Subscribe to our RSS Feed

ကုန်းတွင်းရေနံလုပ်ကွက်လုပ်ကိုင်ခွင့် ပဏာမရွေးရာတွင် သြစတြေးလျကုမ္ပဏီ အများဆုံးပါဝင်

From : ..7day

ကုန်းတွင်းရေနံလုပ်ကွက် ၁၈ ကွက် လုပ်ကိုင်ခွင့် ပဏာမ ရွေးချယ်ရာတွင် သြစတြေးလျကုမ္ပဏီများ အများဆုံးပါဝင်ကြောင်း သတင်းရရှိသည်။

လျှောက်ထားသော နိုင်ငံများအနက် သြစတြေးလျနိုင်ငံက စုစုပေါင်း ကုမ္ပဏီ ၁၂ ခုဖြင့် ပထမအများဆုံးဖြစ်ပြီး အိန္ဒိယ၊ ဗြိတိန် နိုင်ငံတို့က ပဏာမ ရွေးချယ်သည့် စာရင်းတွင် အခြားနိုင်ငံများထက် အရေအတွက်ပိုများသည်။

တင်ဒါခေါ်ယူမှုကို မတ်လ ၁၆ ရက်က စာရင်းပိတ်ခဲ့ပြီး နိုင်ငံတကာကုမ္ပဏီပေါင်း ၉၀ လျှောက်ထားခဲ့ရာမှ ၅၉ ခုကို ပဏာမ ရွေးချယ်ခဲ့ကြောင်း၊ ၅၉ ခုအနက် နည်းပညာမြင့်မားပြီး ငွေကြေးအင်အား တောင့်တင်းခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုက်နာသော ကုမ္ပဏီများကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကုမ္ပဏီတစ်ခုကို လုပ်ကွက်သုံးခုလျှောက်လို့ရတယ်။ လုပ်ကွက်က နည်းပြီး လျှောက်ထားတဲ့ ကုမ္ပဏီကများတော့ နောက်တစ်ကြိမ် ထပ်ရွေးဦးမယ်” ဟု အထက်ပါ ပုဂိုလ်က ပြောသည်။

ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် (၁၈)ကွက်တွင် သုံးကွက်မှာ ထုတ်ယူနေဆဲလုပ်ကွက်ဖြစ်ပြီးယင်းလုပ်ကွက်
သုံးကွက်ကို လုပ်ကိုင်မည့် ကုမ္ပဏီနှင့် ချုပ်ဆိုရာတွင် ထုတ်လုပ်မှုတိုးမြှင့်သည့် ခွဲဝေရေးစာချုပ်ပုံစံဖြင့် ချုပ်ဆိုရမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“ရွေးချယ် ခံထားရတဲ့ ကုမ္ပဏီက မြန်မာကုမ္ပဏီတွေနဲ့ တွဲလုပ်ရမယ်။ တွဲရမယ့် ကုမ္ပဏီတွေကို သူတို့ရွေးချယ်ခွင့် ရှိပါတယ်”
ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုန်းတွင်း ရေနံလုပ်ကွက် (၁၈) ကွက်အနက်မှ ပြည်တောင်တန်း၊ မြန်အောင်၊ ရွှေပြည်သာလုပ်ကွက်များသည် အဟောင်းများဖြစ်ပြီး ကျန် (၁၅) လုပ်ကွက်သည် အသစ်ဖြစ်ကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမည့် လုပ်ကွက်များကို မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စမ်းသပ်ရှာဖွေရမည် ဖြစ်သည်။


 .. www.MyanmarExpress.net
 

2 comments:

ကောင်းပါတယ်ဗျာ အောင်မြင်ပါစေ ရေနံကြောတွေ ဓာတ်ငွေ့သိုက်တွေ
လဲအများကြီးတွေ့ပါစေဗျာ

Long time ago BOC, British Oil Company was in Burma and
after that BOC, Burma Oil Company was in Myanmar. When
British Oil Company was running in Burma the Country was
rishest in South East Asia. Australian or British Companies are much Hi-tech and Expertise better than Chinese
Companies.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်