Subscribe to our RSS Feed

စခန်းသိမ်းမလား၊ ငြိမ်းချမ်းရေးလား



လွန်ခဲ့သည့် ၁၄ ရက်နေ့က သူ၏ ၄ လပြည့်ဖြစ်သည်။ မွေးဖွားသည်တော့မဟုတ်။ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ကျဆုံးသွားသည်ဟု ပြောရလျှင် ပိုမှန်ပါလိမ့်မည်။ ထိုထက် တိတိကျကျပြောရလျှင်တော့ ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်တနေရာတွင် ဇွန်လ ၁၄ ရက်နေ့က သူကျဆုံးသွားခဲ့သည်။ 

သူ့ကျဆုံးပုံကို သက်ဆိုင်ရာတပ်ဗိုလ်ကြီးက အကြောင်းပြန်ကြားရာတွင် ခေါင်းကို မိုင်းစမှန်ကာ ကျဆုံးသည်ဟု ပြောသည်။ သူကျဆုံးသည်ကို ကျဆုံးပြီး ၂ ရက်အကြာမှ မိသားစုက သိရသည်။ 
သူ့ကို တောတွင်းတွင် မြုပ်နှံလိုက်သည်။
သူကျဆုံးသွားသည်ကို သူ့အမေက မယုံချင်ပါ။ 
ထို့အထွက် ယခုအချိန်အထိ အမျှမဝေဘဲ ထားလိုက်သည်ဟု ဆိုသည်။ 
သူ့ကို မိသားစုက အမျှမဝေရသေးပါ။ 
သူ့ချစ်သူကတော့ ဘုန်းကြီးကို လှူစရာရှိသည်များ လှူပြီး အမျှဝေထားလိုက်သည်။ 

ယခုဆိုလျှင် သူကျဆုံးသွားခဲ့သည်မှာ ၄ လကျော်သွားခဲ့ပြီဖြစ်သည်။ 
သို့သော်လည်း စစ်ပွဲကတော့ သူမကျဆုံးမီကအတိုင်းပင်
ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတုန်းပင်။ တစ်ခါတစ်ရံ တိုက်လိုက်မည်။ 
နားထားလိုက်မည်။ 
အခြေအနေမှာ မည်သို့မည်ပုံဖြစ်လာမည်ကို မသိသေး။ 
သို့နှင့် စတိုက်သည်မှ ၁ နှစ် ၅ လကြာချေပြီ။ 

သူမကျမီ ၁ ခန့်အလိုအထိ နယ်မြေ၏အခြေအနေကောင်းနေသေးသော်လည်း
နောက်ပိုင်းတွင် ဆွေးနွေးပွဲလည်း ပျက်ကာ တိုက်ကြ ခိုက်ကြဖို့ဖြစ်လာခြင်းဖြစ်သည်။ 
သူမကျမီလေးတင် သမ္မတကလည်း ရှေ့တန်းတွင် ခုခံကာကွယ်သည်မှ အပ 
တိုက်ခိုက်ခြင်း မပြုရန် တားဆီးခဲ့သေးသည်။ သူမပစ်လိုက်ရပါ။ 
ဟိုဘက်က ပစ်သွားသည်ကို ခံလိုက်ရကာ ကျသွားရသည်။ 

သူကျသွားသဖြင့် တဖက်ကတော့ ပျော်ကောင်းပျော်နေပါလိမ့်မည်။ 
အဘယ်ကြောင့်ဆိုသော သူက မကြာသေးမီကမှ OTS ဆင်းလာပြီး 
ဒုဗိုလ်မှ ဗိုလ်ဖြစ်လာရသူဖြစ်သည်။ နှစ်ပွင့်တစ်ယောက်ကျသွားသည် 
အခြားတပ်သားနှစ်ယောက် ဒါဏ်ရာရသွားသည်ဟု နိုင်ငံတကာမီဒီယာများက မေးမြန်းလာလျှင် အားရ၀မ်းသာဖြင့် ပြောမည့် ဗိုလ်ချုပ်ဂွမ်မော်အတွက်လည်း ပျော်စရာပင်။ 

တကယ်တော့ ပျော်စရာကောင်းသည့်သူက နည်းနည်းရယ်ပါ။ မပျော်သည့်သူက အများအပြားဖြစ်ပါလိမ့်မည်။ သူ့တမိသားစုလုံးက ၀မ်းနည်းငိုကြွေးကြလိမ့်မည်။ 
သူ့ချစ်သူက ငိုကြွေးမည်။ သူ့သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကလည်း ငိုကြွေးကြဦးမည်။ 
၂၇ နှစ်အရွယ်တွင်မှ သေးဆုံးသွားရသည်ဟု အားမလိုအားမရဖြစ်ရဦးမည်။
ဘာပဲဖြစ်ဖြစ် သူကတော့ ကျသွားခဲ့ပြီဖြစ်သည်။ ပြန်လည်း အစားလိုမရတော့ပါ။ 

စစ်တပ်တွင်သူ့နေရာကိုအစားထိုးလို့ ရမည်ဖြစ်သော်လည်း 
သူ့မိသားစုအတွက်တော့ အစားထိုးလို့ မရတော့ပြီ။
စစ်သားဆိုမှတော့ စစ်တိုက်ရမည်သာ ဖြစ်သည်။ 
စစ်ပွဲတွင် ကျဆုံးသည်ကတော့ ဂုဏ်ယူစရာကောင်းပါလိမ့်မည်။ 
သူကျဆုံးစေသည့် စစ် ဘာကြောင့် ဖြစ်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာကို ဖြေရှင်းနေခြင်းထက် ဒီစစ်ပြီးဆုံးရန်သာ အရေးကြီးပါသည်။ 

မည်သည့်နည်းဖြင့် ဖြစ်စေ ဒီစစ်ပြီးဆုံးရန်သာ အရေးကြီးသည်။
 ငြိမ်းချမ်းရေးအရယူပြီး ဖြေရှင်းနည်းလား။ သို့မဟုတ် စခန်းသိမ်းပြီးဖြေရှင်းနည်းလား။ အလွယ်ကူဆုံးနည်းဖြင့် ဖြေရှင်းရမည်သာဖြစ်သည်။ ငြိမ်းချမ်းရေးက လွယ်သလား၊ 
စခန်းသိမ်းခြင်းက လွယ်မလားကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူများအသိဆုံးပင် ဖြစ်ပါလိမ့်မည်။ 

ယခုထပ်ပြီး ဆွေးနွေးနေကြပြန်ပြီဖြစ်သည်။ သို့ရာတွင် ဟိုဘက်ကတော့ ငြိမ်းချမ်းရေးကို လိုလားပုံမပြ။ အပစ်အခတ်ရပ်ဆဲရေးထက် နိုင်ငံရေးအရဆွေးနွေးရန်တောင်းဆိုသည်ဟု မီဒီယာများတွင် ပါသည်။ မည်ကဲ့သို့ ဆွေးနွေး မလဲဆိုတော့ မဖြေနိုင်ကြ။ ဘာလိုချင်တာလဲ။ ဘာလိုချင်လို့လဲ။ ဘာအတွက် ဒီစစ်ကို တိုက်နေကြတာလဲ။ 

တကယ်တော့ စစ်တိုက်တယ်ဆိုတာ ငြိမ်းချမ်းရေးအတွက် တိုက်တာမဟုတ်ဘူးလား။ 
လူမျိုးတစ်မျိုးလား၊ တိုင်းပြည်တစ်ပြည်လားတော့ ရွေးရမည်ဖြစ်သည်။ ကိုယ်လိုချင်တာ ရမည်
စစ်ကြီးမပြီးသရွှေ့ သူ့လို ကျသူကျဦးမည်။ ပြတ်သူပြတ်မည်။ ငတ်သူငတ်ဦးမည်။ ကျသူ၊ ပြတ်သူများ၏ မိသားစုများကလည်း ငိုကြွေးကြရဦးမည်သာဖြစ်သည်။ သူနာမည်ကိုတော့ မပြောပြတော့ပါ။ 
သူသည် ဗိုလ်တစ်ဦးသာ ဖြစ်သည်။

ဇေယျစိုပြေ (၂၄-၁၁-၁၂)

4 comments:

က ချင် သူ ပုန် ဝ သူ ပုန် ရှမ်း သူ ပုန် အား လုးံ လက် နက် ကိုင် ပြိး တိုက် လာ ခဲ့ ကြ တာ ပါ
သူ တို့ ရည် ရွယ် ချက် တော့ ရှိ မှာ ပေါ့
ဒါ ပေ မဲ့ သူ တို့ လို ခင် တဲ့ ရည် ရွယ် ချက် ကော
အ စိုး ရ က ပေး နိုင် ပါ သ တဲ့ လား

ပြည် သူ တွေ လည်း စဉ်း စား ကြ ပါ

ဆွေး နွေး ပွဲ လုပ် ကြ တယ် ညိမ်း ချမ်း ရေး လူုပ် ကြ တယ် ဖြစ် နိုင် ပါ သး

သူပုန် တွေ တောင်း နေ တာ က
ကိုယ် ပိုင် တပ်
ကိုယ် ပိုင် အုပ် ခူပ် ခွှင့်
ကိုယ့် ဘာ သာ ပြ ဒါန်း
ကိုယ့် ဘာ သာ စီး ပွါး ရေး လုပ်

ကဲ အ စိုး ရ က ပေး နိုင် မှာ တဲ့ လား
သူ တို့ လို ချင် တာ ပေး လိုက် ရင်
မြန် မာ နိုင် ငံ မြေ ပုံ မ ကြာ ခင် ကာ လ မှာ ကမ္ဆာ့ မြေ ပုံ ပေါ် က ဖယ် ရှား ပစ် ရ တော့ မှာ ပါ

တ ဘက် က လဲ မ ဖြစ် နိုင် ကို လို ချင် တယ် တ ဘက် က လည်း မ ဖြစ် နိုင် လို့ မ ပေး န်ုင် ဘူး
ကဲ ဒီ တော့ ဆွေး နွေး ပွဲ တွေ ငြိမ်း ချမ်း ရေး တွေ ဆို တာ နဲ့ လုပ် နေ ကြ ပြိး
မောင် သမ္မတ ကြိး က တ ဘက် က ပစ် မှ ပြန် ခု ခံ ဆို တော့ ပန်း နဲ့ ပစ် တာ မ ဟုတ် ဘူး ဗျ

မ ပြော ချင် ပါ ဘူး စ တေး နေ ရ တာ က တပ် မ တော် သား တွေ ငို ကျွေး သော က ရောက် နေ ရ တာ က မိ သား စု တွေ


အား လုးံ ကို နား လည် ပါ တယ် အ စိုး ရ က အ ပြတ် တိုက် ပြန် ရင် လဲ
ပြည် တွင်း က ခွေး မီ ဒီ ယာ က တ မိုး
အ ပြင် က ဖိ အား က တ မိုး

သူ ပုန် တွေ တောင်း တာ ပေး လိုက် ပြန် ရင် လဲ
ဆို ဗိ ယက် လို ပျောက်

တော် တော် အ ဖြစ် ဆိုး တဲ့ မြန် မာ ပြည်

စ တေး ခံ နေ ရ တာ က စစ် သား များ

ငါ့ ရဲ့ သား ဆို ဘယ် လို ခံ စား ရ မ လဲ မင်း တို့ သား ဆို ဘယ် လို ခံစား ရ မ လဲ


မ ဖြစ် နိုင် တာ တောင် နေ တာ က လဲ သူ ပုန် တွေ
မ ပေး နိုင် တာ ကို မ ပေး နိုင် ဘးး လို့ အ ပြတ် မ ပြော နိုင် တာ က အ စိုး ရ
ပြည် တွင်း ရေး ကို ဝင် စွက် ဘက် နေ တာ က ကု လ E U အ မေ ရိကန်

ခေါင်း ပေါင်း ပေါင်း ပြိး သူ တော် ကောင်း ယောင် ဆောင် နေ တာ

ဒါ တွေ ကို အသိ ညဏ် နည်းး တဲ့ တိုင်း ပြည် နဲ့ ပြည် သူ တွေ က သူ တို့ ရဲ့ သြ ဇာ ခံ လုပ်

ခက် ပါ တယ် ဖြစ် ချင် ရာ ဖြစ် ကြ ကံ ပါ ဘဲ

ပ ခ က တာ တိး

နယ် စပ် ဝင် ပေါက် တံ တိုင်း ကြိး သ ဖွယ်
အ သက် ကို မ ငဲ့ ကာ ကွယ် ထား သော် လဲ
အ မြင် မ ကြည် စုံ လုးံ ကန်း နဲ့ ပြည် တွင်း က သ စ္စာ ဖေါက်
မိ ဒီယာ နဲ့ NLD ခွေး စိအ် တွေ ဝင်

နိုင် ငံ ရေး လုပ် စား တဲ့ ကောင် တွေ

တိုင်း ပြည် အ တွက် စစ် သား တစ် ယောက် ရဲ့
ခြေ မ လောက် တောင် တန် ဘိုး မ ရှိ
တိုင်း ပြည် အ တွက် သဲ တစ် ပွင့် လောက် တောင် မ ထန်း တဲ့ ကောင် တွေ
စောက် ကြိး စောက် ကျယ် စ ကား တွေ နဲ့
သူ တောင်း စား တောင် ပြော တတ် တယ်

တ တိုင်း ကြိး သ ဖွယ် တပ် မ တော် ကြိး မ ရှိ ရင် အင် အား နဲ ရင် ပြည် ဖျက် မဲ့ မင်း တို့ ပ ထွေး တွေ က မင်း တို့ အိမ် တက် ပြိး မင်း တို့ နှ မ ဆော် ပြိး ပြိ ပေါ့

ပြည် တွင်း မှာ နေ ပြိး စိး ပွါး ရေး နေ ရေး စား သောက် ရေး ဇီမ် ကျ ကျ နေ ပြိး တပ် မ တော် စစ် သား မ ကောင်း ကြောင်း ပြော တာ က တော့
ကျေး ဇူး ကန်း တဲ့ င ရံ မန် ကန်း တွေ ပေါ့

ကိုယ် ကို ၌ လဲ ဘာ မှ မ လုပ် ပေး နိုင် ဘဲ နဲ့
အ စိုး ရ ကို အ ပြစ် လိုက် ရှာ နေ ကြ တဲ့
ကောင် တွေ လိး ဘဲ

ကိုယ့် အိမ် ဝင် ငွေ ကောင်း မှ ကိုယ့် အိမ် မိ သား စု ဝတ် နိုင် စား နိုင် ဇီမ် ခံ နိုင် မယ်

တိုင်း ပြည် ကြိး ဖွံ့ ဖြိုး တိုး တက် မှ ပြည် သူ တွေ ကောင်း စား မယ်

စိုက် ပီူး ရေး နိုင် ငံ က စက် မူ နိုင် ငံ လောက် တော့ မ ချမ်း သာ နိုင် ဘူး လေ
စက် မူ နိုင် ငံ ဖြစ် အောင် လုပ် ကြ ပေါ့
တန် ဘိုး ကြိး ကြိး လုပ် နိုင် လေ အ မြတ် များ များ ရ လေ ပေါ့

နား မ လည် ဘဲ နဲ့ အ စိုး ရ ကို ဝေ ဘန်
ကိုယ် ကို ၌ က ဘာ မှ မ လုပ် မ တတ် ဘဲ နဲ့

ဝေ ဘန် အ ပစ် ပြော တာ လောက် တော့
သူ တောင်း စား တောင် ပြော တတ် တယ်


နိုင် ငံ အ တွက် သဲ တစ် ပွင့် တောင် မ ထန်း ကြ ဘဲ နဲ့
တပ် မ တော် သား တွေ ကို အ ပစ် ပြော တာ က တော့
သူ တောင်း စား အ ဆင့် ရှိ တဲ့ ကောင် တွေ မို့ ပါ

ပခက တာ တိး

အပြတ်သာတိုက်လိုက်တော့ သီးခံ တာလည်းလုံလောက်ပါပြီ

good comment >like>like>like

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်