Subscribe to our RSS Feed
Showing posts with label အလံ. Show all posts
Showing posts with label အလံ. Show all posts

ကျနော်တို့ဆီက ခိုးသွားတဲ့ ဒေါင်းအလံကို ပြန်ပေးပါ NLD

From : ..ထက်ရာဇာ(နိုင်ငံရေးအကျဉ်းသားဟောင်း)

သမဂ္ဂအလံကိုယူခဲ့တဲ့အချိန်မှာ ကျနော်တို့အားလုံးက ပြည်သူတွေကို ကိုယ်စားပြုမယ့်ပါတီထင်လို့ ဒီအလံသုံးတာကို ကျောင်းသားထုတရပ်လုံးက စကားတခွန်းမှမဟပဲ ခွင့်ပြုခဲ့တယ်။ဒါပေမယ့် ခွတ်ဒေါင်းအလံရဲ့ အဓိက အနက်အဓိပ္ပါယ်ဖြစ်တဲ့ သံကွန်ခြာကနေ ဖောက်ထွက် တွန်းလှန်ခွပ်နေတဲ့ သံကွန်ချာ စက်ဝိုင်းကိုဖြုတ်ပြီး ခွပ်ဒေါင်းရဲ့ရှေ့မှာ ကြယ်ဖြူ တပ်ခဲ့တယ်။မြန်မာနိုင်ငံ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဟာ သူ့ကိုပိုင်အလံကို လုပ်ချင်ပေမယ့် ဗကသဆိုတဲ့ အလံတော်မပျောက်ရအောင် ကြယ်ဖြူထည့်ခဲ့ပေမယ့် ဗကသအလံရဲ့အနှစ်ချုပ်ဖြစ်တဲ့ သံကွန်ချာ စက်ဝိုင်းကိုမဖျောက်ခဲ့ပဲ ကြယ်ဖြူထည့်ပြီး အေဘီအက်စ်ဒီအက် အလံတော်အဖြစ် အသက်သွင်းခဲ့တယ်။ဒါပေမယ့် NLD ဟာ ပြည်သူလူထုအလိုကျဘာမှမလုပ်ခဲ့ဘူး။ကျောင်းသားတွေသာ ထောင်ထဲရောက်မြဲရောက် ဒါပေမယ့် NLD ဟာ အနာဂါတ်မြန်မာနိုင်ငံတော်အတွက်ဆိုတဲ့စကားနဲ့ ပြည်သူတွေကို ဖျားယောင်းခဲ့တယ်။သိမ်းသွင်းခဲ့တယ်။၁၉၉၀ခုနှစ်မေလရွေးကောက်ပွဲတုန်းက ပြည်သူတွေရဲ့ အသဲကြားကမဲတပြားကို ပစ်ပယ်ခဲ့တယ်။သူတို့ကိုယ်တိုင် လုပ်ခဲ့တဲ့ ၅၉ စ ရဲ့ ပြည်သူငါးသန်းကျော်ရဲ့ ဆန္ဒတွေကို မျက်ကွယ်ပြုခဲ့တယ်။ခုတော့ ကျမဖေဖေ တည်ထောင်ခဲ့တဲ့တပ်မတော်ဆိုတဲ့စကားနဲ့ပဲ ဒီစစ်အစိုးရနဲ့ ပေါင်းဖို့ အစိုးရဖြစ်ဖို့ သမတ္တလုပ်ချင်စိတ်တွေနဲ့ ကျောင်းသားသမဂ္ဂကို ကျောခိုင်းခဲ့ပြန်တယ်။ဆိုတော့ ကျနော်အပြစ်မမြင်ပါဘူး ဒေါ်အောင်ဆန်းစုကြည်။ခင်ဗျားဖေဖေတည်ထောင်ခဲ့တဲ့တပ်မတော်ကိုမွေးဖွားပေးခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းပါ။တပ်မတော်ရဲ့ဖခင်ပါ။အဲဒီတပ်မတော်ရဲ့ဖခင်ကို မွေးဖွားပေးလိုက်တာလည်း ကျောင်းသားသမဂ္ဂပါ ဒေါ်အောင်ဆန်းစုကြည်။ကျနော်ပြောချင်တာက သတ္တိရှိရင် ဘာလို့ပါတီအလံကိုတခြားတခုမသုံးပဲ ခွပ်ဒေါင်းသုံးပါသလဲ၊ကျနော့်တဦးထဲနဲ့ပြောရရင် ခွပ်ဒေါင်းအလံဆိုတာ ကျနော်တို့ဦးထိပ်ပန်ဆင်နေတဲ့ အလံတလက်ပါ။ဆိုတော့ အနှစ်ချုပ်အားဖြင့်သုံးရရင်တော့ ပါတီအလံကို ပြန်လဲပေးပါ ဒေါ်အောင်ဆန်းစုကြည်။ကျနော်တို့ရင်နာလို့ပါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆နှစ်က ရေငုံနှုတ်ပိတ်ခဲ့ပေမယ့် ဒီအချိန်မှာ ခွပ်ဒေါင်းကို ဖွတ်ဒေါင်းလို့ ရန်သူ့လော်ဘီတွေက ရေးတာမခံနိုင်လို့ပါ။ကျေးဇူးပြုပြီး ကျနော်တို့ဆီက ခိုးသွားတဲ့ ကျနော်တို့ရဲ့အလံတော်ကို ကျနော်တို့ကိုပြန်ပေးပါဒေါ်အောင်ဆန်းစုကြည်နဲ့ NLD
။လေးစားစွာဖြင့်

.. https://www.facebook.com/MyanmarExpress
 

လူသာလဲကျပါစေ...နိုင်ငံတော်အလံ မကျပါစေနဲ့

From : အစိမ်းရောင်လွင်ပြင်

 နိုင်ငံတော်အလံ မြေပေါ်ကျရုံမက...ခြေထောက်ဖြင့်ပါ တက်နင်းထားသောအမေရိကန်ရောက် ကချင်ပြည်သူများ


ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။ ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ.. 


 www.MyanmarExpress.net

 

ငွေရဖို့အတွက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများကြောင့် ဝမ်းနည်း စိတ်ထိခိုက်ရကြောင်း သီရိလင်္ကာ မှ သံဃာတစ်ပါး မိန့်ကြား ( ပေးစာ - ၅၇ )

ဦးဇင်း က ယခုလောလောဆယ် သီရိလင်္ကာနိုင်ငံမှာ ပညာတော်သင်နေတဲ့ ဦးဇင်းတစ်ပါးပါ.. ဒကာ သို့မဟုတ် ဒကာမတို့ ဝက်ဆိုဒ်ကို ခုမှ ဖတ်ဖြစ်တာပါ. တခြားနိုင်ငံရေး ဝက်ဆိုဒ်တွေလည်း ဖတ်ပါတယ်. ဦးဇင်းအမှန်တကယ်အကြောင်းအရာလေးတွေ ကိုယ်တွေ့ဖြစ်ရပ်ကလေးတွေကို တင်ပြချင်ပါတယ်။ မတင်ပြခင်မှာ ဦးဇင်းကဘယ်နိုင်ငံရေး အဖွဲ့အစည်းအလုပ်တွေကိုမှ စိတ်မဝင်စားသလို နိုင်ငံတော်က ကောင်းတယ်မကောင်းဘူးဆိုတာလည်း စိတ်မဝင်စားပါဘူး။။ ဦးဇင်းက အသက်ခု ၂၉ နှစ်ပါ။ ဘုန်းကြီးဖြစ်တော့ ဘုန်းကြီးနဲ့ဆိုင်တာပဲ လုပ်ဆောင်နေပါတယ်။

ဦးဇင်းသီဟိုကို စာသင်ဖို့ရောက်လာတာ ကြာပါပြီး ယခုလည်း သင်ကြားနေဆဲပါ။ ဟိုတုန်းက စရောက်တုန်းကတော့ နားမလည်ပါဘူး။။ နိုင်ငံရေလုပ်တဲ့ ကိုယ်တော်တွေက အတင်းခေါ်တယ် ပြီးတော့ ဘုရားဖူးပုံစံမျိုးတွေနဲ့ ဦးဇင်းတို့ အသစ်ရောက်လာတဲ့ ဘုန်းကြီးတွေခေါ်ပြီး.. လမ်းလျောက်ကြမယ်ဘာညာဆိုပြီးပြောပါတယ်. ပြောတော့လည်း အမှန်တရားကို မသိသေးပါဘူး။။ လမ်းတွေပါတွေလျောက်ပြိးမှ သူတို့က ဓါတ်ပုံတွေရိုက်ဘာညာနဲ့ ပြိးလည်းပြိးရော နိုင်ငံရေးသမားတွေ ဖြစ်နေတယ်။ ဘယ်နေ့က သံဃာဘယ်လောက် ဦးဆောင်ပြီး ဘာအတွက် လမ်းလျောက်ကြတယ်ဆိုပြီး နိုင်ငံရေးသတင်းစားတွေထဲမှာ ထည့် ပြီး ဝေဝေဆာဆာကြေငြာတော့မှ သိရတာပါ. ဥိးဇင်းတို့ ကို အသုံးချကြပါတယ်။ အသုံးချခံလိုက်ရတဲ့ ကိုယ်တော် တွေမနည်းပါဘူး ဒီမှာ။

အဲဒီလိုလုပ်ဖို့အတွက်လည်း သူတို့ကို တခြားနိုင်ငံတွေ ငွေပေးပါတယ်။ ဥိးဇင်းကိုယ်တိုင်လည်း စိတ်မဝင်းစားပါဘူး။။ ယခုလက်ရှိ သီရိလင်္ကာမှာ စာသင်နေတဲ့ ဘုန်းကြီးတွေ အကုန်ဆို ၂၅၀ ကျော်နဲ့ သီလရှင် ၁၇ ပါးပါတ်ဝန်ကျင်လောက်ရှိမယ်။ နိုင်ငံရေးလုပ်နေတဲ့ ကိုယ်တော်တွေက အများဆုံး ၁၀ ပါပါး။ တခြားသူတွေကိုတော့ ဘာကိစ္စရှိ လို့ လာကြပါ..ဘာညာခေါ်ပြီးမှ သူတို့က ဓါတ်ပုံတွေရိုက်ကြ ပြီးလည်းပြိးလည်းပြီးရော အင်တာနက်မှ သူတို့တွေက မကျေနပ်လိုပါညာဆိုပြီါ်တင်လိုက်ပါတယ်။ အဲဒိလို သူတို့လုပ်လို့လည်း ဒီမှာ ပြသာနာတွေ မကြာကြာတက်ကြပါတယ်။ အများစု ကိုယ်တော်တွေက လုံးဝဝါသနာမပါကြပါဘူး။

သီရိလင်္ကာကျောင်းသားများဘလော့ဆိုပြီး ရှိပါတယ် ( http://www.lankamsma.org/) . ဒါပေမယ့် ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ဥဲီးဇင်းစိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတစ်ခုကတော့.. သူတို့နိုင်ငံရေးလုပ်သူတွေက ညနေခင်တစ်ခုမှာ မြန်မာကျောင်းရဲ့ ဗောဓိပင်အောက်မှာ ထိုင်ခုံးတွေချပြီး စည်းဝေးကြပါတယ်။ ဦးဇင်းလည်း အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် ရပ်ကြည့်နေခဲ့မိတယ်။ သူတို့ နောက်ဆုံး ရွေးကောက်ပွဲကို မကြေနပ်ကြောင်း စည်းဝေးနေတဲ့ ပုံတွေကို ဒီကနေ သံဃာတပ်ပေါင်စုထံကို ဓါတ်ပုံပြရမယ်တဲ့ စည်းဝေးနေတဲပုံတွေကို.. သူတို့တွေပဲ ဓါတ်ပုံတွေရိုက်ကြပြုကြနဲ့ နောက်ဆုံးမှာ အလံတစ်ခုကိုမီးရှိုးလိုက်ကြတယ်။။ အလံက တစ်မျိုးဖြစ်နေတော့ ဘေးက သူငယ်ချင်းတစ်ဦးကိုမေးလိုက်တယ်။ ဘယ်နိုင်ငံကအလံလည်းလို့ .. သူငယ်ချင်းက ပြန်ပြောတယ် မြနိမာအလံတဲ့။ ဦးဇင်းက ဦးဇင်းသိတဲ့ အလံက စပါးနှံပါတဲ့ အလံခုက ဘယ်လိုပုံလည်းဆိုတော့ ပြောင်းထားတာ ကြာပြီးလို့ ပြောတယ် . ဦးဇင်းအဲဒီအချိန်အထိ လုံးဝကိုမသိတာ အလံပြောင်းလားမပြောင်းဘူးလားဆို။။

သီရိလင်္ကာ မှ ဘာသာရေးမလုပ်ပဲ နိုင်ငံရေးလုပ်သူ ဘုန်းကြီးများ ငွေရဖို့ နိုင်ငံတော်အလံကို မီးရှို့ကြစဉ်

တော်တော်လေးကို စိတ်ထိခိုက်သွားတယ်။။ မိမိနိုင်ငံတော်အလံကို မီးရှို့ဖျက်စီးတဲ့ သူတွေက လူမဟုတ်ပဲ ဘုန်းကြီးတွေဆိုတော့.. ဥိးဇင်းတကယ် ဝမ်းနည်းသွားမိတယ်။ ပြိေးတာ့ သူတွေပဲ ဘယ်နိုင်ငံကတော့ ငွေဘယ်လောက်ရတယ်။။ ဘာညာနဲ့ တွက်နေကြတယ်။။

စာလည်းသိပ်မရေးတက်ဘူး။။ တကယ်လို့ စာလုံးတွေ အစီအစဉ်မရှိဘူးဆိုရင် ပြန်ပြိးပြန်ဖတ်ပေးကြပါ။ နောက်ဆုံးပြောချင်တာကတော့ သီရိလင်္ကာမှာကျောင်းတက်နေတဲ့ ဘုန်းကြီး ၁၀၀ မှာ ၉၉ သည် နိုင်ငံရေးကို လုံးဝစိတ်ဝင်စားသူများမဟုတ်ပဲ စာကိုသာ သီးသန့် လာရောက်သင်ကြားနေတာပါ။။ ဓါတ်ပုံထဲမှာ အများကြီးဆိုတာက သူတို့တွေ လုပ်စားကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ လုံးဝကိုမသိလိုက်ပဲ ဓါတ်ပုံတွေ ရိုက်ခံလိုက်ကြရတာရှိပါတယ်။။

အသေးစိတ်သိချင်ရင်တော့ မေးပါ သီးသန့်ကိုဖြေကြားပေးပါမယ်။။ အတိအကျကိုပြောပေးပါမယ်.. သူတိုလုပ်ရပ်တွေက အောက်တန်းကျတယ်.. ငွေပေးတာယူပြိး ဘုန်းကြီးတွေကို ခုတုံးလုပ်တယ်။ လုပ်သူက အနည်းစုပါ။။

ဦးဇင်းရေးထားတဲ့စာကို ပြင်ဆင်ပြီး ဒကာကြီးတို့ ဘလောမှာ အများမြင်သာအောင်တင်နိုင်ပါတယ်။။ သူတို့လုပ်ရပ်တွေကို ဦးဇင်းက အတွင်းကျကျအကုန်သိပါတယ်။ ကြည်ညိုလိုမရပါဘူး။။

ဦးဇင်းရဲ ဒီအကောင့်ကိုတော့ လုံးဝဖေါ်မပြပါနဲ့ လိုတောင်းပါတယ်..

အားလုံးကျန်းမာချမ်းသာကြပါစေ...

( စာပို့ပေးလို့ ကျေးဇူးတင်ပါတယ် ဘုရား၊ လုံခြုံရေးကို ဂရုစိုက်ပါ ဘုရား၊ ဘာသာရေး မညိုးနွမ်းအောင်နဲ့ သံဃာတွေကို လူတွေက အကြည်အညိုမပျက်စေဖို့ အချင်းချင်းလည်း တက်နိုင်သလောက် ထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်ဘုရား - MEG )


Myanmar Express

အိန္ဒိယနိုင်ငံသားသူတောင်းစား လောက်တောင်အသိမရှိတဲ့ေ-ွးမသားရန်ရန်ချန်း.....သို့  အိတ်ဖွင့်ပေးစာ


From : သာနောင်

(”ကိုယ့်ရဲ့နိုင်ငံတော် အလံကို လွှင့်ထူနေတဲ့ အချိန်မှာ ထိုင်နေတယ်ဆိုရင် ရှက်ဖို့ အလွန် ကောင်းပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးမပြုချင်တဲ့ နိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက် ထွန်းကားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးနေပါလိမ့်မယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောခဲ့ပါတယ်။)

("အခုတစ်လောရုပ်ရှင်ရုံတွေမှာနိုင်ငံတော်အလံကိုအလေးပြုခြင်းမပြုခြင်းတွေပြောနေကြလို့ တစ် ခုလောက်ပြောကြည့်ချင်လို့  ရုပ်ရှင်လာကြည့်တာရုပ်ရှင်ကိုခံစားချင်လို့ လာတာအလံကိုလေးပြုခြင်းမပြုခြင်းကအဓိကမကျဘူးထင်တယ် ရုပ်ရှင်လာကြည့်တဲ့လူတွေအားလုံးကိုယ့်တိုင်းပြည်ကိုမချစ်တဲ့လူတစ်ယောက်မှမပါလောက်ပါဘူး ဒီအလံကိုအလေးမပြုလို့ တိုင်းပြည်ကိုမချစ်ဘူးလို့ တော့သတ်မှတ်လို့ မရပါဘူး .........တိုင်းပြည်ချစ်မချစ်ကိုဒီရုပ်ရှင်ရုံထဲမှ
ာမှဘာလို့ လာစမ်းနေရတာလဲ အလံပေါ်လာလို့ မတ်တတ်ထရပ်တဲ့အထဲကဘယ်နှစ်ယောက်လောက်များတိုင်းပြည်အတွက် တစ်ကယ်လိုအပ်ရင်စစ်ဝင်တိုက်ရဲမလဲ...အလံပေါ်လာရင်မတ်တတ်ရပ်ရမယ်လို့ ဘယ်သူထွင်တာလဲမသိလို့ ပါ သိတဲ့လူရှိရင်တစ်စိပ်လောက်၇ှင်းပြပေးပါ
"...( သီချင်း ၁၀ ပုဒ်ခန့် ဆိုပြီး အဆိုတော် ဖြစ်နေတဲ့ ရပ်ပါ ရန်ရန်ချမ်း)

မြန်မာနိုင်ငံတော်အလံကို လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်ပြီး၊ကိုယ့်အလံတော်ကိုကိုယ်အလေးပြုတာဟာသင်စရာမလိုတဲ့ လူကျင့်ဝတ်ယဉ်ကျေးမှုတစ်ရပ်ပါ။ တလေးတစား တရိုတသေ ဦးညွှတ်အလေးပြုခဲ့ကြပါသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ထိုအလေ့အထများမှာ ပျောက်ကွယ်သွားခဲ့သည်။ ဒီမိုကရေစီကို လိုချင်သည်ဆိုသော်လည်း မိမိတို့နိုင်ငံ၏ အလံကိုပင် အလေးမပြုနိုင်လောက်အောင် ဖြစ်နေသည်။ တိုင်းတပါးယဉ်ကျေးမှုတွေကို လိုက်နာနေကြပြီး မိမိတို့ နိုင်ငံကို လေးစားရကောင်းမှန်း၊ လွတ်လပ်ရေးကိုတန်ဖိုးထားရကောင်းမှန်း မသိသည့် ခေတ်ဖြစ်နေသည်။ အဖွားတို့ခေတ်က လွတ်လပ်ရေးမရသေးသဖြင့် အခက်အခဲအမျိုးစုံကြုံတွေ့ခဲ့ရသည်ကို ပြောပြခဲ့သဖြင့် သိရှိခဲ့ရသည်။ လွတ်လပ်ရေးရပြီးသည့်နောက်မှသာ မိမိတို့အလံတော်ကို တိုင်ထိပ်သို့ တင်ခွင့်ရရှိခဲ့ သည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံအလံတော်ကိုတော့ ခေတ်တွေ စနစ်တွေမည်သို့ပင်ဖြစ်စေ တလေးတစား ရှိသင့်သည်ဟု ထင်မြင်မိသည်။ ကိုရန်ရန်ချန်း တစ်ခုလောက်မေးချင်ပါတယ် မူလတန်းကိုကျော်ဖြတ်ခဲ့ရပါသလား??? ပထမတန်းဖတ်စာမှာတို့အလံအကြောင်းသင်ကြားရပါတယ်။
ဤသည်ကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတိုးတက်သည်မှာ ဘာတိုးတက်တာလာသလဲ။ ရိုင်းစိုင်းမှုတွေ၊ ယဉ်ကျေးမှုပျက်ပြားမှုတွေ၊ ၀တ်စားဆင်ယင်မှုပျက်ပြားမှုတွေ၊ စိတ်ဓါတ်ပျက်ပြားမှုတွေသာ တိုးတက်လာသည်။ အဓိက မိဘတွေကလဲ သားသမီးကိုမနိုင်၊ အချို့မိဘတွေအနေဖြင့် သားသမီးကို မဆုံးမသည့်အပြင် မြှောက်ပင့်ပေးကြသည်။ ဆရာ၊ဆရာမများမှ မသင့်တော်သည်များကို ဆုံးမသည်ကို မိဘများမှ ရန်လိုစွာ ပြောဆိုနေသည်ကို ကိုယ်တွေ့ကြုံနေရပါသည်။ လက်ဦးဆရာဆိုသည့် မိဘများအနေဖြင့် ဤကဲ့သို့ဖြစ်နေလျှင် ကျောင်းက ဆရာမများအနေဖြင့် မည်သို့ ဆုံးမပြောဆိုနိုင်မည်နည်း။ ယဉ်ကျေးမှုသင်တန်းများဖွင့်နေသော်လည်း တာဝန်အရသာ တက်ရောက်ကြသည်။ မည်သူမှ မလိုက်နာကြပါ။ မိမိတို့နိုင်ငံယဉ်ကျေးမှုကို လိုက်နာကြရန် မိဘနှင့်ဆရာ၊ဆရာမများမှ ဆုံးမသွန်သင် သင့်သည်ဟု ထင်မြင်မိပါသည်။
နိုင်ငံကိုမချစ်တဲ့သူမရှိဘူး မှန်ကောင်းမှန်ပါလိမ့်မယ် လေးစားမှုတော့ရှိရမယ် ရိုသေမှုတော့ရှိရမယ် လိုချင်လိုက်ကျတဲ့ဒီမိုကရေစီ ပြောလိုက်ကျတဲ့ဒီမိုကရေစီ ကိုယ့်နိုင်ငံကိုတော့လေးစားသင့်ပါတယ် ၊ နိုင်ငံတော်အလံကိုတွေ့ရင် မတ်တပ်ရပ်ခိုင်းတာကအစထွင်တာဘယ်သူလဲသိချင်ရင် ဇေယျာသော်ကိုသာမေးကြည့်ပါ ၊၊.ရုံထဲရောက် လို့ နိုင်ငံတော်အလံ ပေါ်လာရင်....မတ်တပ်ရပ်ရမယ်.. ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးပြုရမယ်..ကိုယ့်အလံတော်ကိုကိုယ်အလေးပြုတာဟာသင်စရာမလိုတဲ့ မွေးရာပါယဉ်ကျေးမှုတစ်ခုပါ.......ရုပ်ရှင်ရုံမှာအလံတော်ကိုအလေးမပြုချင်ရင် ရုပ်ရျင်ရုံမှာသွားမကြည့်ပါနဲ့ ကိုယ့်အိမ်မှာပဲကိုယ်ကြည့်လိုက်ပါ...............ခွေးမသား.........အိန္ဒိယနိုင်ငံသားသူတောင်းစား လောက်တောင်အသိမရှိတဲ့ရန်ရန်ချန်း......

Myanmar Express


ကျေးဇူးပြုပြီး သူငယ်ချင်း . . . မတ်တပ်ခဏထရပ်လိုက်ပါ


From : Nyan Linn Htun

ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့ နိုင်ငံတစ်ခုမှာ respect ပိုရှိသင့်လာပါပြီ။ ဘာသာရေးမှာပဲဖြစ်ဖြစ် နိုင်ငံတော်နဲ့ပတ်သက်တဲ့ အခမ်းအနားတွေမှာပဲ ဖြစ်ဖြစ် ကျနော်တို့နိုင်ငံသားတွေဟာ နိုင်ငံကြီးသားဖြစ်တယ်ဆိုတဲ့ စရိုက်ကို ပြကြရမှာပါ။
ဗုဒ္ဓဘာသာတိုင်း အခြေခံသိနားလည်တဲ့ ဘုရား၊ စေတီပုထိုးတွေမှာ ဖိနပ်မစီးရဘူး။ တခြားဘာသာခြားတွေ မသိကြဘူးပဲထား။ ကျနော်တို့ နိုင်ငံက လူ ၁၀ ယောက် ဖိနပ် မစီးရင် တခြားနိုင်ငံသားတွေ တခြားဘာသာဝင်တွေ ဖိနပ်စီးဖို့ တွန့်သွားမှာသေချာပါတယ်။
တခြားနိုင်ငံတွေမှာ သူတို့ဘာသာ၊ သူတို့ယဉ်ကျေးမှုကို သူများလေးစားအောင် သူတို့ကိုယ်တိုင်လည်း လေးစားကြောင်း အမြဲတမ်း ပြသကြတယ်။
ကျနော်တို့လည်း ကျနော်တို့ဘာသာ၊ ကျနော်တို့ယဉ်ကျေးမှုကို လေးစားကြောင်း တန်ဖိုးထားကြောင်း ပြသရမှာ ရှက်စရာမဟုတ်ပါဘူး။ တန်ခိုးကြီးဘုရားမှ ဖိနပ်ချွတ်ကြမှာလား။ ယခုနေထိုင်နေတဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေချည်းမဟုတ်ပါဘူး။ ဘာသာခြားတွေ၊ လူမျိုးခြားတွေ အများကြီးရှိနေပါပြီ။ သူတို့ထဲမှာ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်က မလေးမစား လုပ်ပြနေမယ်ဆိုရင် သူများတွေ စော်ကားတာခံရတော့မှာ သဘာဝပဲ။ ဒီလိုပါပဲ နိုင်ငံတော်သီချင်းနဲ့ပတ်သက်ပြီးတော့လည်း ပြဿနာကြုံနေရတာပါပဲ။ နိုင်ငံတော် သီချင်းဖွင့်ရင် နိုင်ငံတော်အလံကို အရိုအသေပြုရမယ်။ အနည်းဆုံး မတ်တပ်တော့ ထရပ်ကြရမယ်။ ဒါလည်း နိုင်ငံသားတိုင်း အခြေခံအသိရှိရမယ့် အကြောင်းအရာ တစ်ခုပါပဲ။
ဘယ်နေရာမှာ နိုင်ငံတော်သီချင်းဖွင့်လဲ အခုအချိန်မှာ ကျနော်တို့ ကြုံတွေ့ရတဲ့ နေရာ နှစ်ခုပဲ အဖြစ်နိုင်ဆုံးပါ။ တခုက နိုင်ငံကိုယ်စားပြုဘောလုံးပွဲနဲ့ နောက်တခုက ရုပ်ရှင်ရုံတွေပေါ့။
နိုင်ငံကိုယ်စားပြုဘောလုံးပွဲက အမြဲတမ်းရှိတဲ့အရာမဟုတ်ပေမယ့် ဘောလုံးပွဲ ပရိသတ်တွေက နိုင်ငံတော် သီချင်းဖွင့်ရင် ကြက်သီးမွေးညှင်းထလောက်တဲ့ အသံနဲ့ နိုင်ငံတော်သီချင်းကို စိတ်ပါလက်ပါ သီဆိုကြတာ ကြုံဖူးတဲ့သူတွေရှိမှာပါ။ အမြဲတမ်းကြုံတွေ့နေတဲ့ ရုပ်ရှင်ရုံတွေမှာရော ????
ကျနော်တို့ ကြုံခဲ့ဖူးမှာပါ။ မန်းလေးမှာနေတဲ့ သူတယောက်အနေနဲ့ ပိုပြီး ကြုံဖူးမှာ။ ကျနော် ရုပ်ရှင်သွားကြည့်တဲ့တခေါက်ပေါ့ နိုင်ငံတော်အလံကို အလေးပြုပါဆိုတဲ့ စာတမ်းပေါ်လာပြီးမှ နိုင်ငံတော်သီချင်းကို ဖွင့်လိုက်တာပါ။ ကျနော် မတ်တပ်ထရပ်လိုက်တယ်။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။ အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် တခြားဘာအကြောင်းနဲ့ပဲ ရုပ်ရှင်သွားကြည့်ကြည့်တာပဲ ဖြစ်ဖြစ် နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းကိုတော့ respect ရှိရမှာပါ။ အံ့သြလောက်စရာကောင်းအောင်ကို ရုပ်ရှင်ရုံထဲက လူရဲ့ ၁၀ ရာခိုင်နှုန်း မပြည့်လောက်ပါဘူး။ မတ်တပ်ရပ်ပြီး အရိုအသေပေးတဲ့ သူဦးရေကလေ။ အဲ့ဒီမှာ ထရပ်တဲ့သူတွေဟာ ဘယ်လိုဖြစ်သွားကြလဲ? ကိုယ်ကပဲ ရူးလို့ ထရပ်ကြတာလိုလို ? ဒါဟာ လုပ်စရာမလိုတဲ့ ကိစ္စတရပ်လိုလို? အခု ထပြီး အရိုအသေပေးတဲ့ သူတချို့က နောက်တကြိမ်မှာ သူတို့ထရပ်ကြအုံးမှာလား ? အရင်တခါတောင်ကွာ ဘယ်သူမှာ ထကြတာမဟုတ်ဘူး။ ငါတို့လည်း လုပ်နေစရာမလိုပါဘူးဆိုတဲ့အတွေးမျိုးဝင်သွားကြရင် !!!
တကယ်တော့တွေးစရာတွေအများကြီးပါ။ ကျနော့်အနားက လူမျိုးခြားမိသားစုတစ်စု အေးအေးဆေးဆေးထိုင်ပြီး နေကြာစေ့စားနေတယ်။ ကျနော်စဉ်းစားမိတာတခုက သူတို့ နိုင်ငံမှာ ကျနော်ဒီလိုလုပ်လို့ရနိုင်ပါ့မလားပေါ့။ ကျနော်တို့ နိုင်ငံက လူအားလုံးသာ ရုပ်ရှင်ရုံမှာပဲ ဖြစ်ဖြစ်၊ အခြားအခြားသော အခမ်းအနားတွေမှာပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ အထိမ်းအမှတ်တွေကို respect ရှိကြမယ်ဆိုရင် တခြားနိုင်ငံသားတွေ ဒီလိုနေနိုင်ပါ့မလား? ကိုယ်က မလေးစားတော့ သူများ အစော်ကားခံရတာ ဘယ်သူ့အပြစ်လို့ ကျနော်တို့ ပြောကြမလဲ? ဒါကြောင့် သူငယ်ချင်းတို့ရေ နိုင်ငံတော်သီချင်းဖွင့်တဲ့အချိန် ကျနော်တို့အားလုံး မတ်တပ်ရပ်ပြီး နိုင်ငံကို လေးစားကြောင်း ပြကြရအောင်
ကျေးဇူးပြုပြီး သူငယ်ချင်း . . . မတ်တပ်ခဏထရပ်လိုက်ပါ

Myanmar Express

မြန်မာနိုင်ငံရုပ်ရှင်ရုံများအတွင်း နိုင်ငံတော်အလံအားအလေးပြုမှု ကဏ္ဍ ဆက်လက်ထားရှိသင့် မရှိသင့်


From : လင်းလွန်းညို at Ozzy Win

မြန်မာပြည်က ရုပ်ရှင်ရုံများမှာနိုင်ငံတော် အလံအား အလေးပြုခြင်း ကဏ္ဍ ထည့်သွင်းထားခြင်းကို တချို့ ကလည်း သဘောကျကြပါတယ်..…. အချို့ ကလည်း သဘောမကျပါ…. ကျွန်တော်ဆိုလိုသည်က အလေးပြုခြင်းကို သဘောမကျခြင်းမဟုတ်…. ထို အပိုင်းကဏ္ဍတစ်ခု ထည့်ထားခြင်းကို သဘောမကျခြင်းသာဖြစ်ပါတယ်.…. ထိုကိစ္စက … ပြီးခဲ့သည့် လ.. က ရုပ်ရှင်အစည်းအရုံးဥက္ကဌမှ…. ရုပ်ရှင်ရုံထဲတွင် နိုင်ငံတော်အလံ အလေးမပြုပါက ထိထိ ရောက်ရောက် အရေးယူသင့်တယ်ဆိုပြီး … ပြောဆိုလိုက်တဲ့ သတင်းထွက်လာတုန်းက .. အတော်ငြင်းခုန်ကြပါသေးတယ်.…

ထိုငြင်းခုန်ကြသည့် အထဲတွင် ကျွန်တော်လည်း ပါဝင်ခဲ့သည်ပေါ့ …. ငြင်းကြတုန်းက… ကျွန်တော်က .. အလေးပြုတဲ့ ကဏ္ဍကို ဆက်လက်ထားရှိသင့်တယ် ဆိုတဲ့ဘက်က ဖြစ်ပါတယ်…. အလေးလည်း ပြုသင့်တယ်လို့ လက်ခံထားပါတယ်…. ဒီတော့ .. အလေးမပြုရေး ငြင်းခုန်သူများ ဘက်က … အလေးမပြုရခြင်း အကြောင်းရင်းတွေကို ကြည့်တဲ့ အခါ…. အောက်ပါအတိုင်းတွေ့ရပါတယ်. …



၁.. ထိုအလံသည်ပြည်သူတို့ သဘောထားဆန္ဒမပါပဲ ပြောင်းလဲခဲ့သော အလံ (ယတြာအလံ ဟုဆိုသည်) ဖြစ်ခြင်း…

၂. မဆလ (မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ) လက်ထက်က အကြွင်းအကျန်မို့ ဆက်လုပ်စရာမလိုဟုဆိုခြင်း

၃. စစ်တပ်က တိုင်းသူပြည်သား ကို သူတို့ ကိုမလေးစားလေးစားအောင်… အတင်းအဓမ္မခိုင်းစေနေခြင်း..

၎. ဘယ်နိုင်ငံမှာမှ ဒီလို အလေ့အထမရှိလို့ … ဒီနိုင်ငံမှာလည်း လုပ်စရာမလိုခြင်း ..(သူများ နိုင်ငံတွေမှာ ရှိရင်တော့လိုက်လုပ်မည်ဆိုသည့်သဘော)

၅. မိမိ ဆန္ဒမပါပဲ .. လုပ်ဆောင်ခိုင်းနေခြင်း … (ပြုချင်တဲ့လူပြုမပြုချင်တဲ့လူမပြု နေနိုင်သည် ဆိုသည့်သဘော)

၆. ရုပ်ရှင်ကြည့်ခြင်းနှင့် နိုင်ငံတော်အလံ မည်သို့ မျှ မသက်ဆိုင်ခြင်း

စသည်တို့ ဖြစ်ပါတယ်… ဒီတော့ တစ်ချက်ခြင်းဆီ ကျွန်တော် ရှင်းကြည့်ချင်ပါတယ်….

အမှန်ကတော့ ဒီကိစ္စဟာ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်တဲ့ကိစ္စဖြစ်ပါတယ်…. ဦးဇင်ဝိုင်းကတော့ .. စေတနာသဘောလွန်ပြီး အရေးယူသင့်တယ်ဘာညာအထိပြောမိတယ်လို့ ယူဆပါတယ်… အမှန်တော့ အရေးယူဖို့ အထိတော့ မလိုပါဘူး .... ကျွန်တော်တို့ အရင်လုပ်ရမှာက .. ပြည်သူတွေက ဒီကဏ္ဍထည့်သွင်းထားခြင်းကို ကြိုက်မကြိုက် အရင်ဆုံး ဆုံးဖြတ်ရမှာဖြစ်ပါတယ်…. ပုဂ္ဂလိက ရုပ်ရှင်ရုံလုပ်ငန်းရှင်များ ဘက်ကလည်း သဘောကျမကျကို ဆုံးဖြတ်ကြရပါမယ်…. ပုဂ္ဂလိက လုပ်ငန်းရှင်များ ဘက်က မထည့်ချင်ဘူးဆိုလည်း … ပြည်သူတွေဘက်က ထည့်ချင်တယ်ဆို … အစိုးရက သတ်မှတ်ပေးလို့ရနိုင်ပါတယ်… လုပ်ငန်းရှင်ဆိုတာက လူနည်းစုပါ…. ပြည်သူထဲက မှ လူနည်းစုမို့ … ဒီ ကဏ္ဍ ဆက်လက်ထားရှိရန်သင့်မသင့်ကို သူတို့ ချည်းပဲလည်း အဆုံးအဖြတ်ခံယူလို့ မရပါဘူး ….

ဥပမာ သဘောတရားတစ်ခုက … ကိုယ်ပိုင်ကျောင်းတစ်ခု ဖွင့်တော့မယ်ဆိုရင်…. ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း အချက်အလက်… နေရာအကျယ်အ၀န်း.. သင်ရိုးညွှန်းတန်း စသည်များ နဲ့ ကိုက်ညီကြရသလိုပေါ့ … ပြည်သူတွေ ဘက်က တောင်းဆိုမယ်ဆိုလည်း .. ရုပ်ရှင်ရုံတစ်ခုရဲ့ သတ်မှတ်ချက်များ ထဲမှာ ဒါကို ထည့်သွင်းရေးဆွဲနိုင်ပါတယ်… အဓိက ကတော့ ပြည်သူပါပဲ ….

ဒီတော့ … ကျွန်တော်ကလည်း ပြည်သူတစ်ယောက်အနေနဲ့ … ဒီကဏ္ဍ ထည့်သွင်းသင့်ကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်…. ဒါကျွန်တော့် အမြင် ခံယူချက်မို့ .. လက်မခံချင်လည်း ရပါတယ်…. ဒါပေမယ့် စော်ကားစရာတော့မလိုဘူးပေါ့လေ….ဝေဖန်နိုင်ပါတယ်.. ဆွေးနွေးနိုင်ပါတယ.်.. မကြိုက်ရင်မကြိုက်ကြောင်းပြောနိုင်ပါတယ်.. စော်ကားတာမျိုး မဖြစ်ဖို့ သာလိုပါတယ်... ဒါဟာလူကြီးလူကောင်းပီသခြင်းပါပဲ ....

အထက်မှာဖော်ပြပြီးသား အချက်အလက်များ ဟာ …. အလေးပြုခြင်း ကဏ္ဍကို မထည့်သွင်းရေး အကြောင်းပြချက်များ ထဲမှ အများဆုံး လူပြောအများဆုံးအချက်များဖြစ်ပါတယ်…. သိပ် အကြောင်းပြချက်မခိုင်လုံလှတဲ့ အဆိုတွေကိုတော့ ချန်ခဲ့လိုက်ပါမယ်… (ဥပမာ … မတ်တပ်မရပ်ပဲ ရင်ထဲက နေတိုးတိုး လေး ဆိုညည်း ပြီး လေးစားနေတယ်လေ. ဆိုတာမျိုးပေါ့ …. လေးစားမယ်ဆိုလည်း ဒီလို တိုးတိုးလေး လေးစားနေစရာမှ မလိုပဲလေ…. မတ်တပ် ရပ် လိုက်ရလို့ ကျိုးပဲသွားတာမှ မဟုတ်ပဲ …အမှန်တကယ် နိုင်ငံတော်အလံကို … နိုင်ငံတော်ကို လေးစားနေတဲ့ လူတစ်ယောက်ဟာ … ရင်ထဲကနေတိုးတိုးလေး လေးစားမနေပါဘူး …. သူလေးစားကြောင်းကို အခွင့်ရတိုင်းပြသကြပါတယ်… ဥပမာ ဘိုက်ဆာနေတဲ့လူတစ်ယောက်ဟာ သူ့ကို မုန့်လာကျွေးတဲ့ အခါ… အားမနာနိုင်ပါဘူး … ယူစားလိုက်တာပါပဲ … ဒီလိုပဲ နိုင်ငံတော်ကို လေးစားချင်သူဟာ … တိုးတိုးလေး လေးစားနေမှာ မဟုတ်ပါဘူး … ပေါ်ပေါ်ထင်ထင်လေးစားပြရဲကြပါတယ်….. တိုးတိုးလေး လေးစားတယ်ဆိုတာ …. လေးစားသင့်သလောက်မလေးစားသေးဘူးလို့ ပဲယူဆပါတယ..်… )

ဒီတော့ ပထမဆုံးကျွန်တော်တို့ စဉ်းစားရမှာက … နိုင်ငံတော်အလံကို ဘာကြောင့် အလေးပြုသလဲ .. ဆိုတာ ဖြစ်ပါတယ်…. လွယ်လွယ်ကူကူဖြေရင်တော့ …. ကိုယ့်နိုင်ငံတော်အလံမို့ ပေါ့ လို့ ဖြေနိုင်ပါတယ်…..

တကယ်တော့ နိုင်ငံတော်အလံအားအလေးပြုခြင်းဆိုတာ ဟာ .. ဒီ အရောင်တွေ ဘာတွေ ပါနေတဲ့ အ၀တ်တစ်ထည်ကို လေးစားနေတာ မဟုတ်ပါဘူး …. နိုင်ငံတော်အလံဆိုတာ …. နိုင်ငံတစ်ခုကို ကိုယ်စားပြုထားတဲ့ အရာဖြစ်ပါတယ်…. နိုင်ငံတော် အလံဟာ .. နိုင်ငံတော်ပါပဲ …. မိမိ နေထိုင်ရှင်သန်မှုအတွက်... ဒီမြေဒိရေ မှာ နေထိုင် စားသောက်ကြရပါတယ်… တကယ်ဆို ဒါဟာကျွန်တော်တို့ အိမ်ပါပဲ…. လူတိုင်း လူတိုင်း ကိုယ့်အိမ်ကို ကိုယ် တန်ဖိုးထားတတ်ကြပါတယ်… (အိမ်ဦးခန်းချီးတက်ပါသွားတယ်) ဆိုတဲ့ စကားပုံမျိုးတောင် မြန်မာမှာရှိပါတယ်… ဘယ်သူမှ ကိုယ့်အပိုင် အိမ်တစ်ခုကို စော်ကားရင်မကြိုက်ပါဘူး … ဒီလို ပဲ အမိနိုင်ငံတော်ကြီးကို တန်ဖိုးထားလေးစားတာပါပဲ .. ဒါက တစ်ချက်ပါ..

နောက်တစ်ချက် …ဒီမြေ ဒီရေမှာ ကျွန်တော်တို့ လွတ်လပ် စွာနေထိုင်သွားလာနိုင်ဖို့ … ဟိုး ကျွန်တော်တို့ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက … ကျူးကျော်လာသူတွေကို တော်လှန်တယ်… တိုင်းရင်းသား နိုင်ငံငယ်များ စုဝေးပြီး နိုင်ငံတော်ကြီးတစ်ခုဖြစ်အောင်ထူထောင်ခဲ့တယ်…. ဒီလို အကျိုးဆက်တွေကြောင့် ယခုအချိန်မှာ ကျွန်တော်တို့ ဟာ မြန်မာ ဆိုတဲ့ နိုင်ငံတစ်ခု ကို ကိုယ်ပိုင်ရကြပြီး…. မြန်မာ ဆိုတဲ့ နိုင်ငံသားများ အဖြစ် ကမ္ဘာမှာရပ်တည်နိုင်ခြင်း ဖြစ်ပါတယ်…. ဒီလို ရှေးရှေးဘိုးဘေးများက … ကိုယ့်နိုင်ငံရယ်လို့ တလေးတစား … ပြုစုပျိုးထောင်လာခဲ့တာကို လည်း လေးစားရပါတယ်… မပြိုကွဲရအောင်လည်း ဆက်လက် လက်ဆင့်ကမ်းနိုင်ကြရပါမယ်….. ဒီလို သမိုင်း ပေါင်း နှစ်ထောင်ချီပြီး … တည်တံ့နိုင်ဖို့ … အခုလို ကျွန်တော်တို့ အေးချမ်းစွာနေထိုင်နိုင်ဖို့ … နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် အသက်ဘ၀ များစွာပေးကြိုးစားသွားတဲ့ .. ကျေးဇူး တရားကိုလည်း တန်ဖိုးထားလေးစားကြရပါတယ်…

နောက်တစ်ချက်ကတော့ …. နိုင်ငံကြီးသား ပီသခြင်း ပါပဲ … နိုင်ငံကြီးသားတိုင်းဟာ … မိမိ ဒီနိုင်ငံက နိုင်ငံသားဖြစ်ရခြင်းကို အင်မတန်ဂုဏ်ယူပါတယ်… ဥပမာ … အင်္ဂလိပ်လူမျိုးများ ဟာ ..အင်္ဂလန်နိုင်ငံသားဖြစ်ရခြင်းကို အင်မတန်ဂုဏ်ယူပါတယ်…. ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ရော မြန်မာနိုင်ငံသားဖြစ်ခြင်းအတွက် ဂုဏ်မယူသင်ပေဘူးလား ….. မြန်မာပြည်ဆိုတာ .. လည်း … နှစ်ထောင်ချီတဲ့ သမိုင်းကြောင်း…နဲ့ နေလာတဲ့ နိုင်ငံပါပဲ … အိမ်နီးချင်းနိုင်ငံများ ရဲ့လေးစားခြင်းကိုလည်း အထိုက်အလျှောက်ရခဲ့ ဖူးတာပါပဲ …. ဒါအပြင်.. ကမ္ဘာအလယ်မှာလည်း မားမား စွင့်စွင့် ရပ်တည်ခဲ့ဖူးတာပါပဲ …. ကမ္ဘာအသ်အမှတ်ပြုလူတော်များ စွာလည်း ပေါ်ထွက်နေတဲ့ နိုင်ငံပါပဲ ….. ကျွန်တော်ကတော့ မြန်မာတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်… မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာ ကို အတိုင်းထက်အလွန်ဂုဏ်ယူပါတယ်… ဒီအတွက် မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းဟာ ….မြန်မာနိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူခြင်း တစ်မျိုးပါပဲ …..

ဒီတော့ အကျဉ်းချုံးပြောရရင်…. နိုင်ငံတော်အလံကို အလေးပြုတာဟာ … မိမိ မွေးဖွားနေထိုင်ရာ .. မိမိ အိမ်ကို .. တန်ဖိုးထားလေးစားခြင်း ….. ဒီအိမ်ဖြစ်မြောက်လာမှု .. သမိုင်းကြောင်းနှင့် .. သမိုင်းရေးခဲ့ကြသူများ၏ ကျေးဇူး ကို သိတတ်ခြင်းနဲ့ … နိုင်ငံကြီးသားတစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူခြင်း (မြန်မာ နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူခြင်း) တို့ ကြောင့်ဖြစ်ပါတယ်…..

ဒီလောက်ဆို နိုင်ငံတော်အလံကို ဘာကြောင့်အလေးပြုသင့်သလဲ ဆိုတာ သိလောက်ပြီထင်ပါတယ်…. ကျွန်တော်တို့ ငြင်းနေခဲ့တာ ကလည်း … အလေးပြုသင့်မပြုသင့်မဟုတ်ပါဘူး… ရုပ်ရှင်ရုံမှာ အလေးပြုခြင်း ကဏ္ဍ ထည့်သင့်မထည့်သင့်ဖြစ်ပါတယ်…. ဒါပေမယ့် .. ဒါကို အရင်ပြောမှ နောက်ပိုင်းဆက်လို့ ရမှာမို့ ပါ…

အထက်က ဖော်ပြထားတဲ့ အချက်ထဲက နံပါတ်တစ်အချက်ကို ဆွေးနွေးပါမယ်..

၁. ယခုလက်ရှိ နိုင်ငံတော်အလံသည်ပြည်သူတို့ သဘောထားဆန္ဒမပါပဲ ပြောင်းလဲခဲ့သော အလံ (ယတြာအလံ ဟုဆိုသည်) ဖြစ်ခြင်းကြောင့် အလေး မပြုနိုင်ပါ…. ဆိုတဲ့ အချက်ပေါ့ ….

ဒီအကြောင်းပြချက်ကို ကြည့်ရင်.. ဒီအလံ ပုံစံ ဒီဇိုင်းကို မကြိုက်လို့ အလေးမပြုနိုင်တာဖြစ်တယ်… သူကြိုက်တဲ့ အလံပုံစံဆိုရင်တော့ အလေးပြုမယ်ဆိုတဲ့ သဘောပေါ့လေ…. သဘောကတော့ … အလံအလေးပြုခြင်း ကဏ္ဍကို ထည့်ထားသင့်တယ်.. ဒါပေမယ့် … ဒီအလံမဖြစ်ရင်တော်ပြီဆိုတဲ့ သဘောပေါ့….

ယခု လက်ရှိအလံ ဟာ .. ယတြာအလံမက လို့ ဘာအလံဖြစ်ဖြစ် … ယခုလက်ရှိမှာ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်ပါတယ်….နိုင်ငံတကာကလည်း ဒီအလံကိုပဲလက်ခံထားကြပြီးဖြစ်ပါတယ်… ကျွန်တော် အထက်မှာ ပြောခဲ့သလိုပဲ …. ကျွန်တော်တို့ ဟာ ဒီသုံးရောင်ချက်…. ကြယ်ပါတဲ့ .. .အ၀တ်စကြီးကို အလေးပြုနေတာ မဟုတ်ပါဘူး … ဒီအလံက..ကိုယ်စားပြုထားတဲ့ ကိုယ်နိုင်ငံတော်ကြီးကို အလေးပြုနေခြင်းဖြစ်ပါတယ်… ဒါကြောင့် …. နိုင်ငံတော်အလံဟာ ဘာရောင်ပဲဖြစ်နေ ဖြစ်နေ…. အမိမြန်မာနိုင်ငံတော်ကို သာ အလေးပြုနေခြင်းဖြစ်တဲ့ အတွက် ပြောင်းလဲသွားစရာမရှိပါဘူး ….

ဒီအလံကို ကိုယ်မကြိုက်ဘူးဆိုရင်…. ကိုယ်တိုင် ဆန္ဒပြု ပြီး ကိုယ့် နယ်မြေခံလွှတ်တော်အမတ်ဆီက တဆင့် အဆိုတင်သွင်းတောင်းဆိုနိုင်ပါတယ်….. တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း တောင်းဆိုနိုင်ပါတယ်…..

ဒါပေမယ့် ဒီလိုတွေမလုပ်ရသေးမချင်း .. အခု လက်ရှိ ဒီအလံဟာ နိုင်ငံတော်ကို ကိုယ်စားပြုထားတာပါပဲ ….. ဒီတော့ … ဒီအလံပေါ်လာရင် ကျွန်ေတာ်တို့မှာ အလေးပြုဖို့ တာဝန်အပြည့်ရှိတယ်လို့ ခံယူပါတယ်….

၂. . မဆလ (မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ) လက်ထက်က အကြွင်းအကျန် လုပ်ရပ်တွေမို့ ဆက်လုပ်စရာမလိုဟုဆိုလာပါတယ်….

ကျွန်တော်ကိုယ်တိုင်တော့ အတိအကျမသိပါဘူး …. ဝေဖန်ဆွေးနွေးသူကတော့ … ဒီလို နိုင်ငံတော်အလံအလေးပြုတဲ့ ကဏ္ဍကို ထည့်တာ မဆလ ခေတ်ကမှ စထည့်တယ်ဆိုပါတယ်…. ဖြစ်နိုင်ပါတယ်….

ဒီဆွေးနွေးချက်ရဲ့ သဘောကတော့ …. ဒီမိုကရေစီ ပြောင်းလဲရင်… မဆလ အကျွင်းအကျန်တွေ မသယ်သင့်တော့ ဘူးဆိုတဲ့သဘာပေါ့ ….

ကျွန်တော်ကတော့ အဲဒီလိုလက်မခံထားပါဘူး …. ကျွန်တော်တို့ ဟာ ဒီမိုကရေစီကိုပြောင်းလဲ တာနဲ့ …. ကျွန်တော်တော်တို့ နိုင်ငံက ပြောင်းလဲစရာမလိုတဲ့ အမူအကျင့်တွေပါလိုက်ပြောင်းစရာမလိုဘူးလို့ ထင်ပါတယ်…

ဥပမာ ဂျပန်နိုင်ငံမှာ လူတစ်ဦနဲ့ တစ်ဦးတွေ့တဲ့အခါ…. ခါးကိုညွှတ်ခေါင်းကို ငုံပြီးနှုတ်ဆက်တတ်တဲ့အလေ့ရှိပါတယ်…. ဒါလူတိုင်းသိပြီးသားပါပဲ …. ဒါအပြင်… အချို့ အထက်တန်းကျောင်း … တွေမှာ …. စာသင်ခန်းထဲကို ဖိနပ်စည်းမ၀င်ရတဲ့ ဓလေ့လေးတွေ ရှိတတ်ပါတယ်…( ဖိနပ်လဲစီးခိုင်းတာပါ… စာသင်ခန်းတဲ့ စီးတဲ့ဖိနပ်က သက်သက်ပေါ့လေ.. ) ဒီလို ဓလေ့တွေဟာ … သူတို့ ရဲ့

အုပ်ချုပ်ရေး စနစ် ပြောင်းလာတာ နဲ့ …. ငါတို့ အုပ်ချုပ်ရေးနဲ့ တူတဲ့နိုင်ငံတွေမှာ …. ဒါမျိုးမရှိဘူး…. လိုက်မလုပ်နဲ့တော့ ဆိုပြီးမထားခဲပါဘူး .. သူတို့ရဲ့ အလေ့အထလေးတွေကို ဆက်လက်သယ်ဆောင်လာပါတယ်…ကျွန်တော်ပြောချင်တာက.. ကောင်းသော အလေ့အထများကို … ဆက်လက် သယ်ဆောင်လာတတ်ဖို့ ဖြစ်ပါတယ်...…….

ဒီလိုပါပဲ ဒီမိုကရေစီနိုင်ငံမို့ မဆလ လက်ထက်ကဟာတွေ အကုန်စွန့်လိုက်စရာမလိုဘူးလို့ ထင်ပါတယ်… နိုင်ငံအတွက် အကျိုးပြုမယ့် ကောင်းမယ့် အကျင့်လေးတွေကို … ဆက်လက် သယ်ယူလာသင့်ပါတယ်…. ကိုယ့်နိုင်ငံအလံတော်ကို အလေးပြုတာပဲ ဗျာ… မကောင်းတဲ့ ဓလေ့မှ မဟုတ်ပဲ … ဆက်သယ်ယူလာသင့်တယ်လို့ ပဲမြင်ပါတယ်…

အဓိကကတော့ …. ပြောင်းဟေ့ဆိုတိုင်း အကုန်လိုက်ပြောင်းနေစရာမလိုပါဘူး …. မကောင်းတဲ့နေရာတွေကိုပြောင်း …. ကောင်းပြီးသားနေရာတွေကို ဒီထက်ကောင်းအောင်လုပ်ဖို့ ပဲလိုပါတယ်….

၃. စစ်တပ်က တိုင်းသူပြည်သား ကို သူတို့ ကိုမလေးစားလေးစားအောင်… အတင်းအဓမ္မခိုင်းစေနေခြင်း..

ဒီစကားအတွက်ကတော့ ရှင်းပြီးသားပါပဲ … ကျွန်တော်တို့ ဟာ ဒီနိုင်ငံတော်အလံကို ဘာကြောင့်အလေးပြုရသလဲဆိုတာ ရှင်းပြီးသားပါ… ဒါကြောင့် စစ်တပ်ကို အလေးပြုနေတာ မဟုတ်လို့ ဒီကိစ္စဟာလည်း စိုးရိမ်စရာကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး …. ကျွန်တော်တို့ ဟာ အမိမြန်မာနိုင်ငံတော် ကြီးကို … အလေးပြုနေခြင်းသာဖြစ်ပါတယ်….. နိုင်ငံတော်ဟာ ..အစိုးရအဖွဲ့မဟုတ်ပါဘူး …. ပြည်သူအများကို သာဆိုလိုပါတယ်… ပြည်သူအများ နေထိုင်ရာ အိမ်ကြိးတစ်လုံးကိုသာဆိုလိုပါတယ်…..

၎. . ဘယ်နိုင်ငံမှာမှ ဒီလို အလေ့အထမရှိလို့ … ဒီနိုင်ငံမှာလည်း လုပ်စရာမလိုခြင်း ..(သူများ နိုင်ငံတွေမှာ ရှိရင်တော့ လိုက်လုပ်မည်ဆိုသည့်သဘော)

ဒီအတွက်လည်း သိပ်ရှင်းစရာမရှိပါဘူး ….. သူများနိုင်ငံလုပ်တိုင်းလိုက်လုပ်ရအောင်…. ကိုယ်တွေက အရူးမှ မဟုတ်ပဲလေ…. ယိုးဒယားတွေနှုတ်ဆက်ရင်လက်အုပ်ချီတယ်… ကိုယ်တွေလိုက်ချီစရာလိုသလား …. သူများနိုင်ငံမှာ pornography တွေရိုက်ကြတယ်… ကျွန်တော်တို့ မြန်မာတွေ သူတို့လုပ်လို့ လိုက်လုပ်တယ်ဆိုပြီးလိုက် ရိုက်စရာလိုသလား ….. သူများနိုင်ငံတွေ ပေါင်မုန့်စားနေတယ်.. ကျွန်တော်တို့ မြန်မာများ ပေါင်မုန့်လိုက်စားစရာလိုသလား … ကိုယ်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှုပါ…. ကိုယ့်ခေါင်းနဲ့ ကိုယ်တွေးပါ… သူများယောင်တိုင်းလိုက်ယောင်တယ်ဆိုတာ ဘယ်နေရာမှာမှ မကောင်းပါဘူး ….

ဥပမာပေးရရင်… ကိုရီးယား က K pop ကမ္ဘာမှာ ဘာကြောင့်အောင်မြင်သလဲ …. Kpop ဟာ Kpop ပဲ ဘယ် မြူးဇစ်နဲ့ ဘယ်ဖက်ရှင်နဲ့ မှ မတူဘူး …. Rap နဲ့ ရောချင်ရောမယ်.. R n B ဆန်ချင်ဆန်မယ်… အင်္ကျီ အ၀တ်အစားလည်း …. သူတို့ ပုံစံကို အသစ်ထွင်ဝတ်တယ်…. ဒါကြောင့် တကယ်အောင်မြင်တော့ .. ကိုရီးယား က pop လို့အောင်မြင်လာတယ်…. Kpop ကို အသိအမှတ်ပြုလာရတယ်…

ဒီသဘောပါပဲ ….. ကိုယ်ခေါင်းနဲ့ ကိုယ်တွေး … ကိုယ့် နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှုပါ….. သူများယောင်လို့ လိုက်ယောင်ရင်…. ယောင်ခြောက်ဆယ်ဘ၀က တက်မှာမဟုတ်ပါဘူး …

၅. မိမိ ဆန္ဒမပါပဲ .. လုပ်ဆောင်ခိုင်းနေခြင်း … (ပြုချင်တဲ့လူပြုမပြုချင်တဲ့လူမပြု နေနိုင်သည် ဆိုသည့်သဘော)

ဒီကိစ္စက ..တော့ ..စောစောကပြောသလိုပဲ … မဲခွဲဆုံးဖြတ်လိုက်ကြရပါမယ်…. တကယ်လို့ အလံအလေးပြုတဲ့ ကဏ္ဍ မထောက်ခံသူများ ဘက်က အနိုင်ရတယ်ဆိုလည်း….. ကျွန်တော်တို့ ဆက်လက် အလေးမပြုရုံပါပဲ .. ဒီကဏ္ဍကို ဖြုတ်လိုက်ပေါ့…

အဲကျွန်တော်တို့ အလေးပြုသည့် ကဏ္ဍ .. ဆက်လက် ထားရှိသင့်တယ် ဆိုတဲ့ဘက်က နိုင်ခဲ့ရင်တော့ …. အလေးပြုချင်ချင် မပြုချင်ချင် ပြုရမှာပါပဲ … နိုင်ငံတော် အလံ… ရုပ်ရှင်ပိတ်ကားပေါ်မှာပေါ်လာပြီး .. အလေးပြုပါလို့ ပြောလာရင်… အလေးပြုဖို့ တာဝန်အပြည့်အ၀ ရှိပါပြီ… ဒါဟာ အများ ဆန္ဒပါပဲ …. မင်းတို့ ဟာ မင်းတို့ ပြုချင်ပြု ငါကတော့ မထောက်ခံလို့ မပြုဘူးလုပ်လို့ မရတော့ပါဘူး … အဲဒီလိုသာလုပ်နေရင် တော့ ဒီမိုကရေစီကို နားမလည်သေးဘူးလို့ ပဲယူဆရမှာပါပဲ …. ကိုယ်မကျေနပ်ရင် အဆိုထပ်တင်သွင်း .. လူအများကို ထပ်စည်းရုံးပေါ့ …. ဒါတော့လုပ်နိုင်ပါတယ်… ဒါပေမယ့် .. လောလော ဆယ်နိုင်ငံတော် အလံ ရုပ်ရှင်ပိတ်ကားပေါ်ပေါ်လာပြီး အလေးပြုပါလို့ ပြောလာရင်တော့ ကိုယ့်မှာ ပြုဖို့ တာဝန်အပြည့် အ၀ရှိပါတယ်….. ကိုယ်က အဆို ကို ရှုံးထားတဲ့သူကိုး…… နိုင်သွားခဲ့မယ်ဆိုရင်တော့လည်းတစ်မျိုးပေါ့လေ...

၆. . ရုပ်ရှင်ကြည့်ခြင်းနှင့် နိုင်ငံတော်အလံ မည်သို့ မျှ မသက်ဆိုင်ခြင်း

အင်း ဒီစကားအတွက်ကတော့ .ရှင်းပါတယ်… မြန်မာ နိုင်ငံတော်အလံဟာ … နိုင်ငံတော်ရဲ့ မည်သည့်နေရာမှာ မဆို သက်ဆိုင်ပါတယ်…. နိုင်ငံတော်ကိုယ်စားပြု သင်္ကေတ ဖြစ်လို့ ပါပဲ ….

ဒီတော့ ကျွန်တော့ အနေနဲ့ ကတော့ ဒီကဏ္ဍကို ဆက်လက်ထားရှိသင့်တယ်လို့ မြင်ပါတယ်… အလေ့အထကောင်းတစ်ခုဖြစ်တာကြောင့် ဖျောက်ဖျက်ပစ်ဖို့ မလိုဘူးလို့ မြင်ပါတယ်……. နိုင်ငံတော်အလံကိုလည်း တလေးတစားအလေးပြုသင့်တယ်လို့ မြင်ပါတယ်… ရုပ်ရှင် သုံးနာရီကြာမကြည့်ခင်လေး တစ်မိနစ်တာ ကာလလောက်မတ်တပ်ရပ်ပြီး ကိုယ်နေထိုင်နေတဲ့ ကိုယ်မွေးဖွားခဲ့တဲ့ မိမိရဲ့ ခိုလှုံရာ … အမိမြန်မာနိုင်ငံတော်ကြီးကို .. အလေးပြုရတာတော့ သိပ်ပင်ပန်းလှတဲ့ အလုပ်တစ်ခုမဟုတ်ဘူးလို့ ပဲမြင်ပါတယ်…. . ဦးဇင်ဝိုင်းပြောသလိုတော့ … အရေးယူဖို့ အထိတော့ မလိုဘူးပေါ့လေ…. ပညာပေးလေးတွေ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးလို့ ပဲမြင်ပါတယ်…..

မိတ်ဆွေတို့ အနေနဲ့လည်း … ပါဝင်ဆွေးနွေးနိုင်ပါတယ်….. အကျိုးရှိသော လူကြီးလူကောင်းဆန်သော ဆွေးနွေးမှုများအတွက်…. လေးစား စွာ ပြန်လည်း ဆွေးနွေးပါမယ်….. ဆဲရေးတိုင်းထွာခြင်းများ နှင့် အခြေအမြစ်မရှိသော ဆွေးနွေးမှုများအတွက်တော့ မည်သို့မျှတုန့်ပြန်လိမ့်မည် မဟုတ်ပါ…… ထာဝရလေးစားကျေးဇူးတင်လျက်…

မေတ္တာသက်သက်ဖြင့်

Myanmar Express

ရန်ရန်ချန်း တို့အဖွဲ့ အတုယူရမည့် သူတောင်းစား တစ်ဦး


အိန္ဒိယနိုင်ငံသားတစ်ယောက်ပါ
တောင်းရမ်းစားပါတယ်။
ဒါပေမယ
့်သူကနိုင်ငံတော်သီချင်းသံကြားတာနဲ့အမြဲတမ်းထပြီးအလေးပြုပါတယ်။
လူတွေကသူ့ကိုရူးနေတ
ယ်လို့ထင်ကြပါတယ်။
သူ့ကိုသတင
်းထောက်တွေကစိတ်ဝင်တစားနဲအင်တာဗျူးတောသူပြန်ပြောပုံကမှတ်သားစရာပါ

"တောင်းရမ်းစားသောက်သူအတွက်
နိုင်ငံတော်ကိုသစ္စာစောင့်သိနိုင်တာဒီတစ်နည်းပဲရှိပါတယ်တဲ့ဗျာ။"

နိုင်ငံတော်အလံအား အလေးမပြုချင်သည့် ရန်ရန်ချန်း အကြောင်းကို http://www.myanmarexpress.net/2012/09/blog-post_1628.html တွင် ဖတ်ရှုနိုင်သည်။

Myanmar Express

ဥက္ကဌ ဇင်ဝိုင်းကို ဆန့်ကျင်သည့် နိုင်ငံတော် အလံကို အလေးမပြုချင်သော ရန်ရန်ချန်း

နိုင်ငံတော်အလံရှိဖို့ မလိုဘူး.. စော်ရှိဖို့ပဲလိုတယ်..


မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ရုပ်ရှင်ရုံများကို လာရောက်ပြီး ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုကြတဲ့ အခါ ရုပ်ရှင်ဇာတ်ကား မပြသေးခင် ရုပ်ရှင် ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံ လွှင့်ထူပြသတဲ့အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောဆို အပြီးမှာ သီချင်း ၁၀ ပုဒ်ခန့် ဆိုပြီး အဆိုတော် ဖြစ်နေတဲ့ ရပ်ပါ ရန်ရန်ချမ်းမှ ရုပ်ရှင်ရုံထဲတွင် ပိတ်ကားပေါ်မှ အလံကို အလေးပြုဖို့ မလိုအပ်ကြောင်း ပြောလိုက်ပါတယ်။

"အခုတစ်လောရုပ်ရှင်ရုံတွေမှာနိုင်ငံတော်အလံကိုအလေးပြုခြင်းမပြုခြင်းတွေပြောနေကြလို့ တစ် ခုလောက်ပြောကြည့်ချင်လို့  ရုပ်ရှင်လာကြည့်တာရုပ်ရှင်ကိုခံစားချင်လို့ လာတာအလံကိုလေးပြုခြင်းမပြုခြင်းကအဓိကမကျဘူးထင်တယ် ရုပ်ရှင်လာကြည့်တဲ့လူတွေအားလုံးကိုယ့်တိုင်းပြည်ကိုမချစ်တဲ့လူတစ်ယောက်မှမပါလောက်ပါဘူး ဒီအလံကိုအလေးမပြုလို့ တိုင်းပြည်ကိုမချစ်ဘူးလို့ တော့သတ်မှတ်လို့ မရပါဘူး .........တိုင်းပြည်ချစ်မချစ်ကိုဒီရုပ်ရှင်ရုံထဲမှ
ာမှဘာလို့ လာစမ်းနေရတာလဲ အလံပေါ်လာလို့ မတ်တတ်ထရပ်တဲ့အထဲကဘယ်နှစ်ယောက်လောက်များတိုင်းပြည်အတွက် တစ်ကယ်လိုအပ်ရင်စစ်ဝင်တိုက်ရဲမလဲ...အလံပေါ်လာရင်မတ်တတ်ရပ်ရမယ်လို့ ဘယ်သူထွင်တာလဲမသိလို့ ပါ သိတဲ့လူရှိရင်တစ်စိပ်လောက်၇ှင်းပြပေးပါ"


လို့ ဆိုပါတယ်။

ဒီစကားနဲ့ ပတ်သက်ပြီး အဆိုတော့ ရန်ရန်ချန်း ကို မြန်မာပြည်သူများက စိတ်ပျက်လျှက် ရှိကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းနေတာတောင် ဗဟု သုတ နည်းလွန်း၊ အတွေးခေါ် ညံ့ဖျင်းတာကြောင့် ပိုမို စိတ်ပျက်နေကြကြောင်း သိရပါတယ်။


မြန်မာလူငယ်တွေကို ဒီပုံစံ စသွင်းတာ.. ကျွန်တော်.. ရန်ရန်းချန်းပဲ..

Cherry Wine က တော့ နိုင်ငံတော် အလံကို အလေးမပြုချင်တဲ့ ရန်ရန်ချန်း ကို မြန်မာနိုင်ငံထဲမှာ မနေဖို့ အခုလို ပြောထားပါတယ်။

"ကျမအမြင်နဲနဲပြောချင်ပါတယ်.. အခုရေးသားချက်ဟာကိုယ်လိုရာ အမြင်နဲ့ပြောရင်တော့မှန်မယ်ထင်သလိုလိုပါဘဲ။ လူတိုင်းမှာကိုယ်ကွယ်တဲ့ဘာသာနဲ့ လူမျိုးဆိုတာရှိသလိုမိမိနေထိုင်တဲ့တိုင်းပြည်ဆိုတာလဲရှိပါတယ်။ တိုင်းပြည်တိုင်းမှာ သမိုင်းကြောင်းနဲ့နိုင်ငံတော်အလံဆိုတာ လဲအသီးသီးရှိပါတယ်။ နိုင်ငံတော် အလံဆိုတာဒီအလံတင်လိုက်တာနဲ့ကိုယ် ဘာလူမျိုးဘယ်နိုင်ငံသားဆိုတာသိသာစေတဲ့ အမှတ်အသားပါ။ဒီနိုင်ငံမှာနေရင်ဒီနိုင်ငံရဲ့ အလံကိုအရိုအသေပေးသင့်ပါတယ်။ ဒါဘယ်သူမှချမှတ်စရာမလိုတဲ့လူတိုင်းသိသင့်တဲ့အရာပါ။ အလံကိုအလံလို့မြင်ဘို့ထက်.. မိမိနိုင်ငံတော်အတွက်အသက်သွေးပေါင်းများစွာပေးဆပ်ခဲ့ရတဲ့ အာဇာနည်တွေရဲ့အထိမ်းမှတ်လဲများစွာပါတာ လူတိုင်းသိနေရမှာပါ။ ဒါကိုမှအလေးမပြူချင်ရင်ဒီနိုင်ငံမှာမနေပါနဲ့လို့ဘဲပြောချင်ပါတယ်ကိုရန်ရန်ချန်းရှင့်။"


မြန်မာဘုရင်တွေ၊ သမိုင်းတွေကို နောက်ပြောင်ကြ

Moe Htet Aung ကလည်း

" ခင်ဗျားပြောသလို နိုင်ငံကိုမချစ်တဲ့သူမရှိဘူး မှန်ကောင်းမှန်ပါလိမ့်မယ် လေးစားမှုတော့ရှိရမယ် ရိုသေမှုတော့ရှိရမယ် လိုချင်လိုက်ကျတဲ့ဒီမိုကရေစီ ပြောလိုက်ကျတဲ့ဒီမိုကရေစီ ကိုယ့်နိုင်ငံကိုတော့လေးစားသင့်ပါတယ် စစ်ထဲဝင်မှ စစ်တိုက်ရဲမှ နိုင်ငံကိုချစ်တဲ့သူဆိုရင် ဒီနိုင်ငံဒီလိုဖြစ်လာစရာမရှိပါဘူး ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးဆို တစ်မျိုးပေါ့ ကိုရန်ချမ်းက နာမည်ကြီးတစ်ယောက်ဆိုပြီးတော့ဆိုပြီး အရမ်းမှန်တယ်လို့တော့မပြောဘူး မထောက်ခံနိုင်ဘူး နိုင်ငံတော်အလံကိုတွေ့ရင် မတ်တပ်ရပ်ခိုင်းတာကအစထွင်တာဘယ်သူလဲသိချင်ရင် ကိုဇေယျာသော်ကိုသာမေးကြည့်ပါ လွတ်လပ်စွာရေးပါသည် ကြိုက်သလိုဝေဖန်ပါ"

ဟု ရန်ရန်ချန်း ကို သင်ကြားပေးခဲ့သည်။


အလံကို အလေးပြုဖို့မလိုဘူး... ဖဲနိုင်ဖို့ပဲလိုတယ်....

ပန်း အိ။ ။ ကိုရန်ရန်ချန်းရှင့် တစ်ခုလောက်မေးချင်ပါတယ် မူလတန်းကိုကျော်ဖြတ်ခဲ့ရပါသလား??? ပထမတန်းဖတ်စာမှာတို့အလံအကြောင်းသင်ကြားရပါတယ် ရုပ်ရှင်ရုံမှာအလံတော်ကိုအလေးမပြုချင်ရင် ရုပ်ရျင်ရုံမှာသွားမကြည့်ပါနဲ့ ကိုယ့်အိမ်မှာပဲကိုယ်ကြည့်လိုက်ပါရှင့် ကိုယ့်အလံတော်ကိုကိုယ်အလေးပြုတာဟာသင်စရာမလိုတဲ့ မွေးရာပါယဉ်ကျေးမှုတစ်ခုပါ



Lisa Sean Lynn။ ။ရုပ်ရှင်ရုံမှာအလံတော်ကိုအလေးမပြုချင်ရင် ရုပ်ရှင်ရုံမှာသွားမကြည့်ပါနဲ့ ကိုယ့်အိမ်မှာပဲကိုယ်ကြည့်လိုက်ပါ။ ကိုယ့်အလံတော်ကိုကိုယ်အလေးပြုတာဟာသင်စရာမလိုတဲ့ လူကျင့်ဝတ်ယဉ်ကျေးမှုတစ်ရပ်ပါ။ လွတ်လပ်စွာပြောနိုင်တယ်ဆိုပြီး ဒီလောက်တောင်ပဲဆင်ခြင်တုံတရားကင်းမဲ့စွာပြောတဲ့စကားအတွက်ရှင့်ကို အံသြမိပါတယ်။ ဒီမိုကရေစီဆိုပြီးပြောချင်ရာစွတ်ပြောတဲ့စကားတွေနဲ့ ၊ တန်ဖိုးရှိအောင်နေတဲ့နိုင်ငံကြီးသားပီသမှု့ ဒီနှစ်ခုခြားနားတာကိုသေချာနားလည်နိုင်ပါစေ။


အမေစု သားကွ... နိုင်ငံတော် အလံကို အလေးမပြုနိုင်ဘူး...

Ye Gyi။ ။ကိုရန်ရန်ချန်းရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်ပေမယ့် .. အလံဆိုတာ က တော့ .. မြန်မာတစ်မျိုးသားလုံးရဲ့ အထွဋ်အထိပ်ပါ .. ကျွန်တော်ကတော့ အလံကို အရမ်းလေးစားတယ် .. နိုင်ငံကို သီချင်းကိုလည်း အရမ်း လေးစားတယ် .. ဘောလုံးပွဲတွေမှာ နိုင်ငံတော် အသံကြားရရင်ဖြစ်ဖြစ် .. ရုပ်ရှင်ရုံမှာ နိုင်ငံတော် အလံ ကြီးလွှင့်ပြီး .. နိုင်ငံတော်သီချင်းတီးလုံးကို ကြားရတဲ့အခါ .. မျက်ရည်လည်မိပါတယ် ... ကျွန်တော်က စစ်သားတစ်ယောက်မဟုတ်ပါဘူး .. ဒါပေမယ့် လူချင်းက မတူဘူးလေ .. ကိုရန်ရန်ချန်းရယ် .. ကိုရန်ရန်ချန်းကို ထောက်ခံတဲ့ ကောင်က တော့ မြှောက်ပေးတဲ့ကောင်ပဲ ဖြစ်နိုင်တယ် .. ဒါပေမယ့် အခုအလံကိုတော့ ကျွန်တော် မလေးစားဘူးအစ်ကို .. .. နိုင်ငံတော်သီချင်းကိုတော့ အထွဋ်အထိပ်မှာတင်ပြီး လေးစားလျှက်ပါ .. အစ်ကို ..



Thomas Harold။ ။ "အလံက ဘာ အရောင်ဖြစ်ဖြစ်ဗျာ။နိုင်ငံ သား တိုင်းကအလံကို ချစ်ရမှာပဲ အလေးပြုရမှာပဲ။ အဲ။ ကိုyegyiပြောသလို ပဲနိုင်ငံအလံ မှာနိုင်ငံသား အသက်တွေအများကြီးပါပါတယ်။ ကိုယ်အလေးပြုချင်တဲ့ဆန္ဒမရှိတိုင်း အလံကိုလွှဲမချသင့်ပါ။ အလံကိုအလေးပြုတာလေးစားတာ ဟာနိုင်ငံကြီးသားတွေရဲ့ယဉ်ကျေးမှုပါ။"

လို့ ဆိုပါတယ်။


ရုပ်ရှင်ရုံထဲမှာ အလေးမပြုနိုင်ဘူး... သူများနိုင်ငံမှာပဲ အလေးပြုမယ်

မြန်မာ့ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်းကတော့

”ကိုယ့်ရဲ့နိုင်ငံတော် အလံကို လွှင့်ထူနေတဲ့ အချိန်မှာ ထိုင်နေတယ်ဆိုရင် ရှက်ဖို့ အလွန် ကောင်းပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးမပြုချင်တဲ့ နိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက် ထွန်းကားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးနေပါလိမ့်မယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောခဲ့ပါတယ်။
Myanmar Express

နိုင်ငံတော်အလံ မလေးစားသူများ ရှက်ဖို့အလွန်ကောင်းကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း ပြောကြား


မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ရုပ်ရှင်ရုံများကို လာရောက်ပြီး ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုကြတဲ့ အခါ ရုပ်ရှင်ဇာတ်ကား မပြသေးခင် ရုပ်ရှင် ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံ လွှင့်ထူပြသတဲ့အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။

”ကိုယ့်ရဲ့နိုင်ငံတော် အလံကို လွှင့်ထူနေတဲ့ အချိန်မှာ ထိုင်နေတယ်ဆိုရင် ရှက်ဖို့ အလွန် ကောင်းပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးမပြုချင်တဲ့ နိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက် ထွန်းကားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးနေပါလိမ့်မယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။ နိုင်ငံတော်အလံကို ရိုသေစွာ အလေးပြုဖို့အတွက် စာတန်းများ၊ နောက်ခံ စကားပြောများနဲ့ အသိပေးပြောကြား တာတွေ ရှိနေတဲ့ အပေါ်ကိုလည်း ”အဲဒါတွေက လူတွေကို ပညာပေးသဘောမျိုးပါပဲ။ ကိုယ့်နိုင်ငံတော် အလံကို လေးစားရ ကောင်းမှန်းသိအောင်၊ အလေးပြု ဖို့ ကောင်းရမှန်း သိအောင် လုပ်ဆောင် ပညာပေးနေ ကြရတာပါပဲ။ ဒီလိုမှ မရဘူး ဆိုရင်တော့ အရေးယူဖို့ အဆင့်တွေ ဘာတွေဖြစ်လာမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦး ဇင်ဝိုင်းက ပြောပြပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အမျိုးသား လွှတ်တော် အစည်းအဝေး မှာလည်း ရုပ်ရှင်ရုံများ ရုပ်ရှင်ပြသခြင်း မပြုမီ နိုင်ငံတော် အလံကို ပြသရာမှာ ရုပ်ရှင်ကြည့် ပရိသတ်များ အနေနဲ့ နိုင်ငံတော် အလံကို အလေးပြုခြင်း အစဉ်အလာ အားနည်းနေခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး ဖြစ်သလို နိုင် ငံတော် အလံကို အလေးပြု၊ ဂါရဝပြုရန် အတွက် မလိုက်နာပါက ပြစ်မှု ဆိုင်ရာ ဥပေဒပုဒ်မများနဲ့ အညီ အရေးယူ ခံရ နိုင်ကြောင်း သိရှိရပါတယ်။










Myanmar Express

လေးစားဖွယ်ရာကောင်းသော (မြန်မာနိုင်ငံတော်အလံနှင့်ပတ်သက်၍) ပေးစာ - ၁၀၄



မြန်မာနိုင်ငံတော်အလံကို လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်ပြီး ကျွန်မအရွယ်ရောက်သည်အထိ တလေးတစား တရိုတသေ ဦးညွှတ်အလေးပြုခဲ့ကြပါသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ထိုအလေ့အထများမှာ ပျောက်ကွယ်သွားခဲ့သည်။ ဒီမိုကရေစီကို လိုချင်သည်ဆိုသော်လည်း မိမိတို့နိုင်ငံ၏ အလံကိုပင် အလေးမပြုနိုင်လောက်အောင် ဖြစ်နေသည်။ ကျွန်မတို့အိမ်အနီးတွင်ရှိသော ရုပ်ရှင်ရုံတစ်ရုံသို့ ညီမများနှင့်မကြာခဏသွားရောက်ကြည့်ရှုသည့်အခါတိုင်း သတိထားမိသည်မှာ ရုပ်ရှင်စပြတော့မည်ဆို သည်နှင့် အလံတော်ကို အလေးပြုပါစာတမ်းပေါ်ပြီး လေထဲတွင် လွှင့်ထားသော အလံကို မည်သူကမှ မတ်တပ်ရပ်အလေးပြုခြင်းမပြုကြတော့ပါ။ တခါတရံ ကျွန်မနှင့်အတူညီမများသာ မတ်တပ်ရပ်နေပါသည်။ အားလုံးကမူ အစားမပျက်၊ ထိုင်လျှက်မပျက်ကြပါ။ တိုင်းတပါးယဉ်ကျေးမှုတွေကို လိုက်နာနေကြပြီး မိမိတို့ နိုင်ငံကို လေးစားရကောင်းမှန်း၊ လွတ်လပ်ရေးကိုတန်ဖိုးထားရကောင်းမှန်း မသိသည့် ခေတ်ဖြစ်နေသည်။ အဖွားတို့ခေတ်က လွတ်လပ်ရေးမရသေးသဖြင့် အခက်အခဲအမျိုးစုံကြုံတွေ့ခဲ့ရသည်ကို ပြောပြခဲ့သဖြင့် သိရှိခဲ့ရသည်။ လွတ်လပ်ရေးရပြီးသည့်နောက်မှသာ မိမိတို့အလံတော်ကို တိုင်ထိပ်သို့ တင်ခွင့်ရရှိခဲ့ သည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံအလံတော်ကိုတော့ ခေတ်တွေ စနစ်တွေမည်သို့ပင်ဖြစ်စေ တလေးတစား ရှိသင့်သည်ဟု ထင်မြင်မိသည်။



ဤသည်ကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတိုးတက်သည်မှာ ဘာတိုးတက်တာလာသလဲ။ ရိုင်းစိုင်းမှုတွေ၊ ယဉ်ကျေးမှုပျက်ပြားမှုတွေ၊ ၀တ်စားဆင်ယင်မှုပျက်ပြားမှုတွေ၊ စိတ်ဓါတ်ပျက်ပြားမှုတွေသာ တိုးတက်လာသည်။ အဓိက မိဘတွေကလဲ သားသမီးကိုမနိုင်၊ အချို့မိဘတွေအနေဖြင့် သားသမီးကို မဆုံးမသည့်အပြင် မြှောက်ပင့်ပေးကြသည်။ ဆရာ၊ဆရာမများမှ မသင့်တော်သည်များကို ဆုံးမသည်ကို မိဘများမှ ရန်လိုစွာ ပြောဆိုနေသည်ကို ကိုယ်တွေ့ကြုံနေရပါသည်။ လက်ဦးဆရာဆိုသည့် မိဘများအနေဖြင့် ဤကဲ့သို့ဖြစ်နေလျှင် ကျောင်းက ဆရာမများအနေဖြင့် မည်သို့ ဆုံးမပြောဆိုနိုင်မည်နည်း။ ယဉ်ကျေးမှုသင်တန်းများဖွင့်နေသော်လည်း တာဝန်အရသာ တက်ရောက်ကြသည်။ မည်သူမှ မလိုက်နာကြပါ။ မိမိတို့နိုင်ငံယဉ်ကျေးမှုကို လိုက်နာကြရန် မိဘနှင့်ဆရာ၊ဆရာမများမှ ဆုံးမသွန်သင် သင့်သည်ဟု ထင်မြင်မိပါသည်။




Myanmar Express

နိုင်ငံတော်အလံကိုအလေးပြုမိလို့အလှောင်ခံခဲ့ရတဲ့. .ကောင်မလေး (ပေးစာ - ၇၅)


ခုတစ်လော. .ကျွန်မကျောင်းပိတ်ထားတာကြောင့်.. အားနေပါတယ်.. တစ်နေ့က.. ကျွန်မတို့သူငယ်ချင်း
တစ်တွေ. .နေပြည်တော်ရေပန်းဥယျာဉ်ရှေ့က. .ဇေယျာသီရိ.. 3Dရုပ်ရှင်ရုံမှာ..ရုပ်၇ှင်သွားကြည့်ကြပါတယ်. .သူငယ်ချင်းတွေ ပြန်ဆုံကြတာဆိုတော့..အရမ်းပျော်စရာကောင်းတာပေါ့နော်.. တစ်ယောက်နဲ့တစ်ယောက်စလိုက်နောက်လိုက်နဲ့.. .လူငယ်တွေပီပီ.. လွတ်လပ်ပျော်ရွှင်နေကြပါတယ် ဒီလိုနဲ့..ရုပ်ရှင်ပြဖို့အချိန်လည်းနီးရော... ကျွန်မတို့ရဲ့အပျော်တွေကို.. ကြက်ပျောက်ငှက်ပျောက်ပျောက်စေမယ့်ဖြစ်ရပ်လေး. တစ်ခုဖြစ်သွားခဲ့ပါတော့တယ်... စာဖတ်သူသူငယ်ချင်းများလည်းသိကြမှာပါ... ကျွန်မတို့နိုင်ငံကရုပ်ရှင်ရုံတွေရဲ့ထုံးစံအတိုင်း. မပြခင်.. နိုင်ငံတော်သီချင်းဖွင့်ပါတယ်... အလံပေါ်လာတာနဲ့.. ကျွန်မတို့တစ်တွေ.. မတ်တပ်ရပ်.. သတိဆွဲပြီး.. အလေးထပြု
ကြပါတယ်ရှင်.... လာကြည့်ကြတဲ့ရုံထဲကပရိတ်သတ်အားလုံးတော့.. အလေးမပြုကြပါဘူး.... သုံးပုံတစ်ပုံပဲအလေးထပြုကြ တာကိုတွေ့ခဲ့ရပါတယ်.... ကျွန်မတို့သူငယ်ချင်းတစ်တွေလည်း.. လူငယ်ပေမယ့်.. အသိစိတ်လေးတွေရှိကြပါတယ်.. ဒီတော့.. သုံးပုံတစ်ပုံထဲပါလာတာပေါ့နော်.. အဲဒီမှာတင်... အသံတွေဆူဆူညံညံထွက်လာပါတယ်..

"ဟေ့..မရှက်ဘူးလားဟေ့..အပိုအလုပ်တွေလုပ်နေကြတာ.."

" အေးလေ..အာ၇ုံနောက်တယ်.."

"သူတို့ဘယ်သူက..ဘာလာပေးမှာကြနေတာပဲ...."


ဆိုတဲ့..အသံတွေ..နားထဲဝင်လာခဲ့ပါတယ်.....အသံတွေကြောင့်တစ်ချို့လည်း..သီချင်းမဆုံးခင်... တစ်ဝက်တစ်ပျက်နဲ့
ပြန်ထိုင်သွားကြပါတယ်..ကျွန်မတို့သူငယ်ချင်းတွေရယ်...လူကြီးပိုင်းနည်းနည်းလောက်သာ.. ကျန်နေခဲ့ပါတယ်ရှင်..
ကျွန်မတို့သွားကြည့်တဲ့ကားက...ဟာသကားပါ..ဒါပေမယ့်..ကျွန်မမရယ်ခဲ့မိပါဘူး..စိတ်ထဲမှာစောနက. .အော်ခဲ့တဲ့
လူတွေကို...ဒေါသထွက်နေတာနဲ့..ကျွန်မပူလောင်နေခဲ့မိပါတယ်...အိမ်ရောက်တဲ့အထိလည်း.. မပြေတာနဲ့..ခုလို..
ပို့စ်လေးရေးလိုက်မိတာပါရှင်..



ကျွန်မတို့သူငယ်ချင်းတွေလည်း..စဉ်းစားကြည့်ရအောင်နော်..
တကယ်တော့..ခုလို..ရုပ်ရှင်ကားကို...အေးအေးဆေးဆေး..အပူအပင်..ကင်းကင်းနဲ့ကြည့်နိုင်တာဟာ.. .ကိုယ်ပိုင်
အလံတစ်ခုကို..အသက်..သွေး..ချွေးတွေနဲ့..ယူဆောင်ပေးခဲ့ကြတဲ့..ကျေးဇူးရှင်..မျိုးချစ်ခေါင်းဆောင်ကြီးတွေရဲ့..
ကျေးဇူးကို...လေးစားတဲ့အနေနဲ့..အသိအမှတ်ပြုတဲ့အနေနဲ့..ခနလေး..ငြိမ်ပေးကြရတာပါရှင်..
လူဆိုတာ..လွတ်လပ်မှုရဲ့တန်ဘိုးကို..အချုပ်အနှောင်ခံရမှ..သိတတ်ကြပါတယ်ရှင်..မိခင်တစ်ယောက်
ရဲ့တန်ဘိုးကိုလည်း...မိခင်ရဲ့အဝေးကိုရောက်ပြီး..ဒုက္ခလှလှတွေ့မှ..အောက်မေ့မိတတ်ကြပါတယ်ရှင်..အလားတူပဲ
ကိုယ့်မြေ...ကိုယ့်ရေ..ကိုယ့်လူမျိုးတွေရဲ့..နွေးထွေးတဲ့..မေတ္တာဓာတ်ကိုလည်း..သူများနိုင်ငံရောက်မှ.. သိတတ်ကြပါတယ်ရှင်....

ဒီတော့..အသက်သွေးချွေးပေါင်းများစွာ..စတေးပြီးမှ..ကိုယ်ပိုင်အလံတစ်ခုရယူပေးခဲ့ကြတဲ့..
ကျေးဇူးရှင်ကြီးတွေရဲ့..ဂုဏ်ကျေးဇူးကို... .လေးစားအောက်မေ့တဲ့အနေနဲ့..နိုင်ငံတော်သီချင်းသံကြားတိုင်.. .ခနလောက်ဲငြိမ်ပြီး..အလေးပြုပါစို့လား...သူငယ်ချင်းတို့ရေ....

မြန်မာလူမျိုးတို့၏ လုပ်ချင်တိုင်းလုပ်သမျှ ခံနေရသော မြန်မာအလံ

ကိုယ့်နိုင်ငံရဲ့ အလံသစ် ကို ချနင်းပြီး သူများနိုင်ငံရဲ့ အလံကို ကိုင်ဆောင်လွှင့်ထူထားပုံ

ကိုယ့်နိုင်ငံရဲ့ အလံဟောင်းကို လမ်းဘေးမှာ ပစ်ချပြီး သူများနိုင်ငံရဲ့အလံကိုတော့ သာသနာအလံရဲ့ရှေ့ဆုံးထိထားပြီး လွှင့်ထူထားပုံ

မြန်မာနိုင်ငံအကြောင်း မကောင်းကြောင်းတွေချည်း အတင်းပြောနေသည့် ဧရာဝတီ ဝဘ်ဆိုက်တွင်တွေ့ရသော အလံသစ်နှင့် အလံဟောင်း တစ်ချိန်တည်းလွှင့်ထူထားပုံ

အလံအောက်က လူအားလုံး ဘောပဲ


သုံးရောင်ခြယ်အလံအောက်မှာ အစည်းဝေးလုပ်ကြမယ်။

အဘိုးကြီးများလည်း အလံအောက်မှာ နေရာယူ။

အဖွားကြီးများလည်း လိုက်ပွဲတောင်းဖို့ ပြင်။

အလံအောက်ကလူအားလုံး ဘောပဲ။

လုံးဝ ဘောပဲ၊ ငါ့နာမည်လည်း ထိန်လင်းပဲ။

အဘိုးကြီးတွေရော အဖွားကြီးတွေရော ကုလားမက ဘောပဲ။


အလံအောက်မှ ဗုဒ္ဓဘာသာဝင်များ။

ကျုပ်တို့ကို စော်ကားနေပြီ၊ ထားလိုက်ပါ ဝန်ကြီး ဖြစ်မှ ရုံးက လူမိုက်တွေနဲ့ ရိုက်ခိုင်းလိုက်မယ်။

အဲ့ဒီ ကုလားမ ငါနဲ့တွေ့မယ်။

ဗုဒ္ဓဘုန်းကြီးတွေကလည်း ကုလားမကို ထောက်ခံတယ်၊

အလံပေါ် ချနင်းခြင်းသည် ဒီမိုကရေစီသို့ ချဉ်းကပ်ခြင်းဖြစ်သည်။

အလံကို အဝတ်စုတ်တစ်ခုလိုပဲ သက်မှတ်တယ်၊ ထမိန်စုတ်လို့ပဲ သက်မှတ်တယ်။

အဝတ်စုတ်ကို ရုံးထိပ်မှာ တင်ပြီး အောက်မှာ နေရတာ လည်းကောင်းတာပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင် ၇၀ ကျော်တုန်းကလည်း ငါတို့ ထမိန်အောက်က ထွက်လာတာပဲ၊
မထူးပါဘူး၊ ခုလည်း ထမိန်အောက်မှာ ခိုင်းသမျှ လုပ်နေရာတာပဲ

ခုထိ လိုက်ပွဲက ရောက်မလာဘူး


Myanmar Express

အလံ

အစိုးရက ခုမှ အလံဟောင်းကိုချပြီး အလံသစ်တင်နေတာ။ ပြည်ပရောက် ဒေါ်လာစား အတိုက်အခံတို့က လုပ်ပြီးတာကြာပေါ့



ကဲကဲ ဒေါ်လာစားတို့ ကိုယ်တိုင်တော့ ခုချိန်ထိ ဘာဆို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး။ အစိုးရလုပ်သမျှ ကန့်ကွက်ပြီး ဘုထိုင်တောနေကြတာ။ ခု အစိုးရက အလံချိန်းသွားပြီဆိုတော့ အလံသစ်ကို ကန့်ကွက်ပြီး အလံဟောင်းကို တမ်းတမှန်းဆလို့ ကောင်းကြောင်းတွေ ပြောကြ၊ ရေးကြတော့မယ် မဟုတ်လား။ ကိုယ်လုပ်ခဲ့တာတွေကိုယ် မမေ့အောင် ခုတင်ထားတဲ့ ပုံလေးကို ပြန်ကြည့်ကြ။ ဟုတ်ပြီလား။



Myanmar Express