲ့ပါတယ်..... ထိုင်းနိုင်ငံမှာ နေခဲ့တဲ့ ခရီးတိုကာလအတွင်း ဖာရော့အာမက်ဟာ NCGUB နိုင်ငံခြားရေးဌာနမှ Dr. Allen၊ KNU မှ ဒေးဗစ်ထော၊ ဗမာ့ရှေ့နေကောင်စီ (BLC) မှ ဒေးဗစ်စမိုင်းတို့နဲ့ တွေ့ဆုံးခဲ့ပါတယ်..... ၎င်းဟာ သတင်းဌာနတစ်ခုရဲ့ အယ်ဒီတာအနေနဲ့ ထိုင်းနိုင်ငံကို သွားခဲ့ပြီးတော့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်.....

စင်္ကာပူမှာ ဖမ်းဆီးရမိခဲ့တဲ့ ရိုဟင်ဂျာ ဂျီဟတ်အဖွဲ့ဝင်တွေကို စစ်ဆေးခဲ့ရာမှာ ဒေသတွင်း ဝင်ရောက်စွက်ဖက် လှုပ်ရှားနေတဲ့ ရက်ဘီတာတူ မူဂျာဟစ်ဒစ် အုပ်စုရဲ့ စီစဉ်မှုနဲ့ ဖွဲ့စည်းထားတဲ့ ဂျမား အစ္စလာမ်မီးယာ (JI) ခေါင်းဆောင်တွေဟာ ဟန်ဘလီနဲ့ ဘာရှားတို့ဖြစ်ကြောင်း သိခဲ့ရပါတယ်..... ဒေသတွင်း မွတ်စလင်အဖွဲ့အစည်းများရဲ့ အဆက်အသွယ်ကနေတစ်ဆင့် တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ သင်တန်းများ၊ လက်နက်ဝယ်ယူခြင်း၊ ဘဏ္ဍာရေး၊ သတင်းဖလှယ်ခြင်းများနဲ့ စစ်ရေးအကြမ်းဖက်မှု လုပ်ငန်းများမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်.....

အခြားသော ပူးပေါင်းလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေဟာ ဂျရာကန် အာ့ခ်ျ မာဒီကာ (GAM)၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရခိုင်ရှိ အခြားအဖွဲ့အစည်း နှစ်ခုနဲ့ မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ပါတယ်..... ARNO ဟာ Al Qaeda နဲ့ ဆက်သွယ်ရန် စတင်ခဲ့ပြီး ဧပြီ ၂၀၀၁ မှာ ARNO ရဲ့ ဗဟိုကော်မတီဝင် ၅ ဦးဟာ အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့ပါတယ်.... အခြားအနေဖြင့် Republic of Islam Aceh (RIA) နဲ့ အီဂျစ်ရှိ Jammah Jihad mesir (JJM) တို့နဲ့လည်း ARNO ဟာ ပူးပေါင်းခဲ့ပါတယ်.... ဒါကိုကြည့်ခြင်းအားဖြင့် သေးငယ်တဲ့ ရိုဟင်ဂျာအစုအဖွဲ့ဟာ မလေးရှားနိုင်ငံ ပတူဝပ်မှာ ရှိတယ်လို့ ယူဆနိုင်ပါတယ်.....

မြန်မာတွေရဲ့ သတင်းပေးပို့ချက်ဟာ ပြည့်စုံလုံလောက်သော ဖြစ်နိုင်ချေတွေ ရှိပါတယ်.... ဘင်္ဂလားဒေ့ရှ် အစိုးရဲ့ အကြံပေးချက်အရ မေလမှာ ARNO ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ၎င်းတို့ရဲ့ စခန်းတွေကို ဖယ်ရှားခဲ့ပြီးပြီးခြင်းမှာ အာရကန်စစ်တပ်အဖွဲ့ဝင် ၁၉၅ ဦးဟာ မြန်မာပြည်ထဲကို ၎င်းတို့ဘာသာ ဝင်ရောက်ခဲ့ပါတယ်.... အခုထိတော့ ARNO ဟာ ဘင်္ဂလားဒေ့ရှ်ကနေ မပြောင်းသေးပါဘူး..... မြန်မာတွေရဲ့ အဆိုအရ ARNO နဲ့ RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်အတွင်းရှိ စခန်း ၈ ခုကို အတူတကွ ထိမ်းသိမ်းလျက်ရှိတယ်လို့ ဆိုပါတယ်.... တကယ်လို့ မြန်မာတွေ သတင်းပေးပို့ချက်ဟာ မှန်ကန်တယ်ဆိုပင် ဆိုသော်ငြား ၎င်းတို့ လုပ်ငန်းစဉ်အတွက် စခန်းအသစ်တစ်ခု ရှာဖွေနေတာ သေခြာပါတယ်.....

မြန်မာတွေအမြင်မှာတော့ ၎င်းတို့အုပ်စု လက်နက်ကိုင်တဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်......

အဆိုပါ သတင်းပေးပို့ချက်အရ ARNO နဲ့ ထိုင်းနယ်စပ်ရှိ မြန်မာလက်နက်ကိုင် အဖွဲ့တို့ ထူးခြားသည့် ဆက်သွယ်မှုအား သတိထားစေရန် အသိပေးလျက် ရှိပါတယ်...... ဖြစ်နိုင်ချေရှိသည်မှာ ၎င်းတို့အနေဖြင့် (မြန်မာအစိုးရအား ဆိုလိုဟန်ရှိပါတယ်) အကြမ်းဖက်မှု တိုက်ဖျက်ရေးအား အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမှတ်ယူရန် မျှော်လင့်ထားခြင်း ဖြစ်နိုင်ပါတယ်......

မှတ်ချက် ။ ။ ၁၀ / ၁၀ / ၂၀၀၂ တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ မှတ်တမ်းတင်ခဲ့သည့် 02RANGOON1310 စာတန်းအား Wikileaks မှ ကူးယူ၍ ဘာသာပြန်ပါတယ်....

 
.. www.MyanmarExpress.net
 

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အရာရှိ ပျောက်ဆုံးမှု ဖြေရှင်းရန် မြန်မာအစိုးရကို တောင်းဆို

From : irrawaddy


 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်, နယ်ခြားစောင့်တပ်, မြန်မာ သံရုံး, နိုင်ငံခြားရေး ၀န်ကြီးဌာန, မြန်မာ သံအမတ်.

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအကြား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့မှ အရာရှိ တဦး ပျောက်ဆုံးနေမှုကို စစ်ဆေးဖြေရှင်းပေးရန် မြန်မာ အစိုးရထံ တောင်းဆိုလိုက် ကြောင်း သိရသည်။

BGB အဖွဲ့ဝင် ပျောက်ဆုံးနေမှုအား အမြန်ဆုံး စစ်ဆေးဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်၍ တောင်းဆိုခဲ့ရာ မြန်မာ အစိုးရ တာဝန်ရှိသူများထံ တင်ပြ၍ အမြန်ဆုံး ပြန်လည် ဖြေကြားပေးမည်ဟု မြန်မာ သံအမတ်က ပြောဆိုကြောင်း Banglanews24 သတင်းဌာနက မေ ၂၉ ရက်စွဲဖြင့် ဖော်ပြ ထားသည်။

ထို့အတူ မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့်ကွက်စာ တစောင် ပေးပို့၍ ဖြေ ရှင်းချက်ပေးရန် တောင်းခံထားကြောင်းလည်း ရေးသားထားပြီး အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မြန်မာ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တို့ အကြား မေလ ၂၈ ရက်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဟုတ်မဟုတ်ကို ၎င်းတို့ မသိကြောင်း၊ ဘင်္ဂလားဒေ့ရှ် BGB အရာရှိ ပျောက်ဆုံးနေခြင်းကိုလည်း ၎င်းတို့ အနေဖြင့် မသိသေးကြောင်း၊ မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ အရာရှိ တဦး က ဧရာဝတီ ကို ပြောသည်။

“မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုတွေအကြားမှာ အကြမ်းဖက်အဖွဲ့က လူတဦးသေတယ်၊ လက်နက် တချို့သိမ်းဆည်းရ မိ တယ်လို့ ကျနော်တို့ဆီ သတင်းပို့ထားပါတယ်၊ အသေးစိတ်တော့ မသိသေးပါဘူး”ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကမူ ၎င်းတို့၏ BGB အရာရှိအား မြန်မာတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ယူဆနေကြောင်း သိရ သည်။

ဘင်္ဂလားဒေ့ရှ်မှ ပျောက်ဆုံးနေသည့် BGB အရာရှိ မီဇာနူရ် ရာဟာမန် (Mizanur Rahman ) နှင့် အတူ အမ် ၂၂ ရိုင်ဖယ် တလက်၊ ကျည်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်း ဘင်္ဂါလီ သတင်းစာများအား ကိုးကား၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေ စိုက် နိရဉ္စရာ သတင်းဌာန၌လည်း ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ မေလဆန်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲတပ် ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ က ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းက နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေး၍ အလံ တင် ပွဲ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်ဘက်၌ ကျင်းပခဲ့သေးသည်။

ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေစိုက်၍ လှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့ ကို တားဆီး နှိမ်နင်းပေး ရန် မြန်မာ အာဏာပိုင်များ က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ တောင်းဆိုရာ ၎င်းတို့ နိုင်ငံအတွင်း မည်သည့် လက်နက် ကိုင် တပ်ဖွဲ့မှ မရှိဟု တုံ့ပြန်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ က ပြောဆိုသည်။

မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အကြမ်းဖက် လှုပ်ရှားနေသည်မှာ RSO (Rohingya Solidarity Organization ) လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ တခုသာရှိကြောင်း ဧရာဝတီ ကို ပြောသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဘက်မှ တုံ့ပြန်မှုနှင့်ပတ်သက်၍လည်း မြန်မာ အာဏာပိုင်များက အားရ ကျေနပ်မှု မရှိဟု သိရ သည်။

မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုများအပြီး ယခုအခါ မြန်မာနယ်စပ် တလျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး ဘင်္ဂလာဒေ့ရှ် ဘက် တွင်လည်း လုံခြုံရေး တိုးမြှင့်ထား၍ အခြေအနေ တင်းမာမှု ရှိကြောင်း၊ မောင်တောမြို့ပေါ်၌ ပုံမှန် အတိုင်းရှိကြောင်း မောင် တော ဒေသခံ တချို့က ဧရာဝတီ ကို ပြောသည်။


.. www.MyanmarExpress.net
 

ဘင်္ဂးလားဒေရှ့် ကို ကြောက်စရာလည်းမလို.. ကမ္ဘာပျက်မှ မြန်မာပျက်စေရမယ်

From : .. Zero Snipers Team - Myanmar


အကျယ်အ၀န်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၃၉၉၈ ကျယ်ဝန်းတဲ့ ဒီနိုင်ငံအနေနဲ့ လူဦးရေပေါက်ကွဲမှုတွေဖြစ်နေတယ်။ မြို့တော်က ဒါကာဖြစ်ပါတယ်။ လူဦးရေပေါင်းက ၁၆၁၀၈၃၈၀၄ ဖြစ်ပါတယ်(၂၀၁၂ ဇူလိုင်) ။ ရေကြောင်းထိစပ်မှုက ကီလိုမီတာ ၅၈၀ ဖြစ် ပါတယ်။ ဘင်ဂါလီ ၉၈ ရာခိုင်နှုန်း ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာက မွတ်ဆလင် ၈၉.၅ % ဖြစ်ပါ တယ်၊ ကျန်တဲ့ရာခိုင်နှုန်းတွေ ကိုလည်း သူတို့ဘာ သာထဲကိုသွတ် သွင်းနေပါတယ်၊ ပါလီမန် ဒီမိုကရေစီအုပ်စိုးတဲ့ အစိုးရစနစ်တစ်ခုဖြစ်ပါတယ်။ ပြည်နယ် ၇ ခုနဲ့ အုပ်ချုပ်နေ ပါ တယ်။စီးပွားရေးတိုးတက်နှုန်းက တစ်နှစ် ကို ၅ % ကနေ ၆% အထိတိုးတက်နေပါတယ်။ ဒါပေ မဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ရာသီဥ တုဘေးဒဏ်တွေကို အမြဲခံစားနေရတဲ့အတွက် ဒီထက် တိုးတက်အောင် မပြုလုပ်နိုင်ပါဘူး။ အဓိက၀င်ငွေရနေတာ ကတော့အထည် ချုပ် လုပ်ငန်းတွေ ၊ ပြည်ပမှ သူတို့နိုင်ငံသားတွေ ကနေပြန်ပို့ တဲ့ ငွေတွေ ဖြစ်ပါ တယ်။ နောက် ၀င်ငွေကတော့ ကုလသမဂ္ဂရဲ့အောက်မှာသူတို့ တပ်ရင်း ၃ ရင်းလောက်က ကြေးစားအဖြစ်နဲ့ အမှုထမ်းပြီး သူတို့နိုင်ငံအတွက်ဝင်ငွေ ရှာပေး နိုင်ပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံတကာဘာသာ စကား တတ်ကျွမ်း လာတယ်၊ စစ် သည်တွေ အပိုဝင်ငွေရသလို သူတို့ရဲ့ကာ ကွယ်ရေးဝန်ကြီးဌာန ကို ထောက်ပံ့ပေးနိုင် ပါတယ်။

သူတို့ရဲ့တပ်မတော်နဲ့ပတ်သတ်လို့ တန်းပြည့်စစ်မှုထမ်းတဲ့အင်အားက ကြည်းတပ်မှာ ၁၂၆၁၅၃ ၊ လေတပ်မှာ ၁၄၀၀၀ နဲ့ ရေတပ်မှာ ၁၆၉၀၀ ဖြစ်ပါတယ်။ အရန်စစ်အင်အား အနေ နဲ့ ဘင်္ဂလားရိုင်ဖယ် လို့ခေါ်တဲ့အင်အားက ၃၈၀၀၀ ၊ ရဲအင်အားက ၅၀၀၀ ၊ Ansars (Security Guards) လို့ခေါ်တဲ့အစောင့်တပ်က ၂၀၀၀၀ ကျော်၊ ကမ်းခြေစောင့်ရဲ တပ်ဖွဲ့က ၉၀၀ ကျော် ရှိပါတယ်။ သူတို့နိုင်ငံရေးနဲ့ ပတ်သတ်လို့ အကျယ်ရှင်းမပြတော့ပါဘူး။သူတို့ကြည်းတပ်ရဲ့ ဖွဲ့စည်းပုံတွေ အနေနဲ့ ကတော့ ပြည်နယ် ၇ ခုခွဲထား လို့ခြေလျင်တပ် မပေါင်း ၁၇ ခု (တပ်ရင်းပေါင်း ၆၈ ခု) ၊ တပ်ရင်းကြီး ၆ ခု၊ တပ်မဟာ ၁ ခု၊ လေကြောင်း ရန်ကာ ကွယ်ရေးတပ်မ ၁ ခု၊ လေကြောင်း ချီတပ်မ ၂ ခု၊ ကွန်မန်ဒို တပ်ရင်း ၁ ခု၊ အမြောက်တပ်ရင်း ၂၀ ခု၊ ဆက်သွယ်ရေးတပ်မ ၁ ခု တို့နဲ့ဖွဲ့စည်း ထားပါတယ်။ သူတို့ရဲ့ စစ်လက်နက်နဲ့ စစ်ယာဉ်တွေကတော့ ပင်မတိုက် ပွဲဝင်တင့် MBT အမျိုးအစားက Type 58 က ၂၃၂ စီး၊ Type 69 က ၁၇၄ စီး၊ အပေါ့စားတင့်အနေနဲ့ Type 62 က ၈စီး၊ သံချပ်ကာ သယ်ယူ ပို့ဆောင်ရေး ယာဉ် APC က MTLB က ၂၂၆ စီး၊ BTR 80 က ၉၂ စီး၊ Otocar က ၁၇ စီး ဖြစ်ပါတယ်။အမြောက်တပ်ဖွဲ့အနေ နဲ့ ၁၀၅ မမ ၃၄၃ လက်၊ model 56 pack howitzer က ၁၁၄ လက်၊ M-30 (Type 54 နဲ့ 54-1 )က ၅၇ လက်၊ D-30 ဟောင်ဝစ်ဇာက ၅၄ လက်၊ ၁၃၀မမ M-46(Type 59-1) က ၆၂ လက်ဖြစ်ပါတယ်။ စိန်ပြောင်းနဲ့မော်တာတွေ အနေနဲ့က ၈၁မမ M29A1 က ၄၇၂ လက်၊ ၈၂မမ (Type -53/87/M-31) က ၃၆၆ လက်၊ ၁၂၀မမ က ၉၅ လက် ရှိပါတယ်။ နောက်ပွင့်ရိုင်ဖယ် အနေနဲ့ ၁၀၆ မမ M40A1 က ၂၃၈ လက်ရှိပါတယ်။လေကာလက်နက်တွေအနေနဲ့ ၃၇ မမ ၁၆၄ လက်၊ ၅၇ မမ က ၇၄ လက် နဲ့ Type-59 (S-60)က ၃၄ လက်ရှိပါတယ်။ SAM လို့ခေါ်တဲ့ Missile တွေက HN-5Aက အလက် ၂၀ ၊ QW-2 နဲ့အစားထိုး ဖို့လုပ်နေပါ တယ်။ရေတပ်အနေနဲ့ကတော့ ကျတော်ထည့်မရေးတော့ပါဘူး ၊ ဖရီးဂိတ်က ၂ စီး ကတော့ သေချာပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့အနေ နဲ့လည်း ဖွဲ့စည်းထားပါတယ်၊ မိုင်းရှင်ယာဉ် ၄ စီး၊ ကြည်းရေနှစ်တန် သွားယာဉ်က အနည်းဆုံး ၁၀ စီးရှိပါတယ်။ patrol board လေးတွေ ကတော့ တော်တော်များများပိုင်ဆိုင်းထားပါတယ်၊ရေငုပ် သဘောင်္ လည်းပိုင်ဆိုင်ထားပါတယ်။လေတပ်အနေနဲ့က တိုက်ပွဲ ၀င်လေယာဉ်က ၇၄ စီး၊ F-7MB/ F-7BG က အစီး ၃၀၊ A-5 Fantan က ၁၈ စီး၊ Mig-29 Fulcrum က ၈ စီးကနေ ၆ စီး၊ Mig-29 UB က ၂စီး၊ FT-6(Mig-19UTI) Farmer က ၁၀ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ်အုပ်က တစ်အုပ်၊ အဲ့အထဲမှာ C-130B hercules က ၄စီးပါတယ်။ ကျန်တာက An-32 က ၃စီး၊ 1 squd စာပါ။ Heli တွေအနေနဲ့က တော့ Mi-17 အုပ်က ၅ အုပ်စာ (Mi17 က ၁၇ စီး၊ ၊ ဘဲလ်၂၀၆ က ၂စီး၊ ဘဲလ် ၂၁၂ က ၁၁စီး ဖြစ်ပါတယ် ၊ တိုက်ခိုက်ရေး အုပ်တွေတော့ မတွေ့သေးပါဘူး။ ကျန်တာတွေကတော့ Trainer အမျိုးအစားတွေထဲမှာ PT-6 အမျိုးအစား၊ T-37B Tweet နဲ့ L-39ZA Albatros တွေပဲဖြစ်ပါတယ်။ အရေအတွက်ကတော့ ၁၀ စီး၊ ၁၂ စီးနဲ့ ၃၀ စီး ဖြစ်ပါတယ်။ AAM တွေ အနေနဲ့ကတော့ AA-2 Atoll လို့ပဲပေါ်ပါတယ်။


ဒါတွေက သူတို့ရဲ့တပ်တွေကို အကြမ်းဖျင်းပြောပြတာပါ။ ကျွန်တော်တို့ကို လည်း သူတို့ကြည့်နေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်သိတာမြင်တာ ကို ရေးပြ လိုက်တာပါ၊ နောက်တစ်ခုက သူတို့ ရဲ့ MI တွေသည် ကျွန်တော်တို့ တွေအထဲကို ထိုးဖောက်နေပါတယ် ၊ အထူးသဖြင့်သူတို့နဲ့ ဘာသာတူတွေလို အသွင်ယူပြီး ရခိုင်မြေပေါ်မှာရှိနေပါတယ် ၊ သူတို့ အဖွဲ့ကို ဘယ်အုပ်ချုပ်မှုအောက်မှာထားလဲ ဆိုတာတော့ သိပါတယ်။ ဒီ့ထက်အနုစိတ်ရင်လည်း အဆင်မပြေတော့ဘူး ခင်ဗျ..... ရန်သူ့အကြောင်း ကို သိထားတော့ ကောင်းတာပေါ့ ဗျာ၊ နောက်ကျန်တာ တစ်ခုက သူတို့ရဲ့ရုံးသုံးစကားက ဘင်ဂါလီလိုဆိုပေမဲ့ အင်္ဂလိပ်စာတော့ အတိုင်းအ တာ တစ်ခုအထိကောင်းပါတယ်။ သူတို့ကို စစ်လက်နက် အဓိကထောက် ပံ့နေ တဲ့ နိုင် ငံတွေကတော့ China. France, Germany, Russia, Turkey, United Kingdom, Indonesia, United States, Malaysia, South Korea တို့ပဲဖြစ်ပါတယ်။အနာဂတ်မှာ ဒီလိုတပ်မတော်မျိုးကို ကျွန်တော်တို့က ခုချိန်မှာအတိုင်းအတာတစ် ခုလောက် ဂျွမ်းပြန်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ခုကျွန်တော်ရေး ထားတာတွေ အပြင်သူတို့မှာ ၀ှက်ဖဲတွေရှိနေပါ တယ်။ အဲ့ ၀ှက်ဖဲတော့ ချမပြတော့ ပါဘူး .... ဗဟုသုတ အဖြစ်ရေးပေး တာပါ။ရန်သူလို့သတ်မှတ်ထားရင် ကြောက်စရာလည်းမလိုသလို အထင်ကြီး စရာလည်းမလိုပါဘူ .. 


သိပ်ကြောက်နေရင်လည်း အသက်ပေး လိုက် ရနိုင်သ လို သိပ်အထင်သေးရင်လည်း အသက်ပေး သွားရပါလိမ့်မယ် ။ အနီးစပ် ဆုံး ဒေတာတွေ တိကျပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ခုကျွန်တော်ရေးပေး ထား တာတွေက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ India က ရေးထားတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ် ၊ စိတ်ကြိုက်သဘောထားကွဲလွဲနိုင်ပါတယ် ၊ ဒါပေမဲ့ ခင်ဗျားတို့ဘယ်တော့မှ မမေ့နဲ့ ဒီမြေမှာနေဒီရေသောက်ပြီး လူဖြစ်လာ တယ်ဆိုတာကို ..... ကမ္ဘာပျက်မှ မြန်မာပျက်စေရမယ်

 .. www.MyanmarExpress.net
 

မောင်တောနယ်စပ်ပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ် ကန့်ကွက်၊ ရဲမှူးကြီး မင်းအောင်နှင့်မေးမြန်းချက်

From : ..dvb

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကိုင်တဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တရားဝင် ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။
soldiers 

မေ ၂၈ ရက်နေ့မနက်က မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၂ အနီးမှာ ပြောက်ကျား ၀တ်စုံဝတ်ထားတဲ့ လက်နက်ကိုင် ၂ ဦးနဲ့ ကင်းလှည့်နေတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တို့ အပြန်အလည် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ၁ ဦး သေဆုံးသွားခဲ့ပြီးနောက် အခုလို ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်စာ ပေးပို့လာတာ ဖြစ်ပါတယ်။

မေလအတွင်း မောင်တောနယ်စပ်မှာ နှစ်ဘက် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပြီး နှစ်ဘက် တိုက်ပွဲဖြစ်တိုင်း မြန်မာဘက်က ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (အာအက်စ်အို) ကလို့ ယူဆရကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။

အခုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒီကိစ္စ ကန့်ကွက်လာတာနဲ့ ပတ်သက်ပြီး အဖြစ်မှန်နဲ့ ဒီပြဿ နာကို နှစ်နိုင်ငံ ဘယ်လို ဖြေရှင်းကြဖို့ ရှိသလဲဆိုတာ သိရအောင် နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနက ဒုညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

၂၈ ရက်နေ့က မောင်တောနယ်စပ်မှာ ကျသွားတဲ့ တပ်ဖွဲ့ဝင်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားတယ် ကြားလို့ပါ။

“သူတို့က ကန့်ကွက်စာလိုမျိုးဟာတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ပို့တယ်လို့တော့ သိရပါတယ်။”

မီဒီယာတွေက သိရတာက ၁၃၊ ၁၇၊ ၂၈ ရက် တိုက်ပွဲတွေ ဆက်ဖြစ်တယ်ဆိုတော့ ကျနော်တို့ အဲဒီဘက်တွေ မေးတော့ အာအက်စ်အို လို့ ယူဆရတယ်ပဲ ပြောတယ်။ ရဲမှူးကြီးတို့ ဘယ်လိုများ သိပါသလဲ၊ တဖက်က တပ်ဖွဲ့ဝင်တွေက ဘာအဖွဲ့တွေလဲ။

“ကြားတဲ့ဟာကတော့ အာအက်စ်အို လို့ပဲ သူတို့က ပြောတယ်။ သတင်းပို့တဲ့အချက်အရ အာအက်စ်အိုလို့ပဲ သိတယ်။”

ဒီလထဲမှာ သုံးလေးကြိမ်ဖြစ်တော့ လုံခြုံရေးကို ဘယ်လိုလုပ်ဖို့ ရဲမှူးကြီးတို့ စီစဉ်ထားလဲ။

“လုံခြုံရေးကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချထားတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့လည်း ရှိတယ်။ တပ်မတော်အဖွဲ့လည်း ရှိတယ်။ အခု နောက်ဖြစ်တဲ့ တိုက်ပွဲက တပ်မတော်အဖွဲ့ ကင်းလှည့်ရာမှာ ဖြစ်တယ်လို့ပြောတယ်။”

နှစ်နိုင်ငံ နယ်ခြားစောင့်ကော်မတီလည်း ရှိတယ်လို့ ပြောတယ်၊ အချင်းချင်းညှိပြီး လုပ်ကြမလား ဘယ်လိုစီစဉ်ထားလဲ။

“နယ်ခြားကော်မတီမှာ အလံတင် အစည်းအဝေးတို့၊ အောက်ခြေအဆင့် အစည်းအဝေးတို့ အလွတ်ဆွေးနွေးပွဲတို့ကို ခဏခဏ ဆွေးနွေးတယ်။ ဒီကိစ္စကလည်း ဆွေးနွေးရင်းနဲ့ ပြီးသွားမှာပါ။”

ဒါပေမယ့် ဒီလထဲမှာ ဆက်တိုက်ဖြစ်နေသလို ဖြစ်နေတယ်။

“တိုက်ပွဲဖြစ်နေတာလည်း မိုင်တိုင် ၅၂၊ ၅၃ အဲဒီနေရာမှာပဲ ဖြစ်နေတာ။”

တဖက်က ဘယ်အဖွဲ့လဲဆိုတာ နှစ်နိုင်ငံပေါင်းပြီး ဖော်ထုတ်ဖို့ မရှိဘူးလား။

“နှစ်နိုင်ငံပေါင်း ဖော်ထုတ်ဖို့က နယ်ခြားကော်မတီ အစည်းအဝေးသွားတဲ့အခါမှာ သူတို့ဆီကို တောင်းဆိုထားပါတယ်။ သူတို့ကတော့ ပထမတခါ ဖြစ်တုန်းက သူတို့ဘက်က ပစ်လိုက်လို့ ကျနော်တို့ဘက်က ၄ ယောက် သေသွားတာရှိတယ်။ အဲဒီ အစည်းအဝေးမှာ ရဲမှူးချုပ်တင်ကိုကို တို့ သွားတော့ မေးတဲ့အခါမှာ သူတို့နယ်မြေလည်း မဟုတ်ဘူး၊ သူတို့အဖွဲ့မဟုတ်ဘူးလို့ ပြောတယ်။ ဒီကြားထဲမှာ သူတို့အဖွဲ့ BGB (ဘင်္ဂလာဒေ့ရှ် နယ်စပ် လုံခြုံရေး တပ်ဖွဲ့) မဟုတ်ဘူးဆိုရင်… အဲဒီမှာက အာအက်စ်အို နဲ့ BGB ၂ ဖွဲ့တည်း ရှိတာ။”

အခုတော့ သူတို့တပ်ဖွဲ့ဝင်ပါ ပြောပြီး ကန့်ကွက်လာပြန်ပြီ။

“အခုကျတော့ အဲဒီလိုမျိုး ကန့်ကွက်လာတယ်။ တကယ်ဆိုရင် ကင်းလှည့်တာတို့ဘာတို့ဆိုရင် အလံထောင်ရတယ်လို့ ပြောတယ်။ ဒီတခါမှာလည်း ၂ ယောက်တည်း လာတယ်။ အလံမပါဘူး။ ယူနီဖောင်းကလည်း ပြောက်ကျားအ၀ါရောင် ၀တ်ထားတယ်ပြောတယ်။ နောက်ပြီး ဘက်တံဆိပ် မပါဘူး။ တကယ်တမ်း သူတို့နိုင်ငံက တပ်ဖွဲ့ဖြစ်လို့ရှိရင် ဘက်တံဆိပ်က ပါရမှာပေါ့။ တပ်မတော် တပ်ဖွဲ့နဲ့တွေ့တဲ့အခါကျတော့ သူတို့ကလည်း ဒါဆိုရင် သူတို့သောင်းကျန်းသူပဲဆိုပြီး ကျနော်တို့နယ်ထဲ ၀င်လာလို့ ပစ်လိုက်တာပါ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မေ ၂၉ ရက်နေ့က ဆင့်ခေါ်ထားပြီး ဒီဖြစ်ရပ်ကို ကန့်ကွက်ကြောင်းနဲ့ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကို ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့ ဘင်္ဂလားဒေရှ့် သတင်းစာတွေက ရေးပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အကြီးအကဲက သေဆုံးသူရဲ့ အလောင်းနဲ့ လက်နက်တွေကို လိုချင်သလို မြန်မာနယ်စပ်မှာ လုံခြုံရေးကို တိုးမြှင့်ချထားတယ်လို့ ပြောဆိုတယ်လို့လည်း သတင်းတွေက ရေးပါတယ်။


.. www.MyanmarExpress.net