Subscribe to our RSS Feed

သမ္မတကြီးဦးသိန်းစိန်၏ ထူးချွန်မှုကြောင့် EU မှ ပို့ကုန်အခွန်ကင်းလွတ်ခွင့် ယခုနှစ်ဇွန်လအတွင်း ရရှိမည်

From : ....age


EU နိုင်ငံများက ဖွံဖြိုးဆဲ နိုင်ငံများအပေါ်ပေးသည့် ပို့ကုန်အခွန်ကင်းလွတ်ခွင့်(GSP)အား မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ဇွန်လအတွင်း ရရှိမည် ဟု ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားလိုက်သည်။

ယခုနှစ် ဇွန်လအတွင်းပြုလုပ်ကျင်းပမည့် ILO အစည်းအဝေး၌ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခြေရှိနေသည့်အတွက် ယခုကဲ့သို့ ပြော ကြားရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးနှင်းဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဇွန်လမှာ GSP ကင်းလွတ်ခွင့်ရမယ်။အဲဒါရရင် ပိုက်ဆံပိုရမယ်။ အခုကဈေးနှိမ်ပြီးကိုယ့်ကုန်တွေကိုရောင်းရတာဆိုတော့ဈေးမရဘူး။ နောက် ပြီး အိမ်နီးချင်းGSP ရတဲ့နိုင်ငံတွေက ကိုယ့်ဈေးကွက်ကို ၀င်ယူသွားတယ်။ ကိုယ့်နိုင်ငံက အဲဒါ မရထားတော့ သူတို့ကို မယှဉ်နိုင်ဘူး တကယ် လို့ GSP သာရရင် သူတို့နဲ့ ယှဉ်ပြိုင်နိုင် စွမ်းအားပိုရလာပြီး ဈေးကွက်ဟောင်းကိုလည်း ပြန်ထိုးဖောက်နိုင် သလို ဈေးကွက်သစ်တွေကိုလည်း ပိုမို ရှာဖွေနိုင်မှာဖြစ်ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။


လက်ရှိအခြေနေများအရ မြန်မာနိုင်ငံအနေဖြင့် EU နိုင်ငံများက အခွန်ကင်းလွတ် သက်သာခွင့်များကို မရရှိထားသည့်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် ဈေးကွက်ဈေးနှုန်း ယှဉ်ပြိုင်နိုင်ခြေ အားနည်းခြင်း၊ ပို့ကုန်အဝယ်ဈေးကွက်နိုင်ငံများက ၎င်းတို့ ပေးဆောင်ရသည့် အခွန် ၁၃ ရာ ခိုင်နှုန်းအတွက်ကို မြန်မာ့ပို့ကုန်များအပေါ် လျှော့ဈေးပေး ဝယ်ယူခြင်းများအပြင် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကိုပါ ခံခဲ့ရသည်။


ယင်းသို့သောအနေထားမှ့ EU နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို လက်နက် ရောင်းဝယ်မှုများမှအပ ကျန်သည့် ပိတ်ဆို့ အရေးယူမှုများကို ယခုလ ၂၂ ရက်နေ့က တရားဝင်ဖယ်ရှားပေးလိုက်ပြီ ဖြစ်သည်။


ယင်းသို့ဖယ်ရှားပေးလိုက်သည့်အတွက်မြန်မာနိုင်ငံအနေဖြင့် EU နိုင်ငံများအပါအ၀င် တခြားနိုင်ငံများနှင့်ပါ နည်းပညာ၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများ ပိုမို အားကောင်းလာမည့် အခြေနေများရှိနေသော်လည်း ပို့ကုန်အခွန်ကင်းလွတ်ခွင့် မရရှိသေးသည့် အခြေနေတစ်ရပ်မှာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်နေသေးသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။


“အခုအခြေနေကတော့ကောင်းနေပါပြီ။ ဒီထက်ပိုကောင်းဖို့အတွက် GSP ကင်းလွတ်ခွင့်ရမှ ဖြစ်မယ်။ မဟုတ်လို့ကတော့ ရှေ့အလားလာမှာ မလွယ်ဘူး”ဟု ကုန်သည်/စက်မှုအသင်းချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။


EU နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် GSP ပို့ကုန်ခွန်ကင်းလွတ်ခွင့်ကို ၂၀၁၂ ခုနှစ်၌ ကင်းလွတ်ခွင့်ပြုပေးခဲ့သော်လည်း ယင်းကင်းလွတ်ခွင့်မှာ မြန်မာနိုင်ငံအတွက် ယခုထိတိုင် အသက်ဝင် သေးခြင်းမရှိသေးကြောင်း သိရသည်။


လက်ရှိအခြေနေတွင်အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံမှ့ တင်ပို့နေသည့် ကုန်ပစ္စည်းအမျိုးအစား ထောင်ကျော်အတွက် သွင်းကုန် အခွန်ကို ဖယ်ရှားပေးရေးအတွက်ကိုလည်း ဆန်းစစ်လျှက်ရှိကြောင်း သိရသည်။
 

www.MyanmarExpress.net
 

2 comments:

တကယ်မင်္ဂလာရှိတဲ့ သတင်းပါ

ဟုတ်ပါ့ကိုပြေေ၇ သားေ၇ွှအိုးထမ်းလာတယ်ဆိုတာ ဒါမျိုးပေါ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်