Subscribe to our RSS Feed

နိုင်ငံတော်အလံကိုအလေးပြုမိလို့အလှောင်ခံခဲ့ရတဲ့. .ကောင်မလေး (ပေးစာ - ၇၅)


ခုတစ်လော. .ကျွန်မကျောင်းပိတ်ထားတာကြောင့်.. အားနေပါတယ်.. တစ်နေ့က.. ကျွန်မတို့သူငယ်ချင်း
တစ်တွေ. .နေပြည်တော်ရေပန်းဥယျာဉ်ရှေ့က. .ဇေယျာသီရိ.. 3Dရုပ်ရှင်ရုံမှာ..ရုပ်၇ှင်သွားကြည့်ကြပါတယ်. .သူငယ်ချင်းတွေ ပြန်ဆုံကြတာဆိုတော့..အရမ်းပျော်စရာကောင်းတာပေါ့နော်.. တစ်ယောက်နဲ့တစ်ယောက်စလိုက်နောက်လိုက်နဲ့.. .လူငယ်တွေပီပီ.. လွတ်လပ်ပျော်ရွှင်နေကြပါတယ် ဒီလိုနဲ့..ရုပ်ရှင်ပြဖို့အချိန်လည်းနီးရော... ကျွန်မတို့ရဲ့အပျော်တွေကို.. ကြက်ပျောက်ငှက်ပျောက်ပျောက်စေမယ့်ဖြစ်ရပ်လေး. တစ်ခုဖြစ်သွားခဲ့ပါတော့တယ်... စာဖတ်သူသူငယ်ချင်းများလည်းသိကြမှာပါ... ကျွန်မတို့နိုင်ငံကရုပ်ရှင်ရုံတွေရဲ့ထုံးစံအတိုင်း. မပြခင်.. နိုင်ငံတော်သီချင်းဖွင့်ပါတယ်... အလံပေါ်လာတာနဲ့.. ကျွန်မတို့တစ်တွေ.. မတ်တပ်ရပ်.. သတိဆွဲပြီး.. အလေးထပြု
ကြပါတယ်ရှင်.... လာကြည့်ကြတဲ့ရုံထဲကပရိတ်သတ်အားလုံးတော့.. အလေးမပြုကြပါဘူး.... သုံးပုံတစ်ပုံပဲအလေးထပြုကြ တာကိုတွေ့ခဲ့ရပါတယ်.... ကျွန်မတို့သူငယ်ချင်းတစ်တွေလည်း.. လူငယ်ပေမယ့်.. အသိစိတ်လေးတွေရှိကြပါတယ်.. ဒီတော့.. သုံးပုံတစ်ပုံထဲပါလာတာပေါ့နော်.. အဲဒီမှာတင်... အသံတွေဆူဆူညံညံထွက်လာပါတယ်..

"ဟေ့..မရှက်ဘူးလားဟေ့..အပိုအလုပ်တွေလုပ်နေကြတာ.."

" အေးလေ..အာ၇ုံနောက်တယ်.."

"သူတို့ဘယ်သူက..ဘာလာပေးမှာကြနေတာပဲ...."


ဆိုတဲ့..အသံတွေ..နားထဲဝင်လာခဲ့ပါတယ်.....အသံတွေကြောင့်တစ်ချို့လည်း..သီချင်းမဆုံးခင်... တစ်ဝက်တစ်ပျက်နဲ့
ပြန်ထိုင်သွားကြပါတယ်..ကျွန်မတို့သူငယ်ချင်းတွေရယ်...လူကြီးပိုင်းနည်းနည်းလောက်သာ.. ကျန်နေခဲ့ပါတယ်ရှင်..
ကျွန်မတို့သွားကြည့်တဲ့ကားက...ဟာသကားပါ..ဒါပေမယ့်..ကျွန်မမရယ်ခဲ့မိပါဘူး..စိတ်ထဲမှာစောနက. .အော်ခဲ့တဲ့
လူတွေကို...ဒေါသထွက်နေတာနဲ့..ကျွန်မပူလောင်နေခဲ့မိပါတယ်...အိမ်ရောက်တဲ့အထိလည်း.. မပြေတာနဲ့..ခုလို..
ပို့စ်လေးရေးလိုက်မိတာပါရှင်..



ကျွန်မတို့သူငယ်ချင်းတွေလည်း..စဉ်းစားကြည့်ရအောင်နော်..
တကယ်တော့..ခုလို..ရုပ်ရှင်ကားကို...အေးအေးဆေးဆေး..အပူအပင်..ကင်းကင်းနဲ့ကြည့်နိုင်တာဟာ.. .ကိုယ်ပိုင်
အလံတစ်ခုကို..အသက်..သွေး..ချွေးတွေနဲ့..ယူဆောင်ပေးခဲ့ကြတဲ့..ကျေးဇူးရှင်..မျိုးချစ်ခေါင်းဆောင်ကြီးတွေရဲ့..
ကျေးဇူးကို...လေးစားတဲ့အနေနဲ့..အသိအမှတ်ပြုတဲ့အနေနဲ့..ခနလေး..ငြိမ်ပေးကြရတာပါရှင်..
လူဆိုတာ..လွတ်လပ်မှုရဲ့တန်ဘိုးကို..အချုပ်အနှောင်ခံရမှ..သိတတ်ကြပါတယ်ရှင်..မိခင်တစ်ယောက်
ရဲ့တန်ဘိုးကိုလည်း...မိခင်ရဲ့အဝေးကိုရောက်ပြီး..ဒုက္ခလှလှတွေ့မှ..အောက်မေ့မိတတ်ကြပါတယ်ရှင်..အလားတူပဲ
ကိုယ့်မြေ...ကိုယ့်ရေ..ကိုယ့်လူမျိုးတွေရဲ့..နွေးထွေးတဲ့..မေတ္တာဓာတ်ကိုလည်း..သူများနိုင်ငံရောက်မှ.. သိတတ်ကြပါတယ်ရှင်....

ဒီတော့..အသက်သွေးချွေးပေါင်းများစွာ..စတေးပြီးမှ..ကိုယ်ပိုင်အလံတစ်ခုရယူပေးခဲ့ကြတဲ့..
ကျေးဇူးရှင်ကြီးတွေရဲ့..ဂုဏ်ကျေးဇူးကို... .လေးစားအောက်မေ့တဲ့အနေနဲ့..နိုင်ငံတော်သီချင်းသံကြားတိုင်.. .ခနလောက်ဲငြိမ်ပြီး..အလေးပြုပါစို့လား...သူငယ်ချင်းတို့ရေ....

10 comments:

ဟုတ်တယ် ဒီနိုင်ငံတော်အလံကို ဒီနိုင်ငံမှာရှိတဲ့ လူတွေမှအလေးမထား ရင်ဘယ်သူတွေကအလေးထားမှာလဲ အပေါ်က"သူတို့ဘယ်သူက..ဘာလာပေးမှာကြနေတာပဲ...." ဆိုတာက မြန်မာပီသတဲ့သူတွေပြောကြတာပေါ့ ကျွန်တော်တို့နိုင်ငံမတိုးတက်တာ ဒီလိုသူများတိုးတက်ရာတိုးတက်ကြောင်းလုပ်ရင် လုပ်ခုပ်မတီးဘဲ လိုက်ဟားတဲ့အချက်တွေကြောင့်ပါပဲ သူများလုပ်ရင်အပြစ်လိုက်ပြောမယ်
ကိုယ်တိုင်ကျတော့ဘာမှမလုပ်တတ်ဘူး အခုလဲပြောနေကြတယ် နိုင်ငံရေးအကျဉ်းသားတွေမလွတ်လို့တဲ့ ထောင်ကျပါတယ်ဆိုနေမှ ထောင်သားက ထောင်သားပေါ့ ဘာနိုင်ငံရေးအကျဉ်းသားတွေ ဘာသားတွေလိုနေမှာလဲ သူတို့လွတ်ဖို့ကျတော့ လိုက်အော်နေတဲ့ သူတွေ မီးသတ်တပ်ဖွဲကသူတွေ သေတော့ ၀မ်းနည်းပါတယ်ဆိုတဲ့ Comment လေးတစ်ကြောင်းတောင်ပေးဖူးလား သူတို့ကနိုင်ငံတော်အတွက် ပြည်သူတွေရဲ့အသက်ကို ကယ်သွားတဲ့သူတွေလေ....

ဟုတ်တယ်ဗျ ကျွန်တော်တို့ တော်တော်များများမှာရှိနေကြတယ် ကောင်းတာလုပ်တာကို တွေ့ရင် ဟာသလုပ်ချင်ကြတယ် အပိုတွေလို့ပြောချင်ကြတယ် ပတ်ဝန်းကျင်မှာ တွေ့ရသလောက်ပေါ့ တရုတ် မလေး တို့ အဲလိုမရှိဘူး အဲလိုလုပ်တဲ့သူကို ကူညီတာ မကူညီရင်တော့ မနှောက်ယှက်ဘူး ဗျ ဘာပဲဖြစ်ဖြစ် ကိုယ်မလုပ်နိုင်လို့ တခြားတစ်ယောက်လုပ်ရင်တောင် ကျွန်တော်တို့ နိုင်ငံကောင်းဖို့ ရာခိုင်နှုန်း တိုးလာပါလားဆိုပီးတော့ ကျေနပ်နေရမှာပါ ၀မ်းသာနေရမှာပါ အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဖေးမ ကူညီပီးတော့ နိုင်ငံတော်သစ်ကြီးဆီကို အကောင်းဆုံးတွေနဲ့ ချီတက်ကြရအောင်

၂၀၁၃ နှင့် ဒေါ်အောင်ဆန်းစုကြည် http://motherland-2009.blogspot.com/2012/01/blog-post_1815.html

ဟုတ်တယ်နော်။ကိုယ်နိုင်ငံရဲ့အလံကိုကိုယ်လူမျိုးတွေကပိုပီးတော့လေးစားရမှာပေါ့နော်။ကိုယ်ကိုယ်တိုင်ကလေးစားမှုရှိမှသူများတွေလဲလေးစားမှာပေါ့။

ဟုတ်တယ်... နိုင်ငံတော်အလံဆိုတာ... နိုင်ငံတစ်ခု တည်ရှိခြင်း၊ လွပ်လပ်ခြင်းအဓိပ္ပယ်လည်း သက်ရောက်တယ်လို့ထင်တယ်....
အဲ့ဒီတော့ ကိုယ့်ယုံကြည်ရာကို မကြောက်မရွံ့ဆက်လုပ်ကြဖို့ အားပေး ခြင်တယ်။ ကျွန်တော်ကတော့ ကျွန်တော့မိသားစု၊ ကျွန်တော့ အသိုင်းအ၀ိုင်းကနေ စပြီးတော့ ပြင်မယ်
... ကျေးဇူးတင်ပါတယ်

လှောင်တဲ.ကောင်တွေက NLD ကကောင်တွေဘဲ။
သေချာတယ်။

အဲဒါ နေပြည်တော်မှာနော်.. ရန်ကုန်က သမ္မတ မှာဆို ပိုဆိုးတယ် မတ်တပ်ရပ်ပြီး အလေးပြုမိတဲ့သူကို ၀ိုင်းဟားကြတာ အရူးလိုပဲ ခံခဲ့ရတယ်.

ကျွန်တော်တို့ MDY မှာလည်း ထိုနည်း၎င်းပါပဲ။ နိုင်ငံတော်အလံကို အလေးမပြုတာ ဘာမှမပြောလိုပါဘူး ။ အလေးပြုတဲ့သူကို လှောင်ပြောင်သရော်တယ်ဆိုတာ လမ်းပေါ်ဆေးရိုးလှန်းသလိုပေါ့ဗျာ။ အဲဒီလိုသာလူတွေ ကျပ်ကျပ်လုပ် ဗိုလ်ချုပ်ပြောသလို ဖာနိုင်ငံကြီး ဖြစ်သွားတော့မှာပေါ့ဗျာ။
P.S/ တစ်ချို့က ပြောတယ်ဗျ အလံကိုသဘောမကျလို့ အလေးမပြုတာတဲ့။ အဲဒါဆို ကိုယ်တိုင်သမ္မတဖြစ်မှ ပြောင်းပေါ့ဗျာလို့ပြောလိုက်တယ်။ သူတို့လည်းသူတို့ယုံကြည်ချက်နဲ့ အလေးမပြု၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ ယုံကြည်ချက်နဲ့ အလေးပြု။ ခွေးဟောင်တိုင်း ထကြည့်မနေပါနဲ့ဗျာ။ ဟူး မောလိုက်ထာ။

စောက်သုံးမကျတဲ. ကောင်တွေဘဲ အဲ.အလုပ်ကို လုပ်တာ နိုင်ငံတော်အလံကွ အလေးပြုကို ပြုရမယ် မင်းတို.တွေ သူများလက်အောက်ကို ကျွန်ခံရမယ် စိတ်ဓါတ်နဲ.ကောင်တွေ အမေရိကန် လပြွတ် စုပ်နေရမှ ကျေနပ်တဲ. NLDနဲ..... ဦးနှောက်မရှိတဲ. ကောင်တွေဘဲ နေမယ်ထင်ပါတယ် ကျွန်တော်ကတော.ရိုင်းသွားရင် ခွင်လွတ်ဗျာ တင်းလာလို. ပြည်သူတယောက်ပါဘဲ ကျွန်တော်လည်းးးဘာမှမမှန်းဘူးး ရပ်ကွက်ထဲလဲ အငြိမ်မနေရ လီးး NLD ငါလိုးမဟာတွေ အခုချိန်ထိ ဘာကောင်းတာ ရှိလဲ ပြောလိုက်ရင် ဟိုဟာလုပ်ပေးမယ် ပြောလိုက် ကြည်.လိုက်တော. မင်းကိုနိုင်က စပြီးး ပညာတတ်တဲ.ကောင်ကိုမပါဘုးးး ရပ်ကွက်ရှေက ဖြတ်သွားး မင်းတို.ကိုရပ်ကွက် ထဲ့ ရိုက်ချင်နေတာ ကြာပြီ သတိတော.ထားနေ

"" တစ်ချို့က ပြောတယ်ဗျ အလံကိုသဘောမကျလို့ အလေးမပြုတာတဲ့"" ဒင်းတို. အတွေးအခေါ်က..ဘာမဟုတ်တဲ.ဆေးဆိုးထားတဲ.အ၀တ်စလေးပေါ်မှာတင်လမ်းဆုံးနေလို.နေမှာပေါ.ဗျာ .....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်