Subscribe to our RSS Feed
Showing posts with label ဘာလဲဟဲ့ မဇ္ဈိမ. Show all posts
Showing posts with label ဘာလဲဟဲ့ မဇ္ဈိမ. Show all posts

မဇ္ဈိမ လိမ်တာလား...အန်အယ်လ်ဒီ လိမ်တာလား...

Fromး Opposite Eye



 တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံနှင့် ပတ်သက်၍ နိုင်ငံရေးပါတီသုံးခုမှ အစည်းအဝေးပြုလုပ်ပြီး ကန့်ကွက်ခဲ့ကြောင်း မဇ္ဈိမ သတင်းဌာနမှ အောက်ပါနေ့ရက် များတွင် သတင်းဖော်ပြခဲ့သည်။
 
 ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွက်ရန် သုံးပါတီဆုံးဖြတ် 

ကွန်းချမ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၇ မိနစ်

 ကျောက်မီးသွေး လျှပ်စစ်စက်ရုံ အစားထိုးလောင်စာ သုံးရန် သုံးပါတီတောင်းဆို

 ကွန်းချမ်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၈ မိနစ် 

 အဆိုပါသတင်းများတွင် အန်အယ်ဒီပါတီမှ ပတ်သက်ရာပတ်သက်ကြောင်းများဖြစ်သော ကော့သောင်း အမေ့အိမ် ပညာဒါနကျောင်းမှ ပညာရေး တာဝန်ခံ ဆရာဦးမျိုးလွင် က “ကောင်းကျိုးတွေ အနေနဲ့ ကြည့်မယ် ဆိုရင်တော့ မီးလင်းနိုင်တယ်ပေါ့နော်။ အဲဒီလင်းလာမယ့် မီးဟာ ကလေးတွေရဲ့ အသက်သွေးကြောတွေကို ဝါးမြိုတဲ့ မီးတွေ ဖြစ်နေတဲ့အခါကျတော့ ဆရာတယောက်အနေနဲ့ ဒါကို ခွင့်ပြုလို့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။ 


 အမေ့အိမ် ပညာဒါနမှ သင်ကြာရေး တာဝန်ခံ ဦးမျိုးလွင်က “ကျနော် သွားလေ့လာပြီးပြီ။ လူနေရပ်ကွက်နဲ့ ပေ ၂ဝ လောက် ရေနုတ်မြောင်းကြီး တခုပဲ ခြားပါတယ် ခင်ဗျ။ ဒါဟာ အတော့်ကို ဆိုးရွားတဲ့ကိစ္စ ဖြစ်နေတယ်လေ။ ဒါ့ကြောင့် တခြားလောင်စာတွေနဲ့ လည်ပတ်ရင် လည်ပတ်ပေါ့။ အဲဒါမျိုး ကျနော်တို့ တိုက်တွန်းတာပါ” ဟု ပြောသည်။ NLD ဗဟိုဌာနချုပ် အနေနှင့် ကော့သောင်း ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကိစ္စကို သိရှိကြောင်းနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ သဘောထားကို စုဆောင်းနေကြောင်း၊ ပြည်သူလူထု အန္တရာယ် ရှိနိုင်မည်ဆိုပါက ပါတီ၏ သဘောထားကို ထုတ်ပြန်ကာ တရားဝင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်း က ပြောသည်။ ထိုသို့သော အန်အယ်ဒီနှင့်ပတ်သက်ရာ ပတ်သက်ကြောင်းများမှ ပါဝင်ပြောကြားခဲ့သည့်အတွက် အန်အယ်ဒီပါတီအနေဖြင့် ကြေငြာချက်တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။ 



 မဇ္ဈိမ သတင်းဌာန သည် ဒေါ်စုကြည် အကျယ်ချုပ်ကျခံနေစဉ်ကာလ၌ လည်းကောင်း၊ လက်ရှိ အခြေအနေများတွင် လည်းကောင်း အန်အယ်ဒီအား အမြဲတစေထောက်ခံအားပေးနေသော်လည်း ယခု သတင်းဖော်ပြချက်များတွင် အန်အယ်ဒီ၏ ခွင့်ပြုချက်မရရှိဘဲ ဖော်ပြခဲ့သည်။ သတင်းဌာနတစ်ခု အနေဖြင့် သတင်းမှန်မမှန် စိစစ်ရန်ပျက်ကွက်ခြင်းလား၊ အန်အယ်ဒီပါတီအနေဖြင့် ၄င်းတို့၏ နာမည် သုံး၍ လုပ်ဆောင်ချက်များအား ယခုမှပင် သတိမူခြင်းများ ဖြစ်နေမည်လား ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ 


 Myanmar Express 

ပိုက်ဆံမျက်နှာကြည့်၍ သတင်းလိမ်မှုများကြောင့် မဇ္ဈိမ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံနေရ

ပိုက်ဆံမျက်နှာကြည့်၍ သတင်းလိမ်မှုများကြောင့် မဇ္ဈိမ ဝက်ဘ်ဆိုက်များ DDoS တိုက်ခိုက်မှု ခံနေရကြောင်း သတင်းရရှိသည်။

“မဇ္ဈိမဝက်ဘ်ဆိုက်သည် DDoS တိုက်ခိုက်မှု ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာအဖွဲ့အနေဖြင့် တိတိကျကျ အတည်မပြုနိုင်သေးပါ” ဟု ထုတ်ပြန်ချက်အတွင်း ပါရှိသည်။ ထို့အပြင် “မဇ္ဈိမအနေဖြင့် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခသတင်း ဖော်ပြမှုနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်” ဟုလည်း ကြေညာချက် အတွင်း ဖေါ်ပြထားသည်။သောကြာနေ့ ညနေပိုင်းမှ စတင်ခဲ့သော DDoS တိုက်ခိုက်မှုကြောင့် မဇ္ဈိမ၏ အင်တာနက် စာမျက်နှာများ ဖွင့်၍ မရတချက် ရတချက် ဖြစ်နေခဲ့ပြီး စနေနေ့တွင် မြန်မာနိုင်ငံတွင်း အပါအ၀င် အချို့နေရာများတွင် လုံးဝ ဖွင့်မရတော့သည်ကို တွေ့ရှိလာရသည်။

DDoS ဟူခေါ်သည့် Distributed Denial of Services တိုက်ခိုက်မှုသည် ဆာဗာပေါင်း များစွာမှ မဇ္ဈိမဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုမှု များပြားစွာ ဖြစ်လေဟန် တချိန်တည်း ပို့လွှတ်၍ တိုက်ခိုက်သည့် နည်းလမ်း ဖြစ်သည်။

မဇ္ဈိမ အင်တာနက် စာမျက်နှာသို့ DDoS ပို့လွှတ်ကာ အများဆုံး လာရောက် တိုက်ခိုက်မှု အများဆုံးနိုင်ငံမှာ မလေးရှားနိုင်ငံ ဖြစ်ပြီး အမေရိကန်မှာ ဒုတိယ အများဆုံး ဖြစ်သည်။

အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက်လျက် ရှိနေသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံအတွင်းမှလည်း ပို့လွှတ် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

သြဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အင်္ဂလိပ်ပိုင်း ၀က်ဆိုက်စ် စာမျက်နာတွင် Anti Rohingya demonstration Held in Rangoon (ရိုဟင်ဂျာများကို ဆန့်ကျင် ဆန္ဒပြ) ဟု ခေါင်းစည်းတွင် အစပိုင်းတွင် ရေးသား ဖေါ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် Arakanese demonstrate against UN, INGOs ရခိုင်အမျိုးသားများက ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြ ဟု ရေးသား ဖေါ်ပြခဲ့သည်။

စာသားတွင်လည်း ရခိုင် ၅၀ ခန့်က ရိုဟင်ဂျာများကို ယူအန်နှင့် အိုင်အန်ဂျီအိုများက အကူအညီ ပေးနေမူများကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုခဲ့သည် အစား ရခိုင်အမျိုးသား ၁၀၀ ခန့်က ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ယူအန်နှင့် အိုင်အန်ဂျီအိုများ ဆန္ဒပြတောင်းဆိုဟု ပြန်လည် ပြင်ဆင် ရေးသားခဲ့သည်။

ယခုကဲ့သို့ ပြင်ဆင်ရေးသားပေးမူနှင့် ပတ်သက်ပြီး ဦးဆောင်လူပ်ရှားသူ ကိုစည်သူ၏ သဘောထားကို သိရှိနိုင်ရန် အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ယနေ့ နိရဉ္စရာမှ လက်ခံ ရရှိသော စာတစ်စောင်တွင် သံဃာတပ်ပေါင်းစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ အဆိုပါ အမှားများ ရေးသား ဖေါ်ပြမူနှင့် ပတ်သက်ပြီး မဇ္ဈိမ တာဝန်ရှိသူများ အနေဖြင့် တောင်းပန်ရန်နှင့် မတောင်းပန်ပါက သံဃာတော်များ၏ သပိတ်မှောက်မူကို ခံရလိမ့်မည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

မဇ္ဈိမ သတင်းဌာနက သိက္ခာ မဲ့မှုများကို http://www.myanmarexpress.net/search/label/%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%80%B7%20%E1%80%99%E1%80%87%E1%81%A9%E1%80%AD%E1%80%99 တွင် ဖတ်ရှုနိုင်သည်။

Myanmar Express

ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် မဇ္ဈိမ သတင်း အမှန်ပြင်ရေး

From : narinjara

သြဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အင်္ဂလိပ်ပိုင်း ၀က်ဆိုက်စ် စာမျက်နာတွင် Anti Rohingya demonstration Held in Rangoon (ရိုဟင်ဂျာများကို ဆန့်ကျင် ဆန္ဒပြ) ဟု ခေါင်းစည်းတွင် အစပိုင်းတွင် ရေးသား ဖေါ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် Arakanese demonstrate against UN, INGOs ရခိုင်အမျိုးသားများက ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြ ဟု ရေးသား ဖေါ်ပြခဲ့သည်။

စာသားတွင်လည်း ရခိုင် ၅၀ ခန့်က ရိုဟင်ဂျာများကို ယူအန်နှင့် အိုင်အန်ဂျီအိုများက အကူအညီ ပေးနေမူများကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုခဲ့သည် အစား ရခိုင်အမျိုးသား ၁၀၀ ခန့်က ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ယူအန်နှင့် အိုင်အန်ဂျီအိုများ ဆန္ဒပြတောင်းဆိုဟု ပြန်လည် ပြင်ဆင် ရေးသားခဲ့သည်။

ယခုကဲ့သို့ ပြင်ဆင်ရေးသားပေးမူနှင့် ပတ်သက်ပြီး ဦးဆောင်လူပ်ရှားသူ ကိုစည်သူ၏ သဘောထားကို သိရှိနိုင်ရန် အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ယနေ့ နိရဉ္စရာမှ လက်ခံ ရရှိသော စာတစ်စောင်တွင် သံဃာတပ်ပေါင်းစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ အဆိုပါ အမှားများ ရေးသား ဖေါ်ပြမူနှင့် ပတ်သက်ပြီး မဇ္ဈိမ တာဝန်ရှိသူများ အနေဖြင့် တောင်းပန်ရန်နှင့် မတောင်းပန်ပါက သံဃာတော်များ၏ သပိတ်မှောက်မူကို ခံရလိမ့်မည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

၎င်းပြင် စာထဲတွင် သတင်းဌာနများ အနေဖြင့် ရိုဟင်ဂျာအသုံး အနုန်းကို မသုံးဖိုအတွက် ပန်ကြား အပ်ကြောင်းနှင့် နိုင်ငံတော်သမ္မတ သုံးခဲ့သည့် အသုံးအနူန်း ဘင်္ဂလီများဟုသာ သုံး သင့်ကြောင်း ဖေါ်ပြထားသည်။


Myanmar Express

ပိုက်ဆံရဖို့အတွက် မွတ်ဆလင်ဖက်လိုက်ကာ သတင်းလိမ်ထုတ်လွှင့်သည့် မဇ္ဈိမ သတင်းဌာန အား ရခိုင်တိုင်းရင်းသားတို့ မကျေမနပ်ဖြစ်နေ

From : Narijra

သြဂတ်(စ်)လ ၁၉ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်လူငယ်များ UNနှင့် INGOs အဖွဲ့များအား ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြတောင်းဆိုပွဲအား အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဌာနက ရခိုင် လူမျိုးများအား ကမ္ဘာအလယ်တွင် သိက္ခာကျ နာမည်ပျက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းရေးသား ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

ဆေန္ဒပြ ရခိုင်လူငယ်များသည် မည်သည့် ဘာသာ၊ မည်သည့် လူမျိုးကိုမှ တိုက်ခိုက် စော်ကားမူ မရှိခဲ့ပါ။

မစ္ဈိမ သတင်းဌာမှ အဆိုပါ သတင်းအား အင်္ဂလိပ်လို “Anti-Rohingya demonstration held in Rangoon” ခေါင်းစည်းတပ်ကာ သြဂတ်စ်လ ၂၀ ရက်နေ့က ဖေါ်ပြရာတွင် ရခိုင်လူမျိုး ၅၀ ခန့်သည် မြန်မာပြည် အနောက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် နေထိုင်နေကြသော ရိုဟင်ဂျာမွတ်ဆလင်များအား ကုလသမဂ္ဂမှ အကူအညီပေးနေမှုများအား ရပ်တန့်ရန် ယူအန်နှင့် နိုင်ငံခြား အန်ဂျီအိုများကို တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု မဟုတ်မမှန် သတင်းရေးသား ဖေါ်ပြခဲ့သည်။

“ကျွန်တော်တို့ ဆန္ဒပြတာက UNနဲ့ INGOs က ရိုဟင်ဂျာ ဘင်္ဂလီ ဆိုတဲ့သူတွေကို ကူညီပေးနေတာ ရပ်တန့်ဖို့ အတွက် ဆန္ဒပြတာ မဟုတ်ဘူးဗျာ။ ပြည်တွင်းပြည်ပ တခြားမီဒီယာ ဆိုဒ်တွေနဲ့ ဆိုင်းဘုတ် တိုင်းမှာ ကျွန်တော်တို့ ရေးထားတဲ့ စာတန်းတွေကို ကြည့်လို့ သိနိုင်ပါတယ်။ ကျွန်တော်တို့က ရခိုင် လူမျိုးတွေ အပေါ်မှာ UN နဲ့ INGOs ကခွဲခြားဆက်ဆံမူတွေ ရှိနေတဲ့ အတွက် ဒါကို ရပ်တန့်ဖို့ ဆန္ဒ ထုတ်ဖေါ်တာသာ ဖြစ်ပါတယ်။ ဒီလို မဟုတ်မက သတင်းကျင့်ဝတ်နဲ့ မကိုက်ညီဘဲ ဖေါ်ပြတဲ့ မဇ္ဈိမ ကိုတော့ တရားဥပဒေ အရ တစ်ခုခု လုပ်ရပါလိမ့်မယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်ခဲ့သူ ကိုစည် သူက နိရဉ္စရာသို့ ပြောသည်။

၎င်းပြင် ရန်ကုန် တာမွေမှ အရှင် သုန္ဒာရကလည်း မဇ္ဈိမမှ ရေးသား တင်ပြသောသတင်းနှင့် ပတ် သက်ပြီး “ မှတ်တမ်းမှတ်ရာ အထောက်အထားများ အလျှံပယ်ရှိပါလျှက်နှင့် ရခိုင်လူငယ်များက ရိုဟင်ဂျာဘင်္ဂလီများအား ထောက်ပံ့ခြင်းကို ရန်တန့်ရန် ဆန္ဒပြသည်ဟု မဇ္ဈိမသတင်းဌာနမှ ပြောင် အတင်း လိမ်ညာဖော်ပြခြင်းမှာ အော့နှလုံးနာဖွယ် အတိပင် ဖြစ်သည်” ဟု ဖေါ်ပြသည်။

မဇ္ဈိမ အင်္ဂလိပ်ဝက်ဘ်ဆိုဒ်တွင် သြဂစ်လ ၂၀ရက်(တနင်္လလာ)နေ့ နေ့စွဲဖြင့် ရန်ကုန်ရောက် ရခိုင်လူ ငယ်များ ဆန္ဒပြ သတင်းနှင့် ပတ်သက်ပြီး လွဲမှားစွာ ဖေါ်ပြမှုအပေါ် မလေးရှားရောက် ရခိုင်လူငယ် တဦး ဖြစ်သည့် ကိုမင်းထက်ကလည်း နိရဉ္စရာသို့ ယခုလိုပြောသည်။

“မဇ္ဈိမ သတင်းဌာနဟာ ဘာဘဲပြောပြော ပြည်တွင်းပြည်ပ လူအမြောက်အများ လာဖတ်တဲ့ ဆိုဒ်တ ခုဖြစ်ပါ တယ်။ လူတိုင်းအားပေး ကြတဲ့ဆိုဒ်ပါ။ ခုလို မီဒီယာကျင့်ဝတ်ကို ချိုးဖေါက်ပြီးတော့ ရေးထား တာက ရခိုင်လူမျိုး ကိုစော်ကားလိုက် တာဖြစ်ပါတယ်။ ဒါတမင်သက်သက် လူမျိုးနှစ်ခု အကြားမှာ ရန်တိုက်ပေးနေတာဘဲ။ ပြောရမယ် ဆိုရင် ရခိုင်ပြည်ကို ဆူပူအောင် သွေးထိုးလှုံ့ဆော် ပေးနေ တာပါ” ဟုပြောသည်။

မဇ္ဈိမ အင်္ဂလိပ်ဆိုဒ်တွင် တင်ပြထားသော အဆိုပါ သတင်းမှားကို တခြားနိုင်ငံ သတင်းတချို့မှာလဲ ကူးပြီးဖေါ်ပြတာတွေ့ရကြောင်း၊ အင်ဒိုနီးရှား သတင်းမီဒီယာကြီး ဂျာကာတာပို့၊ အေအက်ပီ၊ Dailystar နှင့် တခြားဆိုဒ်တွေမှာ တွေ့ခဲ့ရကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ ရခိုင်လူမျိုးများ အပေါ် နိုင်ငံတကာက လူဆိုးအဖြစ် မြင်လာအောင် အကွက်ချစီစဉ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကိုမင်းထက်က ဆက်ပြောပြသည်။

သြဂတ်စ်လ ၁၉ ရက်နေ့က ရခိုင် လူငယ် ၁၀၀ ခန့်သည် တီရှပ် အကျီင်္များကို တူညီ ၀တ်ဆင်ပြီး ပိုစ တာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ယူအန်နှင့် နိုင်ငံခြားမှ အန်ဂျီအိုများကို ခွဲခြား ဆက်ဆံမူ ကို ရပ်တန့်ရန် န္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သော အချက်များမှာ အောက်ပါ အတိုင်းသာ ဖြစ်သည်။

၁။ “Stop Being Unfair” (တရားမမျှတမှုကို ရပ်တန့်ပါ)
၂။ “Respect the President’s Decision on Illegal Migrant Issue” (သမ္မတကြီး၏ တရားမ၀င် လာရောက် နေထိုင်မှု ကိစ္စရပ်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို လေးစားပါ)
၃။ “Stop Creating Conflicts in Arakan”, (ရခိုင်ပြည်အတွင်း ပဋိပက္ခဖန်တီးမှုများကို ရပ်တန့်ပါ။)
၎။ “UN Itself the Human Rights Violator” (ကုလသမဂ္ဂသည်လည်း လူ့အခွင့်အရေးချိုးဖောက်သူသာ ဖြစ်သည်)
၅။ “Don’t Bring Terrorism to Our Land” (ကျွန်ုပ်တို့မြေသို့ အကြမ်းဖက်မှု မသယ်ယူလာနှင့်)
၆။ “We love Justice UN/INGOS, Stop Discriminating Against Arakanese” (တရားမျှတမှုကို မြတ်နိုးသည်။ UN/INGOS များ ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်း ရပ်)
၇။ “Stop Abusing Citizens’ Rights” (နိုင်ငံသားအခွင့်အရေးကို အလွဲသုံးစား မလုပ်ပါနှင့်)
၈။ “Respect the Sovereignty of Myanmar” (မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပါ။)

မဇ္ဈိမ သတင်းဌာနသည် ယခင်ကလည်း ရခိုင် လူပ်ရှားတက်ကြွသူများ၏ လူပ်ရှားမူ သတင်းများအား တမင်သေးသိမ်အောင်ရေးသားခဲ့မူများ ရှိခဲ့ပြီး မောင်တောမြို့တွင် မစ္စတာ ကင်တေးနား လာရောက် လည်ပတ်စဉ် ရခိုင်အမျိုးသား ၂၀၀ ကျော်ခန့်က ဆန္ဒပြခဲ့သည်ကို လူ ၂၀ သာ ဆန္ဒပြသည်ဟု အလိုတော်ပြည့် ဆရာတော် မဏိသာရအား တစ်စုံတစ်ရာ အင်တာဗျူး မပြုလုပ်ဘဲ ဆရာတော် က ပြောသည်ဟု ဆိုကာ နာမည်အလွဲသုံးစားလုပ်ပြီး သတင်း ဖေါ်ပြခဲ့သည်။

အလားတူ ရဟန်းတော်များနှင့် မြန်နိုင်ငံသားများက လွန်ခဲ့သည့်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သမ္မတကြီး ဦးသိန်းစိန်၏ ရခိုင်အရေးနှင့် ပတ် သက်ပြီး ပြောကြားချက်အား ထောက်ခံ ဆန္ဒပြပွဲကို ကချင်စစ် ရပ်စဲရန် ရဟန်းတော်များ ဆန္ဒပြသည်ဟု သတင်းအမှန်ကို ထိန်ချန် ရေးသား ဖေါ်ပြခဲ့သည်။


မဇ္ဈိမ သတင်းဌာန သည် သတင်းလိမ်ညာ ထုတ်လွှင့်မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး တစ်ခါတုန်းကလည်း မဇ္ဈိမ သတင်းဌာန မှ ဖိုတိုရှော့ဖြင့် လုပ်ထားသော တောက်တဲ့ အတု သတင်းကို မြန်မာလိုသာ မက၊ အင်္ဂလိပ်လိုပါ လိမ်ညာသတင်းဖြန့်ခဲ့ပြီး အမှားမှန်းသိချိန်မှာလည်း ပြန်လည်တောင်းပန်ခြင်းမရှိတဲ့အကြောင်းကို

သိက္ခာမရှိ ရှက်ဖွယ်လိလိ မဇ္ဈိမ သတင်းဌာန
http://www.myanmarexpress.net/2011/11/blog-post_17.html

တွင် ဖတ်ရှုနိုင်သည်။

Myanmar Express

သိက္ခာမရှိ ရှက်ဖွယ်လိလိ မဇ္ဈိမ သတင်းဌာန


သတင်းမှား တစ်ခုကို 7Day News Journal က နိုဝင်ဘာ ၈ ရက်နေ့က တင်ခဲ့ပါတယ်။



မဇ္ဈိမ သတင်းဌာနကလည်း ကိုယ်တိုင်သတင်းမရှာ မလေ့လာပဲ 7Day News Journal ကနေ ကော်ပီလုပ်ပြီး တင်ခဲ့ပါတယ်



မြန်မာလိုတင်မက အင်္ဂလိပ်လိုပါတင်ပြီး သူများဆီက သတင်းနဲ့ လုပ်စားခဲ့ပါတယ်



သတင်းမှားချိန်မှာတော့ 7Day News Journal က အခုလို တောင်းပန်ခဲ့ပါတယ်။


သတင်းကိုသာ ကော်ပီ ယူပြီး စိတ်ဓာတ်နဲ့အကျင့်စာရိတ္တကို ကော်ပီမယူနိုင်တဲ့ မဇ္ဈိမ သတင်းဌာနကတော့ အတိုက်အခံ မီဒီယာတို့ရဲ့ ထုံးစံအတိုင်း အရှက်မရှိ သိက္ခာမဲ့စွာနဲ့ပဲ မျက်နှာပြောင်တိုက်ပြီး နေခဲ့ပါတယ်။ တောင်းပန်တာတွေ ဖြေရှင်းတာတွေ မလုပ်ခဲ့ပါဘူး။ ဒီကိစ္စနဲ့ပက်သတ်ပြီး ပြည်သူအများက မဇ္ဈိမ ကို ရှုံ့ချနေကြပြီး မကျေမနပ်ဖြစ်နေကြကြောင်း သိရပါတယ်။ မဇ္ဈိမ သတင်းဌာန သာမက ဧရာဝတီသတင်းဌာနနဲ့ ဘီဘီစီ သတင်းဌာနများကိုလည်း & Day News Journal ကို အတုယူကာ တောင်းပန်သင့်ကြောင်းကို http://goldenmyanmarnews.blogspot.com/2011/11/7-day-news.html မှာ ရေးသားထားတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် ကျွဲပါးစောင်းတီး အတိုက်အခံတွေကတော့ အတိတ်မေ့သလိုလို ရွှေပျောက်သလိုလိုနဲ့ ဆက်ပြီး ရူးချင်ဟန်ဆောင်နေကြပါတယ်။