Subscribe to our RSS Feed

ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေး စက်များမှ ကီလိုဝပ် နာရီသန်းပေါင်း ၅ ဒသမ ၃ သန်းကျော် ဓာတ်အားထုတ်လုပ် မောင်းနှင် ပေးလျက်ရှိ

From : ..မြဝတီ

နေပြည်တော် ဧပြီ  ၂၁
ယနေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး သည် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်ခန့် အကွာရှိ ရဲရွာ ရေလှောင်တမံနှင့် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း ဓာတ်အားပေး စက်တစ်လုံးစီ အလိုက် ဓာတ်အားများ ထိန်းချုပ် မောင်းနှင်နေမှု၊ ဓာတ်အား ပေးစက်များမှ ကီလိုဝပ်နာရီ သန်းပေါင်း ၅ ဒသမ ၃ သန်းကျော် ဓာတ် အားထုတ်လုပ် မောင်းနှင်ပေးနေမှုနှင့် ဓာတ်အား ထိန်းချုပ်ခန်းတွင် ဝန်ထမ်းများ တာဝန် ထမ်းဆောင်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းတိုင်း အရည်အသွေး တိုးတက်အောင် အမြဲ တမ်း လေ့ကျင့်ဆောင်ရွက်ရေး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေး အတွက် ဓာတ်အားပေး စက်များ ကြံ့ခိုင်ရေးကို ဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို မှာကြားသည်။

ထို့နောက် ရေလှောင် တမံအတွင်း ရေဧကပေ ၁၁၈ဝဝဝဝ ကျော် သိုလှောင်ထားမှု၊ ယခင်နှစ် ရေသိုလှောင်မှု ပမာဏထက် (၂၈)ပေကျော် ပိုမိုသိုလှောင် ထားနိုင်မှုနှင့် တမံအတွင်း ရေဝင်ရောက်မှုနှင့် လက်ရှိ ရေသို လှောင်ထားနိုင်မှု အနေအထားအရ မိုးရာသီအထိ ဓာတ်အားပေးစက်များ မောင်းနှင်ပေးနိုင်မှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသည် ယခုနှစ် မေလနှင့် မိုးရာသီ မရောက်မီအထိ ပြည်သူလူထုသို့ လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး အတွက် ရေကို ထိန်းသိမ်းပြီး မောင်းနှင်ပေးလျက် ရှိကြောင်းနှင့် စက်တစ်လုံးလျှင် (၁၉၇ ဒသမ ၅) မဂ္ဂါဝပ်ရှိ စက်(၄)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား (၇၉ဝ) မဂ္ဂါဝပ် ထုတ်လုပ် မောင်းနှင်ပေးနေသော ဓာတ်အားပေး စက်ရုံတစ်ခု ဖြစ်ကြောင်း သိရှိရသည်။  


.. www.MyanmarExpress.net
 

3 comments:

နှစ်သစ်မှာမင်္ဂလာ၇ှိဆုံးသတင်းဘဲဗျာ။သာဓု သာဓု။

Ait htel u thwar Thu tway phann par lar!shi

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်