Subscribe to our RSS Feed

လွတ်မြောက်ပျော်ရွှင်ခြင်းများနဲ့ စတင်တဲ့ မြန်မာ ၂၀၁၂


ဒီကနေ့ ဇန်န၀ါရီ ၃ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၃၂၃ဦး ၊ လွတ်မြောက်ပြီးဖြစ်ပြီး စုစုပေါင်း လွတ်မြောက်မည့် အကျဉ်းသား ၉၀၀ ကျော်ရှိကြောင်းသိရပါတယ်။ မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ကျော်လွတ်မြောက် ဖို့ရှိပြီး နိုင်ငံခြားသား အကျဉ်းသား ၁၀ ဦးပါဝင်မယ်လို့လည်း သိရပါတယ်။

တောင်ငူထောင်မှ အမျိုးသမီး ၁၃ ဦးအပါအ၀င် အကျဉ်းသား ၉၇ ဦး ယနေ့ လွတ်မြောက်ခဲ့ပြီးဖြစ်ကာ ၁၉၈၈ ခုနှစ်တွင် သောင်းကျန်းသူများနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁၁ ဖြင့် အကျဉ်းကျနေသူ ခြောက်ဦး ပါဝင်ကြောင်း သိရပါတယ်။ အင်စိန်မှ ဦးကြည်သန်း၊ ဦးစောဆေးကလယ်ဟဲ(KNU)၊ ဦးသန်းနိုင်ဦး နဲ့ စစ်တွေအကျဉ်းထောင်မှ ဦးနေမိုးအောင် ၊ ပုသိမ်အကျဉ်းထောင်မှ ဦးအောင်ထွန်း နှင့် ပြည်အကျဉ်းထောင် မှ ဦးအောင်ကျော်တို့ ပါဝင်ပါတယ်။

သာယာဝတီအကျဉ်းထောင်မှလွတ်ငြိမ်းချမ်းသာခွင့်နှင့်ယနေ့လွတ်မြောက်မည့်အကျဉ်းသား ၈၉ ဦးဖြစ်ပြီး ယခင်တပ်တော်တွင်တာဝန်ထမ်းဆောင်ခဲ့သော(တပ်မတော်သား) ငါးဦးပါဝင်ပါတယ်။

သရက်ထောင်မှ နှစ်၃၀အထက် အကျဉ်းကျခံနေရသူ ကျား(၂)ဦး၊ နှစ်၂၀ နှင့် ၃၀ ကြား အကျဉ်းကျခံနေရသူကျား(၂)ဦး၊ ၂၀ နှစ်အောက်အကျဉ်းကျခံနေရသူ ကျား(၇၃)ဦး၊မ(၁၃)ဦး၊စစ်တပ်ဥပဒေဖြင့်အကျဉ်းကျခံနေရသူ(၁၃)ဦး၊သီးသန့်(၁)ဦး စုစုပေါင်း (၁၀၄)ဦး ပြန်လည်လွတ်မြောက်ဖို့ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ၈၀၄ ဦး နှင့် မ ၁၃၀ ဦး ပါဝင်တယ်လို့ သိရပြီး ယခုချိန်ထိ လွတ်ငြိမ်းချမ်းသာခွင့်အတွက် လာရောက်စောင့်ဆိုင်းသူအ ယောက်(၂၀၀) ကျော် ရှိပါတယ်။



နံနက် ၉ နာရီခွဲတွင် အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးလိုက်သော (၃)ဦး အနက် နှစ်ဦးမှာ ဦးကြည်သန်း (၈၈) သည် ၂၀၀၇ ခုနှစ်တွင် အသင်းအဖွဲ့ဥပဒေဖြင့် ထောင်ဒဏ် (၉)နှစ်ကျခံခဲ့ရသူဖြစ်ပြီး (၄)နှစ် အယူခံနိုင်ခဲ့ကာ ထောင်တွင်း၌ (၄)နှစ် (၄)လ နေခဲ့ရသူဖြစ်သည်။ ဒုတိယတစ်ဦးမှာ ကိုသန်းနိုင်ဦး (NLD မန္တလေးတိုင်းတာဝန်ခံ) ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပုံနှိပ်စက္ကူဥပဒေဖြင့် ထောင်ဒဏ် (၃)နှစ် ကျခံခဲ့ရကာ ထောင်တွင်း၌ (၁) နှစ် (၃)လ နေခဲ့ရသူဖြစ်ပါတယ်။

အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည့်သူ စုစုပေါင်း ၉၃၄ဦး၊ ကျား ၈၀၄ ဦး၊ မ ၁၃၀ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း သိရပါတယ်။


လွတ်မြောက်လာသူ များအတွက် ၎င်းတို့၏ မိသားစုများနှင့်ထပ်တူ MEG မှ ဝမ်းမြောက်ဝမ်းသာ ရှိပါကြောင်းနဲ့ အခုလို နှစ်သစ်မှာ စေတနာ ထာပြီး ပျော်ရွှင်မှုတွေနဲ့ စတင်စေခဲ့တဲ့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းပါဗျား....။

3 comments:

WARNING!!!!!

From now in Myanmar , all of ur house, ur shops, ur trip, on bus, etc must take care urself cos of government released thieves, murders etc

အင်း...ဒီလို ဂဏန်းတွေကို လွှတ်ပေးလည်း သူတို့ရဲ့အမျိုး
နောက်ထပ် ဂဏန်းတွေကလည်း ပေါက်ကရပြောဦးမှာပါပဲ.
လွှတ်ပေးလည်းတစ်မျိုး..မလွှတ်ပေးလည်းတစ်မျိုး..ဂဏန်း
သွား..သွားကြဦးမယ်ထင်ပါတယ်...
ဂဏန်းတွေ ပိုပေါများလာမယ်ထင်ပါတယ်...

အင်း. လွှတ်ပေးလည်းတစ်မျိုး မလွှတ်လည်းတစ်မျိုး..သူတို့
ဂဏန်းအမျိုးတွေက ဘယ်တော့မှ တည့်တည့်သွားကြမှာ
မဟုတ်ပါဘူးလေ...အမြဲတမ်းဒီလိုပဲ သေသွားကြတာပဲ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်